← Chapters

အခန်း (၁၁၄)

Vol. 8 Ch. 114

အခန်း (၁၁၄)

Vol. 8 Ch. 114

‎

‎ကျင်းရွှီယန်း နှင့် ကျိူးလီဇီတို့သည် လမ်းနှင့် ဂိုဒေါင်များရဲ့တည်နေရာကို အလွတ်ကျက်ပြီးနောက် သူတို့နှစ်ဦးက ပထမဆုံးနေရာဖြစ်တဲ့ ဧရိယာ A သို့သွားကြသည်။

‎

‎

‎အသီးအနှံပင်များကို အစေ့မှ စိုက်ပျိုးပါက ကြီးထွားရန် အချိန်ပိုကြာသော်လည်း သစ်သားအမျိုးအစား အသုံးပြုသူများရဲ့အကူအညီဖြင့် လုပ်ငန်းစဉ်ကို အရှိန်မြှင့်နိုင်တယ်။

‎

‎

‎အဝေးက ဖုတ်ကောင်တွေရဲ့ဟောက်သံကို သတိထားမိတော့ သူတို့နှစ်ယောက်က ဂိတ်တံခါးကို မဖွင့်တော့ဘဲ တိုက်ရိုက် ခုန်ဆင်းသွားတယ်။ သူတို့ ခုန်ဆင်းလာစဉ်တွင် ဖုတ်ကောင်နှစ်ကောင်က ဘေးတစ်ဖက်တစ်ချက်မှ ရုတ်တရက် ခုန်ဝင်ကာတိုက်ခိုက်လာသည်။

‎

‎

‎ကျိူးလီဇီ နှင့် ကျင်းရွှီယန်းတို့သည် လက်နက်များကို လှည့်ကာ ဖုတ်ကောင်များရဲ့ဦးခေါင်းများကို ဖြတ်လိုက်ကြသည်။ ပုပ်သိုးနေသော ဦးခေါင်းများက မြေပြင်ပေါ်သို့ လှိမ့်ဆင်းလာသောအခါတွင် ဦးခေါင်းမရှိသော ဖုတ်ကောင်များရဲ့ အလောင်းကိုယ်ထည်များကို ဖယ်ထုတ်ပစ်လိုက်ကြတယ်။

‎

‎

‎အရာအားလုံးက စက္ကန့်အနည်းငယ်အတွင်းမှာပဲ ဖြစ်ပျက်သွားခဲ့သည်။ ခေါင်းကို လှည့်လိုက်ပြီးတော့ တစ်ယောက်ကို တစ်ယောက် ကြည့်ရင်း ပြုံးပြလိုက်ကြတယ်။ သူတို့နှစ်ဦးဟာ ဆုံတွေ့ပြီး အတူတိုက်ခိုက်ဖြစ်တာ မကြာသေးပေမယ့်လည်း သူတို့ရဲ့ တိုက်ပွဲဝင်ပုံစံက ဆင်တူပါတယ်။

‎

‎

‎ကျိူးလီဇီကတော့ ဒါကို ရယ်စရာကောင်းတယ်ထင်ပြီး ကျင်းရွှီယန်းက အရှေ့မှာ လျှောက်သွားနေတာကိုကြည့်ပြီး သူမ စိတ်ထဲမှာ သံသယတွေပေါ်လာတယ်။

‎

‎

‎အမည်မသိသော အကြောင်းတစ်ခုခုကြောင့် သူနှင့် နီးကပ်‌စေရန်အတွက် တွန်းအားပေးနေတဲ့ အလွန်ပြင်းထန်တဲ့အရာကို ခံစားရသည်။ သူနဲ့အတူရှိဖို့ကို မွေးဖွားလာရသလိုပဲ။ ဒါပေမယ့် ဒီလို ခံစားချက်မျိုးတွေက ဒီဘဝမှာပဲ ဖြစ်လာတာ။

‎

‎

‎ဒီဘဝနဲ့ အရင်ဘဝက ဘာတွေ ကွာခြားသွားလဲလို့ သူမ တွေးမိတယ်။

‎

‎

‎သူမရဲ့အတွေးများကို သတိမထားမိတဲ့ ‎ကျင်းရွှီယန်းကတော့ ပထမဂိုဒေါင်ဆီသို့ လျှောက်သွားရင်း ဖုတ်ကောင်များကို ရှင်းလင်းခဲ့သည်။ ဒီတစ်ခါမှာတော့ သူက သော့တွေကို အရည်ကျိုပြီး ဂိုထောင်ထဲကို ဝင်သွားတယ်။

‎

‎

ဂိုဒေါင်ဧရိယာ‎ရဲ့အပြင်ဘက်ရှိနှင့်မတူဘဲ အဆောက်အဦးအတွင်းမှာတော့ ဖုတ်ကောင်များမရှိပါ။ အလုံပိတ်အိတ်များဖြင့် သိမ်းဆည်းထားသော အစေ့များပြည့်နေတဲ့ သေတ္တာများသာ ခပ်မြင့်မြင့်စုပုံလျက်ရှိတယ်။

‎

‎

‎ဂိုဒေါင်ထဲမှာ သိမ်းဆည်းထားတဲ့ မျိုးစေ့အရေအတွက်ကို မြင်တော့ သူက "အာ့ဇီ ကိုယ်တို့က အဲဒါတွေကို အရင် ခွဲထုတ်လိုက်သင့်တယ်။ ဖုတ်ကောင်ဗိုင်းရပ်စ်ပိုးရှိတဲ့ ညစ်ညမ်းတဲ့ အရာတွေကို မသုံးသင့်ဘူး" လို့ ပြောလိုက်တယ်။

‎

‎

‎ဒါကိုကြားတော့ ကျိူးလီဇီက ခဏလောက်နှောင့်နေးနေပြီးမှ "အစ်ကိုယန်း အကုန်လုံးကို ခွဲထုတ်ဖို့က အချိန်အတော်ကြာဦးမယ်။ အဲဒါတွေကို အရင်ယူပြီး ငါတို့ဖြည်းဖြည်းပဲ့ ခွဲထုတ်ရင်ရော၊ ငါတို့က ညစ်ညမ်းနေတဲ့အရာတွေကို မီးရှို့ပြီး ကောင်းတာတွေကိုတော့ သိမ်းထားလို့ရတယ်"လို့ ပြောလိုက်တယ်။

‎

‎

‎သူတို့ရဲ့ အချိန်ကန့်သတ်ချက်ကို စဉ်းစားလိုက်ပြီးနောက် ကျင်းရွှီယန်းက ခေါင်းညိတ်ပြီး "မင်းရဲ့ သိုလှောင်ခန်းမှာ နေရာဘယ်လောက်ကျန်သေးလဲ"လို့ မေးလိုက်တယ်။

‎

‎

‎

‎"အစ်ကိုယန်း စိတ်မပူပါနဲ့။ ငါ့နေရာက ဒီစက်ရုံမှာရှိတဲ့ အရာအားလုံးကို သိမ်းဆည်းနိုင်ပြီး ကျန်နေတဲ့ စက်ရုံတွေရဲ့ ရိက္ခာတွေကိုတောင် သိမ်းဆည်းထားနိုင်တယ်" လို့ပြောလိုက်တယ်။

‎

‎

‎သူမရဲ့အတည်ပြုချက်ကိုရပြီးနောက်တော့ ကျင်းရွှီယန်းက ပြောလိုက်တယ် "ဒါဆို ကိုယ်တို့အားလုံးကိုယူမယ်"

‎

‎

‎"ကောင်းပြီ"

‎

‎

‎သူတို့နှစ်ဦးသည် ဧရိယာ A က ဂိုဒေါင်များကို လျင်မြန်စွာပဲ သိမ်းဆည်းခဲ့ပြီး တစ်နာရီမပြည့်မီတွင် ပြီးဆုံးသွားခဲ့ကြတယ်။

‎

‎

‎သူတို့နှစ်ဦး အလုပ်များနေချိန်တွင် အစ်မဝမ်းနှင့် သူ့အဖွဲ့ကတော့ အထည်စက်ရုံ ဧရိယာသို့ ရောက်သွားသည်။ လမ်းဘေးတွင် သံချပ်ကာယာဉ်များ ရပ်ထားတာကို တွေ့လိုက်တော့ မျက်လုံးများတောက်ပလာတယ်။ အဆိုပါ သံချပ်ကာယာဉ် အမျိုးအစားများကို တပ်မတော်ကသာ အသုံးပြုသည်။

‎

‎

‎နီးကပ်လာသည်နှင့်အမျှ အတားအဆီးနောက်ကွယ်က အသက်ရှင်ကျန်ရစ်သူအုပ်စုကြီးကို တွေ့လိုက်ရတယ်။ သူတို့လက်ထဲက ပူပူနွေးနွေး စားစရာတွေကို ကြည့်လိုက်တော့ ပါးစပ်ထဲမှ သရေယိုလာတယ်။

‎

‎

‎ပထမကတော့ အဲဒီလူက သူတို့ကို လိမ်နေတယ်လို့ ထင်ခဲ့ကြတယ်။ သို့သော် ယခုတွင် အသက်ရှင်ကျန်ရစ်သူအုပ်စုကြီးက စစ်သားများနှင့် ရောနှောနေတာကို တွေ့လိုက်ရသဖြင့် နောက်ဆုံးတော့ သူတို့က ထိုလူရဲ့စကားကို ယုံကြည်လိုက်ကြသည်။

‎

‎

‎သူတို့ နီးကပ်လာသောအခါတွင်တော့ ရှန်းကျင်းဇီက သူတို့ကို တားပြီး "ဒဏ်ရာတွေ မစစ်ဆေးဘဲ ဒီအတားအဆီးကို ဖြတ်လို့မရဘူး" လို့ပြောလိုက်တယ်။

‎

‎

‎ဒါကိုကြားတော့ အစ်မဝမ်းက “ရဲဘော်၊ တခြား အသက်ရှင်ကျန်ရစ်သူတွေနဲ့ ပူးပေါင်းဖို့ ငါတို့ ဘာလုပ်ရမလဲ” လို့ မေးလိုက်တယ်။

‎

‎

‎ရှန်းကျင်းဇီက သူတို့အဖွဲ့ကို ကြည့်လိုက်ပြီး "မင်းတို့ဆီမှာ ဖုတ်ကောင်တွေ‌ဖြစ်သွားနိုင်တဲ့ ဒဏ်ရာနဲ့ ဗီဇပြောင်းသွားနိုင်ခြင်းရှိမရှိကို စစ်ဆေးမှုတွေလုပ်ရမယ်။ ဒါမှမဟုတ်ရင်‌လည်း နှစ်နာရီလောက် စောင့်နိုင်တယ်။ နှစ်နာရီကြာလို့မှ မပြောင်းသွားဘူးဆိုရင် တခြား အသက်ရှင်ကျန်ရစ်သူတွေနဲ့ ပူးပေါင်းလို့ရတယ်"ပြောလိုက်တယ်

‎

‎

အစ်မဝမ်းက ခဏလောက်စဉ်းစားပြီးမှမေးလိုက်တယ်"ရဲဘော်၊ မင်းတို့မှာ အမျိူးသမီးစစ်သားရှိလား"

‎

‎

‎ရှန်းကျင်းဇီက ခေါင်းယမ်းပြီး "ငါတို့မှာ အမျိုးသမီးစစ်သားမရှိဘူး" လို့ပြန်ဖြေတယ်။

‎

‎

သူ‎ဒီစကားကို ပြောပြီးချိန်မှာတော့ အမျိုးသမီးတွေက ဒေါသ ထွက်ကုန်ကြသည်။

‎

‎

‎

‎အမျိုးသမီးငယ်တစ်ဦးက ရင်ဘတ်ကိုကာကွာ်ဟန်ဖြင့် အုပ်လိုက်ပြီး “ရဲဘော်၊ စစ်ဆေးတာကို ဆင်ခြေအဖြစ်သုံးပြီး ငါတို့ကို အခွင့်ကောင်းယူဖို့ ကြိုးစားနေတာလား” ဟု မေးသည်။

‎

‎

‎ဤစွပ်စွဲချက်ကို သူကြားရသည်မှာ ပထမဆုံးအကြိမ်မဟုတ်တော့တာကြောင့်‎ ရှန်းကျင်းဇီက အေးဆေးတည်ငြိမ်စွာပဲ ပြောလိုက်တယ်"အမျိုးသမီး၊ မင်းက အရမ်းတွေးနေတာပဲ့။ စစ်ဆေးခံရမယ့်အစား နှစ်နာရီလောက်စောင့်လို့ရတယ်။ ဘယ်သူကမှ မင်းကို အတင်းအကြပ်မခိုင်းဘူး"

‎

‎

‎ထိုမိန်းမငယ်သည် သူရဲ့စကားကိုကြားသောအခါမှာပဲ သူ့မျက်လုံးများကိုကြည့်လိုက်တော့ မက်မောခြင်း သို့မဟုတ် အခြားခံစားချက်များကို ဘာမှမတွေ့ခဲ့ရပေ။ သူမက ရှက်ကိုးရှက်ကန်းဖြစ်သွားပြီး ဘာမှမပြောတော့ဘူး။

‎

‎

အစ်မဝမ်းက သူ့အဖွဲ့နဲ့ ဘာလုပ်ရမလဲဆိုတာကို ဆွေးနွေးနေချိန်မှာပဲ ချူကျိမြောင်က “ကျွန်မ အမျိုးသမီးတွေကို စစ်ဆေးဖို့ ကူညီပေးနိုင်ပါတယ်” လို့ပြောလာတယ်။

‎

‎

သူမ ‎ဒါကိုပြောပြီးတာနဲ့ အမျိုးသမီးငယ်တစ်ယောက်ကမေးလာတယ် “မင်းက ဘယ်သူလဲ"

‎

‎

‎ချူကျိမြောင်က သူမ၏ရဲရင့်မှုကိုမြင်တော့ အပြုံးနှင့်ပြောလိုက်တယ် "အမျိုးသမီး၊ ငါက မင်းလိုပဲ အသက်ရှင်ကျန်ရစ်သူတစ်ယောက်ပါ။ မင်းရဲ့ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေကိုစစ်ဆေးဖို့ ငါကူညီပေးနိုင်တယ်"

‎

‎

‎သူမ ဒီလိုပြောပြီးတဲ့နောက် ရှန်းကျင်းဇီဘက်ကိုလှည့်ပြီး "ရဲဘော်၊ သူတို့ကို သေချာစစ်ဆေးပါ့မယ်လို့ ကတိပေးတယ်"လို့ ပြောလိုက်တယ်။

‎

‎

‎ ရှန်းကျင်းဇီက မျက်ခုံးပင့်ကာမေးလိုက်တယ်"သူတို့ကို စစ်ဆေးတဲ့နည်းသိလား"

‎

‎

‎"သူတို့ ခန္ဓာကိုယ်မှာ ဒဏ်ရာတွေ ရှိမရှိ စစ်ဆေးရုံပဲ မဟုတ်လား" လို့ သူမက သူ့ကို ပြန်မေးတယ်။

‎

‎

‎ရှန်းကျင်းဇီက ခေါင်းညိတ်ပြီး ပြောလိုက်တယ် "ဟုတ်တယ်၊ သူတို့ရဲ့ ခန္ဓာကိုယ်ကတစ်လက်မချင်းစီတိုင်းကို၊ အဓိပ္ပါယ်က သီးသန့်နေရာတွေတောင်ပါတယ်"

‎

‎

‎ထိုစကားကို ကြားလိုက်သည်နှင့် တပြိုင်နက်တည်း ထိတ်လန့်သွားကြသည်။ ယေဘူယျအားဖြင့်သာ စစ်ဆေးခံရမည်ဟု ယောက်ျားများက ယူဆကြပြီး ထိုနေရာကိုတော့ စစ်ဆေးရန် မလိုဟု ထင်ခဲ့ကြတယ်။

‎

‎

‎သူတို့ တုံ့ဆိုင်းနေတုန်းမှာ အစ်မဝမ်းက ရှေ့ကို လှမ်းလာပြီး “ရဲဘော်၊ စစ်ဆေးဖို့ သဘောတူတယ်” လို့ ပြောလိုက်တယ်။

‎

‎

‎ဒါကိုကြားတော့ ရှန်းကျင်းဇီက ခေါင်းညိတ်ပြပြီး သူ့ရဲဘော်ဆီ လာဖို့ လက်ဟန်ပြကာ "သူ့ကို စစ်ဆေးရေးနေရာကို ခေါ်သွား"လို့ ပြောလိုက်တယ်။

‎

‎

‎စစ်သားက ခေါင်းညိတ်ပြပြီး အစ်မဝမ်းနှင့် ချူကျိမြောင် တို့ကို ယာယီသတ္တုအခန်းဆီသို့ ခေါ်သွားခဲ့သည်။ အမျိူးသမီးတွေ အခန်းထဲဝင်သွားတော့ စစ်သားက ဝင်ပေါက်ကို စောင့်ဖို့ အပြင်မှာ ရပ်လိုက်တယ်။

‎

‎

‎ဆယ်မိနစ်လောက်ကြာတော့ သူမတို့က ထွက်လာကြပြီး ချူကျိမြောင်က "သူမ ခန္ဓာကိုယ်မှာ ဒဏ်ရာမရှိဘူး" လို့ ပြောလာတယ်။

‎

‎

‎ရှန်းကျင်းဇီက သူမကို ယုံကြည်ပြီး အထဲကိုဝင်ဖို့ အစ်မဝမ်းကို လက်ပြကာ "အထဲကို ဝင်ပြီး ရိက္ခာယူပါ" လို့ပြောလိုက်တယ်။

‎

‎

‎"ကျေးဇူးတင်ပါတယ်"လို့ပြောလိုက်ပြီး အစ်မဝမ်းက ‎ချူကျိမြောင်ကို ခေါင်းညိတ်ပြကာ အသက်ရှင်ကျန်ရစ်သူအဖွဲ့ထဲကို ပူးပေါင်းပါဝင်ခဲ့သည်။

All Chapters