← Chapters

အခန်း (၁၁၇)

Vol. 8 Ch. 117

အခန်း (၁၁၇)

Vol. 8 Ch. 117

‎ကျန်းယွမ်ရဲ့အမိန့်ကိုကြားတော့ ယင်းယွီရှန်းက "ဒုဗိုလ်ကြီး တွင်းထွက်ရေပမာဏက အကန့်အသတ်နှင့်ရှိတယ်။ သူတို့ကို ဂါလံပုလင်းတွေနဲ့ သိုလှောင်ထားတဲ့ရေ ပေးသင့်လား" လို့ မေးလိုက်တယ်။

‎

‎

‎ကျန်းယွမ်က ခဏလောက်စဉ်းစားလိုက်ပြီးမှပြောလိုက်တယ် "သူတို့ကို ပေးလိုက်။ ငါတို့အတွက်တော့ သံအိုးများများလုပ်ပေးဖို့ကို ဝိန့်မို နှင့် ဝိန့်ခိုင်တို့ကို တောင်းဆိုနိုင်တယ်"

‎

‎

‎ဒါကိုကြားတော့ ယင်းယွီရှန်းက ခေါင်းညိတ်ပြပြီး လင်းယုန်အဖွဲ့အတွက် သတ္တုရေကို ထပ်ထည့်ပေးလိုက်တယ်။ အခုဆို သူတို့ကိုယ်တိုင် အသုံးပြုရန်အတွက်က ရေဂါလံ ၃၀ ခန့်သာ ကျန်ရှိတော့ပြီး ကျန်တာတွေကိုတော့ အခြားအသင်းဆီ ပေး‌မည်ဖြစ်သည်။

‎

‎

သူတို့က‎ရိက္ခာများပြင်ဆင်နေစဉ်တွင် ဝေယင်းနှင့်အဖွဲ့ကတော့ လမ်းမပေါ်ရှိ ဘတ်စ်ကားများနှင့် ထရပ်ကားအများအပြားကို စစ်ဆေးနေသည်။

‎

‎

‎“ဗိုလ်ကြီး၊ ဒီဘတ်စ်ကား သုံးလို့ရတယ်” ဟု အင်ဂျင်နှင့် လောင်စာဆီ စစ်ဆေးပြီးနောက် စစ်သားတစ်ဦးက ပြောသည်။

‎

‎

‎ဝေယင်းက ခေါင်းညိတ်ပြပြီး "နောက်ထပ် ဘတ်စ်ကားတစ်စီးနဲ့ နောက်ထပ် ထရပ်ကားသုံးစီးကို ရှာ" လို့ပြောလိုက်တယ်။

‎

‎

‎သူ့စကားကိုကြားတော့ ရုန်မိုအာက "ဗိုလ်ကြီးဝေ မင်းကဘာလို့ ဘတ်စ်ကားတွေနဲ့ ထရပ်ကားတွေ အများကြီးလိုနေတာလဲ" ဟု မေးလာသည်။

‎

‎

‎"ကျွန်တော်တို့က ယာယီ အသက်ရှင်ကျန်ရစ်သူ စခန်းကို မသွားခင်မှာ အသက်ရှင် ကျန်ရစ်သူအချို့ကို ခေါ်သွားပြီး ထောက်ပံ့ရေး ပစ္စည်းတွေကို ယူသွားမယ်" လို့ ဝေယင်းကပြန်ဖြေလိုက်တယ်။

‎

‎

‎ရုန်မိုအာက ခေါင်းညိတ်ပြပြီး ကုရှကျယ်ရှိရာနေရာဆီကို လျှောက်သွားလိုက်တယ်။ ဒရိုင်ဘာထိုင်ခုံမှာ လဲလျောင်းနေပြီး တစ်ခုခုလုပ်နေတာကို သူမတွေ့လိုက်ရတယ်။ ကားဘေးမှာရပ်ပြီး "ရှကျယ် မင်းဘာလုပ်နေတာလဲ" လို့မေးလိုက်တယ်။

‎

‎

‎သူမ မေးတာကိုကြားတော့ ကုရှကျယ်က "ဒီကားကိုဖွင့်ဖို့ ကြိုးစားနေတာ ငါတို့က စစ်သားတွေကိုပဲ အမြဲတမ်း အားကိုး နေလို့မရဘူး၊ ငါတို့လဲပစ္စည်းတွေ သိုလှောင်ဖို့ ကားတစ်စီးလိုတယ်" လို့ ပြန်ဖြေလိုက်တယ်။

‎

‎

‎"အသက်ရှင်ကျန်ရစ်သူစခန်းကို သွားဖို့ မစီစဉ်ထားဘူးလား" လို့ ရုန်မိုအာက ထပ်မေးသည်။

‎

‎

‎"မိုအာ လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး နောက်ထပ် အချက်အလက်တွေ စုဆောင်းဖို့ ငါတို့အဲဒီကို သွားမှာပါ။ မင်းရဲ့ မိသားစုကို ရှာချင်တယ်လို့ မင်းပြောခဲ့တာမဟုတ်ဘူးလား" လို့ ကုရှကျယ်က ပြန်မေးလိုက်တယ်။

‎

‎

‎"ငါ‌ပြောခဲ့တယ်။ ဒါပေမယ့် မင်းကလုပ်စရာမလိုဘူး-"

‎

‎

‎

‎သူမရဲ့စကား မပြီးခင်မှာပဲ ကုရှကျယ်က သူမကို နှောင့်ယှက်လိုက်ပြီး"ငါသိတဲ့လူတွေအားလုံးထဲမှာမှ မင်းတစ်ယောက်တည်းကပဲ ငါ့ကို မိုးရေနဲ့ပတ်သက်ပြီးသတိပေးတာ။ ငါတို့က သေခြင်းရှင်ခြင်း အခြေအနေတွေကိုတောင် အတူတူကျော်ဖြတ်ခဲ့ရပြီးပြီ။ ငါကမင်းရဲ့သူငယ်ချင်းမဟုတ်ဘူးလို့တော့မပြောနဲ့"

‎

‎

‎သူဒီလိုပြောပြီးတဲ့နောက်တော့ ထထိုင်ကာ သူမကို ကြည့်လိုက်တယ်။ သူမက တိတ်ဆိတ်နေတာကို သတိထားမိတော့ "မင်းက ငါ့ကို သူငယ်ချင်းလို မမြင်ဘူးလား" ဆိုပြီး လေးလေးနက်နက်နဲ့မေးလိုက်တယ်။

‎

‎

‎ရုန်မိုအာက ခေါင်းခါပြီး ပြောလိုက်တယ် "နင်က ငါ့သူငယ်ချင်းပါ၊ ဒါပေမယ့် ငါတို့က တစ်ယောက်နဲ့တစ်ယောက် သိတာ ရက်ပိုင်းပဲရှိသေးတာ။ ငါ့ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကြောင့် မင်းကို အနှောင့်ယှက်မဖြစ်စေချင်ဘူး"

‎

‎

‎ကုရှကျယ်က နဖူးကို လက်ညိုးနဲ့ကုပ်လိုက်တယ်။ သူကသက်ပြင်းချပြီး "မမိုက်မဲနဲ့။ ငါ့ကို ဘာအနှောက်အယှက်ဖြစ်စေတယ် အနှောက်ယှက် မဖြစ် စေဘူးဆိုတာက ငါဆုံးဖြတ်မယ်။ မင်းရဲ့မိသားစုကို ငါတို့ရှာပြီးရင် မင်းငါ့ကိုရှာကူရမှာပေါ့"

‎

‎

‎သူ့စကားကိုကြားတော့ ရုန်မိုအာက နဖူးကိုပွတ်ပြီး ခေါင်းညိတ်လိုက်တယ်။ "ကောင်းပြီ" ဟုပြောရင်း သူမရဲ့မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာသည်။

‎

‎

‎" SUV ဒါမှမဟုတ် Jeep ကားကို ရှာတွေ့နိုင်လား။ ကားမှာ သော့နဲ့ လောင်စာဆီပါရင် ပိုကောင်းတယ်။ ဒီကားက ကောင်းပေမယ့် သော့ပျောက်နေတယ်" ဟု ကုရှကျယ်က ကားထဲမှ ဆင်းလာရင်း ပြောလိုက်တယ်။

‎

‎

‎"ကောင်းပြီ"

‎

‎

‎သူတို့နှစ်ဦးက သင့်လျော်သောကားကို ရှာဖွေနေချိန်တွင် လင်းယုန်အဖွဲ့ကတော့ နောက်ထပ်ထရပ်ကားနှစ်စီးကို တွေ့ရှိခဲ့သည်။

‎

‎

‎ဆယ့်ငါးမိနစ်အကြာတွင် ရုန်မိုအာက RVကားဖြင့် ကျော်တက်လာသည်။ သူမက ကားပြတင်းပေါက်ကနေ ခေါင်းထုတ်ပြီး " ရှကျယ် ဒါက ငါရှာလို့ရတဲ့ တစ်စီးတည်းသော ကားပဲ" လို့ ပြောလိုက်တယ်။

‎

‎

‎စစ်သားများနှင့် ကုရှကျယ်တို့သည် သူမရဲ့စကားကိုကြားတော့ လှည့်ကြည့်လာကြပြီး RVကိုမြင်တော့ အံ့အားသင့်သွားကြတယ်။ ၎င်းက Class A RV ဖြစ်သည်။ ကားရဲ့ ဒီဇိုင်းအရဆို နှစ်ထပ်ဘတ်စ်ကားနှင့် ဆင်တူသော်လည်း ဇိမ်ခံကား အ‌ငွေ့အသက်များ ဖြာထွက်နေတယ်။

‎

‎

‎ကုရှကျယ်က လမ်းလျှောက်လာပြီး မေးတယ် " မိုအာ မင်း ဒီ RV ကိုလိုချင်တာ သေချာလား ၊ ဒါက လောင်စာသုံးစွဲမှု မြင့်လိမ့်မယ်"

‎

‎

‎ရုန်မိုအာက ယာဉ်မောင်းထိုင်ခုံကနေ တံခါးကို ပုတ်လိုက်ပြီး "အဆင်ပြေပါတယ်။ ဆီဆိုင်ရှာပြီး ဆီဖြည့်လိုက်မယ်။ လာလေ အတွင်းခန်းကို စစ်ဆေးရအောင်" ဟု ပြောလိုက်သည်။

‎

‎

‎သူမကို နားမချနိုင်တော့တာကြောင့် ကုရှကျယ်က သက်ပြင်းချကာ RV ပေါ်သို့ တက်ခဲ့တယ်။ အတွင်းခန်းကိုတော့ လှပစွာပြင်ဆင်ထားပါတယ်။

‎

‎

‎ဆိုဖာ၊ စားပွဲ၊ မီးဖိုချောင်နှင့် ရေချိုးခန်းတွေသာမက အိပ်ခန်းလည်းပါပြီး ဗီရိုနှင့် စားပွဲတစ်လုံးလည်းရှိသည်။ အပေါ်ထပ်တွင်တော့ အခြားအိပ်ခန်းတစ်ခန်း၊ ထမင်းစားခန်းနှင့် ဆိုဖာကုတင်အစုံလိုက်ကိုလည်း သူတွေ့လိုက်ရတယ်။

‎

‎

‎

‎ဝေယင်းက RV ကို ကြည့်ပြီး "နေရတာက အဆင်ပြေပေမယ့် လမ်းကျဉ်းမှာတော့ အဆင်မပြေဘူး" လို့ ပြောလိုက်တယ်။

‎

‎

‎"ကပ္ပတိန်ဝေ ပိုသင့်လျော်တဲ့ကားကိုရှာတွေ့ရင်တော့ ငါတို့က တခြားယာဉ်ကို ပြောင်းမယ်" ဟု

‎ရုန်မိုအာက ပြောလိုက်သည်။

‎

‎

‎ဒါကိုကြားတော့ ဝေယင်းက ခေါင်းညိတ်ပြီး "ကောင်းပြီ"လို့ပြောလိုက်တယ်။

‎

‎

‎ယာဉ်အလုံအလောက်ရှာတွေ့ပြီးကတည်းက လင်းယုန်အဖွဲ့ဟာ နောက်ဆုံးတော့ စက်ရုံခရိုင်ဆီသို့ ခရီးဆက်ခဲ့သည်။

‎

‎

‎နောက်ထပ် တစ်နာရီကြာအောင် ကားမောင်းလာပြီး နောက်ဆုံးတော့ စက်ရုံခရိုင်ရဲ့ဆိုင်းဘုတ်ကို တွေ့လိုက်ရတယ်။ ဝေယင်းက နတ်ဆိုးအဖွဲ့ရဲ့တည်နေရာနှင့် ပတ်သက်၍ သတင်းအချက်အလက်တွေကို ‎ကျန်းယွမ်ထံမှ ရရှိထားပြီးဖြစ်သောကြောင့် သူနှင့်အဖွဲ့က မရပ်ဘဲ ဆက်လက်မောင်းနှင်သွားခဲ့သည်။

‎

‎

‎စက်ရုံရဲ့အဝတ်အစားဧရိယာကို ရောက်တဲ့အခါ စစ်သားတစ်ယောက်က ရေဒီယိုကနေပြောတယ်၊ "ဗိုလ်ကြီး၊ အရှေ့မှာ အကာအရံရှိတယ်"

‎

‎

‎"ကားကို အတားအဆီးရှေ့မှာ ရပ်လိုက်။ အဲဒါက နတ်ဆိုး အဖွဲ့ပဲ" ဟု ဝေယင်းက ရေဒီယိုမှ ပြန်ဖြေလိုက်သည်။

‎

‎

‎"နားလည်ပါပြီ"

‎

‎

‎သူတို့ကားတွေ ချဉ်းကပ်လာတဲ့အခါမှာတော့

‎ရှန်းကျင်းဇီက ကျန်းယွမ်ကိုရှာပြီး "ဒုကပ္ပတိန်၊ လင်းယုန်အဖွဲ့က ရောက်လာပြီ" လို့ သတင်းပို့လိုက်တယ်။

‎

‎

‎ကျန်းယွမ်က ခေါင်းညိတ်ကာ မတ်တပ်ရပ်လိုက်ပြီး "သူတို့ကို သွားတွေ့ကြရအောင်"လို့ ပြောလိုက်သည်။

‎

‎

‎ရိက္ခာများကို စောင့်ရှောက်ရန်နှင့် အသက်ရှင်ကျန်ရစ်သူများကို စောင့်ကြည့်ရန် တာဝန်ရှိသူများမှလွဲ၍ ကျန်တဲ့ နတ်ဆိုး အဖွဲ့မှသူအားလုံးဟာ ကျန်းယွမ်ရဲ့နောက်သို့ လိုက်ကာ အတားအဆီးနောက်တွင် စောင့်ဆိုင်းနေခဲ့တယ်။

‎

‎

‎ဝေယင်းက ကားထဲမှ ထွက်လာတာကို မြင်သောအခါ ကျန်းယွမ်က "အဘိုးကြီးချင် ၊ သူတို့အဖွဲ့မှာ ဗီဇပြောင်းလဲတဲ့ လက္ခဏာတွေ ပြနေလား"လို့ မေးလိုက်တယ်။

‎

‎

‎ချင်လူဇီက သူ့စိတ်ထဲမှ မြေပုံကို ခဏလောက်စစ်ဆေးလိုက်ပြီးမှ "ဒုဗိုလ်ကြီး ဘယ်သူကမှ ဗီဇပြောင်းလဲမှု လက္ခဏာတွေ မပြပါဘူး။ ဒါပေမယ့် သူတို့အဖွဲ့ထဲမှာ စွမ်းရည်အသုံးပြုသူ စုစုပေါင်း ခုနစ်ယောက်ပဲ ရှိပါတယ်"လို့ ပြန်ဖြေလိုက်တယ်။

‎

‎

‎ကျန်းယွမ်က ဒီအရေအတွက်ကို ကြားတော့ မျက်မှောင်ကြုတ်လိုက်သည်။ နတ်ဆိုးအဖွဲ့တွင် အဖွဲ့ဝင် ၂၉ ဦးသာရှိသော်လည်း အများစုမှာ စွမ်းရည်အသုံးပြုသူများဖြစ်သည်။ ထိုအချိန်တွင် လင်းယုန်အဖွဲ့ကတွင် အဖွဲ့ဝင်တွေ ပိုများသော်လည်း စွမ်းရည်အသုံးပြုသူက ခုနစ်ဦးသာရှိသည်။ ကွာဟချက်က အရမ်းကြီးတယ်။

‎

‎

‎RV ထဲမှ ရုန်မိုအာ နှင့် ကုရှကျယ်တို့ ထွက်ခွာလာချိန်တွင်တော့ ချင်လူဇီက "ဒုဗိုလ်ကြီး၊ RV ထဲကထွက်လာတဲ့ သူတို့နှစ်ယောက်က စွမ်းရည်အသုံးပြုသူတွေပဲ့ ။ ဆိုလိုတာက လင်းယုန်အဖွဲ့မှာ စွမ်းရည်အသုံးပြုသူငါးဦးပဲ့ရှိတယ်" ဟုပြောလိုက်သည်။

‎

‎

လူတိုင်း သူ့စကားကို ကြားပြီး အံ့အားသင့်သွားကြတယ်။ သူတို့က လင်းယုန်အဖွဲ့ကို ကြည့်ရင်း စွမ်းရည်အသုံးပြုသူငါးယောက်တည်းနဲ့ ဘယ်လိုလုပ်ပြီးရှင်သန်နိုင်ခဲ့တာလဲလို့ တွေးမိကြတယ်။

‎

‎သူတို့ အသနားခံနေရတာကို သတိမထားမိဘဲ ဝေယင်းကတော့ လမ်းလျှောက်လာပြီး "အဘိုးကြီးကျန်း" လို့ ခေါ်လိုက်တယ်။

All Chapters