အခန်း (၁၀၆)
Vol. 8 Ch. 106
ဝေယင်းက ခေါင်းယမ်းပြီး "လောလောဆယ်တော့ အဲဒီအကြောင်း အသေးစိတ်အချက်အလက်တွေ မရှိသေးပါဘူး၊ မင်းတို့မှာ သွားစရာမရှိရင် ငါတို့နဲ့အတူ ယာယီ အသက်ရှင်ကျန်ရစ်သူ စခန်းဆီကို ပြန်လိုက်နိုင်တယ်" ဟု ပြန်ပြောလိုက်သည်။
ဒါကိုကြားတော့ ရုန်မိုအာက ကုရှကျယ် ကို ကြည့်လိုက်တော့ ခေါင်းညိတ်ပြတာကို တွေ့လိုက်ရတယ်။
လက်ရှိအခြေအနေကို မသိသောကြောင့် စစ်သားများရဲ့နောက်ကို လိုက်ပြီး အချက်အလက်များကို ဦးစွာစုဆောင်းခြင်းက ပိုကောင်းပါတယ်။ ဒီအခြေအနေနှင့်ပတ်သက်ပြီးသူတို့နားလည်မှု ပိုရလာတဲ့အခါကြမှ မိသားစုကိုလိုက်ရှာဖို့အတွက် သူတို့ရဲ့လမ်းကြောင်းကို ပြောင်းလဲစီစဉ်နိုင်တယ်။
"ကျေးဇူးတင်ပါတယ် ဗိုလ်ကြီးဝေ" လို့ ရုန်မိုအာက ပြောလိုက်တယ်။
တစ်ခဏမျှ တိတ်ဆိတ်သွားပြီးတဲ့နောက်မှ ဝေယင်းက "အစောတုန်းက မီးလုံးတစ်လုံးနဲ့ ရေဘောလုံးကို မင်းတို့နှစ်ယောက်လှမ်းခေါ်နိုင်တာ ငါတွေ့လိုက်ရတယ်။ အဲဒါကဘာလဲ" လို့ မေးလိုက်တယ်။
ကုရှကျယ်က "ဗိုလ်ကြီးဝေ၊ မင်းလည်း မင်းရဲ့စူပါပါဝါကို နိုးထနိုင်ခဲ့တယ်။ ငါထင်တာသာမမှားရင် မင်းမှာ အရှိန်အဟုန်နဲ့ပတ်သက်တဲ့ စွမ်းအားရှိသင့်တယ်" လို့ပြောလိုက်တယ်။
ဒါကိုကြားတော့ ဝေယင်းက ခေါင်းညိတ်ပြီး "အဖျားကြီးတာကနေ ပြန်ကောင်းလာပြီးတဲ့နောက်တော့ အရင်ကထက် ပိုမြန်လာတယ်" လို့ ပြောလိုက်တယ်။
" ဗိုလ်ကြီးဝေ ၊ ငါတို့သိထားတဲ့အတိုင်းဆိုရင် အဲဒီစူပါပါဝါကို စွမ်းရည်လို့ ခေါ်တယ်။ သူတို့ရဲ့ ကိုယ်ပိုင်စွမ်းရည်ကို နိုးထနိုင်တဲ့သူတွေကိုတော့ စွမ်းရည်အသုံးပြုသူတွေလို့ ခေါ်ကြတယ်။ မိုအာ နှင့် ကျွန်တော်တို့ နှစ်ယောက်စလုံးက စွမ်းရည် အသုံးပြုသူတွေပါ။ ကျွန်တော့်မှာက ရေအမျိုးအစား စွမ်းရည်ရှိပြီး မိုအာ မှာက မီးအမျိုးအစား စွမ်းရည်ရှိတယ်" ဟု ကုရှကျယ်က ရှင်းပြသည်။
ထိုစကားကိုကြားသောအခါတွင်တော့ စစ်သားများသည် အံ့သြသင့်မှုကြောင့် မျက်လုံးများ ပြူးကျယ်သွားကြတယ်။ စစ်သားတွေထဲက တစ်ယောက်က သူတို့ရဲ့ ဗိုလ်ကြီးကို ကြည့်ပြီး စိတ်လှုပ်ရှားစွာနဲ့ ပြောလိုက်တယ်"ဗိုလ်ကြီး မင်းကလည်း စွမ်းရည်ရှိတဲ့သူပဲ"
ဒါကိုကြားတော့ ဝေယင်းက မျက်မှောင်ကြုတ်ကာမေးတယ် "မင်းရဲ့ စွမ်းရည်ကို နိုးထလာနိုင်ပြီးတဲ့နောက်တော့ မင်းရဲ့ ခန္ဓာကိုယ်က ပြောင်းလဲမှုတွေကို ခံစားရလား"
"ကျွန်မတို့ရဲ့ အာရုံငါးပါးကို မြှင့်တင်ပေးတဲ့အပြင်၊ ကျွန်မတို့ရဲ့ ခံနိုင်ရည်က အရင်ကထက် အများကြီး ပိုကောင်းလာပါတယ်" လို့ ရုန်မိုအာက ခဏမျှ စဉ်းစားပြီးတဲ့နောက်မှ ပြန် ဖြေခဲ့တယ်။
ဝေယင်းက မျက်မှောင်ကြုတ်နေတာကို သတိပြုမိလိုက်ပြီး "ဗိုလ်ကြီးဝေမှာ တခြားလက္ခဏာတွေရှိလို့လား" လို့ ကုရှကျယ်က မေးလိုက်တယ်။
ဝေယင်းက ခဏမျှ တုံ့ဆိုင်းနေပြီးမှ ခေါင်းညိတ်ကာ " စွမ်းအင်တွေရလာပြီးတဲ့နောက်တော့ သတ္တုတိုင်ကို ငါကလက်ဗလာနှင့်တောင် ချိူးပစ်နိုင်တယ်" လို့ ပြောလိုက်တယ်။
ဒါကိုကြားပြီးတာနဲ့ ကုရှကျယ် နှင့် ရုန်မိုအာတို့ နှစ်ယောက်စလုံးဟာ တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြတယ်။ ဝေယင်းရဲ့ ခွန်အားက ဆရာချောင် နှင့် လီယောင်တို့ရဲ့ စွမ်းရည်အမျိုးအစားနှင့် အလွန်ဆင်တူသည်။
" ဗိုလ်ကြီးဝေ မင်းက ခွန်အားအမျိုးအစား စွမ်းရည်ကို ရခဲ့တာ ဖြစ်နိုင်တယ်။ ခွန်အားအမျိုးအစား စွမ်းရည်ကို နိုးထလာတဲ့ လူနှစ်ယောက်နဲ့ တွေ့ခဲ့ဖူးပြီး သူတို့နှစ်ယောက်စလုံးက ဖုတ်ကောင်ရဲ့ ဦးခေါင်းကို လက်သီးနှင့်တောင် ထိုးသတ်နိုင်ခဲ့တယ်။ မင်းရဲ့ ခွန်အားကန့်သတ်ချက်ကို စမ်းသပ်ပြီးပြီလား" ကုရှကျယ်က မေးတယ်။
ဝေယင်းက ခေါင်းယမ်းပြပြီး သူတို့ကိုပြန်ဖြေလိုက်တယ်။ "ငါ မစမ်းသပ်ဖူးဘူး။ ငါ့ရဲ့ အမြန်နှုန်းကိုပဲ့စမ်းကြည့်ဖူးတယ်။ အခုအချိန်အထိတော့ ငါ့ရဲ့ ပြေးနှုန်းက တစ်နာရီကို ကီလိုမီတာ 80 ဝန်းကျင်ပဲ"
ဒီစကားကိုကြားတော့ အားလုံးက အံ့သြသွားကြတယ်။ သူ့ရဲ့အရှိန်က ကားတစ်စီးလောက်ကို မြန်နေတယ်။
" ဗိုလ်ကြီးဝေ မင်းအနေနဲ့ လက်ဗလာနှင့် ဖုတ်ကောင်တစ်ကောင်ကို သတ်ဖို့ကြိုးစားကြည့်ပြီး ခွန်အားအမျိုးအစားစွမ်းရည်က တကယ်နိုးထလာခဲ့တာလားဆိုတာကို ကြည့်လို့ရတယ်။ တကယ်လို့ဟုတ်တယ်ဆိုရင်တော့ မင်းက စွမ်းရည်နှစ်ခုကို ပထမဆုံးအသုံးပြုနိုင်သူဖြစ်လိမ့်မယ်" ဟု ရုန်မိုအာ က အကြံပြုခဲ့သည်။
သူမရဲ့စကားက်ိုကြားပြီးတဲ့နောက်တော့ ဝေယင်းက ခေါင်းညိတ်ပြကာ "နောက်မှ စမ်းကြည့်မယ်" လို့ပြောလိုက်တယ်။
ဖုတ်ကောင်များကို အကြိမ်ပေါင်းများစွာ တိုက်ခိုက်ပြီးနောက်တော့ ဖုတ်ကောင်များက ပိုမိုအားကောင်းလာကြောင်းကို သူနားလည်လာခဲ့ပြီး မကြာမီတွင်ပဲ သူတို့အနေနဲ့သေနတ်များကို အသုံးပြု၍ သတ်နိုင်တော့မည်မဟုတ်ပေ။
ဖုတ်ကောင်တွေကိုသတ်ဖို့အတွက် နည်းလမ်းအသစ်ရှာဖို့လိုတယ်။ လက်ဗလာနဲ့ သတ်နိုင်ရင်တော့ သူ့အဖွဲ့ရဲ့ ရှင်သန်နိုင်ခြေကို ပိုတိုးစေနိုင်တယ်။
လင်းယုန်အဖွဲ့က စက်ရုံခရိုင်ဆီသို့လာနေစဉ်တွင် ကျန်းယွမ် က အသက်ရှင်ကျန်ရစ်သူအုပ်စုအသစ်ကို ကြည့်ရှုနေသည်။
သူတို့ရှေ့မှာ မတ်တပ်ရပ်ပြီး "မင်းတို့မှာ ဒဏ်ရာရှိ၊ မရှိ စစ်ဆေးဖို့အတွက် လူတိုင်း စစ်ဆေးဖို့လိုတယ်။ မစစ်ဆေးချင်ရင် ကျန်တဲ့သူတွေနဲ့ သွားမပေါင်းခင် နှစ်နာရီလောက် စောင့်ရမယ်" လို့ ပြောလိုက်တယ်။
ဒါကိုကြားတော့ မန်နေဂျာဝမ်က "ရဲဘော်၊ စစ်သားတွေက ငါတို့ကို လာခေါ်မယ်လို့ တစ်ယောက်ယောက်က ပြောတယ်။ ငါတို့မှာ ဘာဒဏ်ရာမှ မရှိဘူး၊ ဘာလို့ နှစ်နာရီလောက် စောင့်ရမှာလဲ"လို့ မေးလာတယ်။
"ဒါတွေက စည်းမျဥ်းတွေဘဲ။ စည်းမျဥ်းတွေကို မလိုက်နာချင်ရင်တော့ မင်းအနေနဲ့ ထွက်သွားဖို့ကို ရွေးချယ်နိုင်တယ်" လို့ ကျန်းယွမ်က ပြန်ဖြေလိုက်တယ်။
သူ့စကားကိုကြားသောအခါမှာတော့ လူလတ်ပိုင်းအမျိုးသမီးတစ်ဦးက "ရဲဘော်၊ မင်းက စစ်သားတစ်ယောက်ပဲ။ ငါတို့ကို ကာကွယ်ဖို့က မင်းတာဝန်ပဲလေ။ မင်း ငါတို့ကို ဘယ်လိုလုပ်ပြီး မောင်းထုတ်နိုင်တာလဲ "ဆိုပြီး မေးခွန်းထုတ်လာတယ်။
"မှန်တယ်။ မင်းတို့ရဲ့လစာအတွက် ငါတို့ကပေးတယ်။ မင်းတို့ကလည်း ငါတို့ကို ဝန်ဆောင်မှုပေးသင့်တယ်" လို့အခြားအမျိုးသမီးကလည်း ဆက်ပြောလာသည်။
သူတို့ရဲ့ စကားများကို ကြားသောအခါတွင် ကျန်းယွမ်က မျက်မှောင်ကြုတ်သွားခဲ့တယ်။ အားလုံးက ချင်လူဇီ ပြောခဲ့သလိုပါပဲ အမှန်အတိုင်းပြောရရင် ဒီအရပ်သားတွေက သူထင်ထားသလောက် မကောင်းဘူး။ သူတို့က ယုတ္တိမရှိဘဲ တစ်ကိုယ်ကောင်းဆန်ကြတယ်။
နောက်ဆုံးတော့ အကျည်းတန်တဲ့ အမှန်တရားကို မြင်သွားပြီးတဲ့နောက် သူရဲ့စိတ်နှလုံးက ခိုင်မာလာခဲ့ပြီး "အမျိုးသမီး မင်းက ငါ့အတွက်လစာကို မပေးခဲ့ဘူး။ ငါ့လစာအတွက် ငါ့ရဲ့ဘဝကို ငါသုံးခဲ့တာ။ ဒီတိုင်းပြည်နဲ့ ပြည်သူတွေကို ငါ ကာကွယ်တယ်၊ ဒါပေမယ့် မင်းကတော့ ငါ့ကို အမိန့်ပေးလို့ ရတယ်လို့တော့ မဆိုလိုဘူး"
"စည်းမျဉ်းတွေကို လိုက်နာတာပဲဖြစ်ဖြစ် ထွက်သွားတာဖြစ်ဖြစ်။ မင်းတို့ရဲ့ရွေးချယ်မှုပဲ" ဟု အေးစက်စွာပြောလိုက်သည်။
ခြိမ်းခြောက်ခြင်း သို့မဟုတ် မဆွဲဆောင်နိုင်ခြင်းတို့ကြောင့် အသက်ရှင်ကျန်ရစ်သူအုပ်စုက ဒေါသထွက်ကာ စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရတယ်။
မန်နေဂျာဝမ်သည် ခပ်လှမ်းလှမ်းမှ စားသောက်နေကြသော လူတစ်စုကိုလှမ်းကြည့်ပြီးနောက်တော့ ပါးစပ်မှ သရေများကျနေကို ခံစားလိုက်ရတယ်။ သူက ဆာလောင်နေပြီး ကစားရန် စိတ်မရှိတော့ပေ။
ကောင်းကျိုးဆိုးကျိုးတွေကို ဆင်ခြင်ပြီးမှ “ရဲဘော်၊ စစ်ဆေးဖို့ သဘောတူတယ်” လို့ ပြောလိုက်တယ်။
သူ့စကားကြားကိုတော့ သူတို့အုပ်စုကလူတွေဟာ အံ့သြသွားကြတယ်။
သူတို့ရဲ့ ခိုင်မာတဲ့ သဘောထားကို ပြသဖို့လုပ်တာက သူ့ရဲ့ အကြံအစည်ကို ပိုလို့အကျိုးအမြတ်တွေ ရရှိစေမှာ ဖြစ်ပါတယ်။ စစ်သည်များကို စော်ကားပြီးနောက်မှ ထိုသူက သဘောထားပြောင်းကာ စည်းမျဉ်းများကို သဘောတူလိုက်တယ်။
မန်နေဂျာဝမ် က သူတို့ကို ခြေနင်းကျောက်များအဖြစ် အသုံးပြုနေတာများလား။
ဒီအတွေးက သူတို့စိတ်ထဲမှာ တောက်ပလာတာကြောင့် သူတို့ရဲ့ဒေါသတွေက ကျန်းယွမ် နဲ့ စစ်သားတွေကို ဦးတည်မနေတော့ဘူး။ အဲဒီအစား မန်နေဂျာဝမ်ဆီကိုပဲ့ ပုံကျသွားခဲ့သည်။
ကျန်းယွမ်ကတော့ သူတို့ရဲ့ စိတ်ခံစားမှု သို့မဟုတ် အတွေးများကို ဂရုမစိုက်ပါ။ အဘိုးအိုက စစ်ဆေးရန်အတွက်ကို သဘောတူကြောင်း ကြားသောအခါမှာတော့ စစ်သားများကို စစ်ဆေးရန်အတွက် လက်ဖြင့် အချက်ပြလိုက်တယ်။
စစ်သားများက မန်နေဂျာဝမ်ကို ယာယီသတ္တုအပိုင်းဆီသို့ ခေါ်ဆောင်သွားပြီး အတွင်းခံဘောင်းဘီတစ်ထည်ပဲ ကျန် တော့တဲ့အထိအဝတ်အစားကို ချွတ်ခိုင်းပြီး သူ့ခန္ဓာကိုယ်ကို စစ်သားတွေက သေသေချာချာ စစ်ဆေးခဲ့ပါတယ်။
သူက ရှက်ရွံ့သလို ခံစားခဲ့ရသော်လည်း အစားအစာနှင့် ရေအတွက် သည်းခံနိုင်ခဲ့သည်။
ဆယ်မိနစ်လောက်အကြာမှာတော့ သူပြန်ထွက်လာနိုင်ခဲ့ပြီး စစ်သားတစ်ယောက်က "ဒုဗိုလ်ကြီး သူကသွားလို့ရပြီ" လို့ပြောလာတယ်။
ကျန်းယွမ်က ခေါင်းညိတ်ပြပြီး "မင်းအတွက်အစားအသောက်နှင့်ရေသွားယူလို့ရတယ်"လို့ မန်နေဂျာဝမ်ကို ပြောလိုက်တယ်။