← Chapters

အခန်း (၁၀၃)

Vol. 7 Ch. 103

အခန်း (၁၀၃)

Vol. 7 Ch. 103

‎သူတို့က သေခြင်းတရားကို စောင့်ဆိုင်းရန်သာ ဆန္ဒရှိသောကြောင့် သူတို့ကို ကယ်တင်ဖို့ရန်အတွက် သူကစိတ်မ၀င်စားပေ။ ဓားတစ်လက်ကိုကိုင်လျက် လင်းဖေးသည် စက်ရုံအဝင်ပေါက်ဆီသို့ လျှောက်သွားတယ်။

‎

‎

‎ဒီအချိန်မှာတော့ သူ့မျက်နှာမှာ အပြုံးတွေနဲ့ ပြည့်နက်နေပြီး သူ့မျက်လုံးတွေက မျှော်လင့်ချက်တွေနဲ့ ပြည့်နေတယ်။

‎

‎

သူက အခုလေးတင် ‎ပေါက်ကွဲသံကို ကြားလိုက်ရတာကြောင့် အပြင်သို့ ထွက်လာရဲတာ။ သူကြားခဲ့ရတဲ့ ပေါက်ကွဲသံက တိုက်ပွဲဆီကသာဖြစ်ခဲ့မယ်ဆိုရင်တော့ အဲဒီလူရဲ့စကားက အနည်းဆုံး 60% တော့မှန်လိမ့်မယ်။

‎

‎

‎ဤဖြစ်နိုင်ခြေဖြင့်ဆိုရင် သူဟာ အသက်ရှင်ကျန်ရစ်မည့်အခွင့်အရေးအတွက် သူ့အသက်ကို လောင်းကြေးထပ်ရန် ဆန္ဒရှိသည်။ ဒါပေမယ့် သူ့ကိုယ်သူ ကာကွယ်ဖို့မတွက် လက်နက်တစ်ခုလိုတယ်။ ထို့ကြောင့် 'အနစ်နာခံခြင်း' ဟူသော သရုပ်ကိုဆောင်ယူခဲ့တယ်။

‎

‎

‎အခုတော့ အားလုံးက သူခန့်မှန်းထားတဲ့အတိုင်းပါပဲ။ ဖုတ်ကောင်များကို ရှင်းထုတ်ပြီးဖြစ်လို့ နေ့လည်ပိုင်းတွင်တော့ သူသည် စစ်သားများနှင့်အတူ ထွက်ခွာသွားနိုင်မည်ဖြစ်သည်။ သူလုပ်စရာရှိတာက အနီးနားက အထည်စက်ရုံဆီကို ရောက်အောင် သွားတာပဲ။

‎

‎

‎လင်းဖေး ထွက်သွားပြီးနောက်တွင်တော့ ဂိုဒေါင်အတွင်းရှိ လူတစ်စုက စိုးရိမ်တကြီးဖြင့် စောင့်ဆိုင်းနေကြတယ်။

‎

‎

‎အပြင်မှထွက်လာသော အသံကိုမကြားရသောအခါတွင်သူတို့ထဲကတစ်ယောက်က " မန်နေဂျာဝမ် အပြင်မှာ ဘီလူးတွေ အမှန်တကယ်မရှိတော့ဘူးလို့ ထင်တယ်။ အပြင်ကိုထွက်ပြီး အခြေအနေကို စစ်ဆေးကြည့်ကြရအောင်" လို့ တိုက်တွန်းလာတယ်။

‎

‎

‎သူ့ရဲ့ အကြံပြုချက်ကိုကြားတော့ မန်နေဂျာဝမ်က မျက်မှောင်ကြုတ်ပြီး "ငါတို့ နည်းနည်းကြာအောင် စောင့်ရမယ်။ တစ်နာရီအတွင်းမှာ ဘာအသံမှမထွက်လာဘူးဆိုရင်တော့ ဒီနေရာက ထွက်သွားပြီး အနီးနားမှာရှိတဲ့ စက်ရုံကို သွားကြမယ်"

‎

‎

‎သူ့စကားကိုကြားတော့ အားလုံးက ခေါင်းညိတ်လိုက်ကြတယ်။ ဒီနေရာကနေ ထွက်သွားနိုင်ဖို့ကို သူတို့အားလုံးက မျှော်လင့်နေကြတော့ ဘယ်သူကမှ စကားမပြောကြဘဲ လူတိုင်းက အပြင်ကအသံကိုသာ နားထောင်ပြီးနေကြတယ်။

‎

‎

‎တစ်ချိန်တည်းမှာပင် ကျိူးလီဇီ နှင့်

‎ကျင်းရွှီယန်းတို့ဟာ အခြားဂိုဒေါင်များသို့ ရောက်ရှိနေပြီဖြစ်သည်။ ကြောင်သဲကို သိမ်းဆည်းထားသည့် ယခင်ဂိုဒေါင်နှင့်မတူဘဲ ဤဂိုဒေါင်တွင်တော့ အိမ်မွေးတိရစ္ဆာန်အစားအစာများနှင့် အိမ်မွေးတိရစ္ဆာန်သုံးပစ္စည်းများဖြစ်သည့် မျက်နှာသုတ်ပဝါ၊ ဆပ်ပြာနှင့် အခြားနေ့စဉ်သုံးပစ္စည်းများကဲ့သို့သော ထုတ်ကုန်များစွာ ရှိနေသည်။

‎

‎

‎အိမ်မွေးတိရိစ္ဆာန်အစာများကို စားသုံးခြင်းက အသည်းနှင့် ကျောက်ကပ်ကို ပျက်စီးစေနိုင်သောကြောင့် ကျိူးလီဇီက ထိုအရာတို့ကို စုဆောင်းရန်အတွက် အချိန်အကုန် မခံခဲ့ပေ။ သူမက လူသားများ အသုံးပြုနိုင်သည့် ပစ္စည်းများကို ယူဆောင်ရန်သာ အာရုံစိုက်ခဲ့သည်။

‎

‎

‎သူမက ပစ္စည်းတွေကို အာကာသထဲစုဆောင်းနေတုန်းမှာ ကျင်းရွှီယန်းကတော့ အရေးပေါ် မီးစက်ကို စစ်ဆေးဖို့ သွားခဲ့ပြီး ဂိုဒေါင်ရဲ့ ခေါင်မိုးပေါ်မှာ တပ်ဆင်ထားတဲ့ ဆိုလာပြား အများအပြားကို တွေ့ရှိခဲ့ပါတယ်။

‎

‎

‎ဆိုလာပြား အရေအတွက်အရဆိုရင် သူတို့ထုတ်လုပ်တဲ့ လျှပ်စစ်ဓာတ်အားက ဟိုတယ်ငယ်လေးတစ်လုံးကို ထောက်ပံ့ပေးဖို့ လုံလောက်တယ်။ ဒီရှာဖွေတွေ့ရှိမှုကြောင့် စိတ်လှုပ်ရှားစွာနဲ့ သူက သူမရှိနေတဲ့ဂိုဒေါင်ထဲကို ပြန်လာပြီး "အာ့ဇီ ခဏလောက် လိုက်ခဲ့" လို့ ပြောလိုက်တယ်။

‎

‎

‎သူ့အသံကိုကြားတော့ ကျိူးလီဇီက ဂိုဒေါင်ထဲက ထွက်လာပြီး "အစ်ကိုယန်း ဘာဖြစ်နေတာလဲ"

‎

‎

‎"အာ့ဇီ ကိုယ် ဆိုလာပြားတွေ အများကြီးနဲ့ မီးစက်တွေအများကြီးတွေ့ခဲ့တယ်။ လျှပ်စစ်ရဖို့အတွက် ကိုယ်တို့ ဒါ‌တွေကို အသုံးပြုနိုင်တယ်" လို့ ‎ကျင်းရွှီယန်းက သူမလက်ကို ဆုပ်ကိုင်လိုက်ပြီး အနီးနားရှိ ဂိုဒေါင်ကို ခေါ်သွားရင်း ပြောလိုက်တယ်။

‎

‎

‎သူက ခေါင်မိုးပေါ်ကို ညွှန်ပြပြီး "အဲဒီမှာ တပ်ထားတယ်" လို့ ပြောလိုက်တယ်။

‎

‎

‎ကျိူးလီဇီက ခေါင်းညိတ်ပြလိုက်ပြီး အိမ်ခေါင်မိုးပေါ်ကို ဘယ်လိုတက်ရမလဲဆိုတာကို တွေးရင်း ပတ်ဝန်းကျင်ကို ကြည့်လိုက်တယ်။ နည်းလမ်းရှာမတွေ့ခင်မှာပဲ ကျင်းရွှီယန်း က သူမရဲ့ခါးကို ပွေ့ဖက်ထားခဲ့ပြီး ခဏအတွင်းမှာပဲ မြေပြင်မှ အထက်ကို တက်လာတာသူမမြင်လိုက်ရတယ်။

‎

‎

‎သူမ သူ့ကို အံ့သြစွာဖြင့် ကြည့်နေလိုက်သည်။ သူတို့ ခေါင်မိုးပေါ် ရောက်သွားတော့ "အစ်ကိုယန်း မင်း ဘယ်အဆင့် ရောက်နေပြီလဲ၊ ဘယ်လိုလုပ်ပြီး ငါ့ကိုထမ်းပြီး ဒီလောက် အမြင့်ကို ခုန်နိုင်တာလဲ"

‎

‎

‎ကျင်းရွှီယန်းက သူမကိ ကြည့်ပြီး ခဏလောက် တုံ့ဆိုင်းသွားပြီးနောက်မှ "ကျွန်တော် အဆင့်နှစ်ရောက်နေပြီ" လို့ပြောလိုက်တယ်။

‎

‎

‎ထိုစကားကို ကြားသောအခါ ကျိူးလီဇီရဲ့ မျက်လုံးများက ထိတ်လန့်တကြားဖြင့် ပြူးကျယ်သွားတယ်။ ကမ္ဘာပျက်ပြီးနောက် တစ်ပတ်သာရှိသေးသည်။ သူမ ဘယ်လိုပဲတွေးနေပါစေ တစ်ပတ်အတွင်းဖြင့် အဆင့်နှစ်ကို ရောက်ဖို့က မဖြစ်နိုင်ပါဘူး။

‎

‎

‎သူမက တစ်ပတ်အတွင်း အဆင့်(၁)သို့ရောက်ရှိခြင်းဖြင့် သဘာဝရဲ့လမ်းစဉ်ကို အံတုနေပြီဟု အမြဲတွေးခဲ့သည်။ မထင်မှတ်ပဲ သူမထက် ပိုကြောက်စရာကောင်းတဲ့ သူတစ်ယောက်ရှိခဲ့တယ်။

‎

‎

‎

‎သူမရဲ့ ထိတ်လန့်မှုကို မြင်လိုက်ရတော့

‎ကျင်းရွှီယန်က စိတ်မသက်မသာ ခံစားလိုက်ရတယ်။ သူမရဲ့အကြည့်တွေကို ရင်မဆိုင်ဝံ့ဘဲ 'ငါကို သူ့မက ကြောက်နေတာလား။ ဩော် ငါက အဆင့် ၁ လို့ ပြောရမယ်။ ကျင်းရွှီယန်း မင်းက အရမ်းမိုက်မဲတာပဲ အာ့ဇီကသာ ဒါကို သတိထားမိသွားရင် ဘာဖြစ်သွားမလဲ။ ငါဘာလုပ်သင့်သလဲ'

‎

‎

‎ကျိူးလီဇီက သူရဲ့ရှောင်လွှဲမှုကို မြင်လိုက်သောအခါတွင် သူကလည်း သူမကိုယ်တိုင်ကဲ့သို့ပင် ပြန်လည်မွေးဖွားလာသူဖြစ်ပြီး သူ့စွမ်းရည်ကိုလည်း ပြန်ယူနိုင်လိမ့်မည်ဟု သူမကထင်လိုက်တယ်။ နောက်ပြီးမှ သူမက “အစ်ကိုယန်း ဘယ်အချိန်က ပြန်လာတာလဲ” ဟု မေးလိုက်တယ်။

‎

‎

‎သူမရဲ့မေးခွန်းကိုကြားတော့ ကျင်းရွှီယန်းဟာ သူမရဲ့ စကားအဓိပ္ပါယ်ကို နားမလည်နိုင်ခင်မှာ ခဏလောက် ထိတ်လန့်သွားပြီးမှ "ကမ္ဘာပျက်မသွားခင် သုံးနှစ်အလိုမှာ" လို့ပြန်ဖြေခဲ့တယ်။

‎

‎

‎" ရှင် ပြန်လာတုန်းက ရှင်ရဲ့ စွမ်းအင်ကို အတူ ယူခဲ့တာလား" လ်ုါ သူမက ထပ်မေးတယ်။

‎

‎

‎ဒီတစ်ကြိမ်မှာတော့ ကျင်းရွှီယန်းက ခေါင်းညိတ်ပြီး "ကိုယ်လုပ်ခဲ့တယ်" လို့ မဆိုင်းမတွ ပြန်ဖြေလိုက်တယ်။

‎

‎

‎သူ့ဆီအဖြေကိုကြားပြီးတဲ့နောက်တော့ ကျိူးလီဇီက ခေါင်းညိတ်လိုက်တယ်။ အရာအားလုံးက အခုမှ အဓိပ္ပါယ်ရှိသွားပြီ။ အကယ်၍ သူသာ ပြန်လည်မွေးဖွားလာချိန်မှာ သူ့ရဲ့မီးအမျိုးအစားစွမ်းရည်ကို ပြန်ယူလာခဲ့ပါက သုံးနှစ်အတွင်း နေ့စဉ်လေ့ကျင့်မှုမှတစ်ဆင့် အဆင့်နှစ်သို့ရောက်ရှိရန်က ဖြစ်နိုင်သည်။

‎

‎

‎"မင်းကရော" ကျင်းရွှီယန်းကလည်း မေးလာတယ်။

‎

‎

‎"ကမ္ဘာပျက်ကပ်စတဲ့နေ့မှာမှ ကျွန်မပြန်လာခဲ့တယ်" ဟု ကျိူးလီဇီက ပြန်ဖြေသည်။

‎

‎

‎ဒါကိုကြားတော့ ကျင်းရွှီယန်က သက်ပြင်းချပြီး "အံ့သြစရာမရှိပါဘူး" လို့ ပြောလိုက်တယ်။

‎

‎

‎ကျိူးလီဇီက သူ့ကိုကြည့်ကာ "အစ်ကိုယန်း မင်းဘာပြောလိုက်တာလဲ" လို့မေးတယ်။

‎

‎

ကျင်းရွှီယန်းက လက်လှမ်းလိုက်ပြီး သူမရဲ့ခေါင်းကိုပုတ်ပေးကာ ပြုံးရင်း "ကံကောင်းထောက်မစွာပဲ၊ မင်းက အချိန်မှန်ပြန်ရောက်လာတာ၊ ဒါကြောင့် ငါ မင်းကို ရှာတွေ့နိုင်ခဲ့တာပဲ" ဟု ပြောလိုက်သည်။

‎

‎

‎နောက်ထပ်မေးခွန်းတွေမမေးခင်မှာပဲ သူက

‎"အာ့ဇီ မင်း ဆိုလာပြားတွေကိုမသိမ်းခင်မှာ အရင်ဖြုတ်ရအုံးမလား"

‎

‎

‎ဆိုလာပြားတွေကို ကြည့်လိုက်ပြီးတော့

‎ ကျိူးလီဇီက ခေါင်းခါကာ " မလိုပါဘူး။ ကျွန်မ အဲဒါတွေကို ဒီအတိုင်း သိမ်းလိုက်လို့ရတယ်။ ရှင်လိုအပ်ရင် ထုတ်ယူလိုက်ရုံပဲ့ နောက်တစ်ခါ ထပ်တပ်ဆင်စရာမလိုတော့ဘူး"

‎

‎

‎"ကောင်းပြီ"

‎

‎

‎စကားအတိုချုံးပြောဆိုပြီးနောက်မှ ကျိူးလီဇီက ဆိုလာပြားများဆီသို့ လျှောက်သွားကာ လက်ဝှေ့ယမ်းလို့ ဆိုလာပြားများကို နေရာလွတ်တွင် သိမ်းဆည်းလိုက်တယ်။ အဆင့်တစ်ကို ရောက်လာပြီးနောက်တွင် ငါးမီတာအကွာအဝေးကနေတဆင့် အာကာသထဲသို့ ပစ္စည်းများကို စုဆောင်းနိုင်သည်။

‎

‎

‎ဆိုလာပြားများ၊ မီးစက်များနှင့် အိမ်မွေးတိရစ္ဆာန်ပစ္စည်းများကို သိမ်းယူပြီးတဲ့နောက်တွင် ကျိူးလီဇီ နှင့် ကျင်းရွှီယန်းတို့က ပထမဂိုဒေါင်သို့ ပြန်သွားလိုက်ကြတယ်။

‎

‎

‎တံခါးကို သော့ခတ်ထားသေးတာကို မြင်တော့ သံသယတွေနဲ့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြတယ်။ ဤတစ်ကြိမ်တွင်တော့ ကျင်းရွှီယန်းက တံခါးမခေါက်တော့ဘဲ သံကြိုးကို အရည်ဖျော်ရန် သူရဲ့အနက်ရောင်မီးကို တိုက်ရိုက်အသုံးပြုခဲ့လိုက်သည်။

‎

‎

‎" ကလန် "

All Chapters