← Chapters

အခန်း (၁၀၂)

Vol. 7 Ch. 102

အခန်း (၁၀၂)

Vol. 7 Ch. 102

‎

‎ကျင်းရွှီယန်းက မပြောခင် ခဏလောက် စဉ်းစားလိုက်ပြီးမှ "နေ့လည်ကြရင် စစ်သားတစ်စုက လာလိမ့်မယ်။ မင်းတို့ သူတို့နဲ့အတူလိုက်သွားချင်ရင် အထည်စက်ရုံကို သွားလိုက်။ အပြင်မှာရှိတဲ့ ဖုတ်ကောင်တွေကို ငါတို့ကရှင်းလိုက်ပြီးပြီ၊ မင်းတို့ အခုထွက်သွားလို့ရပြီ" လို့ပြောလိုက်တယ်။

‎

‎

ပြောပြီးတာနဲ့ ‎သူက ကျိူးလီဇီဘက်ကိုလှည့်ပြီး "အာ့ဇီ တခြားဂိုဒေါင်တွေကို အရင်စစ်ကြည့်ရအောင်" လို့ပြောလိုက်တယ်။

‎

‎

‎အထဲမှာက လူတွေရှိတာကြောင့် သူမကလည်း အတင်းအကြပ် မဖောက်ချင်ပါဘူး။ ထို့ကြောင့် ခေါင်းညိတ်ပြပြီး သူနှင့်အတူ နောက်ထပ် ဂိုဒေါင်ဆီသို့ လျှောက်သွားလိုက်တယ်။

‎

‎

‎ဂိုဒေါင်အတွင်းမှ အမျိုးသမီးတစ်ဦးသည် တံခါးဆီမှပြန်လျှောက်လာသော သက်လတ်ပိုင်းအမျိုးသားကို လှမ်းကြည့်ကာ "မန်နေဂျာဝမ် ရှင်ဘယ်လိုထင်လဲ သူက ဘယ်သူလဲ"

‎

‎

‎မန်နေဂျာဝမ် က ခေါင်းယမ်းပြီး "မသိဘူး" လို့ ပြန်ဖြေပါတယ်။" ဒါပေမယ့် စစ်သားတစ်စုက ဒီမွန်းတည့်ချိန် ရောက်လာပြီး သူတို့နဲ့ ထွက်သွားချင်ရင် အထည်စက်ရုံကို သွားရလိမ့်မယ်လို့ သူ(ကျင်းရွှီယန်း)ကပြောခဲ့တယ်"

‎

‎

‎"ဒါပေမယ့် အပြင်မှာက ဘီလူးတွေ အများကြီး ရှိနေတယ်။ ကျွန်တော်တို့က ဘယ်လိုလုပ်ပြီး ထွက်သွားနိုင်မှာလဲ" လို့ လူငယ်တစ်ယောက်က မျက်မှောင်ကြုတ်ကာ မေးလာတယ်။

‎

‎

‎“အပြင်မှာရှိတဲ့ ဘီလူးတွေကို သတ်ပစ်လိုက်ပြီလို့ အဲလူကပြောခဲ့တယ်။ ငါတို့ ထွက်သွားချင်ရင် အခုထွက်သွားရမယ်” ဟု လူလတ်ပိုင်းအရွယ် အမျိုးသားက သူ့ရှေ့မှ လူများကို ကြည့်ရင်း ပြောလိုက်သည်။

‎

‎

ဒါကိုကြားပြီးနောက်တော့ ‎လူတစ်စုက တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြတယ်။ သူတို့ရဲ့မျက်လုံးများတွင် ကြောက်ရွံ့မှုနှင့် မသေချာမှုများဖြင့် ပြည့်နှက်နေတယ်။ စက်ရုံအဆောက်အအုံနှင့် အဆောင်များတွင် ပိတ်မိနေခဲ့ပြီးနောက် ရေများကုန်သွားကြောင်း သိရသည်။

‎

‎

‎ထိုအချိန်တွင် သူတို့ဆီ၌အနည်းဆုံး လူတစ်ထောင်ကျော် အသက်ရှင်ကျန်ရစ်ခဲ့တယ်။ သူတို့မှာ အစာရှိပေမယ့် ရေမရှိရင် ကြာကြာ အသက်ရှင်နိုင်မှာ မဟုတ်ဘူး။ ထို့ကြောင့် နောက်ဆုံး မိုးရွာသောအခါမှာမှ ရေသောက်ရန် အမြန်ထွက်သွားကြသည်။

‎

‎

‎တချို့က ရေကို အရင်ကြိုပြီးမှသောက်ဖို့ သတိပေးခဲ့ပေမယ့် လူတွေက စိတ်ပျက်လက်ပျက်ဖြစ်နေပြီး ဘယ်သူကမှ ဂရုမစိုက်ခဲ့ကြဘူး။

‎

‎

‎သိပ်မကြာခင်မှာပဲ့ မိုးရေကိုသောက်တဲ့သူ ဒါမှမဟုတ် ထိတွေ့မိတဲ့သူတွေဟာ အဖျားကြီးလာမယ်ဆိုတာကို ဘယ်သူကသိမှာလဲ။ ညမကုန်ခင်မှာပဲ့ သူတို့ထဲက 80% က ဘီလူးတွေဖြစ်လာပြီး အခြားသူတွေကို တိုက်ခိုက်လာပါတော့တယ်။

‎

‎

‎ထို့အတွက်ကြောင့် လူ ၂၃ ဦးသာ လွတ်မြောက်လာခဲ့ပြီး ဂိုဒေါင်ထဲတွင် ပုန်းအောင်းနိုင်ခဲ့သည်။ သူတို့ပုန်းနေတဲ့ ဂိုဒေါင်ကို ကြောင်သဲများ သိုလှောင်ရန်အတွက်သာ အသုံးပြုခဲ့ပြီး အစားအစာလုံးဝမရှိပါဘူး။

‎

‎

‎ရက်တွေကြာလာခဲ့ပြီးတဲ့နောက်မှာတော့ သူတို့ရဲ့ခန္ဓာကိုယ်က အစာမရှိရင် အသက်မရှင်နိုင်တော့ဘူး။

‎

‎

‎အသက်ရှင်သန်ချင်ရင် အစာရှာထွက်ရမယ်ဆိုတာကို လူတိုင်းနားလည်ကြပါတယ်။ ဒါပေမယ့် ဘီလူးတွေကို ကြောက်ရွံ့မှုကတော့ သူတို့စိတ်ထဲမှာ လတ်ဆတ်နေဆဲပါပဲ။ ဒါကြောင့် ဘယ်သူမှအသက် စွန့်ပြီး စွန့်စားရဲကြမှာ မဟုတ်ဘူး။

‎

‎

‎အတန်ကြာ တိတ်ဆိတ်သွားပြီးတဲ့နောက်မှ လူငယ်တစ်ယောက်က ရုတ်တရက် ထရပ်လိုက်ကာ "ဦးလေးဝမ် ကျွန်တော် အရင်ထွက်သွားပါရစေ။ ကျွန်တော် ဘေးကင်းရင် အားလုံးကလိုက်လာနိုင်တယ်" လို့ ပြောလိုက်တယ်။

‎

‎

‎ထိုစကားကိုကြားသောအခါတွင် အားလုံးကအံ့သြသွားကြတယ်။ မန်နေဂျာဝမ် က သူ့ကို ခဏလောက် ကြည့်ပြီးမှ "ရှောင်လင်း မင်းပြောလိုက်တာကို မင်းနားလည်ရဲ့လား၊ မင်းထွက်သွားရင် မင်းသေသွားနိုင်တယ်" လို့ပြောလာတယ်။

‎

‎

‎"ဦးလေးဝမ် ကျွန်တော်တို့သာဒီမှာဆက်နေမယ်ဆိုရင် ငတ်ပြတ်ပြီးသေသွားမှာသေချာတယ်။ ဒါပေမယ့် အပြင်ထွက်ရင်တော့ ကျွန်တော်တို့အသက်ရှင်ဖို့ အခွင့်အလမ်းရှိသေးတယ်။ ကျွန်တော်ကငယ်သေးတယ်၊ ဒါကြောင့် မြန်မြန်ပြေးနိုင်တယ်။ အပြင်မှာသာ ဘီလူးတွေရှိနေရင် ကျွန်တော်က သူတို့ကို လမ်းလွဲခေါ်သွားလိုက်လို့ရတယ်၊ မင်းတို့အားလုံး ပြေးနိုင်တယ်"

‎

‎

‎ထိုစကားကို ကြားလိုက်တာနဲ့ သူတို့ရဲ့ မျက်လုံးများမှာ ရွှင်မြူးမှုများပြည့်သွားကြတယ်။ သူ့အတွက် စိတ်မကောင်းဖြစ်ပြီး ကြင်နာမှုနှင့် ရက်ရောမှုအတွက် ကျေးဇူးတင်စိတ် ရှိသော်လည်း ဘယ်သူကမှ မသေချင်ကြပေ။

‎

‎

‎တစ်စုံတစ်ယောက်က သူတို့အသက်ရှင်ဖို့အတွက် လမ်းဖွင့်ပေးရန် မိမိအသက်ကို စတေးရန် ဆန္ဒရှိနေသောကြောင့် ဘယ်သူကမှ ငြင်းဆိုကြမည်မဟုတ်ပေ။

‎

‎

‎ခဏတာ တုံ့ဆိုင်းသွားဟန်ဆောင်ပြီးနောက်မှ မန်နေဂျာဝမ် က သက်ပြင်းရှည်ကြီးထုတ်ကာ "ရှောင်လင်း ကျေးဇူးတင်ပါတယ်၊ ငါတို့က မင်းကို ကျေးဇူးကြွေးတင်သွားပြီ" လို့ပြောလိုက်တယ်။

‎

‎

‎ဒါကိုကြားတော့ သူ့အကြံပြုချက်ကို သဘောတူလိုက်ပြီဖြစ်ကြောင်းကို လင်းဖေးက သိလိုက်သည်။ သူကခေါင်းညိတ်ပြပြီး "ဦးလေးဝမ် ၊ ကျွန်တော်က အငယ်ဆုံးဆိုတော့ သွားရတာ ကျိုးကြောင်းဆီလျော်တယ်။ ဒါပေမယ့် ကျေးဇူးပြုပြီး ဓားကိုတော့ပေးလိုက်လို့ရမလား"

‎

‎

‎

‎ဒါကိုကြားတော့ မန်နေဂျာဝမ်က မျက်မှောင်ကြုတ်သွားတယ်။ သူ့လက်ထဲမှာ ဒီဓားတစ်လက်ပဲရှိတယ်။ ဓါးကိုသာလွှဲပေးလိုက်ရင် နောက်အခါဆိုရင် သူ့စကားကို ဆက်ပြီးနားထောင်ကြအုံးမှာလား ၊ လက်နက်မပါဘဲနဲ့ ဘယ်လိုလုပ်ပြီး ထိန်းချုပ်နိုင်မှာလဲ။

‎

‎

‎သူ့တုံ့ဆိုင်းနေတာကိုမြင်တော့ လင်းဖေးက "ဦးလေးဝမ် မင်းက ကျွန်တော်ကို လက်နက်မပါဘဲ ဒီဘီလူးတွေနဲ့ ရင်ဆိုင်ခိုင်းဖို့ကို တွေးထားတာ‌တော့မဟုတ်ဘူးမလား"

‎

‎

‎သူဒီလိုပြောလိုက်ပြီးတာနဲ့ တခြားလူတွေကလဲ ဝိုင်းအော်လာကြတယ်။

‎

‎

‎"မန်နေဂျာဝမ် ရှောင်လင်းက ငါတို့အတွက် သူ့အသက်ကို စတေးဖို့ တွေးပြီးပြီ လက်နက်ကိုပေးလိုက်ပါ"

‎

‎

‎"မှန်တယ်။ သူသာ ဘီလူးတွေနဲ့ တွေ့ရင် သူ့မှာကလက်နက်ရှိရင် ရှင်သန်ဖို့ အခွင့်အရေးကရှိသေးတယ်။ ဒါပေမယ့် လက်နက်မရှိရင်တော့ သေမှာ သေချာတယ်"

‎

‎

‎"မန်နေဂျာဝမ် မင်းကလက်နက် မလိုဘူး။ ဘာလို့ တုံ့ဆိုင်းနေတာလဲ၊ မင်းက အခု စိတ်ပြောင်းသွားပြီလား"

‎

‎

‎"ရှောင်လင်းကို လက်နက်မပေးရင် အခြေအနေကို စစ်ဆေးဖို့ သူက အပြင်ကို ဘယ်လိုထွက်သွားမှာလဲ"

‎

‎

‎စကားလုံးတွေက ပိုပိုပြီး အဓိပ္ပါယ်မဲ့လာတော့ မန်နေဂျာဝမ် က "ဒါက ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ၊ ရှောင်လင်းက ရှင်သန်နိုင်မယ်လို့ ငါမျှော်လင့်တယ်။ လက်နက်ကို အသုံးမပြုလိုက်နိုင်လို့ သူထိခိုက်သွားမှာကို ငါလည်းစိုးရိမ်တယ်" လို့ပြောလိုက်ရတယ်။

‎

‎

‎ထိုစကားကိုပြောပြီးနောက် အံကြိတ်ကာ သူ့ဓားကို လင်းဖေးဆီပေးလိုက်တယ်။ သူကဆန္ဒမရှိပေမယ့် သူ့ကိုဖိအားပေးနေတဲ့ လူတွေကြောင့်အခြားရွေးချယ်စရာမရှိခဲ့ပေ။

‎

‎

‎လင်းဖေးက သူ့ကို ပြုံးပြုံးလေး ကြည့်ပြီး လက်လှမ်းပြီး ဓားကို ပေးအပ်လာမယ်ကို စိတ်ရှည်စွာ စောင့်ဆိုင်းနေခဲ့သည်။

‎

‎

‎ဤမြေခွေးအိုကြီးက အခြားသူများကို ခြိမ်းခြောက်ရန်အတွက် ဤလက်နက်ကို အမြဲအားကိုးခဲ့တယ်။ အခုဆို သူ့လက်နက်ကို သိမ်းလိုက်နိုင်ပြီဆိုတော့ သူဌေးတစ်ယောက်လို ဘယ်လိုပြန်လုပ်နိုင်အုံးမလဲဆိုတာကို ကြည့်ရအောင်။

‎

‎

‎ဓားရှည်ကိုင်ထားလိုက်ပြီး သည်အခိုက်တွင်ပဲ သူက လူတိုင်းကိုကြည့်ကာ နီရဲသောမျက်လုံးများဖြင့် "ဦးလေး၊ အဒေါ်၊ မရီး၊ ညီအကိုတို့၊ ဒီတစ်နှစ်တာလုံး မင်းတို့ရဲ့ဂရုစိုက်မှုအတွက် ကျေးဇူးတင်ပါတယ်၊ ငါတို့ပြန်ဆုံကြမလားတော့ မသိပါဘူး။ အားလုံးပဲ ရှင်သန်နိုင်ဖို့ မျှော်လင့်ပါတယ်"

‎

‎

‎သူ့စကားကိုကြားတော့ အားလုံးက တုန်လှုပ်သွားကြတယ်။ အမျိုးသမီးများကတော့ မျက်ရည်များကျကြပြီး ယောက်ျားများက သူ့ကို ကျေးဇူးတင်ခြင်းနှင့် အကူအညီမဲ့ခြင်းတို့ ရောနှောနေသော အကြည့်များဖြင့် သူ့ကိုကြည့်နေကြသည်။

‎

‎

‎နှုတ်ဆက်စကား ပြောပြီးနောက်တွင် လင်းဖေးက အသက်ပြင်းပြင်းရှူကာ သေခြင်းတရားဆီသို့ ဦးတည်သွား နေသကဲ့သို့ တံခါးဆီသို့ လျှောက်သွားလိုက်သည်။ သူ တံခါးကို သေးသေးလေးဟလိုက်ကာ ထွက်သွားခဲ့သည်။ အပြင်ကိုရောက်သွားတာနဲ့ တံခါးကို အလျင်အမြန် ပြန်ပိတ်လိုက်တယ်။

‎

‎

‎နောက်အခိုက်အတန့်တွင်တော့ သော့ခလောက်နှင့် သံကြိုးများကိုကြည့်လိုက်တယ်။ ထို့နောက်တွင် သူက လှောင်ပြောင်ပြီး 'သူတို့က တကယ်ပဲ သူရဲဘောကြောင်တဲ့ လူတွေ' လို့ တွေးလိုက်တယ်။

All Chapters