ကျန်းယီမင်၏ရှုံးနိမ့်မှု...
Vol. 14 Ch. 167
သူပြောတာ တကယ်မမှားပေ။ ပျက်သုဉ်းခြင်းဗုဒ္ဓက ကျန်းယီမင်ရဲ့နောက်ဆုံးလက်နက်လို့ ပြောလို့ရပေမဲ့ ရန်သူ့ရဲ့ပုံရိပ်ကြီးနဲ့ ယှဉ်လိုက်ရင်တော့ ဘာမှမဟုတ်တော့ပေ။ ခုနလေးတင်ပဲ ကျန်းယီမင်ဟာ မြေပြင်မှာ လုံးဝဖိနှိပ်ခံထားခဲ့ရသည်။ ထိုအချိန်မှာ သူ့ရန်သူက တစ်ကိုယ်လုံးတောင် မပေါ်သေးပေ။ အခုချိန်မှာတော့ သူဟာရန်သူ့ရဲ့ခန္ဓာကိုယ်အထက်ပိုင်းကိုပဲ မြင်နေရသည်။
မိစ္စာကြီးရဲ့ ကျန်တဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကတော့ အောက်ခြေမမြင်ရတဲ့ ချောက်နက်ကြီးထဲမှာ မြုပ်ဝင်နေသည်။ ခုနတုန်းက ဘီလူးကြီးဟာ ဝိုင်းစက်တဲ့အပြားပေါ်က ကျန်းယီမင်ကို လက်ညှိုးတစ်ချောင်းတည်းနဲ့တင် ဖိနှိပ်ခဲ့သည်။ ကျန်းယီမင်ရဲ့ ပျက်သုဉ်းခြင်းဗုဒ္ဓတောင်မှ တစ်ဖက်လူရဲ့ တိုက်ခိုက်မှုကို ခဏသာတားဆီးနိုင်ခဲ့သည်။
ကျန်းယီမင်ဟာ ဘီလူးကြီးရဲ့တိုက်ခိုက်မှုတွေကို အဆက်မပြတ်ရှောင်တိမ်းရင်း တစ်ဖက်လူရဲ့ အားနည်းချက်ကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ အသည်းအသန် စဉ်းစားနေလိုက်သည်။
‘သူ့ရန်သူရဲ့ အားနည်းချက်က တကယ်ပဲဘာဖြစ်မလဲ.. ဒါမှမဟုတ် ဒီမိစ္စာကြီးမှာ အားနည်းချက်ဆိုတာရောရှိရဲ့လား... ဒီလောက် ကြောက်စရာကောင်းတဲ့ အရှိန်အဝါနဲ့ ခွန်အားမျိုးကို သူဘယ်လိုများ အနိုင်ယူနိုင်မှာလဲ...’
ဒီအချိန်မှာ ကျန်းယီမင်တွင် ဘာအကြံဉာဏ်မှ မရှိတော့ပေ။ ရန်သူ့ရဲ့တိုက်ခိုက်မှုကို တစ်ချက်လေးတောင် တောင့်ခံနိုင်စွမ်း မရှိတော့ချေ။ သူရဲ့ ပျက်သုဉ်းခြင်းဗုဒ္ဓက ရန်သူ့အာရုံကိုဆွဲဆောင်ပေးထားနိုင်လို့သာ အချိန်အနည်းငယ် ဆွဲထားနိုင်ခဲ့သည်။ ထိုထက်ပိုပြီး ပျက်သုဉ်းခြင်းဗုဒ္ဓလည်း ဘာမှမတတ်နိုင်တော့ပေ။
အခုချိန်မှာတော့ သူနဲ့သူ့ရန်သူဟာ အဆင့်အတန်းချင်း လုံးဝကိုကွာခြားသွားခဲ့သည်။ အဆင့်ချင်းမတူတာထက် သူတို့ဟာ မျိုးစိတ်ချင်းတောင်တူရဲ့လားဆိုတာ သံသယဖြစ်စရာဖြစ်လာသည်။ ကျန်းယီမင်ဟာ ရန်သူ့တိုက်ခိုက်မှုတွေအောက်မှာ အဆက်မပြတ် ရှုံးနိမ့်နေခဲ့ရသည်။ သူကပျက်သုဉ်းခြင်းဗုဒ္ဓကို သုံးပြီး တန်ပြန်တိုက်ခိုက်ဖို့ ကြိုးစားခဲ့ပေမဲ့ အရာအားလုံးက အချည်းနှီးဖြစ်လာသည်။
ဒီနေရာမှာတင် သူက အလွန်အမင်းစိတ်ပျက်အားငယ်သွားလိုက်မိသည်။ နက်ရှိုင်းလှတဲ့ အားကိုးရာမဲ့ခြင်းဝေဒနာက သူ့ကိုဝန်းရံထားနေသည်။ ထိုခံစားချက်က တကယ်ကိုနေရခက်လှသည်။ သူ့မှာ လုံလောက်တဲ့ခွန်အားသာမရှိရင် သူ့ရဲ့ဂိုဏ်းကို သူကာကွယ်နိုင်မှာမဟုတ်ပေ။
ထိုကြောင့် သူနဲ့ရန်သူကြားက ခွန်အားကွာဟချက်ကို သိနေရင်တောင် သူဟာနောက်ဆုံးတိုက်ကွက်တွေကို ဆက်လက် ထုတ်ဖော်ခဲ့ရသည်။ တပည့်အချို့ကတော့ သူတို့ရဲ့ဆရာအစီအရင်ထဲမှာ တကယ်ပဲ သေဆုံးသွားတာကို မကြည့်ရက်တော့တဲ့အတွက် ခေါင်းတွေကို ငုံ့ထားလိုက်မိကြသည်။ ကျန်းယီမင် ပြန်နိုးလာတဲ့အချိန်မှာတော့ သူက သူ့ရဲ့ခြံဝန်းထဲမှာ လဲလျောင်းနေသည်။ ရှန့်ကွမ်းချင်းယန်က သူ့ဘေးမှာ စိုးရိမ်တကြီးနဲ့ ရပ်နေသည်။
“ဆရာ... ဆရာ... နောက်ဆုံးတော့ နိုးလာပြီပဲ... ဘုရားရေ... ဆရာ သတိမေ့နေတဲ့ ဒီရက်ပိုင်းအတွင်းမှာ ကျွန်တော်တို့တွေ သေမတတ်ကြောက်နေရတာ..”
ကျန်းယီမင်ဟာ ထထိုင်လိုက်ပြီး သူ့ခန္ဓာကိုယ်ကို လှုပ်ရှားကြည့်လိုက်သည်။ သူ့မှာ ပြင်းထန်တဲ့ ဒဏ်ရာတွေ မရှိတဲ့အပြင် သူ့ရဲ့ကျင့်ကြံမှုအဆင့်ကတောင် အနည်းငယ်တိုးတက်လာသလို ခံစားနေလိုက်ရသည်။
“ငါ အဆင်ပြေပါတယ်... ငါ ဘယ်လောက်ကြာအောင် သတိမေ့နေတာလဲ...”
“နာရီလေးဆယ်လောက်ရှိပြီ ဆရာ... အခုဆို နှစ်ရက်တောင်ရှိသွားပြီ...”
‘ကြည့်ရတာ ဒဏ်ရာတွေက သိပ်တော့မပေါ့လှဘူးပဲ...’
ကျန်းယီမင်ထပြီး မျက်နှာကို ရေအေးအေးနဲ့ သစ်လိုက်သည်။ ဂိုဏ်းရဲ့ စမ်းသပ်မှုတုန်းက အခြေအနေတွေကို သူပြန်စဉ်းစားနေမိသည်။ နောက်ဆုံးရင်ဆိုင်ခဲ့ရတဲ့ရန်သူက တကယ့်ကို ကြောက်စရာကောင်းလွန်းနေသည်။ ထိုရန်သူရဲ့ ပုံပန်းသဏ္ဍာန်ကိုတောင် သူ သိပ်မမှတ်မိတော့ပေ။ ကြောက်မက်ဖွယ်ကောင်းတဲ့ မိစ္ဆာနတ်ဘုရားတစ်ပါးလိုပဲဆိုတာကိုပဲ မှတ်မိတော့သည်။
ထိုရန်သူ့ရှေ့မှာတော့ သူဟာ တကယ့်ကိုပုရွက်ဆိတ်တစ်ကောင်လိုဖြစ်နေသည်။ သူ့ရဲ့အသက်ရှင်ခြင်းနဲ့ သေခြင်းဟာ တစ်ဖက်လူရဲ့လက်ထဲမှာပဲ ရှိနေခဲ့သည်။
‘ဒီအတိုင်းတော့ မဖြစ်သေးဘူး... သူအားနည်းလွန်းသေးတယ်... သူ ဆက်ပြီးတိုးတက်အောင် ကြိုးစားရမယ်... အဲ့ဒါမှသာ သူ့ဂိုဏ်းရဲ့ဘေးကင်းလုံခြုံမှုကို အမှန်တကယ် အာမခံနိုင်မှာ...’
“ဆရာ... သိပ်ပြီးတော့ စိတ်မလောပါနဲ့ဦး... ဒီရက်ပိုင်းဂိုဏ်းထဲမှာ အားလုံးအဆင်ပြေပါတယ်... အခုဆို ကျွန်တော်တို့ဆီမှာ တပည့်ပေါင်းတစ်ရာနီးပါး ရှိနေပြီ...”
ထိုစကားကို ကြားလိုက်ရတော့မှ ကျန်းယီမင်လည်း စိတ်သက်သာရာ ရသွားခဲ့သည်။ ဘာပဲဖြစ်ဖြစ် လင်းယွင်ဂိုဏ်းတစ်ခုလုံးကတော့ ကောင်းမွန်တဲ့ ဦးတည်ချက်ဆီကို ဦးတည်နေသည်။ တပည့်ဦးရေကလည်း တဖြည်းဖြည်းတိုးလာနေသလို သူ့ရဲ့ တပည့်ရင်းတွေကလည်း ပါရမီကောင်းကြသည်။
“တော်ဝင်မီးတောက်ဖီးနစ်အင်ပါယာထဲမှာ မကြာသေးခင်က ထူးထူးခြားခြားသတင်းတွေ ရှိသေးလား...”
ကျန်းယီမင်က မျက်နှာသစ်ပြီးနောက် ရှန့်ကွမ်းချင်းယန်ရဲ့ နောက်ကနေလိုက်ပြီး သူ့ရဲ့ခြံဝန်းကနေ ထွက်လာခဲ့သည်။ အခုဆိုရင် သူတို့တွေဟာ အစောပိုင်းက အခက်ခဲဆုံးအချိန်တွေကို ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်သည်။ ဂိုဏ်းထဲက အသေးအဖွဲကိစ္စတွေကို သူ့တပည့်တွေကပဲ ကိုင်တွယ်နေကြပြီဖြစ်လို့ သူအများကြီး စိတ်ပူစရာ မလိုတော့ပေ။
“သတင်းလား....”
ရှန့်ကွမ်းချင်းယန်က အနည်းငယ်ဆွံ့အသွားပြီး “သတင်းတွေကတော့ အများကြီးရှိတာပေါ့ ဆရာ... ဒါပေမဲ့ ဆရာက ဘယ်လိုသတင်းမျိုးကို သိချင်တာလဲ...”
“လေလံပွဲတွေ ဒါမှမဟုတ် သိုင်းပြိုင်ပွဲတွေလိုမျိုးပေါ့...”
ကျန်းယီမင်လေ့ကျင့်ရေးကွင်းကို ရောက်သွားပြီး ကျင့်ကြံနေကြတဲ့ တပည့်တွေကိုကြည့်ကာ စိတ်ထဲမှာ ကျေနပ်မိသွားသည်။
“ဆရာ...”
ဂူလင်းဖေးဟာ လေ့ကျင့်ရေးကွင်းမှာ ညီငယ်တွေကို လမ်းညွှန်ပေးနေရင်း ကျန်းယီမင်လာတာကို မြင်တော့ အမြန်ပဲဦးညွှတ်အရိုအသေပေးလိုက်သည်။
“မင်းတို့ဘာသာ မင်းတို့ဆက်ပြီး ကျင့်ကြံနေကြ...”
ဂူလင်းဖေးက လက်ဝှေ့ယမ်းလိုက်ပြီး ကျန်းယီမင်ရဲ့ ဘေးကို လာခဲ့လိုက်သည်။
“ဆရာ... နောက်ဆုံးတော့အခန်းထဲက ထွက်လာနိုင်ပြီပဲ... အတော်ပဲ... ကျွန်တော့်မှာ ဆရာ့ကို အစီရင်ခံစရာတစ်ခုရှိတယ်...”
ကျန်းယီမင်က ခေါင်းညိတ်ပြပြီး သူ့ရဲ့တပည့်ကြီးနောက်ကိုလိုက်ကာ ဂိုဏ်းရဲ့ခန်းမဆောင်ထဲကို ဝင်လာခဲ့သည်။ ဂူလင်းဖေးရဲ့ အမူအရာကိုကြည့်ပြီး တစ်ခုခုတော့ဖြစ်နေပြီလို့ သူတွေးလိုက်မိသည်။
“အင်း... ပြောပါဦး...”
“ဟဲဟဲ... ဆရာ၊ ဒါက နည်းနည်းတော့ထူးဆန်းတယ်ဗျ... ဆရာအနားယူနေတဲ့နေ့တုန်းက လူတစ်ယောက် ဂိုဏ်းကို ရောက်လာပြီး ပြောစရာရှိတယ်လို့ ပြောသွားတယ်....”
“ဒါဆိုလည်း သူ့ကိုပြောခိုင်းလိုက်ရောပေါ့... ဒီလိုကိစ္စမျိုးကို ငါ့ဆီက ခွင့်ပြုချက်တောင်းနေဖို့ လိုလို့လားဟ...”
“ဟဲဟဲ... ဆရာ... ဒါက ဆရာမသိလို့ပါ... အဲဒီလူက တကယ့်ကိုထူးဆန်းတာ...။ သူက ဆရာ့ကိုမြင်ရမှပဲ ပြောမယ်လို့ဇွတ်ပြောနေတာ... ကျွန်တော်တို့ တပည့်တွေတောင် နားထောင်ပိုင်ခွင့်မရှိဘူးတဲ့ဗျာ...”
“ဟမ်... ဒီလောက်တောင်ပြောတာလား... ဘယ်သူလဲဆိုတာ ငါကြည့်ချင်သေးတယ်...”
“အဲဒီလူက အပြင်မှာစောင့်နေတာ ကြာလှပြီ... ကျွန်တော်ကတော့ သူ နည်းနည်းထူးဆန်းတယ် ထင်လို့ တည်းခိုခန်းမှာ သွားစောင့်ခိုင်းထားလိုက်တယ်...”
ကျန်းယီမင်က ခေါင်းညိတ်ပြီး “အော်... အဲဒါကို သူက သဘောမတူဘူးလား...” ဟုပြောလိုက်သည်။
“ဟုတ်ပဗျာ... အဲဒါကြောင့် ပြောတာပေါ့... မထူးဆန်းဘူးလား... အဲဒီလူက အခုထိဂိုဏ်းအပြင်ဘက်မှာပဲ စောင့်နေတာဗျ...”
“စိတ်ဝင်စားစရာပဲ... မြန်မြန် သူ့ကိုအထဲကိုခေါ်ခဲ့...”
“ဟုတ်ကဲ့ ဆရာ... ကျွန်တော် အခုပဲသွားခေါ်လိုက်ပါ့မယ်...”
ဂူလင်းဖေးကခေါင်းညိတ်ပြီး ခန်းမဆောင်ထဲကနေ ထွက်သွားလိုက်သည်။
“ဒါ တကယ်ထူးဆန်းတာပဲ... ဆရာ... ဒီလူက ဂိုဏ်းတံခါးဝမှာ စောင့်နေတာ ဒီလောက်ကြာပြီဖြစ်ပေမဲ့ သူ့အဝတ်အစားတွေက သေသပ်နေတုန်းပဲဗျ... ကျွန်တော်တို့ဂိုဏ်းရဲ့ ပုံရိပ်ကိုတော့ မထိခိုက်စေပါဘူး...”
ထိုလူဟာ ဂူလင်းဖေးရဲ့နောက်ကနေ ဖြည်းဖြည်းချင်း ဝင်လာခဲ့သည်။ ကျန်းယီမင်ကို မြင်လိုက်တာနဲ့ သူဟာ မြေပြင်ပေါ်မှာ ချက်ချင်းဒူးထောက်လိုက်ပါတော့သည်။
“မလုပ်ပါနဲ့... ငါတို့ဂိုဏ်းမှာ ဒီလိုအလေ့အထမရှိဘူး... ပြောစရာရှိတာကိုပြောပါ... ဒူးထောက်နေဖို့ မလိုပါဘူး...”
ကျန်းယီမင်ကပြုံးပြီး ခေါင်းခါကာ ပြောလိုက်သည်။
“မရဘူး... ကျွန်တော်က ဆရာ့ကို ဒီလိုဒူးထောက်ပြီး အရိုအသေပေးချင်လို့ပါ...”