အခန်း (၄၂၁-၄၂၃)
Vol. 29 Ch. 421-423
အခန်း (၄၂၁)
တစ်ကြိမ်ကိုတစ်လှမ်း
ကျူးဟုန်ကုန်းသည် သူ့ရှစ်စွင်း၏ သင်္ချာပုစ္ဆာကိုလက်ထဲကိုင်ပြီး အခန်းထဲမှထွက်သွားတော့၏။
ကျူးဟုန်ကုန်းသည် စီးဝူယာ့ထံမှ သတင်းအချက်အလက်ရလာခဲ့ကြောင်း ပြောသောအခါ လုကျိုးက စဉ်းစားခဲ့သည်။ စီးဝူယာ့က သူသာဆန္ဒမရှိလျှင် ကျူးဟုန်ကုန်းကို သတင်းရခွင့် ပေးမှာမဟုတ်ပေ။ ရုန့ရှီးနှင့်ရုန်ပေ့က ကြီးမားပေ၏။ မှတ်ဉာဏ်သလင်းအတွက် သူမည်သို့ရှာရမည်နည်း။
လုကျိုးသည် ခန်းမဆောင်သို့ပြန်ရောက်လာပြီး အခင်းပေါ်၌ တင်ပျင်ခွေချိတ်ထိုင်လိုက်၏။ သူသည် ကျိထျန်းတောက်၏ မှတ်ဉာဏ်များကိုထပ်မံစစ်ဆေးပြီး မှတ်ဉာဏ်သလင်းနှင့် သက်ဆိုင်သည့် တစ်စုံတစ်ခုကို ရှာဖွေချင်ခဲ့သည်။ ကံဆိုးသည်မှာ သူ၏အားစိုက်ထုတ်မှုက အချည်းနှီးဖြစ်ခဲ့၏။
“အထဲမှာ ဘာကိုချိပ်ပိတ်ထားတာလဲ။ ပွင့်ချပ်ကိုးလွှာအဆင့်ကို ရောက်ဖို့အတွက် ကြိုးပမ်းနေတဲ့ ကျိထျန်းတောက်ရဲ့ လျှို့ဝှက်ချက်လား ဒါမှမဟုတ်တခြားတခုလား”
လုကျိုး၌ အားလပ်ချိန်ရှိသောအခါ သူသည် ဆုံးရှုံးသွားသောမှတ်ဉာဏ်များအကြောင်း ပြန်တွေးတတ်သည်။ ရှေးဦးစွာ ကျိထျန်းတောက်၏ စနစ်ဖြစ်သည်။ ယင်းက သူ ဤကမ္ဘာသို့ ပထမဆုံး ကူးပြောင်းလာစဉ်က သူကြုံတွေ့ရသည့်ကုသိုလ်မှတ်စနစ်နှင့် အဆက်အစပ်မရှိဟု ကောက်ချက်ချမိသည်။ ဒုတိယအချက်အနေဖြင့် ကောင်းကင်ကျမ်းစာ စာလိပ်၏ မှတ်ဉာဏ်များပဲ ဖြစ်သည်။ ဘုရင့်မယ်တော်ကြီးသည် သူ၏ရောဂါဝေဒနာများကို ကုသပေးရန် ကောင်းကင်ကျမ်းစာ စာလိပ်ကို အသုံးပြုခဲ့ကြောင်း သဲလွန်စရှိ၏။ တတိယအချက်က ယွီရှန်းရုန်ကို ကျိထျန်းတောက် သတ်လိုစိတ်ရှိတာပဲဖြစ်သည်။ ယင်းကို တိမ်တောက်ရှုံးလွီအကြောင်း၌ ယွီရှန်းရုန်ကိုယ်တိုင် ပြောပြခဲ့ပြီးဖြစ်သည်။ စတုတ္ထအချက်က ကျိထျန်းတောက်မသေခင် သူ၏မှတ်ဉာဏ်များပဲဖြစ်သည်။
နောက်ဆုံးအချက်သည် စကားစစ်ထိုးခြင်းပဲဖြစ်၏။ ဆိုရလျှင် လူတစ်ယောက်အဖို့ သေခါနီးအချိန်၌ စဉ်းစားနိုင်စွမ်း ကင်းမဲ့သွားကာ မှတ်ဉာဏ်များဆုံးရှုံးတတ်သည်။ ကျိထျန်းတောက်ကလည်း အသက်ကြီးလွန်းသောကြောင့် ယခုအတိုင်း သတိမေ့လျော့သွားတာလဲဖြစ်နိုင်သည်။
လုကျိုးသည် မှတ်ဉာဏ်သလင်းရှိသည့်နေရာကို ရှာချင်ပါက သူသည် စီးဝူယာ့ကို ကောင်းစွာ သွန်သင်ဆုံးမရပေမည်။ ထိုအကြောင်းကိုတွေးမိချိန်၌ ခေါင်းခါလိုက်၏။
ခဏအကြာတွင် လုကျိုးသည် သွေဖယ်နေသောအတွေးများကို ရှင်းလင်းလျက် နောက်ဆုံး ဖွင့်လှစ်ခြင်းကောင်းကင်ကျမ်းစာစာလိပ်ကိုကိုင်လိုက်သည်။
“ပေါင်းစည်း”
“တင်း ... ဖွင့်လှစ်ခြင်းကောင်းကင်ကျမ်းစာ စာလိပ်အသစ် ပေါင်းစည်းပြီးပါပြီ။ ဆင်ခြင်လိုစိတ် ရှိပါသလား”
“ဆင်ခြင်မယ်” လုကျိုးထံမှ အတွေးတစ်ချက်ဖြင့် စတုတ္ထမြောက်ပြီးပြည့်စုံသော ကောင်းကင်ကျမ်းစာ စာလိပ်သည် ကျန်အလင်းစက်များအဖြစ် ပေါင်းစည်းသွားပြီး သူ၏ခန္ဓာကိုယ်ထဲဝင်ရောက်လာသည်။ အပြာရောင်အလင်းဖျော့ဖျော့က သူ၏စိတ်ထဲ ဝင်ရောက်လာ၏။ သူ၏စိတ်တို့လန်းဆန်းလာတာကို ချက်ချင်းခံစားမိလိုက်ပြီး ထူးကဲချီသွေးကြောရှစ်ကြောနှင့် အာရုံခံအင်္ဂါတို့က ကြည်လင်လာ၏။
လုကျိုးက ဇဝေဇဝါဖြစ်သွားတော့သည်။ ဤဖွင့်လှစ်ခြင်းကောင်းကင်ကျမ်းစာ စာလိပ်ကို ဆင်ခြင်ခြင်းဖြင့် ရရှိသည့်ခံစားချက်သည် သူ ယခင်ကျမ်းစာသုံးခုကို ဆင်ခြင်ချိန်၌ ကြုံတွေ့ရတာနှင့် မတူညီပေ။ သူ၏ ခန္ဓာကိုယ်သည် ထူးကဲချီသွေးကြောရှစ်ကြောနှင့် လုပ်ဆောင်ချက်များ ပိုကောင်းလာတာကို ရှင်းရှင်းလင်းလင်းခံစားမိသည်။
သူက စနစ်မျက်နှာပြင်ကိုဖွင့်ပြီး တချက်ကြည့်လိုက်၏။
ကျန်ရှိသော သက်တမ်း= ၁၂၇၅၄ ရက်
ရက်သုံးထောင်တိုးလာတာလား။ ယင်းသည် အကြောင်းပြန်လှန်ကတ် ဆယ်ကတ်က ထောက်ပံ့ပေးလိုက်သည့် နေ့ရက်အရေအတွက်နှင့်ညီမျှသည်။
တကယ်ဆုလာဒ်ကောင်းပဲ။
ယင်းက လုကျိုးသည် အသုံးပစ္စည်းကတ်တစ်ကတ်အပြင် တခြားနည်းလမ်းကနေ အသက်ကို ပြန်ရတာ ပထမဆုံးအကြိမ်ဖြစ်၏။ သူ့ကို တန်ဖိုးရှိသော သဲလွန်စတခုလည်း ထောက်ပံ့ပေးလိုက် သည်။ မဟာအကန့်အသတ်နားရောက်သည့်သူတိုင်းက သူတို့အသက်ရှည်လိုကြသည်။ တစ်နည်းအားဖြင့် နှစ်တစ်ထောင် အကန့်အသတ်ကို ကျော်လာတာဖြစ်နိုင်၏။
လုကျိုးသည် စနစ်မျက်နှာပြင်ကို ပိတ်ပြီး ဖွင့်လှစ်ခြင်းကောင်းကင်ကျမ်းစာ စာလိပ်အသစ်ကို စတင်ဆင်ခြင်လိုက်တော့သည်။
ယခင်အတွေ့အကြုံများအပေါ် အခြေခံပြီး သူသည် ဖွင့်လှစ်ခြင်းကောင်းကင်ကျမ်းစာ စာလိပ်တိုင်းဖြင့် စွမ်းအားအသစ်ကို ရရှိသည်။ သူ ယခုအခေါက်တွင် သူရရှိသည့်စွမ်းအားကို သိချင်မိ၏။
ကျူးဟုန်ကုန်းသည် လက်ထဲတွင် စာရွက်ကိုကိုင်ထားလျက်တောင်နောက်သို့ပြေးသွားသည်။ သူ့အဖို့ပြန်လည်သုံးသပ်ရေးဂူသို့ရောက်ရန် သိပ်မကြာလိုက်ပေ။
“ချီရှစ်ရှိုး ...” စီးဝူယာ့သည် မျက်လုံးပိတ်လျက်အနားယူနေကာ ကျောမတ်မတ်ထိုင်နေလေ၏။ သူသည် သူ့ရှစ်စွင်း ချန်ထားရစ်ခဲ့သည့်မေးခွန်းများကို စဉ်းစားမနေပေ။ သူက မေးလိုက်၏။ “ဘာလဲ”
“ဒါက ရှစ်စွင်းဆီက” ကျူးဟုန်ကုန်းသည် ဂူထဲဝင်သွားပြီး စာရွက်ကို စီးဝူယာ့အားပေးလိုက်၏။ စီးဝူယာ့က ၎င်းကို လက်ခံပြီးနောက် ထိုပေါ်တွင်ရေးထားသော စကားလုံးများကိုကြည့်လိုက်သည်။
“ကွင်းထဲမှာ ရစ်ငှက်နဲ့ယုန်တွေ ရှိတယ်။ ခေါင်း ၃၅၀နဲ့ ခြေ ၉၄၀ရှိတာ အဲ့ဒီမှာ ရစ်ငှက်ဘယ်နှစ်ကောင်နဲ့ ယုန်ဘယ်နှစ်ကောင်ရှိမလဲ”
ကျူးဟုန်ကုန်းက ခေါင်းကုတ်ပြီးမေးလိုက်တော့သည်။ “ချီရှစ်ရှိုး အဲ့ဒါဘာပြောတာလဲ”
စီးဝူယာ့က သူ့ကို လျစ်လျူရှုထားသည်။ သူ၏အာရုံစိုက်မှုကို ထိုမေးခွန်းက ဖမ်းစားသွားပြီ ဖြစ်သည်။ သူက မေးခွန်းထဲ လျင်မြန်စွာ နစ်ဝင်သွားပြီး သူ့စိတ်က စတင်လှုပ်ရှားတော့၏။
ကျူးဟုန်ကုန်းသည် စီးဝူယာ့အတွေးနစ်နေတာကို မြင်သောအခါ မနှောင့်ယှက်ရဲပေ။ ထို့ကြောင့် ဘေးတွင် လိမ်လိမ်မာမာ စောင့်နေ၏။ နာရီများ ကုန်ဆုံးသွားသည့်ပမာ သူက တရေး အိပ်လိုက်တော့သည်။ သူမျက်လုံးပြန်ဖွင့်လာချိန်၌ မှောင်နေပြီဖြစ်သည်။
ထိုအချိန်တွင် စီးဝူယာ့က သတိပြန်ကပ်လာပြီဖြစ်သည်။ “ပါ့ရှစ်တိ ... ပါ့ရှစ်တိ”
“ဒီမှာ ... ကျွန်တော် ဒီမှာ” ကျူးဟုန်ကုန်းက အကြောဆန့်လျက် သန်းဝေလိုက်သည်။
“မင်း ပြန်သွားပြီး အနားယူသင့်ပြီ ... မနက်ဖြန်ကျ အဖြေပေးမယ်”
“ဟုတ်” ကျူးဟုန်ကုန်းက ခေါင်းညိတ်လိုက်ပြီးနောက် ပြန်လည်သုံးသပ်ရေးဂူထဲကနေ ထွက်လာသည်။ အပြင်ရောက်လာချိန်၌ ပြန်လှည့်ကြည့်လာ၏။ ချီရှစ်ရှိုးက စိတ်လွတ်သွားတာပဲ ဖြစ်ရမယ်။ ဒါက တုံးအတဲ့မေးခွန်းတစ်ခုပဲကို သူ ဘာကြောင့် ကြိုးစားနေတာလဲ။
နောက်နေ့နံနက်စောစောတွင်ဖြစ်သည်။
လုကျိုးက မျက်လုံးဖြည်းဖြည်းချင်းဖွင့်လိုက်၏။ သူသည် ပြန်လည်နုပျိုမှုနှင့် စကားလုံးဖြင့် ရှင်းပြ၍မရနိုင်သော သက်သောင့်သက်သာဖြစ်မှုကို ခံစားလိုက်ရသည်။
ယင်းက ဖွင့်လှစ်ခြင်းကောင်းကင်ကျမ်းစာ စာလိပ်အသစ်ကြောင့်ဖြစ်ဟန်တူသည်။ လုကျိုးသည် ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှု အနည်းငယ်ခံစားလိုက်ရ၏။ သူ၏ဆံနွယ်ဖြူများကို ကြည့်လိုက်၏။ ယခုဆို အနက်ရောင်အမျှင်များ ပိုရှိလာပြီဖြစ်သည်။ သူ အသွင်ကူးပြောင်းလာခါစ လက်ရှိသွင်ပြင်နှင့် ယှဉ်လျှင် ပြောင်းလဲမှုက အင်မတန်ကြီးမားသည်။ သို့သော် မနေ့ကနှင့်ယှဉ်လျှင် ပြောင်းလဲသွားတာ သိပ်မရှိပေ။
“တင်း ... စီးဝူယာ့ကို လမ်းညွှန်ပြသပြီးသွားပါပြီ။ ကုသိုလ်မှတ်နှစ်ရာ”
ဟမ် ... အလုပ်ဖြစ်သွားတယ်လား။ လုကျိုးက ထရပ်ပြီး စားပွဲဆီလျှောက်သွား၏။ သူက စုတ်တံကိုကောက်ကိုင်ကာ ထပ်ရေးလိုက်သည်။
စာရွက်ပေါ်ရေးခြစ်သံက လေထဲပျံ့လွင့်နေသည်။
သူ ရေးပြီးချိန်၌ ကျူးဟုန်ကုန်းကိုဆင့်ခေါ်ရန် တစုံတယောက်ကိုပြောလိုက်၏။
“နှုတ်ခွန်းဆက်ပါတယ် ရှစ်စွင်း” ကျူးဟုန်ကုန်းက စိတ်အားထက်သန်စွာပြောလိုက်သည်။
“ဝင်လာခဲ့”
ကျူးဟုန်ကုန်းက အခန်းထဲသို့လျှောက်သွားလိုက်၏။ သူသည် စားပွဲပေါ်တွင် သူ၏ရှစ်စွင်းစုတ်တံကို ချလိုက်တာကို တွေ့လိုက်သည်။ ပြီးနောက် သူက ရယ်မောကာပြောလိုက်တော့သည်။ “ရှစ်စွင်း ... ချီရှစ်ရှိုးက တညလုံးစဉ်းစားတာတောင် ရှစ်စွင်းရဲ့ပဟေဠိကို မဖြေရှင်းနိုင်ဘူး။ ကျွန်တော် သူ့ဆီကနေထွက်လာတဲ့အချိန် မျက်ကွင်းတွေ မည်းညိုနေတာကို တွေ့ခဲ့ရတယ်”
လုကျိုးက အနည်းငယ်အံ့ဩသင့်သွား၏။ ကျိထျန်းတောက်၏မှတ်ဉာဏ်များဆီကနေ သူ စုစည်းထားပုံအရ ဤကမ္ဘာ၏သင်္ချာအဆင့်သည် အဆင့်မမြင့်ပေ။ ဤနေရာရှိလူများက မော်ဒန်ခေတ်ရှိလူများကဲ့သို့ ထိုမေးခွန်းများကိုဖြေရှင်းနည်းသိမှာမဟုတ်ပေ။ သို့သော် ဤကဲ့သို့ ပဟေဠိက စီးဝူယာ့အတွက် ခက်ခဲစေမှာမဟုတ်ပေ။ သူ အဘယ်ကြောင့်ဖြေရှင်းရခက်ခဲနေသနည်း။
“သူ့ဆီ စားပွဲပေါ်ကစာရွက်ယူသွားပေးလိုက်”
“ဟုတ်ကဲ့ ရှစ်စွင်း”
“စာရွက်ပေါ်မှာ အရင်မေးခွန်းရဲ့အဖြေနဲ့ မေးခွန်းအသစ်ရှိတယ်”
“နားလည်ပါပြီ” ကျူးဟုန်ကုန်းသည် အဖြေနှင့် မေးခွန်းအသစ်ပါသည့် စာရွက်ကို ယူပြီး အရှေ့ဖက် မျှော်နန်းကနေ ထွက်သွား၏။ ခဏအကြာတွင် ပြန်လည်သုံးသပ်ရေးဂူသို့ရောက်သွားသည်။ ပြန်လည်သုံးသပ်ရေးဂူသို့ရောက်သွားချိန်၌ စိတ်ဓာတ်တက်ကြွပုံမရသည့် စီးဝူယာ့ကိုမြင်ပြီး သူ့ဖာသာသူခေါင်းညိတ်လိုက်သည်။
“တကယ်ကို စိတ်ဝင်စားစေတဲ့မေးခွန်းတစ်ခုပဲ” စီးဝူယာ့ကပြော၏။
“နှုတ်ခွန်းဆက်ပါတယ် ချီရှစ်ရှိုး” ကျူးဟုန်ကုန်းက စီးဝူယာ့ကို နှုတ်ခွန်းဆက်လိုက်၏။
စီးဝူယာ့ကလှည့်လာပြီး ကျူးဟုန်ကုန်းကိုဆုပ်ကိုင်ကာမေးလိုက်တော့သည်။ “ရှစ်စွင်းက ဒီမေးခွန်းကို တကယ်ပေးလိုက်တာလား”
“ဒါပေါ့ ရှစ်စွင်းရေးနေတာကို ကျွန်တော့်မျက်စိနဲ့ကိုယ်တိုင်တွေ့ခဲ့တာ” ကျူးဟုန်ကုန်းက ယုံကြည်ချက်ရှိရှိ ပြောလိုက်၏။
စီးဝူယာ့က အနည်းငယ်ထိတ်လန့်သွားသည်။ သူက ဇဝေဇဝါဖြစ်သွားသည်။ “ရှစ်စွင်းက ပညာတတ်တဲ့ပုံစံမျိုးနဲ့ ငါ့ကို ပြောတတ်တာမျိုး မဟုတ်ပါဘူး” ကျူးဟုန်ကုန်းက ချောင်းဟန့်လိုက်တော့သည်။
စီးဝူယာ့သည် သူပြောတာကို သဘောပေါက်သွား၏။ သူကအမြန်ထပ်ထည့်ပြောလိုက်သည်။
"ကံကောင်းတာက မနေ့ညတုန်းက ပဟေဠိကို ဖြေရှင်းနိုင်ခဲ့တယ်”
“အံ့ဩသင့်စရာပဲ ချီရှစ်ရှိုး” ကျူးဟုန်ကုန်းက လက်မထောင်ပြလိုက်၏။
“ဒါ ဘာမှမဟုတ်ဘူး” စီးဝူယာ့က ရိုးရိုးသားသားပြောပြောရလျှင် ပုစ္ဆာအတွက် သူ၏ ကိုယ်ပိုင် ဖြေရှင်းနည်းကို စိတ်ကျေနပ်မှုမရှိပေ။ ဆိုရလျှင် ဤပုစ္ဆာသည် ရိုးရှင်း၏။ သို့သော် ဤပုစ္ဆာကိုဖြေရှင်းရန် တညလုံးအချိန်ယူခဲ့ရသည်။ အတုံးအဆုံးနည်းလမ်းကိုတောင်တွေးပြီး တိရစ္ဆာန်များကို ခေါင်းဖြတ်၊ ခြေဖြတ်ရေတွက်ခဲ့ရသည်က ပိုမြန်ဆန်နေသည်။
“ဒါက ရှစ်စွင်းဆီက” ကျူးဟုန်ကုန်းသည် စီးဝူယာ့ကို နောက်ထပ်စာရွက်တစ်ရွက်ပေးလိုက်သည်။
စီးဝူယာ့သည် ယင်းကို မတွေ့ခင်က အနည်းငယ်စိတ်ဓာတ်ကျနေတာဖြစ်သည်။ သို့သော် ပုစ္ဆာအသစ်ရှိနေတာကိုမြင်သောအခါ ချက်ချင်းပင် တက်ကြွသွားတော့၏။ သူက စကားလုံးများကိုကျယ်လောင်စွာဖတ်လိုက်၏။ “ယုန် ၁၂၀နဲ့ ရစ်ငှက် ၂၃၀”
စီးဝူယာ့က ထိတ်လန့်သွားသည်။
“ရှစ်စွင်းက အဖြေကို သိတယ်လား” သူသည်လည်း တူညီသည့်အဖြေရခဲ့သည်။ ယင်းကို ဖြေရှင်းနိုင်ခဲ့သော်ငြား သူမပျော်ရွှင်နိုင်ပေ။
ကျူးဟုန်ကုန်းသည် ယင်းက ဖြစ်ကိုဖြစ်သင့်သည့်ကိစ္စပမာပြောလာသည်။ "ရှစ်စွင်းက မေးခွန်းထုတ်တာလေ။ အဖြေသိတာ သဘာဝပဲပေါ့”
စီးဝူယာ့က စာရွက်ကိုဆက်ဖတ်လိုက်သည်။ “လက်ရှိမှာ အရာဝတ္ထုတွေရဲ့ အရေအတွက်ကို မသိရဘူး။ သုံးခုစီ ရေမယ်ဆိုရင် နှစ်ခုကျန်နေတယ်။ ငါးခုစီရေမယ်ဆိုရင် သုံးခုကျန်မယ်။ ခုနစ်ခုစီရေမယ်ဆိုရင် နှစ်ခုကျန်မယ်။ အရာဝတ္ထုဘယ်နှစ်ခုရှိတာလဲ”
စီးဝူယာ့သည် မျက်မှောင်ကျုံ့သွား၏။ ဤပဟေဠိသည် ယခင်တစ်ခုနှင့်ယှဉ်နိုင်ပေ၏။
…
အခန်း(၄၂၂)ကြောက်ရွံ့မှု
စီးဝူယာ့က ပြဿနာကို ဖတ်လိုက်ပြီးသည့်နောက်တွင် သူ့ပင်ပန်းမှုအကုန် ပျောက်ဆုံးသွားပြီး အားအင် ပြန်လည် ပြည့်ဝလာသည်။ လူငယ်များက တစ်ညလုံးနေဖို့ မခက်လှပေ။ လူငယ်ကျင့်ကြံသူအား ပြောဖို့ပင် မလိုတော့ပေ။ သို့သော်လည်း သူ့ကျင့်ကြံဆင့်က စည်းပိတ်ခံထားရပြီး ညတစ်ညလုံး ပင်ပန်းမှုဒဏ်ကို ခံစားနေခဲ့ရသည်။
တစ်ညတာအပြီးတွင် သူ့မျက်ကွင်းများ ညိုမည်းနေပြီ ဖြစ်၏။ သို့သော်လည်း သူက မေးခွန်းအသစ်ကို ဖတ်လိုက်သည့်အခါ အားဖြည့်ဆေး အထိုးခံလိုက်ရသည့်အလား ချက်ချင်းဆိုသလို တက်ကြွလာသည်။ သူက တစ်ခြားတစ်ယောက်ဖြစ်နေလျှင် အရေးထားမည် မဟုတ်ပေ။ သို့သော် သူ့ရှစ်စွင်းက ထိုပြဿနာကို ထုတ်မေးလာသောကြောင့် သူက စိတ်အားတက်ကြွနေခြင်း ဖြစ်ပေသည်။
ကျူးဟုန်ကုန်းက စီးဝူယာ့၏ အမူအရာကို မြင်လိုက်ရသည့်အခါ ဆွံ့အသွားလေ၏။ သူက စိတ်ထဲမှ ရေရွတ်လိုက်မိသည်။
ချီရှစ်ရှိုးတော့ သွားပြီ … သူက ဒီပြဿနာကို ဖြေရှင်းပြီးရင် ဘာလုပ်မှာလဲ။
ခဏအကြာတွင် သူက လက်ဝေ့လိုက်ပြီး စီးဝူယာ့၏ အာရုံကို ဖမ်းစားဖို့ ကြိုးစားလိုက်သည်။
“ ချီရှစ်ရှိုး ”
သို့သော်လည်း စီးဝူယာ့က ကျူးဟုန်ကုန်း မတည်ရှိသည့်အလား ပြုမူနေသည်။
ကျူးဟုန်ကုန်းက သက်ပြင်းအသာချကာ သူ့အဆီဗိုက်ကို သယ်ရင်း ပြန်လည်သုံးသပ်ရေးဂူထဲမှ လက်နောက်ပစ်လျက် ထွက်လာလိုက်သည်။ သူက သူဌေးတစ်ယောက်လိုမျိုး လမ်းလျှောက်ဖို့ အခွင့်အရေးအပေးခံလိုက်ရသလို ခံစားလိုက်ရသည်။ သူ ပြန်လည်သုံးသပ်ရေးဂူမှ ထွက်လာလာချင်း ဖန်ကျုံးနှင့် ကျိုးကျစ်ဖုန်းတို့ သူ့ဆီ လျှောက်လာသည်ကို မြင်လိုက်ရ၏။
“အဋ္ဌမသခင်လေးကို နှုတ်ဆက်ပါတယ်” နှစ်ယောက်သား ပြိုင်တူ ပြောလိုက်ကြသည်။
ကျူးဟုန်ကုန်းက လေထဲမြောက်သွားသလို ခံစားလိုက်ရပြီး လည်ချောင်းရှင်းကာ မေးလိုက်သည်။
“ဘာကိစ်စလဲ”
“ဘာမှမဟုတ်ပါဘူး။ ကျုပ်တို့ တစ်ချက်လာကြည့်တာပါ။ သတ္တမသခင်လေးက တစ်ညလုံးလုံး မေးခွန်းတစ်ခု ဖြေရှင်းနေတယ်ဆိုလို့ စိတ်ဝင်စားလို့ပါ” ဖန်ကျုံးက ပြောလိုက်သည်။
“တကယ်လို့ မင်းတို့အားနေရင် ကျင့်ကြံသင့်တယ်” ကျူးဟုန်ကုန်းက မျက်လုံးဝေ့ကာ ပြောလိုက်ပြီးနောက် သူနှင့်အတူ ယူလာသည့် စာရွက်ကို ဖန်ကျုံးနှင့် ကျိုးကျစ်ဖုန်းဆီ ပစ်ပေးလိုက်သည်။
“အဋ္ဌမသခင်လေး ကျေးဇူးပါ”
ထိုမေးခွန်းက မိစ္ဆာဝေဟင်မျှော်နန်းအတွင်း ပျံ့နှံ့သွားဖို့ သိပ်မကြာလိုက်ပေ။ တောင်ပေါ်တွင် လူများက ဖျော်ဖြေရေး ကင်းမဲ့နေကြသည်။ ကျင့်ကြံရေးမှလွဲ၍ သူတို့က အစာစားခြင်း၊ အိမ်သာတက်ခြင်း၊ အိပ်စက်ခြင်းဖြင့်သာ အချိန်ကုန်ဆုံးနေရသည်။ အမှန်တော့ သူတို့က ပျော်ရွင်မှုတချို့ လိုအပ်နေလေသည်။ သူတို့ကို ရုတ်ခြည်း မေးခွန်းတစ်ခု ပေးလာသည့်အခါ အားလုံးက စိတ်အားထက်သန်စွာ သင်ယူနေကြသည်။
…………….…
လုကျိုးက သူ့အခန်းထဲတွင် ကောင်းကင်ကျမ်းကို ဆင်ခြင်သုံးသပ်နေသည်။ သူက သူ့ပုံမှန်မေးခွန်းတစ်ခုသည် ဒီလောက်အထိ အာရုံဖမ်းစားခံလိုက်ရမှန်း မသိခဲ့ပေ။
မနက်စောစောတွင် ကောင်းကင်ပင် မလင်းသေးသည့်အချိန် လုကျိုးက စနစ်မှ သတိပေးသံနှစ်ခုကို ကြားလိုက်ရသည်။
“တင်း စီးဝူယာ့ကို ညွှန်ကြားသင်ပြခြင်းအတွက် ကုသိုလ်ရမှတ် ၂၀၀ ရပါတယ် ”
“တင်း စီးဝူယာ့ကို ညွှန်ကြားသင်ပြခြင်းအတွက် ကုသိုလ်ရမှတ် ၂၀၀ ရပါတယ် ”
လုကျိုးက သတိပေးသံနှစ်ခုကြောင့် အံ့ဩသွားလေသည်။ သူက တွေးလိုက်မိ၏။
ကြည့်ရတာ ဒီငမိုက်သားကို ပညာပေးဖို့ မေးခွန်းများများ ထပ်မေးမှ ဖြစ်တော့မယ် … အမြဲတမ်း တစ်ယောက်ယောက်က ပိုသာတယ်ဆိုတာ ပြရမယ်
ထိုစဉ် ကျူးဟုန်ကုန်း၏ အသံက အပြင်ဘက်မှ ထွက်လာသည် “ရှစ်စွင်းကို ဂါရဝပြုပါတယ်”
“ဝင်လာခဲ့ ”
လုကျိုးနှင့် အချိန်အတူကုန်ဆုံးပြီးသည့်နောက်တွင် ကျူးဟုန်ကုန်းက လုကျိုးရှေ့တွင် ခပ်တောင့်တောင့်ကြီး ဖြစ်မနေတော့ပေ။ သူက ပိုမို စိတ်သက်သာရာရနေဟန် ပေါ်သည်။ သူက အခန်းထဲ ဝင်လာသည့်အခါ လုကျိုး တင်ပျဉ်ခွေ ထိုင်နေသည်ကို မြင်လိုက်ရ၍ ဦးညွှတ်ကာ “ရှစ်စွင်း ချီရှစ်ရှိုးက မနေ့က မေးခွန်းကို ဖြေရှင်းပြီးသွားပါပြီ။ သူ့အဖြေက ရှစ်စွင်းနဲ့ အတူတူပါပဲ ”
လုကျိုး၏ အမူအရာက ပြောင်းလဲခြင်း မရှိပေ။ ထိုမေးခွန်းက နှုတ်မြိန်စာမျှသာ ဖြစ်၏။ သူက ကုသိုလ်ရမှတ်များဖြင့် ချီးမြင့်ခံရသည့်အတွက် အံ့ဩသွားမိသေးသည်။
“ဒုတိယ မေးခွန်းကရော ” လုကျိုးက မေးလိုက်သည်။
“ချီရှစ်ရှိုးက ဖြေရှင်းပြီးပြီလို့ ထင်တယ်။ သူ ခေါင်းကုတ်ပြီး စဉ်းစားထားရတော့ သူ့အတွက် ခက်ခဲပုံပဲ” ကျူးဟုန်ကုန်းက ပြန်ဖြေလိုက်သည်။
“စားပွဲပေါ်က စာရွက်ကို ယူသွားပြီး သူ့ဆီ ပေးလိုက်”
“ဟုတ် ရှစ်စွင်း ”
…………..…
ကျူးဟုန်ကုန်းက ဒုတိယမေးခွန်းနှင့် တတိယမေးခွန်း၏ အဖြေကို ပြန်လည်သုံးသပ်ရေးဂူဆီ ယူလာလိုက်သည်။
“ချီရှစ်ရှိုး ဒီမှာ တတိယမေးခွန်းနဲ့ အဖြေ … ”
စီးဝူယာ့က ကျူးဟုန်ကုန်းဆီမှ စာရွက်ကို ချက်ချင်း ဆွဲယူလိုက်သည်။ ထို့နောက် သူ့အဖြေနှင့် တိုက်ကြည့်လိုက်ပြီးနောက် သက်ပြင်းချကာ ပြောလာသည်။
“စိတ်ဝင်စားစရာပဲ …. တကယ်ကို စိတ်ဝင်စားဖို့ ကောင်းတယ်”
ကျူးဟုန်ကုန်းက ပြန်လည်သုံးသပ်ရေးဂူထဲရှိ စားပွဲပေါ်ကို လှမ်းကြည့်လိုက်သည်။ သူက အပေါက်နှစ်ခုကို မြင်လိုက်ရ၍ အံ့ဩသွားကာ “ချီရှစ်ရှိုး ဒါကို လုပ်ထားတာလား”
“ငါလည်း မတတ်နိုင်ဘူး” စီးဝူယာ့၏ အကြည့်က စာရွက်ပေါ်တွင်သာ ရှိ၏။
“ချီရှစ်ရှိုး … ဒီမေးခွန်းတွေကို ရပ်လိုက်သင့်တယ်။ ဒါက ပျင်းစရာကြီး ”
“ထွက်သွား” စီးဝူယာ့၏ အသံက အေးစက်လာသည်။
“ဟမ်” ကျူးဟုန်ကုန်းက အံ့အားသင့်သွားပြီး “အဲဆို ကျွန်တော် သွားလိုက်ဦးမယ် ”
ကျူးဟုန်ကုန်း ထွက်သွားပြီးသည့်နောက်တွင် စီးဝူယာ့က တည်ငြိမ်သွားကာ သူ့ဘာသာ ရေရွတ်လိုက်သည် “ ၂၃၊ ၂၃၈ … ၂၃၃ … ငါ တစ်ခုပဲ တွက်နိုင်တာလား။ ငါ ရှစ်စွင်းရဲ့ ပုစ္ဆာဖြေရှင်းပုံကို မမြင်ဖူးဘူး။ ငါ့အမြင်တွေ ကျယ်သွားစေတယ် ”
စာရွက်ပေါ်တွင် အဖြေက အဖြေသာလျှင် ပါရှိရုံသာမက အနုမာနအဆိုသဘောတရားကို အခြေခံထားသည့် အရာများ ပါဝင်နေသည်။
စီးဝူယာ့လို ဉာဏ်ကောင်းသူအတွက် ပြဿနာကို ဖြေရှင်းသည့် ချဉ်းကပ်ပုံက သူ့ခေါင်းကို ဆီလိမ်းပေးသလိုမျိုး ဖြစ်ပေသည်။ သူက စာရွက်ပါ အကြောင်းအရာကို မြင်တွေ့ပြီးသည့်နောက်တွင် မည်သို့ မအံ့ဩဘဲ နေမည်နည်း။
တတိယမေးခွန်းအတွက်မူ စီးဝူယာ့က အကြာကြီး ဖတ်နေပြီးသည့်နောက်တွင် ကြောင်အမ်းနေသေးသည်။ ထိုအခါမှ ယခင်နှစ်ခုသည် နှုတ်မြိန်စာမျှသာ ရှိသေးကြောင်း သဘောပေါက်သွားလေသည်။
တတိယစာရွက်ပေါ်တွင် တြိဂံတစ်ခု၊ စက်ဝိုင်းတစ်ခုနှင့် စီးဝူယာ့ သတိမထားမိသည့် သင်္ကေတများ ရှိနေသည်။ သူက ထိုအရာကို နားမလည်ပေ။
ထိုမေးခွန်းက အဆင့်မြင့် ဂျီဩမေထြီနှင့် အက္ခရာသင်္ချာဖြစ်၍ ပုံမှန်သာ ဖြစ်ပေသည်။ လုကျိုးပင် သူ ကူးပြောင်းမလာစဉ်အခါက ထိုမေးခွန်းများကို တွေ့တိုင်း ခေါင်းကိုက်ရသည်။ ထိုအရာမျိုးကို တစ်ခါမှ မတွေ့ဖူးသည့် စီးဝူယာ့အား ထည့်ပြောဖို့ပင် မလိုတော့ပေ။
ဤသည်က ကျောင်းသားများစွာ တွေ့ကြုံရလေ့ရှိသည့် အကြောက်တရား ဖြစ်၏။
………….…
“တင်း စီးဝူယာ့ကို ညွှန်ကြားသင်ပြခြင်းအတွက် ကုသိုလ်ရမှတ် ၂၀၀ ရပါတယ် ”
လုကျိုးက တတိယမြောက် သတိပေးသံကို ကြားလိုက်ရသည့်အခါ ကျေကျေနပ်နပ် ခေါင်းညိတ်လိုက်သည်။
ငါတောင် ဒီမေးခွန်းတောင် ခေါင်းရှုပ်တာဆိုတော့ မင်းဆိုရင်တော့ ….
တတိယမေးခွန်းတွင် အဆင့်မြင့် ဂျီဩမေထြီနှင့် အက္ခရာသင်္ချာတို့ ပါဝင်နေသည်။ သင်္ချာသဘောတရားများ လစ်ဟာနေသည့် ကမ္ဘာကြီးထဲတွင် သာမန်လူတစ်ယောက်က ထိုအရာကို မြင်သည့်အခါ သူ ကောင်းကင်ကျမ်းကို ဖတ်နေရသလိုမျိုး ဖြစ်နေပေလိမ့်မည်။
စီးဝူယာ့က သာမန်လူ မဟုတ်ပေ။ အချိန်ရလျှင် သူက နားလည်နိုင်လေသည်။
ထိုစဉ် လုကျိုးက မျက်လုံးမှိတ်ကာ ကောင်းကင်ကျမ်းအား ဆက်လက်ဆင်ခြင်လိုက်သည်။
………….…
နေ့လယ်ဘက်၌ …
မိစ္ဆာဝေဟင်မျှော်နန်းရှိ တခြားလူများကလည်း မေးခွန်းအတွက် အဖြေကို ရှာဖို့ လက်လျှော့ခဲ့ကြသည်။ အချိန်အတော်ကြာသည့်အထိ အဖြေမရှာနိုင်ခြင်းက ပျင်းစရာကောင်းလာစေသည်။
……….…
နေဝင်ဖျိုးဖျအချိန်တွင် …
စီးဝူယာ့က စားပွဲပေါ်မှ မေးခွန်းကို ကြည့်ရင်း သူ တုံးအသွားသလို ခံစားလိုက်ရသည်။ တစ်ယောက်ယောက် ခက်ခဲသည့် အခြေအနေနှင့် ရင်ဆိုင်ရသည့်အခါ ဖြစ်တတ်သည့် ပုံမှန်တုံ့ပြန်မှုမျိုး ဖြစ်လေသည်။
ထိုအခါ ယုံကြည်ချက် ပျက်ယွင်းလာပြီး ကိုယ့်ဘာသာ သံသယစိတ် ဖြစ်လာလိမ့်မည်။
စီးဝူယာ့လည်း ခြွင်းချက် မဟုတ်ပေ။ သူက တခြားလူများ အဖြေရှာဖို့ လက်လျှော့လိုက်မှန်း မသိသေးပေ။
တတိယနေ့မြောက်၊ လေးရက်မြောက်၊ ငါးရက်မြောက် …
တဖြည်းဖြည်း ရက်များက ကုန်ဆုံးသွားလေသည်။
စီးဝူယာ့က စာရွက်ပေါ်မှ မေးခွန်းကို လေ့လာနေဆဲ ဖြစ်၏။ သူက လေ့လာလေလေ ထိုအရာက မည်မျှရှုပ်ထွေးကြောင်း ပိုမို သတိပြုမိလာလေလေ ဖြစ်၏။
………………
လုကျိုး၏ ကောင်းကင်ကျမ်း ဆင်ခြင်မှုက ချောမွေ့နေသည်။ သူက ကောင်းကင်ကျမ်း၏ ထူးခြားအံ့ဖွယ် စွမးအားကို ပြန်လည်အားဖြည့်ထားပြီးပြီ ဖြစ်၏။
သူက လေးခုမြောက် ကောင်းကင်ကျမ်း စွမ်းအားက ဘာမှန်း မသိရသေးပေ။
သူက တရားထိုင်နေသည့်အတွက် ပစ္စည်းကတ်များ၏ တန်ကြေးက မြင့်တက်သွားပြီ ဖြစ်ကြောင်း မှန်းဆမိလိုက်သည်။
ထင်ထားသည့်အတိုင်း ပစ္စည်းကတ်များကို ဖွင့်ကြည့်လိုက်သည့်အခါ ကတ်အားလုံး၏ ဈေးနှုန်းက ငါးရာစီ တိုးမြင့်သွားကြောင်း မြင်လိုက်ရသည်။
သူက စနစ်ကို တိတ်တဆိတ် ကျိန်ဆဲသည့်အချိန် အပြင်ဘက်မှ အသံထွက်လာလေသည်။
“ရှစ်စွင်း … ချီရှစ်ရှိုးက ရှစ်စွင်းနဲ့ တွေ့ချင်နေပါတယ်”
လုကျိုးက ထိုစကားများကို ကြားပြီးသည့်နောက်တွင် သူ့အမူအရာ ပြောင်းလဲမသွားပေ။ သူက ထိုငမိုက်သားအတွက် ထိုပြဿနာကို ဖြေရှင်းဖို့ ဖြစ်နိုင်ခြေရှိကြောင်း မတွေးထားပေ။
“ဘာလို့လဲ”
“ချီရှစ်ရှိုးက မေးခွန်းရဲ့ အဖြေကို ရှစ်စွင်းရဲ့ အမြင်ကို သိချင်လို့ပါတဲ့ ”
“သူက တခြားတစ်ယောက်ရဲ့ အမြင်ကို မေးနေတာလား”
ကျူးဟုန်ကုန်းက ရှစ်စွင်း၏ လေသံအတက်အကျကို ခံစားမိလိုက်ကာ အလျင်စလို ပြောလိုက်သည်။
“ ရှစ်စွင်း စကားကို သေချာပြန်ပြောလိုက်ပါ့မယ်”
ကျူးဟုန်ကုန်း ထွက်သွားပြီးသည့်နောက်တွင် လုကျိုးက ပြတင်းပေါက်မှ ကြည့်လိုက်သည်။ သူက စီးဝူယာ့ကို ကိုင်တွယ်နိုင်လိမ့်မည်ဟု သေချာသည်။
………….
နောက်ရက်အနည်းငယ် ကြာပြီးနောက်
လုကျိုးက နှစ်တိုး ပုစ္ဆာအား ရွေးလိုက်သည်။ သူက မေးခွန် ခက်ခဲနှုန်းကို ဖြည်းဖြည်းချင်း မြင့်တင်ထား၏။ သူက စီးဝူယာ့သည် အမှန်တကယ် ဖြေရှင်းလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူက စီးဝူယာ့အား ထိုပုစ္ဆာများနောက်ကွယ်မှ အဓိပ္ပာယ်ကို နားလည်စေချင်သည်။ သင်ယူတာ အဆုံးသတ်ဟူ၍ မရှိပေ။ သင်္ချာကို နားလည်လာလေလေ သူက ထိုအတွင်းမှ ထူးခြားဆန်းကြယ်မှုအကြောင်း ပိုမို သဘောပေါက်လာလေလေ ဖြစ်၏။
…………
ပြန်လည်သုံးသပ်ရေးဂူအတွင်း စီးဝူယာ့က လုကျိုး ထင်ထားသည့်အတိုင်း ပြုမူနေသည်။ သူက မေးခွန်းကို သေချာနားလည်ပြီးသည့်နောက်တွင် သူ ထင်ထားသည့်ထက် ပိုရှုပ်ထွေးကြောင်း သဘောပေါက်သွားသည်။ သူ့သွင်ပြင်က အတော်လေး ပြောင်းလဲသွားလေ၏။ သူက မေးခွန်းပေါ် အာရုံစိုက်ထားသောကြောင့် ဆံပင်များ ဖွာလန်ကျဲနေသော အရူးနှင့်ပင် တူနေလေပြီ။
“သတ္တမသခင်လေး ဒီလိုဖြစ်လာတာကို မကြည့်ရက်ဘူး” ဖန်ကျုံးက စီးဝူယာ့အား တစ်ချက်ကြည့်လိုက်ပြီးနောက် လှည့်ထွက်သွားဖို့ ပြင်လိုက်သည်။
“ဒီမေးခွန်းတွေက ရူးလောက်စရာပဲ”
“ဟူး မင်း သူတို့ကို နားတောင် နားမလည်ဘူး ”
ဖန်ကျုံးနှင့် ကျိုးကျစ်ဖုန်းတို့ ထွက်သွားတော့မည့်ဆဲဆဲတွင် အမျိုးသမီး ကျင့်ကြံသူတစ်ယောက်က သူတို့ဆီ ပြေးလာလေသည်။
ဖန်ကျုံးက မျက်မှောင်ကြုတ်ကာ “ဘာကိစ္စဖြစ်လို့လဲ”
“ယုံနဉ်မင်းသမီးရဲ့ အခြေအနေက ပိုဆိုးလာပြီ။ တစ်ယောက်ယောက် မျှော်နန်းသခင်ဆီ အကြောင်းသွားကြားပါပြီ။ ကျွန်မက သတ္တမသခင်လေးဆီ သတင်းလာပို့တာပါ” ထိုအမျိုးသမီးက အလျင်စလို ပြောလာသည်။
ထိုစဉ် အပြင်ဘက်မှ အနှောင့်အယှက်အားလုံးကို လျစ်လျူရှုထားသည့် စီးဝူယာ့က ဂူဝသို့ ရောက်ရှိနေလေပြီ။ သူ့မျက်နှာအထက် ပင်ပန်းနေသည့် အငွေ့အသက်တို့ သယ်ဆောင်ထားရင်း မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ “ယုံနဉ် ဘာဖြစ်လို့လဲ ”
…
အခန်း (၄၂၃)
မျှော်နန်းဆောင်အိုကြီးက မျက်နှာချိုသွေးတာပဲတော်တာမဟုတ်
စီးဝူယာ့က မည်မျှအေးစက်ပြီး နှလုံးသားမဲ့စေကာမူ ယုံနဉ်သေခါနီးပင်လျှင် သူက အချည်းနှီး ဖြစ်သွားပေလိမ့်မည်။ ဆိုရလျှင်သူက သူမက သူ့အတွက် အကူအညီကြီးတစ်ရပ် ဖြစ်ခဲ့၏။ သူက သူမအတွက် ခံစားချက်မရှိပင်လျှင် သူမအပေါ် အကြွေးတင်နေတာသေချာ၏။
ယုံနဉ်၏အခြေအနေအကြောင်း အမျိုးသမီးကျင့်ကြံသူ ပြောပြတာကို သူနားထောင်နေစဉ် စီးဝူယာ့က မျက်မှောင်ကျုံ့သွား၏။ ခဏတာ တိတ်ဆိတ်ပြီးနောက် သူက ပြောလိုက်သည်။
“ငါ့ကို ထွက်ခွင့်ပေး”
ဖန်ကျုံးနှင့် ကျိုးကျစ်ဖုန်းက ထိတ်လန့်အံ့ဩသင့်သွား၏။ သူတို့သည် ပြန်လည်သုံးသပ်ရေးဂူထဲကနေ စီးဝူယာ့ကို လွှတ်ပေးရသည်အထိ သတ္တိမရှိပေ။ သူတို့က သူ့ကို ကူကယ်မဲ့စွာ ကြည့်နေရုံသာတတ်နိုင်သည်။
“သတ္တမသခင်လေး ကျွန်တော်တို့မလွှတ်ပေးချင်တာမဟုတ်ဘူး။ အဲဒါက ...”
“ငါ့ကိုထွက်ခွင့်ပေး” စီးဝူယာ့က ထပ်ပြောလိုက်၏။
“…”
စီးဝူယာ့၏အမူအရာအရ ဖန်ကျုံးနှင့် ကျိုးကျစ်ဖုန်းတို့သည် သူကဂူထဲက ထွက်ခွာရန် ဆုံးဖြတ်ချက် ချထားပြီမှန်း သိလိုက်၏။ ပြဿနာက သူတို့၌ ခြင်္သေ့ဆယ်ကောင်၏သတ္တိရှိပင်လျှင် သူကို ဘယ်တော့မှ လွှတ်မပေးနိုင်တာပဲဖြစ်သည်။
စီးဝူယာ့၌ ကျင့်ကြံဆင့်နှင့်လက်နက်မရှိ။ သူသည် ယွီရှန်းရုန်ကဲ့သို့ အရံအတားကို လျစ်လျူမရှုနိုင်တာ သဘာဝကျသည်။
အခြေအနေက တင်းမာလာသည့်အချိန်၌ လေထဲတွင် မာဆတ်ဆတ်အသံကျယ်ကျယ်တစ်ခွန်း ပေါ်ထွက်လာ၏။
“သူ့ကို လွှတ်ပေးလိုက်”
စီးဝူယာ့နှင့် ကျိုးကျစ်ဖုန်းလှည့်ကြည့်လိုက်ချိန်တွင် ပြန်လည်သုံးသပ်ရေးဂူအထက်တွင် နယ်ရှင်လှံကို ကိုင်ဆောင်ထားပြီး ပျံဝဲနေသော တွမ့်မူရှန်းကိုတွေ့လိုက်ရ၏။
“ဟုတ်ကဲ့ တတိယသခင်လေး” ဖန်ကျုံးက အရိုအသေပေးလိုက်သည်။
စီးဝူယာ့သည် ပြန်လည်သုံးသပ်ရေးဂူထဲကနေထွက်လာ၏။ သူက တွမ့်မူရှန်းကို မော့ကြည့်လိုက်သည်။ စီးဝူယာ့ထိတ်လန့်သွားသည်က တွမ့်မူရှန်းသည် ယခင်ကထက် ပိုသန်မာလာနေပုံ ပေါ်နေတာပဲဖြစ်၏။ သူ၏ကျင့်ကြံဆင့်က လျင်မြန်စွာတိုးတက်လာသည်။
“ကျေးဇူးပါ စန်းရှစ်ရှိုး” စီးဝူယာ့ကပြောလိုက်သည်။
တွမ့်မူရှန်းက ပြောလိုက်သည်။
"ဒီစကားပြောရတာ ခွင့်လွှတ်ပေး၊ ဒါပေမဲ့ အဲ့ဒီရှုပ်ထွေးနေတဲ့မေးခွန်းတွေထဲ ကနှစ်နေရတာ ဘာကောင်းလို့လဲ။ မင်းမှာ အချိန်ရှိရင် ရွှေကြာကို ဖြတ်တောက်ပြီး ကျင့်ကြံတဲ့သီအိုရီကို လေ့လာသင့်တယ်။ မင်းက မိစ္ဆာဝေဟင်မျှော်နန်းအတွက် အကျိုးဆောင်ပေးနိုင်ရင် တခြားသူတွေကလည်း လေးစားလာမှာပဲ။ မင်းအခုရှိနေတဲ့နေရာမှာ ရှိနေတော့မှာမဟုတ်တော့ဘူး။ မင်း ချစ်မြတ်နိုးတဲ့အမျိုးသမီးကို ကယ်တင်ဖို့ စွမ်းအားကင်းမဲ့နေမှာ မဟုတ်ဘူး”
စီးဝူယာ့ “...”
သူသည် ခဏတာဆွံ့အသွား၏။ သူက ပြန်ပြောချင်သော်ငြား စန်းရှစ်ရှိုး၏ ကြမ်းတမ်းသော စိတ်နေသဘောထားကို တွေးမိသောကြောင့် ထိုအကြံဉာဏ်ကို ဖယ်ရှားလိုက်သည်။ အဆုံးတွင်မူ သူက ပြောလိုက်၏။
“စန်းရှစ်ရှိုးရဲ့အကြံဉာဏ်ကို မှတ်ထားပါ့မယ်”
“သွား ... ဒါဆိုရင်မင်းရဲ့နောက်ဆုံးလေးစားမှုကိုပြသလိုက်”
တွမ့်မူရှန်းသည် ပြောပြီးသည်နှင့် လေထဲကနေထွက်သွားတော့သည်။
“နောက်ဆုံးလေးစားမှုလား”
စီးဝူယာ့က စိတ်လေးသွားတော့သည်။ ထိုစကားလုံးများ ဘာကိုဆိုလိုမှန်း သူ သိ၏။ သို့သော် သူ မတွေးရဲချေ။ သူသည် တောင်ဖက်မျှော်နန်းဆီသို့အမြန်သွားလိုက်သည်။
ဖန်ကျုံး၊ ကျိုးကျစ်ဖုန်းနှင့် ကျန်သည့်သူများကလည်း သူ့နောက်ကနေနီးကပ်စွာ လိုက်လာတော့သည်။
များမကြာမီ၌ စီးဝူယာ့သည် တောင်ဖက်မျှော်နန်းဆီသို့ ရောက်သွား၏။
ရှောင်ယွမ်အာသည် စီးဝူယာ့ရောက်လာတာကို မြင်သောအခါ သူမသည် သူ့ကို သွားတွေ့လိုက်၏။
“ချီရှစ်ရှိုး ... အစ်မကြီးယုံနဉ်သေတော့မယ်”
ကျောင်းယွဲ့က ရှောင်ယွမ်အာကို ဘေးသို့ဆွဲပြီးပြောလိုက်၏။ “သိပ်စိတ်မပူနဲ့ ... အကြီးအကဲသုံးယောက်ဒီမှာရှိနေတာ”
ကျူးဟုန်ကုန်းက ရှောင်ယွမ်အာကို ကြည့်ပြီးပြောလိုက်သည်။ "ရှောင်ရှစ်မေ့ ... ကြည့်ပြော”
ကျန်သည့်သူများသည် အဆင်ခြင်မဲ့စွာမပြောရဲချေ။
စီးဝူယာ့သည် ပိတ်ထားသောတံခါးကိုကြည့်လိုက်၏။ သူက အထဲသို့ဝင်တော့မည့်အချိန်၌ တံခါးက ကျွီခနဲ ပွင့်လာသည်။
ဟွားဝူတောက် ထွက်လာ၏။
ဟွားယွဲ့ရှင်းက သူ့ဆီလျှောက်သွားကာမေးလိုက်တော့သည်။ “အခြေအနေက ဘယ်လိုလဲ”
ဟွားဝူတောက်က သက်ပြင်းချပြီး ခေါင်းခါလိုက်တော့သည်။ “သူက စွမ်းအင်ဓားသွား အထိုးခံလိုက်ရပြီး အတွင်းကလီစာတွေက ပျက်စီးသွားတာ။ သူ့ရဲ့ဈာပနအတွက် ငါတို့ ပြင်ဆင်ထားသင့်ပြီ”
ထိုစကားများကို ကြားသောအခါ လူတိုင်းက ခေါင်းခါပြီးသက်ပြင်းချလိုက်၏။
စီးဝူယာ့က လူတိုင်း၏အထင်အမြင်နှင့် ဆန့်ကျင်ဖက်ဖြစ်လျက် စိတ်တိုသွားတာမရှိပေ။ သူက မင်းသမီးယုံနဉ်က လျန်စီရင်စု၏တိုက်ပွဲအတွင်း စွမ်းအင်ဓားသွားဖြင့် သတ်သေရန်ကြိုးစားသည့် မြင်ကွင်းကိုပြန်တွေးမိပြီးတည်ငြိမ်သွားတော့သည်။
ယုံနဉ်က ဉာဏ်ကောင်း၏။ လျိုပင်း သို့မဟုတ် ရှန်းလဲ့က သူမကို ဓားစာခံအဖြစ်သုံးမည်မှန်း သူမသိနေ၏။ သူမသည် ရှန်းလဲ့ကို ဆွဲထားရန်ရှေ့တက်ဖို့ဆန္ဒရှိခဲ့သည်။ ထို့ကြောင့် စီးဝူယာ့သည် တန်ပြန်တိုက်ခိုက်ရန် စဉ်းစားဖို့ အချိန်ရခဲ့တာပဲဖြစ်၏။ ထိုအကြောင်းအရင်းကြောင့် စီးဝူယာ့သည် နောက်ဆုံးတော့ ရှန်းလဲ့ကို တိုက်ခိုက်နိုင်ခဲ့သည်။ သူမအသက်ကို အဆုံးသတ်ရန် ရွေးချယ်ခဲ့၏။ သို့မှသာ စီးဝူယာ့အတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်တော့မှာပဲ ဖြစ်သည်။
တစ်ခါတရံတွင် သူမက တစ်ခုခုဖြစ်လောက်သည်အထိ ရူးမိုက်သည်ဟု စီးဝူယာ့က ခံစားမိသည်။ သူမသည် နန်းတော်ထဲ၌ ငြိမ်းချမ်းသည့်ဘဝတွင် နေထိုင်ရန် ရွေးချယ်နိုင်၏။ အဘယ်ကြောင့်များ လောကီရေးရာထဲ၌ ဝင်ပါချင်ရသနည်း။
ကျွီ....
တံခါးထပ်ပွင့်လာ၏။
ယခုအခေါက်တွင် ဖန်လီထန်းထွက်လာ၏။ သူက အခြေအနေကောင်းပုံမရ။ သူ့လက်ထဲရှိ သေရည်ဘူးသီးခြောက်ကို မြှောက်ပြီးနောက် တစ်ငုံသောက်လိုက်သည်။
ကျောင်းယွဲ့က သူ့ဆီလျှောက်သွားပြီးနောက် ပြောလိုက်သည်။
"အကြီးအကဲဖန် သူ့အခြေအနေဘယ်လိုလဲ” ကျောင်းယွဲ့သည် ယုံနဉ်၏အစ်မကြီးဖြစ်သည်။ ထို့ကြောင့် သူမစိတ်မပူဘဲမနေနိုင်ပေ။
ဖန်လီထန်းက ခေါင်းခါပြီးသက်ပြင်းချလိုက်တော့၏။ “ငါ့ကနဦးချီတစ်ဝက်ကိုသုံးခဲ့တယ် ... ဒါပေမဲ့ ဒါတောင် သူ့အတွင်းဒဏ်ရာကိုမကုနိုင်ဘူး။ ဒဏ်ရာရဲ့အခြေအနေအရ သူ အစောတည်းက ပြင်ဆင်ထားတဲ့ပုံပဲ” သူမသည် ချက်ချင်းသေချင်တာမဟုတ်ပေ။ သို့သော် သူမက ကယ်ဆယ်မခံချင်ပေ။ သူမသည် ဤကမ္ဘာကြီးကို နောက်ဆုံးတစ်ခေါက်ကြည့်ရန်အချက်များဖြင့် အချိန်ဆွဲဆန့်ဖို့ နာကျင်မှုကို တောင့်ခံလိုမည်လော။
“လောင်ဖန် ... ကျေးဇူးပြုပြီး ကျုပ်တို့ကို မခြောက်ပါနဲ့။ ဘာမှမရှိတော့ဘူးလား” ဖန်ကျုံးက မေးလိုက်၏။
“ငါက လူလိမ်တစ်ယောက်နဲ့တူနေလို့လား” ဖန်လီထန်းကမေးလိုက်၏။
ရှောင်ယွမ်အာသည် စီးဝူယာ့၏အင်္ကျီစကို ဆွဲပြီးနောက် အသံတိုးတိုးဖြင့်ပြောလိုက်သည်။
“ချီရှစ်ရှိုး ... ရှစ်စွင်းကို အကူအညီတောင်းရအောင် ... အစ်မယုံနဉ်ကို သူကယ်နိုင်မယ်ဆိုတာ သေချာတယ်”
ဖန်လီထန်းက နားပါးသည်။ သူက ရှောင်ယွမ်အာကို ကြည့်ပြီးပြောလိုက်၏။ “ပွင့်ချပ်ရှစ်လွှာ ဗုဒ္ဓလက်ရွေးစင်တောင် အခုသူ့ကို မကယ်နိုင်တာ ... မျှော်နန်းသခင်ဆိုပိုဆိုးပေါ့”
“မင်း ဘာလို့အဲ့လိုပြောရတာလဲ” အခန်းထဲကနေ ထွက်လာခါစ လန်လော့က မေးလိုက်၏။ ဖန်လီထန်းထံမှ အကြောင်းပြန်မှုကိုမစောင့်ဘဲ သူကပြန်ပြောလိုက်သည်။ “အင်း ... အကြီးဖန်နဲ့အကြီးအကဲဟွားပြောတာ ယုတ္တိရှိတယ်။"
လူတိုင်းက လန်လော့ကိုကြည့်လိုက်သည်။ လွန်ခဲ့သည့်အနှစ်သုံးရာခန့်က ပေနက်လွှာ၏ထိပ်တွင် ရှိခဲ့သည့်လူပဲဖြစ်သည်။ သူ၏စကားကလေးနက်၏။
လန်လော့ကဆက်ပြောလိုက်သည်။ “ဒီမိန်းကလေးရဲ့စွမ်းအင်ဓားသွားက နည်းနည်းထူးကဲတယ်။ အဆိပ်သုတ်ထားတယ်လို့ ထင်တာပဲ အဆိပ်က သူ့ရဲ့အတွင်းကလီစာတွေကို တိုက်စားသွားတာ။ ရှာတွေ့ဖို့ ခက်ခဲတယ်။ အထဲက အဆိပ်ကိုရှာတွေ့ပြီးရင် ကုသဖို့ကခက်ခဲဦးမှာ။ ဗုဒ္ဓကုသခြင်း ကျင့်စဉ်သုံးခုဖြစ်တဲ့ ဘေးအန္တရာယ်မှ ကယ်ဆယ်ခြင်း မဟာကရုဏာလှေ၊ တောက်ပကြေးမုံနဲ့ ဗုဒ္ဓကျောင်းဆောင်တို့ပဲရှိတာ ... ဘယ်အရာကမှ ဒီမိန်းကလေးကို မကယ်နိုင်ဘူး” စီးဝူယာ့က လန်လော့ဆီ လျှောက်သွားပြီး မေးလိုက်သည်။ “တခြားနည်းလမ်း မရှိတော့ဘူးလား”
လန်လော့က ခေါင်းခါလိုက်၏။ “မင်းက မိစ္ဆာဝေဟင်မျှော်နန်းက သတ္တမတပည့် ... မင်းက အားလုံးထက် ဉာဏ်ပိုကောင်းတယ်။ ဉာဏ်ကောင်းတဲ့သူတစ်ယောက်က ငါတို့စကားကို နားလည်သင့်တယ်။ မင်း ငါတို့ကိုမယုံရင် ဝင်သွားပြီး တစ်ချက်ကြည့်လိုက်” လန်လော့က ဘေးဖယ်ပေးလိုက်သည်။
မျှော်နန်းဆောင်အိုကြီး၏ အကြီးအကဲသုံးယောက်က ထိုမျှသေချာနေချိန် မည်သူက သံသယဝင်မည်နည်း။
ကျန်သည့်သူများကလည်း ကူကယ်ရာမဲ့စွာခေါင်းခါလိုက်တော့သည်။
မိစ္ဆာဝေဟင်မျှော်နန်း၏တပည့်များက ယုံနဉ်အပေါ် အမြင်ကောင်းရှိသည်။ သူတို့က ယုံနဉ်သေမှာကို ကြည့်နေရမည်ဆိုပါက ခံစားချက်ကို ထိန်းနိုင်မည်မဟုတ်ပေ။
စီးဝူယာ့၏မျက်ခွံတို့ လှုပ်သွား၏။
ရှောင်ယွမ်အာက ထပ်ပြောလိုက်သည်။
“အင်း ... ရှစ်စွင်းမှာ နည်းလမ်းတစ်ခုရှိမယ်ဆိုတာ သေချာတယ်။ လာပါ ... ရှစ်စွင်းကို ကူညီပေးဖို့ တောင်းဆိုကြရအောင်”
ဟွားဝူတောက်က ရှောင်ယွမ် အာဇွဲကောင်းနေတာကိုမြင်ချိန်၌ သူက ခေါင်းညိတ်လိုက်၏။
“မျှော်နန်းသခင်ဆီ တောင်းဆိုကြရအောင် ... အခွင့်အရေးက နည်းတယ်ဆိုပေမဲ့ ကြိုးစားကြည့်သေးတာပေါ့”
“ခင်ဗျားပြောတာ အဓိကကျတယ်”
“မျှော်နန်းသခင်က ဘေးအန္တရာယ်မှကယ်ဆယ်ခြင်း မဟာကရုဏာလှေကို ကျွမ်းကျင်တယ်။ သူက သူမကို မကယ်နိုင်ရင်တောင် အခြေအနေကို တည်ငြိမ်အောင်လုပ်ပေးနိုင်မှာပဲ” ဖန်လီထန်းက ပြောလိုက်၏။
“မျှော်နန်းသခင်မှာဒီလောက်အားလပ်ချိန်တွေရှိနေမယ်များထင်နေလား။ သူ့ကို မနှောင့်ယှက်တာ ပိုကောင်းလိမ့်မယ်။ ငါတို့ သူ့ကိုမနှောင့်ယှက်တာပိုကောင်းမယ်”
ဆိုရလျှင် အသက်အရွယ်ကြီးပြင်းနေပြီဖြစ်သော မျှော်နန်းသခင်သည် သူစသိကာစ မိန်းမပျိုလေးတစ်ဦးကို ကယ်တင်ရန် သူ၏ကနဦးချီကို အဘယ်ကြောင့် ဖြုန်းတီးမည်နည်း။ ယုံနဉ်ကို ကယ်တင်ခြင်းဖြင့် သူ၏အသက်ဓာတ် ခန်းခြောက်သွားနိုင်သည်။ ကနဦးချီတိုင်းက အကန့်အသတ်နီးနေသည့် တစ်စုံတစ်ဦးအတွက် အလွန်တန်ဖိုးရှိသည်။ ကျန်သည့်သူများက ဆွေးနွေးနေစဉ် တင်းမာခက်ထန်သောအသံကပေါ်ထွက်လာ၏။
“ဘာတွေ ရုတ်ရုတ်ဖြစ်နေတာလဲ ... စိတ်တိုင်းမကျလိုက်တာ” ကျန်သည့်သူများက လှည့်ကြည့်လိုက်ချိန် လုကျိုးက လက်နောက်ပစ်လျက် လျှောက်လာ၏။ သူ၏အမူအရာက တည်ငြိမ်နေသည်။
“နှုတ်ခွန်းဆက်ပါတယ် မျှော်နန်းသခင်”
“နှုတ်ခွန်းဆက်ပါတယ် ရှစ်စွင်း”
ကျန်သည့်သူများသည် လုကျိုးကို နှုတ်ဆက်ပြီးနောက် တိတ်ဆိတ်သွားကြ၏။
လုကျိုးသည် လူတိုင်းရှေ့တွင်ရပ်လျက် သူတို့၏အမူအရာများကို စစ်ဆေးကြည့်လိုက်သည်။ စီးဝူယာ့ရှိနေတာကို မြင်ချိန်၌ မျက်မှောင်အနည်းငယ်ကျုံ့သွား၏။ “တောင်ဖက်မျှော်နန်းက အရေးကြီးတဲ့နေရာပဲ သစ္စာဖောက်တွေ ဒီနေရာကိုခြေမချသင့်ဘူး”
စီးဝူယာ့က ကြောက်လန့်တကြား ဒူးထောက်လျက် သောကစိတ်တို့ဖြင့်တောင်းဆိုလိုက်သည်။
“သူ့ကို ကယ်ပေးဖို့တောင်းဆိုပါတယ် ရှစ်စွင်း။ ရှစ်စွင်း ပေးသမျှအပြစ်ကို လက်ခံဖို့ဆန္ဒရှိပါတယ်”