← Chapters

ကျန်းယီမင် နောက်တစ်ဆင့်သို့ တက်လှမ်းရန် ပြင်ဆင်ခြင်း...

Vol. 13 Ch. 161

ကျန်းယီမင် နောက်တစ်ဆင့်သို့ တက်လှမ်းရန် ပြင်ဆင်ခြင်း...

Vol. 13 Ch. 161

ကျန်းယီမင်ကိုယ်တိုင်တောင်မှ ဒီလိုပြိုင်ဘက်မျိုးနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ တစ်ခါမှမတွေးခဲ့ဖူးပေ။ ကောင်းကင်ကကျလာတဲ့ မီးမိုးတွေကို ရင်ဆိုင်ရင်း ကျန်းယီမင်ဟာ သတိကို အစွမ်းကုန်မြှင့်ထားရသည်။ ပြိုင်ဘက်က ဘယ်လိုနည်းလမ်းတွေပဲ သုံးသုံး၊ သူ ဒီပွဲကိုအနိုင်ရမှဖြစ်မည်။ ဒီကမ္ဘာကို ရောက်လာကတည်းက သူဟာရန်သူများစွာကို ရင်ဆိုင်ခဲ့ပြီး ကျင့်ကြံရှင်များစွာကိုလည်း သတ်ဖြတ်ခဲ့သည်။

တကယ်လို့ သူတို့တွေသာ လျှို့ဝှက်နယ်မြေထဲမှာ အသက်ပြန်ဝင်လာသလိုမျိုး ပေါ်လာမယ်ဆိုရင် အရင်ကအတိုင်း တိုက်ခိုက်နေရုံနဲ့တော့ သူအသာစီးရဖို့ မလွယ်ကူတော့ပေ။

"လာစမ်း... ဒီနေ့တော့ မင်းရဲ့အဆင့်က ငါနဲ့အတူတူပဲဆိုရင် ဘယ်လောက်အထိ အစွမ်းထက်မလဲဆိုတာ ငါကြည့်ချင်သေးတယ်..."

"ဟမ့်... ဒါဆိုရင်တော့ ကြိုပြီးတောင်းပန်ထားပါရစေဦး... ဒီနေ့တော့ မင်းကို ငါစိတ်ပျက်အောင် လုပ်မှာ မဟုတ်ဘူး..."

တစ်ဖက်လူရဲ့ ပထမအချီတိုက်ခိုက်မှုတွေဟာ ကျန်းယီမင်ရဲ့ ပျက်သုဥ်းခြင်းလက်ဝါးနဲ့ ထိပ်တိုက်တွေ့ပြီးနောက် ပြီးဆုံးသွားခဲ့ပေမယ့် ဟောက်ယွင်ဂိုဏ်း အကြီးအကဲရဲ့တိုက်စစ်ကတော့ ရပ်တန့်မသွားခဲ့ပေ။ လင်းယွင်ဂိုဏ်းချုပ်ဖြစ်တဲ့ ကျန်းယီမင်လက်ချက်နဲ့ ဟောက်ယွင်ဂိုဏ်း မပျက်စီးခင်တုန်းက သူတို့ရဲ့ ကျင့်စဉ်တွေဟာ အစွန်းရောက်တိုက်စစ်ဆင်တဲ့ နည်းစနစ်တွေဖြစ်သည်။ ရန်သူက ဘယ်လိုလူပဲဖြစ်ဖြစ် တိုက်ပွဲကို အမြန်ဆုံးအဆုံးသတ်ဖို့ သူတို့က ကြိုးစားလေ့ရှိကြသည်။

"အရင်တုန်းကတော့ ဒီအစီအရင်ကို တည်ဆောက်ဖို့ ဟောက်ယွင်ဂိုဏ်းတပည့်တွေ အများကြီးလိုခဲ့တာ...။ ဒါပေမဲ့ အခုတော့ ငါတစ်ယောက်တည်းနဲ့တင် မင်းကိုတုန်လှုပ်သွားစေမယ့် အစီအရင်တစ်ခုကို ဖန်တီးပြမယ်..."

ထိုသို့ပြောပြီးနောက် ဟောက်ယွင်ဂိုဏ်းအကြီးအကဲက တစ်ခုခုကို ရွတ်ဆိုလိုက်သည်။ သူက ကျန်းယီမင်နဲ့ အချိန်အကြာကြီး မဆွဲချင်တော့ပေ။ သူ့လက်ကို ဝှေ့ယမ်းလိုက်တဲ့အခါ သူ့လက်ထဲမှာ အချပ်ပြားသေးသေးလေးတစ်ခု ပေါ်လာခဲ့သည်။

"ဟင်... စီနီယာအစ်ကို... အဲဒါကိုကြည့်ပါဦး... ရင်းနှီးနေသလိုပဲနော်..."

တော်ဝင်မီးတောက်ဖီးနစ်နယ်မြေက လာတဲ့သူတွေကတော့ ဒါကိုမြင်ဖူးကြသည်။ ထိုအချပ်ပြားဟာ တစ်ဂိုဏ်းလုံးရဲ့ ရတနာလို့တောင်ပြောလို့ရတဲ့ အရာဖြစ်သည်။

'မီးထောင်ချီရတနာပြား...'

ထိုအရာနဲ့ဆိုရင် ပြင်းထန်တဲ့မီးတောက်တွေနဲ့ ဖွဲ့စည်းထားတဲ့ ဧရာမအစီအရင်ကြီးတစ်ခုကို တိုက်ရိုက် တည်ဆောက်နိုင်သည်။ သာမန်လူတွေဆိုရင် အထဲကစွမ်းအားကို ဘယ်လိုမှတောင့်ခံနိုင်မှာ မဟုတ်ပေ။

ဒီရတနာရဲ့ အဆင့်အတန်းကတော့ သိပ်တော့မမြင့်လှ။ ဟောက်ယွင်ဂိုဏ်းရဲ့ ရတနာဖြစ်တာကြောင့် ပုံမှန်ဆိုရင် အသုံးမပြုခဲ့ကြချေ။ အရင်တစ်ခေါက်တုန်းက ဒီအကြီးအကဲ လင်းယွင်ဂိုဏ်းကို လာတိုက်တုန်းက သူဟာ ရန်သူကိုအထင်သေးမိတဲ့ အကြီးမားဆုံးအမှားကို လုပ်ခဲ့မိသည်။

ထို့ကြောင့်လည်း အဲဒီတုန်းက သူဟာဒီရတနာကို ယူမလာခဲ့ပေ။ထိုအချက်ကပဲ ကျန်းယီမင်ကို ဟွမ်ယွမ်ဆေးလုံးနဲ့ ဂိုဏ်းအစီအရင်ရဲ့အကူအညီနဲ့ သူ့ထက် အဆင့်မြင့်တဲ့သူကို အနိုင်ယူဖို့အခွင့်အရေး ပေးခဲ့မိသည်။ သို့သော် အခုလျှို့ဝှက်နယ်မြေထဲက ဟောက်ယွင်ဂိုဏ်းအကြီးအကဲကတော့ အဲဒီတုန်းကနဲ့ လုံးဝ ကွဲပြားသည်။

သူဟာဟောက်ယွင်ဂိုဏ်းရဲ့ အကောင်းဆုံး ရတနာတွေအားလုံးကို စုဆောင်းထားသည်။ ထို့အပြင် သူ့ရဲ့ကျင့်ကြံမှုကလည်း မွေးဖွားခြင်းအလယ်အလတ်အဆင့်မှာ ရှိနေတာကြောင့် ကျန်းယီမင်နဲ့ အဆင့်တူနေသည်။

"မီးတောက်ပေါင်းစည်းခြင်းအစီအရင်.... ထွက်ပေါ်လာစမ်း..."

ခုနက အကြီးအကဲထုတ်သုံးခဲ့တဲ့ မီးထောင်သောင်း လောင်မြိုက်ခြင်းကတင် လင်းယွင်ဂိုဏ်းတပည့်တွေကို ဖိအားပေးနိုင်ခဲ့သည်။ အခုတော့ အကြီးအကဲက လျှို့ဝှက်နယ်မြေရဲ့မြေပြင်ကို အသုံးချပြီး ဟော်ယွင်ဂိုဏ်းရဲ့ အစွမ်းအထက်ဆုံးအစီအရင်ကို တည်ဆောက်လိုက်တဲ့အခါ တပည့်တွေအားလုံးဟာ ကောင်းကင်နဲ့မြေကြီးကြားက ပြင်းထန်တဲ့မီးစွမ်းအားတွေကို ခံစားနေခဲ့ရသည်။

တစ်ကမ္ဘာလုံးကို မီးတောက်တွေက ဝါးမြိုတော့မလိုဖြစ်လာသည်။ ကျန်းယီမင်မှာလည်း အလားတူစွမ်းရည်တစ်ခု ရှိသည်။ ထိုအရာကတော့ ပျက်သုဥ်းခြင်းကျင့်စဥ်ကနေ သူ နောက်ဆုံးသင်ယူထားတဲ့ ပျက်သုဥ်းခြင်းနယ်မြေဖြစ်သည်။ သို့သော် ခုနက သူ့ကိုယ်သူနဲ့တိုက်တုန်းက ပျက်သုဥ်းခြင်းနယ်မြေကို သုံးထားတာကြောင့် အချိန်တိုအတွင်းမှာ ပျက်သုဥ်းခြင်းချီတွေကို ပြန်စုစည်းပြီးထပ်သုံးဖို့က အနည်းငယ် ခက်ခဲနေသည်။

သို့သေည် သူ့မှာတခြားရွေးချယ်စရာ မရှိပေ။ တစ်ဖက်လူက သူ့ရဲ့နောက်ဆုံးလက်နက်ကို ထုတ်သုံးနေပြီ ဖြစ်တာကြောင့် ကျန်းယီမင်အနေနဲ့ အရင်ကတစ်ဖက်လူမှားခဲ့သလိုမျိုး ရန်သူကို အထင်သေးတဲ့အမှားမျိုး ထပ်မလုပ်နိုင်ပေ။ သူ မန္တန်ရွတ်လိုက်တဲ့အခါ စိတ်ဝိညာဉ်စွမ်းအားတွေက သူ့ပတ်ပတ်လည်မှာ စီးဆင်းလာပြီး ကျန်းယီမင်ဟာ လေထဲမှာ ပျံတက်သွားသည်။

သူ့တပည့်တွေကတော့ ဒီပုံစံကိုမြင်ဖူးနေကျဖြစ်ပေမယ့်၊ ဒီတစ်ကြိမ်မှာတော့ ပျက်သုဥ်းခြင်းနယ်မြေဟာ တစ်ဖက်လူရဲ့ မီးတောက်အစီအရင်ရဲ့ စိန်ခေါ်မှုကို ခံစားမိသွားတာကြောင့် အလိုအလျောက် ပြင်းထန်လာသည်။ မီးတောက်ပေါင်းစည်းခြင်း အစီအရင်ကတော့ တကယ်ကိုမဆိုးလှပေ။ ကျန်းယီမင်ရဲ့ ပတ်ဝန်းကျင်က စိတ်ဝိညာဉ်စွမ်းအားတွေဟာ ပျက်သုဥ်းခြင်းချီအဖြစ် အဆက်မပြတ်ပြောင်းလဲနေသည်။

ထိုအဆင့်ရှိတဲ့ ပျက်သုဥ်းခြင်းချီတွေက သာမန်လူတွေရဲ့ စိတ်ကူးထက်ကို ကျော်လွန်နေသည်။ လျှို့ဝှက်နယ်မြေထဲမှာ ရှိနေတာကြောင့် ကျန်းယီမင်ဟာ ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်မလုပ်နိုင်ပေ။ မူလက ပျက်သုဥ်းခြင်းကျင့်စဥ်ဟာ ကောင်းကင်နဲ့ မြေကြီးကြားက ပျက်သုဥ်းခြင်းချီတွေနဲ့ ဆက်သွယ်ပြီး အသုံးပြုနိုင်သည်။

သို့သော် ဒီအချိန်တွင်တော့ သူဟာသူ့ခန္ဓာကိုယ်ထဲက စိတ်ဝိညာဉ်စွမ်းအားတွေကို ပျက်သုဥ်းခြင်းချီအဖြစ် အရင်ဆုံးပြောင်းလဲပြီးမှသာ ကျင့်စဥ်ကို သုံးနိုင်သည်။ ထို့ကြောင့် ဘယ်လိုပဲကြည့်ကြည့် လျှို့ဝှက်နယ်မြေထဲမှာ သူ့ရဲ့စွမ်းဆောင်ရည်ဟာ ပြင်ပကမ္ဘာထက် အများကြီးလျော့နည်းနေသည်။

"အိုး... လင်းယွင်ဂိုဏ်းချုပ်... မင်းရဲ့အခုကျင့်ကြံမှု တိုးတက်မှုအရဆိုရင် ငါ့ကို အံ့သြစရာတစ်ခုခု ပေးနိုင်လိမ့်မယ်လို့ ငါထင်ခဲ့တာ...။ ဒါပေမဲ့ မင်းက အရင်က အကွက်ဟောင်းတွေကိုပဲ သုံးနိုင်သေးတာပဲလား...."

ထို့နောက်မှာတော့ ပျက်သုဥ်းခြင်းနယ်မြေဟာ အပြည့်အဝပေါ်ထွက်လာခဲ့သည်။ နယ်မြေကို ကျန်းယီမင်အားဗဟိုပြုပြီး တည်ဆောက်ထားတဲ့ အစီအရင်တစ်ခုလို့တောင် ယူဆလို့ရနိုင်သည်။ အခုအချိန်မှာတော့ မွေးဖွားခြင်းကျင့်ကြံရှင် နှစ်ယောက်လုံးဟာ လျှို့ဝှက်နယ်မြေထဲမှာ ကိုယ်စီအစီအရင်တွေကို အပြည့်အဝတည်ဆောက်ပြီးသွားခဲ့သည်။

တပည့်တွေအားလုံး မှင်တက်နေမိကြသည်။ ဒါဟာ မတူညီတဲ့ မွေးဖွားခြင်းကျင့်ကြံရှင် နှစ်ယောက်ရဲ့ တကယ့် တိုက်ပွဲတစ်ခုဖြစ်သည်။ သူတို့အတွက်တော့ စိတ်ဝိညာဉ်အမြုတေအဆင့် ဒါမှမဟုတ် အခြေတည်စိတ်ဝိညာဥ်အဆင့်တွေရဲ့ တိုက်ပွဲက အမှားပြင်ဖို့ အခွင့်အရေး ရှိပါသေးသည်။ သို့သော် မွေးဖွားခြင်းအဆင့်ကျင့်ကြံသူတွေ လှုပ်ရှားလိုက်ပြီဆိုရင် သူတို့ရဲ့ဘယ်စွမ်းရည်မဆို တိုက်ပွဲရဲ့ရလဒ်ကို တိုက်ရိုက် အဆုံးအဖြတ် ပေးနိုင်သည်။

"ဟောက်ယွင်ဂိုဏ်းအကြီးအကဲက တော်တော်လေး သန်မာလာတာပဲ... ဂျူနီယာညီမလေး၊ မင်းလည်း ခံစားမိတယ်မဟုတ်လား..."

ဟွမ်းချောင်ယုက ခေါင်းညိတ်လိုက်သည်။ အမှန်အတိုင်းပြောရရင် လင်းယွင်ဂိုဏ်း အခက်အခဲကြုံနေတုန်းက သူမရဲ့ခန္ဓာကိုယ်ထဲက မီးဓာတ်ကအရမ်းသန့်စင်တာကြောင့် ဟောက်ယွင်ဂိုဏ်းက သူမကို စည်းရုံးခဲ့ဖူးသည်။ သူမကို အကောင်းဆုံးပြုစုပျိုးထောင်ပေးမယ်လို့လည်း ကတိပေးခဲ့ဖူးသည်။ သို့သော် သူမကတော့ တိုက်ရိုက်ငြင်းပယ်ခဲ့လိုက်သည်။ ဒီလိုအရာတွေက သူမအတွက် စိတ်ဝင်စားစရာမရှိပေ။

"ဟုတ်တယ်... ဒီလောက်အဆင့်ရှိတဲ့ ခွန်အားမျိုးက ညီမတို့ လက်ရှိကျင့်ကြံမှုအဆင့်နဲ့ဆိုရင် စိတ်ကူးတောင် ယဉ်လို့မရနိုင်တဲ့ အရာပဲ...။ တကယ်လို့ အရင်တုန်းက ဟောက်ယွင်ဂိုဏ်း ညီမတို့ဂိုဏ်းကို လာတိုက်တုန်းက ဒီအကြီးအကဲမှာ အခုလိုအင်အားမျိုး ရှိနေခဲ့မယ်ဆိုရင် ရလဒ်က တကယ်ကိုတွေးဝံ့စရာ မရှိဘူး..."

ကျန်းယီမင်ကတော့ မလှုပ်ရှားသေးပေ။ ဘာလို့လဲဆိုတော့ သူက ပြိုင်ဘက်ရဲ့အားနည်းချက် ပေါ်လာမယ့်အချိန်ကို စောင့်နေတာကြောင့်ဖြစ်သည်။

"ဟမ့်... မင်းရဲ့စိတ်ထဲက လှည့်ကွက်လေးတွေကို ငါ အရင်ကတည်းက ကြုံဖူးပြီးသားပဲ...။ ငါ အရင်လှုပ်ရှားတာကိုစောင့်ပြီးမှ အခြေအနေကိုချိုးဖျက်ဖို့ နည်းလမ်းရှာမလို့ မဟုတ်လား... အဲဒီအတွေးကို စွန့်လွှတ်လိုက်ဖို့ ငါအကြံပေးလိုက်မယ်... မင်းမှာ အဲဒီလိုလုပ်နိုင်တဲ့ စွမ်းရည်ရှိတယ်လို့ တကယ်ထင်နေတာလား..."

ဟောက်ယွင်ဂိုဏ်းအကြီးအကဲက သူ့လက်ကို အသာအယာဝှေ့ယမ်းလိုက်သည်။ ထိုအချိန်မှာတင် လျှို့ဝှက်နယ်မြေနဲ့ တစ်ဂိုဏ်းလုံးကို တုန်ခါသွားစေတဲ့ နဂါးဟိန်းသံကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။

"အိုး... မင်းက ဒီလောက်အစီအရင်သေးသေးလေးကနေ မီးတောက်နဂါးကိုတောင် ခေါ်ယူပြီး တိုက်ခိုက်ခိုင်းနိုင်တာလား..."

"အေးလေ... ဘာဖြစ်လဲ... မသိနားမလည်တဲ့ ကောင်လေး... လှည့်ကွက်တွေအကြောင်း စဉ်းစားမနေနဲ့တော့... မင်းက တကယ့်ယောက်ျားတစ်ယောက်ဆိုရင် ငါနဲ့ ထိပ်တိုက်တိုက်စမ်း..."

All Chapters