အခန်း (၁၀၄)
Vol. 7 Ch. 104
ကျယ်လောင်သောအသံနှင့်အတူ သံကြိုးနှင့်သော့ခလောက်က မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး ဂိုဒေါင်အတွင်းရှိလူများအားလုံးကတော့ ထိန့်လန့်သွားကြသည်။ တံခါးကို တွန်းဖွင့်လိုက်တာနှင့် အားလုံးက ချက်ချင်းပဲ့ ထရပ်လိုက်ကြတယ်။
မန်နေဂျာဝမ်က သံချောင်းကိုကိုင်ပြီး အသစ်ဝင်လာသူတွေကို ညွှန်ပြကာ "ဒီမှာ ရပ်လိုက်" လို့အော်လိုက်တယ်။
နောက်တော့ သူတို့ဟာ လူသစ်များကို တွေ့လိုက်တဲ့အခါမှာတော့ စုံတွဲကရုပ်ရည်ချောမောတာကြောင့် အံ့အားသင့်သွားကြသည်။ ခဏကြာတော့မှ လူငယ်တစ်ယောက်က “မင်းကဘယ်သူလဲ” လို့မေးတယ်။
သူတို့အုပ်စုက ဘယ်လောက်ထိ ပိန်ပိန်ပါးပါး ဖြစ်နေတာကို မြင်တော့ ကျင်းရွှီယန်းက "အပြင်မှာ ဖုတ်ကောင်တွေ ရှင်းသွားပြီလို့ ငါပြောတယ် မဟုတ်ဘူးလား မင်းတို့က ဘာလို့ ဒီမှာ ရှိနေသေး တာလဲ"
"မင်းက ငါတို့ကို လိမ်နေတာမဟုတ်ဘူးဆိုတာကို ငါတို့ကဘယ်လိုလုပ်ပြီးသိနိုင်မှာလဲ" လို့ မန်နေဂျာဝမ်က ပြန်မေးလာသည်။
ဒါကိုကြားတော့ ကျိူးလီဇီက တခစ်ခစ်ရယ်ပြီး "ရှင်တို့ကို လိမ်ညာလိုက်တာကနေ ဘာအကျိုးကျေးဇူးတွေ ရနိုင်လို့လဲ" လို့ ပြန်မေးလိုက်ပြန်တယ်။
သူမက သူ့ကို ခေါင်းမှ ခြေဖျားအထိ ကြည့်ပြီး "ရှင့်ရဲ့ မျက်နှာက ဖြူဖျော့ပြီး နှုတ်ခမ်းတွေက အက်ကွဲနေကာ ချိုင့်နေတဲ့ပါးပြင်တွေကို ကြည့်ရတာတော့ အနည်းဆုံး သုံးရက်လောက် မစားရ မသောက်ရ သေးဘူး"
သူမရဲ့စကားကိုကြားတော့ အားလုံးကအံ့ဩသွားကြတယ်။
"ဘယ်လိုသိတာလဲ" လို့ လူလတ်ပိုင်း အမျိုးသမီးတစ်ဦးက မေးသည်။
"အန်တီ မျက်လုံးရှိတဲ့သူတိုင်း မြင်နိုင်တယ်။ ရှင် အသက်ရှင်ချင်ရင် ဒီနေရာက ထွက်သွားသင့်တယ်" လို့ ကျိူးလီဇီက ပေါ့ပေါ့ပါးပါးပဲ့ ပြန်ဖြေတယ်။
သူမရဲ့စကားကိုကြားလိုက်တော့ အားလုံးရဲ့နှလုံးသားတွေက ယိမ်းယိုင်သွားကာ မန်နေဂျာဝမ်ကို ကြည့်လိုက်ကြသည်။ ဖွင့်ထားတဲ့တံခါးကနေကြည့်ရင် အပြင်မှာ လျှောက်သွားနေတဲ့ ဘီလူးတွေ မရှိတော့တာကိုလည်း တွေ့ရတယ်။
မန်နေဂျာဝမ်က လူတစ်စုရဲ့အမူအရာတွေကို သတိပြုမိလိုက်ပြီး "သူတို့ လှည့်စားတာကိုမခံနဲ့၊ သူတို့က ဘယ်ကနေ ပေါ်လာတာလဲ ဆိုတာကိုဘယ်သူကသိလဲ ၊ သူတို့ကို ဒီနတ်ဆိုးတွေ လွှတ်လိုက်တာ ဟုတ်မဟုတ်ဆိုတာရော ဘယ်သူကသိနိုင်မှာလဲ" လို့
သူ့စကားပြီးသည်နှင့် ကျိူးလီဇီက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး "ဦးလေး၊ မင်းကတော့မသိနိုင်ပေမယ့် အဲဒီအကောင်တွေကို ဖုတ်ကောင်လို့ခေါ်တယ်"
"ဒီအခြေအနေက ဒီမှာပဲ ဖြစ်နေတာ မဟုတ်ဘူး။ ကမ္ဘာလုံးဆိုင်ရာ တိုက်ခိုက်မှုကို ဖြစ်ပေါ်စေနိုင်တဲ့ အထိပဲ့ ၊ကမ္ဘာကြီးက အရင်ကနဲ့မတူတော့ဘူး "
ဒီတစ်ကြိမ်မှာတော့ လူတိုင်းက ထိတ်လန့်ကြောက်ရွံ့မှုတွေ ပြလာပါပြီ။
"သမီး နင်အမှန်တိုင်းပြောနေတာလား" လို့ လူလတ်ပိုင်း တစ်ယောက်က မေးလာတယ်။
ကျိူးလီဇီက ပခုံးတွန့်ပြီး "ရှင် ကျွန်မပြောစကားကို မယုံရင် အပြင်ထွက်ကြည့်လိုက်" လို့ပြောလိုက်တယ်
"အိုးး...နောက်ထပ်တစ်ခုရှိသေးတယ် လက်ရှိအခြေအနေအရဆိုရင် ရှင်ကစစ်သားတွေနဲ့ မသွားဘဲ ယာယီလွတ်မြောက်ရေးစခန်းမှာလည်း မနေဘူးဆိုရင် နောက်နှစ်ပတ်အတွင်း ရှင်အသက်မရှင်နိုင်တော့ဘူး"
"သမီးလေး ဘာလို့ဒီလိုပြောတာလဲ" လူလတ်ပိုင်းအရွယ်က ထပ်မေးလာတယ်။
ကျိူးလီဇီက ချိုသာစွာ ပြုံးနေသော်လည်း သူမရဲ့စကားများက အေးစက်နေသည်။ "ဘာလို့လဲဆိုတော့ လင်အန်း တက္ကသိုလ်က ဖုတ်ကောင်တွင်းဖြစ်သွားပြီ"
"ဒီစက်ရုံခရိုင်က လင်အန်းတက္ကသိုလ်နှင့် ကီလိုမီတာ ၅၀ လောက်ပဲဝေးတယ်။ ဖုတ်ကောင်တွေကသာ အစာရှာဖို့ ဆုံးဖြတ်လိုက်ရင် ဘာဖြစ်လာမယ်ထင်လဲ " လို့ သူမကမေးခွန်းထုတ်လိုက်တယ်။
သူမရဲ့ စကားဆုံးတော့ သက်လတ်ပိုင်းအမျိုးသားရဲ့ ခန္ဓာကိုယ်က တုန်ယင်သွားခဲ့တယ်။ ခဏတိတ်ဆိတ်သွားပြီးနောက်မှ သူကအိတ်ကို အမြန်ဆွဲကာ "မန်နေဂျာဝမ်၊ မင်းနေချင်သေးရင် မင်းနေလို့ရတယ်၊ ဒါပေမယ့် ငါတော့မသေချင်သေးဘူး"ဟု ပြောလိုက်သည်။
စကားဆုံးပြီးတာနှင့် ဖြူဖျော့နေသောမျက်နှာဖြင့် တံခါးဆီသို့ ပြေးသွားခဲ့တယ်။
သူ ပြေးထွက်သွားတာကိုမြင်တော့ ကျန်လူတွေကလည်း ပစ္စည်းတွေကောက်ပြီး တစ်ယောက်ပြီးတစ်ယောက် တံခါးဆီကို ပြေးသွားကြတယ်။
မန်နေဂျာဝမ်သည် သူတို့ရဲ့ ရုတ်တရတ်လုပ်ရပ်ကြောင့် လန့်သွားတယ်။ သူသာ ဒီမှာတစ်ယောက်တည်းနေရင် သေသွားမှာကို စိုးရိမ်ပြီး အံကြိတ်ကာ တံခါးဆီ ပြေးသွားပြီး အုပ်စုဆီလိုက်ဖို့ ကြိုးစားတယ်။
သူတို့ထွက်သွားပြီးနောက်မှ ကျင်းရွှီယန်းက
"အာ့ဇီ ကျန်းယွမ် နဲ့ ကျန်တဲ့သူတွေကိုရှာဖို့ မင်းကဘာလို့ မပြောလိုက်တာလဲ၊ မင်းက သူတို့ကို အရမ်းပြောနေရင်တောင် သူတို့ထွက်သွားမယ်ဆိုတာက အာမခံချက်မရှိဘူး"
ကျိူးလီဇီက ပြုံးပြီးရှင်းပြတယ် "အစ်ကိုယန်း မင်းရဲ့အဖွဲ့ကိုရှာဖို့သာ သူတို့ကိုပြောလိုက်ရင် သူတို့က အများကြီးတောင်းဆိုပြီး မင်းတို့အဖွဲ့ရဲ့ကြင်နာမှုကို အပြည့်အဝယူကြမှာပဲ့"
"သူတို့ကသာ မင်းရဲ့အဖွဲ့နောက်ကို လိုက်သွားရင်တော့ သူတို့ကိုယ်တိုင်က နောက်ကလိုက်သွားတာကြောင့် သူတို့ကဘာကိုမှ တောင်းဆိုဝံ့မှာ မဟုတ်ဘူး"
"ပိုင်ရီကျီးက တခြားအဖွဲ့နဲ့ သွားမှာလို့ မင်းပြောနေတာကို ကျွန်မ ကြားတယ်။ အဲ့ဒါကြောင့် ကျွန်မတို့က ခက်ခဲတဲ့ အခြေအနေကိုလုပ်မယူသင့်ဘူး"
ကျင်းရွှီယန်းက သူ့စကားကိုကြားတော့ အံ့သြသွားတယ်။ သူက သူမကိုကြည့်ကာ "အာ့ဇီ မင်းဘယ်တုန်းကသိသွားတာလဲ" လို့မေးလိုက်တယ်။
"ရှင် ပိုင်ရီကျီး နှင့် စကားပြောတဲ့အခါတုန်းကကြားလိုက်တာ စွမ်းရည်ရှိတဲ့ သူတွေရဲ့ အာရုံငါးပါးက သာမန်လူတွေထက် ပိုကောင်းတယ်။ ရှင့်ရဲ့အသံကို ကျွန်မက ရှင်းရှင်းလင်းလင်း ကြားနိုင်တယ်" ဟု ကျိူးလီဇီက သူ့ကို သတိပေးခဲ့သည်။
ဒါကိုကြားတော့ ကျင်းရွှီယန်းက ရယ်ပြီး ဘာမှမပြောတော့ဘူး။ တိုတိုတုတ်တုတ် စကားစမြည်ပြောပြီးနောက် နှစ်ယောက်သားက အလုပ် အမြန်လုပ်ကြသည်။
သူနှင့်အတူ ကျိူးလီဇီက ဂိုဒေါင်အတွင်းရှိ ကြောင်သဲများ အားလုံးကို အမြန်စုဆောင်းခဲ့လိုက်တယ်။ ပြီးသွားသောအခါမှ သူတို့နှစ်ဦးဟာ အမြုတေ များရရှိရန်အတွက် ဖုတ်ကောင်အချို့ကို ရှင်းလင်းလိုက်ကြသည်။
တစ်ချိန်တည်းမှာပင် လင်းယုန်အဖွဲ့ကတော့ သူတို့ရဲ့တည်နေရာမှ ကီလိုမီတာများစွာကွာဝေးသောနေရာတွင် ဖုတ်ကောင်အုပ်စုတစ်စုဆီမှ ပိတ်ဆို့ခံနေရတယ်။
ကားထဲမှာ ပိတ်မိနေတဲ့ စစ်သားတယောက်က "ဗိုလ်ကြီး အခု ငါတို့ ဘာလုပ်ရမလဲ။ တံခါးဖွင့်လိုက်ရင်တော့ ငါတို့က သေမှာ သေချာတယ်"
ဒါကိုကြားတော့ ဝေယင်းက မျက်လုံးကို မှိတ်ထားလိုက်တယ်။ လမ်းကို ကားများဖြင့် မပိတ်ဆို့နေပါက သူတို့သည် ဖုတ်ကောင်များကို ကားဖြင့်ကျော်ပြေးနိုင်တယ်။ ကံမကောင်းစွာနဲ့ပဲ လမ်းကပျက်စီးသွားပြီး စွန့်ပစ်ထားတဲ့ကားတွေက လမ်းကိုပိတ်ဆို့နေတယ်။
ခရီးမဆက်မီတွင် လမ်း၌ပိတ်ဆို့နေသော ကားများကို ဖယ်ရှားရန် လိုအပ်နေသေးတယ်။ ဒါပေမယ့် သူတို့ ကားထဲက မထွက်နိုင်ခင်မှာပဲ့ ဖုတ်ကောင်အုပ်စုတစ်စုက ရုတ်တရက် သူတို့ဆီ ကိုဝိုင်းအုံလာခဲ့တယ်။
" ရားးးး"
"ဒိုင်းဒိုင်း ဒိုင်း "
အပြင်ဘက်မှ ထွက်ပေါ်လာသော ဖုတ်ကောင်များရဲ့ ဟိန်းဟောက်သံများက ကားအတွင်းမှာ ကျယ်လောင်စွာ ပဲ့တင်ထပ်နေတယ်။
ယခုအချိန်တွင် ဖုတ်ကောင်အုပ်စုကို ဖြတ်ကျော်ရန်အတွက် အခွင့်အလမ်းရှိသူတစ်ဦးမှာ အဖျားတက်ပြီးနောက် စွမ်းရည်များရရှိထားသောသော ဝေယင်း ဖြစ်သည်။
သူနဲ့ သူ့ရဲဘော်တွေ အန္တရာယ်မဖြစ်အောင် ဘယ်လိုထွက်ရမလဲဆိုတာ စဉ်းစားနေတုန်းမှာပဲ မီးလုံးကြီးက ရုတ်တရက် သူတို့ဆီကို အရှိန်ပြင်းပြင်းနဲ့ ပျံလာတယ်။
" ဘုန်းး "
မီးလုံးက ဖုတ်ကောင်တွေကို ထိလိုက်တာနဲ့ ချက်ချင်း ပေါက်ကွဲသွားတယ်။ ပေါက်ကွဲမှုကြောင့် ကားက တုန်ခါသွားပြီး စစ်သားတွေရဲ့ နားတွေက အူသွားတယ်။
သတိပြန်မဝင်ခင်မှာပဲ့ လူငယ်တစ်ယောက်က ဆိုင်ထဲကနေ လမ်းကိုဖြတ်ပြေးလာတယ်။ လျှပ်စစ်တုတ်ကို ကိုင်ထားပြီး ဖုတ်ကောင်တွေဆီ ရေဘောလုံးကို ပစ်ချလိုက်ကာ လျှပ်စစ်တုတ်နဲ့ ရိုက်တယ်။
" ဇစ် "