← Chapters

အခန်း (၁၀၁)

Vol. 7 Ch. 101

အခန်း (၁၀၁)

Vol. 7 Ch. 101

‎ရေဓားသွားများ မြေပြင်ကိုထိသွားသည်နှင့် တိုက်မိရာမှ ကျယ်လောင်သော အသံတစ်ခု ပဲ့တင်ထပ်လာတယ်။ ကျိူးလီဇီရဲ့ နောက်ထပ်ဝှေ့ယမ်းနေသောလက်များက အက်ကွဲနေသောမြေပြင်မှ ဆန့်ကျင်ဘက်သို့ ရွေ့လျားသွားသည်။

‎

‎

‎" ဘုန်းး "

‎

‎

‎နောက်ထပ် ကျယ်လောင်သော အသံတစ်ခုထပ်ပေါ်လာတယ်။ အသံက တိတ်ဆိတ်သော နံနက်ခင်းတွင် ပဲ့တင်ထပ်သွားကာ အသံထွက် ပေါ်လာရာဆီသို့ ဖုတ်ကောင်များကို ပိုမိုဆွဲဆောင်ခဲ့သည်။

‎

‎

‎"ရားးး"

‎

‎

‎ဖုတ်ကောင်တွေရဲ့ဟိန်းဟောက်သံကို ကြားလိုက်တဲ့အခါမှာတော့ သူမရဲ့နှုတ်ခမ်းထောင့်က ကြွတက်လာတယ်။ သူမက နံရံပေါ်သို့ ပြန်ခုန်ဆင်းလာကာ နောက်ထပ်လာမည့် ဖုတ်ကောင်လှိုင်းများကို စောင့်ဆိုင်းနေလိုက်သည်။

‎

‎

‎ကျင်းရွှီယန်းက ခပ်ဖွဖွလေးရယ်ပြီး‎ "အာ့ဇီ ကိုယ့်မှာ အားတွေကုန်သွားမှာကို စိတ်မပူဘူးလား" မေးလိုက်တယ်။

‎

‎

‎သူ့စကားကိုကြားတော့ ကျိူးလီဇီက ပြုံးပြီးမေးတယ် "အစ်ကိုယန်း နာရီဝက်တောင် မခံနိုင်ဘူးလို့တော့ မပြောနဲ့ နော်"

‎

‎

‎ကျင်းရွှီယန်းက သူမရဲ့ မရေရာသောစကားလုံးများကို ကြားလိုက်သောအခါတွင် သူ့မျက်လုံးများက အန္တရာယ်ရှိစွာ တောက်ပသွားပြီး "အာ့ဇီ ယောက်ျားတွေကို နာရီဝက်တောင်မခံနိုင်ဘူးလို့ ဘယ်တော့မှမပြောပါနဲ့" လို့ပြောလိုက်တယ်။

‎

‎

‎သူစိတ်အနှောက်အယှက်ဖြစ်နေတာကို သတိထားမိတော့ ကျိူးလီဇီက ပြုံးပြီး ပေါ့ပေါ့ပါးပါးနဲ့ပြန်ပြောလိုက်တယ် "အင်း...အစ်ကိုယန်းက အဲဒီ့ထက် ပိုပြီးကြာကြာခံနိုင်မယ်လို့ ယုံကြည်ပါတယ်။ အဲဒါကြောင့် ဖုတ်ကောင်တွေကို ပိုဆွဲထုတ်ဖို့ကို သတ္တိရှိတာ"

‎

‎

‎ဒီတစ်ကြိမ်မှာတော့ ကျင်းရွှီယန်းက သူမကို ဘာမှပြန်မဖြေခဲ့ပါဘူး။ တစ်နေ့တွင်တော့ သူမှာ ကြာရှည်ခံနိုင်ရည် ရှိမရှိကို သူမအား သက်သေပြရလိမ့်မည်။ သူ့မကို ချုပ်နှောင်ထားတဲ့အခါကြရင်တော့ သနားဖို့အတွက်ကို သူအကတောင်းပန်သွားရလိမ့်မယ်။

‎

‎

‎အတွေးများက အဝါရောင်နေရာကို လှည့်သွားတော့ သူ့ရဲ့ကိုယ်အပူချိန်က တိုးလာတယ်။ ရုတ်တရက် ဖုတ်ကောင်များကို လောင်ကျွမ်းနေသော အနက်ရောင်မီးလျှံများက ပိုပို၍ ပူပြင်းတောက်လောင်လာခဲ့သည်။

‎

‎

‎ဖုတ်ကောင်လှိုင်းသစ်များ မရောက်လာမီတွင်ပဲ နံရံအနီးရှိ ကျန်ဖုတ်ကောင်များဟာ အနက်ရောင်ပြာများအဖြစ်သို့ ရောက်ရှိသွားခဲ့ပြီးဖြစ်သည်။

‎

‎

သူ့ခန္ဓာကိုယ်ထဲမှာ စွမ်းအင်တွေ စီးဆင်းနေတာကို ခံစားလိုက်ရတဲ့အခါ ကျင်းရွှီယန်းက လည်ပင်းကနေ မျိုသိပ်ထားတဲ့ ညည်းသံတစ်ခု ထွက်ကျလာပြီး နဖူးမှာ ချွေးပါးပါးလေး ဖုံးလွှမ်းသွားတယ်။

‎

‎

‎"ဟမ်းး"

‎

‎

‎ ကျိူးလီဇီသည် ထိုအသံကိုကြားတော့ သူမရဲ့ခေါင်းကို လှည့်ကာကြည့်လိုက်တာ သူ့ဆံပင်များက စိုစွတ်နေပြီး လည်စေ့က အထက်အောက်ရွေ့လျားနေတာကို တွေ့လိုက်ရတယ်။ သူ့မျက်နှာက နီမြန်းနေပြီး နာကျင်နေပုံရသော်လည်း ပျော်ရွင်နေသလိုပါပဲ့။

‎

‎

‎သူ့ရဲ့စွမ်းအင်တွေ အလွန်အကျွံ သုံးစွဲမိသွားမှာကို သူမက စိုးရိမ်ပြီး ဖုတ်ကောင်တွေကို ကူညီပြီးသတ်ရန်အတွက် ရေဓါးပေါင်းများစွာကို အမြန်ဆင့်ခေါ်လိုက်ပါတယ်။

‎

‎

‎မိနစ်သုံးဆယ်ကြာပြီးနောက်တွင်တော့ ဖုတ်ကောင်လှိုင်းလုံးများက ရပ်တန့်သွားခဲ့တယ်။ သူမက လက်သီးဆုပ်ကာ ရေဓားသွားများမှ စွမ်းအင်တွေကို ပြန်သိမ်းယူပြီး သက်ပြင်းကို ချလိုက်သည်။

‎

‎

‎ထိုအချိန်တွင် ကျင်းရွှီယန်းရဲ့မျက်နှာက ဖြူဖျော့လာပြီး သူ့ခန္ဓာကိုယ်က တုန်ယင်လာတယ်။ သူ လဲကျမသွားခင်မှာပဲ သူမရဲ့ခါးကို ကိုင်ဖို့ လက်ကိုဆန့်တန်းလိုက်တယ်။ အချိန်မဖြုန်းဘဲ နံရံပေါ်မှပြန်ဆင်းကာ ကြမ်းပြင်ပေါ်တွင် ထိုင်ချလိုက်တယ်။

‎

‎

‎သူမက နေရာလွတ်မှ ကန်ရေသုံးပုလင်းကို ထုတ်ကာ အဖုံးဖွင့်လို့ "အစ်ကိုယန်း ရေအရင်သောက်ပါ" လို့ပြောကာ သူ့ထံသို့ ရေတစ်ပုလင်းပေးလိုက်သည်။

‎

‎

‎ကျင်းရွှီယန်းသည် သူ့ခန္ဓာကိုယ်အတွင်း၌ စွမ်းအင်များ ပျံ့နှံ့နေသောကြောင့် နာကျင်မှုကို ခံစားရသော်လည်း သူနေကောင်းကြောင်း သေချာစေရန်အတွက် ရေကို သောက်နေဆဲဖြစ်သည်။ ရေသောက်ပြီးတာနဲ့ စွမ်းအင်တွေက တဖြည်းဖြည်း ငြိမ်သက်သွားသလို မထင်မှတ်ပဲခံစားလိုက်ရတယ်။

‎

‎

‎သူ့စိတ်ထဲက သံသယတွေနဲ့ပဲ့ ပုလင်းတစ်ခုလုံးကုန်အောင်သောက်လိုက်တယ်။ သူဘာမှမမေးနိုင်ခင်မှာပဲ ကျိူးလီဇီက သူ့အတွက် နောက်ထပ်ရေပုလင်း ထပ်ပေးလာပြီး သူမကိုယ်တိုင်လည်းသောက်လိုက်တယ်။‎

‎

‎ဒါကိုမြင်တော့ သူကလဲ နာခံမှုအပြည့်နဲ့ ရေကိုကုန်အောင်သောက်ပြီး ပုလင်းအလွတ်ကို သူ့မဆီ ပြန်ပေးလိုက်တယ်။

‎

‎

‎သူမရဲ့ စွမ်းအင်အချို့ ပြန်လည်ရရှိလာပြီးနောက်မှသာ ကျိူးလီဇီက သူ့ကိုမေးဖို့အချိန်ရတယ် "အကိုယန်း မင်းဘာဖြစ်နေတာလဲ"

‎

‎

ကျင်းရွှီယန်းက ‎နံရံကိုမှီ၍ထိုင်ကာ ပြုံးကာပြန်ဖြေတယ် ကိုယ်ဘာမှမဖြစ်ဘူး၊ စွမ်းအင်ကို လိုတာထက်ပိုသုံးမိတာပါ။ ခဏလေး အနားယူဖို့ပဲ့လိုတယ်"

‎

‎

‎ကျိူးလီဇီက သူ့ရဲ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ပြီး သူမရဲ့စွမ်းအင်တွေကို သူ့ခန္ဓာကိုယ်ထဲသို့ ပေးပို့လိုက်ပါတယ်။ ခဏအကြာတွင်တော့ သူက စွမ်းအင်အလွန်အကျွံသုံးရုံမျှသာဖြစ်ပြီး သူ့ခန္ဓာကိုယ်တွင် ဘာအမှားအယွင်းမှမရှိကြောင်း တွေ့ရှိလိုက်ရသဖြင့် စိတ်သက်သာရာရသွားခဲ့သည်။

‎

‎

‎“ဒါဆို အထဲကိုမဝင်ခင် အရင်ဆုံးပြန်ကောင်းလာတဲ့အထိ စောင့်ရအောင်” လို့ သူ့ဘေးမှာ ထိုင်ရင်း ပြောလိုက်တယ်။

‎

‎

‎

‎"ကောင်းပြီ"

‎

‎

‎ကျင်းရွှီယန်းက မျက်လုံးများကိုမှိတ်ထားပြီး စွမ်းအင်ကို ထိန်းညှိလိုက်တယ်။ ဖုတ်ကောင်များထံမှ စုပ်ယူလိုက်သော အအေးဓာတ်က သူရဲ့meridians ကို ပိတ်ဆို့ထားသည်။ အကယ်၍ သူသာ စွမ်းအင်ကိုမသန့်စင်ပါက သူရဲ့ သွေးပြန်ကြောများနှင့် meridians ကို ပျက်စီးသွားစေလိမ့်မည်။

‎

‎

‎သူ ဒါကို သိပ်ဂရုမစိုက်ဘူး။ ဘာလို့လဲဆိုရင် တတ်နိုင်သမျှ မြန်မြန်အဆင့်ဖြတ်ကျော်ချင်တာကြောင့် သူ့ခန္ဓာကိုယ်က ကိုင်တွယ်နိုင်တာထက်ကို ပိုပြီးစုပ်ယူခဲ့တယ်။

‎

‎

‎ကံကောင်းထောက်မစွာနဲ့ အာ့ဇီရဲ့ ရေအမျိုးအစားစွမ်းရည်ကလည်း အအေးဓာတ်ကို ထိန်းထားနိုင်သောကြောင့် သူ့အတွက်အထူးအဆင်ပြေတယ်။ ဒီလိုမှမဟုတ်ရင်တော့ သူ့အတ္တကြောင့် သူ့ကိုယ်သူ ထိခိုက်သွား အောင်လုပ်မိလိမ့်မယ်။

‎

‎

‎သူက စွမ်းအင်များသန့်စင်ရန် အလုပ်များနေချိန်တွင် ကျိူးလီဇီကတော့ အတွေးထဲတွင် ပျောက်ဆုံးသွားခဲ့သည်။

‎

‎

‎သူမရဲ့ယခင်ဘဝတွင် ကျင်းရွှီယန်းက သူရဲ့မစ်ရှင်တစ်ခုအတွင်း၌ ရူးသွပ်သွားသည့်အကြောင်းကို ကောလဟာလများကြားခဲ့ရပြီး ဖုတ်ကောင်များနှင့် သူရဲ့လူအားလုံးကို သတ်လုနီးပါးဖြစ်ခဲ့တယ်။ သူတို့ ပြန်ဆုံတဲ့အချိန်မှာတော့ သူက ဘာမှမဖြစ်ဘူးဆိုတာကို သူမကိုယ်တိုင် မြင်တွေ့ပြီးဖြစ်တဲ့အတွက် သတင်းစကားတွေကို အကြောင်းမဲ့ ကောလာဟလလို့ပဲ သဘောထားလိုက်တယ်။

‎

‎

‎ဒါပေမယ့် အခု သူ့ရဲ့အခြေအနေကို ကြည့်လိုက်တော့ ဒီသတင်းက အမှန်ဖြစ်နိုင်တယ်။ သူ့ရဲ့မီးအမျိုးအစားစွမ်းရည်က အစွမ်းထက်ပေမယ့် အဲဒီစွမ်းအားကို ဘယ်လို ရလာတာလဲ။

‎

‎

တစ်နာရီကြာပြီးနောက်တွင်မှ ‎ကျင်းရွှီယန်းက သူရဲ့မျက်လုံးများကို ဖွင့်ကြည့်လိုက်တော့ ကျိူးလီဇီက မုန့်လုံးတစ်လုံးစားနေတာကို တွေ့လိုက်ရတယ်။ သူမရဲ့ ကြီးမားသော အစာစားချင်စိတ်ကို သတိပြုမိသောအခါတွင် သူက မျက်ခုံးပင့်လိုက်မိသည်။

‎

‎

‎စွမ်းရည်အသုံးပြုသူများသည် သူတို့ရဲ့ စွမ်းအင်သုံးစွဲမှုကြောင့် သာမန်လူများထက် ဆာလောင်မှုကို ပိုမိုမြန်ဆန်စွာ ခံစားရနိုင်သော်လည်း ဒီလောက်ထိတော့ ဆာလောင်မှုကို မြန်မြန်ဆန်ဆန် မခံစားရပေ။

‎

‎

‎နောက်ဆုံးတော့ သူအနားယူပြီးသွားတာကို သတိပြုမိလိုက်တာကြောင့် ကျိူးလီဇီက ကျန်မုန့်များကို ပါးစပ်ထဲသို့အကုန်ထည့်လိုက်ပြီး ရေသန့်ဘူးတစ်ဝက်ကို သောက်လိုက်ကာ "အစ်ကိုယန်း ဘယ်လိုနေလဲ၊ ဗိုက်ဆာနေလား" ဟု မေးလိုက်တယ်။

‎

‎

‎"ကိုယ် အဆင်ပြေပါတယ်။ အခုပဲ အထဲကို ဝင်လို့ရပြီ" ကျင်းရွှီယန်းက ပြုံးပြီး ပြန်ပြောသည်။

‎

‎

‎"ကောင်းပြီ"

‎

‎

‎ဒီတစ်ခါမှာတော့ သူတို့ နှစ်ယောက်က လက်နက်တွေ ဆွဲထုတ်ပြီး ဂိုဒေါင်ထဲကို ၀င်သွားကြတယ်။ ဖုတ်ကောင်အများစုကိုတော့ သူတို့ကသတ်ပြီးသားဖြစ်လို့၊ အနည်းငယ်ကသာ လမ်းတလျှောက် လျှောက်သွားနေတာကြောင့် သူတို့က အလွယ်တကူ ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့တယ်။

‎

‎

‎ပထမဂိုဒေါင်သို့ ရောက်သောအခါမှာ သော့ခေတ်ထားတာကို ကျင်းရွှီယန်းက သတိပြုမိလိုက်သည်။ ဒါကိုမြင်တော့ သံမဏိတံခါးကို တွန်းချလိုက်တာ နောက်တော့ ဂိုဒေါင် အတွင်းထဲကနေ အော်ဟစ်သံကို ကြားလိုက်ရတယ်။

‎

‎

‎"အထဲမှာ လူတွေရှိပုံရတယ်" ဟု ကျိူးလီဇီက ပြောလိုက်တယ်။

‎

‎

‎ကျင်းရွှီယန်းက သူမကို ခေါင်းညိတ်ပြပြီး တံခါးခေါက်လိုက်တာ်။ ဒီတစ်ခါတော့ သူက "တံခါးဖွင့်ပါ။ ငါတို့က လူသားတွေ ဖုတ်ကောင်တွေ မဟုတ်ဘူး"

‎

‎

‎သိပ်မကြာခင်မှာပဲ တစ်စုံတစ်ယောက်က အော်ပြောလာတယ် "ထွက်သွား.. ငါတို့က တံခါးဖွင့်ပေးမှာမဟုတ်ဘူး" လို့ ပြန်ဖြေတာကို သူတို့ကြားလိုက်ရတယ်။

‎

All Chapters