← Chapters

လွှမ်းမိုးထားသောဖိအား....

Vol. 13 Ch. 154

လွှမ်းမိုးထားသောဖိအား....

Vol. 13 Ch. 154

ဒီတစ်ခါတွင် ရန်သူက အရင်အဆင့်တွေက ရန်သူနဲ့ မတူပေ။ ပစ်မှတ်က အလွန်ကြီးမားတာကြောင့် သူထုတ်လွှတ်လိုက်တဲ့ တိုက်ကွက်တွေ လွဲချော်သွားမှာကို စိုးရိမ်စရာမလိုတော့ပေ။ သူ တိုက်ရိုက်သာ လက်စွမ်းပြလိုက်ရုံဖြစ်သည်။

"ပျက်သုဥ်းခြင်းလက်ဝါး..." ကျန်းယီမင်က ခပ်တိုးတိုးရေရွတ်လိုက်ပြီး သူ့ရဲ့ပုံရိပ်တစ်ခုလုံးက ဝေဝါးသွားခဲ့သည်။ ထိုအချိန်မှာ သူဟာ လျှို့ဝှက်နယ်မြေရဲ့လေဟာနယ်ထဲမှာ ရပ်နေပြီး ကမ္ဘာကြီးကို ဖျက်ဆီးပစ်နိုင်တဲ့ မိစ္ဆာနတ်ဘုရားတစ်ပါးလို ဖြစ်နေခဲ့သည်။ ဒီ ဖျက်စီးခြင်းကျင့်စဥ်ကိုယ်တိုင်က အလွန်အစွမ်းထက်တဲ့ တိုက်စစ်ဆင်နည်းစနစ်တစ်ခုဖြစ်သည်။

တပည့်အားလုံးက ဖိအားတွေကို ခံစားနေရသည်။ အခုချိန်တွင် လျှို့ဝှက်နယ်မြေထဲမှာ ကျန်းယီမင်ကသာ တစ်ဦးတည်းသောအုပ်စိုးသူဖြစ်သည်။ မိုးကြိုးဝိညာဉ်သည် တုန်းမီပြောခဲ့သလိုဖြစ်သည်။ ဒါက သူ့မိသားစုက သာမန်စိတ်ဝိညာဉ်စွမ်းအားပဲရှိပြီး အသိဉာဏ်မရှိတဲ့၊ တောရိုင်းတိရစ္ဆာန်တွေနဲ့ မခြားနားတဲ့ မိုးကြိုးဝိညာဉ်တွေနဲ့ မတူပေ။

ကျန်းယီမင် အခုချိန်တွင် ရင်ဆိုင်နေရတဲ့ရန်သူက အသိဉာဏ် အတိုင်းအတာတစ်ခုအထိရှိနေတဲ့ မိုးကြိုးဝိညာဉ်ဖြစ်သည်။ သူက လူတွေလိုစဉ်းစားတတ်နေပြီဖြစ်သည်။ တစ်ဖက်လူရဲ့အင်အားကို ခန့်မှန်းနိုင်ရုံတင်မကဘဲ သူ့တိုက်ခိုက်ရေးစွမ်းအားနဲ့ တစ်ဖက်လူရဲ့ စွမ်းအားကိုပါ နှိုင်းယှဉ်တတ်နေသည်။

အခုချိန်တွင် မိုးကြိုးဝိညာဉ်ဟာ သူ့ရှေ့ကပြိုင်ဘက်ကိုကြည့်ရင်း သူ့နှလုံးသားထဲမှာ ကြောက်ရွံ့မှု အရိပ်အယောင်လေးတစ်ခု ရှိနေခဲ့သည်။ တကယ်လို့ သူသာတစ်ဖက်လူကို ဆက်ပြီးရင်ဆိုင်နေမယ်ဆိုရင် အနိုင်ရဖို့အခွင့်အရေး ဘယ်လောက်မှမရှိမှန်း သူရိပ်မိနေသည်။ လျှို့ဝှက်နယ်မြေရဲ့ စမ်းသပ်မှုတွေထဲမှာ ပေါ်လာတဲ့ရန်သူတွေက အသိဉာဏ်မရှိသင့်ပေ။ သူတို့ရဲ့ ခေါင်းထဲမှာ တစ်ခုပဲရှိရမည်၊ ထိုအရာကတော့ ရှေ့ကရန်သူကို အပြတ်ရှင်းဖို့သာဖြစ်သည်။

သို့သော် ဒီမိုးကြိုးဝိညာဉ်ကတော့ နည်းနည်း ကြောက်နေပုံပေါ်နေသည်။ အန္တရာယ်ကို ရှောင်ရှားပြီး အကျိုးရှိတာကို ရှာဖွေတာက သက်ရှိတွေရဲ့ သဘာဝဗီဇဖြစ်သည်။ သို့သော် သူကဒီနေရာမှာ ပေါ်လာခဲ့တာကြောင့် သူ့ဦးနှောက်ထဲမှာ မဖြစ်မနေ လုပ်ဆောင်ရမယ့် အမိန့်တစ်ခုရှိနေသည်။ ထိုကြောက်ရွံ့မှု အရိပ်အယောင်ဟာ မိုးကြိုးဝိညာဉ်ရဲ့ မျက်လုံးထဲမှာ ခဏလေးပဲပေါ်လာပြီးနောက် သူ့ရဲ့ ပုံရိပ်က ဝေဝါးသွားခဲ့သည်။

ထိုအချိန်မှာ လျှို့ဝှက်နယ်မြေထဲမှာ အရှိန်အဝါနှစ်ခု ရှိနေသည်။ တစ်ခုက ကျန်းယီမင်ရဲ့ခန္ဓာကိုယ်ထဲက စိတ်ဝိညာဉ်စွမ်းအားတွေကနေ ဖြစ်ပေါ်လာတဲ့ ပျက်သုဥ်းခြင်းချီဖြစ်ပြီး၊ နောက်တစ်ခုကတော့ မိုးကြိုးဝိညာဉ်ရဲ့ ခန္ဓာကိုယ်ထဲကနေ ထွက်ပေါ်လာတဲ့ ပြင်းထန်တဲ့ မိုးကြိုးအရှိန်အဝါဖြစ်သည်။ ထိုအရှိန်အဝါနှစ်ခု ထိပ်တိုက်တွေ့ဆုံမှုက ဘေးက ကြည့်နေတဲ့တပည့်တွေကို အသက်ရှုရခက်ခဲစေတဲ့အထိ ဖိအားပေးနေခဲ့သည်။

"ဟားဟားဟား... မင်းက သူရဲဘောကြောင်နေမှာကို ငါကစိုးရိမ်နေတာ...။ မင်းက ငါ့ကိုထိပ်တိုက် ရင်ဆိုင်ချင်တယ်ဆိုတော့ ကောင်းတာပေါ့...။ မင်း မဝံ့မရဲဖြစ်နေမှာကိုပဲ ငါကကြောက်နေတာ..."

ကျန်းယီမင်က တစ်ဖက်လူက ခုနကတိုက်ပွဲတွင် လက်စွမ်းထိန်းထားတယ်ဆိုတာကို သိထားသည်။ သို့သော် ဒီတစ်ခါတွင် တစ်ဖက်လူရဲ့တိုက်ခိုက်မှုက အရင်လို စမ်းသပ်တဲ့တိုက်ကွက်မျိုး မဟုတ်တော့ဘဲ အစွမ်းကုန် ထုတ်သုံးလိုက်တဲ့တိုက်ခိုက်မှုဖြစ်သည်။ ကျန်းယီမင်က သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်အစွမ်းကို သုံးပြီး တစ်ဖက်လူရဲ့တိုက်ခိုက်မှုကို တိုက်ရိုက်ခုခံနိုင်သည်။

ထိုတိုက်ခိုက်မှုက အနည်းဆုံးတော့ အခြေတည်စိတ်ဝိညာဉ်အဆင့်တစ်ယောက်ရဲ့ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲလိုက်တဲ့ အင်အားနဲ့ညီမျှသည်။ ဘာပဲဖြစ်ဖြစ် သူ့မှာ မြင့်မြတ်ကောင်းကင်နတ်ဆိုး ခန္ဓာကိုယ် ရှိနေသည်။ မွေးဖွားခြင်း အလယ်အလတ်အဆင့်မှာ ရှိနေတဲ့ သူ့ရဲ့စွမ်းအားက သူ့ရဲ့ရုပ်ခန္ဓာကို သာမန်လူတွေ စိတ်ကူးလို့မရတဲ့ အဆင့်ထိ အားကောင်းအောင် လုပ်ပေးထားသည်။ မိုးကြိုးဝိညာဉ်ရဲ့ အနက်ရောင်ခန္ဓာကိုယ်ဟာ တဖြည်းဖြည်းနဲ့ ရွှေအိုရောင်သန်းတဲ့အပြာရောင်အဖြစ် ပြောင်းလဲသွားခဲ့သည်။

"မိုးကြိုးဝိညာဉ်က သူ့ခန္ဓာကိုယ်ထဲက မိုးကြိုးစွမ်းအားတွေ အကုန်လုံးကိုစုစည်းနေပြီ...။ သူ ဆရာနဲ့ အသေအလဲတိုက်တော့မှာ..."

ကွင်းပြင်တစ်ခုလုံးတွင် မိုးကြိုးပစ်သံတွေနဲ့ ပြည့်နှက်သွားခဲ့သည်။ တုန်းမီက ဘေးကလူကို စကားပြောဖို့အတွက် စိတ်ဝိညာဉ်စွမ်းအားကို သုံးပြီး ပြောနေရသည်။ သို့မှသာ တစ်ဖက်လူက သူ့စကားကို ရှင်းရှင်းလင်းလင်းကြားရနိုင်သည်။ ရွှေပြာရောင် ပြောင်းလဲသွားတဲ့ မိုးကြိုးဝိညာဉ်ဟာ ကျန်းယီမင်ရဲ့ ဧရာမလက်ဝါးကြီးနဲ့ ထိပ်တိုက် တိုးမိသွားသညွ။

"ဝုန်း..."

တကယ်တမ်းတွင် လင်းယွင်ဂိုဏ်းရဲ့လေ့ကျင့်ရေးကွင်းလိုပဲ ဒီစင်မြင့်ပတ်ပတ်လည်မှာ အကာအကွယ် အစီအရင် ရှိထားပြီးသားဖြစ်သည်။ သို့မှသာ အထဲက တိုက်ပွဲရဲ့အရှိန်ရိုက်ခတ်မှုတွေသည် အပြင်က ကြည့်နေတဲ့သူတွေကို မထိခိုက်မှာဖြစ်သည်။ ထိုသို့တိုင်အောင် ဘေးကကြည့်နေတဲ့ တပည့်တွေဟာ ထိပ်တိုက်တွေ့တဲ့အသံကြောင့် တုန်လှုပ်သွားကြသည်။

"ကောင်းတယ်... နောက်တစ်ခါ..."

လက်ဝါးချင်းတိုက်ခိုက်ပြီးနောက် နှစ်ယောက်သား နေရာချင်း လဲသွားကြသည်။ သို့သော် ကျန်းယီမင်က ဒီတိုက်ခိုက်မှုမှာ တစ်ခုခုထူးဆန်းနေတာကို သတိပြုမိလိုက်သည်။ တစ်ဖက်လူက ဝိညာဉ်ခန္ဓာကိုယ်ဖြစ်နေပေမယ့် သူ့ထဲမှာ သူ့လိုပဲရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ် ရှိနေသလိုမျိုး ကျန်းယီမင်ခံစားလိုက်ရသည်။

ခိုတိုက်ခိုက်ချက်အပြီးမှာ ကျန်းယီမင်က ဘာမှမဖြစ်ပေမယ့် တစ်ဖက်လူကတော့ ဒေါသထွက်သွားပုံရသည်။ မိုးကြိုးဝိညာဉ်ရဲ့ ပတ်ပတ်လည်က အရှိန်အဝါတွေက အဆက်မပြတ်မြင့်တက်လာပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံး အပြာရောင်တောက်လာသည်။

ကျန်းယီမင်ရဲ့ ခေါင်းပေါ်မှာတော့ အနက်ရောင် မိုးတိမ်တွေ စုစည်းလာခဲ့သည်။ ထိုတိမ်တွေက အသိဉာဏ် ရှိနေသလိုဖြစ်နေသည်။ ထို့နောက်မှာတော့ ကြောက်မက်ဖွယ်ကောင်းတဲ့ စွမ်းအင်တွေက မိုးတိမ်တွေထဲကနေ ထွက်ပေါ်လာခဲ့သည်။

"ဟမ့်... မဆိုးဘူးပဲ... မင်းက တော်တော်တော့ အစွမ်းထက်တယ်... ဒါပေမဲ့ ဒီလိုလှည့်ကွက်လေးတွေနဲ့တော့ ငါ့ကို ဘာမှလုပ်လို့မရဘူး..."

ကျန်းယီမင်က တစ်ဖက်လူရဲ့အင်အားကို အခုချိန်တွင် အကြမ်းဖျင်းသိသွားသည်။ အခြေတည်စိတ်ဝိညာဉ်အထွတ်အထိပ်အဆင့်တွင် ရှိတဲ့သူထက်တော့ နည်းနည်းပိုအားကောင်းနိုင်ပေမယ့် မွေးဖွားခြင်းအဆင့်မှာရှိတဲ့ သူ့ကိုယှဉ်ဖို့ဆိုတာတော့ စိတ်ကူးယဉ်အိမ်မက်သာဖြစ်သည်။

သူ့ရဲ့ မြင့်မြတ်ကောင်းကင်နတ်ဆိုးခန္ဓာကိုယ်နဲ့တင် ထိုမိုးကြိုးတိုက်ခိုက်မှုတွေကို သူ တိုက်ရိုက်ခုခံနိုင်သည်။ တချို့စွမ်းအင်တွေကိုတောင် သူ့ရဲ့ ကိုယ်ပိုင်အဖြစ် ပြောင်းလဲနိုင်သေးသည်။

"အား..."

မိုးကြိုးဝိညာဉ်က ဒေါသတကြီးဟိန်းဟောက်လိုက်ပြီး သူ့ရဲ့ခန္ဓာကိုယ်က ထပ်ပြီးကြီးထွားလာခဲ့သည်။ ကျန်းယီမင်ထက် အဆပေါင်းများစွာ ပိုကြီးသွားခဲ့လိုက်သည်။ မိုးကြိုးတွေနဲ့ ဖွဲ့စည်းထားတဲ့ သူ့ရဲ့ ဧရာမလက်ကြီးက ကျန်းယီမင်ကိုရိုက်ချလိုက်သည်။ ထိုမိုးတိမ်တွေရဲ့ ရည်ရွယ်ချက်က ကျန်းယီမင်ကို တိုက်ရိုက်ထိခိုက်စေဖို့မဟုတ်ဘဲ မိုးကြိုးအစွမ်းကိုသုံးပြီး ကျန်းယီမင်ရဲ့လှုပ်ရှားမှုကို ပိတ်ဆို့ဖို့သာဖြစ်သည်။

မိုးကြိုးဝိညာဉ်ရဲ့ တကယ့်အသေခံတိုက်ကွက်က နောက်ဆုံးမှ လာခဲ့သည်။ ထိုအရာကတော့ ပိဿာသောင်းချီတဲ့ ခွန်အားတွေပါဝင်တဲ့ သူ့ရဲ့ ဧရာမလက်ဝါးကြီးဖြစ်သည်။ ကျန်းယီမင်က တစ်ဖက်ရန်သူရဲ့ ရည်ရွယ်ချက်ကို မြင်နေရသည်။ ထိုအရာကို ဘေးဖယ်ထားရင်တောင် တစ်ဖက်ရန်သူက သူ့ကိုတိုက်ခိုက်ရင်း နည်းစနစ်တွေ အများကြီးသုံးထားပြီးဖြစ်နေသည်။ သူ့ရဲ့ခွန်အားတွေ တော်တော် ကုန်ခန်းနေသင့်ပြီဖြစ်သည်။

သို့သော် တစ်ဖက်ရန်သူက တိုက်ပွဲကြာလေ ပိုပြီး ကြမ်းလေ ဖြစ်နေတာကြောင့် ကျန်းယီမင် နည်းနည်း သံသယဖြစ်လာသည်။

'ဘာလို့ ဒီလိုဖြစ်နေတာလဲ...'

တကယ်လို့ တစ်ဖက်ရန်သူက အားမကုန်နိုင်ဘူးဆိုရင် သူ ဒီတိုက်ပွဲကိုအချိန်ဆွဲလို့ မရတော့ပေ။ ဒါက မြန်မြန်အဆုံးသတ်ရမယ့် တိုက်ပွဲဖြစ်သည်။ တကယ်လို့ တစ်ဖက်ရန်သူရဲ့ ကျွမ်းကျင်တဲ့နယ်ပယ်ထဲကို သူဆွဲခေါ်ခံလိုက်ရရင် ဒီအဆင့်မှာတင် သူ့ရဲ့ ခွန်အားတွေ အများကြီးကုန်ဆုံးသွားမှာက မတန်ပေ။

သူ့ရဲ့ဓားကို ကိုင်လိုက်ပြီး ကျန်းယီမင်ရဲ့ပုံရိပ်က လူတိုင်းရဲ့ မျက်စိရှေ့မှာတင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ သူက မိုးကြိုးတိမ်တိုက်ထဲကို တိုက်ရိုက်တိုးဝင်သွားခဲ့လိုက်သည်။

"ပိုင်းဖြတ်စမ်း...."

ကျန်းယီမင်က အကျယ်ကြီး အော်ဟစ်လိုက်ပြီး တစ်ဖက်လူရဲ့ခန္ဓာကိုယ်ကို ထိုးဖောက်လိုက်သည်။

မိုးကြိုးဝိညာဉ်ရဲ့ ဘေးကအလင်းအကာအကွယ်ကို ဖြတ်ကျော်လိုက်တဲ့အခါမှာတော့ ကျန်းယီမင်က ထူးဆန်းတဲ့ အရာတစ်ခုကို တွေ့လိုက်ရသည်။ မိုးကြိုးဝိညာဉ်ရဲ့ ခန္ဓာကိုယ်ထဲက အခြေအနေက သူအရင်က ထင်ထားတာနဲ့ ဆန့်ကျင်ဘက်ဖြစ်နေသည်။

မိုးကြိုးစွမ်းအင်တွေက အထဲမှာ အလွန်ရှုပ်ထွေးနေသည်။ ကျန်းယီမင်က အရင်ကမိုးကြိုးဝိညာဉ်ကို တစ်ခါမှ မမြင်ဖူးပေ။ အလွန် ခဲယဉ်းတဲ့တိုက်ဆိုင်မှုတွေအောက်မှာမှ ပေါ်လာတတ်တဲ့ ဒီလိုထူးဆန်းတဲ့ သားရဲမျိုးက သာမန်တော့မဟုတ်ခဲ့ပေ။ ထို့ကြောင့် ဒီလိုသားရဲမျိုးက ဘယ်လိုပုံစံရှိရမလဲဆိုတာ သူ တစ်ခါမှ မစဉ်းစားခဲ့ပေ။

ကျန်းယီမင်က သေချာကြည့်လိုက်တဲ့အခါမှာတော့ မိုးကြိုးဝိညာဉ်ရဲ့ အထဲမှာ ကျောက်မျက်ရတနာတစ်ခုရှိနေတာကို တွေ့လိုက်ရသည်။ အဆုံးမရှိတဲ့ မိုးကြိုးစွမ်းအင်တွေက ထိုကျောက်မျက်ရတနာကို ဝန်းရံနေကြသည်။

All Chapters