အခန်း (၉၁)
Vol. 7 Ch. 91
ကျင်းရွှီယန်းက ဟန့်ဂျီယင်းကိုကြည့်ကာ တည်ငြိမ်စွာပြောလိုက်တယ် " ကမ္ဘာပျက်ကပ်စတဲ့ အချိန်ကစလို့ ငါကလူပေါင်း ၅၃ ယောက်ကို ဆုံးရှုံးလိုက်ရတယ်။ အများစုက ဖုတ်ကောင်တွေဖြစ်သွားပြီး ငါ့အဖွဲ့ရဲ့ရဲဘော်တွေကို သတ်ပစ်လိုက်တယ်။ ကျန်တဲ့လူတွေကို ကယ်တင်ဖို့အတွက် ငါက သူ့တို့ကို ငါ့လက်နဲ့သတ်ခဲ့တာ။ ငါ့ကိုယုံပါ၊ မင်းထက်ငါကပိုသိတယ်"
ထိုစကားကို ကြားလိုက်တော့ ဟန်ဂျီယင်းက အံ့သြသွားတယ်။ ခဏငြိမ်သက်သွားပြီးနောက်မှ ခေါင်းငုံ့ကာ သူက "တောင်းပန်ပါတယ်"ပြောလာတယ်။
"မင်းတို့ရဲ့ပူဆွေးမှုကို ငါနားလည်ပါတယ်၊ ဒါပေမယ့် မင်းတို့ရဲ့ ရဲဘော်ရဲဘက်တွေဆီ စွန့်လွှတ်အနစ်နာခံမှုတွေကို မင်းတို့ကလက်မလျှော့ဘဲ မင်းကပိုသန်မာပြီး ရဲရင့်စွာနေထိုင်ရမယ်" လို့ ကျင်းရွှီယန်းက ပြောခဲ့တယ်။
မထွက်သွားခင်မှာ "ပိုင်ရီကျီး ငါက လင်းယုန် အဖွဲ့ကို ဆက်သွယ်ပြီး မင်းကို ကျန်းနင်မြို့ကို ခေါ်သွားခိုင်းမယ်"
ဒါကိုကြားတော့ ပိုင်ရီကျီး က သူ့ကိုကြည့်ကာ "မင်း မသွားဘူးလား"
"ဗိုလ်မှူးနှင့်တွေ့တဲ့အခါကြရင် ကျေးဇူးပြုပြီး ငါ့ရဲ့စကားကို တစ်ဆင့်ပို့ပေးပါ။ ငါ့ရဲ့ နတ်ဆိုးအဖွဲ့က အနားယူဖို့ ဆုံးဖြတ်ထားပြီးပြီ၊ ဘယ်အမိန့်ကိုမှ လက်မခံတော့ဘူး။ ဆုလာဘ်ကိုလည်း မယူဘူး၊ ငါတို့ရဲ့မိသားစုကို သွားရှာဖို့ပဲ့ ခွင့်ပြုချက်တောင်းတာပါ" လို့ ကျင်းရွှီယန်းက ဆိုပါတယ်။
ထိုစကားကိုပြောပြီးနောက်တွင် သူကလှည့်၍
ဖုန်းယွင် ဆီသို့ လျှောက်သွားလိုက်တယ်။ ဒီတစ်ခါတော့ သူ့အရှေ့မှာ ရပ်မယ့်အစား သူ့ဘေးမှာ ဝင်ထိုင်လိုက်တယ်။
သူ့မျက်လုံးများက အပြုံးဖြင့် လူငယ်ကို ကြည့်လိုက်တယ်။ ဒီဘဝတွင်တော့ ဒီသန်မာတဲ့လူငယ်လေးကို သူစုဆောင်းနိုင်လိမ့်မည်လို့ သူဘယ်တုန်းကမှ မမျှော်လင့်ထားဘူး။ သူသာအသင်းမှာပါဝင်လိုက်တာနှင့် သူတို့ရဲ့ တိုက်စစ်စွမ်းအားက အရမ်းတိုးတက်လာမှာပါ။
ခဏအကြာတွင် ဖုန်းယွင်က မျက်လုံးများကိုဖွင့်ပြီး ခေါင်းကိုလှည့်လိုက်တာနဲ့ ကျင်းရွှီယန်းရဲ့ ငြိမ်သက်သောအကြည့်ကို တွေ့လိုက်ရတယ်။ သူက ပြုံးပြပြီး "ကပ္ပတိန်ကျင်း ကျွန်တေယ်ကို ယုံကြည်ပြီး အသက်ကို ကယ်ပေးလို့ ကျေးဇူးတင်ပါတယ်"
"မင်းရဲ့အသက်ကို ကယ်ခဲ့တာ မင်းကိုယ်တိုင်ပါပဲ၊ ငါက မင်းကို အကူအညီတစ်ခုပဲ ပေးခဲ့တာပါ"လို့ ကျင်းရွှီယန်းက ပြန်ပြောသည်။
ဒါကိုကြားတော့ ဖုန်းယွင်က တခစ်ခစ်ရယ်ပြီး "ဒီလိုဆိုရင်တောင် ငါက မင်းနဲ့ မင်းရဲ့အဖွဲ့ကို ကျေးဇူးတင်နေတုန်းပဲ။ မင်းရဲ့အကူအညီသာမရရင် ငါအဖျားနဲ့သေသွားနိုင်တယ်—ဒါမှမဟုတ်လည်း ပိုဆိုးတာက ဖုတ်ကောင်ဖြစ်သွားနိုင်တယ်"
ကျင်းရွှီယန်းက ခေါင်းညိတ်လိုက်ပြီး ခေါင်းစဉ်ပြောင်းလိုက်တယ် "မင်းဘာအစီအစဉ်ရှိလဲ"
ဖုန်းယွင်က ပိုင်ရီကျီးရဲ့ အဖွဲ့ကို ကြည့်ပြီး "ကျွန်တော် မပြန်နိုင်ဘူး၊ ကျွန်တော်သူငယ်ချင်းရဲ့အဖွဲ့ကို ပြန်ဖို့ အစီအစဉ် မရှိဘူး၊ ကပ္ပတိန်ကျင်း အဲဒီစား ကျွန်တော် မင်းရဲ့အဖွဲ့နဲ့ လိုက်လို့ရမလား"မေးလာတယ်။
"ငါတို့က ကျန်းနင်မြို့ကို မသွားဘူး။ မင်းက ငါ့တို့နဲ့ လိုက်ချင်သေးတာက သေချာလား" ကျင်းရွှီယန်းက ပြန်မေးလိုက်တယ်။
"ဒါဆို မင်းတို့ကဘယ်သွားမလို့လဲ"
"ငါအဖွဲ့က စစ်သည်တွေရဲ့ မိသားစုတွေကို ရှာဖို့အတွက် ဆန်းချိုမြို့ကို သွားဖို့ စီစဉ်နေတယ်"
ဖုန်းယွင်က ဒါကိုကြားတော့ သူ့မျက်လုံးတွေက တောက်ပလာပြီး "ကပ္ပတိန်ကျင်း ကျွန်တော်မိသားစုကလည်း ဆန်းချိုမြို့မှာနေတယ်။ မင်းနဲ့အတူ လိုက်လို့ရမလား" လို့ မေးလိုက်တယ်။
ကျင်းရွှီယန်းက "မင်းအနေနဲ့ ငါ့အဖွဲ့ထဲဝင်ပြီးရင်တော့ မင်းကသစ္စာရှိရမယ်။ ငါကသစ္စာဖောက်တာကို သည်းမခံနိုင်ဘူး။ ဒါပေမယ့် ငါ့ကအဖွဲ့ထဲကလူတိုင်းကိုလည်း ငါ့ရဲ့ညီအစ်ကိုတွေလိုပဲ့ တန်းတူဆက်ဆံမယ်လို့ မင်းကို ငါကတိပေးတယ်"
ဖုန်းယွင်က သူ့စကားကြောင့် အံ့အားသင့်သွားသော်လည်း သူရဲ့မတူညီသောနောက်ခံကြောင့်သာ ကျင်းရွှီယန်းက သူ့အဖွဲ့တွင်ပါဝင်လာသူတိုင်းထံမှ လုံးဝသစ္စာရှိရန် လိုအပ်ကြောင်းကို နားလည်ခဲ့သည်။
"ဒါကိုသာ မင်းကလက်မခံနိုင်ဘူးဆိုရင် မင်း ငါတို့နဲ့ မပူးပေါင်းတာက ပိုကောင်းတယ်။ မင်းကို ငါတို့နဲ့ အတူ ဆန်းချိုမ်ြို့ကို ခရီးသွားဖို့က ကြိုဆိုပါတယ်၊ ဒါပေမယ့် ငါတို့က အဲဒီကိုရောက်တာနဲ့ ငါတို့ဘာသာ သီးခြားစီသွားကြမယ်" လို့ ကျင်းရွှီယန်းက ဆက်ပြောပါတယ်။
ဖုန်းယွင်သည် နောက်ဆုံးအနေနဲ့ သူ့စိတ်ကိုမဆုံးဖြတ်မီတွင် အားသာချက် အားနည်းချက်များကို ခဏလောက် စဉ်းစားခဲ့တယ်။ သူက ကျင်းရွှီယန်းကို ကြည့်ပြီး "ကပ္ပတိန်ကျင်း မင်းနဲ့ မင်းအဖွဲ့အပေါ် သစ္စာစောင့်သိဖို့ ကျွန်တော်ကတိပြုပါတယ်။ မင်းသာ ကျွန်တော်ရဲ့မိသားစုကို ကူညီပြီးရှာဖွေပေးမယ်ဆို ကျွန်တော်ကတစ်သက်လုံးကို မင်းနောက်ကိုပဲ့လိုက်မယ်"
မတ်တပ်ထရပ်လိုက်ပြီးမှ ကျင်းရွှီယန်းက "မင်းအနေနဲ့ ကျိန်ဆိုဖို့ မလိုဘူး၊ ငါက အချည်းနှီး ကတိတွေကို မလိုချင်ဘူး။ မင်းရဲ့ လုပ်ရပ်နဲ့ပဲ့ သက်သေပြပါ"လို့ပြောလိုက်တယ်။
အဲဒါပြောပြီးတာနဲ့ သူကလှည့်ထွက်သွားပြီး “လာလာ ငါတို့ညီအကိုတွေက ညစာ ချက်ပြီးသွားပြီ” ဆိုပြီး အော်လိုက်တယ်။
ဒါကိုကြားတော့ ဖုန်းယွင်က ပြုံးပြီး စခန်းချနေတဲ့နေရာကိုလိုက်သွားခဲ့တယ်။ သူတို့ရောက်သွားတော့ ချင်လူဇီက "ကလေးရေ ရေသွားယူ ပေးပါ" လို့ပြောလာတယ်။
ဖုန်းယွင်က ခေါင်းညိတ်ပြပြီး လီစီခိုင်ကို လှည့်ကြည့်လိုက်တယ်။ စစ်သားများက တွင်းထွက်ရေသန့်ဗူးများကို အသုံးပြုနေမည်ဟု သူကထင်ခဲ့သော်လည်း သူခြေလှမ်းများစွာလှမ်းပြီးလိုက်ချိန်တွင် ချင်လူဇီရဲ့အသံက သူ့ကိုရပ်တန့်သွားစေခဲ့သည်။
"မင်းကဘယ်သွားမလို့လဲ"
သူက ချင်လူဇီကိုလှည့်ကြည့်ပြီးတော့ "ရေတောင်းဖို့သွားခိုင်းတာမဟုတ်ဘူးလား"လို့ ပြန်ဖြေတယ်။
ချင်လူဇီက ဘေးနားက သံအိုးကြီးကို ညွှန်ပြပြီး "အဲဒါ ရေ" လို့ပြောလိုက်တယ်။
ဖုန်းယွင်ဆီက “အို” ဆိုတဲ့အသံပျော့ပျော့လေး ထွက်လာပြီး ညွှန်ပြတဲ့ နေရာဆီသွားလိုက်တယ်။ သူရောက်သွားတော့ ကျိူးလီဇီက ဝက်အူချောင်းတွေ စားနေရင်း သံအိုးတွေကို ရေဖြည့်နေတာ တွေ့လိုက်တယ်။ သူမရဲ့လက်ချောင်းထိပ်မှ ဆင်းလာတဲ့ ရေစီးကြောင်းကို ကြည့်ရင်း မျက်မှောင်ကြုတ်ကာ သူခဏတုံ့ဆိုင်းသွားသည်။
သူမရဲ့ခန္ဓာကိုယ်ကနေထွက်လာတဲ့ရေကို သူတကယ်သောက်ရမှာလား။
သူ့ရဲ့ တုံ့ဆိုင်းမှုကို သတိပြုမိတာကြောင့် ကျိူးလီဇီက "ရေအမျိုးအစား စွမ်းရည် အသုံးပြုသူတွေ ဖန်တီးထားတဲ့ ရေက သတ္တုဓာတ် ရေတွေထက် အများကြီး ပိုသန့်ရှင်းတယ်။ မသောက်ချင်ဘူးဆိုရင်လည်း အဆင်ပြေပါတယ်" လို့ ပြောလာတယ်။
"ညီမလေး မင်းကို နှိမ့်ချဖို့ မရည်ရွယ်ပါဘူး"
ကျိူးလီဇီက မျက်ခုံးပင့်ကာ သူ့ကို စိုက်ကြည့်ရင်း ရယ်မောလိုက်တယ်။ သူမက လက်ကို ဆုပ်လိုက်တာနှင့် ရေစီးကြောင်းက ရပ်တန့်သွားသည်။
သူမက မတ်တပ်ထရပ်ပြီး " စီနီယာဖုန်း ဒါအစား ရေဘောလုံးတစ်လုံးကို ကျွန်မကဖန်တီး ပေးနိုင်တယ်၊ ဒါပေမယ့် အဲဒါက စွမ်းအင်ပိုကုန်လိမ့်မယ်။ အဲဒါအပြင် နောင်မှာလည်း မင်းကအသက်ရှင်သန်ဖို့အတွက် မင်းကိုယ်တိုင်ရဲ့ ကျင်ငယ်ရည်တောင် သောက်ရနိုင်သေးတယ်။ ဒါကြောင့် ရေချိုရလို့ ကျေးဇူးတင်ရမယ်"
သူ့ရဲ့အဖြေကို စောင့်မနေဘဲ သူမကထွက်သွားတယ်။ ဖုန်းယွင်က သူမထွက်သွားသည်ကြည့်ပြီး စေ့စေ့စပ်စပ်တွေးကြည့်လိုက်သည်။
ခဏအကြာတွင်မှ သက်ပြင်းချလိုက်ပြီး လက်ကို ဝှေ့ယမ်းလိုက်သည်။ တခဏအတွင်းမှာပဲ သံအိုးကြီးတစ်လုံးက မြေပြင်ပေါ်ကနေ ပျောက်သွားတယ်။ သူက ချင်လူဇီထံသို့ ပြန်သွားကာ သူ့နေရာမှ သံအိုးကို ထုတ်ယူလိုက်သည်။
သူ့ဘေးနားမှာ သံအိုးကပေါ်လာတာနဲ့ ချင်လူဇီက "ဒါဆို မင်းမှာက အာကာသနေရာလွတ်စွမ်းရည်ရှိတယ်ပေါ့" လို့ပြေယလာတယ်။
ဖုန်းယွင်က ခေါင်းညိတ်ပြီး "အစ်ကို ကျွန်တော်ကူညီနိုင်တာ တစ်ခုခုရှိသေးလား"
"ပန်းကန်တွေ သွားဆေးလိုက်" လို့ ချင်လူဇီက ပြောလာတယ်။
သူဟာလည်း ယခုဆိုရင် သူတို့ရဲ့ရိက္ခာများမှ စားသောက်နေသောကြောင့် ဖုန်းယွင်က သူရဲ့အလုပ်ခွဲဝေမှုကို မကန့်ကွက်ခဲ့ပေ။ သူက ရှောင်ချီ ၊ ရှန်းကျင်းဇီ တို့နဲ့အတူ အသုံးအဆောင်များကို ဆေးကြောရန် လျှောက်သွားခဲ့တယ်။