← Chapters

အခန်း (၉၇)

Vol. 7 Ch. 97

အခန်း (၉၇)

Vol. 7 Ch. 97

‎ရေဓားက အမျိုးသမီးရဲ့လည်ချောင်းမှ နှစ်စင်တီမီတာအကွာတွင် ရပ်သွားတယ်။ ဓါးဆီမှ ဖြာထွက်နေသော အအေးဓာတ်ကို ခံစားမိသောကြောင့် အမျိုးသမီးက မလှုပ်ရှားဝံ့ပေ။

‎

‎

အမျိုးသမီးရဲ့ဖြူဖျော့တဲ့မျက်နှာနှင့် တစ်ကိုယ်လုံးမှာလည်း စိုရွှဲနေတာကိုမြင်လိုက်ရတော့ကျိူးလီဇီက လျှာကိုနိမ့်ကာ "ကျစ်" အသံပြုပြီး " နောက်တွင် ပြုံးကာပြောလိုက်တယ် သိပ်မဆန်းပါဘူး။ အကြောင်းပြချက်က ရိုးရိုးရှင်းရှင်းပဲ၊ ငါက သန်မာပြီး မင်းကအားနည်းနေလို့လေ"

‎

‎

‎ထိုအမျိုးသမီးရဲ့မျက်လုံးထဲက မုန်းတီးမှုကို သတိပြုမိတော့ ကျိူးလီဇီက ပြုံးရင်းနဲ့ပဲ့ ဆက်ပြောတယ် "နင်ငါ့ကိုမုန်းရင် သန်မာ အောင်လုပ်ပြီး ပြန်တိုက်‌ပေါ့။ မလုပ်နိုင်ရင်တော့ နင်ရဲ့ကျန်တဲ့ဘဝတစ်ခုလုံးကို သန်မာတဲ့လူရဲ့ နင်းချေခံရမှုအောင်မှာပဲ အသက်ဆက်ရှင်နေလိုက်ပါ"

‎

‎

‎ပြောပြီးသည်နှင့် သူမက လက်သီးကို တင်းတင်းဆုပ်လိုက်တော့ ရေဓားက အမျိုးသမီး၏မျက်နှာကို စိုစွတ်စေသော ရေပွက်တစ်ခုဖြစ်သွားသည်။

‎

‎

‎သူမရဲ့ အာဏာပြမှုကို မြင်ပြီးနောက်တွင်တော့ လူအုပ်စုကြီးက ပို၍နာခံလာခဲ့တယ်။ သူမရဲ့ နည်းလမ်းများက ကြမ်းတမ်းသော်လည်း ထိရောက်မှုရှိသည်။

‎

‎

‎သူမထိုင်နေစဉ်တွင် စစ်သည်များက သံအိုးကြီးများစွာကို ယူလာပြီး "ခယ်မလေး ဒီအိုးတွေကို ဖြည့်ပေးပါလား" လို့ မေးလာတယ်။

‎

‎

‎"ရပါတယ်" လို့ ကျိူးလီဇီက ရိုးရိုးရှင်းရှင်းပဲ့ပြန်ဖြေတယ်။

‎

‎

‎သူမရဲ့လက်ကို လှုပ်ရှားလိုက်ရုံဖြင့် အိုးများရဲ့ အပေါ်ဘက်တွင် ရေဘောလုံးများစွာပေါ်လာပြီး ရေဘော်လုံးများမှတဆင့် ရေများကို အိုးထဲသို့စီးကျသွားစေလိုက်သည်။

‎

‎

‎သူမရဲ့ရေကို ထိန်းချုပ်နိုင်မှုကြိီးကို ကြည့်ရင်း

‎ချူကျိမြောင်က သက်ပြင်းရှည်ကြီး ချလိုက်တယ်။

‎

‎

‎ဒါကိုကြားတော့ လီယောင် ယက သူမကို လှည့်ကြည့်လာပြီး " မြောင်မြောင် ဘာဖြစ်နေတာလဲ"မေးလာတယ်။

‎

‎

‎ချူကျိမြောင်က သက်ပြင်းရှည်ကြီးထပ်ချလိုက်ပြီး "လီယောင် ၊ လီဇီ နဲ့ ကျွန်မတို့ နှစ်ယောက်စလုံးက ရေအမျိုးအစား စွမ်းရည်အသုံးပြုသူတွေဖြစ်ပေမယ့် ရေကိုထိန်းချုပ်တဲ့အခါကြတဲ့အခါမှာတော့ ဘာကြောင့် ခွန်အားနဲ့ ကျွမ်းကျင်မှုက ကွာခြားချက်ကြီးမားတယ်လို့ မင်းထင်လဲ"

‎

‎

‎သူမရဲ့မေးခွန်းကိုကြားတော့ လီယောင်က ခဏလောက်စဉ်းစားပြီးမှ "ငါမသိဘူး၊ ဒါပေမယ့် လူတိုင်းက မတူဘူး။ မင်းကသူ့လောက်မသန်မာရင်တောင်မှ မင်းဆီမှာ အရည်အချင်းရှိမှာသေချာတယ်" လို့ ပြောလာတယ်။

‎

‎

‎"ဒါဆို ငါ့ရဲ့အရည်အချင်းကဘာလဲ" လို့

‎ချူကျိမြောင်ကလည်း စိတ်ဝင်တစားမေးလာသည်။

‎

‎

‎"မသိဘူး" လို့ လီယောင်က ပခုံးတွန့်ပြပြီး ရိုးရိုးရှင်းရှင့းပဲ့ ပြန်ဖြေတယ်။

‎

‎

‎သူ့ရဲ့အဖြေကို သူမကြားလိုက်ချိန်မှာတော့

‎ ချူကျိမြောင်က မျက်လုံးပြူးပြီး "ငါ မင်းကို မမေးလိုက်သင့်ဘူး" လို့ပြောလိုက်တယ်။

‎

‎

သူမက မျက်လုံးတွေကို လှိမ့်လိုက်တာ မြင်တဲ့အခါမှာတော့ ‎လီယောင်က ရယ်မောပြီး ပြောလိုက်တယ် " မြောင်မြောင် ၊ ငါက ငါပဲ သူများနဲ့ နှိုင်းစရာ မလိုဘူးလို့ အဲတာကို မင်းငါ့ကို ပြောဖူးတယ် ၊ ဒါဆို မင်းက ဘာလို့ အခု ကိုယ့်ကိုကိုယ်ကို ကျိူးလီဇီ နဲ့ နှိုင်းယှဉ်နေတာလဲ "

‎

‎

‎"သူမက ဘယ်လောက်ပဲ သန်မာနေပါစေ အဲဒါက မင်းနဲ့ ဘာမှမဆိုင်ပါဘူး။ မင်းက‌တော့ ကိုယ့်ကိုကိုယ်ပဲ့ အာရုံစိုက်ပြီး မင်းလမ်းကိုမင်း ယုံကြည်မှုရှိရှိ လျှောက်ဖို့ပဲလိုတယ်"

‎

‎

‎သူ့စကားကြားသောအခါတွင်တော့ ချူကျိမြောင်ရဲ့ မျက်လုံးများက တောက်ပလာတယ်။ အဲဒီအချိန်မှာတော့ သူမရဲ့ မျက်လုံးများကို ဖုံးအုပ်ထားခဲ့သော မြူခိုးများဟာ ပျောက်ကွယ်သွားသလို ခံစားလိုက်ရသည်။

‎

‎

‎သူမရဲ့သူငယ်ချင်းပြောတာ မှန်တယ်။ ဤကမ္ဘာတွင် ချူကျိမြောင် တစ်ဦးတည်းသာရှိသည်။ ထို့ကြောင့် သူမတို့က မတူကွဲပြားသော လူများဖြစ်သောကြောင့် သူမသည် သူ့ကိုယ်သူ နှင့် ကျိူးလီဇီကို နှိုင်းယှဉ်ရန် မလိုအပ်တော့ပေ။ တစ်နေ့ကြရင် သူမကလည်း ကိုယ်ပိုင်လမ်းကို ရှာတွေ့လိမ့်မယ်။

‎

‎

‎နောက်တော့ သူမက စိတ်ဓာတ်ကျမနေတော့ဘဲ "လီယောင် ကျေးဇူးတင်ပါတယ်" လို့ ပြောလိုက်တယ်။

‎

‎

‎"ကောင်းပြီ မင်းကိုကြိုဆိုပါတယ်" လီယောင်က " အခုတော့မင်းက အိပ်သင့်ပြီ၊ နောက်ကျနေပြီ" လို့လည်း ဆက်ပြောလိုက်တယ်။

‎

‎

‎"ကောင်းပြီ"

‎

‎

‎ခေါင်းအုံးမရှိသောကြောင့် လီယောင်က သူရဲ့လက်ကို ဖြန့်ထားပေးကာ သူမက ခေါင်းအုံးအဖြစ်သုံးနိုင်ခဲ့သည်။

‎

‎

‎ချူကျိမြောင်သည် အမှန်တကယ်ပင် ပင်ပန်းနွမ်းနယ်နေပြီး သူမခံစားခဲ့ရသည့် ရိုလာကိုစတာလို ခံစားချက်များနှင့်အတူ လီယောင်ရဲ့လက်မောင်းပေါ် ခေါင်းကိုတင်လိုက်သည့်အခိုက်တွင်ပဲ့ သူမက အိပ်မက်မဲ့အိပ်စက်သွားလေတယ်။

‎

‎

‎နှစ်နာရီကြာပြီးနောက်တွင် မည်သူဆီကမျှ ဗီဇပြောင်းလဲသွားသော အရိပ်အယောင်များ မပြလာတာကြောင့် စစ်သားများက သာမန်လူတစ်စု အိပ်ရန်အတွက် နေရာတစ်ခုစီစဉ်ပေးပြီး သူတို့အတွက် မီးပုံများ ဆောက်လုပ်ပေးခဲ့သည်။

‎

‎

‎ထိုအချိန်တွင် လူတိုင်းက ရေတစ်ပုလင်း၊ ဘီစကွတ်နှစ်ထုပ်နှင့် အအေးမိဖျားနာဆေးတစ်လုံးကို စစ်သားများထံမှ လက်ခံရရှိခဲ့သည်။ တစ်ချို့က ဗိုက်ဆာလွန်းလို့ စားစရာတွေ ကို အကုန်စားပြီးသွားပေမဲ့ တချို့ကတော့ အနည်းငယ်သာစားပြီး ကျန်တာကို နောက်မှစားဖို့ သိမ်းထားကြတယ်။

‎

‎

‎စစ်သားတွေရဲ့ အမိန့်အရလည်း မအိပ်ခင် ဆေးသောက်ကြတယ်။ စိုစွတ်သောအဝတ်အစားများကို လဲလှယ်ပြီးသွားသည့်တိုင်အောင် အအေးပတ်သွားနိုင်သည်။

‎

‎

‎ကျိူးလီဇီသည် မီးပုံကြီးအနီးတွင် ထိုင်နေပြီးခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်များကို လှည့်ပတ်ရန် ကြိုးစားရင်း မျက်လုံးမှိတ်ထားသောအချိန်တွင် အမျိုးသမီးတစ်စုက ရောက်လာကြတယ်။

‎

‎

‎

‎သူမတို့ရဲ့ ခြေသံတွေကို သတိထားမိတော့ မျက်လုံးဖွင့်ပြီး “မင်းတို့ ငါ့ဆီက တစ်ခုခုလိုသေးလား” လို့ မေးလိုက်တယ်။

‎

‎

‎နူးညံ့သိမ်မွေ့ပြီး သန့်ရှင်းသောမျက်နှာကိုမြင်လျှင် အမျိုးသမီးတစ်ဦးက လက်သီးများကို တင်းတင်းဆုပ်ပြီးမေးလာတယ် "ညီမလေး၊ ရေနည်းနည်းလောက်ပေးလို့ရမလား ၊ ငါတို့ရဲ့ခန္ဓာကိုယ်ကို မဆေးကြောရတာ ရက်အနည်းငယ်ကြာပြီ"

‎

‎

‎ဒါကိုကြားတော့ ကျိူးလီဇီက သဘောပေါက်သွားတယ်။ အမျိုးသမီးတစ်ယောက်အနေနဲ့ ကောင်းကောင်းမသန့်ရှင်းရတာက ဘယ်လောက်တောင်အဆင်မပြေဘူးဆိုတာကို သူမသိတယ်။ သူမတို့က ယဉ်ကျေးစွာနှင့် တောင်းဆိုလာတဲ့အတွက် သူမတို့ကို ကူညီဖို့ စိတ်၀င်စားတယ်။

‎

‎

‎မတ်တပ်ထရပ်ပြီး “ငါ့နောက်လိုက်ခဲ့” လို့ပြောလိုက်တယ်။

‎

‎

‎သူမတို့ကို ဘယ်ဆီ ခေါ်သွားမယ်မှန်းမသိတဲ့အတွက် အမျိုးသမီးက သူမနောက်ကို မလိုက်လာခင် ခဏလောက် တုံ့ဆိုင်းသွားတယ်။ အမျိုးသမီးကလိုက်သွားတာကိုမြင်တော့ မှ ကျန်တဲ့အဖွဲ့တွေလည်း လိုက်သွားတယ်။

‎

‎

‎ကျိူးလီဇီက သူတို့ကို ဝိန့် ညီအစ်ကိုတွေဆီကို ခေါ်သွားတယ်။ သူတို့ရှေ့မှာ မတ်တပ်ရပ်ပြီး “အစ်ကိုဝိန့်မို၊ အနံ လေးမီတာ အလျားနဲ့ တစ်မီတာခွဲ အနက်ရှိတဲ့ ရေချိုးကန်ကို ကူလုပ်ပေးနိုင်မလား” လို့ မေးလိုက်တယ်။

‎

‎

‎ဝိန့်မိုကထိုစကားကိုကြားသောအခါတွင် မတ်တပ်ထရပ်ပြီး ခေါင်းညိတ်ကာ "ကောင်းပြီ" ဟုပြန်ဖြေတယ်။

‎

‎

‎သူ့အစ်ကိုကို တွန်းလိုက်ပြီး “အစ်ကို၊ သတ္တုနည်းနည်း ပေးပါ” လို့ ပြောလိုက်တယ်။

‎

‎

‎ဝိန့်ခိုင်က သူ့ညီ‌ကြောင့်နိုးလာတော့ အမျိုးသမီးတစ်စုက သူ့ကို စောင့်ကြည့်နေတာကို တွေ့လိုက်ရတယ်။ သူမတို့ရဲ့ အကြည့်တွေကြောင့် လန့်ဖျပ်သွားပြီး ချက်ချင်းကို အိပ်ယာကထလာတယ်။ သူ့ညီရဲ့ ရှင်းပြချက်ကို ကြားပြီးနောက်မှ သူ အိပ်ရာထပ်မဝင်ခင်မှာ သတ္တုအလုံးကြီးတစ်ခုကို ဖန်တီး ပေးခဲ့ပါတယ်။

‎

‎

‎

‎ဝိန့်မိုက အမျိုးသမီးအုပ်စုကို တစ်ချက်ကြည့်လိုက်ပြီး လက်ကိုဝှေ့ယမ်းကာ သတ္တုများကို ရေချိုးကန်ကဲ့သို့ စတင်ပုံဖော်လိုက်တယ်။ ငါးမိနစ်လောက်ကြာတော့ ရေချိုးခန်းထဲက ရေချိုးကန်နဲ့ ဆင်တူတဲ့ ရေချိုးကန်ကြီး ပေါ်လာတယ်။

‎

‎

သူမတို့ရဲ့‎သီးသန့်လုံခြုံရေးကို ထည့်သွင်းစဉ်းစားကာ ရေချိုးကန်ကို နံရံမှာကပ်ပြီး ကျန်နေတဲ့ သတ္တုတုံးကို အသုံးပြုလို့ သတ္တုကန့်လန့်ကာတစ်ခု ဖန်တီးလိုက်တယ်။ တံခါးအဖြစ် အပေါက်ငယ်လေးတစ်ခုကိုသာ ချန်ထားခဲ့ပါတယ်။

‎

‎

‎"ခယ်မ ပြီးသွားပြီ။ တံခါးကိုကာဖို့အတွက် အဝတ် ဒါမှမဟုတ် အထည်တွေ သုံးလို့ရတယ်" လို့ ပြုံးပြီး ပြောလိုက်တယ်။

‎

‎

‎ကျိူးလီဇီက သူရဲ့စဉ်းစားတွေးခေါ်မှုကြောင့် ကျေနပ်သွားခဲ့ပြီး သူ့ကို ဆုချီးမြှင့်ရန် ဆုံးဖြတ်လိုက်တယ်။ သူမရဲ့ အိတ်ကပ်ထဲက ချောကလက်တစ်တုံးကို ထုတ်ယူပြီး "ကျေးဇူးတင်ပါတယ်" လို့ ပြောရင်း သူ့ဆီ ပေးလိုက်တယ်။

‎

‎

‎ဝိန့်မိုက ချောကလက်ကို လက်ခံလိုက်ပြီး ဝမ်းသာအားရ ထွက်သွားတယ်။

All Chapters