အခန်း (၉၆)
Vol. 7 Ch. 96
ချင်လူဇီရဲ့စွမ်းရည်ဖြင့်ဆိုရင် အရပ်သားတစ်ဦးက ဖုတ်ကောင်အဖြစ်သို့ ပြောင်းလဲသွားခြင်းရှိမရှိကို သိရှိနိုင်သည်။ စစ်ဆရာဝန် ကုန်းပိုင်ကတော့ ဒဏ်ရာတွေကို ပတ်တီးစီးပေးနိုင်ပြီး သူတို့ရဲ့ကျန်းမာရေးကို အကဲဖြတ်နိုင်ပါတယ်။
လူတိုင်းက အနားယူဖို့ နေရာရှာရန် အလုပ်များနေချိန်တွင် အခြားလူတစ်စုက ရောက်လာသည်။ ဒီတစ်ခါမှာတော့ ဘယ်ဘက်အဆောက်အအုံက ယောက်ျားတွေ။
သူတို့ကိုမြင်တော့ ကျန်းယွမ်က စကားပြောဖို့ သွားလိုက်တယ်။ အမျိုးသမီးတွေနဲ့ မတူတာက ဒီအမျိုးသားတွေဟာ စစ်သားတွေစစ်ဆေးတာကို ပြဿနာမရှိပါဘူး။ ထို့ကြောင့် ကျန်းယွမ်ကလည်း အခြားသူများကို နှိုးပြီး အကူအညီတောင်းခဲ့သည်။
အလုပ် လုပ်နေချိန်မှာ အမျိုးသမီးတစ်ယောက်က ချဉ်းကပ်လာပြီး “အစ်ကို ၊ ကျွန်မ ရေ အရင်သောက်လို့ရမလား” လို့ မေးလာတယ်။
ချန်ချန်းဖုန်းက သူမရဲ့အက်ကွဲနေသော နှုတ်ခမ်းဖြူဖျော့ဖျော့ကိုမြင်ပြီး ခေါင်းညိတ်လိုက်တယ်။ သူ့လက်ကို ဆန့်တန်းပြီး “ရေပုလင်းပေးပါ” လို့ ပြောလိုက်တယ်။
ဒါကိုကြားတော့ အမျိုးသမီးက ရေပုလင်းကို ချက်ချင်းပဲ လက်လွှဲပေးပြီး “ကျေးဇူးပဲ အစ်ကို” လို့ ပြောလာတယ်။
သူ့လက်ကို လှုပ်ရှားပြီး ပုလင်းအဝရဲ့အထက်တွင် ရေဘော်လုံးတစ်လုံး ဖန်တီးလိုက်သည်။ နောက်အခိုက်အတန့်မှာတော့ ပုလင်းထဲကို ရေတွေ စီးဝင်နေတာကို အမျိုးသမီးကတွေ့လိုက်ရတယ်။ စွမ်းရည်အသုံးပြုသူတစ်ဦးကို ပထမဆုံးအကြိမ်တွေ့လိုက်ရတော့ သူမရဲ့မျက်လုံးများတွင် အံ့သြမှုနှင့် မနာလိုမှုများ ပြည့်နှက်နေသည်။
ပုလင်းပြည့်သွားတဲ့အခါမှာတော့ ချန်ချန်းဖုန်းက ပြန်ပေးပြီး "နည်းနည်းကျန်သေးတယ်၊ အရင်သောက်လိုက်အုံး" လို့ပြောလိုက်တယ်။
အမျိုးသမီးက ခေါင်းညိတ်ပြပြီး တစ်ဝက်လောက်ကို မြန်မြန်သောက်ပြီးနောက်တွင် ကျန်နေတဲ့ရေဘော်လုံးကို ပုလင်းထဲပြန်ဖြည့်လိုက်တယ်။ သူမက စိတ်သက်သာရာရသွားပြီးနောက်တွင် ဦးညွှတ်ကာ "ကျေးဇူးအများကြီးတင်ပါတယ် အစ်ကို။ရှင်က ကျွန်မအသက်ကို ကယ်ခဲ့တာပဲ့"
ချန်ချန်းဖုန်းကတော့ သူမဦးညွှတ်တာကိုရှောင်ပြီး ဘာမှ မပြောဘဲ ဘေးသို့ ထွက်သွားသည်။ ရေထုတ်နိုင်တာကို အခြားသူတွေလည်းမြင်လိုက်တော့ အားလုံးက တောင်းရမ်းဖို့ရန် အပြေးအလွှားလာကြတယ်။
"အစ်ကို ကျေးဇူးပြုပြီး ငါကိုလည်း နည်းနည်းလောက် ပေးပါ၊ ငါ ရေ မသောက်ရတာ နှစ်ရက်ရှိပြီ"
"အစ်ကို၊ ငါမှာလည်း ပုလင်းနှစ်ပုလင်းရှိလို့ ဖြည့်ပေးပါလား"
လူများ များပြားလာသည်နှင့်အမျှ အခြေအနေကလည်း ရှုပ်ထွေးလာတယ်။ သူတို့ရဲ့ ကျယ်လောင်တဲ့ အော်သံက ဖုတ်ကောင်တွေကို ဆွဲဆောင်လိုက်မှာကိုကြောက်လို့ ချန်ချန်းဖုန်းက "စိတ်အေးအေးထားပါ၊ လူတိုင်းက သူတို့ရဲ့ ဝေစုတွေ ရလိမ့်မယ်။ မအော်နဲ့၊ မတွန်းနဲ့"
ကံမကောင်းစွာနဲ့ပဲ့ သူ့စကားကို ဘယ်သူကမှ နားမထောင်ကြဘူး။
အခြေအနေတွေက ထိန်းမနိုင်သိမ်းမရဖြစ်သွားတာကိုကြည့်ရင်းနဲ့ ကျိူးလီဇီက ခေါင်းခါပြီး သက်ပြင်းချလိုက်တယ်။ ကမ္ဘာပျက်ကပ်တွင် လူများကို ကြင်နာမှုနှင့် ယဉ်ကျေးပျူငှာစွာ ဆက်ဆံသောအခါကြရင် ဒီလိုမျိူးသာဖြစ်သွားလိမ့်မယ်။
သူတို့ကို တစ်လက်မလောက်ပေးပြီးရင် သူတို့ကတစ်မိုင်လောက် ယူလိမ့်မယ်။
သူမကလက်ကို မြှောက်ကာ လူစုရဲ့ခေါင်းအထက်၌ ရေဘောလုံးကြီးကို ဖန်တီးလိုက်တယ်။ ထို့နောက် လက်ခုပ်တီးလိုက်တော့ ကြီးမားသော ရေလုံးကြီးက ပေါက်ကွဲသွားပြီး လူအားလုံးကို စိုစွတ်သွားစေခဲ့သည်။
ရေလုံးကြီး ရုတ်တရက်ပေါက်ကွဲမှုကြောင့် လူတိုင်းက ထိမှန်သွားပြီး သတိမထားမိဘဲ မြေပြင်ပေါ် လဲကျသွားသည်။ သူတို့ရဲ့ ခန္ဓာကိုယ်က ခေါင်းမှ ခြေဖျားအထိ ရွှဲရွှဲစိုနေသဖြင့် တုံ့ပြန်ရန် မဝံ့မရဲဖြစ်သွားရကာ ဒေါသဖြစ်ခဲ့ရသည်။
ကျင်းရွှီယန်း နှင့် ပိုင်ရီကျီးရဲ့အဖွဲ့အပါအဝင် လူတိုင်းသည် လူစုလူဝေးကို ထိန်းချုပ်ရန်နည်းလမ်းက ကြမ်းတမ်းသော်လည်း ထိရောက်သောကြောင့် တုန်လှုပ်သွားကြတယ်။
သူတို့ ထိတ်လန့်နေတုန်းမှာပဲ ကျိူးလီဇီက အပြုံးချိုချိုလေးနှင့် လှမ်းပြောလိုက်တယ် "မင်းသွားတော့... အားလုံး အတွက်ရေများများရှိတယ်"
သူမရဲ့စကားကိုကြားလိုက်တော့မှ နောက်ဆုံးတော့ သာမန်လူများဟာ အာရုံပြန်ရလာကြသည်။ သူတို့က မတ်တပ်ရပ်ပြီး သူမကို လက်ညှိုးထိုးပြီး ဆူပူကြိမ်းမောင်းပါတော့တယ်။
ကျိူးလီဇီကတော့ သူမရဲ့မျက်နှာပေါ်တွင် အပြုံးတစ်ခုတင်လို့သာရပ်နေပြီး သူတို့ရဲ့စိတ်နှလုံးကနေတောင် ဆဲဆိုကြိမ်းမောင်းပါစေ သူ့မရဲ့မျက်နှာကအပြုံးမပျက်ပေ။
မိနစ်သုံးဆယ်အကြာတွင်တော့ သူတို့ရဲ့ကျိန်စာများနှင့် စော်ကားမှုများသည် သူမအပေါ် သက်ရောက်မှုမရှိကြောင်းကို နောက်ဆုံးတော့ သိရှိသွားကြပြီး လည်ချောင်းနာသောကြောင့် ရပ်တန့်သွားကြတယ်။
နောက်ဆုံးတော့ သူတို့ နှုတ်ဆိတ်သွားတာကို တွေ့လိုက်ရတော့မှ ကျိူးလီဇီက မျက်ခုံးပင့်ကာ "အားလုံးပြီးပြီလား။ ကောင်းပြီ၊ အခုက ကျွန်မအလှည့်ပဲ" ဟု ပြောလိုက်သည်။
"ရှင်တို့အားလုံးက အစာနှင့်ရေ ငတ်မွတ်နေကြတယ်ဆိုတာ ကျွန်မသိပါတယ်။ ဒါပေမယ့် တစ်ခုတော့ နားလည်ရမယ်။ စစ်သားတွေက ရှင်တို့ အပေါ်မှာ ဘာတာဝန် မှမရှိဘူး။ ရှင်တို့ကို ဘာမှ အကြွေးမတင်ထားဘူး"
သူမကလက်နှစ်ဖက်ကိုဖွင့်ပြီး ပြောလိုက်တယ် “ရှင်တို့ကြည့်စမ်းပါအုံး။ ကျင့်ဝတ်အရဆိုတဲ့စကားနှင့် ဒီလိုအခြေအနေမျိုးမှာတောင် အကျပ်ကိုင်လို့ရတုန်းပဲလို့ ထင်နေတာလား၊ ကျွန်မက ရှင်တို့ကို ဒီမှာပဲသတ်ပစ်လိုက်ရင်တောင်မှ ကျွန်မကိုဖမ်းဖို့ ဒါမှမဟုတ် လက်စားချေဖို့ ဘယ်သူမှ လာနှောက်ယှက်မှာမဟုတ်ဘူး။
သူတို့ထဲက တစ်ယောက်ကတော့ မျက်လုံးထဲမှာ ကြောက်စိတ်တွေပေါ်လွင်နေပြီး "နင်က ရူးနေပြီ" လို့ အလန့်တကြားအော်ဟစ်လာတယ်။
ကျိူးလီဇီကတော့ သူမရဲ့ခေါင်းကိုသာ ခါယမ်းရင်း သက်ပြင်းတစ်ချက်ချလိုက်ပြီး "ကျွန်မကရူးပါဘူး၊ ရှင်တို့အားလုံးထက်စာရင်ပေါ့"
သူမက သူတို့ကို ကြည့်ပြီးဆက်မေးလိုက်တယ် "အဲဒီ ဖုတ်ကောင်တွေ ပေါ်လာပြီးကတည်းက အစိုးရက ဘာမှ မလုပ်ဘူးဆိုတာကို ရှင်တို့ မသိဘူးလား။ လျှပ်စစ်မီးနဲ့ ဆက်သွယ်ရေးမရှိဘဲ အကူအညီတောင်းဖို့ကိစ္စကို ရှင်တို့ကဘယ်လိုမျိူး အတိအကျစီစဉ်ထားလဲ"
"အခုအချိန်မှာတော့ ရှင်တို့မှာ ရွေးချယ်စရာ နှစ်ခုပဲရှိတယ်။ သန်မာလာမယ်၊ အစာရှာမယ်၊ အသက်ရှင်မယ်၊ ဒါမှမဟုတ် သေတာကို စောင့်နေမယ်"
အားလုံးက သူမစကားကိုကြားပြီးကြသည့်တိုင်အောင်ထိ အမှန်တရားကို လက်မခံချင်ကြသေးပေ။ သူတို့ထဲက တစ်ယောက်က စစ်သားတွေကို လက်ညှိုးထိုးပြပြီး "ဒီမှာ ငါတို့မှာ စစ်သားတွေရှိတယ်။ သူတို့က ငါတို့ကို ကာကွယ်လိမ့်မယ်"
ကျိူးလီဇီရဲ့ မျက်လုံးတွေက အေးစက်သွားကာ "သူတို့က မင်းကို ဘယ်လောက်ကြာကြာကာကွယ်နိုင်မယ်လို့ ထင်လဲ၊ မင်းကို ကာကွယ်တဲ့စစ်သားတွေအားလုံး သေပြီးရင်တောင် မင်းက ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ ဆန္ဒရှိလာမှာလား"
"သူတို့မှာလည်း မိသားစုတွေရှိတယ်။ သူတို့ချစ်ရတဲ့သူတွေနဲ့ မနေဘဲ မင်းရဲ့သနားစရာကောင်းတဲ့ ခွေးအသက်ကို ကယ်တင်ဖို့ ကြိုးစားနေကြရမှာလား။ မင်းက အခွန်ပေးဆောင်ရုံနဲ့ပဲ့ သူတို့ရဲ့အကာအကွယ်ကို ခံစားခွင့်ရှိသလိုမျိုး မလုပ်နဲ့။ အစိုးရက မင်းရဲ့အခွန်တွေကို မယူဘူး"
“ဒါပေမယ့် သူတို့ကို အခွန်ငွေနဲ့ ပေးရတယ်” ဟု အခြားလူတစ်ယောက်က စောဒကတက်သည်။
"မှန်ပါတယ်။ ဒါပေမယ့် သူတို့က အဲဒီလစာအတွက် သူတို့ရဲ့ အသက်ကို စွန့်စားကြရတယ်။ မင်းရဲ့ပိုက်ဆံကိုရော မင်းဘယ်လိုရှာလဲ ၊အခု ငါ့ကိုပြောစမ်းပါ မင်းရဲ့ အလုပ်ရှင်သူဌေးမိသားစုကိုရော ကာကွယ်ဖို့ မင်းမှာ အခုတာဝန်ရှိသေးတယ်လို့ ခံစားရသေးလား " ကျိူးလီဇီက လှောင်ပြောင်ပြောဆိုလိုက်ပါတယ်။
"ဒါပေမယ့် သူတို့က စစ်သားတွေပဲ" လို့ အဘွားကြီးတစ်ယောက်က အော်ပြောလာတယ်။
"အဲတော့ ဘာဖြစ်လဲ ၊ စစ်သားတစ်ယောက်ဖြစ်တာကလည်း ဒီကမ္ဘာကြီးထဲက အလုပ်အများကြီးထဲမှာမှ အလုပ်တစ်ခုလုပ်တာပဲ့မဟုတ်ဘူးလား။ စစ်သားတစ်ယောက်က သူစိမ်းတစ်ယောက်အတွက် သူတို့ရဲ့အသက်ကို စတေးလိုတဲ့ သူတော်စင်တစ်ယောက်ဖြစ်ရမယ်လို့လည်း ဥပဒေရှိတယ်လို့တော့ ငါမထင်ဘူး" ဟု ကျိူးလီဇီက ပြန်လည်ပြောကြားခဲ့တယ်။
သူမရဲ့စကားများက လူတိုင်းကို ပြောစရာစကားမဲ့သွားစေတယ်။
ကျိူးလီဇီက သူတို့ကို ကြည့်ပြီး ဆက်ပြောလိုက်တယ် "တကယ်လို့ မင်းတို့သာ အစာနဲ့ ရေ လိုချင်သေးရင် ကောင်းကောင်း တန်းစီပြီး စောင့်တာက ပိုကောင်းတယ်။ မဟုတ်ရင် ဘယ်သူမှ ဘာမှမရဘူး"
"မင်းကဘယ်သူမို့လို့ဆုံးဖြတ်မှာလဲ" လို့ အမျိုးသမီးငယ်တစ်ဦးက မကျေမနပ်ရေရွတ်သည်။
ကျိူးလီဇီသည် ထိုအမျိူးသမီးရဲ့စကားကို ကြားလိုက်တဲ့အခိုက်တွင်ပဲ့ လက်ကို ဝှေ့ယမ်းလိုက်တယ်။ ရေဓားတစ်ချောင်းက အမျိုးသမီးဆီကို အရှိန်ပြင်းပြင်းနဲ့ ပြေးဝင်သွားတယ်။
ဒါကိုမြင်လိုက်ရတော့ လူတိုင်းကအံ့သြသွားတယ်။ အမျိုးသမီးကို သတ်ပစ်လိုက်မည်ဟု အားလုံးက ထင်ခဲ့ကြသော်လည်း ကျင်းရွှီယန်းကတော့ သူ့နှုတ်ခမ်းပေါ်မှာ အပြုံးမပျက်ဘဲ စောင့်ကြည့်နေဆဲဖြစ်သည်။
"အားး... ငါ့ကိုကယ်ကြပါ" အမျိုးသမီးက ကြောက်အားလန့်အားနဲ့ မျက်လုံးကြီးပြူးကျယ်ကာအော်ဟစ်တယ်။
" ဝှစ် "