အခန်း (၉၅)
Vol. 7 Ch. 95
ဖုန်းယွင်က သူ့လက်ကို မြှောက်လိုက်ပြီးတဲ့ မျက်စိတစ်မှိတ်အတွင်းမှာပဲ စစ်ထရပ်ကားကြီးက ချက်ခြင်းပျောက်သွားတယ်။ မျက်တောင်ခတ်လိုက်ပြီးနောက် အဆင်မပြေမှု တစ်စုံတစ်ရာမှ မခံစားရပါဘူး။
ထို့ကြောင့် စစ်ထရပ်ကားများကို သူ့နေရာ၌ ဆက်လက်သိမ်းဆည်းခဲ့သည်။ ငါးမိနစ်မပြည့်မီတွင်ပဲ ရိက္ခာများအပြည့်ဖြင့် စစ်ထရပ်ကားခြောက်စီးက သူရဲ့နေရာအတွင်း၌နေရာယူထားပြီးပြီ။
ချင်လူဇီက ဒါကိုမြင်တော့ ကျေနပ်စွာ ခေါင်းညိတ်ပြပြီး သူ့ပခုံးကိုပုတ်လိုက်တယ်။ ဒီတစ်ခါ သူ့တပည့်ကို ကြည့်လိုက်တဲ့အချိန်မှာတော့ သူ့အကြည့်တွေက အရင်ကထက် ပိုနွေးထွေးလာသည်။
"ကောင်းပြီ၊ အခု မင်းအိပ်ဖို့ကို ပြန်နိုင်ပြီ" လို့သူက ဆိုသည်။
ဖုန်းယွင်က သူ့ရဲ့ထူးဆန်းတဲ့တောင်းဆိုမှုကြောင့် စိတ်ရှုပ်သွားပြီး "အစ်ကိုချင် မင်းက ဘာလို့ ထရပ်ကားတွေကို သိမ်းခိုင်းတာလဲ" လို့မေးလိုက်တယ်။
"ငါတို့ရဲ့ သံချပ်ကာယာဉ်တွေက ငါ့တို့အားလုံးအတွက် လုံလောက်ပါသည်။ ထရပ်ကားတွေကို အသုံးပြုဖို့ မလိုအပ်ဘူး။ဒါထက်ပိုပြီးသင့်တော်တာကတော့ နေရာလွတ်မှာ ရိက္ခာတွေကို သိမ်းဆည်းထားတာပဲ့- ထောက်ပံ့ရေးပစ္စည်းတွေကိုသယ်ဖို့အတွက်နဲ့ပဲ့ ထရပ်ကားတွေကိုသုံးပြီး ဓာတ်ဆီကို ဘာလို့ ဖြုန်းတီးနေရမှာလဲ" ချင်လီဇီက ပြုံးပြီးပြောသည်။
သူ့စကားက အဓိပ္ပာယ်ရှိပေမယ့် ဖုန်းယွင်ကတော့ တခြားအကြောင်းပြချက်ရှိရမယ်လို့ ခံစားရတယ်။ ဒါပေမယ့် သူ့ဆရာက သူ့ကို မပြောချင်တာကြောင့် အတင်းအကြပ် မပေးတော့ဘဲ အိပ်ဖို့ပဲ့ သူပြန်လာခဲ့တယ်။
ချင်လူဇီ နဲ့ သူပြန်လျှောက်လာရင်းနဲ့မှ အကြောင်းပြချက်ကို သူနားလည်သွားခဲ့တယ်။ အသက်ရှင်ကျန်ရစ်သူအုပ်စုကြီးကို ကြည့်လိုက်ပြီး သူ့ဆရာပြောတာကိုပါ စေ့စေ့စပ်စပ်တွေးကြည့်လိုက်တယ်။
စစ်ထရပ်ကားတွေမရှိရင် ဒီလူတွေ သူတို့နောက်ကိုလိုက်လာဖို့ လမ်းစမရှိတော့ဘူး။ ဝန်ထုပ်ဝန်ပိုးများကို သူတို့နှင့်အတူ ယူဆောင်သွားရန် ဆန္ဒမရှိကြောင်းကို သူနားလည်ခဲ့သည်။
သို့သော် အသက်ရှင်ကျန်ရစ်သူအုပ်စုကြီး လာမည်ကို သူရဲ့ဆရာက ဘယ်လိုသိတာလဲ။
သူနားလည်အောင်ကြိုးစားနေတုန်းမှာပဲ့ ကျင်းရွှီယန်းက အသက်ရှင်ကျန်ရစ်သူတွေနဲ့ စကားပြောနေတာကို တွေ့လိုက်ရတယ်။
"ကျွန်တော်တို့မှာက လုပ်စရာတာဝန်တွေ ကျန်နေသေးပြီး မင်းတို့အားလုံးကို အတူမခေါ်သွားနိုင်ဘူး။ မနက်ဖြန် နေ့ခင်းပိုင်း နောက်ဆုံးထားပြီး နောက်ထပ်စစ်သားတစု ရောက်လာလိမ့်မယ် မင်းတို့က သူတို့နဲ့ အတူလိုက်သွားနိုင်တယ်" ဟု သူက ပြောသည်။
သူ့စကားကိုကြားတော့ အားလုံးက ထိတ်လန့်သွားပြီး အဖွဲ့ထဲက တစ်ယောက်က "မင်းတို့က စစ်သားတွေပဲ့၊ ငါတို့ကို ကာကွယ်ဖို့က မင်းတို့တာဝန်ပဲ"လို့ အော်ပြောလာတယ်။
"ငါတို့ ဗိုက်ဆာတယ် ရေငတ်တယ် မင်း ငါတို့ကို စားစရာတစ်ခုခု ပေးရမယ်" လို့ နောက်တစ်ယောက်ကလည်း ပြောလာတယ်။
သူတို့နှင့် မနီးမဝေးတွင် ရပ်နေသော ကျိူးလီဇီသည် ကျင်းရွှီယန်းထံမှ ပစ္စည်းများကို အကြွေးတောင်းနေသလို တောင်းနေတဲ့ ထိုအမျိုးသမီးကို ကြည့်နေသည်။ပြီးတော့ မပျော်မရွှင်နဲ့ လမ်းလျှောက်လာခဲ့တယ်။
ကျင်းရွှီယန်းရဲ့လက်ကို ဆွဲရန်ကြိုးစားသောအမျိုးသမီးတစ်ဦးကိုတွေ့သောအခါတွင် သူမရဲ့မျက်လုံးများကိုကျဉ်းမြောင်းပြီးလက်ကိုဝှေ့ယမ်းလိုက်သည်။
ရုတ်တရက်ထွက်ပေါ်လာတဲ့ ရေဘောလုံးက အမျိုးသမီးရဲ့ မျက်နှာကိုထိမှန်သွားကာ အမျိုးသမီးရဲ့ ဦးခေါင်းနှင့် ခန္ဓာကိုယ်အပေါ်ပိုင်းကို ရွှဲစိုသွားသည်။ အမျိုးသမီးက မြေပြင်ပေါ် လဲကျသွားပြီးနောက် အော်ငေါက်လာတယ်။
"အာ့.. ဘယ်သူလဲ" သူမက ဒေါသတကြီး အော်လိုက်တယ်။
ကျင်းရွှီယန်းလည်း ထိတ်လန့်သွားပြီး ခေါင်းကိုလှည့်ကြည့်လိုက်တော့ သူ့ရဲ့အာ့ဇီက သူ့ကို စိုက်ကြည့်နေတာကို မြင်လိုက်ရတယ်။ မပျော်မရွှင်ဖြစ်မယ့်အစား သူ့နှလုံးသားက ရွှင်လန်းမှု ပိုမြင့်လာပါတယ်။
'အာ့ဇီက မနာလိုဖြစ်နေတာလား' လို့ သူ့စိတ်ထဲမှာတွေးလိုက်တယ်။
"ဘယ်သူလုပ်လိုက်တာလဲ"
ကျိူးလီဇီက ကျင်းရွှီယန်းရဲ့လက်ကိုဆွဲကာ အမျိုးသမီးအုပ်စုမှဝေးရာသို့ခေါ်ထုတ်လိုက်ပြီး သူ့အရှေ့တွင်ရပ်လိုက်သည်။ အိတ်ကပ်ထဲမှာ လက်နှစ်ဖက်ထည့်ကာ “ဒါက ငါပဲ” လို့ ပြောလိုက်တယ်။
မျက်နှာပေါ်က ရေတွေကို သုတ်ပြီးတဲ့အခါမှာပဲ အမျိုးသမီးက မတ်တပ်ရပ်ပြီး "နင်က ဘယ်သူလဲ၊ ငါ့ကို ဘာလို့ ရိုက်တာလဲ" လို့ မေးလိုက်တယ်။
ဒါကိုကြားတော့ ကျိူးလီဇီက လှောင်ပြောင်ပြီး "ဘာလို့ မင်းကို မရိုက်ရမှာလဲ၊ ယောက်ျားနှင့်မိန်းမက အချင်းချင်း မထိရဘူးဆိုတာ မင်းမသိဘူးလား"
စစ်သားများသည် ရှက်ရွံ့ခြင်းမရှိတဲ့ သူမရဲ့ အဓိပ္ပါယ်မဲ့ ဆဲဆိုသံကို ကြားလိုက်သောအခါတွင် သူတို့ရဲ့ ကပ္ပတိန်က သူမဆီမှာ အဘယ်ကြောင့် ကျဆုံးခဲ့ရသည်ကို နောက်ဆုံးတော့ နားလည်သွားကြတယ်။
သူမရဲ့အနောက်မှာရပ်နေတဲ့ ကျင်းရွှီယန်းက ပြုံးပြီး ခေါင်းညိတ်ကာ "အာ့ဇီက မှန်တယ်။ ယောက်ျားနဲ့ မိန်းမက အချင်းချင်း မထိရဘူး။ ငါ့မှာက ရည်းစားရှိတယ်၊ ကြုံရာကျပန်းမိန်းမကို ထိဖို့ခွင့်မပြုနိုင်ဘူး"လို့ပြောလိုက်တယ်။
ကျိူးလီဇီက သူ့ကို စိုက်ကြည့်ပြီး 'အဲဒါတော့ မဟုတ်ဘူး ၊သူတို့လက်တွေက ညစ်ပတ်နေတာကို မင်းမမြင်ဘူးလား။ သူတို့အရင်ကဘာတွေထိခဲ့လဲဆိုတာကို ဘယ်သူသိလဲ။ သူတို့ဆီကနေ ထူးဆန်းတဲ့ရောဂါရသွားမှာကို မကြောက်ဘူးလား' လို့ စိတ်ထဲမှာပြောလိုက်တယ်။
ကံမကောင်းစွာနဲ့ပဲ ကျင်းရွှီယန်းကတော့ သူမရဲ့စိတ်ကို မဖတ်နိုင်ဘဲ မနာလိုစိတ်နှင့် ဝုန်းဒိုင်းကြဲနေသည်ဟုသာ ထင်ခဲ့တယ်။
အမျိုးသမီးအုပ်စုသည် ခွေးအစာပန်းကန်လုံး ရုတ်တရက် ကျွေးခံရပြီးနောက်တွင် စကားမပြောနိုင်ဘဲ ဖြစ်သွားခဲ့တယ်။ စစ်သားချောလေးမှာ ရည်းစားရှိနေပြီဆိုတာ မြင်လိုက်ရတော့ သေးသေးသွယ်သွယ် ကောင်မလေးကိုလည်း လွန်ဆန်ဖို့ မသင့်တော်မှန်း သိလိုက်ရတယ်။
တင်းမာနေတဲ့ လေထုရဲ့အခြေအနေကို သတိထားမိတဲ့ အမျိုးသမီးကြီးတစ်ယောက်က "ရဲဘော်၊ မင်းမှာ တာဝန်တစ်ခုရှိတယ်ဆိုတာကို ငါတို့သိတယ်၊ မင်းနောက်လိုက်ဖို့က အဆင်မပြေဘူး။ ဒါပေမယ့် ငါတို့က တကယ်ကိုဗိုက်ဆာပြီး ရေငတ်နေတယ်။ အနည်းဆုံးတော့ ငါတို့ကို ဒီမှာနေခွင့်ပြုပြီး စားစရာတစ်ခု ပေးလို့ရမလား၊ ငါတို့က မနက်ဖြန်ထွက်သွားပါ့မယ်"
သူမစကားကလည်း တခြားအမျိုးသမီးတွေမှာ ကန့်ကွက်စရာမရှိခဲ့ဘူး။ နောက်ဆုံးတော့ သူမတို့က လုံခြုံတဲ့နေရာကို ရှာချင်ကြတယ်။ ဤအဖွဲ့ သို့မဟုတ် မနက်ဖြန် ရောက်လာမဲ့အဖွဲ့နောက်သို့လိုက်ခြင်းက သူတို့အတွက်ထူးခြားမှုမရှိဘူး။ ငတ်သေလုနီးပါး ဖြစ်ခဲ့ရတာကြောင့် ပထမဦးဆုံးအနေနဲ့ စားနိုင်သရွေ့အဆင်ပြေသည်။
ကျင်းရွှီယန်းက သူ့ လက်ကိုဝှေ့ယမ်းပြီး "ယွီရှန်း၊ ရှောင်ချီ ဒီကိုလာ" လို့ပြောလိုက်တယ်။
သူတို့နာမည်ကိုကြားတော့ နှစ်ယောက်စလုံးက လာပြီး “ဗိုလ်ကြီး” လို့ပြောလိုက်တယ်။
"ယွီရှန်း ရိက္ခာတွေကို စစ်ဆေးပြီး သူတို့အတွက် စားစရာတွေ ရနိုင်မလားကြည့်လိုက်။ မင်းအကူအညီလိုရင် တခြားသူတွေကို မေးလိုက်" လို့ ကျင်းရွှီယန်းက ပြောလိုက်တယ်။
ထောက်ပံ့ပို့ဆောင်ရေးအဖွဲ့ရဲ့တစ်စိတ်တစ်ပိုင်းအနေဖြင့် ယင်းယွီရှန်း နှင့် ရှောင်ချီတို့ဟာ သူတို့ရဲ့ထောက်ပံ့ရေးပစ္စည်းများအတွက် တာဝန်ရှိသည်။ အမိန့်များလက်ခံပြီးနောက်တွင် အစားအသောက်ပြင်ဆင်ရန်အတွက် ထွက်သွားကြတယ်။
အမျိုးသမီးအချို့ ဒဏ်ရာရနေတာကို သတိပြုမိသဖြင့် ကျင်းရွှီယန်းက "ကုန်းပိုင် ၊ ချင်လူဇီ သူတို့ရဲ့ ဒဏ်ရာတွေကို စစ်ဆေးကြည့်ပါဦး" လို့ပြောလိုက်တယ်။
သူ့စကားကိုကြားတော့ အမျိုးသမီးတွေက ချက်ချင်း ထကန့်ကွက်တယ်။
"ငါတို့ရဲ့ခန္ဓာကိုယ်တွေကို ဘယ်လိုလုပ်ပြီးစစ်ဆေးနိုင်မှာလဲ" အမျိုးသမီးငယ်တစ်ယောက်က သူ့ကို သားရဲတစ်ကောင်လို စိုက်ကြည့်ရင်း မေးတယ်။
ကျင်းရွှီယန်းက သူ့အကြည့်တွေကို လျစ်လျူရှုပြီး "ဒဏ်ရာရှိတဲ့သူတွေက မျိုးပြောင်း၊မပြောင်းကို နှစ်နာရီကြာ စောင့်ကြည့်ရမှာပေါ့။ စစ်သားတွေကို မစစ်ဆေး စေချင်ရင် သံမဏိတံခါးနောက်မှာ စောင့်လို့ရတယ်။ နှစ်နာရီလောက်ကြာရင် မင်းတို့ပြန်လာနိုင်တယ်"
သူ့စကားကိုကြားတော့ မိန်းမတွေက စောင့်ဖို့ရွေးလိုက်တယ်။ သံမဏိတံခါးရဲ့ တစ်ဖက်ကနေ စစ်သားတွေက သူတို့ကို စောင့်ကြည့်နေချိန်မှာ လမ်းအတားအဆီးတွေကို နယ်နိမိတ်အဖြစ် အသုံးပြုခဲ့ကြတယ်။