အခန်း (၁၁၁)
Vol. 8 Ch. 111
သူမရဲ့စွမ်းအင်အရင်းအမြစ်က အကန့်အသတ်ရှိသောကြောင့် ကျိူးလီဇီကတော့ ကြီးမားသောတိုက်ခိုက်မှုကို အသုံးမပြုခဲ့ပေ။ ဖုတ်ကောင်တွေက သူမကို တိုက်ခိုက်လာချိန်မှာတော့ သူမက ဓားမြှောင်ကို ဖုတ်ကောင်ရဲ့ ခေါင်းဆီထိုးကာ ဦးနှောက်ကို ဖျက်ဆီးပစ်လိုက်ပါတယ်။
"ဒူဂ်"
နောက်အခိုက်အတန့်တွင်တော့ သူမကို တိုက်ခိုက်လာသော ဖုတ်ကောင်တစ်ကောင်ကို နောက်ပြန်ကန်ချက်ဖြင့် ကန်ထုတ်လိုက်တယ်။ အကန်ခံရသောဖုတ်ကောင်ဟာ အခြား ဖုတ်ကောင် အမြောက်အမြားနှင့် တိုက်မိပြီး လမ်းကြောင်းတစ်ခုပွင့်သွားစေခဲ့သည်။
ဖုတ်ကောင်ရဲ့ဦးခေါင်းမှ သူမရဲ့ဓားမြှောင်ကို ဆွဲထုတ်လိုက်ပြီး သူမရဲ့လက်ကောက်ဝတ်ကို လှန်လိုက်ကာ ဘေးနှစ်ဖက်မှလာသော ဖုတ်ကောင်များဆီသို့ ရေခဲအပ်ငါးချောင်း ပျံသန်းသွားစေလိုက်သည်။
ရေခဲအပ်တစ်ချောင်းစီတိုင်းဟာ ဖုတ်ကောင်ရဲ့နဖူးမှတဆင့် အရှိန်ပြင်းပြင်းဖြင့် ခေါင်းကိုထိုးဖောက်သွားသည်။ ဖုတ်ကောင်များက မြေပြင်ပေါ်သို့ လဲကျသွားသဖြင့် သွေးမဲများနှင့် ပုပ်နေသော ဦးနှောက်များ စီးဆင်းလာတယ်။
သူမအသက်ရှူရန် အချိန်မရမီတွင်ပဲ ဖုတ်ကောင်နှစ်ကောင်က ချွန်ထက်သောလက်သည်းများဖြင့် လက်နှစ်ဖက်ကို သူမရဲ့လည်ပင်းဆီသို့ဦးတည်နေသည်။
လက်သည်းများက သူမနှင့် လက်မပေါင်းများစွာ အကွာမှာရှိနေချိန်တွင် သူမကနောက်ပြန်ဆုတ်လို့ တိုက်ခိုက်မှုကို ရှောင်တိမ်းရင်း တစ်ချိန်တည်းတွင်ပဲ ဖုတ်ကောင်တစ်ကောင်ရဲ့ မေးစေ့ကို ကန်လိုက်တယ်။
" ဒူဂ် ခရစ် "
သူမရဲ့ ကန်ချက်က ဖုတ်ကောင်ရဲ့မေးရိုးကို ကွဲကြေသွားစေပြီး နောက်ပြန်ဆုတ်သွားစေခဲ့ပါတယ်။ သူမရဲ့ဓားမြှောင်ထဲသို့ စွမ်းအင်များ ပေးပို့လိုက်တယ်။ တခဏချင်းတွင် ၎င်းဟာဓားတိုနှင့်ဖုံးအုပ်ထားသော ဓားတိုနှင့် တူသွားသည်။
သူမရဲ့ ခန္ဓာကိုယ်ကို လှည့်ပတ်လိုက်ပြီး ဓားမြှောင်ကိုလည်း အလျားလိုက် လှည့်ပတ်ခုတ်လိုက်သည်။ ချောမွေ့သော လှုပ်ရှားမှုတစ်ခုတွင် ဖုတ်ကောင်ဦးခေါင်းအများအပြားက မြေပြင်ပေါ်သို့ ပြုတ်ကျကုန်ပြီး ဦးခေါင်းမရှိသော အလောင်းကိုယ်ထည်များသာ ဖြစ်သွားကြတယ်။ ဖုတ်ကောင်တွေရဲ့ အလောင်းက သူမရဲ့ပတ်ဝန်းကျင်မှာ တဖြည်းဖြည်း စုပုံလာနေတယ်။
သူမက ဖုတ်ကောင်များကိုသတ်နေစဉ်တွင် ကျင်းရွှီယန်းရဲ့မျက်လုံးများကတော့ သူမ အန္တရာယ်မကျရောက်စေဖို့ကို သေချာစေရန်အတွက် သူမဆီ ခဏ၊ ခဏ ဦးတည်လာခဲ့သည်။
သူတို့နှစ်ဦး တိုက်ခိုက်နေစဉ်တွင် ဂိုဒေါင်အနီးရှိ အစောင့်စခန်းအတွင်း၌ ပိတ်မိနေသော အသက်ရှင်ကျန်ရစ်သူများက တော့ သူတို့နှစ်ဦးကဖုတ်ကောင်များအား ရှင်းထုတ်နေပုံကို မျက်မြင်တွေ့ရှိခဲ့ကြတယ်။
ပြတင်းပေါက်အနောက်ဘက်ကမျက်လုံးအစုံများစွာက အံ့သြမှုတွေအတူ သူတို့ကိုကြည့်နေခဲ့တယ်။
ခဏလောက်ကြည့်နေပြီးနောက်မှ သူတို့ထဲက တစ်ယောက်က "အစ်မဝမ်း ငါတို့က သူတို့နှင့်ပူးပေါင်းဖို့ ဖြစ်နိုင်တယ်လို့ မင်းထင်လား" လို့မေးလာတယ်။
ဒါကိုကြားတော့ အစ်မဝမ်းက ခေါင်းခါပြီး "မသိဘူး၊ သူတို့ နှစ်ယောက်က အရမ်းအစွမ်းထက်တယ်၊ ငါတို့နဲ့ ပူးပေါင်းဖို့ အခွင့်အလမ်းက အရမ်းနည်းတယ်။ ဒါပေမယ့် ငါထင်တာတော့ သူတို့က စားစရာရှာဖို့ ဂိုဒေါင်ဘက်ကို ဦးတည်နေတာ ဖြစ်နိုင်တယ်"ပြောလိုက်တယ်။
“ဒါပေမယ့် ဒီစက်ရုံက မျိုးစေ့စက်ရုံပါ။ မျိုးစေ့တွေအပြင် စားစရာမရှိဘူး” လို့ အမျိုးသမီးငယ်တစ်ဦးက ပြောလာသည်။
"ရှောင်ဂျူး ဂိုဒေါင်ထဲမှာ သိမ်းထားတဲ့အရာတွေက အစေ့တွေချည်းပဲဆိုရင်တောင် အဲဒါတွေက စားလို့ရတယ်။ မနှစ်တုန်းက ငါတို့စက်ရုံကနေ စားသုံးနိုင်တဲ့မျိုးစေ့တွေကို ပြုပြင်ဖို့အတွက် စက်တွေ အများကြီးဝယ်ခဲ့တာကို မင်းမေ့နေတာလား"လို့ အဘိုးကြီးတစ်ယောက်က သူ့ကို သတိပေးတယ်။
အဲဒါကိုကြားတော့ အစ်မဝမ်းက ခေါင်းညိတ်ပြပြီး “အပြင်ဘက်မှာ ဘီးလူးတွေ အရမ်းများနေတာကြောင့်သာ မဟုတ်ရင် မျိုးစေ့တွေ ယူရဦးမှာပဲ” လို့ ပြောလာတယ်။
သူမရဲ့စကားကြားကိုတော့ လူငယ်တစ်ယောက်က " ငါမှတ်မိတာမှန်ရင် အဝေးဆုံးဂိုဒေါင်မှာ သိမ်းထားတဲ့ ဆန်တွေတောင် ရှိတယ်။ သူတို့အရှေ့ကသာ ငါတို့သွားနိုင်ရင် စားစရာတွေ ရနိုင်တယ်"လို့ ပြောလာတယ်။
ဒါကိုကြားတော့ အစ်မဝမ်းက ခဏလောက် နှုတ်ဆိတ်သွားပြီးမှ "လူတိုင်းပဲ့ ငါတို့မှာက အစာရေစာတွေ ကုန်သွားပြီ။ ဒီနေရာမှာ ဆက်နေမယ်ဆိုရင် ငါတို့ ငတ်သေသွားလိမ့်မယ်" လို့ပြောလိုက်သည်။
ရှေင်ဂျူးက သူမပြောချင်တဲ့ အဓိပ္ပါယ်ကို သတိထားမိပြီး "အစ်မဝမ်း မင်းမှာ အစီအစဉ်ရှိလား" လို့ မေးလာပါတယ်။
အစ်မဝမ်းက ခေါင်းညိတ်ပြီး ပြောတယ် "အဲဒီနှစ်ယောက်နဲ့ ပူးပေါင်းဖို့ကမဖြစ်နိုင်ပေမယ့် သူတို့နောက်ကို လိုက်ဖို့တော့ ဖြစ်နိုင်တယ်။ သူတို့နှစ်ယောက်က ဘီလူးတွေကို အရင်ရှင်းပြီးတာနဲ့ ဂိုဒေါင်ကို သွားပြီး စားစရာသွားယူလို့ရတယ်"
"ဒါပေမယ့် ငါတို့မှာ အစေ့အဆန်တွေကို သယ်ဖို့ ဘာမှမရှိဘူး" လို့ ရှောင်ဂျူးက သက်ပြင်းချကာပြောလိုက်သည်။
"ငါတို့မှာ အိတ်မရှိရင်တောင် ကိုယ့်အတွက်ကိုယ်တော့ အထုတ်တစ်ထုပ်ရနိုင်တယ်။ လောဘကြီးပြီး အရမ်းမယူနဲ့။ လေးလံတဲ့ဝန်ကို ထမ်းထားရင် မင်းတို့ပြေးနိုင်မှာ မဟုတ်ဘူး" ဟု အစ်မဝမ်းက ပြောလိုက်သည်။
အစောင့်စခန်းထဲမှာ စုစုပေါင်း လူ ၃၀ နီးပါး ပုန်းအောင်းနေပါတယ်။ အိတ်တစ်လုံးစီသာ လူတိုင်းဆောင်ထားလျှင် အစာက ခဏလောက်တော့ ကြာရှည်ခံနိုင်သည်။ လိုအပ်ရင် ဂိုဒေါင်ကိုသွားပြီး ပြန်ယူနိုင်တယ်။
ကောင်းကျိုးဆိုးကျိုးများကို ဆင်ခြင်ပြီးနောက်တော့ အစ်မဝမ်းရဲ့ အကြံပြုချက်ကိုသာ နောက်ဆုံးသဘောတူလိုက်ကြပြီး "ညီမဝမ်း ၊ ဘယ်အချိန် ထွက်ကြမလဲ" ဟု မေးကြသည်။
အစ်မဝမ်းက ကျင်းရွှီယန်း နှင့် ကျိူးလီဇီကို ပြတင်းပေါက်ကနေ ကြည့်နေပြီး "ဘီလူးတွေအားလုံးကို သူတို့သတ်ပြီးတဲ့အထိ စောင့်လိုက်။ ငါတို့သာ အခုထွက်သွားရင် အဲဒီဘီလူးတွေက ငါတို့ကို အရှင်လတ်လတ် ကိုက်စားလိမ့်မယ်"ပြောလိုက်တယ်။
သူတို့ကခေါင်းတညိတ်ညိတ်နဲ့ စိတ်ရှည်ရှည်ကြည့်နေကြသည်။
လမ်းရှင်းရန်အတွက် ကျင်းရွှီယန်း နှင့် ကျိူးလီဇီကို အသုံးချရန်စီစဉ်ထားသော်လည်း သူတို့ကို ထိခိုက်စေလိုသောရည်ရွယ်ချက်တော့မရှိပေ။ နောက်ဆုံးတွင်တော့ သူတို့ဟာ သာမန်လူများသာဖြစ်ပြီး စူပါပါဝါရှိသူများကို ဆန့်ကျင်ရန် မဖြစ်နိုင်ပေ။
သူတို့အဖွဲ့ စောင့်ကြည့်နေကြစဉ်တွင်ပဲ ကျင်းရွှီယန်းက သူတို့နှစ်ယောက်ကို စောင့်ကြည့်နေတဲ့ တစ်စုံတစ်ယောက်ကို သတိထားမိနေပါပြီ။ သူရဲ့ လက်ရှိအဆင့်က သူရဲ့ အာရုံငါးပါးကို မြှင့်တင်ပေးရုံသာမက သူရဲ့ဆင်ခြင်ညဏ်ကိုလည်း မြှင့်တင်ပေးခဲ့သည်။
သူက ဖုတ်ကောင်များစွာကို ခေါင်းဖြတ်သတ်လိုက်ပြီးနောက်တော့ ခေါင်းကိုလှည့်ကာ အဝေးက အစောင့်စခန်းကို လှမ်းကြည့်လိုက်သည်။ မျက်လုံးဖြင့်ကြည့်လိုက်သည်နှင့် စောင့်ကြည့်နေတဲ့လူများက ပြတင်းပေါက်ဆီမှ လျင်မြန်စွာ ပြေးထွက်သွားပြီး ပုန်းနေလိုက်ကြတယ်။
ထိုအချိန်တွင် အထူးသဖြင့် သူ့ရဲ့မျက်လုံးများကို တိုက်ရိုက်ဆုံကြည့်လိုက်သော ညီမဝမ်းရဲ့လုပ်ရပ်ကြောင့် လူတိုင်းက အံ့အားသင့်သွားကြတယ်။
စက္ကန့်ပိုင်းလောက်အတွင်းမှာပဲ သေရတော့မလိုမျိူးကို သူမခံစားလိုက်ရလို့ ကျောနဲ့နဖူးက အေးစက်တဲ့ချွေးတွေနှင့် ဖုံးလွှမ်းသွားတယ်။ အပြင်ဘက်ရှိ နတ်ဆိုးများလို ခေါင်းဖြတ်ခံလိုက်ရသကဲ့သို့ပင်။
မျက်နှာဖြူဖျော့ဖျော့နှင့် အသက်ရှုနှုန်းပြင်းထန်နေတာကို သတိပြုမိလိုက်သောအခါတွင် ရှောင်ဂျူးက စိုးရိမ်တကြီးမေးလာတယ် "အစ်မဝမ်း မင်းဘာဖြစ်နေတာလဲ"
အစ်မဝမ်းဟာ သူမရဲ့ မူမမှန်သော အသက်ရှုခြင်းကို ငြိမ်သက်စေရန်အတွက် အချိန်အတော်ကြာယူခဲ့သည်။ တုန်တုန်ယင်ယင်နဲ့လက်သီးတွေကို ဆုပ်လိုက်ပြီး "အဲဒီလူက အရမ်းအန္တရာယ်များတယ်။ သူတို့ရှေ့ကနေ ဂိုဒေါင်ကို မသွားနိုင်ဘူးထင်တယ်" လို့ ပြောတယ်။
ထိုစကားကိုကြားသောအခါ အဘွားကြီးတစ်ယောက်က " ရှောင်ဝမ်း ငါတို့က သူတို့နှင့် မသွားနိုင်ရင် ငါတို့က ဘာလုပ်ကြမလဲ၊ ဒီမှာနေပြီး သေတာကို စောင့်နေရမှာလား" လို့ မေးလာတယ်။
အစ်မဝမ်းက "သူတို့ကို လှည့်စားမယ့်အစား အစာတောင်းလိုက်တာက ပိုကောင်းမယ်ထင်တယ်" ဟု မပြောမီတွင် ခဏလောက် စဉ်းစားခဲ့သည်။