အခန်း (၉၉)
Vol. 7 Ch. 99
အားလုံး ရေချိုးပြီးတဲ့ အချိန်မှာတော့ လနီက ကောင်းကင်မှာ နေရာယူနေပြီ။
ဝိန့်မိုက သတ္တုအပိုင်းနှင့် ရေချိုးကန်ကို ဖြုတ်ချလိုက်တယ်။ သူသည် သတ္တုများဆီမှ ဓါးသွားတစ်သုတ်ကို တစ်နာရီကြာအောင် ပြုလုပ်ခဲ့တယ်။ ဤဓားမြှောင်များကို လင်းယုန်အဖွဲ့ဆီ ပေးအပ်မည်ဖြစ်သည်။
စစ်တပ်ကနေ အနားယူဖို့ ဆုံးဖြတ်ထားတာကြောင့် အနည်းဆုံးတော့ နောက်ဆုံးတစ်ကြိမ်လှူဒါန်းသင့်တယ်။ ဤဓါးများဖြင့်ဆိုရင် သူတို့ရဲဘော်ရဲဘက်များက ရှင်သန်ရန် အခွင့်အလမ်း ပိုများနိုင်လိမ့်မည်။
ညနက်လာတော့ စစ်သားများသည် အလှည့်ကျ အနားယူကြပြီး ကျင်းရွှီယန်း နှင့် ကျိူးလီဇီ နှစ်ဦးစလုံးကတော့ သူတို့ရဲ့ စွမ်းအင်ကိုထိန်းညှိကာ တစ်ညလုံး အနားယူနေကြတယ်။
ပထမဆုံးနေရောင်ခြည်က လမ်းကို လင်းထိန်သွားစေသောအခါတွင်မှ ကျိူးလီဇီက သူမရဲ့ မျက်လုံးများကို ဖွင့်လိုက်တယ်။ မတ်တပ်ထရပ်ပြီး ခန္ဓာကိုယ်ကို ဆန့်တန်းလိုက်တယ်။ လန်းဆန်းသွားပြီး သက်ပြင်းရှည်ကြီးမချခင် အသက်ပြင်းပြင်းရှူလိုက်တယ်။
သူမရဲ့ စွမ်းအင်ကို ထိန်းညှိပေးတဲ့ နောက်ထပ်ကောင်းတဲ့အချက်ကတော့ ပင်ပန်းနွမ်းနယ်မှုကို ဖယ်ရှားပေးနိုင်ခြင်းပါပဲ။
သူမက နှစ်နာရီကြာမျှ အိပ်ရုံဖြင့်ပင် ခန္ဓာကိုယ်ရဲ့ ဇီဝနာရီကို ချိန်ညှိရန် လိုအပ်သည်။ မဟုတ်ရင်တော့ နောက်ထပ်မိုးရွာပြီးတာနဲ့ ဒုက္ခရောက်လိမ့်မယ်။
လင်းယုန်အဖွဲ့က ယနေ့ရောက်ရှိလာမှာကိုသိကတည်းက ကျင်းရွှီယန်းက သူ့အဖွဲ့ကိုစက်ရုံရှင်းလင်းရန်အတွက် ခေါ်သွားရန် အစီအစဉ်မရှိခဲ့ပေ။
အဲဒီအစား သူက ကျန်းယွမ်ကိုရှာပြီး "ဒီနေ့တော့ အားလုံးက အနားယူလိုက်ကြ။ ကျန်တဲ့စက်ရုံတွေကို အာ့ဇီ နှင့် ငါကစစ်ဆေးလိုက်မယ်။ လင်းယုန်အဖွဲ့ရောက်လာရင် အဲဒီအရပ်သားတွေကို သူတို့လက်ထဲ အပ်လိုက်ရုံပဲ"
ကျန်းယွမ်က ခေါင်းညိတ်ပြပြီးမှ မေးလာတယ် "ဗိုလ်ကြီး၊ လင်းယုန်အဖွဲ့ကို ငါတို့ရိက္ခာတချို့ပေးသင့်လား၊ နောက်ဆုံးတော့လည်း ဒီလူတွေက သူတို့တပ်ရင်းကိုရောက်တဲ့အထိ စားဖို့ လိုသေးတယ်"
ကျင်းရွှီယန်းက ခေါင်းညိတ်ပြီး "ငါတို့ရဲ့ အနာဂတ်မှာ ထောက်ပံ့မှုတွေ ပိုရနိုင်တော့မှာမို့ လင်းယုန်အဖွဲ့မှာ မလုံလောက်ရင်တော့ သူတို့ကို အပိုပေးလိုက်"
သူ့စကားကိုကြားတော့ ကျန်းယွမ်က ခေါင်းညိတ်ပြီး "နားလည်ပြီ" ဟု ပြန်ဖြေသည်။
"အာ့ဇီ နှင့် ငါက ခဏထွက်သွားမယ်။ မနက်စာစားဖို့အတွက်တော့ မင်းရယ် ၊ လူအိုချင် နှင့် ယွီရှန်းတို့နဲ့အတူ ဆုံးဖြတ်နိုင်တယ်။ အဲဒီလူတွေကို ထိန်းချုပ်ထားဖို့ သေချာအောင်လုပ်ပါ" လို့ ကျင်းရွှီယန်းက ဆက်ပြောပါတယ်။
"ဟုတ်ကဲ့ ဗိုလ်ကြီး"
သူ့ ညွှန်ကြားချက်တွေ ပြီးသွားတဲ့အချိန်မှာပဲ့
ကျိူးလီဇီက သူမရဲ့ ကားထဲကနေထွက်လာခဲ့ပါတယ်။သူမသည် အစောပိုင်းတုန်းက လက်ဆေးရန်နှင့် အိမ်သာသုံးရန် သူမရဲ့နေရာသို့ ဝင်သွားခဲ့တယ်။
ကျင်းရွှီယန်း ချဉ်းကပ်လာတာကိုမြင်တော့ သူမက "ဘာမှားနေလို့လဲ"လို့မေးလိုက်တယ်။
"အာ့ဇီ ဒီနေ့တော့ မင်းနဲ့ကိုယ်နှစ်ယောက်ပဲ့ စက်ရုံတွေသွားမယ်" လို့ ကျင်းရွှီယန်းက ပြုံးပြီးပြောလာတယ်။
ဒါကိုကြားတော့ ကျိူးလီဇီက ခေါင်းညိတ်ပြီး "ကိစ္စမရှိပါဘူး အစ်ကိုယန်း အခုသွားရလား ၊ဒါမှမဟုတ် မနက်စာ အရင်စားချင်တာလား"
"ကိုယ်တို့အရင်စားသင့်တယ်"
"ကောင်းပြီ"
လူတွေရဲ့အမြင်မှရှောင်ရန်အတွက် နှစ်ယောက်သားက ကားထဲသို့ ဝင်သွားကြတယ်။ သူတို့က အနောက်ခန်းမှာထိုင်လိုက်ပြီး ကျိူးလီဇီက အသင့်စားခေါက်ဆွဲခြောက်နှစ်ခွက်၊ ပေါင်မုန့်လုံးနှစ်လုံး၊ ငှက်ပျောနို့ပုံးနှစ်ပုံး၊ ကြက်ဥနှစ်လုံးနဲ့ ဝက်အူချောင်းနှစ်ချောင်းကို ထုတ်ယူလိုက်တယ်။
ဒါကိုမြင်တော့ ကျင်းရွှီယန်းက သူမကို ခေါက်ဆွဲခြောက်တွေ ပြင်ဆင်ပေးပြီး ကြက်ဥကို ဖောက်ဖို့ကူညီပေးခဲ့တယ်။ထို့နောက်တော့ ကျိူးလီဇီက ခွက်များကို ရေနွေးဖြင့်ဖြည့်လိုက်တယ်။ သူတို့က အချိန်စေ့ဖို့ စောင့်နေတုန်းတော့ မုန့်စားပြီး နို့သောက်တယ်။
ကျင်းရွှီယန်းက သူမကို ခဏလောက်ကြည့်နေပြီးမှ "အာ့ဇီ မင်းရဲ့နေရာက ဘယ်လောက်ကြီးလဲ"လို့မေးလာတယ်။
သူမရဲ့သိုလှောင်နိုင်သည့် ပမာဏကများပြားသောကြောင့် သူအနေနဲ့ နေရာလွတ်ကို သံသယဖြစ်နေကြောင်းကို သိလိုက်ရသည်။ သူမက အစာမျိုချပြီးနောက်မှ “ဒါက ဘောလုံးကွင်းရဲ့ တစ်ဝက်လောက်ဖြစ်မယ်” လို့ ပြန်ဖြေတယ်။
ဒါကိုကြားတော့ ကျင်းရွှီယန်းက မျက်ခုံးပင့်လိုက်တယ်။ ဖုန်းယွင်ရဲ့နေရာလွတ်က သာမန်သဘောတရားကို ဖီဆန်နေပြီဟု သူထင်ခဲ့သော်လည်း သူရဲ့အာ့ဇီက ပို၍ပင် အားကောင်းနေမည်ဟု သူဘယ်သောအခါမှ မမျှော်လင့်ခဲ့ပေ။
"မင်းရဲ့ နေရာလွတ်ထဲမှာရှိတဲ့ ဒီပစ္စည်းတွေနဲ့ ဘာလုပ်ဖို့ စီစဉ်ထားလဲ" လို့ သူကထပ်မေးတယ်။
ဒီတစ်ခါမှာတော့ ကျိူးလီဇီက ချက်ချင်းပြန်မဖြေဘူး။ ခဏ လောက်တိတ်ဆိတ်သွားပြီးနောက်မှ သူမက "အစ်ကိုယန်း ဒီမြို့က သုံးလအတွင်းမှာ ကျဆုံးသွားမယ်ဆိုတာကို မင်းသိတယ်မဟုတ်လား"
"ကိုယ်သိတယ်"
ကျိူးလီဇီက ခေါင်းညိတ်ပြီး ဆက်ပြောတယ် "ငါတို့ရဲ့ အရင်ဘဝတုန်းကဆို မြို့သေဇုန်အဖြစ်ပြောင်းသွားတော့ ကျန်ရစ်ခဲ့တဲ့ ရိက္ခာတွေက အလဟသဖြစ်သွားတယ်။ စခန်းတော်တော်များများက ရိက္ခာတွေကိုပြန်ယူဖို့ လူတွေကိုလွှတ်လိုက်ရင်တောင် အသေအပျောက်နှုန်းအကြီးကြီးရယ် လက်ဗလာနဲ့ပဲ့ပြန်လာကြတယ် နဲ့ ဒီလိုမှမဟုတ်ရင်လည်း လုံးဝပြန်မလာဘူးတော့"
"ဒီလူတွေကို ဖုတ်ကောင်တွေဖြစ်မလာအောင်က တားဆီးဖို့ ငါတို့မှာ နည်းလမ်းမရှိတာကြောင့်၊ တတ်နိုင်သမျှတော့ ရိက္ခာတွေကို စုဆောင်းဖို့ စီစဉ်ထားပါတယ်။ ရိက္ခာတွေသာ လက်ထဲမှာ ရှိနေရင်တော့ အနာဂတ်မှာ သူတို့နဲ့ဘာလုပ်ရမလဲဆိုတာကို ဆုံးဖြတ်နိုင်မှာပါ"
"မင်းသာ အခြေစိုက်စခန်းဆောက်ချင်ရင် မင်းအတွက် အားလုံးကို ငါလှူမယ်။ မင်းကကြေးစားအဖွဲ့ ဖြစ်ဖို့ ဆုံးဖြတ်ရင်တော့ ငါတို့က အစိုးရအခြေစိုက်စခန်းကို ရိက္ခာတွေ လျှော့ဈေးနဲ့ ရောင်းနိုင်တယ်"
"မင်းဆီကပစ္စည်းတွေကိုဝယ်ဖို့ သူတို့မှာ အမြုတေတွေမရှိရင် ဘယ်လိုလုပ်မလဲ" ကျင်းရွှီယန်းက စိတ်ဝင်တစား မေးသည်။
"အခြေစိုက်စခန်းက ဝယ်ဖို့မတတ်နိုင်ရင်၊ ငါတို့က စျေးတစ်ခု ထူထောင်ပြီး သာမာန်လူတွေ ဒါမှမဟုတ် စွမ်းရည်ရှိတဲ့ သူတွေကို လျှော့စျေးနဲ့ တိုက်ရိုက်ရောင်းပေးမယ်။ ဘာပဲဖြစ်ဖြစ် ငါ့ရဲ့နေရာက သိုလှောင်မှုသက်တမ်းကို ပိုရှည်စေနိုင်တယ်။ သူတို့ကို ဖြည်းဖြည်းချင်းရောင်းနိုင်တယ်" ဟု ကျိူးလီဇီက ပြန်ပြောသည်။
ခဏလောက်စဉ်းစားပြီးနောက် ကျင်းရွှီယန်းက "ဒါကြောင့် မင်းက ပစ္စည်းတွေ ချန်မထားခဲ့တာလား" လို့မေးလာတယ်။
ကျိူးလီဇီက ပခုံးတွန့်ပြီး ပေါ့ပေါ့ပါးပါးပဲ့ ပြန်ဖြေလိုက်တယ် "အင်းး ဒီပစ္စည်းတွေအများစုကတော့ ပုပ်သွားမှာပဲ့ ဒီလူအများစုက ပြန်ယူဖို့တောင် မဝံ့ရဲကြတော့ဘူး။ ငါတို့ကချန်ထားခဲ့ရင်လည်း ယူမယ့်သူ ရှိမရှိကို ဘယ်သူကမှ တကယ်သိမှာ မဟုတ်ဘူး"
"အစ်ကိုယန်း ငါက လောဘကြီးပြီး တစ်ကိုယ်ကောင်းဆန်တယ်လို့ မင်းထင်ကောင်းထင်နိုင်ပေမယ့် ရိုးရိုးသားသားပြောရရင် ဒီစက်ရုံခရိုင်မှာ ငါလိုချင်တာက မျိုးစေ့တွေပဲ၊ ကျန်တာတွေကတော့ ငါတကယ် မလိုအပ်ဘူး။ မင်းက စစ်သားတွေကို အားလုံးပေးချင်တယ်ဆိုရင်တောင် ငါကကန့်ကွက်စရာမရှိပါဘူး"
သူမရဲ့စကားကိုကြားတော့ ကျင်းရွှီယန်းက ရယ်မောသွားတယ်။ သူက သူမရဲ့ခေါင်းကို ညင်သာစွာ ပွတ်သပ်ပေးပြီး "မင်းက လောဘကြီးတာ၊ တစ်ကိုယ်ကောင်းဆန်တာမဟုတ်ဘူးဆိုတာ ကိုယါသိတယ်။ အပြင်က အရာအားလုံးကို လိုချင်နေရင်တောင် ကိုယ်စိတ်ထဲမထားဘူး။ မင်းအသက်ရှည်ရှည်နေနိုင်သရွေ့ အဆင်ပြေတယ်"
' မင်းသာ တကယ် လောဘကြီးပြီး တစ်ကိုယ်ကောင်းဆန်သူဆိုရင်တော့ အဲဒီအမျိုးသမီးကို အရာအားလုံး ပေးကမ်းပြီး နောက်ဆုံးမှာ မင်းအသက်ဆုံးရှုံးမှာတောင် မဟုတ်ဘူး' လို့ သူ့ အတွင်းစိတ်ထဲက တွေးလိုက်တယ်။
ကျိူးလီဇီကတော့ သူ့အတွေးကို သတိမထားမိဘဲ "အစ်ကိုယန်း ခေါက်ဆွဲအဆင်သင့်ဖြစ်ပြီ၊ မြန်မြန်စားပြီးရင်သွားရအောင်"
ကျင်းရွှီယန်းက အဖြစ်မှန်ကို ပြန်မပြောဘဲ ခေါင်းညိတ်လိုက်တယ်။