← Chapters

အခန်း (၁၁၅)

Vol. 8 Ch. 115

အခန်း (၁၁၅)

Vol. 8 Ch. 115

‎

‎အစ်မဝမ်းက အနားယူဖို့မသွားခင်မှာ လူတန်းထဲ အရင်ဝင်တန်းစီကာ စွပ်ပြုတ် ဖက်ထုပ်တစ်ပန်းကန်၊ ဝက်အူချောင်း၊ ကြက်ဥပြုတ်တစ်လုံး နဲ့ ပေါက်စီနှစ်လုံးကို ယူခဲ့ပါတယ်။

‎

‎

‎ပူပူနွေးနွေး အစားစာတွေစားပြီးနောက်တော့ တစ်ပတ်စာရိက္ခာ သတ္တုရည်ငါးပုလင်းနှင့် ရိက္ခာခြောက်တစ်ထုပ်ကို ရခဲ့သည်။

‎

‎

‎သူမမှာ ရိက္ခာတွေအပြင် ပူပူနွေးနွေး စားစရာတွေတောင် ရနေတာကိုတွေ့တော့ အားလုံးက နောက်ဆုံးမှာ စိတ်တွေပါလာကြပြီး စစ်ဆေးဖို့ကို သဘောတူလိုက်ကြတယ်။အမျိုးသမီးများသည် ချူကျိမြောင်ရဲ့အကူအညီဖြင့် မကြာမီတွင်ပဲ အဖွဲ့ထဲသို့ ဝင်ရောက်နိုင်ခဲ့သည်။

‎

‎

‎အဖွဲ့ထဲက လူ ၃ ယောက်ကသာ စောင့်ကြည့်ခံရဖို့ အပြင်မှာ ထားခဲ့ခံရတယ်။ အကြောင်းရင်းကတော့ သူတို့ထဲက တစ်ယောက်ဟာ ပခုံးမှာ ခြစ်ရာတွေ ဖြစ်နေပြီး သူမရဲ့လက်သည်းကြောင့်လို့ ဆိုပါတယ်။

‎

‎

‎ကျန်တဲ့နှစ်ယောက်ကတော့ အဖျားကြီးတယ်။ အဖျားကြီးနေသဖြင့် သူတို့ရဲ့စွမ်းအင်များကို နိုးထနိုင်စေရန် အခွင့်အလမ်းရှိသော်လည်း သူတို့သည် ဖုတ်ကောင်များအဖြစ်သို့ ပြောင်းလဲနိုင်ခြေ ပိုများတယ်။ ထို့ကြောင့် သူတို့ကို စောင့်ကြည့်ဖို့ထားခဲ့သည်။

‎

‎

‎ စစ်သားများက အမျိုးသမီးအား စောင့်ဆိုင်းနေစဉ်အချိန်အတွင်း၌ ရေနွေးနှင့် မုန့်များပေးခဲ့သည်။ ကျန်နှစ်ဦးကိုတော့ ဆေးဝါး၊ ရေနွေး၊ အစာများ ပေးဆောင်ခဲ့တယ်။

‎

‎

ဖျားနေတဲ့နှစ်ယောက်ဟာ ‎ထမင်းစားပြီးတာနဲ့ ဆေးသောက်ပြီး အိပ်ပျော်သွားကြတယ်။

‎

‎

‎သူမတို့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဖုတ်ကောင်ဗိုင်းရပ်စ်ပိုးကို နှိမ်နင်းနေတုန်းမှာတော့ သူတို့ကို စောင့်ကြည့်ဖို့ တာဝန်ကျတဲ့စစ်သားဟာ ရေလုံလုံလောက်လောက်ပေးသောက်ပြီး မိနစ်သုံးဆယ်တိုင်း အပူချိန်ကို စစ်ဆေးပေးခဲ့ပါတယ်။

‎

‎

‎ထိုအချိန်တွင်တော့ အမျိုးသမီးတစ်ဦးသည် အစာစားပြီးတာနှင့် လမ်းပိတ်ဆို့ထားတဲ့အတားအဆီးကို မှီကာ ဒူးကိုဖက်ထားလေသည်။ သူမရဲ့ မျက်လုံးများက တဖြည်းဖြည်းနဲ့ မငြိမ်မသက်ဖြစ်လာကာ အဝေးမှ လူများကို စူးစူးစိုက်စိုက်ကြည့်ရင်း မျက်လုံးတွေကမီးခိုးရောင်ပြောင်းလာနေတယ်။

‎

‎

‎နေပူနေသော်လည်း သည်းမခံနိုင်သော အအေးဓာတ်က သူမရဲ့ အရိုးများထဲကို စိမ့်ဝင်လာသည်။ သူမရဲ့တစ်ကိုယ်လုံးမှာ တုန်လှုပ်နေပြီး မျက်နှာက နီရဲလာတယ်။

‎

‎

‎ထိုအချိန်တွင် သူမရဲ့အသားအရေက သဘာဝမကျတဲ့ အရောင်ဖျော့ဖျော့သို့ပြောင်းသွားပြီး အောက်ခြေမှ အမည်းရောင် သွေးပြန်ကြောတွေ ပေါ်လာနေတာကို သတိထားမိလိုက်တယ်။ လက်ကို မြှောက်ကာကြည့်လိုက်တော့ လက်သည်းများက ရှည်လာပြီး ပိုမည်းလာနေတာကို မြင်လိုက်ရသည်။

‎

‎

မျက်လုံးကို ပိတ်မိနေတဲ့ ဆံပင်တွေကို သူမကိုယ်တိုင် ဖယ်ရှားလိုက်တော့ လက်ချောင်းတွေကြားက ဆံပင်အစအနတွေ လျောထွက်သွားတာကို ခံစားမိလိုက်တယ်။ ထိတ်လန့်တုန်လှုပ်စွာနဲ့ လက်ဖဝါးကို လှမ်းကြည့်လိုက်တဲ့အခါ အထွေးလိုက်လိုက် ကျွတ်ကျနေတဲ့ ဆံပင်တွေကို လက်ထဲမှာမြင်လိုက်ရတော့ အသက်ရှူရပ်သွားသလို ခံစားရတယ်။

‎

‎

‎

သူမရဲ့မျက်ဆံတွေ ကျုံ့ဝင်သွားပြီး သဘောပေါက်သွားတယ်။ သူမက ဇွန်ဘီတစ်ကောင် ဖြစ်လာနေပြီ။

‎

‎

‎ထိုအသိတရားကြောင့်ဖြစ်လာတဲ့ ကြောက်ရွံ့မှုက သူမရဲ့နှလုံးသားကို ဆုပ်ကိုင်ထားတာကြောင့် ထိတ်လန့်သွားခဲ့တယ်။ သူမက ဦးနှောက်မရှိသော ဘီလူးမဖြစ်ချင်သော်လည်း သေခြင်းတရားကို ပိုကြောက်သည်။ သူမက အသက်ရှင်ချင်တယ်။ သူမ မလုပ်ရသေးတာတွေ အများကြီးရှိ‌သေးပြီး သူမကသေဖို့ငယ်လွန်းတယ်။

‎

‎

‎ သူမမှာ အသက်ရှင်လိုသော ဆန္ဒရှိနေသော်လည်း မလွှဲမရှောင်သာ ဖြစ်နေသည်။

‎

‎

‎အအေးဓာတ်က သူမတစ်ကိုယ်လုံးကို ပျံ့နှံ့သွားသလို ခံစားလိုက်ရသဖြင့် မလိုလားအပ်သောစိုးရိမ်စိတ်များ တိုးလာတာ်။ သူမက အမြဲတမ်း ကြင်နာတတ်ပြီး အခြားသူများကိုလည်း အမြဲကူညီခဲ့သည်။ ဒါဆို သူမကဘာလို့သေရတာလဲ။

‎

‎

‎အသက်ရှင်ကျန်ရစ်သူများကြားတွင် သက်တောင့်သက်သာထိုင်ကာ စကားစမြည်ပြောရင်း စားသောက်နေသော အန်တီဝိန်ဆီကို သူမရဲ့အကြည့်တွေက ရောက်သွားခဲ့သည်။ တစ်ကိုယ်ကောင်းဆန်ပြီး ဆိုးသွမ်းသောမိန်းမက အသက်ရှင်နေသေးတယ်။

‎

‎

‎သူမကတော့ ရှင်သန်နိုင်ပြီး သူကြ ဘာကြောင့်မရှင်သန်နိုင်ရတာလဲ။

‎

‎

‎နာကြည်းမှုအရှိန်အဟုန်က သူမကို လွှမ်းခြုံသွားပြီး သူမ မသိစိတ်ထဲမှာ တိမ်မြုပ်သွားသည်။ သူမသာ အသက်မရှင်နိုင်‌တော့ရင် အားလုံးကို သူမနဲ့အတူ ငရဲဆီဆွဲထုတ်သွားလိုက်မယ်။

‎

‎

သူမရဲ့ မျက်ဆန်တွေဟာ မှိန်ဖျော့သွားပြီး အသိစိတ်လည်း ပျောက်ကွယ်သွားခဲ့တယ်။ သူမရဲ့ နောက်ဆုံးစိတ်စွမ်းအားက လှုပ်ဆော်လိုက်ခြင်းကြောင့်သာ သူမက မတ်တပ်ရပ်ကာ တောင့်တင်းသော ခန္ဓာကိုယ်ကို အတားအဆီးဆီသို့ ဆွဲခေါ်သွားခဲ့သည်။

‎

‎

‎"ဟာ့ခ်—" အစ်မဝမ်ကို လှမ်းအော်ရန်ကြိုးစားသော်လည်း နှုတ်ခမ်းများကြားမှ အာခေါင်ထဲကဟစ်သံတစ်ခုသာ ထွက်ပေါ်လာတယ်။

‎

‎

‎သူမရဲ့ ဟိန်းဟောက်သံကိုကြားတော့ မျက်ရည်များက ပါးပြင်ပေါ်သို့ လိမ့်ဆင်းလာသည်။ သူမက အရှေ့သို့ တရွေ့ရွေ့ လျှောက်သွားရင်း ခေါင်းငုံ့သွားသည်။ အတားအဆီးဆီသို့ သူမ မရောက်မီတွင်ပဲ စစ်ဖိနပ်တစ်ရံက သူမရဲ့မှုန်ဝါးသောအမြင်အာရုံထဲတွင် ပေါ်လာခဲ့တယ်။

‎

‎

‎သူမ ခေါင်းကို မော့ကြည့်လိုက်တော့ ချောမောတဲ့အမျိူးသားတစ်ယောက်ရဲ့ တည်ငြိမ်သောအကြည့်ကို ရင်ဆိုင်လိုက်ရတယ်။ သူ့မျက်လုံးများထဲမှာ ကြောက်ရွံ့မှုမရှိသလို ရွံရှာမှုလည်းမရှိဘူး။ သနားစိတ်နှင့် ဂရုဏာသက်နေတဲ့ အကြည့်တွေပဲ့ရှိတယ်။

‎

‎

‎“အမျိူးသမီး ငါက မင်းကို လွှတ်ပေးဖို့ လာတယ်၊ မင်း အခုထွက်သွားဖို့ အဆင်သင့်ဖြစ်ပြီလား” လို့ မပြောခင် သူက သူမကို ခဏလောက် လေ့လာခဲ့တယ်။

‎

‎

‎သူပြောတဲ့စကားတွေကို စီစစ်ဖို့ သူမ အချိန်ခဏယူလိုက်ရတယ်။ သူမက ဘီလူးမဖြစ်ချင်ခဲ့ပါ။ သူမက လူသားတစ်ယောက်အနေနဲ့ပဲ့ သေချင်တယ်။

‎

‎

‎

‎“ဂါ့ဂ်…” သူမရဲ့နောက်ဆုံးစကားပြောရန် ကြိုးပမ်းမှုတွင် သူမရဲ့လည်ချောင်းထဲမှထွက်လာတယ် ဟောက်သံကိုသာ ကြားလိုက်ရသည်။

‎

‎

‎ချင်လူဇီက သူ့စိတ်‌မြေပုံထဲတွင် အဖြူနှင့်အနီကြား ရွေ့လျားနေသော မှိတ်တုတ်မှိတ်တုတ်အစက်ကို ကြည့်နေခဲ့တယ်။ သူမမှာ အချိန်သိပ်မကျန်တော့ဘူး။ သူမရဲ့ လူသားဆန်မှု မဆုံးရှုံးခင်မှာ သူမကို လွှတ်လိုက်ရမယ်။

‎

‎

‎သူ့နောက်ကျောမှ ဓားမြှောင်ကို ဆွဲထုတ်ကာ "နှုတ်ဆက်ပါတယ်" ဟုပြောလိုက်တယ်။

‎

‎

‎

သူ့ ‎အသံမပျောက်သွားခင်မှာပဲ့ ဓားမြှောင်ကို သူမရဲ့နားထင် ဆီ ဓားနဲ့ထိုးလိုက်တယ်။ နောက်အခိုက်အတန့်တွင် သူမရဲ့ခန္ဓာကိုယ် တောင့်တင်းသွားပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။ မြေပြင်ပေါ်တွင် အနီရင့်ရောင်သွေးနီဥများက အိုင်ကျနေပြီး အနံ့အသက်ဆိုးများက လေထုထဲမှာပျံ့နှံ့သွားတယ်။

‎

‎ချင်လူဇီက ဓါးကိုမသိမ်းမီတွင် သန့်ရှင်းစွာသုတ်လိုက်တယ်။ သူလှည့်ကြည့်လိုက်တော့ အသက်ရှင်ကျန်ရစ်သူတွေရဲ့ ပြူးကျယ်ပြီး အကြောက်တရားတွေ ပြည့်နေတဲ့ မျက်လုံးတွေကို တွေ့လိုက်ရတယ်။ သူတို့ရဲ့ အကြောက်တရားက သူ့ကို လုံးဝမထိခိုက်စေပါဘူး။ နောက်ဆုံးတော့ သူက အဲဒီမိန်းမကို မသတ်ခဲ့ပါဘူး။ အဲဒီအစား သူက သူမကို လူသားအဖြစ်နှင့် သေဆုံးဖို့ရန် အခွင့်အရေးပေးခဲ့တယ်။

‎

‎

‎သူက အတားအဆီးကိုဖြတ်သွားစဉ်တွင်"ကျင်းဇီ အကြွင်းအကျန်တွေကို ရှင်းလိုက်" ဟု အမိန့်ပေးခဲ့သည်။

‎

‎

‎"နားလည်ပါပြီ"

‎

‎

‎ကျင်းရွှီယန်း နှင့် ကျန်းယွမ်တို့အပြင် ချင်လူဇီမှာလည်း သူတို့ရဲ့အဖွဲ့တွင် အဆင့်အမြင့်ဆုံးဖြစ်သည်။ သူတို့ကပ္ပတိန်နှင့် ဒုကပ္ပတိန်မရှိသောအခါတွင် စစ်သည်များက သူ့အမိန့်နောက်သို့လိုက်ကြတယ်။

‎

‎

‎ရှန်ကျင်းဇီက လက်ကောက်ဝတ်ကိုလှုပ်ရှားလိုက်ပြီး အပြာရောင်မီးတောက်ကို အမျိုးသမီးရဲ့ အသက်မဲ့ခန္ဓာကိုယ်ဆီသို့ ကျရောက်သွားစေလိုက်တယ်။မီးတောက်က အရေပြားကို ထိလိုက်တာနဲ့ ချက်ချင်း လောင်ကျွမ်းသွားတယ်။

‎

‎

‎အသက်ရှင်ကျန်ရစ်သူများအပေါ်မှာ ကြာရှည်ခံမဲ့စိတ်ဒဏ်ရာကို မထားခဲ့ချင်တာကြောင့် စွမ်းအင်ကို ပိုပြင်းထန်ထန်စေလိုက်ကာ ငါးမိနစ်အတွင်းပဲ သူမရဲ့ကိုယ်ထည်ကို ပြာအဖြစ်သို့ ပြောင်းလိုက်သည်။

‎

‎

‎အသက်ရှင်ကျန်ရစ်သူများက သူ့ကိုယ် နတ်ဆိုးတစ်ကောင်လိုမျိူး ကြောက်ရွံ့စွာ စိုက်ကြည့်နေကြတယ်။ ရှန်ကျင်းဇီက သူတို့ကို တစ်ချက်ကြည့်ရုံဖြင့်သာ တုံ့ပြန်ပြီး သူတို့ရဲ့စိုက်ကြည့်ခံရခြင်းကို လုံးဝစိတ်မ၀င်စားပေ။

‎

‎

‎အထူးသဖြင့် အရပ်သားများအတွက်တော့ သေဆုံးမှုကို လက်ခံရန် မလွယ်ကူပါဘူး။ လေ့ကျင့်သင်ကြားထားသော စစ်သားများတောင် ‎သူတို့ရဲ့ ရဲဘော်ရဲဘက်များက ဖုတ်ကောင်များအဖြစ်သို့ ပြောင်းလဲကာ ပြန်တိုက်ခိုက်လာတာကို မြင်ရသောအခါတွင်ပင် သူတို့ကရုန်းကန်ကြရသည်။

‎

‎

‎ အရပ်သားများ မဆိုထားနှင့် ဖုတ်ကောင်များအဖြစ်သို့ ပြောင်းလဲသွားသော သူတို့ရဲ့ ရဲဘော်များကို သတ်ဖြတ်ရခြင်းကြောင့် စစ်သားအချို့မှာဆို အိပ်မက်ဆိုးများဖြင့် ခြောက်လှန့်ခံခဲ့ရသည်။ စိတ်ဒဏ်ရာတွေ ရခဲ့ပေမယ့် တတ်နိုင်သမျှ လိုက်လျောညီထွေဖြစ်အောင်လုပ်ဖို့ကလွဲပြီး ရွေးချယ်စရာမရှိဘူး။

‎

‎

‎အမျိုးသမီးရဲ့ခန္ဓာကိုယ်ကို ရှင်းလင်းပြီးတာနဲ့ ကျန်နှစ်ယောက်ကို စောင့်ကြည့်နေတဲ့ စစ်သားတစ်ယောက်က "အစ်ကို လူဇီ၊ သူတို့ထဲက တစ်ယောက်က ဗီဇပြောင်းသွားပြီ"လို့ ပြောလိုက်တယ်။

‎

‎

‎ဒါကိုကြားတော့ ချင်လူဇီက သူ့စိတ်မြေပုံကို စစ်ဆေးကြည့်လိုက်တယ်။ ယခုအခါတွင်တော့ အမျိုးသမီးတစ်ဦးအတွက် အစက်က အစိမ်းဖျော့ဖျော့ တောက်ပနေပြီး ကျန်တစ်ဦးကတော့ အစိမ်းနှင့် အနီကြားတွင် ကူးပြောင်းနေတယ်။

All Chapters