အခန်း (၁၀၉)
Vol. 8 Ch. 109
ကျင်းရွှီယန်း ခုနကသုံးခဲ့တဲ့ စွမ်းအားဟာ အဆင့်နှစ် စွမ်းရည်-အသုံးပြုသူအဆင့်က မဟုတ်တော့ဘူး။
ထိုအဆင့်-၃ မျိုးပြောင်းဖုတ်ကောင်နှင့် တိုက်ခိုက်မှု အပေါ် အခြေခံ၍ ကြည့်ရရင် သူရဲ့အဆင့်က အနည်းဆုံးတော့ အဆင့်လေးထက်တော့မနိမ့်ဘူး။
သူရဲ့စွမ်းအင်ကို ထိန်းညှိနေတာကို တွေ့လိုက်ရသဖြင့် ကျိူးလီဇီက သူ့ကိုမနှောင့်ယှက်တော့ဘဲ အမြုတေ များကို စုဆောင်းရန်သာ သွားလိုက်သည်။
သူနှစ်ဦးစလုံးသည် သူတို့ကို တိုက်ခိုက်လာရန် အဆင့်-နှစ် ဖုတ်ကောင်နှစ်ကောင် ပူးပေါင်းလာကတည်း အနီးအနားတွင် အဆင့်သုံး ဖုတ်ကောင် ရှိနေကြောင်းကို မှန်းဆထားပြီးဖြစ်သည်။
အဆင့်မြင့်မားသောဖုတ်ကောင်ရဲ့ထိန်းချုပ်မှုမရှိဘူးဆိုရင် တူညီသောအဆင့်ရှိဖုတ်ကောင်နှစ်ကောင်ဟာအဖွဲ့ဖွဲ့မည့်အစားအချင်းချင်းသတ်ပစ်ကြလိမ့်မည်။
သူမက ရန်သူကို လျှော့တွက်ပြီး ဒဏ်ရာရခဲ့တယ်။ ဒီသင်ခန်းစာက သူမရဲ့ မောက်မာမှုကို ပြန်ယူသွားခဲ့တယ်။ သူမက ပြန်လည်မွေးဖွားလာပြီး အခြားစွမ်းရည်အသုံးပြုသူများထက် သန်မာလာသော်လည်း ဖုတ်ကောင်များထက်တော့ အားနည်းနေသေးသည်။
အမည်မသိသော အကြောင်းအရင်းတစ်ခုကြောင့် ဖုတ်ကောင်များသည် သူမရဲ့ယခင်ဘဝကထက် ပိုမိုလျင်မြန်စွာ တိုးတက်ပြောင်းလဲလာခဲ့တယ်။ သူမက ပို၍သတိထားရန်နှင့် ခေါင်းအေးအေးထားပြီး အနာဂတ်တွင် နှိမ့်ချနေရန် လိုအပ်သည်။
ကျိူးလီဇီက ပတ်ဝန်းကျင်ကို ခဏတာ စစ်ဆေးလိုက်တယ်။ ပတ်ဝန်းကျင်မှာ တခြားဖုတ်ကောင်တွေမရှိတော့ဘူးဆိုတာကို သူမသေချာတဲ့အခါကြမှ နေရာလွတ်က ကန်ရေနှစ်ပုလင်းကို ထုတ်ပြီး ကျင်းရွှီယန်းဆီကို လျှောက်သွားလိုက်တယ်။
သူမက သူ့ကို မနှောင့်ယှက်ဘဲ သူ့ဘေးမှာရပ်ကာ စောင့်ကြည့်နေသည်။ ဗိုက်ဆာလာသဖြင့် စပျစ်သီးပေါင်မုန့်တစ်လုံးနှင့် ချိစ်တစ်ထုပ်ကို ထုတ်ယူလိုက်တယ်။ ကျင်းရွှီယန်း ကို စောင့်နေစဉ်တွင်ပဲ သူမက သူ့ရှေ့တွင် ထိုင်ကာ ဖြည်းညှင်းစွာ စားသောက်ခဲ့သည်။
မိနစ်သုံးဆယ်အကြာတွင် ကျင်းရွှီယန်းက မျက်လုံးကိုဖွင့်၍ ကြည့်လိုက်တော့ အရှေ့မှာ ထိုင်နေတဲ့ ကျိူးလီဇီက ရေသန့်ဘူးအလွတ်တစ်လုံးကို ရေဖြည့်နေတာတွေ့လိုက်ရတယ်။
သူ့မျက်လုံးတွေဖွင့်လာတာကိုမြင်တော့ ကျိူးလီဇီက သူ့အား ကန်ရေနှစ်ပုလင်းပေးကာ "အစ်ကိုယန်း ရေနည်းနည်းသောက်လိုက်ပါ" လို့ပြောလာတယ်။
ထိုစကားကိုကြားသောအခါတွင် ကျင်းရွှီယန်းက သူမရဲ့အပြုအမူက အလွန်ချစ်စရာကောင်းတာကို တွေ့လိုက်ရတယ်။ သူမက ရေအမျိုးအစားစွမ်းရည်ကို အသုံးပြုသူတစ်ဦးဖြစ်သောကြောင့် အခြားသူများကို ရေပေးဝေရခြင်းကို နှစ်သက်သူဖြစ်နိုင်သည်။
လက်လှမ်းလို့ရေကိုလက်ခံလိုက်ပြီး အဖုံးကိုဖွင့်လိုက်တယ်။ "အာ့ဇီ မင်း အဆင်ပြေရဲ့လား" လို့ မမေးခင် သူက ရေကို တစ်ကျိုက်လောက် အရင်ပြီးအောင် သောက်လိုက်တယ်။
ကျိူးလီဇီက ခေါင်းညိတ်ပြီး "အစ်ကိုယန်း ကျွန်မ အဆင်ပြေပါတယ်။ မင်းကသာ ဒဏ်ရာတွေပြည့်နေတဲ့သူလေ။ ငါတို့အရင်ပြန်ပြီး မနက်ဖြန်ကြမှ မင်းရဲ့အဖွဲ့နဲ့အတူ ပြန်လာကြမလား"လို့ ပြောလိုက်တယ်။
အအေးဓာတ်ကို သန့်စင်ပြီးကတည်းက ကျင်းရွှီယန်းရဲ့ ခန္ဓာကိုယ်မှ ဒဏ်ရာများဟာ အချိန်အတော်ကြာကပင် ပြန်လည်ကောင်းမွန်လာခဲ့သည်။ သူက ခေါင်းယမ်းပြီး မတ်တပ်ထရပ်ကာ "အဆင်ပြေပါတယ်၊ ဒါကဒဏ်ရာသေးသေးလေးပဲ၊ ကိုယ်တို့ မျိုးစေ့တွေကို အရင်သွားယူသင့်တယ်" လို့ ပြောလိုက်တယ်။
ကျိူးလီဇီက သူ့ကို ခဏလောက် စောင့်ကြည့်ပြီးမှ "အစ်ကိုယန်း မင်း တကယ်ရောအဆင်ပြေရဲ့လား" လို့ မေးလိုက်တယ်။
ကျင်းရွှီယန်းက တခစ်ခစ်ရယ်ပြီး သူမကိုဆွဲလိုက်ပြီး "ကိုယ်တကယ် အဆင်ပြေပါတယ်။ မမှောင်ခင် မျိုးစေ့တွေ အရက်ယူရအောင်" လို့ပြောလိုက်တယ်။
သူကအဆင်ပြေနေပုံရတာကြောင့် ကျိူးလီဇီလည်း သူ့အခြေအနေအကြောင်းကို မမေးတော့ဘဲ သူ့နောက်က လိုက်သွားခဲ့တယ်။ နှစ်ယောက်သားက အကြာကြီး တိုက်ခိုက်ခဲ့ပြီးနောက်တော့ မောပန်းနွမ်းနယ်နေကြသည် ။ ထို့ကြောင့် သူတို့သည် ဖုတ်ကောင်များကို ရှင်းလင်းရန်အတွက် အဆောင်များသို့ မသွားတော့ဘဲ ဂိုဒေါင်ကိုသာ တိုက်ရိုက်သွားကြတယ်။
အခြားစက်ရုံများနှင့် မတူဘဲ မျိုးစေ့သိုလှောင်သည့် ဂိုဒေါင်ရဲ့အပြင်ဖက်မှာတော့ ပျိုးပင်များ စိုက်ပျိုးသည့် လယ်ကွင်းများစွာရှိသည်။
ကမ္ဘာပျက်ပြီးနောက်တွင်တော့ ဖုတ်ကောင်ဗိုင်းရပ်စ်ကင်းစင်တဲ့ မြေဆီလွှာဟာ ရှားပါးသောကြောင့် ပျိုးပင်များဗိုင်းရပ်စ်ကင်းစင်နေရန် အခွင့်အလမ်းက သုညနီးပါးဖြစ်သည်။ သို့သော် ကျိူးလီဇီရဲ့ အာကာသနေရာလွတ်က ဖုတ်ကောင်ဗိုင်းရပ်စ်ကို စုပ်ယူနိုင်စွမ်းရှိတယ်။
ဗိုင်းရပ်စ်ကြောင့် ညစ်ညမ်းနေသောပျိုးပင်များကို သူမရဲ့နေရာလွတ်ဖြင့် 'သန့်စင်' နိုင်တာကို သူမ မသိသော်လည်း စမ်းကြည့်ချင်သေးသည်။ ဒါနဲ့ပဲ လယ်ကွင်းတွေထဲကို လမ်းလျှောက်လာရင်း “အစ်ကိုယန်း ပျိုးပင်တွေကို သွားစစ်ကြည့်ရအောင်” လို့ပြောလိုက်တယ်။
ကျင်းရွှီယန်းကတော့ သူမရဲ့နေရာလွတ်က အပင်များ စိုက်ပျိုးရန်နှင့် တိရစ္ဆာန်များမွေးမြူရန်အတွက် အသုံးချနိုင်တာကို မသိခဲ့ပေ။ ပျိုးပင်အချို့ကို ထိန်းသိမ်းထားချင်သည်ဟုသာ သူကထင်ခဲ့တယ်။ ဒီတော့ သူက “ကောင်းပြီ” လို့ လွယ်လွယ်ပဲ သဘောတူလိုက်တယ်။
အနက်ရောင် မီးတောက်ကို အသုံးပြု၍ တံခါးသော့ကို အရည်ဖျော်ပြီးနောက်တော့ နှစ်ယောက်သားက လယ်ကွင်းထဲသို့ ဝင်သွားကြသည်။
သူတို့ရဲ့ယခင်ဘဝရဲ့အတွေ့အကြုံများအရဆိုရင် မျိုးပြောင်းတိရစ္ဆာန်များနှင့် မျိုးပြောင်းအပင်များဟာ လအနည်းငယ်အကြာတွင်မှ ပေါ်ပေါက်လာခြင်းဖြစ်သည်။ ထို့ကြောင့် သူတို့နှစ်ဦးဟာ မျိုးပြောင်းအပင်များရဲ့ တိုက်ခိုက်ခြင်းကို ခံရမည်ကို မစိုးရိမ်ခဲ့ကြပေ။
လယ်ကွင်းထဲသို့ ဝင်လိုက်သည်နှင့် ညှိးနွမ်းနေသော ပျိုးပင်များကြားတွင် တက်ကြွမှုအပြည့်ဖြင့် ပျိုးပင်အချို့ကိုလည်း တွေ့လိုက်ရသည်။ ညှိုးနွမ်းနေသော ပျိုးပင်များနှင့် ဆန့်ကျင်ဘက်ဖြစ်နေတဲ့ အစိမ်းရောင်အပင်များဟာ ထူးဆန်းပြီး ကြောက်စရာကောင်းသော ခံစားချက်ကို ပေးစွမ်းသည်။
သူတို့က အကြည့်ချင်းဖလှယ်ကြပြီး
ကျင်းရွှီယန်းက ပြောလာတယ် "အာ့ဇီ ဒီပျိုးပင်တွေက မျိုးပြောင်းသွားပြီး လူတွေကို အန္တရာယ်ပြုနိုင်တာကြောင့် ဒီပျိုးပင်တွေကို မီးရှို့သင့်တယ်လို့ ကိုယ်ထင်တယ်"
သူတို့ရဲ့ယခင်ဘဝတွင်တော့ လင်အန်းမြို့ဟာ အန္တရာယ်အဆင့်တွင် S-rank ရခဲ့ခြင်းမှာ ဖုတ်ကောင်များကြောင့်မဟုတ်ဘဲ ပြန့်ကျဲနေသော မျိုးပြောင်းအပင်များနှင့် မျိုးပြောင်းတိရစ္ဆာန်များကြောင့်ဖြစ်သည်။
မျိုးပြောင်းအပင်များသည် ဖုတ်ကောင်များနှင့် လူသားများကြားတွင် လွတ်လွတ်လပ်လပ် မလှုပ်ရှားနိုင်ပါ။ ထို့ကြောင့်၊ မြို့အများစုသည် ဖုတ်ကောင်များ၏ တွင်းဖြစ်နေဆဲပင်။ ဒါပေမယ့် အန္တရာယ်အရှိဆုံးနေရာကတော့ မျိုးပြောင်းအပင်တွေ သိမ်းပိုက်ထားတဲ့နေရာပါ။
ကျိူးလီဇီကတော့ ဤမျိုးပြောင်းအပင်များက စားသုံးနိုင်သည်ဖြစ်စေ မစားနိုင်သည်ကိုဖြစ်စေကို မသိသော်လည်း သူမရဲ့နေရာလွတ်က ၎င်းတို့ကို သန့်စင်ပေးနိုင်ခြင်းရှိမရှိကိုတော့ စမ်းသပ်လိုပါသည်။
ဒါကြောင့် သူမက ခဏလောက် စဉ်းစားပြီး "အစ်ကိုယန်း ငါပြန်ယူသွားချင်သေးတယ်။ သူတို့သာ စားလို့မရတဲ့ မျိုးပြောင်းအပင်တွေ ဖြစ်လာရင်၊ သုတေသန ရည်ရွယ်ချက်အတွက် ငါတို့ သုံးလို့ရတုန်းပဲ" လို့ပြောလိုက်တယ်။
သူမရဲ့ အကြောင်းပြချက်ကိုကြားတော့ ကျင်းရွှီယန်းက "ဒါဆို မင်းလိုချင်တာရှိရင် ကိုယ်တို့ယူမယ်"လို့ သဘောတူလိုက်တယ်။
ကျိူးလီဇီက ခေါင်းညိတ်ပြပြီး အနီးဆုံးရှိ စိမ်းလန်းနေသော ပျိုးပင်ဆီသို့ သွားခဲ့သည်။ နီးနီးကပ်ကပ်မနေဝံ့ဘဲ အဝေးကသာ ကောက်ယူလိုက်တယ်။ သူမရဲ့ လက်ဝှေ့ယမ်းလိုက်တော့မျိူးပြောင်းသွားသော အပင်ဟာ သူတို့ရဲ့ အမြင်လွှာမှ ပျောက်ကွယ်သွားပြီး သူမရဲ့ အာကာသအတွင်း၌ ပြန်လည် ပေါ်လာသည်။
အပင်ကို စုဆောင်းပြီးနောက် သူမရဲ့နေရာကို ပြန်စစ်ဆေးကြည့်လိုက်တာ အပင်က ညှိုးနွမ်းပြီး မသေရုံသာမကဘဲ ပို၍ ပင်တက်ကြွလာတာကို တွေ့လိုက်ရသည်။
သူမရဲ့နေရာလွတ်ရှိ မျိုးပြောင်းအပင်နှင့် လယ်ကွင်းအတွင်းရှိအပင်များနဲ့ မတူတဲ့ တစ်ခုတည်းသော ကွာခြားချက်မှာ ပင်စည်နှင့် အရွက်များတွင် နီညိုရောင်သွေးပြန်ကြောများ မရှိခြင်းပင်ဖြစ်သည်။
ဤရှာဖွေတွေ့ရှိမှုကြောင့် သူမဟာပြုံးပြီး ဗီဇပြောင်းထားသော အပင်များကို အမြန်စုဆောင်းခဲ့တယ်။
ကျင်းရွှီယန်းသည် စုဆောင်းထားသော မျိုးပြောင်းအပင်များက သူမကို အန္တရာယ်ပြုမည်ကို မစိုးရိမ်ပါ။ အာကာသ စွမ်းရည်အသုံးပြုသူတစ်ဦးရဲ့ အာကာသထဲတွင် သိမ်းဆည်းထားသမျှ အရာအားလုံးဟာ အချိန်မီ အေးခဲသွားမည်ဖြစ်သည်။