← Chapters

ကျန်းယီမင် ဆုလာဘ်ရရှိခြင်း...

Vol. 13 Ch. 155

ကျန်းယီမင် ဆုလာဘ်ရရှိခြင်း...

Vol. 13 Ch. 155

ပျင်သုဥ်းခြင်းလက်ဝါးကိုသုံးပြီး တစ်ဖက်လူရဲ့ ခန္ဓာကိုယ်ကို ထိုးဖောက်လိုက်တဲ့အချိန်မှာ အထဲမှာ တစ်ခုခုရှိနေတယ်ဆိုတာကို သူအာရုံခံမိလိုက်သည်။ မိုးကြိုးဝိညာဉ်ရဲ့ အရေးအကြီးဆုံးအစိတ်အပိုင်းက သူ့ခန္ဓာကိုယ်ထဲက ထိုကျောက်မျက်ရတနာဖြစ်သည်။ ထိုကျောက်မျက်က တစ်ခုခုမှားယွင်းနေပြီဆိုတာကို အာရုံခံမိသွားသည်။ တကယ်တမ်းတွင် ထိုကျောက်မျက်ကမှသာ တကယ့်အသိဉာဏ်ရှိတဲ့ အရာဖြစ်သည်။

‘တကယ်လို့ သူ ဒါကိုတိုက်ရိုက် ဖျက်ဆီးလိုက်ရင် အလုပ်ရှုပ်သက်သာသွားမှာပဲ...’

ထို့အပြင် သူကဒီဆုလာဘ်တွေကို လျှို့ဝှက်နယ်မြေထဲကနေ အပြင်ကို ယူသွားနိုင်ဦးမှာဖြစ်သည်။ ထိုကျောက်မျက်က ဘာပဲအသုံးဝင်ဝင်၊ အပြင်ကို ယူသွားနိုင်မယ်ဆိုရင် သူ့ရဲ့ကျင့်ကြံမှုကို မမြှင့်တင်ပေးနိုင်ရင်တောင် ဂိုဏ်းထဲမှာထားထားရင် ကြည့်လို့ကောင်းတဲ့အရာတစ်ခု ဖြစ်နေနိုင်သည်။ ကျောက်မျက်က သူ့ခန္ဓာကိုယ်ထဲမှာ ပုန်းနေတဲ့ကျူးကျော်သူကို တွေ့သွားသည်။

ကျောက်မျက်က အနည်းငယ်စတင်လှုပ်ရှားလိုက်တာနဲ့ ဧရာမမိုးကြိုးဝိညာဉ်ကြီးရဲ့ ခန္ဓာကိုယ်က ချက်ချင်းပြိုကွဲသွားခဲ့သည်။ မရေမတွက်နိုင်တဲ့ မိုးကြိုးတွေက ကျန်းယီမင်ရဲ့ခန္ဓာကိုယ်ကို ရိုက်ခတ်ပြီး သူ့ကိုချုပ်နှောင်ထားတဲ့ ချပ်ဝတ်တန်ဆာတစ်ခုလို ဖြစ်သွားခဲ့သည်။ တစ်ချိန်တည်းမှာပဲ ပြင်းထန်တဲ့မိုးကြိုးစွမ်းအင်တွေက ကျန်းယီမင်ရဲ့ခန္ဓာကိုယ်ထဲကို အဆက်မပြတ်တိုးဝင်ဖို့ ကြိုးစားနေခဲ့သည်။

သူတို့မှာ ရည်မှန်းချက် တစ်ခုသာရှိသည်၊ ထိုအရာကတော့ ကျန်းယီမင်ကို သတ်ပစ်ဖို့သာဖြစ်သည်။ ကျန်းယီမင်ရဲ့ စိတ်ဝိညာဉ်စွမ်းအားတွေက သူ့ခန္ဓာကိုယ်ထဲကနေ ပေါက်ကွဲထွက်လာခဲ့သည်။ သူ့အတွက်တော့ ဒီလိုချုပ်နှောင်မှုက ယားတဲ့နေရာ ကုတ်ပေးသလောက်ပဲ ရှိသည်။ အတွေးတစ်ချက်နဲ့တင် သူလွတ်မြောက်နိုင်သည်။

အခုချိန်တွင် စင်မြင့်တစ်ခုလုံးက ကြောက်မက်ဖွယ်ကောင်းတဲ့ မိုးကြိုးစွမ်းအင်တွေနဲ့ ဝန်းရံနေသည်။ ကျန်းယီမင်က ကျောက်မျက်ရှေ့ကို ရောက်နေပေမယ့် ဒါကို ဒီအတိုင်းလုယူဖို့ကတော့ မလွယ်ကူပေ။ သူ လက်လှမ်းလိုက်တဲ့အချိန်မှာပဲ သူ့လက်ကရစ်မွှေခံလိုက်ရသလိုမျိုး သွေးစွန်းတဲ့အမှတ်အသားတစ်ခု ကျန်ရစ်ခဲ့သည်။

ကျန်းယီမင် မျက်မှောင်ကြုတ်လိုက်ပြီး သူ့လက်ထဲမှာ စိတ်ဝိညာဉ်စွမ်းအားတွေကိုစုစည်းကာ ပစ်လွှတ်လိုက်သည်။ သူ တစ်ဖက်လူရဲ့အားနည်းချက်ကို သိသွားပြီဆိုတော့ နောက်တစ်ဆင့်က ဒါကို ဖျက်ဆီးဖို့ရန်ဖြစ်သည်။ ကျယ်ပြောလှတဲ့ စိတ်ဝိညာဉ်စွမ်းအားတွေက သူ့ခန္ဓာကိုယ်ထဲကနေ ထွက်ပေါ်လာပြီး ကျောက်မျက်ကိုရိုက်ခတ်ပစ်လိုက်သည်။

ထိုအချိန်မှာပဲ ကျန်းယီမင်က ဒါဟာသူတိုက်ခိုက်ရမယ့် နေရာအမှန်ပဲဆိုတာ သိလိုက်သည်။ သူက စိတ်ဝိညာဉ်စွမ်းအား တစ်ခုသာလွှတ်ပြီးတိုက်လိုက်ပြီးခင်မှာပဲ တစ်ဖက်ရန်သူရဲ့ အရှိန်အဝါက တော်တော်လေး အားနည်းသွားခဲ့သည်။

“ဟားဟားဟား... ကောင်းတယ်... မင်းက ဒီလောက်ပဲ ရှိတာလား...”

ကျန်းယီမင် ရယ်မောလိုက်ရင်း စိတ်ဝိညာဉ်စွမ်းအားတွေကိုပိုသုံးပြီး သူ့လက်ညှိုးထိပ်မှာ စုစည်းလိုက်သည်။ ထိုအချိန်မှာပဲ ခုနကအသည်းအသန်ခုခံနေတဲ့ ကျောက်မျက်ဟာ လေထဲမှာ အပိုင်းပိုင်းကွဲထွက်သွားခဲ့သည်။ ရုတ်တရက် လျှို့ဝှက်နယ်မြေတစ်ခုလုံး တိတ်ဆိတ်သွားခဲ့လိုက်သည်။ ကျန်းယီမင် ကိုယ်တိုင်တောင် နည်းနည်းမှင်တက်သွားရသည်။

‘ဒါ မဖြစ်သင့်ဘူးလေ... ဒါက... ဒီလောက်နဲ့ပဲ ပြီးသွားတာလား...’

လျှို့ဝှက်နယ်မြေက ကမ္ဘာကြီးနဲ့သီးခြားဖြစ်နေတဲ့ လေဟာနယ်လေးတစ်ခုနဲ့ တူသည်။ အခြေတည်စိတ်ဝိညာဉ်အဆင့်မှာရှိတဲ့ သူ့တပည့်ဂူလင်းဖေးအတွက် ဘာမှမဖြစ်ပေမယ့် မွေးဖွားခြင်းအဆင့်ကျင့်ကြံသူ ကျန်းယီမင်အတွက်တော့ စိတ်ဝိညာဉ်စွမ်းအား ပြန်လည်ဖြည့်တင်းဖို့ ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအင်တွေကို စုပ်ယူဖို့က အရေးအကြီးဆုံးဖြစ်သည်။

သူ့ရှေ့က ကွဲအက်နေတဲ့ကျောက်မျက်က ဘယ်ကမှန်းမသိတဲ့စွမ်းအင်တွေကို အဆက်မပြတ်စုပ်ယူနေတာကို သူ ခံစားလိုက်ရသည်။ ထိုစွမ်းအင်တွေက ကွဲနေတဲ့ကျောက်မျက်ကို ပြန်လည်ပြုပြင်ပေးဖို့ ကူညီပေးနေခဲ့သည်။

“မောင်လေး... ဘာတွေဖြစ်နေတာလဲ ပြောပြဦး...” ဟု ဟွမ်းချောင်ယုက ဇဝေဇဝါဖြစ်နေသည်။

သူတို့ထဲကဘယ်သူမှ ဒီလိုအခြေအနေမျိုးကို မမြင်ဖူးကြပေ။ ကျောက်မျက်က အပိုင်းပိုင်းကွဲနေပြီဆိုရင် ဘာလို့ပြန်ပေါင်းစည်းတော့မယ့် ပုံစံမျိုးဖြစ်နေရတာလဲဆိုတာ နားမလည်နိုင်ကြပေ။

“ကျွန်တော် မမှားဘူးဆိုရင်တော့... သူ ကိုယ့်ကိုယ်ကိုယ်ဖောက်ခွဲတော့မှာ...” ဟု တုန်းမီက တုန်လှုပ်နေသော အသံဖြင့်ပြောလိုက်သည်။

ဘာကြောင့်လဲဆိုတော့ ဒါက ကောင်းကင်မိုးကြိုးရဲ့ နှစ်ပေါင်းများစွာ စုစည်းခြင်းကိုခံထားရတဲ့ မိုးကြိုးဝိညာဉ် ဖြစ်နေလို့ဖြစ်သည်။ ထိုမိုးကြိုးဝိညာဉ်ရဲ့ ခန္ဓာကိုယ်ထဲမှာ မိုးကြိုးကျောက်မျက် ဖြစ်တည်နေခဲ့သည်။

“ကျွန်တော် စာအုပ်ထဲမှာ ဖတ်ဖူးတာပဲ ရှိတာ... တကယ်တမ်း ဘာဖြစ်နေလဲဆိုတာတော့ သေချာမသိဘူး...”

အစီအရင်ထဲမှာရှိနေတဲ့ ကျန်းယီမင်က မျက်မှောင်ကြုတ်လိုက်ပြီး စိတ်ဝိညာဉ်စွမ်းအားတွေနဲ့ အဲဒီကျောက်မျက်ကို ရစ်ပတ်လိုက်သည်။ ထိုခံစားချက်ကို သူ ကောင်းကောင်းသိနေသည်။ ဟောက်ယွင်ဂိုဏ်းက အခြေတည်စိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူကို သတ်တုန်းကဖြစ်ဖြစ်၊ ရှန်ကွမ်မိသားစုက မွေးဖွားခြင်းအဆင့်ကျင့်ကြံသူတွေကို သတ်တုန်းကဖြစ်ဖြစ်၊ သူတို့ ကိုယ့်ကိုယ်ကိုယ်မဖောက်ခွဲခင်မှာ ဒီလို ပြင်းထန်တဲ့ အရှိန်အဝါမျိုး ထွက်ပေါ်လာတတ်သည်။

“နှမြောစရာပဲ... ငါ ဒီကျောက်မျက်ကို သိမ်းထားလို့ ရပါဦးမလား...”

သို့သော် သူက ဒီလိုပေါက်ကွဲမှုကို သူ့ခန္ဓာကိုယ်နဲ့ ခုခံဖို့အထိတော့ မမိုက်မဲပေ။ ဒါက သူကြုံဖူးသမျှ အပြင်းထန်ဆုံးပေါက်ကွဲမှု မဟုတ်ပေမယ့် သူ့ခန္ဓာကိုယ်ကိုတော့ အန္တရာယ်မပေးချင်ခဲ့ပေ။

“ဝုန်း...”

ကျောက်မျက်ရဲ့ပေါက်ကွဲမှုက သာမန်အခြေတည်စိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူတစ်ယောက်ထက်တောင် ပိုပြီးကြောက်စရာကောင်းနေသည်။ လင်းယွင်ဂိုဏ်းက တပည့်တွေတောင် သူတို့ရှေ့မှာ စိတ်ဝိညာဉ်စွမ်းအားအကာအကွယ်တွေ ချက်ချင်းလုပ်လိုက်ကြရသည်။ သို့သော် ပေါက်ကွဲမှုရဲ့တုန်ခါမှုလှိုင်းက အကာအကွယ်ကို ထိမိပြီးနောက်မှာတော့ ချက်ချင်း ငြိမ်ကျသွားခဲ့သည်။

ကျန်းယီမင်က ပြာမှုန့်တွေဖုန်မှုန့်တွေ ကြားထဲကနေ လမ်းလျှောက် ထွက်လာခဲ့သည်။ စင်မြင့်ပေါ်က ကျောက်တိုင်က ဖြည်းဖြည်းချင်းတက်လာပြီး ဒီတစ်ခါမှာတော့ ထူးခြားတဲ့ကျောက်ခဲတစ်ခု ပါလာခဲ့သည်။ ထိုအရာက ခုနကမိုးကြိုးဝိညာဉ်ရဲ့ တကယ့် ကိုယ်ထည်ဖြစ်သည်။ သို့သော် အခုချိန်တွင်တော့ အရင်ကလို အရောင်အဝါတွေမရှိတော့ဘဲ သာမန် ကျောက်ခဲတစ်ခုလို ဖြစ်နေခဲ့သည်။

“ဒါ ခုနက ညီလေးပြောတဲ့ မိုးကြိုးကျောက်မျက် မဟုတ်လား” ဟု ဂူလင်းဖေးက စိတ်လှုပ်ရှားစွာပြောလိုက်သည်။

လျှို့ဝှက်နယ်မြေက သာမန်ဆေးလုံးတွေပဲ ထွက်မယ်လို့ သူထင်ထားခဲ့သည်၊ အခုလိုတိုက်ပွဲအပြီးမှာ ရတနာတွေကို တိုက်ရိုက်ရလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ပေ။

“အားလုံး မြင်ကြလား... အရင်ကဆရာ သာမန်အဆင့်တွေကို ဖြတ်တုန်းကလည်း ဆုလာဘ်တွေရခဲ့တယ်... ဆိုလိုတာက ဒီထဲမှာဆုလာဘ်တွေက တစ်ကြိမ်တည်းတင်မဟုတ်ဘူး...”

“ဟုတ်တယ်... အခု ဆရာရတဲ့ဆုလာဘ်က အဲဒီ မိုးကြိုးဝိညာဉ်ရဲ့ ခန္ဓာကိုယ်ထဲကနေ တိုက်ရိုက်ရလာတာပဲ...”

တပည့်အချို့က ကျန်းယီမင် မိုးကြိုးကျောက်ကို ကောက်ယူလိုက်တာကို မြင်ရတော့ အံ့သြတကြီး အော်ဟစ်လိုက်ကြသည်။ တကယ်တမ်းတွင် ကျန်းယီမင်ကိုယ်တိုင်လည်း အံ့သြမိခဲ့သည်။ သူ့အတွက်ရော သူ့တပည့်တွေအတွက်ရော ဒီလိုအဆင့်မြင့် ရန်သူတွေနဲ့ တိုက်ခိုက်ခွင့်ရဖို့ဆိုတာ လျှို့ဝှက်နယ်မြေဆီကနေ အများကြီးမျှော်လင့်ရတဲ့ အရာတစ်ခုဖြစ်သည်။

သူ အရင်ဘဝတုန်းကလျှို့ဝှက်နယ်မြေကို မပိုင်ဆိုင်ခဲ့ဖူးတော့ ဒီထဲကစည်းမျဉ်းတွေကို သေချာမသိခဲ့ပေ။ ထိုအချက်ကို တွေးမိရင်း သူနောက်ထပ် အဆင့်တွေကို စိန်ခေါ်ဖို့မစောင့်နိုင်တော့ပေ။ အဆင့် ၂၃ နဲ့ ၂၄ မှာ တိုက်ပွဲတွေက မိုးကြိုးဝိညာဉ်လောက် မပြင်းထန်တာကြောင့် သူ အေးအေးဆေးဆေးပဲ ဖြတ်ကျော်နိုင်ခဲ့သည်။

နောက်တစ်ခုကတော့ အဆင့် ၂၅ဖြစ်သည်။ ငါးဆင့်မြောက်တိုင်းမှာ တိုက်ပွဲရဲ့ခက်ခဲမှုက အကြီးအကျယ်မြင့်တက်လာသည်။ ကျန်းယီမင် အသက်ရှုနေတာကို ထိန်းချုပ်လိုက်သည်။ အဆင့် ၂၀ ကျော်လာကတည်းက ရန်သူကိုအနိုင်ယူဖို့ သူအင်အား တော်တော် သုံးနေရသည်။ သို့သော် သူလိုချင်တာက အစစ်အမှန်ဆုံး တိုက်ပွဲတွေကို စမ်းသပ်ကြည့်ဖို့ဖြစ်သည်။

All Chapters