အခန်း (၁၁၈)
Vol. 8 Ch. 118
ကျန်းယွမ်က လက်ဆွဲနှုတ်ဆက်ရန် လက်မလှမ်းမီတွင် ကျန်းယွမ်နှင့် သူ့အဖွဲ့က ဝေယင်းကို အလေးပြုပြီး "ဗိုလ်ကြီးဝေ၊ ငါတို့က မင်းတို့အဖွဲ့ကို စောင့်နေတာ"လို့ ပြောလိုက်တယ်။
"လမ်းမှာ တစ်ခုခုဖြစ်နေတာဆိုတော့ ငါတို့က နောက်ကျသွားတယ်" ဝေယင်းက ပြုံးပြုံးလေးပြောလိုက်သည်။
ကျန်းယွမ်က ခေါင်းညိတ်ပြီး "ဗိုလ်ကြီးဝေ မင်းတို့အဖွဲ့ စခန်းထဲမ၀င်ခင်မှာ ငါတို့ကအရင်ဆုံး စစ်ဆေးဖို့လိုတယ်"လို့ ပြောလိုက်တယ်။
ဝေယင်း နှင့် အဖွဲ့ကဟာ ယာယီ အသက်ရှင်ကျန်ရစ်သူ စခန်းသို့ ပြန်လာတိုင်း ဆေးစစ်မှုများ ပြုလုပ်ခံရလေ့ရှိသောကြောင့် သူက မငြင်းဘဲ “ကောင်းပြီ” ဟု အဆင်သင့် သဘောတူခဲ့သည်။
ရှန်းကျင်းဇီက လင်းယုန်အဖွဲ့တွင် အမျိုးသမီးတစ်ဦးကို သတိပြုမိသောကြောင့် ချူကျိမြောင်အား အကူအညီတောင်းရန် သွားခဲ့သည်။ ဗီဇပြောင်းခြင်း လက္ခဏာတွေ တစ်ယောက်မှ မပြသော်လည်း သူတို့က သတိလက်လွတ်ပြုမူရန် မတတ်နိုင်ကြပေ။
လင်းယုန်အဖွဲ့သည်မိနစ်သုံးဆယ်အကြာ စစ်ဆေးမှုအပြီးတွင်တော့ သူတို့ရဲ့ဗိုလ်ကြီးနှင့်အတူ စခန်းထဲသို့ လိုက်သွားခဲ့သည်။ မီးပုံပေါ်တင်ထားတဲ့ သံအိုးပေါင်းများစွာကို တွေ့လိုက်ရတော့ အံ့သြသွားကြတယ်။
သောက်သုံးရန်ရေကို ပွက်ပွက်ဆူအောင်ပြုလုပ်ခြင်းက သာမာန်သာဖြစ်သော်လည်း အံ့သြစရာမှာ အိုးများတွင် ယာဂု၊ ဖက်ထုပ်၊ ကြက်ဥပြုတ်များဖြင့် ပြည့်နေခြင်းဖြစ်သည်။
စားစရာတွေက စားနေရသေးပေမယ့် ပူပူနွေးနွေး မစားရတာတော့ ကြာပြီ။
ဘီစကွတ် သို့မဟုတ် အခြောက်ခြမ်းရိက္ခာများကိုသာ အများအားဖြင့် စားခဲ့ကြပြီး ရနံ့က ဖုတ်ကောင်များကို ဆွဲဆောင်မိမည်ကို စိုးရိမ်သဖြင့် အစားအသောက်များ မချက်ပြုတ်ဝံ့ကြပေ။ ထို့အပြင် အသက်ရှင်ကျန်ရစ်သူစခန်းရှိ လူအများအပြားကလည်း ရိက္ခာများ ထပ်မံယူဆောင်လာရန် စောင့်ဆိုင်းနေသောကြောင့် ရိက္ခာများစွာ သုံးစွဲရန် မတတ်နိုင်ကြပေ။
နတ်ဆိုးအဖွဲ့က ဤကဲ့သို့ ခမ်းနားတဲ့ ဟင်းလျာတွေကို မည်သို့မည်ပုံ စားသောက်နိုင်တာကိုမြင်တော့ သူတို့ မနာလိုဖြစ်ကြသည်။ ဒါပေမယ့် သူတို့ရဲ့ဗိုလ်ကြီး ခွင့်ပြုချက်မပေးခင်မှာတော့ ဘယ်သူကမှ ထမင်းမတောင်းရဲဘူး။
ကျန်းယွမ်က လင်းယုန်အဖွဲ့ရဲ့ အကြည့်တွေကို သတိပြုမိပြီး ပြောလိုက်တယ် "ဗိုလ်ကြီးဝေ၊ ငါ့တို့ဗိုလ်ကြီးက အခုလောလောဆယ်မှာတော့ အဝေးရောက်နေတယ်။ မင်းတို့အဖွဲ့က အနားယူပြီး ထမင်းအရင်စားကြမလား၊ ငါ့တို့ဗိုလ်ကြီး ပြန်လာတဲ့အခါကြမှ တခြားကိစ္စတွေ ဆွေးနွေးလို့ရတယ်"
စခန်းထဲကို ဝင်လိုက်ကတည်းက သူ့စစ်သားတွေရဲ့အပြုအမူကို ဝေယင်းကသတိပြုမိနေပြီဖြစ်သည်။ စစ်သားတွေ မပြောနဲ့ သူကိုယ်တိုင်တောင်မှ လေထဲကမွှေးရနံ့တွေကြောင့် ဗိုက်ဆာနေသလို ခံစားရတယ်။
သူ့အဖွဲ့ကစစ်သားတွေဟာ ပင်ပန်းပြီး ဗိုက်ဆာနေတာကြောင့် တချို့ကိစ္စတွေကို နှောင့်နှေးပြီး ထမင်းအရင်စားရတာက ပိုအဆင်ပြေတယ်။ အဲဒါနဲ့ပဲ သူက ခေါင်းညိတ်ပြီး "ကျေးဇူးတင်ပါတယ် လူအိုကျန်း ငါတို့က ယဉ်ကျေးနေမှာ မဟုတ်ဘူး" လို့ ပြောလိုက်တယ်။
ကျန်းယွမ်က ပြုံးပြီး "ဗိုလ်ကြီးဝေ၊ အားလုံးက ညီအစ်ကိုတွေပါပဲ့။ ယဉ်ကျေးနေဖို့ မလိုဘူး"
ဒါကိုပြောပြီးတာနဲ့ သူက သူ့အဖွဲ့ဘက်ကိုလှည့်ပြီး " ရှောင်ချီ၊ယွီရှန်း ငါတို့ရဲ့ညီအစ်ကိုတွေကို လမ်းပြပေးလိုက်ပါအုံး" လို့ပြောလိုက်တယ်။
“ဟုတ်ကဲ့ ဒုဗိုလ်ကြီး” နှစ်ယောက်သားက တညီတညွတ်တည်း ပြန်ဖြေသည်။
"ဗိုလ်ကြီးဝေ ကျွန်တော်မှာက လုပ်စရာရှိသေးတယ်၊ ဒါကြောင့် မင်းနဲ့ မလိုက်တော့ဘူး" ကျန်းယွမ်က မထွက်သွားခင် ပြောလိုက်တယ်။
ဝေယင်းက ခေါင်းညိတ်ပြပြီး ရှောင်ချီ နှင့်
ယင်းယွီရှန်း နောက်ကိုလိုက်သွားခဲ့သည်။
လမ်းလျှောက်ရင်းနဲ့ ရှောင်ချီက "ဗိုလ်ကြီးဝေ၊ ထမင်းစားခန်းကို မသွားခင် မင်းတို့အဖွဲ့ ရေဆေး ကြောလို့ရအောင် နေရာကို ကျွန်တော်တို့က ပြင်ထားပြီးပြီ"လို့ ပြောလိုက်တယ်။
ဝေယင်းက ခေါင်းညိတ်လိုက်ပြီး "ရဲဘော်၊ မင်းတို့အဖွဲ့က ဒီနေရာမှာ ဘယ်လောက်ကြာကြာနေနေတာလဲ" လို့ မေးလိုက်တယ်။
"ဒီနေ့ရောဆို ဒီနေရာမှာနေတာ သုံးရက်ရှိပြီ"
ဒါကိုကြားတော့ ဝေယင်းက “မင်းတို့အဖွဲ့ဟာ စက်ရုံဧရိယာကို စစ်ဆေးပြီး အသက်ရှင်ကျန်ရစ်သူအားလုံးကို ကယ်တင်ခဲ့ပြီးပြီလား” လို့ ထပ်မေးပါတယ်။
ဒီတစ်ကြိမ်မှာတော့ ရှောင်ချီက ခေါင်းခါပြီးပြောလိုက်တာ် "ဗိုလ်ကြီးဝေ ကျွန်တော်တို့က ဖုတ်ကောင်တွေကိုပဲ ရှင်းပစ်တယ်။ အသက်ရှင်ကျန်ရစ်သူတွေသာ ထွက်လာရင် မင်းတို့အဖွဲ့ရောက်လာတဲ့အထိ ကျွန်တော်တို့က သူတို့ကို ကာကွယ်ပေးမှာပါ"
"သူတို့မထွက်လာရင် ဘယ်လိုလုပ်မလဲ"လို့
ဝေယင်းက ထပ်မေးသည်။
ဒီတစ်ကြိမ်မှာတော့ ယင်းယွီရှန်းကပြန်ဖြေလိုက်တယ် "ကျွန်တော်တို့ဗိုလ်ကြီးပြောတာကတော့ အပြင်ကိုတောင် မထွက်ဝံ့တဲ့သူတွေကို ကျွန်တော်တို့ကကယ်တင်ပေးရင်တောင် ရှင်သန်နိုင်မှာမဟုတ်ဘူးတဲ့"
လင်းယုန်အဖွဲ့က ထိုစကားကိုကြားတဲ့အခါမှာ မျက်မှောင်ကြုတ်လိုက်ပြီး အဖွဲ့ထဲကတစ်ယောက်က "ရဲဘော်၊ ငါတို့က စစ်သားတွေလေ အရပ်သားတွေကို ကာကွယ်ဖို့က ငါတို့တာဝန်ပဲ့" လို့ ပြောတယ်။
"ရဲဘော်၊ ငါ့ရဲ့တာဝန်က အမိန့်ကိုလိုက်နာပြီး ငါ့တာဝန်ကို ပြီးအောင်လုပ်ဖို့ပဲ့။ ငါ့ဗိုလ်ကြီးရဲ့ အမိန့်မပါဘဲ အရပ်သားတွေကို ကယ်ဆယ်ပြီး ငါ့ရဲ့အဖွဲ့ကို အန္တရာယ်ဖြစ်စေမှာ မဟုတ်ဘူး" ဟု ယင်းယွီရှန်းက အေးစက်စွာ ပြန်ပြောလိုက်သည်။
သူ့စကားကိုကြားတော့ လင်းယုန်အဖွဲ့က သူ့ကို လူဆိုးတစ်ယောက်လို ကြည့်နေကြတယ်။ ဝေယင်းသည် သူ့စကားကြောင့် မျက်မှောင်ကြုတ်လိုက်သော်လဲ ငြင်းဆန်ခြင်းမပြုပေ။
သူတို့ရဲ့ လက်ရှိအခြေအနေက အရင်ကနဲ့ မတူတော့ဘူး။ ပိုအရေးကြီးတဲ့ ကိစ္စကို ဦးစားပေးဖို့ လိုအပ်တယ်။ နတ်ဆိုးအဖွဲ့က အနီးနားမှာရှိတဲ့ ဖုတ်ကောင်တွေကို ရှင်းလင်းခဲ့ပြီးသားဖြစ်တာမို့ အသက်ရှင်ကျန်ရစ်သူများသာ သတ္တိရှိနေသရွေ့ ထွက်ခွာသွားနိုင်မည်ဖြစ်သည်။
ထို့ကြောင့် ဤအချက်ကိုအခြေခံ၍ အသက်ရှင်ကျန်ရစ်သူများကို ကယ်ဆယ်တဲ့ ကျင်းရွှီယန်းရဲ့ ဆုံးဖြတ်ချက်က မမှားပေ။ နောက်ဆုံးတွင်တော့ သူက သူတို့အားအသက်ရှင်နိုင်ရန်အတွက် ဖုတ်ကောင်များကို သတ်ပေးခြင်းဖြင့် အခွင့်အရေးပေးခဲ့သည်။ သူတို့ထွက်လာပြီး သူ့နောက်ကို လိုက်ဖို့သာ မမေးခဲ့ရုံပါ။
လင်းယုန်အဖွဲ့ဝင်များက စကားတစ်ခွန်းမှ မပြောနိုင်မီတွင် ဝေယင်းက သူတို့ကိုတစ်ချက်ကြည့်လိုက်သည်။ သူတို့ဗိုလ်ကြီးရဲ့သတိပေးချက်ကို သတိပြုမိတာကြောင့် ပါးစပ်ပိတ်ပြီး ယင်းယွီရှန်း နှင့် ရှောင်ချီရဲ့နောက်ကျောများကိုသာ စိုက်ကြည့်နိုင်ခဲ့သည်။
လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပဲ နတ်ဆိုးအဖွဲ့ဟာ စိုက်ကြည့်မှုနဲ့ စူးစိုက်ကြည့်မှုတွေများစွာကို လက်ခံရရှိလာခဲ့ပြီးဖြစ်သည်။ နောက်ဆုံးတော့ သူတို့သည် ဖုတ်ကောင်များအဖြစ်သို့ ပြောင်းလဲသွားသော အရပ်သားအများအပြားကို သတ်ဖြတ်ခဲ့တယ်။
အရပ်သားများက ဖုတ်ကောင်များအဖြစ်သို့ လုံးလုံးလျားလျား မပြောင်းသွားသေးသောကြောင့် ကျန်လွတ်မြောက်သူများက အပြစ်မဲ့သူများကို သတ်ပစ်သည်ဟု ထင်မြင်ကြသည်။ သူတို့ပေးတဲ့အစာစားပြီး ရေကိုသောက်သော်လည်း အသက်ရှင်ကျန်ရစ်သူများက သူတို့ကို လူသတ်သမားများအဖြစ် ရှုတ်ချဆဲဖြစ်သည်။
ထို့ကြောင့် လင်းယုန်အဖွဲ့မှ သူတို့အား စိုက်ကြည့်လာသောအချိန်မှာတောင် ရှောင်ချီက ပြုံးလျက်သာရှိနေပြီး "ဗိုလ်ကြီးဝေ ကျွန်တော်တို့ရောက်ပြီ၊ မင်းတို့အဖွဲ့က အရင်ဆေးကြောလို့ရပြီ၊ အထဲမှာ ရေ၊ ဆပ်ပြာနဲ့ မျက်နှာသုတ်ပုဝါတွေလည်း ရှိတယ်"လို့ ပြောလိုက်တယ်။
သူ့စကားကိုကြားတော့ လင်းယုန်အဖွဲ့ရဲ့ အဖွဲ့ဝင်တွေက အံ့သြသွားကြတယ်။ တွင်းထွက်ရေက အကန့်အသတ်နှင့်သာရှိသော်လည်း နတ်ဆိုးအဖွဲ့ကတော့ ရေကိုဆေးကြောရန် အမှန်တကယ် အသုံးပြုသည်။
သူတို့ရဲ့အမူအရာတွေကို သတိပြုမိတာကြောင့် ယင်းယွီရှန်း က "ဗိုလ်ကြီးဝေ၊ ကျွန်တော်တို့အဖွဲ့မှာက ရေအမျိုးအစား စွမ်းရည် အသုံးပြုသူရှိတယ်။ ဒါကြောင့် ကျွန်တော်တို့မှာက ကိုယ်ပိုင်ရေအရင်းအမြစ်တွေရှိတယ်။ မင်းတို့အဖွဲ့က ရေကို အေးအေးဆေးဆေးသုံးလို့ရတယ်"လို့ ပြောလိုက်တယ်။
ထိုစကားကိုကြားသောအခါမှာတော့ နားလည်မှုဖြင့် ခေါင်းညိတ်ကြသည်။ ကုရှကျယ်သည်လဲ ရေအမျိုးအစားစွမ်းရည် အသုံးပြုသူဖြစ်သည်။
လင်းယုန်အဖွဲ့က ရေချိုးနေစဉ်တွင်တော့ ရှောင်ချီ နှင့်
ယင်းယွီရှန်းတို့က အပြင်တွင် စောင့်ဆိုင်းနေကြတယ်။
တစ်နာရီလောက်ကြာတော့ လင်းယုန်အဖွဲ့ကထွက်လာတယ်။