← Chapters

အခန်း (၉၄)

Vol. 7 Ch. 94

အခန်း (၉၄)

Vol. 7 Ch. 94

‎

‎သူ့စစ်သားတွေက ခေါင်းမာနေသေးတာကို မြင်လိုက်ရတော့ ဝေယင်းက "မစ်ရှင်က ဘယ်လောက်အန္တရာယ်ကြီးတယ်ဆိုတာ သူသိနိုင်တယ်၊ ဒါကြောင့် သူကတာဝန် ယူသွားပြီး ငါတို့ကို အသက်မဆုံးရှုံးအောင် ကယ်ပေးခဲ့တယ်"

‎

‎

‎"အခုဆို ပစ်မှတ်ကိုကယ်ဆယ်ပြီးပြီ ငါတို့ကို ခေါ်ထုတ်သွားစေပြီး ဆုကြေးတောင်းဖို့ အခွင့်ပေးနေတယ်။ သူ့နောက်ကွယ်မှာ မကောင်းကြောင်းပြောနေမယ့်အစား ငါတို့ကတောင် သူ့ကိုကျေးဇူးတင်သင့်တယ်"

‎

‎

‎စစ်သားတွေက ခေါင်းငုံ့ပြီး ငြိမ်သွားတယ်။ သူတို့က ဖုတ်ကောင်နည်းပါးသော ယာယီရှင်သန်ရေးစခန်းအနီးတွင် ထောက်ပံ့ရေးပစ္စည်းများ စုဆောင်းရန်သာ တာဝန်ပေးခံခဲ့ရသော်လည်း မစ်ရှင်တွင်းမှာ သူ့တို့ရဲ့ညီအစ်ကိုများကို ဆုံးရှုံးခဲ့ရဆဲဖြစ်သည်။

‎

‎

လင်အန်းမြို့ရဲ့တက္ကသိုလ်ဆိုရင် အခြေအနေက မည်မျှတောင် အန္တရာယ်ရှိသည်ကို တွေးပင် မတွေးနိုင်ခဲ့ကြပေ။ ကျောင်းသားဦးရေ အနည်းဆုံး 300,000 ထက်မပိုလျှင်‌တောင် အဲထက်မလျှော့နိုင်ဘူး။

‎

‎

‎သူ့ရဲ့လက်ပတ်နာရီကို ငုံ့ကြည့်လိုက်ပြီးတော့

‎ဝေယင်းက "လှည့်ကင်းလှည့်ပြီးရင် အနားယူပါ" လို့ပြောလိုက်တယ်။

‎

‎

‎"ဟုတ်ကဲ့ ဗိုလ်ကြီး"

‎

‎

‎တစ်ချိန်တည်းမှာပဲ့ စက်ရုံခရိုင်ရဲ့ အိပ်ဆောင်အတွင်း ပုန်းအောင်းနေတဲ့ အသက်ရှင်ကျန်ရစ်သူများသည် နောက်ဆုံးတော့ အပြင်ဘက်အခြေအနေကို စစ်ဆေးရန်အတွက် ပြတင်းပေါက်ကိုဖွင့်ကြည့်ရန် သတ္တိရှိလာကြသည်။

‎

‎

‎စစ်သည်တစ်စု ထွက်ခွာသွားပြီးနောက်တွင်တော့ ပေါက်ကွဲသံများနှင့် တိုက်ပွဲဖြစ်ပွားတဲ့ အသံများကို နာရီပေါင်းများစွာကြာအောင်ကြားခဲ့ရပြီး‌နောက် ငြိမ်သက်သွားသည်။ ယခုဆို ကောင်းကင်ကြီးကမည်းမှောင်လာပြီး လနီကကောင်းကင်ယံထက်တက်လာနေပေမယ့် ပြီးခဲ့သော ရက်အနည်းငယ်ကလို ဖုတ်ကောင်များရဲ့ ဟိန်းဟောက်သံများကို မကြားရတော့ပေ။

‎

‎

‎အဆောက်အဦးအပြင်ဘက်က အခြေအနေကို စစ်ဆေးကြည့်သောအခါတွင်လည်း နေရာအနံ့အပြားမှာ ပျံ့လွင့်နေတတ်သော ဖုတ်ကောင်များကို လုံးဝမတွေ့ရတော့ဘူး။ လောင်ကျွမ်းခံထားရတဲ့ ရနံ့တွေအပြင် အခြားဘာမှမရှိတော့ဘူး။

‎

‎

‎ဘယ်ဘက်ကအဆောင် အဆောက်အဦးထဲရှိ လူငယ်တစ်ဦးသည် သူ့ရဲ့အိတ်ကို ထုပ်ပိုးပြီး သစ်သားတုတ်တစ်ချောင်းကို ကောက်ယူခဲ့တယ်။

‎

‎

‎သူ တံခါးကို ရောက်သွားတော့ သူ့အခန်းဖော်တစ်ယောက်က သူ့ကို အလျင်အမြန်ပိတ်ဆို့ပြီး "ယုဖန်း ၊ မင်း.. တံခါးကို ဖွင့်လိုက်လို့မရဘူး။ မင်းဖွင့်လိုက်တာနဲ့ အပြင်မှာရှိတဲ့ ဘီလူးတွေ ဝင်လာရင် ဘယ်လိုလုပ်မလဲ"

‎

‎

‎သူ့လုပ်ဖော်ကိုင်ဖက်တွေက ဘယ်လောက်တောင် ကြောက်ရွံ့နေလဲဆိုတာကို မြင်လိုက်တော့ ဟဲယုဖန်းက မျက်မှောင်ကြုတ်ကာ "အစ်ကိုကြီးမာ၊ အပြင်က ဘာအသံကိုမှ မကြားရတော့ဘူး။ အခုမထွက်ရင်တော့ ငါတို့ငတ်သေလိမ့်မယ်"

‎

‎

‎“ဒါပေမယ့် ငါတို့သာအပြင်ထွက်ရင် အဲဒီဘီလူးတွေက ငါတို့ကို အရှင်လတ်လတ် ကိုက်စားလိမ့်မယ်” လို့ အစ်ကိုကြီးမာ က ခေါင်းခါတယ်။

‎

‎

‎"မင်း မထွက်သွားချင်ရင်လဲ ငါမင်းကို အတင်းအကျပ်မခိုင်းဘူး ဒါပေမယ့် ငါကတော့ ငါ့မိသားစုကို ပြန်ရှာရမယ်။ ငါဒီမှာမနေနိုင်တော့ဘူး။ အနည်းဆုံးတော့ အပြင်ထွက်ရင် မျှော်လင့်ချက်ရှိသေးတယ်" ဟု ဟဲယုဖန်းကပြောပြီး သူ့ကို တွန်းထုတ်လိုက်သည်။

‎

‎

‎သူ့ကို မတားနိုင်ကျခင်မှာပဲ့ သူက တံခါးဖွင့်ပြီးထွက်သွားတယ်။ သူထွက်လာပြီးတာနဲ့ အစ်ကိုကြီးမာက တံခါးကို အမြန်ပိတ်ပြီး သော့ခတ်လိုက်တယ်။

‎

‎

‎လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်းကပဲ့ သူတို့သည် အစာနှင့် ရေအားလုံးကို စားပြီးဖြစ်သည်။ ဒီအချိန်မှာတော့ အသက်ရှင်သန်ဖို့အတွက် ဆီးကို အတင်းသောက်ခိုင်းကြတယ်။

‎

‎

‎အသက်ဆက်ချင်ရင် ထွက်သွားရမယ်ဆိုတာ သူတို့သိပေမယ့် သူတို့ဟာ သာမန်လူတွေပဲလေ။ အသက်ရှင်နေသော လူသေများကို မည်သို့ တိုက်နိုင်မည်နည်း။

‎

‎

‎အခု သူ့မှာရေရှိတုန်းပဲ ကျန်တာ ဘာမှမလုပ်ဘူးဆိုရင် သေမှာ သေချာတယ်။

‎

‎

‎သူတို့ အကျပ်ရိုက်နေချိန်မှာပဲ့ ဟဲယုဖန်းဟာ အရေးပေါ် လှေကားထစ်ဆီကို လျှောက်ပြီးသွားပြီ။

‎

‎

‎အစကတော့ စစ်သားတွေနဲ့ လိုက်သွားချင်ခဲ့ပေမယ့် လမ်းမှာ ပိတ်ဆို့နေတဲ့ အမျိုးသမီးတွေကို လျစ်လျူရှုတာကို မြင်တော့ စစ်သားတွေက သာမန်ပြည်သူတွေကို သူတို့နဲ့အတူ ခေါ်သွားဖို့ ရည်ရွယ်ချက်မရှိဘူးဆိုတာကို သူသိလိုက်တယ်။

‎

‎

‎အရင်က သူတို့ကိုကာကွယ်ရမယ့် စစ်သားတွေရဲ့ တာဝန်ကတောင်မှ အခုဆိုမတူတော့ဘူး။

‎

‎

‎ဖုတ်ကောင်များစွာကြောင့် သူ အိပ်ဆောင်ကအခန်းအတွင်း ပိတ်မိနေခဲ့တယ်။ ရေ၊ လျှပ်စစ်၊ ဒါမှမဟုတ် ဆက်သွယ်ရေးဝန်ဆောင်မှုတွေလည်း မရှိသလို အပြင်မှာ ဘယ်လိုအခြေအနေရှိတယ်ဆိုတာကိုလည်း ဘယ်သူမှ မသိကြဘူး။

‎

‎

ကမ္ဘာပျက်ကပ်စတင်ခဲ့သည်မှာ တစ်ပတ်နီးပါးရှိပြီဖြစ်ပြီး အစိုးရကတော့ သူတို့အား ကယ်ဆယ်ရန် မည်သူမျှ မစေလွှတ်ခဲ့ပေ။ အဲဒီကနေမှ သူ့ကိုယ်သူသာ အားကိုးနိုင်မှန်း သူသိသွားတယ်။

‎

‎

အစာ ဒါမှမဟုတ် ရေတွေ ရှာတွေ့နိုင်ဖို့ ‎လမ်းလျှောက်ရင်းနဲ့ တံခါးဖွင့်ထားတဲ့ အခန်းတွေကို စစ်ဆေးဖို့ မမေ့ခဲ့ပါဘူး။ မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော ပြာများကို မြင်သောအခါမှာတော့ ဒါဟာ စစ်သားများက ဖုတ်ကောင်များရဲ့ ဧရိယာကို ရှင်းလင်းခြင်းရဲ့ ရလဒ်ဖြစ်ကြောင်း သူသိသည်။

‎

‎

ဟဲယုဖန်းဟာ အခန်းများကို တစ်ခုပြီးတစ်ခုရှာဖွေပြီးနောက် တွင်တော့ ရေနှင့် အဆာပြေအချို့ကို ရှာဖွေနိုင်ခဲ့တယ်။ များများစားစားမရှိသော်လည်း ဗိုက်ကိုခဏတာပြည့်စေနိုင်သည်။

‎

‎

‎

‎နှစ်နာရီကြာပြီးနောက်မှ သူသည် အဆောင်ဆီမှ ထွက်လာခဲ့တယ်။ သူထွက်လာတော့ တခြား အဆောက်အဦးက လူတွေလဲ ထွက်လာတာကို တွေ့လိုက်ရတော့ အံ့သြသွားတယ်။ ဘယ်ဘက်အဆောက်အဦးမှာ ပုန်းနေတဲ့ အမျိုးသားတွေနဲ့ ယှဉ်ရင် ညာဘက်အဆောက်အဦးက အမျိုးသမီးတွေက ပိုသတ္တိရှိပုံရတယ်။

‎

‎

‎သူ့ကိုမြင်လိုက်ချိန်မှာတော့ အမျိုးသမီးတွေဟာ သူ့ကို ရဲရဲကြီးကြည့်ရင်း ခပ်လှမ်းလှမ်းမှာ ရပ်နေကြတယ်။ ဟဲယုဖန်းကတော့ သူမတို့ကို မနှောက်ယှက်ဘဲ ကြီးမားသော ခြေလှမ်းကျယ်ကြီးများဖြင့် ထွက်ခွာသွားခဲ့သည်။

‎

‎

‎စက်ရုံဝင်ပေါက်အနီးတွင် ခေါက်ဆွဲခြောက်နှင့် အစားအစာ ရနံ့များလေထဲတွင် လွင့်ပျံ့နေကာ ပုပ်သိုးနေသော အသားပုပ်နံ့များနှင့် ရောနေသည်။

‎

‎

‎သူ့ဗိုက်က တဂိဂိ မြည်နေပြီး သူ့ခြေလှမ်းတွေကို အရှိန်မြှင့်လိုက်တယ်။ စက်ရုံမှထွက်လာသည်နှင့် စစ်သားများက ထိုနေရာတွင် စခန်းချနေတာကို တွေ့လိုက်ရသဖြင့် သူ ထိတ်လန့်သွားသည်။

‎

‎

‎တစ်စုံတစ်ယောက်က စက်ရုံမှ အမှန်တကယ် ထွက်လာတာကို တွေ့လိုက်ရသဖြင့် စစ်သားများအားလုံးကလည်း အံ့သြသွားကြသည်။ ချင်လူဇီက သူ့ကိုကြည့်လိုက်တော့ အစိမ်းရောင် အစက်တစ်စက် ဖြစ်နေတာ တွေ့လိုက်ရတယ်။ သူ့အနောက်ဘက် မလှမ်းမကမ်းတွင်လည်း အစိမ်းရောင် အစက်များရောနှောနေသော ထူထပ်သော အဖြူရောင် အစက်ကြီးများ အုပ်စုကြီးရှိနေသည်။

‎

‎

‎မတ်တပ်ထရပ်ကာ သူက ဖုန်းယွင်ဆီကို လျှောက်သွားလိုက်ပြီး "ဖုန်းယွင် ငါနဲ့လိုက်ခဲ့" လို့ပြောလိုက်တယ်။

‎

‎

‎သူ့အသံကိုကြားတော့ ဖုန်းယွင်က မျက်လုံးဖွင့်ပြီး တစ်ဝက်တစပျက် အိပ်ပျော်နေတုန်းအနေအထားနဲ့ သူ့အနောက်ကို လိုက်သွားခဲ့တယ်။ ချင်လူဇီက ဘာလိုချင်မှန်း မသိပေမယ့် ကျင်းရွှီယန်းက သူ့လက်အောက်မှာ တာဝန်ပေးခဲ့တဲ့အတွက် သူ့ဆရာရဲ့ အမိန့်ကိုသာ လိုက်နာနိုင်တယ်။

‎

‎

‎စစ်ထရပ်ကားများနှင့် သံချပ်ကာယာဉ်များဆီသို့ လျှောက်သွားနေတာကို သတိပြုမိတော့ ဖုန်းယွင်ကမေးလိုက်တယ် "အစ်ကိုချင် မင်းက ဘာလုပ်စေချင်တာလဲ"

‎

‎

‎"မင်းရဲ့နေရာဟာ ဧရိယာကျယ်တယ်လို့ ငါကြားတယ်။ မင်းရဲ့နေရာထဲမှာ စစ်ထရပ်ကားတွေကို သိမ်းထားနိုင်မလား"လို့ ချင်လူဇီက မေးလာတယ်။

‎

‎

‎"ကျွန်တော်မသိဘူး၊ ဒါပေမယ့် ကျွန်တော်စမ်းကြည့်လို့ရတယ်"လို့ ဖုန်းယွင်ကပြန်ဖြေတယ်။

‎

‎

‎ချင်လူဇီက ခေါင်းညိတ်ပြပြီး သူ့ကို လုပ်ခိုင်းတယ်။

‎

‎

‎ပစ္စည်းများကို သိမ်းဆည်းပြီးနောက်နှင့် သူတို့ရဲ့နေရာမှ ပြန်ထုတ်ယူရန်ကလည်း အသုံးပြုသူရဲ့ စိတ်ပိုင်းဆိုင်ရာ စွမ်းအားကို သုံးစွဲရမည်ဖြစ်သည်။ ဒါကြောင့် ပိုကြီးတဲ့ အရာတွေကို သိမ်းဆည်းထားရင် စွမ်းအင်ပိုကုန်မယ်။ ဤသည်မှာ အာကာသအမျိုးအစား စွမ်းရည်အသုံးပြုသူများက ကားများ သို့မဟုတ် ကြီးမားသော အရာဝတ္ထုများကို သူတို့ရဲ့ နေရာများတွင် သိမ်းဆည်းထားခဲ့သည့် အကြောင်းရင်းများထဲမှ တစ်ခုဖြစ်သည်။

All Chapters