အခြေအနေကို ဘယ်လိုမျိုး ချိုးဖျက်မလဲ...
Vol. 13 Ch. 157
‘သူ့ရဲ့ ပျက်သုဥ်းခြင်းလက်ဝါးနဲ့ အရိုက်ခံရတာ ဒီလို ခံစားချက်မျိုးပါလား...’
(ဒီအပိုင်းကစ ဖျက်စီးခြင်းကျင့်စဥ်တို့ကို ပျက်သုဥ်းခြင်းကျင့်စဥ်လို့သာ သုံးသွားပါမည်)
ပျက်သုဥ်းခြင်းကျင့်စဥ်က တကယ်ကို အနိုင်ကျင့်လွန်းတဲ့ ကျင့်စဥ်တစ်ခုဖြစ်သည်။ သူအနိုင်ယူခဲ့ဖူးတဲ့ ရန်သူတွေအားလုံးဟာ စကားနဲ့ဖော်ပြလို့မရတဲ့ ဝေဒနာတွေကို ခံစားခဲ့ကြရမှာ သေချာသည်။
ဘာကြောင့်လဲဆိုတော့ ပျက်သုဥ်းခြင်းစွမ်းအင်ဆိုတာ သန့်စင်တဲ့စိတ်ဝိညာဉ်စွမ်းအားနဲ့တင် ဖွဲ့စည်းထားတာမဟုတ်ဘဲ ကြောက်မက်ဖွယ်ကောင်းတဲ့ ပျက်သုဥ်းခြင်းချီတွေလည်း ပါဝင်နေလို့ဖြစ်သည်။
ကျန်းယီမင် နှစ်ယောက်စလုံးလေထဲမှာ သူတို့ရဲ့ ခန္ဓာကိုယ်ကိုတည်ငြိမ်အောင် ထိန်းလိုက်ပြီးနောက် တစ်ချိန်တည်းမှာပင် မူလစိတ်ဝိညာဉ်နှစ်ခုစီ ထပ်မံခွဲထုတ်လိုက်ကြသည်။ စိတ်ဝိညာဉ်တစ်ခုစီက သူတို့ရှေ့မှာရပ်နေပြီး ကျန်တစ်ခုကတော့ ပျက်သုဥ်းခြင်းဗုဒ္ဓအဖြစ် ပြောင်းလဲသွားသည်။ ထိုအခါ လူတိုင်းမျက်စိရှေ့တွင် ပျက်သုဥ်းခြင်းဗုဒ္ဓနှစ်ပါး ပေါ်လာတော့သည်။ သူတို့သည် အခုလိုမြင့်မားသော အဆင့်ရှိသည့် တိုက်ခိုက်ရေးစွမ်းရည်မျိုးကို တစ်ခါမှမမြင်ဖူးကြပေ။
“ဒါ ဆရာ့ရဲ့ အစွမ်းအထက်ဆုံး တိုက်ကွက်များလား...”
သာမန် စံနှုန်းတွေအရဆိုရင်တော့ ဟုတ်သည်။ ပျက်သုဥ်းခြင်းနယ်မြေနဲ့ ပျက်သုဥ်းခြင်းဗုဒ္ဓကို ပေါင်းစပ်လိုက်ရင် ထွက်လာတဲ့စွမ်းအားက သာမန်လူတွေ ယှဉ်နိုင်တဲ့ အရာမဟုတ်ပေ။ သို့သော် အခုကျန်းယီမင်ဟာ ဒီကမ္ဘာကိုရောက်လာကတည်းက ကြုံဖူးသမျှ အားအကောင်းဆုံးရန်သူကို အနိုင်ယူဖို့အတွက် သူ့မှာရှိသမျှ အစွမ်းကုန်ထုတ်သုံးနေရသည်။
အရင်က သူတွေ့ခဲ့တဲ့ရန်သူတွေက မအားနည်းကြပေမယ့် အနည်းဆုံးတော့ သူတို့ရဲ့အားနည်းချက်ကို ရှာပြီး အနိုင်ယူဖို့ အခွင့်အရေးရှာလို့ရသေးသည်။ သို့သော် အခုရန်သူက သူကိုယ်တိုင် ဖြစ်နေသည်။ သူ့မှာ ဘာအားနည်းချက်ရှိမှာလဲ...။ စိမ်းမြကြာပန်းဖန်ဆင်းခြင်းကျင့်စဥ်နဲ့ မြင့်မြတ်ကောင်းကင်နတ်ဆိုးခန္ဓာကိုယ်တို့ ရှိနေတဲ့ သူ့မှာကျင့်ကြံမှုက အားနည်းချက်လား...။
သို့သော် တစ်ဖက်လူမှာလည်း အကုန်လုံး အတူတူရှိနေသည်။ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်လား...။ မြင့်မြတ် ကောင်းကင်နတ်ဆိုးခန္ဓာကိုယ်ရဲ့ ကောင်းချီးကြောင့် သူတို့ တစ်ယောက်ရဲ့တိုက်ကွက်ကို တစ်ယောက်က လုံးဝ ဖြိုခွဲနိုင်မှာမဟုတ်ပေ။
“ဆရာနဲ့ ဆရာကိုယ်တိုင် တိုက်နေတဲ့ဒီပွဲက တကယ် စိတ်ဝင်စားဖို့ကောင်းတယ်... ဆရာ လက်မလှုပ်တာ ကြာပြီမဟုတ်လား..။ ဆရာ အရင်လိုပဲ ကျွမ်းကျင်နေသေးရဲ့လားလို့ ငါတွေးမိတယ်...”
ဂူလင်းဖေးက အနည်းငယ်စိုးရိမ်နေသော်လည်း သူ့စိုးရိမ်မှုက အကြောင်းမဲ့တော့မဟုတ်ပေ။ ကျန်းယီမင်သည် အချိန်အတော်ကြာအောင် တိုက်ပွဲမဝင်ခဲ့သဖြင့် သူ့တိုက်ခိုက်ရေး အခြေအနေမှာ အနည်းငယ် ကျဆင်းနေနိုင်သောကြောင့်ဖြစ်သည်။
သူ့ရဲ့တိုက်ခိုက်ပုံက တခြားတပည့်တွေရှေ့မှာတော့ တော်တယ်လို့ ထင်ရပေမယ့် သူ့ရဲ့အစွမ်းကုန် တိုက်ပွဲတွေကိုမြင်ဖူးတဲ့ ဂူလင်းဖေး၊ တုန်းမီနဲ့ ဟွမ်းချောင်ယုတို့အတွက်တော့ အရင်ကအထွက်အထိပ် အခြေအနေနဲ့ ယှဉ်ရင် ကွာခြားချက်ရှိနေသေးသည်။
“လာစမ်း... စမ်းကြည့်လိုက်ရအောင်...”
လျှို့ဝှက်နယ်မြေထဲတွင် ပျက်သုဥ်းခြင်းဗုဒ္ဓနှစ်ပါးသည် တစ်ဦးကိုတစ်ဦး စတင်တိုက်ခိုက်ကြတော့သည်။ သူတို့ရဲ့ တိုက်ကွက်တွေက သာမန် လက်ဝါးရိုက်ချက် အနည်းငယ်လို့သာ ထင်ရပေမယ့် ကျန်းယီမင်ကိုယ်တိုင်သာလျှင် ထိုဗုဒ္ဓရုပ်ပွားတော်ကြီးတွေကြားထဲမှာ ပုန်းကွယ်နေတဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ စွမ်းအင်ပမာဏကို သိနိုင်သည်။
သူတို့ရဲ့ လက်ဝါးချင်း ထိတွေ့မှုတိုင်းက တကယ်တမ်းတွင် ပိုမိုအားကောင်းတဲ့ ပျက်သုဥ်းခြင်းလက်ဝါးတွေပဲ ဖြစ်သည်။ အခုလို ကြောက်စရာကောင်းတဲ့အရှိန်အဝါကို ဘယ်သူတွေကများ တောင့်ခံနိုင်မှာလဲ...။ သူ့ရဲ့ မူလစိတ်ဝိညာဉ်ကနေ ဖွဲ့စည်းထားတဲ့ဗုဒ္ဓဆီက လက်ဝါးရိုက်ချက် အနည်းငယ်ကတင် သူ့ရဲ့ပင်မခန္ဓာကိုယ်ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရစေသလို ခံစားနေရသည်။
အခုဆို နှစ်ဖက်လုံးက ခုခံမှုကို လုံးဝစွန့်လွှတ်လိုက်ကြသည်။ ဘာကြောင့်ဆို တစ်ယောက်ရဲ့တိုက်ကွက်ကို တစ်ယောက်က မဖြိုခွဲနိုင်တော့လို့ဖြစ်သည်။ ထိုအစား အရိုးရှင်းဆုံးနည်းလမ်းတွေကိုသာ သုံးပြီး တိုက်ခိုက်နေကြတော့သည်။ သို့သော် ကျန်းယီမင်ကတော့ အရှုံးပေးဖို့ဝန်လေးနေသည်။
ဒီအဆင့်က ပြိုင်ဘက်က သူကိုယ်တိုင်ပဲဖြစ်သင့်သည်။ သူကလည်း အစဥ်မြဲ ခွန်အားကြီးမားလာနေသည်။ တကယ်လို့ ဒီတစ်ခါမှာ သူမကျော်ဖြတ်နိုင်ရင် နောက်ပိုင်း ပိုပြီးအားကောင်းလာမယ့် သူ့ကိုယ်သူ ဘယ်လိုလုပ်အနိုင်ယူနိုင်မှာလဲဆိုတဲ့ အတွေးက ကျန်းယီမင်ခေါင်းထဲ ပေါ်လာသည်။
ပျက်သုဥ်းခြင်းဗုဒ္ဓနှစ်ပါးဟာ အထိန်းအကွပ်မဲ့စွာ တစ်ဦးကိုတစ်ဦး တိုက်ခိုက်နေကြသည်။ ပင်မခန္ဓာကိုယ်နှစ်ခုနဲ့ မူလစိတ်ဝိညာဉ်လေးခုဟာ ကျန်းယီမင် တစ်သက်လုံးသင်ယူခဲ့သမျှကို အကုန်ထုတ်သုံးနေကြသည်။ သူတို့ဟာ တခြားဘာကိုမှဂရုမစိုက်တော့ဘဲ ရူးသွပ်နေတဲ့လူတွေလို တိုက်ခိုက်နေခဲ့ကြသည်။
ထိုတိုက်ပွဲကကြည့်ရတာ စိတ်လှုပ်ရှားစရာ ကောင်းပေမယ့် ပထမမျိုးဆက်တပည့်တွေရဲ့ မျက်လုံးထဲမှာတော့ သူတို့ဆရာတိုက်ပွဲအတွင်းမှာ ဒီလောက်အထိ သနားစရာကောင်းတဲ့ အခြေအနေမျိုးရောက်တာ မမြင်ဖူးခဲ့ကြပေ။ ငရဲပြည်မှာတောင် ကျန်းယီမင်ဟာ သူ့ထက် ကျင့်ကြံမှုအများကြီးမြင့်တဲ့ ယမမင်းကို ရင်ဆိုင်တုန်းက မျက်တောင်တစ်ချက်မခတ်ဘဲ တိုက်ခိုက်နိုင်ခဲ့သည်။ သို့သော် အခုတော့ကျန်းယီမင် ဒါမှမဟုတ် ကျန်းယီမင်အားလုံးဟာ သနားစရာကောင်းတဲ့ပုံစံ ဖြစ်နေကြသည်။
“စီနီယာအစ်ကို... ဆရာတိုက်နေတာကိုပဲ ကြည့်မနေနဲ့ဦး... သေချာစဉ်းစားကြည့်... တကယ်လို့ အစ်ကိုက ကိုယ့်ကိုယ်ကိုယ် ပြန်ရင်ဆိုင်ရမယ်ဆိုရင် အနိုင်ယူနိုင်ပါ့မလား...”
ဟွမ်းချောင်ယုက ရယ်မောရင်း မေးလိုက်သည်။ အခုတော့ လူတိုင်း ဒီပြဿနာကိုစဉ်းစားနေကြပြီဖြစ်သည်။ သူတို့သာ အဲဒီလိုအခြေအနေမျိုး ရောက်ရင် အနိုင်ရနိုင်ပါ့မလား...။ ကျန်းယီမင်အနေနဲ့ ဒီလောက် ပြင်းထန်တဲ့ဒဏ်ရာမျိုး မရတာ ကြာခဲ့ပြီဖြစ်သည်။ သို့သော် သူ့လက်တွေကတော့ မရပ်မနား လှုပ်ရှားနေဆဲဖြစ်သည်။
စိတ်ဝိညာဉ်စွမ်းအားတွေက သူ့လက်ထဲမှာ အဆက်မပြတ် စုစည်းပြီးပစ်လွှတ်နေသည်။ သူ ရှောင်ချင်ပေမယ့် သူ့ရဲ့ပြိုင်ဘက်က သူရှောင်မယ့် လမ်းကြောင်းကို အမြဲတမ်းကြိုသိနေသည်။တစ်ဖက်လူအတွက်လည်း အတူတူဖြစ်နေသည်။ ကျန်းယီမင်က တစ်ဖက်လူရဲ့လှုပ်ရှားမှုကို ကြိုသိနေခဲ့သည်။
“တောက်... မင်း ဘာလို့မသေသေးတာလဲ...”
ကျန်းယီမင် စိတ်တိုလာခဲ့သည်။ သူ့ကိုယ်သူ ဒီလောက်အထိ ဒဏ်ခံနိုင်လိမ့်မယ်လို့ သူ တစ်ခါမှ မတွေးခဲ့မိပေ။
“ဟူး... ဟူး... ငါက မင်းပဲ...၊ မင်းကလည်း ငါပဲ... မင်းက ကိုယ့်ကိုယ်ကိုယ် သေစေချင်တာလား...”
မီးခိုးတွေလွင့်စင်သွားတဲ့အခါမှာတော့ ဧရာမ ပျက်သုသ်းခြင်းဗုဒ္ဓနှစ်ပါးဟာ ပျောက်ကွယ်သွားခဲ့သည်။ ကျန်းယီမင်နှစ်ယောက်လုံးက ဒဏ်ရာတွေ အပြင်းအထန်ရထားကြပေမယ့် သူတို့ရဲ့မျက်လုံးထဲက တိုက်ခိုက်လိုတဲ့စိတ်ဓာတ်ကတော့ မကျသေးပေ။
“မဟုတ်ဘူး... မင်းက ငါမဟုတ်ဘူး... ငါ ကျန်းယီမင်က ဒီလောကမှာ တစ်ယောက်တည်းပဲရှိတာ...”
“ဟားဟားဟား... မင်း ဒါ ဘယ်လိုကမ္ဘာလဲဆိုတာ မေ့သွားပြီလား...။ ဒီလောကမှာ မဖြစ်နိုင်တာ ဘာရှိလို့လဲ...”
သူ့ရဲ့ပြိုင်ဘက်က မောက်မာစွာရယ်မောလိုက်သည်။ သူရယ်လိုက်တိုင်း သွေးတွေက ပါးစပ်ကနေ အဆက်မပြတ် ထွက်လာသည်။ တစ်ဖက်လူက လက်ရှိမှာ သူနဲ့တခြားစီဖြစ်သည်။ သူဆိုရင် ဒီလိုမျိုး ဘယ်တော့မှလုပ်မှာ မဟုတ်ပေ။
“ဒီလောကမှာ ဘာမဆိုဖြစ်လာနိုင်တယ်...။ မင်းက ဒါကို မင်းရဲ့ဂိုဏ်းက လျှို့ဝှက်နယ်မြေလေးတစ်ခုပဲလို့ တကယ်ထင်နေတာလား...”
ထိုစကားကို ကြားလိုက်ရတဲ့အခါ ကျန်းယီမင်မှင်တက်သွားသည်။ သူက သူ့ရဲ့စိတ်ဝိညာဉ်စွမ်းအားကို သုံးပြီး ပတ်ဝန်းကျင်ကို စမ်းသပ်ကြည့်လိုက်သည်။
“အပိုတွေ ပြောမနေနဲ့... တိုက်ချင်ရင်လည်း တိုက်စမ်း... စကားတွေ များမနေနဲ့...”
ကျန်းယီမင်က လေသံမာမာနဲ့ ပြောလိုက်သည်။ သူ ဒီလူပြောတာကို ဆက်ပြီး နားမထောင်ချင်တော့ပေ။ ထိုကျန်းယီမင်က သူ့ရှေ့မှာအဓိပ္ပာယ်မရှိတာတွေ ဆက်ပြောနေပေမယ့် ခုနကတိုက်ပွဲကြောင့် သူ့ရဲ့ စိတ်ဝိညာဉ်စွမ်းအားတွေ အများကြီး ကုန်ဆုံးသွားပြီဖြစ်သလို သူ့ရဲ့အခြေအနေကလည်း တော်တော်လေး ဆိုးရွားနေသည်။
“ဟမ့်... ငါ ပြောပြမယ်... မင်းက ဒါကို တိုက်ပွဲ စမ်းသပ်မှုတစ်ခုပဲလို့ တကယ်ထင်နေတာလား... ငါက မင်းပဲ... မင်းက ငါပဲ... ငါတို့က ဓားတစ်လက်ရဲ့ ဟိုဘက်ဒီဘက်မျက်နှာစာတွေပဲ...။ ငါတို့ကြားမှာ ခြားနားချက်မရှိဘူး... ဒါပေမဲ့ မင်းနဲ့ ငါ ပေါင်းစည်းသွားလို့ရတယ်... ငါ ဘာကိုဆိုလိုတာလဲ မင်း နားလည်လား...”
ကျန်းယီမင် မှင်တက်သွားသည်။
‘ဒီကောင် ဘာကိုဆိုလိုတာလဲ... သူက တကယ်ပဲ ကိုယ်ပိုင်အတွေးအခေါ်ရှိတဲ့ လူတစ်ယောက် ဖြစ်နေတာလား...’
“အဲဒါမှ ငါတို့က အစွမ်းအထက်ဆုံးလူသား ဖြစ်လာမှာ... နတ်ဘုရားလမ်းစဉ်ရော မိစ္ဆာလမ်းစဉ်ရော ငါတို့လက်အောက် ရောက်သွားလိမ့်မယ်...”
“တောက်... ပါးစပ်ပိတ်ထားစမ်း...”
ပြိုင်ဘက်ရဲ့အသံက သူ့ရဲ့စိတ်ထဲမှာ ပိုပြီးကျယ်လောင်လာသလို ခံစားနေရသည်။ ရန်သူက ကျန်းယီမင်ကို စိတ်ဓာတ်ရေးရာအရ တိုက်ခိုက်နေခဲ့သည်။ ပေါင်းစည်းဖို့ဆိုတဲ့စကားက တကယ်ပဲ ကျန်းယီမင်ကို တုန်လှုပ်စေတာလား၊ ဒါမှမဟုတ် ဒါက လှည့်ကွက်တစ်ခုပဲလား...။