← Chapters

အခန်း (၁၁၂)

Vol. 8 Ch. 112

အခန်း (၁၁၂)

Vol. 8 Ch. 112

‎"အစ်မဝမ်း အဲဒီအစားအစာတွေက သူတို့နဲ့မဆိုင်ဘူး၊ ဒါကြောင့် သူတို့ခွင့်ပြုချက်ကို ဘာလို့တောင်းရမှာလဲ ၊ ငါတို့ကသာ ဒီစက်ရုံက အလုပ်သမားတွေပဲ၊ အမှန်ဆို သူတို့ကပဲ ငါတို့ကိုခွင့်ပြုချက်တောင်းတဲ့ သူတွေဖြစ်သင့်တယ်" ဟု လူငယ်တစ်ဦးက မကျေမနပ်ပြောသည်။

‎

‎

‎ဒီစကားကိုကြားတော့ အစ်မဝမ်းက သူ့ကိုကြည့်ကာ "ငါတို့တိုက်ခိုက်လို့ရှိရင် မင်း သူတို့ကို အနိုင်ယူနိုင်မယ်လို့ မင်းထင်လား" လို့ မေးတယ်။

‎

‎

‎"သူတို့ကသာ ငါတို့ကို ရိုက်ဝံ့ရင် ငါတို့က ရဲကို တိုင်လို့ရတယ်" အခြားလူက ဝင်ပြောလာသည်။

‎

‎

အစ်မဝမ်းက ခေါင်းယမ်းပြီး ရှင်းပြတယ် "လူတိုင်းသိထားသင့်တာက ငါတို့မှာ ဆက်သွယ်ရေးအချက်ပြစရာမရှိဘူး။ သူတို့နဲ့ပတ်သက်ပြီး ရဲတွေဆီကို ဘယ်လိုလုပ်ပြီးသတင်းပို့နိုင်မှာလဲ။ ပြီးတော့ လက်ရှိအခြေအနေမှာလည်း အရင်ကဥပဒေတွေက ဆက်သုံးလို့ရမယ်လို့လည်း ငါမထင်ဘူး"

‎

‎

‎လူငယ်က ငြင်းခုံချင်သေးတာကို မြင်တော့ သူမက "အဆောင်တွေမှာ ဖြစ်ပျက်ခဲ့တာတွေကို မေ့သွားပြီလား ၊မင်းက အဲဒီလူတွေလိုမျိူး အဆုံးသတ်ချင်နေတာလား" လို့မေးလိုက်တယ်။

‎

‎

‎"အဲဒီလူက စစ်သားနဲ့ ဆင်တူတဲ့ ယူနီဖောင်းကို ၀တ်ထားတယ်၊ သူက စစ်သားဖြစ်ရမယ်။ သူက ငါတို့ကို ဒုက္ခမပေးနိုင်ဘူး မဟုတ်လား" လို့ အဘွားကြီးတစ်ဦးက ဝင်ပြောလာသည်။

‎

‎

‎"အန်တီ အဲဒီလူက သူ့အဝတ်အစားတွေအတိုင်း စစ်သားဆိုတာ သေချာလား ၊ သူက ထောင်ကလွတ်လာပြီး စစ်သားယူနီဖောင်းကို ခိုးဝတ်တဲ့ ရာဇဝတ်ကောင်ဖြစ်နေရင် ဘယ်လိုလုပ်မလဲ" လို့ အစ်မမဝမ်းက မေးခွန်းထုတ်တယ်။

‎

‎

‎"ကျွန်မတို့ လုံးဝမသိတဲ့ သူ့ရဲ့ ပင်ကိုယ်စရိုက်ကို လောင်းကြေးထပ်တာထက် ပိုရိုးရှင်းပြီး ပိုရိုးသားတဲ့ ချဉ်းကပ်နည်းကို သုံးတာက ပိုကောင်းတယ်"

‎

‎

‎"လူနှစ်ယောက်ပဲရှိတယ်၊ သူတို့ကအကုန်ယူသွားလို့မရဘူး။ ငါတို့ကသာ ယဉ်ယဥ်ကျေးကျေးမေးရင် ရိက္ခာတွေကို မျှဝေဖို့စိတ်ကူးရှိမယ်ဆိုတာက သေချာပါတယ်။ ဒါပေမယ့် ငါတို့သာပစ္စည်းတွေကို ခိုးသွားရင်တော့ ဒါရိုက်တာယောင် လိုပဲ ငါတို့ကိုသတ်ပစ်လိုက်နိုင်တယ်" ဟု သူမက ထပ်လောင်းပြောလိုက်သည်။

‎

‎

‎အဆောင်များအတွင်း ပိတ်မိနေချိန်၌ ကြုံတွေ့ခဲ့ရသည့် ထိတ်လန့်မှုကို လူတိုင်းက သတိရမိလိုက်ကြတယ်။ ဒါရိုက်တာယောင် က သတ္တုကို ထိန်းချုပ်နိုင်တဲ့ စူပါပါဝါကို ရရှိခဲ့သည်။ တစ်ယောက်ယောက်က သူ့ကို ရန်ပြုဖို့ သတ္တိရှိတိုင်း သတ္တုပိုက်နဲ့ သတ်ပစ်တယ်။

‎

‎

‎သူ့ရဲ့အစွမ်းကြောင့် ဘီလူးများကို သတ်နိုင်ခဲ့ပြီး လူတိုင်းကို ကော်ဖီဆိုင်သို့ ခေါ်ဆောင်နိုင်ခဲ့သည်။ သူရဲ့ထိန်းချုပ်မှုအောက်တွင် ထောက်ပံ့မှုများနှင့် သူစူပါပါဝါများ ထပ်တိုးလာမှုနှင့်အတူ သူက လူငယ်များစွာကို ပြောင်ပြောင်တင်းတင်း အနိုင်ကျင့်ရန် သတ္တိရှိခဲ့တယ်။

‎

‎

‎တစ်ချို့က အရှက်တရားကြောင့် ကိုယ့်အသက်ကို သတ်သေခဲ့ကြပြီး အရေထူတဲ့သူတွေကတော့ ဒါရိုက်တာယောင် ဆီက အစားအသောက်နှင့် ရေနည်းနည်းလောက်ရနိုင်အောင် သူ့ရဲ့ကစားစရာတွေအဖြစ် ရပ်တည်ခဲ့ကြတယ်။

‎

‎

‎သူ့ရဲ့မျက်လုံးတွေက အစ်မဝမ်းပေါ်ကို ကျရောက်လာချိန်မှာတော့ သူမကအားစိုက်ထုတ်ပြီး ခုခံကာကွယ်ရင်း ဒါရိုက်တာ ယောင်ရဲ့ ခေါင်းကို ရိုက်မိသွားတယ်။ သူသတိလစ်သွားတဲ့အခိုက်တွင် သူမရ လူအုပ်စုတစ်စုနဲ့အတူ ထွက်ပြေးတိမ်းရှောင်လာတယ်။

‎

‎

‎ဒါရိုက်တာယောင်ရဲ့နောက်ကိုလိုက်ပြီး သူ့လက်အောက်ခံတွေဖြစ်လာဖို့ ရွေးချယ်ခဲ့တဲ့သူတွေက စူပါပါဝါတွေမရှိဘူး။ ဒါကြောင့် သူမနဲ့ လူအုပ်စုသေးသေးလေးက ကော်ဖီဆိုင်ထဲက ပြေးထွက်လာတာကိုတွေ့တော့ သူမတို့နောက်ကို လိုက်မပြေးခဲ့ကြပါဘူး။

‎

‎

‎ထို့ကြောင့် ဤအစောင့်စခန်းတွင် ပုန်းအောင်းနေသော လူအများစုမှာ အသက်ကြီးသော အမျိုးသမီးကြီးများ၊ လူငယ်အချို့နှင့်အတူ အမျိုးသမီးများသာ ဖြစ်ကြပါသည်။

‎

‎

‎သူမကဲ့ ဆင်ခြင်တုံတရားနှင့်စကားကို နားထောင်ပြီးနောက်တော့ အစားအစာကို ခိုးယူရန် အတင်းအကြပ် မတောင်းဆိုတော့ဘဲ သူမရဲ့ဆုံးဖြတ်ချက်ကို သဘောတူခဲ့ကြတယ်။

‎

‎

‎သူတို့ဆွေးနွေးနေကြစဉ် ကျင်းရွှီယန်း နှင့် ကျိူးလီဇီတို့က ဧရိယာရှိ ဖုတ်ကောင်အားလုံးကို သတ်ပြီးသွားပြီဖြစ်သည်။

‎

‎

‎ကျင်းရွှီယန်းက ဖုတ်ကောင်များရဲ့ အလောင်းအားလုံးကို ပြာအဖြစ် မီးရှို့ပြီးနောက်တွင် ‎ကျိူးလီဇီက အမြုတေများကို စုဆောင်းခဲ့သည်။ နှစ်ယောက်သားက နားလည်မှုအပြည့်နဲ့ အလုပ်လုပ်ကြတယ်။

‎

‎

‎"အစ်ကိုယန်း ငါပြီးပြီ" သူမရဲ့အာကာသထဲသို့ နောက်ဆုံးသော အမြုတေကို စုဆောင်းပြီးနောက် ပြောလိုက်သည်။

‎

‎

‎ကျင်းရွှီယန်း လှည့်ကြည့်ကာ "အာ့ဇီ ကိုယ်တို့ကို ခဏလောက် စောင့်ကြည့်နေတဲ့ လူတစ်စုရှိတယ်။ ကိုယ်တို့က သူတို့ကို သွားတွေ့သင့်လား ဒါမှမဟုတ် တိတ်တိတ်လေး လိုက်ခွင့်ပြုမလား" လို့မေးလိုက်တယ်။

‎

‎

‎ဒါကိုကြားတော့ ကျိူးလီဇီက လှည့်ပြီး သူ့အကြည့်နောက်ကို လိုက်သွားတယ်။ အစောင့်စခန်းကို လှမ်းကြည့်လိုက်တော့ ပြတင်းပေါက်ကနေ လှမ်းကြည့်နေတဲ့ လူတော်တော်များများကို တွေ့လိုက်ရတယ်။

‎

‎

‎သူမ ဘာမှပြန်မပြောဘဲ အစောင့်စခန်းကို တိတ်တိတ်လေး ကြည့်နေလိုက်တယ်။

‎

‎

‎ကျင်းရွှီယန်းက သူမကို တစ်ချက်ကြည့်လိုက်ပြီး အဓိပ္ပါယ်ကို နားလည်လိုက်တယ်။ တကယ်လို့ အဲဒီလူတွေကသာ သူတို့နှင့်တွေ့ဖို့ ထွက်လာရင် သူတို့ကိုတွဲခေါ်ပေးမယ်။ မထွက်လာရင်တော့ သူတို့ကနောက်ကသာ လိုက်ခဲ့ရမယ်။

‎

‎

‎ကွာဟချက်ကတော့ ထောက်ပံ့ရေးပစ္စည်းမည်မျှရနိုင်သည်ဆိုရာ၌ ကွာခြားမှုရှိသည်။ အတူတူလိုက်လာရင် သယ်နိုင်သလောက် ရနိုင်မယ်။ ဒါပေမယ့် သူတို့သာ ခိုးကြောင်ခိုးဝှက် လိုက်ခဲ့မယ်ဆိုရင် ထောက်ပံ့မှု တစ်ချို့ပဲ ရနိုင်တယ်။

‎

‎

‎ယခုအချိန်တွင် ကျိူးလီဇီက ကျင်းရွှီယန်း ထင်နေသလောက် သူမ မတွေးတောခဲ့ပေ။ သူမက ပုန်းအောင်းနေသော လူများကိုသာ သိချင်နေခဲ့တယ်။

‎

‎

‎သူမရဲ့ယခင်ဘဝတုန်းကဆို တက္ကသိုလ်ကို ဖုတ်ကောင်များဝန်းရံထားသည်အထိ လင်အန်းတက္ကသိုလ်မှ မထွက်ခွာခဲ့ပေ။ တက္ကသိုလ်မှလွတ်မြောက်ရန်အတွက် စီနီယာအဖွဲ့က ဖုတ်ကောင်များကို ဆွဲဆောင်ရန် လူအများအပြားကို ဓားစာခံအဖြစ် အသုံးပြုခဲ့ကြပြီး သူမက ၎င်းတို့ထဲမှ တစ်ဦးဖြစ်သည်။

‎

‎

‎စီနီယာအစ်မတစ်ယောက်ရဲ့အကူအညီကြောင့်သာ အဲဒီအချိန်က သူမလွတ်မြောက်နိုင်ခဲ့လို့ ကံကောင်းခဲ့ပါတယ်။ တက္ကသိုလ်နယ်မြေမှ ထွက်ခွာလာသောအခါတွင်တော့ စက်ရုံခရိုင်ဟာ ပေါက်ကွဲမှုကြောင့် မီးတွင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ဒါကြောင့် အရင်ဘဝက ဒီလူတွေ ဘာတွေဖြစ်ခဲ့လဲဆိုတာကို သူမ မသိခဲ့ဘူး။

‎

‎

‎နှစ်အနည်းငယ်ကြာပြီးနောက်တော့ ထိုစီနီယာအစ်မကို ပြန်တွေ့ခဲ့သည်။ ပြန်တွေ့ကြသောအခါတွင် ထိုအစ်မဟာ အစိုးရတွင် အရေးပါသော ရာထူးရသူတစ်ဦးဖြစ်နေပြီဖြစ်သည်။

‎

‎

‎သူမက ကြင်နာပြီး ရက်ရောသော်လည်း အထူးသဖြင့် ခွန်အားအမျိုးအစားစွမ်းရည်ရှိသူ အမျိုးသားများအပေါ် သူမရဲ့မုန်းတီးမှုကြောင့် လူသိများသည်။ ထို့ကြောင့် အခြေစိုက်စခန်းတွင် သူမရှိနေခြင်းက ဆန့်ကျင်ဘက် သက် ရောက်မှုဖြစ်စေသည်။ အမျိုးသမီးတွေက သူမကို ချစ်ခင်လေးစားကြပြီး အမျိုးသားတွေက သူမကို အရိုးအထိ မုန်းတီးကြပါတယ်။

‎

‎

‎သူမက ယခင်ဘဝအမှတ်တရများတွင် အတွေးပျောက်ဆုံးနေချိန်၌ အစ်မဝမ်းက တံခါးကိုဖွင့်လိုက်သည်။

‎

‎

‎အစောင့်စခန်းကနေ ထွက်လာတော့ လက်နှစ်ဖက်ကို မြှောက်ပြီး "ရဲဘော်၊ ငါတို့မှာ ဘာရည်ရွယ်ချက်မှ မရှိဘူး၊ ငါတို့ စားစရာနဲ့ ရေပဲလိုချင်တယ်" လို့ ပြောလိုက်တယ်။

‎

‎

‎စူပါပါဝါရှိတဲ့ လူနှစ်ယောက်က မတိုက်ခိုက်တာကို မြင်လိုက်ရတော့ သူမ သက်ပြင်းချပြီး "ငါနဲ့ ငါ့သူငယ်ချင်းတွေက မင်းတို့နောက်ကို လိုက်ဖို့ ဖြစ်နိုင်မလား"လို့ မေးလိုက်တယ်။

‎

‎

‎သူမရဲ့ စကားကိုကြားတော့ ကျိူးလီဇီက အတွေးတွေထဲကနေ ရုန်းထွက်လိုက်တယ်။ သူမက ထိုအမျိူးသမီးကိုကြည့်ကာ "မင်းတ်ို့ အနောက်က‌နေလိုက်ခဲ့ချင်ရင်တော့ လိုက်ပါ။ ဒါပေမယ့် မင်းတို့ရဲ့လုံခြုံရေးအတွက်တော့ ငါတို့ကတာဝန်ယူမှာမဟုတ်ဘူး" လို့ပြောလိုက်တယ်။

‎

‎

‎ထိုစကားကိုကြားသောအခါတွင် လူအများစုက ဝမ်းသာအားရဖြင့် ခေါင်းညိတ်ကြသည်။ အဘွားကြီးတစ်ယောက်ကသာ မျက်မှောင်ကြုတ်ကာ "အဲဒီလူက စစ်သားပဲ။ ငါတို့ကို ကာကွယ်ဖို့က သူ့တာဝန်မဟုတ်ဘူးလား"လို့ မေးလာတယ်။

‎

‎

All Chapters