← Chapters

လှည့်ကွက်အသေးလေးတစ်ခု...

Vol. 13 Ch. 159

လှည့်ကွက်အသေးလေးတစ်ခု...

Vol. 13 Ch. 159

သူ့ရဲ့ပြိုင်ဘက်ဟာ ထပ်မံထွက်ပြေးဖို့ ကြိုးစားရင်း ပုံရိပ်က ဝေဝါးသွားခဲ့သည်။ သို့သော် ကျန်းယီမင်ကတော့ တစ်ဖက်လူကို အကုန်လုံးထိုးဖောက်မြင်နေပြီးသားဖြစ်သည်။

"ထပ်မပြေးနဲ့တော့..."

စင်မြင့်အလယ်မှာရှိနေတဲ့ ကျန်းယီမင်က အော်ဟစ်လိုက်သည်။ သူ့ရဲ့ ပျက်သုဥ်းခြင်းလက်ချောင်းထိပ်ဖျားက ပြိုင်ဘက်ရဲ့ခန္ဓာကိုယ်ကို ထိမှန်သွားခဲ့သည်။

ကျန်းယီမင်အတုရဲ့ လှုပ်ရှားမှုတွေက တော်တော်လေးမြန်ဆန်ပေမယ့် ကျန်းယီမင်က တစ်ဖက်လူ ရှောင်နိုင်မယ့် လမ်းကြောင်းမှန်သမျှကို ကြိုတင်ခန့်မှန်းနိုင်ခဲ့သည်။ တစ်ဖက်လူရဲ့အရှိန်က မနှေးပေမယ့် သူ့ရဲ့လှုပ်ရှားမှုတွေကို ကြိုသိနေတဲ့ ကျန်းယီမင်ရဲ့ တိုက်ခိုက်မှုအောက်မှာတော့ ထွက်ပြေးစရာ ယနေရာမရှိတော့ပေ။

"အား..."

ကျန်းယီမင်ရဲ့ ပျက်သုဥ်းခြင်းလက်ချောင်း ထိလိုက်တဲ့နေရာကနေ ခန္ဓာကိုယ်တစ်ခုလွင့်ထွက်သွားခဲ့သည်။

"ဆရာ..."

ထိုအရာကို မြင်လိုက်ရတဲ့ ဂူလင်းဖေးနဲ့ တခြားတပည့်တွေက ပြိုင်တူအော်ဟစ်လိုက်ကြသည်။

'ဒါ သူတို့ရဲ့ဆရာ ဟုတ်ရဲ့လား...'

"မဟုတ်ဘူး... စီနီယာအစ်ကို... အစ်ကိုမှားနေပြီ..." ဟု ဟွမ်းချောင်ယုက မျက်မှောင်ကြုတ်ရင်း ဖြည်းဖြည်းချင်း ပြောလိုက်သည်။

"ဘာ... ဂျူနီယာညီမေလး... မင်းဆိုလိုတာက..."

ဂူလင်းဖေးက သူ့ညီမရဲ့စကားကြောင့် မှင်တက်သွားပေမယ့် ချက်ချင်းပဲ သူမ ဘာကိုဆိုလိုလဲဆိုတာ နားလည်သွားခဲ့သည်။

"ဟုတ်တယ်... စီနီယာအစ်မပြောတာ လုံးဝမှန်တယ်! အဲ့ဒါ ကျွန်တော်တို့ဆရာ မဖြစ်နိုင်ဘူး..." ဟု တုန်းမီကလည်း ဘေးကနေခေါင်းညိတ်ရင်း ပြောလိုက်သည်။

အရင်တုန်းကငရဲပြည်မှာ သူ့အတွက်နဲ့ ယမမင်းကို ဘာမှမတွေးဘဲ ထိပ်တိုက်ရင်ဆိုင်ခဲ့တဲ့ ဆရာ့ပုံစံကို သူ မှတ်မိနေခဲ့သည်။ ထို့အပြင် အတိုက်ခံရပြီး ပြုတ်ကျသွားရင်တောင် သူ့ဆရာဟာ အမြဲတမ်းတည်ငြိမ်မှု ရှိနေတတ်သူဖြစ်သည်။ တိုက်ပွဲမှာ အခုလို သနားစရာကောင်းတဲ့ပုံစံမျိုး တစ်ခါမှမဖြစ်ဖူးပေ။

"အဟွတ်... အဟွတ်... မင်း... မင်း တကယ်ပဲ ဒီမှာငါနဲ့ အသေအလဲတိုက်ချင်တာလား..."

တစ်ဖက်လူဟာ တဖြည်းဖြည်းနဲ့ တည်ငြိမ်မှု ပျက်ပြားလာခဲ့သည်။ သူ့ရဲ့ ယုတ်ညံ့တဲ့ ရည်ရွယ်ချက်တွေကို လူတိုင်းသိသွားကြသည်။

"မဟုတ်ဘူး... အသေအလဲတိုက်မယ်... ဟုတ်လား... မင်းလိုလူစားမျိုးအတွက် ဘယ်သူကမှ အသက်နဲ့လဲပြီး တိုက်မှာမဟုတ်ဘူး... မင်း လက်ရှိမှာ တကယ်အားနည်းနေတာကို မမေ့နဲ့ဦး..." ကျ

န်းယီမင်က လှောင်ပြုံးပြုံးလိုက်သည်။ အသေအလဲ တိုက်တယ်ဆိုတာက တစ်ဖက်လူကို သတ်ဖို့အတွက် ကိုယ်ပါသေပေးရတာကို ဆိုလိုသည်။ သို့သော် လက်ရှိမှာတော့တစ်ဖက်လူက သူ့ရဲ့လက်ခုပ်ထဲက ရေလို ဖြစ်နေသည်။

"မင်းက ငါနဲ့ အသေအလဲတိုက်ချင်တာလား... စိတ်မကောင်းပါဘူး... မင်းမှာ အဲဒီလိုလုပ်နိုင်စွမ်းတောင် မရှိဘူး..."

"ဟုတ်တယ်... အဲဒါမှငါတို့ဆရာကွ..."

"မှန်တယ်... အဲဒါမှ ငါတို့ဆရာ့ပုံစံအစစ်ပဲ..."

တပည့်တွေဟာ ကျန်းယီမင်ရဲ့အစပိုင်းက ကျဆင်းမှုကနေ ခုနကဇဝေဇဝါဖြစ်မှု၊ အခုတော့ အရာရာကို ထိန်းချုပ်ထားနိုင်တဲ့ အခြေအနေအထိ အဆင့်ဆင့် တိုးတက်လာတာကို မျက်မြင်တွေ့ခဲ့ကြရသည်။ ထိုအရာတွေက သူတို့ဆရာရှိနေရမယ့် အခြေအနေဖြစ်သည်။

"မဟုတ်ဘူး... မဟုတ်ဘူး... မင်း ငါ့ကိုသတ်လို့မရဘူး... ငါက ဒီလောကမှာ မင်းရဲ့အစိတ်အပိုင်းတစ်ခုပဲ... မင်း ငါ့ကိုသတ်လို့မရဘူး... တကယ်လို့ မင်း ငါ့ကိုသတ်လိုက်ရင် မင်းရဲ့အင်အားကိုလည်း ထိခိုက်လိမ့်မယ်... ဒါကို မင်း တကယ်ပဲဖြစ်စေချင်တာလား..."

"မင်း ကြိုက်သလိုပြောစမ်းပါ... ငါ မင်းကိုသတ်လိုက်ရင် ဘာအကျိုးမှမရှိဘူးဆိုတာပဲ မင်း ထပ်ခါတလဲလဲပြောနေတာပဲ... ရယ်စရာပဲ... တကယ်လို့ ငါ မင်းကိုအရှင်ထားလိုက်ရင် ငါ့အတွက် အချိန်မရွေး ပေါက်ကွဲနိုင်တဲ့ဗုံးတစ်လုံးကို မွေးထားသလိုဖြစ်နေမှာ မဟုတ်လား..."

သိပ်မကြာခင်မှာပဲ ကျန်းယီမင်ဟာ သူကိုယ်တိုင်က သူ့ရှေ့မှာတင် သေဆုံးသွားတာကို ကြည့်နေခဲ့သည်။

"ဟူး... ဒီခံစားချက်က တကယ့်ကိုထူးဆန်းတာပဲ...။ အရင်ကတော့ ငါနဲ့ရန်ငြိုးကြီးတဲ့ ရန်သူတွေကိုပဲ ငါ သတ်ဖူးတာ..."

သူ့ရှေ့မှာလဲလျောင်းနေတဲ့ သူ့ရဲ့ခန္ဓာကိုယ်ကို ကြည့်ရတာ အံ့သြဖို့လည်းကောင်းသလို ဖော်ပြရလည်း ခက်ခဲသည်။ ခုနကတိုက်ပွဲအတွက် ကြီးသွားခဲ့တဲ့စင်မြင့်ကြီးဟာ အခုတော့ မူလအရွယ်အစားကို ပြန်ရောက်သွားခဲ့သည်။ ကျောက်တိုင်ကလည်း ဖြည်းဖြည်းချင်း ပြန်တက်လာသည်။ ထိုအပေါ်မှာတော့ ရှေးဟောင်းစာအုပ်တစ်အုပ် ရှိနေသည်။

"မဆိုးဘူး... ကြည့်ရတာ ဒီလျှို့ဝှက်နယ်မြေကနေ ငါ အများကြီးရနိုင်ဦးမှာပဲ..."

ကျန်းယီမင်ရဲ့မျက်လုံးတွေက ဝမ်းသာအားရ ဖြစ်သွားသည်။ ထိုရှေးဟောင်းစာအုပ်က ကျင့်စဉ်လား၊ တိုက်ခိုက်ရေးစွမ်းရည်လားဆိုတာ မသိသေးပေမယ့်၊ ခုနက ကျန်းယီမင်အတုနဲ့ တိုက်ခဲ့ရတဲ့တိုက်ပွဲကတော့ အလဟဿမဖြစ်ခဲ့ပေ။

ထိုအချက်ကိုတွေးမိရင်း ကျန်းယီမင်က ရှေ့ကို အမြန်လှမ်းသွားပြီး ထိုစာအုပ်ကိုယူလိုက်သည်။ စာအုပ်ကို လက်ကကိုင်လိုက်တာနဲ့ ထူးဆန်းတဲ့ခံစားချက်တစ်ခုကို ချက်ချင်းခံစားလိုက်ရသည်။ မမြင်ရတဲ့ စွမ်းအင်တွေက သူ့ခန္ဓာကိုယ်ထဲကို ဖြည်းဖြည်းချင်း ပြန်စီးဝင်လာသလိုမျိုးဖြစ်လာသည်။

"ဒါက ဘာအစွမ်းရှိလဲ သိချင်မိသား... ထားလိုက်ပါတော့... အရင်ဆုံးကြည့်ကြည့်ရအောင်..."

"ဟေး... ဆရာ တစ်ခုခုထပ်ရပြန်ပြီ..."

"ဒီလျှို့ဝှက်နယ်မြေက မိုက်လွန်းတာပဲ... မဟုတ်ဘူးလား... အကုန်ရှိတာပဲ... ပြီးတော့ ပြိုင်ဘက်က ဘယ်သူပဲဖြစ်ဖြစ် ဆုလာဘ်တစ်ခုတော့ရတာပဲ... ဂိုဏ်းပြင်ပမှာ ဒီလိုမျိုးကောင်းတဲ့အရာ ဘယ်မှာရှာလို့ရမှာလဲ..."

"ဟားဟားဟား... ဟုတ်တာပေါ့... စကားတွေအများကြီး ပြောမနေနဲ့တော့... ဆရာ လျှို့ဝှက်နယ်မြေကနေထွက်လာရင် နောက်တစ်ယောက် ဝင်မယ့်သူက ငါပဲ..."

"ဘယ်လိုလုပ် အဲဒီလိုဖြစ်မှာလဲ... ငါ မှတ်မိသလောက်ဆိုရင် မင်းက ငါ့ထက်နာရီအနည်းငယ် နောက်ကျပြီးမှ ရောက်လာတာလေ... အဲဒါကြောင့် ငါက မင်းရဲ့စီနီယာအစ်ကိုပဲ မဟုတ်လား... အဲဒီတော့ ညီလေးရာ... ဒီလို အန္တရာယ်ရှိတဲ့အလုပ်ကို အစ်ကိုပဲ အရင်လုပ်ပါရစေ..."

"မင်းကတော့နောက်နေပြန်ပြီ... အဲဒီလိုဆိုရင် မင်းလည်း ငါ့နောက်မှရောက်တာပဲ မဟုတ်လား... ဒါဆို မင်းလည်း ငါ့ကိုစီနီယာအစ်ကိုလို့ ခေါ်ရမှာပေါ့..."

သူတို့ဆရာ လျှို့ဝှက်နယ်မြေထဲကနေ ဆုလာဘ်တွေ ဆက်တိုက်ရနေတာကို မြင်လိုက်ရတော့ စင်အောက်က လင်းယွင်ဂိုဏ်းတပည့်တွေ စိတ်လှုပ်ရှားနေကြသည်။ ဆရာပြီးသွားရင် ဘယ်သူအရင်ဝင်မလဲဆိုတာနဲ့ ပတ်သက်ပြီး လူစုကြီးကစတင်ငြင်းခုံနေကြတော့သည်။

"ငါ ပြောမယ်... ညီလေးတို့ ညီမလေးတို့... မင်းတို့ ဘာတွေ ဒီလောက်စိတ်ပူနေကြတာလဲ... ကြည့်စမ်း... ငါတို့လက်ထဲမှာရှိတဲ့ အရင်းအမြစ်တွေပဲ ဖြစ်ဖြစ်၊ ဂိုဏ်းထဲကကျင့်စဉ်တွေနဲ့ တိုက်ခိုက်ရေးစွမ်းရည်တွေပဲဖြစ်ဖြစ်၊ ဒါတွေအားလုံးက ဒီလောကမှာ အကောင်းဆုံးတွေမဟုတ်လား... စိတ်ပူစရာ မလိုပါဘူး..."

ဂူလင်းဖေးက လက်ဝှေ့ယမ်းပြီး ပြောလိုက်သည်။ လက်ရှိ လင်းယွင်ဂိုဏ်းထဲမှာတော့ အချင်းချင်း ပြိုင်ဆိုင်မှုတွေက တော်တော်လေးအရှိန်အဟုန် ကောင်းနေသည်။ သို့သော် ဒါက စုံလုံကန်းပိတ်ပြိုင်ဆိုင်တာမျိုးမဟုတ်ဘဲ ခွန်အားချင်းယှဉ်ပြိုင်တာဖြစ်သည်။

တခြားလူက ညဘက်ခြောက်နာရီပဲအိပ်ရင် ကိုယ်က လေးနာရီပဲ အိပ်မယ်၊ တခြားလူက တစ်နေ့ ဆယ်နာရီကျင့်ကြံရင် ကိုယ်က ရှစ်နာရီ... မဟုတ်ဘူး...၊ ကိုယ်က ဆယ့်နှစ်နာရီကျင့်ကြံမယ် ဆိုတာမျိုးဖြစ်သည်။

အခုဆိုရင် လျှို့ဝှက်နယ်မြေက မျှော်စင်ကြီးတစ်ခုလိုပေါ်လာပြီဆိုတော့ သူတို့ရဲ့ အချင်းချင်းယှဉ်ပြိုင်လိုစိတ်ကို ပိုပြီးမြင့်တက်စေခဲ့သည်။ ဘယ်သူကမှ တစ်ဖက်လူထက် အားနည်းတယ်လို့ အရှုံးမပေးချင်ကြပေ။ ဒီလိုကောင်းမွန်တဲ့ ပြိုင်ဆိုင်မှုက လင်းယွင်ဂိုဏ်းတိုးတက်မှုရဲ့ ကြီးမားတဲ့ပြယုဂ်တစ်ခုဖြစ်သည်။

"စီနီယာအစ်ကို... အစ်ကိုကတော့ လျှို့ဝှက်နယ်မြေထဲမှာဆုလာဘ်တွေ ရပြီးပြီဆိုတော့ အခုလိုပြောနိုင်တာပေါ့... ဒါက ဗိုက်ဝနေတဲ့လူက ဗိုက်ဆာတဲ့လူရဲ့ ဒုက္ခကို မသိသလိုမျိုးဖြစ်မနေဘူးလား..."

"ဟားဟားဟား... ကောင်းတယ်... မင်းတို့ ဒီကို ရောက်တာ ဘယ်လောက်မှမရှိသေးဘူး... စီနီယာအစ်ကိုကိုတောင် ပြန်နောက်တတ်နေပြီပေါ့..."

ဂူလင်းဖေးလည်း ရယ်မောလိုက်သည်။ ဘာပဲဖြစ်ဖြစ် သူကတစ်ဂိုဏ်းလုံးရဲ့ အကြီးဆုံးစီနီယာအစ်ကိုဖြစ်သည်။

"ပြီးတော့ မင်းတို့အားလုံးမေ့နေတာလား... လျှို့ဝှက်နယ်မြေထဲကို တစ်ယောက်တည်းဝင်ရတာ မဟုတ်ဘူးလေ... တကယ်လို့ မင်းတို့မှာ သဘောကျတဲ့အဖွဲ့ဝင်တွေရှိရင် အဖွဲ့ဖွဲ့ပြီး အတူတူဝင်လို့ရတယ်..."

ဂူလင်းဖေး ပြောတာမှန်နေသည်။ လူတွေ ပိုများလာရင် သူတို့ရင်ဆိုင်ရမယ့် ရန်သူတွေကလည်း ပိုပြီး ကြောက်စရာကောင်းလာမှာဖြစ်သည်။ ထိုအရာက တပည့်တွေကြားက ပူးပေါင်းဆောင်ရွက်မှုကိုလည်း စမ်းသပ်ရာရောက်သည်။ ထို့အပြင်သူတို့ရရှိမယ့် ဆုလာဘ်တွေကလည်း ပိုပြီးများပြားလာမှာ ဖြစ်သည်။

All Chapters