အခန်း (၉၈)
Vol. 7 Ch. 98
အမျိုးသမီးတွေကတော့ ချောကလက်ကိုတွေ့တဲ့အခါ ခက်ခက်ခဲခဲ တံတွေး မျိုချကြတယ်။ ဒါပေမဲ့ ချောကလက်က ရေချိုးကန်အတွက် ပေးရတဲ့ငွေဆိုတာကို သူမတို့ကသိထားတာမို့ ဘယ်သူကမှ စကားမပြောကြဘူး။
ကျိူးလီဇီက သူမတို့ရဲ့ အပြုအမူကို သတိထားမိပြီး ပြုံးလိုက်သည်။ ဒီအမျိုးသမီးအုပ်စုက တခြားသူတွေထက် ဉာဏ်ပိုကောင်းတယ်။
သတ္တုအကာရဲ့အနောက်သို့သွားပြီးနောက်တွင် သူမက လက်ကိုမြှောက်ကာ ရေဘောလုံးများစွာကို ဖန်တီးခဲ့သည်။ သူမရဲ့ ကန့်သတ်ချက်ကို စမ်းသပ်ချင်သောကြောင့် ရေကို ရက်ရောစွာ ပေးလိုက်သည်။ သူမက ရေနွေးပူပူကိုပင် ဖြည့်ပေးလိုက်တယ်။
ရေဘောလုံးကို တစ်လုံးပြီးတစ်လုံးဖန်တီးပြီးနောက် ရေချိုးကန်ကြီးထဲမှာ အပြည့်ဖြည့်လိုက်တာကို အမျိုးသမီးတွေက မြင်တဲ့အခါ အံ့သြသွားကြတယ်။ သူမကို ရက်စက်ပြီး အကျင့်စရိုက်ဆိုးသူလို့ သူမတို့ကထင်ခဲ့ကြတယ်။ မထင်မှတ်ထားလောက်အောင်ကို သူမက အလွန်ရက်ရောသည်။
သူမ(ကျိူး)ပြောဖူးတဲ့ စကားတွေက အခြားအဓိပ္ပါယ်တစ်ခု သက်ရောက်နေပုံရတယ်။ အဲဒါကို တွေးကြည့်တဲ့အခါမှ သူမ(ကျိူး)ရဲ့ စကားလုံးတွေက ကြမ်းတမ်းနေရင်တောင် အဓိပ္ပာယ်ရှိနေတာကို သတိထားမိလိုက်တယ်။
ထိုအမျိူးသမီးက သူမ(ကျိူး)အား မုန်းတီးစွာ စိုက်ကြည့်နေတာကို မြင်လျှင်တောင် သူမက မသတ်ခဲ့ဘူး။ အဲဒီအစား သူမက အသက်ရှင်နေထိုင်ရန်နှင့် သန်မာရန်အတွက် အကြောင်းပြချက်တစ်ခုပေးခဲ့သည်။
နိဂုံးချုပ်သွားသောအခါတွင်မှ အမျိုးသမီးတစ်ဦးက ရုတ်တရက်ပြောလာတယ် "အစ်မ၊ ကျေးဇူးအများကြီးတင်ပါတယ်"
ကျိူးလီဇီက သူမကို ရေအတွက် ကျေးဇူးတင်တယ်လို့ ထင်ပြီး "ကိစ္စမရှိပါဘူး၊ မင်းတို့မှာ ဆပ်ပြာ ဒါမှမဟုတ် ခေါင်းလျှော်ရည်ရှိလား။ အဲဒီအညစ်အကြေးတွေ၊ သွေးမည်းတွေနဲ့ ပုပ်နေတဲ့ အသားတွေကို ဆပ်ပြာနဲ့ ဆေးကြောသင့်တယ်" လို့ ကျိူးလီဇီက ပေါ့ပေါ့ပါးပါးပဲ့ ပြန်ပြောခဲ့ပါတယ်။
ဒါကိုကြားတော့ သူမတို့က ခေါင်းယမ်းတယ်။ အစားအသောက်၊ ရေ၊ ဆေးဝါးတွေပဲ သယ်ဖို့ စိတ်ကူးထားခဲ့တယ်။ ဒါကြောင့် ခေါင်းလျှော်ဖို့နေနေသာသာ သူမတို့မှာ ဆပ်ပြာတောင်မပါလာခဲ့ဘူး။
ဒါကိုမြင်တော့ ကျိူးလီဇီက "ငါမှာ ရှိတယ်။ ဒီမှာ ခဏစောင့်"
သူမ ထွက်သွားပြီးနောက်တွင် အမျိုးသမီးများက ရေကိုစစ်ဆေးရန် သွားခဲ့ကြပြီး ရေစိမ်ရန်အတွက် ရေရဲ့အပူချိန်မှာ ပူနေမှန်း သိလိုက်ကြသည်။
သိပ်မကြာခင်မှာပဲ ကျိူးလီဇီက အင်တုံတွေ၊ ခေါင်းလျှော်ရည်၊ ဆပ်ပြာတုံးတွေ၊ မျက်နှာသုတ်ပုဝါတွေ အများကြီးနဲ့ ပြန်လာခဲ့တယ်။
အမျိုးသမီးတွေရဲ့လက်ထဲကို ပစ္စည်းတွေအားလုံးအပ်လိုက်ပြီး “အင်တုံတွေကို စစ်သားတွေဆီက ငှားထားလို့ နောက်ကြ ပြန်ပေးရမယ်။ မျက်နှာသုတ်ပုဝါတွေကိုတော့ ယူသွား ဒါမှမဟုတ်လည်း ငါ့ဆီ ပြန်လာပေးလို့ရတယ်” လို့ ပြောလိုက်တယ်။
"ကျေးဇူးတင်ပါတယ် အစ်မ"
ကျိူးလီဇီက ခေါင်းညိတ်ပြီး "သွားပြီးဆေးကြောလိုက် ငါ အပြင်မှာ စောင့်နေပေးမယ်"
ကျိူးလီဇီသည် ထွက်လာပြီးတဲ့နောက်မှာပဲ့ ဧရိယာတစ်ဝိုက်တွင် ချောင်းမြောင်းပြီး ရယ်မောနေကြသော အမျိုးသားအများအပြားကို သတိပြုမိလိုက်တယ်။ ကမ္ဘာပျက်ကပ်တွင်တော့ လူတွေက သူတို့ရဲ့သဘောသဘာဝများကို တစ်ခုပြီးတစ်ခု ဖော်ထုတ်လာခဲ့တယ်။
ပတ်၀န်းကျင်မှာက စစ်သားတွေ ရှိနေတုန်းပဲ့ ဒါတောင်မှ ဒီလူတွေရဲ့ အတွေးတွေက ကောက်နေပြီ။ စစ်သားတွေသာမရှိရင် သူတို့ဘယ်လိုပြုမူကြမယ်ဆိုတာကို သူမ တွေးကြည့်နိုင်ပါတယ်။
သူမကအပြင်မှာ မတ်တပ်ရပ်နေတော့ အမျိုးသမီးတွေက စိတ်ပူစရာမလိုဘဲ ရေချိုးနိုင်တယ်။ ရေကန်ထဲမှာ ရေစိမ်တာက ရေအများကြီးသုံးရတာမို့ အလဟဿဖြစ်မယ်လို့ ထင်ကြတဲ့အတွက် ဘယ်သူကမှ ရေကန်ထဲမှာ ရေမစိမ်ကြဘူး။
တစ်နာရီလောက်ကြာတော့ သူမတို့က လန်းလန်းဆန်းဆန်းနဲ့ထွက်လာကြတယ်။ သူမတို့သည် ညစ်ပတ်သောအဝတ်အစားများနှင့် သူတောင်းစားတွေလို ပုံမပေါ်တော့ပါ။
သူမတို့ထွက်လာကြပြီးနောက်တွင် ရှောင်ချီက ရောက်လာပြီး "မရီးရေချိုးလို့ရလား" ဆိုပြီးမေးလာတယ်။
ကျိူးလီဇီက ရေကိုအသုံးမပြုရင် ဖြုန်းတီးရာကျသည်ဟု ထင်တာကြောင့် သူမ ခေါင်းညိတ်ကာ "ရတယ်" လို့ပြန်ဖြေလိုက်တယ်။
သူမကသဘောတူပြီးတာနဲ့ ရှောင်ချီက သူ့ညီအစ်ကိုတွေကို အကြောင်းကြားခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ ကျင်းရွှီယန်း နှင့် ပိုင်ရီကျီးရဲ့အဖွဲ့အပါအဝင် စစ်သည်တစ်စုရောက်လာကြတယ်။
သူမကိုမြင်တော့ ကျင်းရွှီယန်းက လမ်းလျှောက်လာပြီး "အာ့ဇီ ကိုယ့်မှာ မျက်နှာသုတ်ပုဝါမရှိဘူး၊ မင်း ကိုယ့်ကိုငှား ပေးလို့ရမလား"
ကျိူးလီဇီသည် ကမ္ဘာပျက်ကပ်တွင် ငါးနှစ်ကြာနေထိုင်ခဲ့ပြီးနောက်တော့ အမျိုးသားများနှင့် မျက်နှာသုတ်ပုဝါများ မျှဝေရခြင်းအတွက် ရှက်ရွံ့ခြင်းမရှိတော့ပေ။ ထို့ကြောင့် သူမက ခေါင်းညိတ်ပြပြီး သန့်ရှင်းသော မျက်နှာသုတ်ပုဝါတစ်ထည်၊ တီရှပ်အနက်ရောင်နှင့် အမျိုးသားဝတ်အနက်ရောင် ဘောင်းဘီကို ပေးလိုက်တယ်။
ကျင်းရွှီယန်းက တီရှပ် နှင့် ဘောင်းဘီကို မြင်သောအခါတွင် သူက မျက်ခုံးပင့်ကာမေးလာတယ် "အာ့ဇီ ဒါကဘယ်သူ့အဝတ်အစားတွေလဲ"
"ဘယ်သူဟာမှ မဟုတ်ဘူး၊ အဲဒါတွေကို စက်ရုံက ယူလာတာ" လို့ ကျိူးလီဇီက စိတ်ရှုပ်ထွေးစွာဖြင့် ပြန်ပြောလိုက်သည်။
ဒါကိုကြားတော့ ကျင်းရွှီယန်းက ခေါင်းညိတ်ပြီး "အိုး... ကိုယ်မေ့သွားလို့" လို့ ပြုံးပြုံးလေး ပြောလာတယ်။
သူကတော့ ဒါကိုပြောပြီးတဲ့နောက်မှာတွင် စိတ်အခြေနေကောင်းမွန်စွာဖြင့် ရေချိုးဖို့သွားခဲ့ပြီး ကျိူးလီဇီကတော့ သူ့နောက်ကျောကို စိုက်ကြည့်ရင်း စကားမပြောဘဲကျန်နေခဲ့တယ်။
စစ်သားတွေကိုတော့ ဘယ်သူကမှ ကြည့်ဖို့မဝံ့ရဲကြတဲ့အတွက် သူမကမီးပုံနားကိုသာ ပြန်လာပြီး ရဲ့ စွမ်းအင်တွေကို ဆက်လက် ဖြန့်ကျက်ခဲ့ပါတယ်။
စွမ်းရည်အဆင့်ကို မြှင့်တင်ခြင်းသည် အမြုတေများကို စုပ်ယူခြင်း သို့မဟုတ် စွမ်းအင်များကို အဆက်မပြတ် စုပ်ယူခြင်းဖြင့်သာ မြှင့်တင်နိုင်တယ်လို့ အခြားသူများက ထင်မြင်နေကြသော်လည်း ဖြတ်ကျော်ရန် အခြားနည်းလမ်းတစ်ခု ရှိသေးတယ်။ အဲဒါက ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်များကို ထပ်ခါထပ်ခါ လည်ပတ်စေခြင်းပဲ့။
စွမ်းအင်များသည် သူမရဲ့သွေးပြန်ကြောများနှင့် meridian အမှတ်များမှတဆင့် ရွေ့လျားလာသည်နှင့်အမျှ ပိတ်ဆို့ခြင်းများကို ရှင်းလင်းစေပြီး စွမ်းအင်များကို ချောမွေ့စွာစီးဆင်းစေနိုင်သည်။
ဤသို့ပြုလုပ်ခြင်းဖြင့် သူမရဲ့အဆင့်သို့တိုးတက်မှုက အမြုတေများကိုစုပ်ယူခြင်းနှင့်နှိုင်းယှဉ်ပါရင် အနည်းငယ်သာသေးငယ်သော်လည်း တိုက်ပွဲအတွင်း၌ သူမရဲ့စွမ်းအင်ကိုအသုံးပြုရာတွင်တော့ သူမရဲ့အရှိန်ကိုတိုးစေသည်။ ဤနည်းအားဖြင့်ဆိုရင် သူမရဲ့ကျွမ်းကျင်မှုနှင့် အနိုင်ရရန် အခွင့်အလမ်းများတိုးလာစေသည်။
သူမက တရားထိုင်ခြင်းတွင် အလွန်စိတ်နစ်လွန်းနေသဖြင့် ကျင်းရွှီယန်း ပြန်ရောက်နေကာ သူမဘေးတွင် ထိုင်နေတာကိုလည်း သူမကသတိမထားမိလိုက်ဘူး။ သူက ခေါင်းကို လှည့်လာပြီး သူမကို စူးစူးစိုက်စိုက် စိုက်ကြည့်နေတယ်။
သူ့ရဲ့ အာ့ဇီကသာ သူ့ကို လက်ခံမယ်ဆိုတာ သူသိခဲ့ရင်၊ သူမကို ရှောင်ခြင်းအားဖြင့် သူ့အရင်ဘဝတုန်းက သူတို့ရဲ့ အချိန်တွေကို ဖြုန်းတီးနေမှာ မဟုတ်ပါဘူး။ ကံကောင်းထောက်မစွာနဲ့ပဲ့ ကောင်းကင်ဘုံမှာ မျက်လုံးများရှိပြီး သူမနှင့်အတူရှိရရန် နောက်ထပ်အခွင့်အရေးပေးခဲ့သည်။
သူရဲ့အာ့ဇီ ကို လုံလောက်စွာ ကြည့်ပြီးနောက်တော့ သူလည်း တင်ပျဉ်ခွေထိုင်ကာ သူရဲ့ စွမ်းအင်ကို ထိန်းညှိရန် စတင်ခဲ့သည်။
သူတို့နှစ်ယောက်က တရားထိုင်ရင်း အလုပ်များနေချိန်မှာ စစ်သားတွေကတော့ ရေချိုးပြီး အဝတ်အစားတွေတောင် လျှော်လိုက်ကြသေးတယ်။ နောက်ဆုံးတော့ သန့်ရှင်းသောအဝတ်အစားများနှင့် အတွင်းခံအ၀တ်အစားများကို ပြောင်းလဲဝတ်ဆင်ပြီးနောက်တော့ သူတို့သည်လည်း သူတောင်းစားများကဲ့သို့ မဟုတ်တော့ပေ။
ဤအခိုက်အတန့်တွင်တော့ သူတို့က ထူထဲသော အမျိူးသား ဖယ်ရိုမုန်းများကို ထုတ်လွှတ်နေကြတယ်။စိုစွတ်နေသောဆံပင်မှ ရေစက်များသည် သူတို့ရဲ့မေးရိုးများနှင့် လည်စေ့များဆီကို လှိမ့်ဆင်းသွားတယ်။ ပါးလွှာသော တီရှပ်များကိုသာ ၀တ်ဆင်ထားတာကြောင့် သူတို့ရဲ့တောင့်တင်းတဲ့ ကြွက်သားများ နှင့် ဝမ်းဗိုက်သားမျာကို လူတိုင်းက မှုန်ဝါးဝါး မြင်နိုင်သည်။
သူတို့နှင့် မနီးမဝေးက အမျိုးသမီးတစ်စုကတော့ သူတို့ရဲ့ ခန္ဓာကိုယ်များကို လောဘကြီးစွာ စိုက်ကြည့်နေကြတယ်။
စစ်သားများသည် သူမတို့ရဲ့ဆာလောင်နေသော အကြည့်များကို သတိပြုမိသောအခါတွင်တော့ ကျောရိုးများတစ်လျှောက် အေးစက်သွားသလို ခံစားလိုက်ရတယ်။ သူတို့ရဲ့သန့်ရှင်းမှုက အန္တရာယ်ရှိလာမည်ဟု ခံစားရသဖြင့် သူတို့ရဲ့ အင်္ကျီကို အမြန်ဆွဲကာ ဝတ်လိုက်သည်။
သူတို့အားလုံး ရေချိုးလို့ပြီးသွားတောင်မှ ရေချိုးကန်ထဲမှာ ရေကတစ်ဝက်လောက် ကျန်နေခဲ့သည်။ ဒီတစ်ကြိမ်မှာတော့ ကျန်တဲ့အမျိုးသမီးတွေက အလျင်အမြန်ဝင်သွားကြတယ်။ ပြီးမှသာ အမျိုးသားတွေဝင်ကြတယ်။