အခန်း (၉၃)
Vol. 7 Ch. 93
ကျိူးလီဇီသည် စစ်တူဘာနီ ရဲ့ မျက်နှာက ဖျော့တော့သွားပြီး အနီမှဖြူဖျော့ဖျော့သို့ ပြန်ပြောင်းသွားတာကိုမြင်သောအခါ သူမက "ဒါ့အပြင် မင်းကိုလညါးငါကဘာမှမလုပ်ခဲ့ပါဘူး၊ ဒါပေမယ့် မင်းကသာငါ့ကိုဆက်ပြီးနှိုးဆွနေရင် တစ်ခုခုလုပ်ရမှာကိုစိတ်ထဲမထားဘူး။ မင်းသိတဲ့အတိုင်းပဲ မျက်နှာနှစ်ခုနှင့်သူကိုငါမုန်းတယ်။ ဒါကြောင့်မင်းကိုသတ်ဖို့အကြောင်းပြချက်လာမပေးနဲ့"
စကားပြီးသွားတာနှင့် သူမက စစ်နူဘာနီ ကိုဖြတ်သွားကာ "မင်း မထိသင့်တဲ့အရာကို မထိဖို့မမေ့နဲ့" လို့ တိုးတိုးလေးပြောလိုက်တယ်။
သူမတို့ နီးကပ်လာကတည်းက စစ်တူဘာနီဟာ သူမရဲ့ စွမ်းရည်ကို အသုံးပြုဖို့ အခွင့်အရေးရခဲ့ပါတယ်။ သူမရဲ့လက်ကိုမပြီး ကျိူးလီဇီရဲ့လက်ကိုထိလိုက်သည်။
သူမတို့ရဲ့ အရေပြားခြင်း ထိတွေ့မိလိုက်တာနဲ့ သူမက ပြုံးပြီး စွမ်းရည်ကို မြှင့်တင်လိုက်ပါတယ်။
ကျိူးလီဇီရဲ့ ရေအမျိုးအစားစွမ်းရည်က အိုးများကိုဖြည့်ရန်အတွက်သာအသုံးပြုသောကြောင့် အားနည်းသည်ဟု သူမက ယူဆခဲ့တယ်။
သူမ(ကျိူး)ရဲ့ စွမ်းအင်ကို စုပ်ယူလိုက်နိုင်သရွေ့ သူမဟာ အလဟသလူတစ်ယောက် ဖြစ်သွားပေလိမ့်မည်။ မထင်မှတ်ထားဘဲ သူမ(စစ်)ရဲ့ စိတ်စွမ်းအင်သည် ကျိူးလီဇီရဲ့ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားချိန်တွင်ပဲ့ အမည်မသိ စွမ်းအားတစ်ခုက သူမရဲ့စိတ်စွမ်းအင်ကိုစုပ်ယူသွားခဲ့တယ်။
စွမ်းရည်စွမ်းအင်နှင့်မတူဘဲ စိတ်စွမ်းအင်သည် မွေးရာပါ ပါရှိပြီး ဖြည်းဖြည်းချင်းသာ လေ့ကျင့်နိုင်တယ်။ သူမကတော့ မကြာသေးမီကသာ သူမရဲ့စွမ်းရည်ကို နိုးထနိုင်ခဲ့ပြီး စိတ်စွမ်းအင်အနည်းငယ်သာရှိသည်။
သူမရဲ့အဆင့်-သုညပါဝါဖြင့် အဆင့်-တစ် စွမ်းရည်အသုံးပြုသူတစ်ဦးကို တိုက်ခိုက်ရန် ကြိုးစားခြင်းဟာ သေခြင်းတရားကိုဖိတ်ခေါ်တာနှင့်တူသည်။ ကျိူးလီဇီကတော့ လှည့်စားခြင်းကဲ့သို့ စွမ်းအင်စုပ်ယူနိုင်စွမ်းရှိသူမဖြစ်နိုင်ပါပါ။
ကျိူးလီဇီသည် သူမခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသော စိမ်းသက်နေတဲ့အခြားစွမ်းအင်တစ်ခုကို ခံစားလိုက်ရသည့်အခိုက်တွင် သူမရဲ့မျက်လုံးများ အေးစက်သွားခဲ့တယ်။ သူမရဲ့အမြုတေကို အသုံးပြု၍ ချက်ချင်းပင် အခြားကဝင်ရောက်လာတဲ့စွမ်းအင်ကို စုပ်ယူပြီး သူ့ကိုယ်ပိုင်အဖြစ်သို့ ပြန်လည်သန့်စင်ခဲ့သည်။
ကျိူးလီဇီသည် စစ်တူဘာနီရဲ့မျက်နှာကဖြူဖျော့သွားတာကိုကြည့်ပြီးပြုံးနေတယ်။ သူမကို သတိပေးထားပေမယ့် သူမကတော့သေခြင်းတရားကို ရှာဖွေနေဆဲပါပဲ့။ သူမ(စစ်)က စွမ်းအင်ကိုအလကားပေးရန် အလွန်ရက်ရောနေသောကြောင့် ထိုရက်ရောမှုကို သူမ(ကျိူး) တောင့်မခံနိုင်တော့ပေ။
နောက်အခိုက်အတန့်တွင်ပဲ့ စစ်တူဘာနီရဲ့စွမ်းအင်ကိုစုပ်ယူရန်အတွက် သူမရဲ့စိတ်စွမ်းအင်အားလုံးကိုအသုံးပြုခဲ့သည်။ တစ်ကြိမ်သေဆုံးပြီးတဲ့နောက်တွင် ကျိူးလီဇီရဲ့ စိတ်ဓာတ်ခွန်အားက စစ်တူဘာနီရဲ့ ခံနိုင်ရည်အားထက် ကျော်လွန်သွားခဲ့ပြီးဖြစ်သည်။
တခြားလူတိုင်းအတွက်ကတော့ သူမတို့ကနှုတ်ဆိတ်နေပြီး အဲဒီမှာသာ ရပ်နေပုံရတယ်။
အမျိုးသမီးများကြားက ကိုယ်ရေးကိုယ်တာကိစ္စတစ်ခုဟု ထင်ရသောကြောင့် စစ်သားများက ဝင်ရောက်စွက်ဖက်ရန် ရှက်ရွံ့ကြသည်။ ပိုင်ရီကျီးတို့အဖွဲ့ကတော့ သူတို့နဲ့ ဘာမှ မဆိုင်တဲ့အတွက်မမြင်ချင်ယောင်ဆောင်ဖို့သာ ရွေးချယ်ခဲ့ပါတယ်။
ငါးမိနစ်အကြာတွင်မှ ကျိူးလီဇီက စုပ်ယူရန် စွမ်းအင်မရှိတော့သောကြောင့် နောက်ဆုံးတော့ရပ်တန့်လိုက်သည်။
ပါးစပ်အဟောင်းသားဖြင့် မြေပြင်ပေါ်သို့ လဲကျသွားသော စစ်တူဘာနီ ကို သူမကြည့်လိုက်သည်။ သူမရဲ့ စိတ်စွမ်းအင်များက လုံးလုံးလျားလျား ကုန်ဆုံးသွားသဖြင့် သူမရဲ့ ဦးနှောက်က နောက်ပြန်လှည့်၍ မရနိုင်သော ပျက်စီးမှုများကို ခံစားခဲ့ရပြီး သူမအား သုံးစားမရတဲ့လူအဖြစ်သို့ ပြောင်းလဲသွားစေခဲ့သည်။
ကျိူးလီဇီသည် သူမအား ကိုယ်ထိလက်ရောက် မထိမိသေးသောကြောင့် ဖြစ်ပျက်ခဲ့သည်များကို မည်သူကမျှ မသိလိုက်ကြပေ။ သူမက စစ်သားများရဲ့စခန်းချရာဆီသို့ ရိုးရိုးရှင်းရှင်းပဲ လျှောက်သွားပြီး "အစ်ကိုချင်၊ အစားအသောက်တွေက အဆင်သင့်ဖြစ်ပြီလား" ဟု မေးလိုက်တယ်။
ချင်လူဇီသည် စစ်တူဘာနီကိုကြည့်ပြီးမှ ကျိူးလီဇီဆီသို့ ပြန်လှည့်လာပြီး " ပြီးခါနီးပြီ ခယ်မလေး" ဟု ပြန်ဖြေတယ်။
"ကောင်းပြီ" ကျိူးလီဇီက ခေါင်းညိတ်ပြီး ဘေးမှာ စောင့်နေလိုက်တယ်။
ချင်လူဇီသည် စစ်တူဘာနီရဲ့ ခန္ဓာကိုယ်မှ စိမ့်ထွက်လာပြီး ကျိူးလီဇီရဲ့ စုပ်ယူမှုကိုခံရသော စိတ်စွမ်းအင်များကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။ စစ်တူဘာနီက ပထမဦးစွာ တိုက်ခိုက်ရန် ကြိုးစားခဲ့တာကို သူသိတယ်။ ထို့ကြောင့် ယခုဖြစ်ပျက်ခဲ့သမျှက သူမနှင့် ထိုက်တန်သည်။
ပြီးတော့ ကျိူးလီဇီကလည်း သူ့ရဲ့ခယ်မအဖြစ် သတ်မှတ်ခံရနိုင်ပြီး သူ့အနေနဲ့ကလည်းသူ့ရဲ့လူများကို အမြဲကာကွယ်ခဲ့သည်။ သဘာတွေဖြစ်နေတာလဲဆိုတာကို သူကသိရင်တောင် သူမကိုဒုက္ခပေးနိုင်တဲ့ စကားတစ်ခွန်းမှပြောမှာမဟုတ်ဘူး။
သူက သိချင်ရုံမျှသာဖြစ်သည်—သူရဲ့ခယ်မက ရေအမျိုးအစားစွမ်းရည်ကို အသုံးပြုသူဖြစ်လျှက်နှင့် အခြားသူတစ်ဦးရဲ့ စိတ်စွမ်းအင်ကို မည်သို့စုပ်ယူနိုင်မည်နည်း။
ပို၍အရေးကြီးသည်မှာ ကျိူးလီဇီရဲ့ အပြာရောင်အစက်က အရောင်ပိုနက်လာချိန်တွင်တော့ စစ်တူဘာနီရဲ့ အစိမ်းရောင်အစက်ကအဖြူသို့ပြောင်းသွားတာကို ရှင်းရှင်းလင်းလင်းမြင်ခဲ့ရသည်။ အပြာရောင်အစက်က ဘာကို ကိုယ်စားပြုမှန်းကို အခုအချိန်အထိသူမသိသေးဘူး။
သူရဲ့ကပ္ပတိန်နဲ့ ကျိူးလီဇီအပြင် ပိုင်ရီကျီးမှာလဲ အပြာရောင်အစက်လေးရှိတယ်။
ဒါပေမယ့် အပြာရဲ့အရိပ်က မတူပါဘူး-
ပိုင်ရီကျီးရဲ့ အပြာရောင်အစက်က အပေါ့ပါးဆုံးဖြစ်ပြီး သူ့ရဲ့ကပ္ပတိန်ရဲ့ အပြာရောင်အစက်က အမှောင်ဆုံးပါပဲ။ ကျိူးလီဇီရဲ့ အပြာရောင်အစက်ကတော့ အပြာနှင့် အစိမ်းကြားတွင် တောက်တောက်ပပ ဖြစ်နေသည်။
ချင်လူဇီက အပြာရောင်အစက်များနောက်ကွယ်မှ အဓိပ္ပါယ်ကို တွေးတောနေချိန်တွင် ကျင်းရွှီယန်းကတော့ သူ့ရဲ့ဂြိုလ်တုဖုန်းဖြင့် ဖုန်းခေါ်ဆိုကာ အဝေးတွင်ရှိနေခဲ့သည်။
သူ့အိတ်ကပ်ထဲကို လက်တစ်ဖက်ထည့်လို့ မတ်တပ်ရပ်နေပြီး "ဝေယင်း၊ ပိုင်မိသားစုရဲ့ သခင်လေးက ငါနဲ့ အတူရှိနေတာ။ မင်းရဲ့ တာဝန်နဲ့အခွင့်အရေးတွေကို ငါကယူခဲ့တယ် မဟုတ်လား။ အခု မင်းဆီ ငါပြန်ပေးလိုက်ပြီ။ မင်းက လင်အန်းတက္ကသိုလ်နားက စက်ရုံကို လာခဲ့ဖို့ပဲလိုတာ"
"ကျင်းရွှီယန်း ငါက မင်းကို ဘာလို့ယုံရမှာလဲ" ဖုန်းထဲက အသံပိုင်ရှင်က မေးလာတယ်။
ကျင်းရွှီယန်းက သက်ပြင်းရှည်ကြီးချလိုက်ပြီး "ငါတို့မှာ မတူညီတဲ့ယုံကြည်ချက်တွေနဲ့ ပန်းတိုင်တွေရှိရင်တောင် ငါတို့က ရဲဘော်ရဲဘက်တွေဖြစ်နေတုန်းပါပဲ။ ဒီမစ်ရှင်အတွင်းမှာ ငါ့ရဲ့လူအများစုကို ဆုံးရှုံးခဲ့ရပြီးပြီ ကျန်တဲ့သူတွေကလဲ သူတို့ရဲ့မိသားစုတွေဆီကို ပြန်သွားချင်ကြတယ်။ ငါ သူတို့ကို မစည်းရုံးနိုင်သလို ဒီမစ်ရှင်ကိုလဲ ငါတစ်ယောက်တည်း ပြီးအောင်လုပ်လို့မရဘူး။ ဒါကြောင့် မင်းကပဲ့ ပိုင်ရီကျီးကို ပြန်ခေါ်သွားနိုင်တယ်"
ဝေယင်းက နောက်ဆုံးမှ မတုံ့ပြန်ခင် အကြာကြီး ငြိမ်သက်သွားခဲ့ပြီးမှ "ကျင်းရွှီယန်း မင်းရဲ့ရဲဘော်တွေအတွက် စိတ်မကောင်းပါဘူး"
"ငါတို့က ဒီမစ်ရှင်ကို စလုပ်တုန်းကတည်းက အန္တရာယ်တွေများတာကို သိထားပြီးသားပါ။ ရန်သူတွေကို လျှော့တွက်ပြီး ကိုယ့်ကိုကိုယ် ပိုမတွက်ထားမိသင့်ဘူး" လို့ ကျင်းရွှီယန်းက ပြန်ပြောခဲ့ပါတယ်။
"နားလည်ပါတယ်။ ငါ့အဖွဲ့က မင်းရဲ့တည်နေရာနဲ့ နီးတယ်၊ ငါတို့ မနက်ဖြန်နေ့လည်မှာ နောက်ဆုံးအနေရောက်လာလိမ့်မယ်"
"ကျေးဇူးတင်ပါတယ်"
"ငွေလင်ပန်းပေါ်က ဆုတွေ အပ်ပေးလို့ ကျေးဇူးတင်ရမှာပေါ့" ဝေယင်းက ရယ်မောကာ ပြောလိုက်သည်။
ထိုသို့ပြောပြီးနောက် ဖုန်းခေါ်ဆိုမှုက ပြီးဆုံးသွားခဲ့သည်။
လိုင်း၏အခြားတစ်ဖက်က မီနီမတ်ထ်တစ်ခုအတွင်းကအသက်သုံးဆယ်ကျော်အရွယ် အမျိုးသားတစ်ဦးဟာ သက်ပြင်းတစ်ချက်ချပြီး ဂြိုလ်တုဖုန်းကို သူ့ရဲ့လူတစ်ဦးဆီပေးလိုက်သည်။
"ဗိုလ်ကြီး၊ ကျွန်တော်တို့က ကပ္ပတိန်ကျင်းဆီသွားမှာလား" သူ့တပ်သားတယောက်က မေးတယ်။
ဝေယင်းက ခေါင်းညိတ်ပြီး "မနက်ဖြန် နေထွက်မှ ထွက်မယ်" လို့ပြောလိုက်တယ်။
ဒါကိုကြားတော့ တခြားစစ်သားတစ်ယောက်က လှောင်ပြောင်ပြီး ပြောလာတယ်"သူက ကျွန်တော်တို့ရဲ့တာဝန်ကိုယူထားပြီး အခုမှ ကျွန်တော်တို့ကို သူ့တို့ရဲ့ အရှုပ်ထုပ်တွေ ရှင်းပစ် ပေးဖို့ မျှော်လင့်နေတာ။ သူက ကျွန်တော်တို့ကို သူ့အလိုကျ လုပ်နိုင်တယ်လို့ ထင်နေတာလား"
"ကျင်းရွှီယန်းက ဒီလိုလူမဟုတ်ဘူး။ မင်းရဲ့စကားတွေကို သတိထားပါ" ဟု ဝေယင်းက သတိပေးသည်။
"ဗိုလ်ကြီး၊ သူက ကျွန်တော်တို့ရဲ့တာဝန်ကိုယူထားလိုက်ပြီးသား။ မင်းကဘာလို့ သူ့ကို ကာကွယ်နေသေးတာလဲ" လဲ စစ်သားက မကျေမနပ်နဲ့ ရှင်းရှင်းလင်းလင်းမေးလာတယ်။
"သူ့မှာ သူ့အကြောင်းပြချက်တွေ ရှိရမယ်။ မစ်ရှင်အတွင်းမှာ သူ့လူအများစုကို ဆုံးရှုံးခဲ့ရတယ်။ သူ့အဖွဲ့က ငါတို့ထက် အများကြီး ပိုသန်မာတယ်ဆိုတာ ငါတို့အားလုံးသိတယ်။ အဲဒီလိုသာ တကယ်အသေအပျောက် ပြင်းထန်ခဲ့ရင် ငါတို့ကရော အခွင့်အရေးတစ်ခု ရနိုင်မယ်လို့ ထင်နေတာလား" လို့ ဝေယင်းက ပြန်မေးသည်။