ဆန်းကြယ်လှသော စိမ်းမြကြာပန်းဖန်ဆင်းခြင်းကျင့်စဥ်...
Vol. 14 Ch. 164
ကျန်းယီမင်သည် ရူးသွားတာမဟုတ်ပေ။ သူ့ခန္ဓာကိုယ်ထဲကကျင့်စဉ်ကို အသုံးချပြီး ရန်သူကို တိုက်ခိုက်ဖို့နည်းလမ်းတွေကို သုံးသပ်နေတာဖြစ်သည်။
“စိမ်းမြကြာပန်းက ရုပ်ပုံထွက်ပေါ်လာတဲ့အခါ အရာခပ်သိမ်းကို လွှမ်းမိုးနိုင်စွမ်းရှိတယ်...။ စိမ်းမြကြာပန်းမှာ ပုန်းကွယ်စရာ နေရာမရှိစေရဘူး...”
ထိုသို့ရွတ်ဆိုလိုက်သည်နှင့် ကျန်းယီမင်ကို ဗဟိုပြု၍ အစိမ်းရောင်အလင်းတန်းများ ထွက်ပေါ်နေသော အစိမ်းရောင်ကြာပန်းတစ်ပွင့် ဖြည်းဖြည်းချင်း ပေါ်ထွက်လာခဲ့သည်။
“ဒါ... ငါတို့ကျင့်စဉ်က ဆရာ့ကျင့်စဉ်နဲ့ အတူတူပဲမဟုတ်လား... ဒါက... ကျင့်စဉ်ကနေ ဖြစ်ပေါ်လာတဲ့ အစိမ်းရောင်ကြာပန်းပဲဖြစ်ရမယ်... ဟုတ်တယ်မလား...”
“ဟုတ်တယ်... ဒါအတုမဖြစ်နိုင်ဘူး...။ ငါ့ခန္ဓာကိုယ်ထဲမှာလည်း ထူးဆန်းတဲ့တုန်ခါမှုတစ်ခုကို ခံစားနေရတယ်...”
စိမ်းမြကြာပန်းဖန်ဆင်းခြင်းနည်းစနစ်ဟာ လင်းယွင်ဂိုဏ်းတစ်ခုလုံးရဲ့ အခြေခံကျင့်စဉ်ဖြစ်သည်။ ထိုအချိန်မှာ ကျန်းယီမင်ဟာ အလွန်ဝမ်းသာသွားခဲ့သည်။ ကျင့်စဉ်က ကျင့်ကြံမှုအမြန်နှုန်းနဲ့ အဆင့်အတန်းကို မြှင့်တင်ပေးရုံတင် မဟုတ်ဘူးဆိုတာ သူ အရင်ကတည်းကခံစားမိခဲ့သည်။ အခုချိန်တွင် ဒီကျင့်စဉ်နဲ့ ကောင်းကင်နဲ့မြေကြီးကြားက အပြောင်းအလဲတွေကိုပါ သိမြင်နိုင်ရုံတင်မကဘဲ ပြိုင်ဘက်ရဲ့ ဓာတ်သဘာဝအလိုက် ပြန်လည်တိုက်ခိုက်နိုင်တဲ့ နည်းလမ်းတွေကိုပါ ရရှိနိုင်တာကို သူ သိသွားသည်။
“မင်း... မင်း၊ ဒါဘာကြီးလဲ...”
ဟောက်ယွင်ဂိုဏ်းအကြီးအကဲရဲ့ မျက်နှာဟာ တော်တော်လေး ပျက်ယွင်းနေသည်။ ကျန်းယီမင်အတွက်တော့ ဒါကတော်တော်လေး ရယ်စရာကောင်းနေသည်။ အရင်တစ်ခေါက်က ဒီလူ လင်းယွင်ဂိုဏ်းမှာလာပြီး ပြဿနာရှာတုန်းက သေခါနီးမှာလည်း ဒီလိုမျက်နှာပေးမျိုးနဲ့ပဲဖြစ်သည်။
“ဟမ့်... အရင်က ငါကျင့်စဥ်အနည်းငယ်ပဲ ငါတတ်တာလို့ မင်းပြောခဲ့တယ် မဟုတ်လား... ဒီနေ့တော့ ငါဘာတွေထပ်သင်ထားလဲဆိုတာ မင်းကိုပြပေးရတာပေါ့....”
“ကောင်စုတ်လေး... မင်းက အရင်အတိုင်း မောက်မာနေတုန်းပဲလား... ခွေးကောင်လေး...”
“အဘိုးကြီး... မင်းကအသက်ကြီးပြီး ဝေဝေဝါးဝါး ဖြစ်နေတာပဲ... မင်းပြောတာ မင်းပြန်ကြားရဲ့လား... အရင်တုန်းက ငါတို့ကိုလာတိုက်တာ မင်းပဲလေ... တကယ်လို့ ငါကငါ့တပည့်တွေကို ဦးဆောင်ပြီး အသေခံမတိုက်ခဲ့ရင် ငါရောငါ့တပည့်တွေပါ အခုလောက်ဆို အလောင်းဖြစ်နေလောက်ပြီ...”
ကျန်းယီမင်က တည်ငြိမ်စွာဖြင့် ဟောက်ယွင်ဂိုဏ်း အကြီးအကဲကို စကားလုံးများဖြင့် ပြန်လည် တိုက်ခိုက်လိုက်သည်။ စိမ်းမြကြာပန်းဖန်ဆင်းခြင်းကျင့်စဥ်ဟာ သူ့ခန္ဓာကိုယ်ထဲမှာ ဆက်လက် လည်ပတ်နေပြီး မီးနဂါးသုံးကောင်ရဲ့ ပါးစပ်ကနေ ထွက်လာတဲ့ မီးတောက်တွေဟာ နောက်ဆုံးမှာတော့ ကုန်ခမ်းသွားခဲ့သည်။
အရာရာကို လောင်ကျွမ်းစေနိုင်တဲ့ အရှိန်အဝါရှိတဲ့ ထိုမီးတောက်တွေဟာ သူ့ကိုအနည်းငယ်မျှတောင် ဒဏ်ရာမပေးနိုင်ခဲ့ပေ။ ဘာလို့လဲဆိုတော့ စိမ်းမြကြာပန်းဖန်ဆင်းခြင်းကျင့်စဥ်က သူ့ရှေ့က မီးတောက်တွေကို အဆက်မပြတ်ချေဖျက်ပေးနေလို့ပဲဖြစ်သည်။ စိမ်းကြာပန်းဖန်ဆင်းခြင်းကျင့်စဥ်ဟာ ဓာတ်သဘာဝတစ်ခုတည်းအတွက် သီးသန့်မဟုတ်ဘဲ ကျင့်ကြံသူကို ကောင်းကင်နဲ့မြေကြီးရဲ့ လျှို့ဝှက်ချက်တွေကိုသိမြင်စေတဲ့ ကျင့်စဉ်တစ်ခုဖြစ်သည်။
“အဘိုးကြီး... ခုနကတော့ အားရပါးရပြောနေခဲ့တယ် မဟုတ်လား... အခု ငါ့အကွက်ကိုလက်ခံလိုက်ဦး...”
ကျန်းယီမင်က သူ့လက်ထဲက မီးတောက်တွေကို အသာအယာခါလိုက်တဲ့အခါ သူ့ရှေ့မှာမီးတံတိုင်းကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ထိုထဲမှာပါဝင်တဲ့ အရှိန်အဝါနဲ့ စွမ်းအားတွေက ဟောက်ယွင်ဂိုဏ်းအကြီးအကဲထုတ်လိုက်တဲ့ စွမ်းအားထက် အနည်းငယ်မျှ မလျော့ပေ။
“မဖြစ်နိုင်တာ... ငါတို့ဆရာက ဘယ်တုန်းက ဟောက်ယွင်ဂိုဏ်းရဲ့ကျင့်စဉ်တွေကို သင်လိုက်တာလဲ...”
“စီနီယာအစ်ကို... အစ်ကိုကတော့ ထုံလိုက်တာ... ဆရာက ဟောက်ယွင်ဂိုဏ်းကျင့်စဉ်တွေကို စိတ်ဝင်စားတယ်ပဲထားဦး... ဟောက်ယွင်ဂိုဏ်းက သူတို့ကျင့်စဉ်ကို ဆရာ့ကိုဘယ်လိုလုပ် ပေးသင်မှာလဲ...”
သို့သော် လူတိုင်းရဲ့မျက်စိရှေ့မှာတင် ကျန်းယီမင်ဟာ ဟောက်ယွင်ဂိုဏ်းမှာပဲရှိတဲ့ တိုက်ခိုက်ရေးစွမ်းရည်တွေကို အသုံးပြုနေသည်။ သူတို့ရဲ့မျက်လုံးတွေက လိမ်မှာမဟုတ်ပေ။ သူတို့ဆရာက သူတို့ကို တကယ့်ကို သင်ခန်းစာတစ်ခုပေးလိုက်တာဖြစ်သည်။
ကျန်းယီမင် အလွန်ဝမ်းသာသွားခဲ့သည်။ ဒါဟာ သူ့အတွက်တော့ တကယ့်ကိုအံ့သြစရာတစ်ခုဖြစ်သည်။
‘တကယ်လို့ စိမ်းမြကြာပန်းဖန်ဆင်းခြင်းကျင့်စဥ်ကို အဆင့်မြင့်တဲ့အထိ ကျင့်ကြံနိုင်ရင် တခြားဓာတ်သဘာဝတွေကိုပါ သုံးနိုင်မှာလား...’
တကယ်လို့ ထိုသို့သာဆိုရင်တော့ သူ့အတွက်အများကြီး အထောက်အကူ ဖြစ်စေမှာဖြစ်သည်။ ကျင့်ကြံမှုအပြင် သူက ဆေးဖော်စပ်ခြင်းကိုလည်း လုပ်ရဦးမည်။ နောက်ပိုင်းမှာ ဆေးပညာတွေရော၊ လက်နက်သွန်းလုပ်ခြင်းတွေကိုပါ သူသင်ယူရဦးမည်။ တကယ်လို့ ထိုအလုပ်တွေကို လုပ်တဲ့အခါ မီးဓာတ်ကို ကျွမ်းကျင်စွာထိန်းချုပ်နိုင်မယ်ဆိုရင် နောင်အနာဂတ်မှာ မီးဓာတ်နဲ့ပတ်သက်တဲ့ အလုပ်မှန်သမျှမှာ တစ်ဝက်အားစိုက်ရုံနဲ့ နှစ်ဆအကျိုးကျေးဇူး ရရှိမှာ သေချာသည်။
“ဒါ... ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... မင်းက ငါတို့ ဟောက်ယွင်ဂိုဏ်းရဲ့တိုက်ခိုက်ရေးစွမ်းရည်ကို ဘယ်လိုလုပ် သိနေရတာလဲ... ဒါ လုံးဝမဖြစ်နိုင်ဘူး...”
ပြင်းထန်လှတဲ့ မီးစွမ်းအားလှိုင်းနှစ်ခု ထိပ်တိုက် တိုက်မိသွားကြသည်။ ဟောက်ယွင်ဂိုဏ်းအကြီးအကဲ တုံ့ပြန်ဖို့တောင် အချိန်မရခင်မှာပဲ ကျန်းယီမင်က သူ့ရှေ့ကိုရောက်လာခဲ့သည်။ သူက သူ့ရဲ့စိတ်ဝိညာဉ်စွမ်းအားကို ဓားအဖြစ်ပြောင်းလဲလိုက်သည်။ သူ့လက်ထဲက စိတ်ဝိညာဉ်ဓားဟာ ဘာမှမတွေးဘဲ ရှေ့ကိုခုတ်ပိုင်းလိုက်တော့သည်။ သူ့ရဲ့ပစ်မှတ်ကတော့ သူ့ရှေ့ကလူရဲ လည်ချောင်းပဲဖြစ်သည်။
ပုံမှန်အားဖြင့် ကျင့်ကြံသူတွေဟာ စိတ်နတ်ဆိုးဝင်မှာစိုးလို့ အခုလိုရက်စက်တဲ့ တိုက်ခိုက်မှုမျိုးကို ရှောင်လေ့ရှိကြပေမယ့်၊ ကျန်းယီမင်က ဒီကမ္ဘာကိုရောက်ပြီး သင်ယူခဲ့ရတဲ့တစ်ခုတည်းသော သင်ခန်းစာကတော့ ရှင်သန်ချင်ရင် တခြားလူတွေထက် ပိုပြီး ရက်စက်ရမယ်ဆိုတာပဲ ဖြစ်သည်။
တစ်ဖက်လူကလည်း အသင့်ပြင်ထားခဲ့သည်။ သူ့ရဲ့ အားအကိုးရဆုံးတိုက်ကွက်ကို ကျန်းယီမင်က အလွယ်တကူချေဖျက်နိုင်တာကို တွေ့လိုက်ရတဲ့အခါ၊ အကြီးအကဲဟာ သူရှင်သန်ချင်ရင် အစွမ်းကုန်ထုတ်ရတော့မယ်ဆိုတာ သိသွားခဲ့သည်။ အကြီးအကဲက လက်နှစ်ဖက်ကိုမြှောက်ပြီး ကျန်းယီမင်ရဲ့ဓားကိုခုခံရင်း အပြင်းအထန်ပြန်တိုက်စစ်ဆင်လိုက်သည်။
တပည့်တွေကတော့ မျက်တောင်မခတ်တမ်း ကြည့်နေကြရသည်။ ဒီတစ်ခါတော့ အရင်ကလို အားချင်းယှဉ်တာမဟုတ်တော့ဘဲ ဓားချင်းယှဉ်ပြိုင်နေတာဖြစ်လာသည်။ သို့သော် ကျန်းယီမင်သုံးနေတဲ့ဓားက သူ့ရဲ့စိတ်ဝိညာဉ်စွမ်းအားကနေ ဖြစ်ပေါ်လာတာ ဖြစ်တာကြောင့် တစ်ဖက်လူရဲ့ဓားထက် ပိုထက်မြက်တဲ့ ဓားအရှိန်အဝါတွေ ရှိနေသည်။
ဟောက်ယွင်ဂိုဏ်းအကြီးအကဲကတော့ ခုနက တိုက်ပွဲတွေကြောင့် တော်တော်လေး ပင်ပန်းနေသည်။ ကျန်းယီမင်ရဲ့ပြင်းထန်လှတဲ့ တိုက်စစ်အောက်မှာ သူ့ရဲ့ခုခံမှုတွေက တဖြည်းဖြည်းနှေးကွေးလာသည်။ တစ်ဖက်မှာတော့ ကျန်းယီမင်ရဲ့ တိုက်ခိုက်မှုတွေက ပိုပိုပြီးကျွမ်းကျင်လာသည်။ ဟောက်ယွင်ဂိုဏ်းအကြီးအကဲ ခေါင်းပြတ်ဖို့ သိပ်မလိုတော့ဘူးဆိုတာ လူတိုင်းသိနေကြသည်။
အကြီးအကဲရဲ့ ခန္ဓာကိုယ်ပေါ်မှာ ဓားဒဏ်ရာတွေ သွေးရာတွေ အများကြီးပေါ်နေပြီဖြစ်သလို၊ ဝတ်ထားတဲ့ အဝတ်အစားတွေလည်း စုတ်ပြတ်လာသည်။
“မဟုတ်ဘူး... မင်း... မင်း ဘယ်လိုလုပ်တာလဲ...”
အကြီးအကဲဟာ သူ့ရှေ့ကကျန်းယီမင်ဆိုတဲ့လူက ခန္ဓာကိုယ်ပိုင်း၊ ဓားပညာပိုင်းရော ကျင့်ကြံမှုပိုင်းမှာပါ သူ့ထက် အများကြီးသာလွန်နေတာကို လုံးဝမယုံနိုင်ဖြစ်နေသည်။
“ငါ ဘယ်လိုလုပ်လဲဆိုတာ မင်းသိစရာမလိုဘူး...။ မင်းသိဖို့လိုတာက... မင်း ငါ့ရှေ့မှာနိုင်ဖို့ အခွင့်အရေး မရှိဘူးဆိုတာပဲ...”
ကျန်းယီမင်က ဟိန်းဟောက်လိုက်သည်။ တစ်ဖက်လူရဲ့ခုခံမှု လျော့ရဲသွားတဲ့အားနည်းချက်ကို သူရှာတွေ့သွားသည်။ ကျန်းယီမင်ရဲ့ ဓားဖျားက ဟောက်ယွင်ဂိုဏ်းအကြီးအကဲရဲ့ ရင်ဘတ်ကို တိုက်ရိုက်ထိုးစိုက်လိုက်ပြီး ခန္ဓာကိုယ်ကို တစ်ဖက်ကနေဖောက်ထွက်သွားစေခဲ့သည်။ ထို့နောက်မှာတော့ ကျန်းယီမင်က ခြေတစ်ချက်ဆောင့်လိုက်တဲ့အခါ တစ်ဖက်လူဟာ သွေးတန်းကြီးနဲ့အတူ လျှို့ဝှက်နယ်မြေရဲ့ ချောက်နက်ထဲကို ပြုတ်ကျသွားတော့သည်။
“ဟူး... ဒီလူကလည်း ဒီလောက်ပါပဲလား... ငါသတ်ခဲ့တဲ့လူတိုင်း လျှို့ဝှက်နယ်မြေထဲမှာ ရန်သူအဖြစ် ပြန်ပေါ်လာမယ်ဆိုရင်တော့... ပြောရရင် အဘိုးလင်းနဲ့ စီမာကျန်းတို့ကို နောက်တစ်ခါပြန်တိုက်ချင်သေးတယ်” ဟု ကျန်းယီမင်က သူ့ဘာသာသူရေရွတ်ရင်း ပြုံးလိုက်သည်။
သူ့လက်ထဲက စိတ်ဝိညာဉ်ဓားက တုန်ခါသွားပြီး သွေးစတစ်စက်မှ မကျန်တော့ဘဲ အသစ်အတိုင်းပြန်ဖြစ်သွားခဲ့သည်။
“ဒီနှစ်ဆင့်က ရန်သူတွေကတော့ တကယ့်ကို စိတ်ဝင်စားဖို့ ကောင်းတယ်... ဟောက်ယွင်ဂိုဏ်း အကြီးအကဲတောင် ပါလာတာပဲ...။ နောက်တစ်ဆင့်မှာ ဘယ်သူနဲ့တွေ့ရဦးမလဲ သိချင်မိသား...”
ကျန်းယီမင်ကတော့ အဆင့် ၂၆ကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့သည်။ စိမ်းမြကြာပန်းဖန်ဆင်းခြင်းကျင့်စဥ်ရဲ့ အစွမ်းကိုလည်း ပိုသိသွားပြီဆိုတော့ နောက်ထပ် ရန်သူကဘယ်သူပဲဖြစ်ဖြစ် သူမကြောက်တော့ပေ။