← Chapters

အခန်း (၁၀၀)

Vol. 7 Ch. 100

အခန်း (၁၀၀)

Vol. 7 Ch. 100

‎

‎သူတို့စားလို့ပြီးတဲ့အခါမှာတော့ ကျင်းရွှီယန်းက

‎ ချင်လူဇီကိုသွားရှာပြီး "အဘိုးကြီးချင် ၊ ဒီနေ့တော့ လူတိုင်းအတွက် အဆာပြေစားစရာတွေ များများလုပ်ရအောင်။ ငါတို့မှာ ဂျုံမှုန့်နဲ့ ဆန်တွေ အများကြီးရှိတယ်၊ အဲဒါတွေပဲ သုံးလိုက်"

‎

‎

‎အရပ်သားများက ရက်အတော်ကြာအောင် ဗိုက်ဆာနေရပြီး အစာမာစားတာထက် အပျော့ကိုအရင်စားတာကကောင်းမှန်းသိသဖြင့် ချင်လူဇီက "သူတို့အတွက် ကြက်ဥနဲ့ ဖက်ထုပ်တွေကို ငါပြင်ဆင်လိုက်မယ်" လို့ပြောလိုက်တယ်။

‎

‎

‎"ငါတို့မှာ ဝက်အူချောင်းတွေလည်းရှိတယ်မလား ၊ နည်းနည်းကြော်ပြီး ပန်းကန်ထဲထည့်လိုက်" ကျင်းရွှီယန်းက ဆက်ပြောသည်။

‎

‎

‎ဒါကိုကြားတော့ ချင်းလူဇီက မျက်ခုံးပင့်လိုက်ပြီး "ဗိုလ်ကြီး၊ ဒီနေ့ မင်းဘာလို့ ဒီလောက် ရက်ရောနေတာလဲ " လို့ မေးလိုက်တယ်။

‎

‎

‎"လင်းယုန်အဖွဲ့ရောက်လာတဲ့အခါကြရင် အဲဒီလူတွေက သူတို့နဲ့အတူ ထွက်သွားရလိမ့်မယ်။ လမ်းလျှောက်ဖို့ ခွန်အားတောင်မရှိရင် ဖုတ်ကောင်တွေနဲ့တွေ့ရင် ဘယ်လိုတိုက်ခိုက်ကြမလဲ"

‎

‎

‎"သူတို့ကို ဗိုက်မပြည့်မချင်း ကျွေးပြီး မထွက်သွားခင် တစ်ပတ်လောက်ကြာအောင်အထိ လုံလောက်တဲ့ ရိက္ခာတွေ ပေးလိုက်။ ငါတို့ကနောက်မှ ထပ်ရှာလို့ရတယ်" လို့ ကျင်းရွှီယန်းက ပြောလိုက်တယ်။

‎

‎

‎"နားလည်ပြီ" ချင်လူဇီ ခေါင်းညိတ်သည်။

‎

‎

‎ညွှန်ကြားချက်တွေပေးပြီးနောက်တော့ ကျင်းရွှီယန်းက သူ့ရဲ့ကျောပိုးအိတ်ကိုထမ်းပြီး ကျိူးလီဇီရဲ့ ကားပေါ်သို့ တက်လာခဲ့တယ်။ သူတို့နှစ်ဦးက မျိုးစေ့စက်ရုံဆီသို့ မောင်းထွက်သွားကြသည်။

‎

‎

‎သူတို့က ကားမောင်းရင်း အိမ်မွေးတိရစ္ဆာန်ထုတ်ကုန် စက်ရုံကိုဖြတ်သွားခဲ့တယ်။ အနာဂတ်ရဲ့ အကန့်အသတ်ရှိသော ရေအရင်းအမြစ်များကို တွေးတောရင်း ကျိူးလီဇီက

‎ "အစ်ကိုယန်း အိမ်မွေးတိရစ္ဆာန်ထုတ်ကုန်စက်ရုံမှာ အရင်ရပ်လိုက်ရအောင်" လို့ပြောလိုက်တယ်။

‎

‎

‎"အဲဒီကနေ တစ်ခုခုလိုသေးလား" ကျင်းရွှီယန်းက ကားကို ဦးတည်ချက်ပြောင်းရင်း မေးသည်။

‎

‎

‎"ကြောင်သဲကိုယူဖို့ ငါစီစဉ်ထားတယ်။ ရေမရှိရင်တော့ အနာဂတ်မှာ တစ်ကိုယ်ရေသန့်ရှင်းရေးက ပြဿနာဖြစ်လာလိမ့်မယ်။ ကြောင်သဲတွေကို သုံးတာက သန့်ရှင်းမှုနဲ့ အညစ်အကြေးတွေကို ထိန်းချုပ်ဖို့ ကူညီပေးလိမ့်မယ်"

‎

‎

‎

‎ဒါကိုကြားတော့ ကျင်းရွှီယန်းက ခေါင်းညိတ်ပြီး "ဒါဆို ငါတို့ ပိုယူရမှာပေါ့" လို့ ပြန်ဖြေတယ်။

‎

‎

‎ကားမောင်းပြီး ဆယ်မိနစ်လောက်ကြာတော့ စက်ရုံဝင်ပေါက်ကို ရောက်သွားတယ်။ ယခင်စက်ရုံကဲ့သို့ပင်၊ ဤစက်ရုံမှာလည်း ဖုတ်ကောင်များနှင့် ပြည့်နှက်နေသည်။

‎

‎

‎ကျိူးလီဇီက ကားထဲကထွက်လာပြီးတဲ့နောက်တွင် ကားကို သူမနေရာမှာ သိမ်းဆည်းလိုက်ပြီး "အစ်ကိုယန်း ငါတို့ ဖုတ်ကောင်တွေကို အရင်ရှင်းသင့်လား၊ ဒါမှမဟုတ် ခိုးဝင်လိုက်မလား"

‎

‎

‎"သူတို့ကိုရှင်းလိုက်ရအောင်။ သူတို့ကိုချန်ခဲ့မယ်ဆိုရင် ဆင့်ကဲတိုးတက်လာပြီးတာနဲ့ သူတို့ကဒုက္ခဖြစ်လာစေလိမ့်မယ်" ကျင်းရွှီယန်းက မဆိုင်းမတွပြောသည်။

‎

‎

‎သူမရဲ့ယခင်ဘဝတွင် လင်အန်းမြို့ရဲ့ S-အတန်းအစား အန္တရာယ်အဆင့်ကို တွေးတောရင်း ကျိူးလီဇီက ခေါင်းညိတ်လိုက်သည်။ သူပြောတာ မှန်တယ် ၊ခြိမ်းခြောက်မှု တွေကို တတ်နိုင်သမျှ ဖယ်ရှားတာ ပိုကောင်းပါတယ်။

‎

‎

လင်အန်းမြို့က ဤဘဝတွင်တော့ S အဆင့် ဖုတ်ကောင်မြို့ဖြစ်လာလိမ့်မည် ဟုတ်မဟုတ်ကို‎ ဘယ်သူကသိနိုင်မှာလဲ။

‎

‎

‎သဘောတူညီမှုတစ်ခုရပြီးနောက်‌ ကျင်းရွှီယန်းက လက် မြှောက်ပြီး ကျိူးလီဇီရဲ့သေးသွယ်သောခါးလေးကို လက်မောင်းနှင့်ပတ်ထားလိုက်တယ်။ သူမ မတုံ့ပြန်နိုင်ခင်မှာ ပဲ့ သူကဒူးကိုကွေးပြီး နံရံပေါ်ကို လှမ်းတက်ပြီးသားဖြစ်‌နေ ပြီ။

‎

‎

‎ဝိန့်ညီအစ်ကိုများ ဖန်တီးထားသည့် သတ္တုနံရံနှင့် မတူဘဲ စက်ရုံနံရံကတော့ ၁၅ စင်တီမီတာသာကျယ်သည်။ နံရံပေါ်မှာ ရပ်နေချိန်မှာတော့ ဟန်ချက်ထိန်းဖို့က ခက်တယ်။

‎

‎

‎ကံကောင်းထောက်မစွာပဲ သူတို့နှစ်ဦးလုံးဟာ ယခင်ဘဝက တိုက်ခိုက်နိုင်သူများဖြစ်ခဲ့ကြသည်။ သူတို့ရဲ့ ခန္ဓာကိုယ်ဟာ ဒီအချိန်မှာတော့ အရင်ဘဝကလို မသန်မာဘူးဆိုရင်တောင်မှ သူတို့ရဲ့ ဟန်ချက်ထိန်းပြီး နံရံပေါ်မှာ မှန်မှန်ရပ်တည်ဖို့ လောက်ကတော့ ပြဿနာမဟုတ်ပါဘူး။

‎

‎

‎ကျင်းရွှီယန်းက သူမကို မလွှတ်ဘဲ "အာ့ဇီ မင်းရဲ့ စွမ်းအင်က အကန့်အသတ်ရှိတယ်။ ကိုယ်ပဲ့ သတ်ပါရစေ၊ ပြီးတော့ မင်းက အမြုတေတွေကို ကောက်ယူဖို့ကို အာရုံစိုက်နိုင်တယ်" လို့ပြောလိုက်တယ်။

‎

‎

‎ကျိူးလီဇီက ထိုစကားကိုကြားသောအခါတွင် သူမရဲ့ မျက်ခုံးကိုပင့်လိုက်တယ်။ စွမ်းရည်အသုံးပြုသူများအတွက်တော့ အခြားသူများရဲ့ကာကွယ်ခံရခြင်းက အမြဲတမ်းကောင်းမွန်သောအရာမဟုတ်ပါ။ တိုက်ပွဲအတွေ့အကြုံ နည်းပါးခြင်းက တိုက်ပွဲအတွင်း၌ ကြမ်းတမ်းသော အခြေအ‌နေများတွေ့စေနိုင်တယ်။

‎

‎

‎'မတိုက်ခိုက်ဘဲနဲ့ဆိုရင် သူမရဲ့ စွမ်းအင်တွေကို ဘယ်လို ညှစ်ထုတ်ပြီး အဆင့် ဖြတ်ကျော်ဖို့ အခွင့်အလမ်း ရနိုင်ပါ့မလဲ'

‎

‎

‎သူမရဲ့စိတ်ထဲတွင် ထိုအတွေးများ ပြည့်နေသော်လည်း သူမက သူ့ကို ချိုသာစွာ ပြုံးပြပြီး "ကောင်းပြီ" လို့ပြန်ဖြေလိုက်တယ်။

‎

‎

‎

‎သူတို့နှစ်ယောက်လုံးမှာ ကိုယ်ပိုင်လျှို့ဝှက်ချက်တွေ ရှိကြတယ်။ သူမရဲ့နေရာအကြောင်း သူ့ကို ပြောပြထားပြီးသားဆိုတော့ သူ့ကတ်တွေထဲက တစ်ကတ်ကို သူမဆီပြလိုက်တာက လည်း သူ့အတွက် တရားမျှတပါတယ်။

‎

‎

‎ကျင်းရွှီယန်းသည် သူမရဲ့မျက်လုံးများထဲက တွက်ချက်နေသည့် အလင်းရောင်ကို သတိပြုမိသော်လည်း သူ ဂရုမစိုက်ပေ။ သူ့ကတော့ ဘာကိုမှ ဖုံးကွယ်ဖို့ မစီစဉ်ထားဘူး။ သူမ သိခဲ့လျှင်လည်း ထိုနည်းလည်းကောင်းပင်။

‎

‎

‎သူ့လက်ကို မြှောက်လိုက်သောအခါတွင်တော့ အနက်ရောင် မီးလုံးနှစ်လုံး ပေါ်လာသည်။ နီးကပ်သောအကွာအဝေးကြောင့် ကျိူးလီဇီသည် မီးလုံးများမှထွက်လာသော ကြောက်မက်ဖွယ်အပူကို ခံစားနိုင်တယ်။

‎

‎

‎သူမ အနီးကပ်ကြည့်လိုက်တော့မှ အနက်ရောင်မီးတောက်တွေဟာ တကယ်တော့ အပြာရောင်မီးတောက်တွေဆိုတာကို သူမသတိပြုမိလိုက်တယ်။ ဒါပေမယ့် အပြာရောင်မီးတောက်ကို ဖုံးအုပ်ထားတဲ့ အနက်ရောင် မီးတောက်တစ်ခု ရှိနေတယ်။

‎

‎

‎ မီးလုံးရဲ့အလယ်ဗဟိုက အနက်ရောင် အူတိုင်ကိုလည်း သတိပြုမိတယ်။ ဒါပေမယ့် သူမ အနီးကပ် မကြည့်ခင်မှာပဲ ကျင်းရွှီယန်းက အနက်ရောင် မီးလုံးတွေကို ဖုတ်ကောင်တွေဆီ ပစ်လွှတ်လိုက်လေပြီ။

‎

‎

‎" ဝှစ် ဘုန်းးး ဘုန်းးး "

‎

‎

‎မီးလုံးများဟာ ဖုတ်ကောင်များကို ထိမိသွားတာနှင် ပေါက်ကွဲသွားပြီး အနက်ရောင် မီးတောက်များက ဖုတ်ကောင်မျာကို ချက်ချင်း လောင်ကျွမ်းပစ်လိုက်တယ်။ နံရံမှာရပ်နေတဲ့ ကျိူးလီဇီဟာ သူမရဲ့အရေပြားတွေက ပူလောင်နေပြီး အရှင်လတ်လတ် အကင်ခံနေရသလို ခံစားရတယ်။

‎

‎

‎သူမရဲ့အရေပြားပေါ်တွင် အရည်ကြည်ဖုများ စတင်ဖြစ်ပေါ်လာတာကို သတိပြုမိတော့ ရေအကာအရံတစ်ခုကို အမြန်ဖန်တီးလိုက်တယ်။ ရေအကာအရံသည် သူမရဲ့ခန္ဓာကိုယ်ကို ဖုံးအုပ်ထားသော အမြှေးပါးတစ်ခုကဲ့သို့ဖြစ်နေသည်။

‎

‎

‎သူမရဲ့ ကိုယ်ကို ရေအကာအရံများဖြင့် ဖုံးအုပ်ထားခြင်းကြောင့် သူမသည် သူ့ပတ်ဝန်းကျင်ရှိ အပူချိန်ကို ထိန်းချုပ်နိုင်ပြီး အကင်ခံရခြင်းမှ လွတ်မြောက်ခဲ့တယ်။

‎

‎

‎ထိုအချိန်တွင် ကျင်းရွှီယန်းကတော့ ကျေနပ်အားရဖွယ် စွမ်းအင်စုပ်ယူမှုတွင် နစ်မွန်းသွားခဲ့ပြီး သူ့ဘေးနားရှိ မိန်းကလေးက သူ့ကို စူးစူးစိုက်စိုက်စိုက်ကြည့်နေတာကို သတိမထားမိလိုက်ပေ။

‎

‎

‎သူရဲ့အနက်ရောင်မီးတောက်များက ဖုတ်ကောင်များကို လောင်ကျွမ်းစေပြီး၊ အေးစက်သော စွမ်းအင်များက သူ့ခန္ဓာကိုယ်ထဲသို့ ဝင်လာပြီး နွေးထွေးသော စွမ်းအင်များအဖြစ် စီးဆင်းမသွားမီတွင် သူရဲ့ အမြုတေအတွင်းသို့ အရင်ဆုံးပြေးဝင်လာသည်။

‎

‎

‎နွေးထွေးသော စွမ်းအင်များက သူရဲ့meridians တစ်လျှောက် ဖြတ်သွားကာ သူရဲ့နဖူးပြင်အောက် ဧရိယာထဲသို့ ဝင်ရောက်သွားသည်။ သူ့ရဲ့ခန္ဓာကိုယ်ထဲသို့ စွမ်းအင်များ ပိုမိုစုပ်ယူလိုက်သည်နှင့်အမျှ သူရဲ့မူလက နက်မှောင်သော မျက်လုံးများသည် တဖြည်းဖြည်း နီရဲလာခဲ့တယ်။

‎

‎

‎သူ့ဘေးမှာရပ်နေတဲ့ ကျိူးလီဇီဟာ သူ့ခန္ဓာကိုယ်ထဲကို စွမ်းအင်လှိုင်းလုံးတွေ စိမ့်ဝင်နေသလို ခံစားလိုက်ရတယ်။ စွမ်းအင် အမျိုးအစားကို သူမ မသိသော်လည်း စွမ်းအင် ပမာဏ ကြီးမားလွန်းသဖြင့် သူ့ခေါင်းမှ မြူမှုန်များ ထွက်လာတာကို ဖျတ်ခနဲ မြင်လိုက်ရသည်။

‎

‎

‎'သူ့မှာ ငါနဲ့တူတဲ့ စုပ်ယူမှုစွမ်းရည်ရှိတာလား' သူမ သံသယစိတ်ဖြင့် တွေးလိုက်မိသည်။

‎

‎

‎သူမသည် အစုအဝေးနဲ့ရှိသော ဖုတ်ကောင်များက ယခုဆို ထက်ဝက်ခန့်လျော့ကျသွားတာကိုကြည့်ပြီး ခဏလောက် စဉ်းစားနေမိတယ်။ သူက ဖုတ်ကောင်များကို လောင်ကျွမ်းန်ိုင်ရင် ပိုသန်မာလာပုံပေါ်သောကြောင့် သူမက သူ့ကို ကူညီသင့်သည်။

‎

‎

‎ဤအတွေးဖြင့် သူမက ဒူးကိုကွေးကာ မီတာများစွာအကွာရှိ အစောင့်စခန်းဆီသို့ ခုန်ဆင်းသွားခဲ့သည်။ အိမ်ခေါင်မိုးပေါ် ရောက်သည်နှင့် သူမက လက်ကိုဝှေ့ယမ်းလိုက်ပြီး ရေဓါးနှစ်ချောင်းက သူမရဲ့ဘယ်ဘက်ရှိ လမ်းဆီသို့ ပျံသန်းသွားစေလိုက်တယ်။

‎

‎

‎"ဘုန်းးး"

All Chapters