← Chapters

ဂိုဏ်း၏စမ်းသပ်မှု၊ ကျန်းယီမင်က ဘယ်အဆင့်အထိ ရောက်နေတာလဲ...

Vol. 14 Ch. 165

ဂိုဏ်း၏စမ်းသပ်မှု၊ ကျန်းယီမင်က ဘယ်အဆင့်အထိ ရောက်နေတာလဲ...

Vol. 14 Ch. 165

“ဟေး... ဟိုမှာကြည့်စမ်း... ဆရာ့ရဲ့ အခုရှိနေတဲ့ ခွန်အားနဲ့ဆိုရင် ငါတို့တွေ ဆရာ့ရဲ့တစ်ဝက်လောက်ရောက်ဖို့တောင် ဘယ်လောက်တောင် ကြိုးစားရဦးမလဲ မသိဘူး...”

“အစ်ကိုကြီး... ကျွန်တော် အမှန်အတိုင်းအကြံပေးရရင်တော့ အိပ်မက်တွေသိပ်မကြီးပါနဲ့ဦး...။ ဘာလို့ ဆရာ့ကိုကျော်တက်ဖို့ အခုကတည်းက စဉ်းစားနေတာလဲ...”

“ဟူး... ငါက ဒီတိုင်းပြောကြည့်တာပါ... ကျော်တက်ဖို့နေနေသာသာ ငါနဲ့ဆရာ့ကြားက ကွာဟချက်လေး နည်းနည်းပဲကျဉ်းသွားရင်တောင် ငါကျေနပ်ပါပြီကွာ...”

တပည့်တွေ စကားပြောနေကြစဉ်မှာပဲ သူတို့ရဲ့ဆရာ ကျန်းယီမင်က နောက်တစ်ဆင့်အတွက် ပြင်ဆင်နေတာကို တွေ့လိုက်ရသည်။ နောက်ထပ်အဆင့်အနည်းငယ်မှာ ကျန်းယီမင်က အနိုင်ရရှိခဲ့ပေမဲ့ အစပိုင်းတုန်းကလိုတော့ ပေါ့ပေါ့ပါးပါးမရှိတော့ပေ။ အခုဆိုရင် သူက အဆင့်၂၉ဆင့်မြောက်ကို ရောက်ရှိနေပြီဖြစ်ပြီး နောက်တစ်ဆင့်ကတော့ အဆင့် ၃၀ ပင် ဖြစ်သည်။ အခုအချိန်မှာ ကျန်းယီမင်သည် လျှို့ဝှက်နယ်မြေထဲမှ ရတနာအများအပြားကို ရရှိထားပြီးဖြစ်သော်လည်း သူ့ခန္ဓာကိုယ်အခြေအနေမှာမူ အတော်လေး အားကျဆင်းနေပြီဖြစ်သည်။

သို့သော် သူအလိုရှိသည်မှာလည်း ဤကဲ့သို့နာကျင်ကိုက်ခဲပြီး မောဟိုက်နေသည့် ခံစားချက်မျိုးပင် ဖြစ်သည်။ ထို့အပြင် လျှို့ဝှက်နယ်မြေထဲမှ စမ်းသပ်မှုများသည် သေဆုံးမှသာ ရပ်တန့်မည်ဖြစ်သည်။ ဘယ်လိုပင်ဖြစ်စေ သူ့ဂိုဏ်းတွင် ပြန်လည်ကုသပေးနိုင်သည့် ဆေးလုံးများစွာရှိသလို ကုသပေးနိုင်သည့် လျှို့ဝှက်နယ်မြေလည်း ရှိနေသည်။ ဘယ်လိုပဲဖြစ်ဖြစ် လျှို့ဝှက်နယ်မြေထဲကပြိုက်ဘက်တစ်ယောက်ယောက်က သူ့ကိုသတ်လိုက်ရင်တောင် ရလဒ်ကသိပ်မဆိုးနိုင်ပေ။

ခိုအရာကိုတွေးမိပြီး ကျန်းယီမင်က ကျောက်တိုင်ပေါ်ကို သူ့လက်နဲ့ ပြတ်ပြတ်သားသား ဖိချလိုက်ပြန်သည်။ ထိုအခါ ဝိုင်းစက်နေသည့် အပြားကြီးဆီကနေ တုန်ခါသံကြီးထွက်ပေါ်လာသည်။ ထို့နောက် ကျန်းယီမင်ကို ဗဟိုပြု၍ ထိုအပြားကြီးက ဖြည်းဖြည်းချင်း လည်ပတ်လာသည်။

“ဟင်... ဒီအဆင့်ကို ရောက်တဲ့အခါ လျှို့ဝှက်နယ်မြေက ပြောင်းလဲသွားတာလား...”

ကျန်းယီမင်က အပြားပေါ်တွင် လက်နှစ်ဖက်ကို ဘေးတွင်ချကာ တည်ငြိမ်စွာရပ်နေလိုက်သည။ တစ်ဟုန်ထိုး တိုးလာသည့် သတ်ဖြတ်လိုသော အငွေ့အသက်များသည် လေထုထဲတွင် ပြည့်နှက်သွားသည်။ အမှန်အတိုင်းပြောရလျှင် အရင်တုန်းက ရန်သူများ၏ဖိအားများသည် သာမန်မျှသာဖြစ်သော်လည်း အခုတစ်ခါမှာတော့ လူတိုင်းသိသိသာသာ ခံစားနေရပြီဖြစ်သည်။

ဒီတစ်ခါရန်သူသည် ရိုးရိုးဖိအားတင်မဟုတ်ဘဲ ကျန်းယီမင်ကို အစိတ်စိတ်အမွှာမွှာ ဆွဲဖြဲပစ်ချင်သည့် အရှိန်အဝါမျိုး ဖြစ်နေသည်။ ကြောက်မက်ဖွယ် မျက်နှာနှင့် မိစ္စာတစ်ကောင်က ကျန်းယီမင်ရဲ့ နောက်ကွယ်တွင် ရုတ်တရက်ထွက်ပေါ်လာသည်။ သူ့ခန္ဓာကိုယ်သည် ကျန်းယီမင်ထက် အနည်းဆုံး ၅ ဆ၊ ၆ ဆခန့် ပိုမိုကြီးမားပြီး ပခုံးများကလည်း အလွန်ကျယ်ပြောလှသည်။ မျက်နှာပေါ်မှ ကြောက်စရာကောင်းသည့် အသွင်အပြင်မှာ သူ့မျက်နှာအစစ်မဟုတ်ဘဲ မျက်နှာဖုံးတစ်ခုသာဖြစ်သည်။

ထိုမိစ္စာသည် ဆူးများစွာပါသည့် အရိုးတုတ်ကြီးတစ်ချောင်းကို ကိုင်ဆောင်ထားသည်။ ခါးတွင် မြက်ပင်များဖြင့် ပြုလုပ်ထားသောအစတိုကို ဝတ်ဆင်ထားပြီး သူ့ရင်ဘတ်ပေါ်တွင်မူ ကျန်းယီမင်ကို စိုက်ကြည့်နေသည့် မျက်လုံးနှစ်လုံးသဖွယ်အရာများလည်း ရှိနေသည်။

“ဆရာ... သတိထား...”

တပည့်များအားလုံးက ပြိုင်တူအော်ဟစ်လိုက်ကြသည်။ မိစ္စာကြီးက ကျန်းယီမင်နောက်ကွယ်တွင် ပေါ်လာသော်လည်း သူတို့ဆရာမှာ ဘာမှမတုံ့ပြန်ဘဲ ဆွံ့အပြီးရပ်နေသလိုမျိုး ဖြစ်နေသောကြောင့်ဖြစ်သည်။

“ဒုန်း...”

သတ်ဖြတ်လိုသည့် အငွေ့အသက်များ ပြည့်နှက်နေသည့် အရိုးတုတ်ကြီးက ကျန်းယီမင်ခေါင်းပေါ်သို့ ကျခါနီးတွင်မှ သူကစိတ်ဝိညာဉ်စွမ်းအင်ဓားကို ထုတ်ကာ ပြင်းထန်စွာပြန်လည်ခုခံလိုက်သည်။ ကျန်းယီမင်ပင်လျှင် ထိုအရိုးတုတ်မှ လာသော အရှိန်အဟုန်ကို ချက်ချင်းမဖယ်ရှားနိုင်ပေ။ သူ့ခြေထောက်များသည် သံမှိုများကဲ့သို့ ကျောက်ပြားများထဲသို့ စိုက်ဝင်သွားခဲ့သော်လည်း သူ့ခန္ဓာကိုယ်မှာအနောက်သို့ အတော်လေးလွင့်ထွက်သွားခဲ့ရသည်။

မိစ္စာကြီးက ကျန်းယီမင် တစ်ခါမှမကြားဖူးသော ထူးဆန်းသည့် အော်ဟစ်သံကြီးကို ပြုလုပ်လိုက်သည်။ ထိုအသံထဲတွင် နဂါးတစ်ကောင်၏ဖိအား၊ ငှက်တစ်ကောင်၏ငိုညည်းသံ၊ ကျားတစ်ကောင်၏ ဟိန်းဟောက်သံနှင့် မြင်းတစ်ကောင်၏ဟီးသံများ ရောယှက်နေသလိုပင်ဖြစ်နေသည်။

ထိုမိစ္စာကြီးကပင် ဘုရင်တကာတို့ရဲ့ ဘုရင်အစစ်အမှန်ဖြစ်နေသယောင် ဖြစ်နေသည်။ ကျန်ရှိသည့် အရာအားလုံးက သူ့အောက်တွင်သာရှိပြီး အားလုံးက ဒူးထောက်ရမည့်ပုံပေါ်နေသည်။ ကျန်းယီမင် တုန်လှုပ်နေတုန်းမှာပင် သူ့ညာဘက်အောက်ခြေမှ လက်ကြီးတစ်ဖက်ထွက်လာပြီး သူ့ကိုတိုက်ရိုက်ဖမ်းဆွဲလိုက်သည်။ အရှိန်က မြန်လွန်းလှသဖြင့် ကျန်းယီမင်တောင် အချိန်မီမတုံ့ပြန်နိုင်လိုက်ပေ။

“တောက်.... ဒီကောင့်ရဲ့အရှိန်က တကယ်ကို မြန်လွန်းတယ်...”

ကျန်းယီမင်ခန္ဓာကိုယ်က အလွန်သန်မာသည်ဆိုသော်လည်း ဘီလူးကြီးက တတိယမြောက်လက်ကို ထုတ်ကာ သူ့ကိုဖမ်းဆွဲလိုက်သည့်အခါ သူလည်း ဆွံ့အသွားရသည်။ ထို့အပြင် ဒီကောင်က သူ့ကိုယ်တွင်းမှ စွမ်းအင်အားလုံးကို ပိတ်ဆို့ထားနိုင်ပုံရသည်။

သူ့ကျင့်စဉ်ကိုလည်ပတ်၍ မရရုံသာမက ကိုယ်တွင်းမှ စွမ်းအင်များပါ ထိုခဏတွင် လုံးဝပိတ်ဆို့သွားခဲ့သည်။

‘တစ်ခုခုလုပ်မှ ဖြစ်တော့မယ်... ဒီအတိုင်းသာ ဆက်သွားနေရင် မကြာခင် အလောင်းဖြစ်သွားပေတော့မယ်...’

ကျန်းယီမင်စိတ်ဝိညာဉ်စွမ်းအင် လည်ပတ်မှုမှာ အဟန့်အတားဖြစ်နေသော်လည်း သူ့စိတ်ကမူ တည်ငြိမ်ကြည်လင်နေဆဲဖြစ်သည်။ သူသည် ရှိသမျှအားအင်ကိုသုံးကာ ကိုယ်တွင်းမှ နောက်ဆုံးလက်ကျန်စိတ်ဝိညာဉ်စွမ်းအင်ကို လည်ပတ်စေလိုက်သည်။ ထိုအခါ မိစ္စာကြီးက သူ့လက်ဖဝါးတွင် နာကျင်မှုကို ခံစားလိုက်ရသဖြင့် သူ့ကိုမလွှတ်ချင်ဘဲ လွှတ်ပေးလိုက်ရသည်။

ထိုအခါမှသာ ကျန်းယီမင် လွတ်မြောက်သွားပြီး လေထဲတွင် ခန္ဓာကိုယ်ကိုဟန်ချက်ညီအောင် ပြန်ထိန်းလိုက်နိုင်သည်။ သို့သော် သူသေချာကြည့်လိုက်သည့်အခါမှ ရှေ့မှမျက်နှာဖုံးပေါ်က ပန်းချီကားကို မြင်လိုက်ရသည်။ ၎င်းမှာ အလွန်တရာမှ ချဲ့ကားဆွဲထားသည့် ပန်းချီကားတစ်ချပ်ဖြစ်ပြီး အမုန်းတရားများ ပြည့်နှက်နေသည့် မျက်လုံးတစ်စုံပါရှိနေသည်။ သေချာကြည့်လိုက်လျှင် မျက်နှာဖုံးပေါ်မှ ပုံမှာ သတ်ဖြတ်ရေးကွင်းပြင်ကြီးတစ်ခု ဖြစ်သည်။

သို့သော် ထိုနေရာတွင် အသတ်ခံနေရသည်မှာ စားပွဲပေါ်ရောက်နေတဲ့ တိရစ္ဆာန်များမဟုတ်ဘဲ လူသားများဖြစ်နေသည်။ ငရဲပြည်မှ ပန်းချီလက်ရာများကဲ့သို့ပင်ဖြစ်သည်။ ကျန်းယီမင်မှာ ထိုပုံကိုထပ်ကြည့်လိုက်လျှင် သူ့ဝိညာဉ်ပင် ဆွဲထုတ်ခံရတော့မလို ခံစားလိုက်ရသည်။ သူသည် ဝေဝါးသွားသော စိတ်ကို အမြန်ပြန်စုစည်းကာ စိတ်ဝိညာဉ်စွမ်းအင်ဓားကို ထုတ်ယူလိုက်သည်။

၎င်းမှာ လျှို့ဝှက်နယ်မြေထဲတွင် သူတစ်ခါမှမသုံးရသေးသော ဝိညာဉ်ချုပ်နှောင်စစ်နတ်ဆိုးဓားဖြစ်သည်။ အရင်ကရန်သူများနှင့် တိုက်ခိုက်စဉ်က သူသည် စိတ်ဝိညာဉ်စွမ်းအင်ဖြင့် ဓားကိုသာ ဖန်တီးခဲ့ခြင်းဖြစ်သည်။ သို့သော် ယခုမှာမတူတော့ချေ။

ဧရာမဓားကြီးတစ်လက်က သူ့လက်ထဲတွင် ရုတ်တရက် ပေါ်ပေါက်လာသည်။

“ဒါ... ဆရာ ရှန့်ကွမ်းမိသားစုနဲ့ တိုက်ပွဲတုန်းက သုံးခဲ့တဲ့ လက်နက်ပဲ...။ ဘာလို့ ဆရာက အခုမှထုတ်တာလဲ...”

ရှန့်ကွမ်းချင်းယန်သည် သူ့ဆရာရဲ့ ကျွမ်းကျင်မှုများကို ငေးမောကြည့်နေရင်း ထိုဓားကြီးကို မြင်လိုက်ရသည့်အခါ စိတ်လှုပ်ရှားသွားသည်။ အားလုံးထဲတွင် ရှန့်ကွမ်းမိသားစုရဲ့ ကျင့်ကြံရှင်များအကြောင်းကို အသိဆုံးမှာ သူပင်ဖြစ်သည်။ ကျန်းယီမင်သည် ထိုဓားကြီးကိုသုံးကာ စီမာကျန့်ကို သတ်ဖြတ်ခဲ့သည်။

ကျန်းယီမင်သည် မလိုအပ်ဘူးလို့ ထင်သောကြောင့် ယခုထိ ဒီလက်နက်ကို မသုံးခဲ့ခြင်းဖြစ်သည်။သို့သော် ယခုတွင် သူသည် အစီအရင်ရဲ့အလယ်တွင် ရှိနေပြီး ရန်သူ့ခွန်အားကလည်း ကြောက်စရာကောင်းလှသဖြင့် အချိန်တန်ပြီလို့ယူဆလိုက်သည်။ ထို့နောက် သူ့လက်ထဲမှ ဓားကြီးသည် မိစ္စာကြီးရဲ့ လက်ဖဝါးကို တိုက်ရိုက်ပိုင်းဖြတ်လိုက်လေသည်။

ထိုအခါ ကြီးမားလှသည့် လက်ချောင်းလေးချောင်းက မြေပြင်ပေါ်သို့ ပြတ်ကျသွားတော့သည်။ ၎င်းအထဲမှ ရွံရှာဖွယ်အနံ့အသက်များနှင့်အတူ သွေးများ စီးကျလာသည်။ ထိုပျစ်ချွဲပြီး မည်းနက်နေသည့် သွေးများမှာ သက်ရှိတစ်ကောင်ရဲ့ သွေးနှင့်ပင်မတူတော့ပေ။ သို့သော် ရန်သူ့လက်ဖဝါးကို အခုလိုလွယ်လွယ်နှင့် ပိုင်းဖြတ်နိုင်လိမ့်မည်ဟု သူမထင်ထားခဲ့ပေ။

All Chapters