← Chapters

အခန်း (၁၁၈)

Vol. 8 Ch. 118

အခန်း (၁၁၈)

Vol. 8 Ch. 118

‎

‎ ကျန်းယွမ်က လက်ဆွဲနှုတ်ဆက်ရန် လက်မလှမ်းမီတွင် ကျန်းယွမ်နှင့် သူ့အဖွဲ့က ဝေယင်းကို အလေးပြုပြီး "ဗိုလ်ကြီးဝေ၊ ငါတို့က မင်းတို့အဖွဲ့ကို စောင့်နေတာ"လို့ ပြောလိုက်တယ်။

‎

‎

‎"လမ်းမှာ တစ်ခုခုဖြစ်နေတာဆိုတော့ ငါတို့က နောက်ကျသွားတယ်" ဝေယင်းက ပြုံးပြုံးလေးပြောလိုက်သည်။

‎

‎

‎ကျန်းယွမ်က ခေါင်းညိတ်ပြီး "ဗိုလ်ကြီးဝေ မင်းတို့အဖွဲ့ စခန်းထဲမ၀င်ခင်မှာ ငါတို့ကအရင်ဆုံး စစ်ဆေးဖို့လိုတယ်"လို့ ပြောလိုက်တယ်။

‎

‎

‎ဝေယင်း နှင့် အဖွဲ့ကဟာ ယာယီ အသက်ရှင်ကျန်ရစ်သူ စခန်းသို့ ပြန်လာတိုင်း ဆေးစစ်မှုများ ပြုလုပ်ခံရလေ့ရှိသောကြောင့် သူက မငြင်းဘဲ “ကောင်းပြီ” ဟု အဆင်သင့် သဘောတူခဲ့သည်။

‎

‎

‎ရှန်းကျင်းဇီက လင်းယုန်အဖွဲ့တွင် အမျိုးသမီးတစ်ဦးကို သတိပြုမိသောကြောင့် ‎ချူကျိမြောင်အား အကူအညီတောင်းရန် သွားခဲ့သည်။ ဗီဇပြောင်းခြင်း လက္ခဏာတွေ တစ်ယောက်မှ မပြသော်လည်း သူတို့က သတိလက်လွတ်ပြုမူရန် မတတ်နိုင်ကြပေ။

‎

‎

‎လင်းယုန်အဖွဲ့သည်မိနစ်သုံးဆယ်အကြာ စစ်ဆေးမှုအပြီးတွင်တော့ သူတို့ရဲ့ဗိုလ်ကြီးနှင့်အတူ စခန်းထဲသို့ လိုက်သွားခဲ့သည်။ မီးပုံပေါ်တင်ထားတဲ့ သံအိုးပေါင်းများစွာကို တွေ့လိုက်ရတော့ အံ့သြသွားကြတယ်။

‎

‎

‎သောက်သုံးရန်ရေကို ပွက်ပွက်ဆူအောင်ပြုလုပ်ခြင်းက သာမာန်သာဖြစ်သော်လည်း အံ့သြစရာမှာ အိုးများတွင် ယာဂု၊ ဖက်ထုပ်၊ ကြက်ဥပြုတ်များဖြင့် ပြည့်နေခြင်းဖြစ်သည်။

‎

‎

‎စားစရာတွေက စားနေရသေးပေမယ့် ပူပူနွေးနွေး မစားရတာတော့ ကြာပြီ။

‎

‎

‎ဘီစကွတ် သို့မဟုတ် အခြောက်ခြမ်းရိက္ခာများကိုသာ အများအားဖြင့် စားခဲ့ကြပြီး ရနံ့က ဖုတ်ကောင်များကို ဆွဲဆောင်မိမည်ကို စိုးရိမ်သဖြင့် အစားအသောက်များ မချက်ပြုတ်ဝံ့ကြပေ။ ထို့အပြင် အသက်ရှင်ကျန်ရစ်သူစခန်းရှိ လူအများအပြားကလည်း ရိက္ခာများ ထပ်မံယူဆောင်လာရန် စောင့်ဆိုင်းနေသောကြောင့် ရိက္ခာများစွာ သုံးစွဲရန် မတတ်နိုင်ကြပေ။

‎

‎

နတ်ဆိုးအဖွဲ့က ဤကဲ့သို့ ခမ်းနားတဲ့ ဟင်းလျာတွေကို မည်သို့မည်ပုံ စားသောက်နိုင်တာကိုမြင်တော့ သူတို့ မနာလိုဖြစ်ကြသည်။ ဒါပေမယ့် သူတို့ရဲ့ဗိုလ်ကြီး ခွင့်ပြုချက်မပေးခင်မှာတော့ ဘယ်သူကမှ ထမင်းမတောင်းရဲဘူး။

‎

‎

‎ကျန်းယွမ်က လင်းယုန်အဖွဲ့ရဲ့ အကြည့်တွေကို သတိပြုမိပြီး ပြောလိုက်တယ် "ဗိုလ်ကြီးဝေ၊ ငါ့တို့ဗိုလ်ကြီးက အခုလောလောဆယ်မှာတော့ အဝေးရောက်နေတယ်။ မင်းတို့အဖွဲ့က အနားယူပြီး ထမင်းအရင်စားကြမလား၊ ငါ့တို့ဗိုလ်ကြီး ပြန်လာတဲ့အခါကြမှ တခြားကိစ္စတွေ ဆွေးနွေးလို့ရတယ်"

‎

‎

စခန်းထဲကို ဝင်လိုက်ကတည်းက သူ့စစ်သားတွေရဲ့အပြုအမူကို ‎ဝေယင်းကသတိပြုမိနေပြီဖြစ်သည်။ စစ်သားတွေ မပြောနဲ့ သူကိုယ်တိုင်တောင်မှ လေထဲကမွှေးရနံ့‌တွေကြောင့် ဗိုက်ဆာနေသလို ခံစားရတယ်။

‎

‎

‎သူ့အဖွဲ့ကစစ်သားတွေဟာ ပင်ပန်းပြီး ဗိုက်ဆာနေတာကြောင့် တချို့ကိစ္စတွေကို နှောင့်နှေးပြီး ထမင်းအရင်စားရတာက ပိုအဆင်ပြေတယ်။ အဲဒါနဲ့ပဲ သူက ခေါင်းညိတ်ပြီး "ကျေးဇူးတင်ပါတယ် ‎လူအိုကျန်း ငါတို့က ယဉ်ကျေးနေမှာ မဟုတ်ဘူး" လို့ ပြောလိုက်တယ်။

‎

‎

‎ကျန်းယွမ်က ပြုံးပြီး "ဗိုလ်ကြီးဝေ၊ အားလုံးက ညီအစ်ကိုတွေပါပဲ့။ ယဉ်ကျေးနေဖို့ မလိုဘူး"

‎

‎

‎ဒါကိုပြောပြီးတာနဲ့ သူက သူ့အဖွဲ့ဘက်ကိုလှည့်ပြီး " ရှောင်ချီ၊ယွီရှန်း ငါတို့ရဲ့ညီအစ်ကိုတွေကို လမ်းပြပေးလိုက်ပါအုံး" လို့ပြောလိုက်တယ်။

‎

‎

‎“ဟုတ်ကဲ့ ဒုဗိုလ်ကြီး” နှစ်ယောက်သားက တညီတညွတ်တည်း ပြန်ဖြေသည်။

‎

‎

‎"ဗိုလ်ကြီးဝေ ကျွန်တော်မှာက လုပ်စရာရှိသေးတယ်၊ ဒါကြောင့် မင်းနဲ့ မလိုက်တော့ဘူး" ကျန်းယွမ်က မထွက်သွားခင် ပြောလိုက်တယ်။

‎

‎

‎ဝေယင်းက ခေါင်းညိတ်ပြပြီး ရှောင်ချီ နှင့်

‎ယင်းယွီရှန်း နောက်ကိုလိုက်သွားခဲ့သည်။

‎

‎

‎လမ်းလျှောက်ရင်းနဲ့ ရှောင်ချီက "ဗိုလ်ကြီးဝေ၊ ထမင်းစားခန်းကို မသွားခင် မင်းတို့အဖွဲ့ ရေဆေး ကြောလို့ရအောင် နေရာကို ကျွန်‌တော်တို့က ပြင်ထားပြီးပြီ"လို့ ပြောလိုက်တယ်။

‎

‎

‎ဝေယင်းက ခေါင်းညိတ်လိုက်ပြီး "ရဲဘော်၊ မင်းတို့အဖွဲ့က ဒီနေရာမှာ ဘယ်လောက်ကြာကြာနေနေတာလဲ" လို့ မေးလိုက်တယ်။

‎

‎

‎"ဒီနေ့ရောဆို ဒီနေရာမှာနေတာ သုံးရက်ရှိပြီ"

‎

‎

‎ဒါကိုကြားတော့ ဝေယင်းက “မင်းတို့အဖွဲ့ဟာ စက်ရုံဧရိယာကို စစ်ဆေးပြီး အသက်ရှင်ကျန်ရစ်သူအားလုံးကို ကယ်တင်ခဲ့ပြီးပြီလား” လို့ ထပ်မေးပါတယ်။

‎

‎

‎ဒီတစ်ကြိမ်မှာတော့ ရှောင်ချီက ခေါင်းခါပြီးပြောလိုက်တာ် "ဗိုလ်ကြီးဝေ ကျွန်တော်တို့က ဖုတ်ကောင်တွေကိုပဲ ရှင်းပစ်တယ်။ အသက်ရှင်ကျန်ရစ်သူတွေသာ ထွက်လာရင် မင်းတို့အဖွဲ့ရောက်လာတဲ့အထိ ကျွန်တော်တို့က သူတို့ကို ကာကွယ်ပေးမှာပါ"

‎

‎

‎"သူတို့မထွက်လာရင် ဘယ်လိုလုပ်မလဲ"လို့

‎ ဝေယင်းက ထပ်မေးသည်။

‎

‎

‎ဒီတစ်ကြိမ်မှာတော့ ယင်းယွီရှန်းကပြန်ဖြေလိုက်တယ် "ကျွန်တော်တို့ဗိုလ်ကြီးပြောတာကတော့ အပြင်ကိုတောင် မထွက်ဝံ့တဲ့သူတွေကို ကျွန်တော်တို့ကကယ်တင်ပေးရင်တောင် ရှင်သန်နိုင်မှာမဟုတ်ဘူးတဲ့"

‎

‎

‎လင်းယုန်အဖွဲ့က ထိုစကားကိုကြားတဲ့အခါမှာ မျက်မှောင်ကြုတ်လိုက်ပြီး အဖွဲ့ထဲကတစ်ယောက်က "ရဲဘော်၊ ငါတို့က စစ်သားတွေလေ အရပ်သားတွေကို ကာကွယ်ဖို့က ငါတို့တာဝန်ပဲ့" လို့ ပြောတယ်။

‎

‎

‎"ရဲဘော်၊ ငါ့ရဲ့တာဝန်က အမိန့်ကိုလိုက်နာပြီး ငါ့တာဝန်ကို ပြီးအောင်လုပ်ဖို့ပဲ့။ ငါ့ဗိုလ်ကြီးရဲ့ အမိန့်မပါဘဲ အရပ်သားတွေကို ကယ်ဆယ်ပြီး ငါ့ရဲ့အဖွဲ့ကို အန္တရာယ်ဖြစ်စေမှာ မဟုတ်ဘူး" ဟု ‎ယင်းယွီရှန်းက အေးစက်စွာ ပြန်ပြောလိုက်သည်။

‎

‎

‎သူ့စကားကိုကြားတော့ လင်းယုန်အဖွဲ့က သူ့ကို လူဆိုးတစ်ယောက်လို ကြည့်နေကြတယ်။ ‎ဝေယင်းသည် သူ့စကားကြောင့် မျက်မှောင်ကြုတ်လိုက်သော်လဲ ငြင်းဆန်ခြင်းမပြုပေ။

‎

‎

‎သူတို့ရဲ့ လက်ရှိအခြေအနေက အရင်ကနဲ့ မတူတော့ဘူး။ ပိုအ‌ရေးကြီးတဲ့ ကိစ္စကို ဦးစားပေးဖို့ လိုအပ်တယ်။ နတ်ဆိုးအဖွဲ့က အနီးနားမှာရှိတဲ့ ဖုတ်ကောင်တွေကို ရှင်းလင်းခဲ့ပြီးသားဖြစ်တာမို့ အသက်ရှင်ကျန်ရစ်သူများသာ သတ္တိရှိနေသရွေ့ ထွက်ခွာသွားနိုင်မည်ဖြစ်သည်။

‎

‎

‎ထို့ကြောင့် ဤအချက်ကိုအခြေခံ၍ အသက်ရှင်ကျန်ရစ်သူများကို ကယ်ဆယ်တဲ့ ‎ကျင်းရွှီယန်းရဲ့ ဆုံးဖြတ်ချက်က မမှားပေ။ နောက်ဆုံးတွင်တော့ သူက သူတို့အားအသက်ရှင်နိုင်ရန်အတွက် ဖုတ်ကောင်များကို သတ်ပေးခြင်းဖြင့် အခွင့်အရေးပေးခဲ့သည်။ သူတို့ထွက်လာပြီး သူ့နောက်ကို လိုက်ဖို့သာ မမေးခဲ့ရုံပါ။

‎

‎

‎လင်းယုန်အဖွဲ့ဝင်များက စကားတစ်ခွန်းမှ မပြောနိုင်မီတွင် ဝေယင်းက သူတို့ကိုတစ်ချက်ကြည့်လိုက်သည်။ သူတို့ဗိုလ်ကြီးရဲ့သတိပေးချက်ကို သတိပြုမိတာကြောင့် ပါးစပ်ပိတ်ပြီး ယင်းယွီရှန်း နှင့် ရှောင်ချီရဲ့နောက်ကျောများကိုသာ စိုက်ကြည့်နိုင်ခဲ့သည်။

‎

‎

‎လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပဲ နတ်ဆိုးအဖွဲ့ဟာ စိုက်ကြည့်မှုနဲ့ စူးစိုက်ကြည့်မှုတွေများစွာကို လက်ခံရရှိလာခဲ့ပြီးဖြစ်သည်။ နောက်ဆုံးတော့ သူတို့သည် ဖုတ်ကောင်များအဖြစ်သို့ ပြောင်းလဲသွားသော အရပ်သားအများအပြားကို သတ်ဖြတ်ခဲ့တယ်။

‎

‎

‎အရပ်သားများက ဖုတ်ကောင်များအဖြစ်သို့ လုံးလုံးလျားလျား မပြောင်းသွားသေးသောကြောင့် ကျန်လွတ်မြောက်သူများက အပြစ်မဲ့သူများကို သတ်ပစ်သည်ဟု ထင်မြင်ကြသည်။ သူတို့ပေးတဲ့အစာစားပြီး ရေကိုသောက်သော်လည်း အသက်ရှင်ကျန်ရစ်သူများက ‎သူတို့ကို လူသတ်သမားများအဖြစ် ရှုတ်ချဆဲဖြစ်သည်။

‎

‎

‎ထို့ကြောင့် လင်းယုန်အဖွဲ့မှ သူတို့အား စိုက်ကြည့်လာသောအချိန်မှာတောင် ရှောင်ချီက ပြုံးလျက်သာရှိနေပြီး "ဗိုလ်ကြီးဝေ ကျွန်တော်တို့ရောက်ပြီ၊ မင်းတို့အဖွဲ့က အရင်ဆေးကြောလို့ရပြီ၊ အထဲမှာ ရေ၊ ဆပ်ပြာနဲ့ မျက်နှာသုတ်ပုဝါတွေလည်း ရှိတယ်"လို့ ပြောလိုက်တယ်။

‎

‎

‎သူ့စကားကိုကြားတော့ လင်းယုန်အဖွဲ့ရဲ့ အဖွဲ့ဝင်တွေက အံ့သြသွားကြတယ်။ တွင်းထွက်ရေက အကန့်အသတ်နှင့်သာရှိသော်လည်း နတ်ဆိုးအဖွဲ့ကတော့ ရေကိုဆေးကြောရန် အမှန်တကယ် အသုံးပြုသည်။

‎

‎

‎သူတို့ရဲ့အမူအရာတွေကို သတိပြုမိတာကြောင့် ယင်းယွီရှန်း က "ဗိုလ်ကြီးဝေ၊ ကျွန်တော်တို့အဖွဲ့မှာက ရေအမျိုးအစား စွမ်းရည် အသုံးပြုသူရှိတယ်။ ဒါကြောင့် ကျွန်တော်တို့မှာက ကိုယ်ပိုင်ရေအရင်းအမြစ်တွေရှိတယ်။ မင်းတို့အဖွဲ့က ရေကို အေးအေးဆေးဆေးသုံးလို့ရတယ်"လို့ ပြောလိုက်တယ်။

‎

‎

‎ထိုစကားကိုကြားသောအခါမှာတော့ နားလည်မှုဖြင့် ခေါင်းညိတ်ကြသည်။ ကုရှကျယ်သည်လဲ ရေအမျိုးအစားစွမ်းရည် အသုံးပြုသူဖြစ်သည်။

‎

‎

လင်းယုန်အဖွဲ့က ရေချိုးနေစဉ်တွင်တော့ ရှောင်ချီ နှင့်

‎ယင်းယွီရှန်းတို့က အပြင်တွင် စောင့်ဆိုင်းနေကြတယ်။

‎

‎

‎တစ်နာရီလောက်ကြာတော့ လင်းယုန်အဖွဲ့ကထွက်လာတယ်။

‎

All Chapters