အခန်း (၉၂)
Vol. 7 Ch. 92
ထိုအချိန်တွင်တော့ စစ်သားအများစုသည် ဖုန်းယွင်က မိမိတို့ရဲ့အဖွဲ့တွင် ပါဝင်လာမည်ကို ခန့်မှန်းထားကြပြီးသားဖြစ်သည်။ ဖုန်းယွင်က သူတို့ဘေးမှာ ငုတ်တုတ်ထိုင်ချလာ တော့ ရှောင်ချီက ချက်ချင်းထပြောလိုက်တယ်။
"ဟေး ငါက ရှောင်ချီ ပါ။ မင်းကငါ့ကို အစ်ကိုရှောင် လို့ ခေါ်နိုင်ပါတယ်"
ဖုန်းယွင်က ခေါင်းညိတ်နှုတ်ဆက်ပြီး "မင်္ဂလာပါ အစ်ကို ရှောင်၊ ငါက ဖုန်းယွင်ပါ" ဟု ပြန်မိတ်ဆက်တယ်။
"ဖုန်းယွင် မင်းအသက်ကရောဘယ်လောက်ရှိပြီလဲ။မင်းက ငါတို့အဖွဲ့ထဲကို တကယ်ဝင်လာတာလား။လို့ ရှောင်ချီ က မေးသည်။
"ဟုတ်တယ် ကျွန်တော်က ကပ္ပတိန်ကျင်း နောက်ကို အခုကစပြီး လိုက်မယ်။ အသက်က 22 နှစ်ပါ"
"မင်းက ငါ့ထက် အသက်ကြီးတယ်" ရှောင်ချီက " အစ်ကိုရှန်း" လို့လည်း တအံ့တသြနဲ့အော်လိုက်သည်။
ဖုန်းယွင်က ပြုံးပြီးမေးတယ် "မင်းတို့အသက်ကဘယ်လောက်လဲ"
"ကျွန်တော် အသက်က 20 ၊ အစ်ကိုရှန်း က 21 နှစ်ပါ" လို့ ရှောင်ချီ က ပြောလာတယ်။
"မင်းတို့နှစ်ယောက်က တက္ကသိုလ်မတက်ဘူးလား" လို့ ဖုန်းယွင်က စိတ်ဝင်တစား မေးသည်။
"ကျွန်တော်တို့က အတန်းပေါင်းများစွာကို ကျော်သွားခဲ့ပြီး စစ်သင်တန်းကျောင်းမှာ သင်ယူပြီးသွားပါပြီ။ ဘွဲ့ရပြီးတာနဲ့ အဖွဲ့ထဲဝင်ခဲ့ပါတယ်" လို့ ရှောင်ချီက ပြန်ဖြေတယ်။
ဖုန်းယွင်က အံ့သြသွားတယ်။ ရှောင်ချီက နည်းနည်းတော့ မိုက်မဲတယ်လို့ သူထင်ခဲ့ပေမဲ့ အဆင့်ပေါင်းများစွာကို ကျော်သွားလောက်အောင်ကို ထက်မြက်နေပုံပါပဲ။ ဒီအသင်းက သူအစကထင်ထားတာထက်ကို ပိုအထင်ကြီးဖို့ ကောင်းနေပုံရတယ်။
"ဒါဆို မင်းရဲ့စွမ်းရည်က ဘာလဲ" ရှောင်ချီက မေးသည်။
"ငါ့မှာက အာကာသနေရာလွတ်စွမ်းရည်ရှိတယ်" လို့ ဖုန်းယွင်က ပြောပါတယ်။
"ဝိုး၊ ငါနဲ့အတူတူပဲ။ အခုကစပြီး မင်းကထောက်ပံ့ပို့ဆောင်ရေး အဖွဲ့ထဲမှာ ရှိတယ်။ မင်းရဲ့ နေရာက ဘယ်လောက် ကျယ်လဲ"
"အရွယ်အစားအတိအကျတော့ မသေချာဘူး၊ ဒါပေမယ့် ဘောလုံးကွင်းရဲ့ လေးပုံတစ်ပုံလောက် ရှိသင့်တယ်။ မင်းကော ဘယ်လိုလဲ" လို့ ဖုန်းယွင်က ပြန်မေးသည်။
ထိုအချိန်တွင်တော့ သူတို့ရဲ့စကားများကို ခိုးနားထောင်နေသော စစ်သားများဟာ အေးခဲသွားသည်။ အားလုံးက သူ့ကို ဘီလူးတစ်ကောင်ကိုကြည့်သလို လှည့်ကြည့်ကြတယ်။ အတန်ကြာ တိတ်ဆိတ်သွားပြီးနောက်မှ စိတ်လှုပ်ရှားမှုများဖြင့် ရုတ်ချည်းပြေးဝင်လာကာ သူ့ကို မေးခွန်းများစွာ တရစပ် မေးလာကြသည်။
"ကလေး၊ မင်းရဲ့ နေရာက ဘယ်လောက် မြင့်လဲ"
"ကားတွေနဲ့ ထရပ်ကားတွေကို သိမ်းထားလို့ရမလား"
"မင်းက ဒီသတ္တုနံရံကြီးကို အထဲမှာ ထည့်ထားပြီး နောက်မှ ဖုတ်ကောင်တွေကို ချေမှုန်းဖို့ သုံးသင့်တယ်"
သူတို့ရဲ့ စိတ်အားထက်သန်မှုကြောင့် ဖုန်းယွင်မှာ ပြောစရာစကားလုံးများ ဆုံးရှုံးသွားခဲ့သည်။ သူ့ဒုက္ခကိုမြင်တော့ ရှန်းကျင်းဇီက "ညီအစ်ကိုတို့ မင်းတို့ကစားချင်သေးလား၊ မစားချင်တော့ဘူးလား မင်းတို့သာဆက်ပြောနေရင် လူအိုချင်က မင်းတို့ကို ရိုက်လိမ့်မယ်"
သူ့စကားကြားတာနှင့် စစ်သားများသည် လျင်မြန်စွာ လူစုခွဲသွားကြကာ သူတို့ရဲ့ဝေယျာဝစ္စများကိုသာ အာရုံစိုက်လုပ်ဆောင်ကြသည်။
"သူတို့ကို စိတ်မဆိုးပါနဲ့" လို့ ရှန်းကျင်းဇီက ပြောလိုက်တယ်။
"ကျေးဇူးတင်ပါတယ်"
စစ်သားများမှာတော့ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေချိန်တွင် ပိုင်ရီကျီးရဲ့အဖွဲ့က မှုန်ကုပ်ကုပ်နဲ့ဖြစ်နေကြသည်။ သူတို့ရဲ့ အစာစားချင်စိတ်ကနည်းပါးသော်လည်း ချူကျိမြောင် က အသင့်စားခေါက်ဆွဲခြောက်ခွက်ကိုကိုင်ကာ ကျိူးလီဇီ ထံသို့ ချဉ်းကပ်နေဆဲဖြစ်သည်။
သူမရှေ့မှာရပ်လိုက်ပြီး "လီဇီ ကျွန်မ ရေနွေးနည်းနည်း လောက်ရနိုင်မလား" မေးလိုက်တယ်။
"ရပါတယ်၊ ထိုင်ပါ" ကျိူးလီဇီက ခေါင်းညိတ်သည်။
သူမက ရေပူဘောလုံးတစ်လုံးကို ဖန်တီးပေးကာ ချူကျိမြောင်က အဖုံးကိုဖွင့်ပြီး ဟင်းခတ်အမွှေးအကြိုင်များထည့်ကာ ရေနွေးကိုခွက်ထဲ သုံးပုံနှစ်ပုံအထိ ဖြည့်ခဲ့သည်။
သူမဘေးမှာထိုင်နေတဲ့ ချူကျိမြောင်က
"လီဇီ မင်းကစစ်သားတွေနဲ့ လိုက်သွားဖို့ အစီအစဉ်ရှိလား" လို့မေးတယ်။
"ကောင်းပြီ၊ ငါကမလုပ်ချင်ဘူးဆိုရင်တောင် အစ်ကိုယန်းက သဘောတူပါ့မလား" ကျိူးလီဇီက ပေါ့ပေါ့ပါးပါးနဲ့ ပြန်ဖြေလိုက်တယ်။
ဒါကိုကြားတော့ ချူကျိမြောင်က တခစ်ခစ်ရယ်ပြီး "တက္ကသိုလ်ပန်းပွင့်မှာ ချစ်သူရှိနေပြီဆိုတာ ငါတို့ တက္ကသိုလ်က ကောင်လေးတွေ သိရင် သူတို့ အသည်းကွဲမှာ သေချာတယ်"
ကျိူးလီဇီက သူမရဲ့စကားတွေကိုကြားတော့ ရယ်မောပြီး "ဖြစ်နိုင်ပါတယ်၊ ဒါပေမယ့် ငါ့မှာ ချစ်သူရှိတာကိုသိပြီး စဉ်းစားဖို့ကမအားလောက်ဘူး။ ဒီအချိန်မှာတော့ သူတို့က ဟိန်းဟောက်ပြီး လူ့ဦးနှောက်ကို စားနေကြတယ်မို့အလုပ်များနေနိုင်တယ်"
ချူကျိမြောင်သည် ဒီစကားကိုကြားလိုက်တော့ သူမက အေးခဲသွားသည်။ တစ်ချိန်က သူတို့သိခဲ့တဲ့ လူအများစုဟာ သေဆုံးသွားပြီးကြောင်း ဒါမှမဟုတ် ဖုတ်ကောင်တွေအဖြစ် ပြောင်းလဲသွားကြောင်း သူမသိပေမယ့် ဒါကို သာမန်ဟာသတစ်ခုလို ပေါ့ပေါ့ပါးပါးနဲ့ သူမကပြောလာတာကို ကြားရတာတော့ ရင်တထိတ်ထိတ်ဖြစ်နေတုန်းပါပဲ။
ကျိူးလီဇီသည် သူမရဲ့ တုံ့ပြန်မှုကို သတိပြုမိသော်လည်း ဂရုမစိုက်ပေ။ ကမ္ဘာပေါ်တွင် လူတို့နဲ့ပတ်သက်သမျှဖြစ်ရပ်တွေက လေထက် မြန်တယ်။ ဒီနေ့ရဲ့မိတ်ဆွေဟာ မနက်ဖြန်ရဲ့ရန်သူဖြစ်သွားနိုင်ပါတယ်။
ပိုအရေးကြီးတာက လမ်းခွဲလိုက်ပြီးတဲ့အခါမှာတော့ တစ်ယောက်နဲ့တစ်ယောက်က ဘာမှမဆိုင်တော့ဘူး။ ထို့ကြောင့် ဒီပျောက်ကွယ်သွားတဲ့ သူငယ်ချင်းများကို အလေးအနက်ထားရန် မလိုအပ်တော့ပါ။
သုံးမိနစ်လောက်ကြာတော့ သူမရဲ့ဘေးနားက ကောင်မလေးကို “မင်းရဲ့ ခေါက်ဆွဲအဆင်သင့်ဖြစ်ပြီ” လို့ သတိပေးလိုက်တယ်။
ဒါကိုကြားတော့မှ ချူကျိမြောင်က သူမရဲ့ အာရုံတွေ ပြန်လည်လာပြီး "ကျေးဇူးတင်ပါတယ်" လို့ ပြောလာတယ်။
ကျိူးလီဇီက ခေါက်ဆွဲနှစ်ခွက်ကို ကောက်ယူလိုက်ပြီး "လာ၊ ငါမင်းကို သယ်သွားပေးမယ်"
သူမက ပိုင်ရီကျီးရဲ့အဖွဲ့ဆီသို့ လျှောက်သွားနေပြီကို မြင်လိုက်ရသဖြင့် ချူကျိမြောင်ကလည်း အမြန်နောက်သို့ လိုက်သွားခဲ့တယ်။
သူမရဲ့ဟာသကိုကြားပြီးတဲ့နောက်တော့ ကျိူးလီဇီ နဲ့ ရင်းနှီးဖို့ ရည်ရွယ်ချက် သူမမှာမရှိတော့ပါ။ သေခြင်းနှင့်ရှင်ခြင်းကို ဟာသအဖြစ်ယူဆောင်နိုင်သူတစ်ဦးအတွက်တော့ သူမက မိတ်ဖွဲ့နိုင်သူမဟုတ်ပါ။
ခေါက်ဆွဲခြောက်ကို ချပေးပြီးနောက်
ကျိူးလီဇီက "ကောင်းကောင်းစားပါ"လို့ပြောလိုက်တယ်။
ပိုင်ရီကျီး နှင့် သူ့အဖွဲ့ကမတုံ့ပြန်နိုင်မီတွင်ပဲ သူမက စစ်သား တွေစခန်းချရာသို့ လျှောက်သွားခဲ့ပြီးဖြစ်သည်။ သူမတို့သည် ပြန်လာကတည်းက ဗိုက်ကဆာလောင်မွတ်သိပ်နေခဲ့ပြီး အခုလို ခေါက်ဆွဲခြောက်ရနံ့က သူမကို ဆာလောင်မှုကိုသာပို ဖြစ်စေသည်။
သူမခြေလှမ်းအနည်းငယ်လှမ်းလိုက်ပြီးချိန်မှာပဲ တစ်ယောက်ယောက်က သူမလမ်းကို ပိတ်ဆို့လာခဲ့ပါတယ်။ သူ့ရှေ့က အမျိုးသမီးကိုမြင်တော့ မျက်လုံးတွေမှာမပေါ်တဲ့ အပြုံးလေးနဲ့ ကြည့်ပြီး "ခွေးကောင်းက လမ်းမပိတ်ဘူး" လို့ ပြောလိုက်တယ်။
ဒါကိုကြားတော့ စစ်တူဘာနီက ရင်ဘတ်ရှေ့မှာ လက်သီးတွေကို ဆုပ်ထားရင်း မျက်လုံးတွေက ပြူးကျယ်သွားတယ်။ သူမရဲ့ ညစ်ပတ်သောအဝတ်အစားများနှင့် ခန္ဓာကိုယ်မှထွက်လာသော ချဉ်စုတ်သောအနံ့အသက်ဆိုးများကြောင့်သာ မဟုတ်ပါက၊ သူမကို တရုတ်နိုင်ငံရဲ့ ကြီးမြတ်သောအလှတရားများထဲမှ တစ်ယောက်လို့ လူအများက လွဲမှားနေကြပေလိမ့်မည်။
"အစ်မ၊ ကျွန်မက တစ်ခုခု မှားခဲ့လို့လား ၊ ဘာလို့ ကျွန်မကို ဒီလို ဆက်ဆံနေတာလဲ"
ကျိူးလီဇီသည် ထိုစကားကိုကြားလိုက်တာနှင့် သူမက ကျယ်လောင်စွာ ရယ်မောလိုက်တယ်။ သူမရဲ့ တစ်သက်တာလုံးမှာ ဒီလိုပြောတတ်သူတစ်ယောက်ကို ပထမဆုံးအကြိမ် မြင်ဖူးတာဘဲ။
ဒီလို ထိပ်တန်းပြဇာတ်မျိုးဟာ မြူးမြူးကြွကြွ တီဗီရှိုးတွေမှာသာ ပေါ်လာတယ်လို့ သူမထင်ခဲ့တယ်။ လက်တွေ့ဘဝတွင် တွေ့ရဖို့ရန် သူမက ဘယ်သောအခါမှာမှ မမျှော်လင့်ထားခဲ့ပေ။
စစ်တူဘာနီသည် စိတ်ထဲတွင်ဒေါသထွက်နေသော်လည်း ထိန်းထားလိုက်တယ်။ သူမက ဒေါသကိုပြမည့်အစား ကျိူးလီဇီကို မျက်ရည်ကျနေသောမျက်လုံးများဖြင့် ကြည့်နေခဲ့သည်။ ပြင်ပလူတစ်ဦးအတွက်ဆိုလျှင်တော့ သူမက အနိုင်ကျင့်ခံနေရပုံရသည်။
ခေါင်းငဲ့ကာ သူမကလှည့်ကြည့်လိုက်တော့ စစ်သားများ—နှင့် ချောမောသော ငွေရောင်ဆံပင်ရှိသော လူငယ်လေးပင်—သူမတို့ကို စောင့်ကြည့်နေသည်ကို တွေ့လိုက်ရတယ်။ သူမက အလွန်ဉာဏ်ကောင်းသူမဟုတ်သော်လည်း စာနာနားလည်မှုကို မည်သို့အသုံးချရမည်ကိုတော့သိတယ်။
သူမက စိတ်ထဲတွင် တွေးတောနေချိန်တွင်ပဲ့ ကျိူးလီဇီက နောက်ဆုံးတော့ ရယ်မောတာရပ်သွားခဲ့တယ်။ သူမရဲ့ မျက်လုံးထောင့်မှ မျက်ရည်များကို သုတ်လိုက်ပြီး "အစ်မလို့ မခေါ်ပါနဲ့၊ ငါ့မိဘတွေက ဘယ်သူမှန်းတောင် မသိဘူး၊ မင်းနဲ့တူတဲ့ ညီမလေးက ဘယ်လိုလုပ်ပြီး ရနိုင်မှာလဲ"