အခန်း (၁၁၀)
Vol. 8 Ch. 110
ထို့အပြင် စွမ်းရည်-အသုံးပြုသူရဲ့ အာကာသထဲတွင် သက်ရှိများကို သိမ်းဆည်းထားနိုင်ခြင်း မရှိပါ။ ထို့ကြောင့် မျိုးပြောင်းအပင်များကြောင့် ထိခိုက်နိုင်ခြေဟာ သုညနီးပါးဖြစ်သည်။
ထိုလယ်ကွင်းများမှ ပျိုးပင်များကို စုဆောင်းပြီးနောက်တော့ အခြားလယ်ကွင်းများသို့ သွားကာ ကျန်ရှိနေသော မျိုးပြောင်းအပင်များကို စုဆောင်းကြသည်။
စုစုပေါင်း လယ်ကွက် ၁၇ ကွက်ထဲမှ သူမဟာ ပန်းသီး၊ စပျစ်သီး၊ စတော်ဘယ်ရီ၊ ငှက်ပျောသီး၊ မက်မွန်သီး၊ ရှောက်ခါးကြသီး၊ ထောပတ်သီး၊ ပန်းသဖန်းသီး၊ သံပုရာသီး၊ လိမ္မော်သီး၊ အုန်းသီး၊ သံလွင်သီးနဲ့ ချယ်ရီသီးစတဲ့ သစ်သီးမျိုးစုံကို စုဆောင်းခဲ့တယ်။
မျိူးစေ့တစ်စေ့စီကပေါက်လာတဲ့ ပျိုးပင်အရေအတွက်က မတူကြဘူး။ ထောပတ်သီးလိုမျိုး ပျိုးပင်တစ်ပင်တည်းပဲ ရလာတာလည်းရှိပြီး၊ စတော်ဘယ်ရီလိုမျိုး ပျိုးပင်နှစ်ဆယ်ကျော် ထွက်လာတာလည်း ရှိတယ်။
အခြားအပင်များအတွက်မူ သစ်အယ်ပင်တစ်ပင်၊ သစ်ကြားသီးပင်နှစ်ပင်၊ ဗာဒံပင်တစ်ပင်နှင့် ချောကလက်ပင်နှစ်ပင်တို့ကိုသာ တွေ့ရှိခဲ့သည်။ သစ်ပင်များနှင့် အသီးအနှံအပင်များအပြင် နောက်ဆုံးလယ်ကွင်းရှိ ကော်ဖီပင်သုံးပင်ကိုလည်း သူမ သတိပြုမိလိုက်သည်။ အာရာဘီကာ ကော်ဖီပင်တစ်ပင်နှင့် ရိုဘစ်တာ ကော်ဖီပင်နှစ်ပင်ဖြစ်သည်။
၎င်းတို့ရဲ့ မျိုးစိတ်အတိအကျကို သူမ မသိသော်လည်း ဤမျိုးစေ့စက်ရုံတွင် ဗီဇပြောင်းထားသော အပင်များစွာကို ရှာဖွေတွေ့ရှိနိုင်တာက ကောင်းပါတယ်။ နောင်တွင်တော့ ကော်ဖီသောက်ရန်အတွက် စိတ်ပူစရာ မလိုတော့ပေ။
မျိုးမအောင်သော ပျိုးပင်များအားလုံးကိုတော့
ကျင်းရွှီးယန်းက သူရဲ့အနက်ရောင်မီးကို အသုံးပြုကာ အပင်များကို မီးရှို့လိုက်သည်။ ပြီးသောအခါမှာတော့ နှစ်ယောက်သားက ဂိုဒေါင်ရှိရာသို့ သွားကြတယ်။
ဒီတစ်ခါ ဂိုဒေါင်ကိုသွားတဲ့လမ်းမှာတော့ ဖုတ်ကောင်တွေနဲ့ ပြည့်နေတယ်။ ကန်ရေတစ်ပုလင်းသောက်ပြီးနောက်တော့ သူတို့နှစ်ဦးက စွမ်းအင်ပြန်လည်ရရှိနေပြီဖြစ်သည်။
ကန်ရေသောက်ခြင်းဖြင့် သူတို့ရဲ့ စွမ်းအင်ကို ပြန်လည်ရရှိနိုင်ခြင်းက အလွန်ကောင်းပါသည်။ ပြဿနာကတော့ အိမ်သာသုံးရန် ဆန္ဒက ပုံမှန်ထက် ပိုများနေခြင်းဖြစ်တယ်။
မတိုက်ခိုက်ခင်မှာ ကျိူးလီဇီက "အစ်ကိုယန်း ငါ အိမ်သာအရင်သုံးရမယ်" လို့ပြောလိုက်တယ်။
ထိုစကားကိုကြားသောအခါ ကျင်းရွှီယန်းက အံ့အားသင့်သွားတယ်။ သူ့ခန္ဓာကိုယ်ရဲ့ ဇီဝဖစ်ပျက်မှုက ပြောင်းလဲတာ အရမ်းများနေပြီး ရေအများကြီးသောက်ပြီးရင်တောင် အိမ်သာသုံးဖို့ တိုက်တွန်းမှုကို မခံစားရပါဘူး။ ဒါပေမယ့် သူမအတွက်တော့ ကွဲပြားပါတယ်။
ပတ်ပတ်လည်ကို ကြည့်လိုက်တော့ သူတို့နေရာနဲ့ သိပ်မဝေးတဲ့ ချုံပုတ်တစ်ပုတ်ကို တွေ့လိုက်ရတယ်။ ချုံပုတ်တွေကို လက်ညှိုးထိုးပြပြီး "အာ့ဇီ မင်းအဲဒီနေရာကို သုံးလို့ရတယ်။ ကိုယ်မကြည့်ဘူး"လို့ပြောလိုက်တယ်။
ကျိူးလီဇီ ရှက်သွားသော်လည်း သူမက ကန့်သတ်ချက်သို့ ရောက်နေပြီဖြစ်သည်။ ထို့ကြောင့် သူမ ခေါင်းညိတ်ကာ ချုံပုတ်များဆီသို့ အမြန်ပြေးသွားခဲ့တယ်။ ကျင်းရွှီယန်းက သူ့ခန္ဓာကိုယ်ကို လှည့်လိုက်သည့်အခိုက်တွင်ပဲ့ သူမကနေရာလွတ်ထဲကို လျှပ်တပြက်ဝင်လာပြီး သူမရဲ့အိမ်ရှိ အိမ်သာကို အသုံးပြုခဲ့သည်။
သက်တောင့်သက်သာဖြစ်သွားတဲ့အချိန်ကြမှ အသက်ရှူကျပ်တယ်လို့ မခံစားရ တော့ကြောင်းကို ရုတ်တရက်ကြီး သူမ သိလိုက်ရတယ်။
ယခင်က အာကာသရဲ့အကြောင်းအရာအကျဉ်းချုပ်ကို သူမဖတ်ကြည့်သောအခါတုန်းက အောက်ဆီဂျင်မရှိခြင်းကြောင့် သက်ရှိသတ္တဝါများ မဝင်ရောက်နိုင်ဟုဆိုသည်။ သူမက အသက်မရှူဘဲ အာကာသထဲသို့ အကြိမ်ပေါင်းများစွာ ဝင်ရောက်ခဲ့ပြီးဖြစ်သည်။
သူမ ကိစ္စပြီးသွားသောအခါတွင် နေရာလွတ်ရဲ့ ဆက်တင်ကိုဖွင့်ပြီးကြည့်လိုက်တော့ ဖန်သားပြင်ပေါ်တွင် အကန့်အသစ်တစ်ခု ပေါ်လာတ ကို တွေ့လိုက်ရတယ်။ အကန့်ကို နှိပ်လိုက်သည်နှင့် သူမရဲ့နေရာရှိ အောက်ဆီဂျင်အဆင့်ဆိုင်ရာ အချက်အလက်များကို သူမတွေ့လိုက်ရတယ်။
အခြားအချက်အလက်များက သူမရဲ့နေရာ၌ စိုက်ထားသော အပင်အရေအတွက်အားဖြင့် အောက်ဆီဂျင်ပမာဏ တိုးလာနိုင်ကြောင်း ဖော်ပြခဲ့သည်။ မြက်ခင်းပြင်များက အောက်ဆီဂျင်ကို အလိုအလျောက် ထုတ်ပေးပြီး သူမက နေရာထဲတွင် အချိန်အကန့်အသတ်ဖြင့် နေနိုင်မည်ဖြစ်သည်။
အောက်ဆီဂျင်ပမာဏကို မြှင့်တင်ရန်အတွက် သူမက အပင်များကို ပိုမိုစိုက်ပျိုးရန် လိုအပ်သည်။ အောက်ဆီဂျင်အဆင့် 30% ရောက်သောအခါတွင်တော့ အာကာသအတွင်း၌တိရစ္ဆာန်များကိုမွေးမြူနိုင်သည်။ အောက်ဆီဂျင်ပမာဏ မြင့်မားလေ၊ သက်ရှိသတ္တဝါများက နေရာလွတ်ထဲသို့ ပိုမိုဝင်ရောက်နေထိုင်နိုင်လေဖြစ်သည်။
ဒီအတွေးက သူ့စိတ်ထဲမှာ ပေါ်လာတဲ့အခိုက်အတန့်မှာပဲ သူမ အရမ်းပျော်သွားတယ်။
ကျင်းရွှီယန်းက သူမကို စောင့်ဆိုင်းနေဆဲဖြစ်သောကြောင့် နောက်ပိုင်းတွင်မှ သူမရဲ့အာကာသဆက်တင်များကို ထပ်မံစစ်ဆေးရန် ဆုံးဖြတ်ပြီး ထွက်လာခဲ့သည်။
သူမနှင့် မနီးမဝေးတွင် ရပ်နေသော
ကျင်းရွှီယန်းဟာ အနောက်မှ ထွက်လာတဲ့အသံကို မကြားရသောအခါတွင် မျက်မှောင်ကြုတ်သွားတယ်။
မှန်တယ်။ ရေကျသံတွေ ရှိသင့်တယ်။ သူက ဖောက်ပြန်သူမဟုတ်ဘဲ သူရဲ့အာ့ဇီ အန္တရာယ်ဖြစ်နေမည်ကိုသာ စိုးရိမ်နေမိသည်။
သူက သူမဆီကိုလှည့်ပြီး စစ်ဆေးချင်ပေမယ့် ကောင်မလေးကို စော်ကားမိပြီး သူမ စိတ်ဆိုးသွားမှာကိုလည်း ကြောက်နေသေးတယ်။ ထို့ကြောင့် သူ့ဖိနပ်ကိုသာ စိုးရိမ်တကြီး ကြည့်နေရုံသာ ရှိတော့သည်။
မိနစ်အတော်ကြာပြီးနောက်မှ ချုံပုတ်များထဲမှ ဆူညံသံများကြားလိုက်ရသည်။ ထိုအသံကို ကြားလိုက်တာနှင့် သက်ပြင်းချမိသည်။
သူမကိစ္စရှင်းနေတာကို ခိုးနားထောင်ဖို့ ကြိုးစားနေတာမသိလိုက်ဘဲ ကျိူးလီဇီ က သူမရဲ့လက်ကို ဆေးကြောပြီး ချုံပုတ်ထဲက ထွက်လာခဲ့တယ်။
"အစ်ကိုယန်း ငါပြီးပြီ" ဟုပြောကာ ရှက်ရွံ့လို့ သူ့ကို မကြည့်ဝံ့ပေ။
ကျင်းရွှီယန်း ကန့်သတ်ချက်များကို သိပြီး ဘာမျှမကြားချင်ယောင်ဆောင်လိုက်သည်။ သူက ခေါင်းညိတ်ပြီး "သွားရအောင်" လို့ပြောလိုက်တယ်။
ရှက်ရွံ့မှုကို ဖယ်ရှားရန်အတွက် ကျိူးလီဇီက လမ်းပေါ်ကို စူးစိုက်စိုက်ကြည့်နေခဲ့ပြီး ကျင်းရွှီယန်းရဲ့ ရယ်မောသော အကြည့်များကိုတော့ လွတ်သွားခဲ့သည်။ ဒီတစ်ကြိမ်မှာတော့ သူတို့ရဲ့ စွမ်းအင်တွေကို အသုံးပြုပြီး တိုက်ခိုက်ဖို့ မစီစဉ်ထားဘဲ လက်နက်တွေကို အသုံးပြုခဲ့ပါတယ်။
သူမရဲ့ဓားမြှောင်ကို ပါးလွှာသော ရေဓားဖြင့်ဖုံးအုပ်ထားပြီး ကျိူးလီဇီက ဂိုဒေါင်ဆီသို့ လျှောက်သွားလိုက်သည်။ သူတို့ နီးကပ်လာတော့ ထို နေရာရှိ ဖုတ်ကောင်များက သူတို့နှစ်ယောက်ရဲ့ရနံ့ကို ရှူရှိုက်မိကြသည်။
တခဏချင်းမှာပဲ သူတို့ဆီက စိတ်လှုပ်ရှားတဲ့ ဟောက်သံတွေ ထွက်လာပြီး ရနံ့ရဲ့ အရင်းအမြစ်ဆီကို ပြေးလာကြတယ်။
"ရားး"
ဖုတ်ကောင်တွေရဲ့ဟောက်သံတွေကိုကြားတော့ ကျင်းရွှီယန်း က သူ့ရဲ့ဓားရှည်ကို မပြီး "အာ့ဇီ ကိုယ့်အနားမှာနေ"လို့ ပြောလိုက်တယ်။
"ကောင်းပြီ"
သိပ်မကြာခင်မှာပဲ ဖုတ်ကောင်တွေက သူတို့ရဲ့နေရာကို ရောက်လာတယ်။ ထက်ရှနေသော လက်သည်းများနှင့် သွားများ ကို မြင်လိုက်ရသဖြင့် ကျင်းရွှီယန်းက သူရဲ့ဓားရှည်ကြီးကို အလျားလိုက် လွှဲယမ်းလိုက်ကာ ဖုတ်ကောင်များစွာကို ချက်ချင်း ခေါင်းဖြတ်ပစ်လိုက်သည်။
သူရဲ့ဓားရှည်မှာ အနက်ရောင်မီးတောက်များဖုံးလွှမ်းနေသောကြောင့် ဖုတ်ကောင်များ ခေါင်းဖြတ်ခံလိုက်ရချိန်တွင်ပဲ ၎င်းတို့ရဲ့ ဦးခေါင်းများနှင့် ခန္ဓာကိုယ်များက မီးတောက်များဖြင့် ဖုံးလွှမ်းသွားခဲ့သည်။
ကျင်းရွှီယန်းရဲ့ အနက်ရောင်မီးလျှံက ထိတွေ့သွားသော ဖုတ်ကောင်များကိုသာ ပြာအဖြစ်သို့ ရောက်စေခဲ့ပြီး အခြားဖုတ်ကောင်များထံ မပျံ့နှံ့သွားပေ။
"ရားးး"
ဖုတ်ကောင်များက အရပ်ရပ်ဆီမှ ဟိန်းဟောက်ကာပြေးလာကြပြီး သူ့ကို တိုက်ခိုက်လာကြသည်။ သူ့ဆီမရောက်ခင်မှာ ဒူးကိုကွေးပြီး လေထဲကို ခုန်တက်လိုက်တယ်။
"ဝှစ် ဘုန်းး"
သူရဲ့ဓားရှည်ကိုမြှင့်ကာ ထောင့်ဖြတ်ခုတ်ချလိုက်သည်။ နောက်အခိုက်အတန့်မှာတော့ သူ့လှုပ်ရှားမှုကနေ ဖန်တီးထားတဲ့ စွမ်းအင်လှိုင်းက သူ့အောက်က ဖုတ်ကောင်တွေဆီ ပျံသန်းသွားပါတယ်။
အနက်ရောင်မီးလျှံက စွမ်းအင်လှိုင်းကို ဖုံးအုပ်ထားသဖြင့် ဖုတ်ကောင်များကို ထိမှန်သည်နှင့် တပြိုင်နက်တည်း ပေါက်ကွဲသွားကြပြီး မီးတောက်များက အနီးနားရှိ ဖုတ်ကောင်များဆီကို ပျံ့နှံ့သွားသည်။
သူ့နှင့် မဝေးတော့သောနေရာက ကျိူးလီဇီသည် သူရဲ့စွမ်းအင်အရင်းအမြစ်အရွယ်အစားကြောင့် မအံ့သြတော့ပါဘူး။ သူမထက် အဆင့်များစွာမြင့်နေပြီဟု သူမက မှန်းဆထားပြီးဖြစ်သည်။
"ရားးး"