← Chapters

အခန်း (၁၁၉)

Vol. 8 Ch. 119

အခန်း (၁၁၉)

Vol. 8 Ch. 119

‎

လင်းယုန်အဖွဲ့က သူတို့ရဲ့အဝတ်အစားတွေအားလုံးကို မလဲလှယ်ခဲ့ဘဲ ညစ်ပတ်တဲ့ အင်္ကျီဝတ်တွေကိုဖယ်ကာ သူတို့ရဲ့အတွင်းဘက်ကအဝတ်တွေဖြစ်တဲ့ တီရှပ်များကိုသာ ၀တ်ထားသောကြောင့် ယခင်ကထက် ပိုသန့်ရှင်းနေပုံရသည်။

‎

‎

‎သူတို့ခန္ဓာကိုယ်မှာ သွေးမည်းတွေ ဒါမှမဟုတ် အသားပုပ်တွေမရှိတော့မှသာ ရှောင်ချီ နှင့် ‎ယင်းယွီရှန်းက သူတို့ကို ထမင်းစားခန်းဆီ ခေါ်သွားလိုက်တယ်။ ထမင်းစားခန်းလို့ ခေါ်ပေမယ့် အဲဒါက လုံးဝကိုသေးငယ်တဲ့ အစားအသောက်ပြင်ဆင်တဲ့ နေရာလေးတစ်ခုပါပဲ။

‎

‎

သူတို့ ‎အသက်ရှင်ကျန်ရစ်သူတွေကို ဖြတ်သွားတဲ့အခါတွင် အသက်ရှင်ကျန်ရစ်သူများရဲ့ အကြည့်တွေကို သူတို့သတိပြုမိကြတယ်။

‎

‎

‎ယာယီ အသက်ရှင်ကျန်ရစ်သူစခန်းရှိလူများနှင့်မတူဘဲ၊ ဤနေရာ၌ တွေ့ဆုံခဲ့ကြသော အသက်ရှင်ကျန်ရစ်သူများသည် စစ်သားများကို ကြည့်ရှုသောအခါတွင် ကျေးဇူးတင်ခြင်း သို့မဟုတ် စိတ်သက်သာရာရမှု တစ်စုံတစ်ရာမှ မပြသကြပေ။ အဲဒီအစား၊ သူတို့က အမှားတစ်ခုခုလုပ်မိသွားသကဲ့သို့ သူတို့ကို အပြစ်တင်သည့်အရိပ်အမြွက်ဖြင့် စိုက်ကြည့်နေကြသည်။

‎

‎

လင်းယုန်အဖွဲ့ မသက်မသာဖြစ်နေတာကို သတိပြုမိတာကြောင့် ‎ယင်းယွီရှန်းက"သူတို့ကို စိတ်ထဲမထားနဲ့၊ တချို့က ခင်ဗျားတို့နောက်ကျမှရောက်လာတာကို အပြစ်တင်နေတာ" လို့ ပြောလာတယ်။

‎

‎

‎ဒါကိုကြားတော့ လင်းယုန်အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ယောက်ကမေးလာတယ် "ဘာလို့ ငါတို့ကို အပြစ်တင်နေကြတာလဲ၊ ငါတို့က အသက်အန္တရာယ်နဲ့စွန့်စားပြီး ဒီကိုလာဖို့ ငါတို့ အစွမ်းကုန်ကြိုးစားခဲ့တယ်"

‎

‎

‎ရှောင်ချီက ပခုံးတွန့်ပြီး "ငါတို့လည်း မသိဘူး၊ သူတို့ထဲက အများစုက သူတို့ကို ကယ်ဆယ်ပြီး ကာကွယ်ဖို့က ငါတို့တာဝန်လို့ ထင်နေကြတယ်။ သူတို့ကို ငါတို့က အစာနှင့်ရေပေးဖို့ မျှော်လင့်နေကြတယ်"

‎

‎

"မင်းက သူတို့အတွက် အပြင်မှာ ပစ္စည်းတွေရှာရင်း အသက်စွန့်နေတာလား မစွန့်ဘူးလားဆိုတာကို ဘယ်သူမှ ဂရုမစိုက်ကြဘူး။ မင်းကလခယူထားတာကြောင့် သူတို့ကို အကြွေးတင်နေတယ်ဆိုတာပဲ သူတို့ကသိတယ်။

‎

‎

‎အဲဒါကိုကြားတာနဲ့ မျက်မှောင်ကြုတ်ပြီး တခြားစစ်သားကပြောလာတယ် “ဒါပေမဲ့ ဒါက ငါတို့အလုပ်ကနေ ရတဲ့ငွေပဲ”

‎

‎

‎ဒီတစ်ကြိမ်မှာတော့ ယင်းယွီရှန်းက ရယ်မောပြီးပြောလာတယ် " မင်းရဲ့လစာက အခွန်ကနေပေးတာ။ သူတို့က အခွန်ပေးတဲ့အတွက် သူတို့ရဲ့အတွေးခေါ်အရဆို မင်းက သူတို့အတွက် အလုပ်လုပ်နေတာပဲ့တဲ့"

‎

‎

‎"ဘာလိုတောင် အဓိပ္ပာယ်မရှိတဲ့ အတွေးအခေါ်တွေလည်း" နောက်ထပ် စစ်သားတစ်ယောက်က မတတ်နိုင်ဘဲကျိန်ဆဲ မိတော့တယ်။

‎

‎

‎

‎"အစ်ကို အခုဆို ကျွန်တော်တို့ရဲ့ဗိုလ်ကြီးက အသက်ရှင်ကျန်ရစ်သူတွေကို ကယ်ဆယ်ဖို့ ဘာကြောင့် မလုပ်ခဲ့တာလဲဆိုတာကို မင်းနားလည်သွားပြီလား။ သူတို့က မျက်လုံးဖြူဝံပုလွေတွေချည်းပဲ။ ငါတို့ရဲ့ ကရုဏာနဲ့ မျိုးချစ်စိတ်တွေကို အကြွင်းမဲ့ အခွင့်ရေးယူနေကြတာ" လို့ ပြောကာ ရှောင်ချီက သက်ပြင်းတစ်ချက်ချလိုက်သည်။

‎

‎

‎လင်းယုန်အဖွဲ့က ထိုစကားကိုကြားသောအခါမှာတော့ ပို၍တောင် မျက်မှောင်ကြုတ်သွားကြတယ်။‎ ရှောင်ချီ နှင့် ယင်းယွီရှန်းတို့ရဲ့ စကားလုံးများ နောက်ကွယ်က ပိုမိုလေးနက်သော အဓိပ္ပါယ်ကို ကျန်တဲ့အဖွဲ့ဝင်များက အပြည့်အဝ နားမလည်ကြသော်လည်း ဝေယင်းကတော့ ၎င်းကို ကောင်းစွာ နားလည်သည်။

‎

‎

‎ဒီလူတွေက သူတို့နဲ့အတူအသက်ရှင်ကျန်ရစ်သူစခန်းဆီ ပြန်လိုက်လာမှာဖြစ်တဲ့အတွက် သူတို့ကို(အသက်ရှင်ကျန်ရစ်သူများ) ထိန်းထားနိုင်ဖို့အတွက် စည်းမျဉ်းအချို့ ချမှတ်ထားဖို့လိုတယ်။ မဟုတ်ရင်တော့ သူတို့ရဲ့ နောက်ကျောကို ဓားနဲ့ထိုးလာကြလိမ့်မယ်။

‎

‎

သူတို့‎လမ်းလျှောက်လာတာကိုတွေ့တော့ လီစီခိုင် ၊ ဖုန်းယွင် နှင့် ချန်ချန်းဖုန်းတို့က မတ်တပ်ထရပ်ပြီး ဝေယင်းကိုအလေးပြုကာ "ဗိုလ်ကြီးဝေ" ဟု ခေါ်လိုက်သည်။

‎

‎

‎ဝေယင်းက မျက်နှာသစ်တစ်‌ယောက်ကို သတိပြုမိလိုက်တော့ "ဒါက မင်းတို့ရဲ့အဖွဲ့ဝင်အသစ်လား" လို့မေးလိုက်တယ်။

‎

‎

‎လီစီခိုင်က ခေါင်းညိတ်ပြီး "ဗိုလ်ကြီးဝေ ဒါက ဖုန်းယွင် ပါ။ သူက ကျွန်တော်တို့နဲ့ လက်တွဲထားပြီး စစ်သားတော့မဟုတ်ဘူး၊ ဒုဗိုလ်ကြီးက သူ့ကို စစ်စည်းကမ်းကနေ ကင်းလွတ်ခွင့်ပေးပြီးသား" လို့ ပြန်ဖြေတယ်။

‎

‎

‎သူ့ရှေ့တွင်ရပ်နေသော ဖုန်းယွင်က ကြောက်ရွံ့မှု သို့မဟုတ် သိမ်ငယ်သောအမူအရာများကို မပြခဲ့ပေ။ ဝေယင်းရဲ့အကြည့်ကို သူတွေ့သော်လည်း ဘာမှမပြောဘူး။

‎

‎

‎ဒါကိုမြင်တော့ ဝေယင်းက ပြုံးပြီး “သူက ပျိုးပင်ကောင်းပဲ့” လို့ ပြောလိုက်တယ်။

‎

‎

‎"ဖုန်းယွင် ကျေးဇူးပြုပြီး ငါတို့ညီအစ်ကိုတွေရဲ့ အစားအစာအတွက် ဝက်အူချောင်းတွေ ထုတ်ပေးလိုက်ပါအုံး"ဟု ယင်းယွီရှန်းက ပြောလိုက်တယ်။

‎

‎

‎ဒါကိုကြားတော့ ဖုန်းယွင်က ခေါင်းညိတ်ပြပြီး သူ့လက်ကို ဝှေ့ယမ်းလိုက်တော့ ဝက်အူချောင်းထုပ်ပေါင်းများစွာ ထွက်လာပြီး စားပွဲပေါ်ကျသွားတယ်။ လင်းယုန်အဖွဲ့က ဒါကိုမြင်တော့ သူတို့ရဲ့မျက်လုံးတွေဟာပြူးကျယ်နေပြီး အံ့သြတကြီးဖြစ်နေကြပါတယ်။

‎

‎

‎"ဗိုလ်ကြီးဝေ ကျွန်တော်တို့အဖွဲ့မှာက အာကာသနေရာလွတ် စွမ်းရည်အသုံးပြုသူ နှစ်ယောက်ရှိတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ ရိက္ခာတွေကို သိမ်းထားရတာက အဆင်ပြေတယ်" လို့ ရှောင်ချီက ပြုံးပြီး ပြောလိုက်တယ်။

‎

‎

‎ဝေယင်းက ခေါင်းညိတ်ပြီး "ဒီအာကာသစွမ်းရည်က ဘယ်လိုအလုပ်လုပ်လဲ" လို့ စပ်စုပြီးမေးတယ်။

‎

‎

‎

‎ရှောင်ချီအစား ဖုန်းယွင်က "ဗိုလ်ကြီးဝေ အာကာသစွမ်းရည်တွေက ကျွန်တော်တို့ရဲ့စွမ်းအင်ကို အများကြီး မသုံးစွဲပါဘူး။ဒါပေမယ့် အဲဒါက ကျွန်တော်တို့ရဲ့ စိတ်စွမ်းအင်ကို ပိုကုန်စေတယ်" လို့ ဖြေခဲ့ပါတယ်။

‎

‎

‎"ကျွန်တော်တို့က အရာအားလုံးကို အာကာသထဲမှာ လွတ်လွတ်လပ်လပ်သိမ်းဆည်းနိုင်တယ်။ ဒါမှမဟြတ် ထုတ်ယူနိုင်တယ်။ ဒါပေမဲ့ အလွန်အကျွံသုံးရင်တော့ ခေါင်းကိုက်တာ ဒါမှမဟုတ် မူးမေ့သွားတာမျိူး ဖြစ်သွားလိမ့်မည်။ အာကာသစွမ်းရည်အသုံးပြုသူ တစ်ဦးစီတိုင်းမှာ နေရာလွတ်ရဲ့အကျယ်အဝန်းက ကွဲပြားတယ်။ လောလောဆယ်တော့ ကျွန်တော်မှာက‎ ၅၀ စတုရန်းမီတာလောက်ရှိတယ်"

‎

‎

‎“အရမ်းအဆင်ပြေတယ်” လို့ ပြောကာ ဝေယင်းက ခေါင်းညိတ်ပြသည်။

‎

‎

‎သူတို့ စကားစမြည်ပြောနေကြစဉ်တွင်တော့ လီစီခိုင် နှင့် ချန်ချန်းဖုန်းတို့က ဝက်အူချောင်းများကို ကင်နေကြသည်။ ဆယ်မိနစ်လောက်ကြာမှာတော့ ဝက်အူချောင်းတွေက အဆင်သင့်ဖြစ်သွားပြီး အစားစာတွေကို ခွဲလိုက်တယ်။

‎

‎

‎လူတစ်ဦးစီသည် ယာဂုတစ်ပန်းကန်၊ ဖက်ထုပ်တစ်ပန်းကန်၊ ကြက်ဥပြုတ်နှစ်လုံးနှင့် ဝက်အူချောင်း ၃ ချောင်းကို ရရှိခဲ့သည်။ ရေနှင့်ပတ်သက်လို့ပြောရရင်တော့ နတ်ဆိုးအဖွဲ့က အိုးကြီးတစ်လုံးနှင့် ကျိုချက်ထားတာကြောင့် သူတို့က လိုချင်သလောက် ရနိုင်တယ်။

‎

‎

‎ ထိုအရာကိုမြင်သောအခါတွင်တော့ အသက်ရှင်ကျန်ရစ်သူများရဲ့မျက်လုံးများထဲတွင် ဒေါသနှင့်မနာလိုမှုများဖြင့် ပြည့်နှက်သွားတယ်။ သူတို့မှာတော့ ကြက်ဥပြုတ်သာရှိပြီး ဝက်အူချောင်း မရခဲ့ဘူး။ သူတို့ကို ဦးစားပေး စောင့်ရှောက်သင့်တဲ့ ဒီလူတွေက ဘာလို့ သူတို့ထက် ပိုကောင်းတာတွေ စားနေရတာလဲ။

‎

‎

‎ဒီအချိန်မှာပဲ သူတို့ရဲ့ စိတ်ဓာတ်တွေကပိုဆိုးလာတယ်။ ရိက္ခာတွေက ရှားပါးလာတဲ့အတွက် တခြားသူတွေက သူတို့ထက် ပိုရသွားမှာကို မလိုချင်ကြဘူး။

‎

‎

‎စစ်သည်များပိုင်ဆိုင်သော ရိက္ခာများဟာ သူတို့ပိုင်ကြောင်းနှင့် ခွဲဝေရေးနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ပိုင်ခွင့်ကလည်း သူတို့မှာရှိသည်ဟု အချို့ကပင်ယုံကြည်ကြတယ်။

‎

‎

‎အသက်ရှင်ကျန်ရစ်သူများကြားတွင် ထိုင်နေသော အန်တီဝိန် က "ဒီစစ်သားတွေက ငါတို့ကို ကောင်းကောင်းဆက်ဆံသင့်တယ်၊ ဒါပေမယ့် သူတို့ကိုယ်တိုင်ကကြတော့ အစားအသောက်ကောင်းကောင်းစားနေပြီး ငါတို့ကို အစာခြောက်ပဲပေးတယ်" လို့ ဝမ်းနည်းစွာနဲ့ ပြောလိုက်တယ်။

‎

‎

‎သူမနှင့် မနီးမဝေးတွင် ထိုင်နေသော ညီအစ်မဝမ်းက သက်ပြင်းချလိုက်ပြီး "အန်တီဝိန် အဲဒီပစ္စည်းတွေကို စစ်သားတွေက တွေ့ခဲ့တာ အဲဒါတွေကို ဘယ်လိုခွဲရမယ်ဆိုတာ သူတို့မှာဆုံးဖြတ်ပိုင်ခွင့်ရှိတယ်။ ဒါတောင် သူတို့က ငါတို့ကို ပူပူနွေးနွေး အစာခြောက်နဲ့ ရေတွေပေးသေးတယ်" လို့ ပြောလိုက်တယ်။

‎

‎

‎ သူမရဲ့စကားကိုကြားတော့ အန်တီဝိန်က မျက်မှောင်ကြုတ်ပြီး "ရှောင်ဝမ်း မင်းက ဘယ်လိုနည်းနဲ့မှ နုံအလို့မရဘူး။ အဲဒီပစ္စည်းတွေက စက်ရုံကနေသယ်လာတာ။ ငါတို့က စက်ရုံအလုပ်သမားတွေပဲ။ ငါတို့ကသာ ရိက္ခာတွေ ပိုင်တဲ့သူပဲ ဖြစ်သင့်တယ်" လို့ပြောလိုက်တယ်။

‎

‎

အစ်မဝမ်းသည် အဘွားကြီးရဲ့ ကောက်ကျစ်တဲ့ အတွေးအခေါ်နှင့် ကျိုးကြောင်းမဆီလျော်သော စကားများကို ကြားလိုက်ရသည့်အခိုက်တွင်တော့ အစ်မဝမ်းက စကားရပ်ရန်သာ ရွေးချယ်ခဲ့သည်။ အမှန်တရားကိုမြင်ဖို့ ငြင်းဆန် နေသူကို သွေးဆောင်တာက အသုံးမဝင်ပါဘူး။

‎

‎

‎အသက်ရှင်ကျန်ရစ်သူအများစုသည် အန်တီဝမ်ရဲ့စကားများဖြင့် တဖြည်းဖြည်း ဉီးနှောက်ဆေးခံခဲ့ရသော်လည်း၊ ရှင်းလင်းသောစိတ်ကို ထိန်းသိမ်းထားနိုင်တဲ့ လူအချို့ရှိနေဆဲဖြစ်သည်။ ထို့ကြောင့် နှစ်ရက်အတွင်း၌ပင် အသက်ရှင်ကျန်ရစ်သူများသည် သူတို့ရဲ့စိတ်သဘောထားနှင့် ယုံကြည်ချက်ကွာခြားမှုကြောင့် အုပ်စုနှစ်စုကွဲသွားခဲ့တယ်။

‎

‎

‎ထိုအချိန်တွင်တော့ ကျိူးလီဇီ နှင့် ကျန်းရွှီယန်းတို့သည် နောက်ဆုံးမှာတော့ ဂိုဒေါင်ဧရိယာ A၊ B နှင့် C ကိုရှင်းလင်းပြီးဖြစ်တာကြောင့် Area D သို့သွားနေကြပြီဖြစ်သည်။ Area C နှင့် D အကြားအကွာအဝေးက အတော်လေးဝေးတာကြောင့် သူမရဲ့ကားကိုသုံးရန် သူတို့နှစ်ယောက်ကဆုံးဖြတ်ခဲ့ကြသည်။

‎

‎

ကျင်းရွှီယန်းက‎ ကားမောင်းနေရင်းနဲ့မေးလာတယ် "အာ့ဇီ ပန်းမျိုးစေ့တွေလည်းယူဖို့ စီစဉ်နေတာလား"

‎

All Chapters