ပဟေဠိကို ဖြေရှင်းခြင်း... ကျန်းယီမင်ရဲ့အောင်ပွဲ...
Vol. 13 Ch. 158
"မဟုတ်ဘူး... ဒါက အစစ်အမှန်မဟုတ်ဘူး... မင်းက ငါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ... မင်းက ပုံရိပ်ယောင်တစ်ခုပဲ... မင်းနဲ့ငါက ဘယ်တုန်းကမှ တစ်ယောက်တည်းမဟုတ်ခဲ့ဘူး..."
ကျန်းယီမင် အနည်းငယ်တုန်လှုပ်နေမိသည်။ တစ်ဖက်လူကတော့ စကားတွေတတွတ်တွတ် ပြောနေဆဲဖြစ်သည်။ ဒီကမ္ဘာကို ရောက်လာကတည်းက ဒီလောက် ထူးဆန်းတဲ့ရန်သူမျိုးကို သူ ပထမဆုံးအကြိမ်ကြုံဖူးခြင်း ဖြစ်သည်။
"အို... ကောင်းကင်နဲ့ မြေကြီးကြားမှာ ငါက မင်းထဲမှာရှိသလို၊ မင်းကလည်း ငါ့ထဲမှာရှိနေတာပဲလေ... ဘာလို့ ငါတို့ကြားမှာခွဲခြားနေဖို့ လိုသေးလို့လဲ... ဟင်... ငါပြောတာ မှန်တယ်မဟုတ်လား..."
"မင်းပြောနေတဲ့ အဓိပ္ပာယ်မရှိတဲ့စကားတွေကို ငါ တကယ် နားမလည်ဘူး... မင်း ဘာပဲပြောပြော ငါ မင်းကို အပြတ်ရှင်းပစ်မယ်..."
ကျန်းယီမင်က သူ့ကိုယ်သူစိတ်ငြိမ်အောင် ပြန်ထိန်းလိုက်သည်။ တစ်ဖက်လူက သူ့ကိုဇဝေဇဝါဖြစ်အောင် ထူးဆန်းတဲ့စကားတွေ ပြောနေပေမယ့် ဒါက စမ်းသပ်မှု လျှို့ဝှက်နယ်မြေဖြစ်တာကြောင့် ဒါဟာ စမ်းသပ်မှုရဲ့ အစိတ်အပိုင်းတစ်ခုပဲဖြစ်ရမည်။ အရင်တုန်းက အဘိုးလင်းရဲ့ကမ္ဘာထဲမှာ ရှိစဉ်ကလည်း စနစ်ရဲ့အကြံပြုချက်ကိုသုံးပြီး နှလုံးသားကျင့်စဉ်နဲ့ ပဟေဠိကို ဖြေရှင်းခဲ့ဖူးတာ သူမှတ်မိသွားသည်။
ဒီနေရာမှာလည်း အလားတူဆင်တူမှုတွေ ရှိနေလိမ့်မယ်လို့ သူခံစားလိုက်ရသည်။ တစ်ဖက်လူက သူ့ရဲ့
ခွန်အားကို စမ်းသပ်နေသလို ထင်ရပေမယ့် တကယ်တမ်းတော့ သူ့ရဲ့ စိတ်နှလုံးကို စမ်းသပ်နေတာဖြစ်သည်။
"ဟမ့်... မင်းက ငါ့ကိုအပြတ်ရှင်းမလို့လား... မင်းက ငါပဲ... ငါကလည်းမင်းပဲ... မင်းသိတာမှန်သမျှ ငါလည်း အကုန်သိတယ်... စဉ်းစားကြည့်စမ်း... အခု မင်းရဲ့တပည့်တွေက ဘယ်သူက ဘယ်သူလဲဆိုတာ တကယ်ခွဲခြားနိုင်မယ် ထင်လို့လား..."
ထိုစကားကိုကြားလိုက်ရတဲ့အခါ ကျန်းယီမင်က စကားဆွံ့အသွားပြီး သူ့တပည့်တွေကို လှည့်ကြည့်မိလိုက်သည်။
"မင်းတပည့်တွေရှေ့မှာ ဒီလောက်အထိ ပျာပျာသလဲ ဖြစ်ဖူးလို့လား... အခု မင်းရဲ့ပုံစံကို တပည့်တွေ မြင်တဲ့အခါ အရာရာကိုထိန်းချုပ်ထားနိုင်ပြီး အစီအစဉ်တကျရှိနေတဲ့ သူတို့ရဲ့ဆရာလို့ ထင်ဦးမယ်ထင်လား..."
"မင်း ဘာကိုဆိုလိုတာလဲ..."
"ငါတို့နှစ်ယောက် ဒီမှာ အသေအလဲတိုက်နေတာက ဘာမှအကျိုးမရှိဘူး... ဒါ့အပြင် မင်းဒီစွန့်စားမှုကို တကယ်လုပ်ချင်လို့လား... မင်းရဲ့တပည့်တွေက မင်းကို ဆရာအစစ်လို့ မှတ်မိမယ်လို့ မင်းတကယ် ယုံကြည်နေတာလား..."
အခုချိန်တွင် ကျန်းယီမင်က တစ်ဖက်လူဘာကို ဆိုလိုလဲဆိုတာ နားလည်သွားသည်။ တကယ်လို့ သူသာ ဒီအစီအရင်ထဲမှာသေသွားရင် တစ်ဖက်လူက သူ့နေရာကိုအစားထိုးပြီး ဂိုဏ်းချုပ်ဖြစ်လာနိုင်မလား...။ ဒါက ခက်ခဲတဲ့မေးခွန်းတစ်ခုဖြစ်သည်။ သူ့ရှေ့ကလူက သူ့လိုပဲ အင်အား၊ စွမ်းရည်၊ ရုပ်ရည်နဲ့ မှတ်ဉာဏ်တွေရှိနေရင် သူက သူ့ကိုအစားထိုးနိုင်မှာလား...။
'မဟုတ်ဘူး... မဖြစ်နိုင်ဘူး...'
တကယ်တော့ ကျန်းယီမင်မှာ အဖြေရှိနေပြီးသားဖြစ်သည်။ သူ့ပုံစံအတိုင်းရှိနေတဲ့ ဒီပြိုင်ဘက် ပြောတာမှန်သည်။ တပည့်တွေရဲ့မျက်လုံးထဲမှာ သူက အမြဲတမ်းတည်ငြိမ်နေခဲ့သည်။ အင်အားကြီးတဲ့ ရန်သူနဲ့ တွေ့ရင်တောင် သူ ဘယ်တော့မှမတုန်လှုပ်ခဲ့ပေ။ သို့သော် ခုနကသူ့ရဲ့လုပ်ရပ်တွေနဲ့ ပုံစံက တည်ငြိမ်မှု ပျက်ပြားနေခဲ့သည်။
ထိုအရာက သူပုံမှန်ဆိုရင် လုံးဝအဖြစ်မခံတဲ့ အရာမျိုးဖြစ်သည်။ အခုတော့ သူက သူ့ရဲ့အရှိန်အဝါကို ပြန်လည် စုစည်းနေသည်။ သူ့ရဲ့ မြင့်မြတ် ကောင်းကင်နတ်ဆိုးခန္ဓာကိုယ်ကလည်း ဒီနေရာမှာ အရေးပါတဲ့အခန်းကဏ္ဍက ပါဝင်နေသည်။ လျှို့ဝှက်နယ်မြေထဲမှာ မွေးဖွားခြင်းအဆင့်အင်အားနဲ့ ကောင်းကင်နဲ့ မြေကြီးကြားက စိတ်ဝိညာဉ်စွမ်းအားကို တိုက်ရိုက်စုပ်ယူလို့ မရပေမယ့်၊ ဒီခန္ဓာကိုယ်က သူ့ရဲ့ဒဏ်ရာတွေကိုတော့ အဆက်မပြတ်ကုသပေးနေသည်။
ကျန်းယီမင်က အကျယ်ကြီး ဟိန်းဟောက်လိုက်ရင်း သူ့လက်ထဲမှာ စိတ်ဝိညာဉ်စွမ်းအားတွေနဲ့ ဖွဲ့စည်းထားတဲ့ ထက်မြက်တဲ့ဓားတစ်လက် ပေါ်လာခဲ့သည်။ ဒီအရာက ငရဲပြည်မှာ သူ မမျှော်လင့်ဘဲ ရခဲ့တဲ့ ကျင့်စဉ်တစ်ခုဖြစ်သည်။ ထိုကျင့်စဥ် သူက စိတ်ဝိညာဉ်စွမ်းအားကို ဓားအဖြစ်ပြောင်းလဲပြီး တိုက်ရိုက် တိုက်ခိုက်နိုင်သည်။
"မင်းက ဘာလို့ဒီလောက်တောင် ခေါင်းမာနေရတာလဲ..."
တစ်ဖက်လူကလည်း အော်ဟစ်ရင်း အတူတူပဲလုပ်လိုက်သည်။ သူလည်း ဒီစွမ်းရည်ကို ကောင်းကောင်း သိနေသည်။
"ငါတို့ရဲ့စိတ်တွေက ဆက်သွယ်နေတာ... မင်းရဲ့ မှတ်ဉာဏ်တွေ ငါ့မှာရှိတယ်... ဘာလို့လဲ... ဘာလို့လဲ... ဘာလို့လဲ... မင်းမှာ ပိုပြီးအစွမ်းထက်လာဖို့ အခွင့်အရေးတွေ အများကြီးရှိခဲ့တာပဲ... ဒါပေမဲ့ မင်းက တစ်ခုပြီးတစ်ခုလက်လွှတ်ခဲ့တယ်...။ မင်းက တကယ့် နတ်ဘုရားတစ်ပါးမဖြစ်ချင်ဘူးလို့တော့ ငါ့ကို မပြောနဲ့..."
ပြိုင်ဘက်က ရူးသွပ်သလို အော်ဟစ်နေသည်။လောလောဆယ်တွင် နှစ်ယောက်လုံးက အသာစီးမရကြသေးပေ။
"ဟမ့်... မင်း ဒီလိုစကားတွေ ပြောနေကတည်းက ငါတို့က တစ်ယောက်တည်းမဟုတ်ဘူးဆိုတာ သေချာသွားပြီ... မင်းမှာ ငါ့ရဲ့ပုံသဏ္ဍာန်ပဲရှိတာ... မင်းရဲ့ စိတ်ဓာတ်က ငါနဲ့လုံးဝကွဲပြားတယ်...။ ငရဲသွားလိုက်စမ်း..."
တစ်ဖက်လူရဲ့စကားကို ကြားပြီးနောက် ကျန်းယီမင်က စိတ်ထဲရှုပ်ရှုပ်ယှက်ယှက်ဖြစ်မနေတော့ဖို့ ဆုံးဖြတ်လိုက်သည်။ ဒီအဆင့်ရဲ့ အခက်ဆုံး အစိတ်အပိုင်းက သူ့လိုပဲတိုက်ကွက်တွေ သုံးနိုင်တဲ့ရန်သူမဟုတ်ဘဲ စိတ်နှလုံးကျင့်ကြံခြင်းသာ ဖြစ်သည်။ သူ တစ်ဖက်လူရဲ့ထိန်းချုပ်တာကို ခံသွားလို့ လုံးဝမဖြစ်ပေ။ စိတ်ဓာတ်ယိုင်နဲ့သွားရင် သူဒီမှာတင် ရပ်တန့်သွားရလိမ့်မည်။
ကျန်းယီမင်က သူ့ခန္ဓာကိုယ်ဘေးမှာ ဓားတွေကို ဖြည်းဖြည်းချင်း လှည့်ပတ်စေလိုက်သည်။ အခုတော့ သူ့မှာယုံကြည်မှုရှိလာသည်။ သူ့အတွက်တော့ တစ်ဖက်လူက ရုပ်ချင်းတူနေပေမယ့် အကြီးမားဆုံး ကွာခြားချက်က သူတို့ရဲ့ နှလုံးသားပဲဖြစ်သည်။ ကျင့်ကြံသူတစ်ယောက်အတွက် အရေးကြီးဆုံးက နတ်ဘုရားတစ်ပါးဖြစ်လာဖို့ ကျင့်ကြံခြင်းဖြစ်ပေမယ့် ခန္ဓာကိုယ်နဲ့ ချီကို ကျင့်ကြံရုံတင်မကဘဲ စိတ်နှလုံးကို ကျင့်ကြံဖို့ကလည်း မေ့ထားလို့မရတဲ့ အရာဖြစ်သည်။
သူ အစွမ်းထက်နေတာက သူ့ရဲ့တည်ငြိမ်တဲ့ စိတ်အခြေအနေကြောင့်ဖြစ်သည်။ တစ်ဖက်လူက ခြိမ်းခြောက်ဟိန်းဟောက်နေတာကို မြင်ရုံနဲ့တင် ကျန်းယီမင်က ဒီကောင် သူ့ပြိုင်ဘက်မဟုတ်ဘူးဆိုတာ ဆုံးဖြတ်နိုင်သွားသည်။
"မင်းက ငါ့ကိုအနိုင်ယူပြီး လင်းယွင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်အစစ် ဖြစ်လာမယ်လို့ထင်နေတာလား...။ မင်းရဲ့မျက်လုံးထဲမှာ ငါကသူရဲဘောကြောင်ပြီး ဟန်ဆောင်ကောင်းတဲ့ လူတစ်ယောက်လို့ ထင်နေတာလား... ဒါဆိုလည်း လာစမ်းပါ... ဒီတစ်ပွဲဘယ်သူနိုင်မလဲ ကြည့်ကြတာပေါ့..."
ကျန်းယီမင်ရဲ့ မျက်လုံးထဲကနေ မီးတောက်တွေ ထွက်လာသလိုဖြစ်လာသည်။ ဒါက သူ့ရဲ့တကယ့် ပုံစံအစစ်ဖြစ်သည်။ သူ မန္တန်ရွတ်လိုက်တဲ့အခါ ကျန်းယီမင်ရဲ့ပုံရိပ်က ဝေဝါးသွားပြီး သူက သူ့ရဲ့မူလအခြေအနေအစစ်ကို ရောက်သွားခဲ့သည်။ တစ်ဖက်လူကတောင် အနည်းငယ်ကြောက်လန့်သွားခဲ့သည်။
"ပျက်သုဥ်းခြင်းလက်ချောင်း..."
နောက်ထပ် ဧရာမအနက်ရောင်လက်ညှိုးကြီးတစ်ခုက သူ့နောက်ကနေ ထွက်ပေါ်လာသည်။ တစ်ဖက်လူကတော့ အထင်အမြင်သေးတဲ့မျက်လုံးတွေနဲ့ ကြည့်ရင်း သူ့ခန္ဓာကိုယ်ကိုလှုပ်ရှားပြီး ထိုတိုက်ကွက်ကို ရှောင်လိုက်သည်။
"ဒီလောက် ရိုးရှင်းတဲ့တိုက်ကွက်ပဲလား... ငါပြောသားပဲ... မင်းမှာ အသစ်အဆန်းတွေ မရှိတော့ဘူးလား... ဒီလိုတိုက်ကွက်မျိုးကို ငါ အေးဆေးရှောင်နိုင်တယ်ဆိုတာ မင်းမသိဘူးလား..."
သို့သော် လက်ရှိကျန်းယီမင်ဟာ တည်ငြိမ်သွားပြီဆိုတာကို ပြိုင်ဘက်က မမျှော်လင့်ထားခဲ့ပေ။ တကယ်လို့ ဒေါသတွေ၊ သံသယတွေပြည့်နေတဲ့ ခုနက ကျန်းယီမင်သာဆိုရင်တော့ သူ့ရဲ့တိုက်ခိုက်မှုတွေက အရာထင်မှာမဟုတ်ပေ။ သို့သော် အခု တည်ငြိမ်သွားတဲ့အခါမှာတော့ သူက တစ်ဖက်လူ ရှောင်မယ့်လမ်းကြောင်းကိုပါ အကုန်တွက်ချက်ထားပြီးသားဖြစ်သည်။
"ဟုတ်တယ်... ငါကမင်းပဲ... မင်းကလည်းငါပဲ... ငါတို့မှာ တူညီတဲ့တိုက်ခိုက်ရေးစွမ်းရည်တွေ ရှိသလို၊ ငါတို့ရဲ့ အတွေးအခေါ်တွေကလည်း တူတူပဲ..."
ကျန်းယီမင်က အေးစက်စွာပြုံးရင်း ပြောလိုက်သည်။
"တစ်နည်းအားဖြင့်ပြောရရင် ငါ ကိုယ့်ကိုယ်ကိုယ် တိုက်ခိုက်မယ်ဆိုရင် ငါ ဘယ်လိုတုံ့ပြန်မလဲဆိုတာက မင်းအတွက်လည်း အတူတူပဲဖြစ်လိမ့်မယ်..."
"သေလိုက်စမ်း..."
သူ့ရဲ့အခြေအနေက သိပ်မကောင်းသေးပေမယ့် သူ့ရဲ့ ပျက်သုဥ်းခြင်းလက်ချောင်းကတော့ အရာအားလုံးကို ဖျက်ဆီးပစ်နိုင်တဲ့အရှိန်အဝါနဲ့ ထွက်ပေါ်လာသည်။ ကျန်းယီမင်က သူ့ရဲ့အားနည်းချက်ကို အားသာချက်အဖြစ် ပြောင်းလဲလိုက်သည်။