အခန်း (၁၂၀)
Vol. 8 Ch. 120
ကျင်းရွှီယန်းရဲ့အမေးစကားကို သူမကြားတာနဲ့
ကျိူးလီဇီက "ဟုတ်တယ် ၊ အစ်ကိုယန်း ပန်းတစ်ချို့က ဆေးဖက်ဝင်တဲ့ အစွမ်းတွေရှိပြီး ချုံပုတ်တချို့က ဘယ်ရီသီးတွေ ထုတ်ပေးနိုင်တယ်။ မရခဲ့ရင်တော့ သနားစရာပဲ"လို့ ပြန်ပြောလိုက်တယ်။
အနာဂတ်ဆေးဝါးပြတ်လပ်မှုအကြောင်းတွေးရင်း ကျင်းရွှီယန်းက ခေါင်းညိတ်ပြီး "ကောင်းပြီ" ဟုပြောလိုက်သည်။
ဧရိယာ D ကိုရောက်သောအခါ ကျိူးလီဇီက ဂိတ်ပေါက်မှ ခုန်မကျော်မီတွင် ကားကို သူမရဲ့နေရာလွတ်၌ အရင်ဆုံးသိမ်းဆည်းခဲ့သည်။ ယခင်နေရာများနှင့်မတူဘဲ၊ ဒီဂိုဒေါင်အဆောက်အဦးရဲ့အပြင်ဘက်တွင်တော့ လှည့်လည်သွားလာနေသော ဖုတ်ကောင်တွေ လုံးဝမရှိပါဘူး။
ပတ်ဝန်းကျင်ကို စစ်ဆေးပေးရန် ချင်လူဇီ မရှိတာကြောင့် ဖုတ်ကောင်များ သို့မဟုတ် အခြားလူများရဲ့ ခြုံခိုတိုက်ခိုက်ခံရသည့်အခါတွင်တော့ သူတို့ရဲ့အရှိန်ကို နှေးကွေးသွားစေနိုင်သည်။
ချုံပုတ်တွေနောက်မှာ ပုန်းနေတဲ့ ပုပ်နေတဲ့ခြေထောက်ကို ကျိူးလီဇီကလမ်းလျှောက်လာရင်း တွေ့လိုက်တယ်။ သူမက ကျင်းရွှီယန်းရဲ့ အနီးသို့ တိုးသွားပြီး "အစ်ကိုယန်း ချုံပုတ်နောက်မှာ ဖုတ်ကောင်တွေရှိတယ်၊ တစ်ယောက်ယောက်က ဒီမှာရောက်နေပြီ" လို့ အသံတိုးတိုးနဲ့ ပြောလိုက်တယ်။
ကျင်းရွှီယန်းလည်း တိုက်ပွဲခြေရာများကို သတိပြုမိတာကြောင့် ခေါင်းညိတ်သည်။
ဂိုထောင်အဆောက်အဦးသို့ ရောက်တဲ့အခါမှာတော့ လေတိုက်သံကို ကြားလိုက်ရသည်။
" ဝှစ် ဘုန်းး"
နှစ်ယောက်သား လက်နက်များကိုထုတ်ကာ တစ်ချိန်တည်းမှာပဲ လှည့်ထွက်သွားကြတယ်။ အနက်ရောင်မီးတောက်များနှင့် ရေဓါးများဖြင့် ဖုံးအုပ်ထားသော သူတို့ရဲ့လက်နက်များဖြင့် ဝင်လာသော သတ္တုဘောလုံးကို အပိုင်းပိုင်းကွဲသွားစေခဲ့သည်။
သတ္တုအပိုင်းအစများဟာ မြေပြင်နှင့်နံရံကို ထိမှန်သွားပြီး ဖုန်မှုန့်အလွှာများ ဖြစ်ပေါ်လာသည်။
ကျင်းရွှီယန်းက သူ့ဓားရှည်ကိုကိုင်ထားရင်း ကျိူးလီဇီရဲ့ အရှေ့မှာ ရပ်လိုက်ကာ " ခဏလောက် စောင့်ကြည့်နေကြပြီးပြီဆိုတော့ မင်းတို့ အားလုံးကထွက်လာဖို့ အချိန်တန်ပြီ" လို့ပြောလိုက်တယ်။
သူ့ရဲ့စကားဆုံးတော့ လူတစ်စုက အဆောက်အဦးရဲ့အနောက်ဘက်မှ ထွက်လာကြသည်။ အသက်ငါးဆယ်ကျော် အဘိုးကြီးတစ်ယောက်က အဖွဲ့ရဲ့အရှေ့က နေကာ လျှောက်လာပြီး "လူငယ်လေး မင်းမှာ စူပါပါဝါ တကယ်ရှိတယ်" လို့ ပြုံးပြုံးလေး ပြောလိုက်တယ်။
ကျင်းရွှီယန်းနှင့် စကားပြောနေသော်လည်း အဘိုးအိုရဲ့ မျက်လုံးများကတော့ ကျိူးလီဇီကိုသာ စူးစိုက်ကြည့်နေခဲ့တယ်။ သူ့အကြည့်တွေက အောက်ကိုရွေ့သွားပြီး အရာဝတ္ထုတစ်ခုကို အကဲဖြတ်နေသလိုမျိုး သူမခန္ဓာကိုယ်ကို ကြည့်နေသည်။
အဘိုးအိုရဲ့ မျက်လုံးများထဲက တပ်မက်မှုကို သတိပြုမိလိုက်တော့ ကျင်းရွှီယန်းရဲ့ အမူအရာက အေးစက်သွားပြီး "မင်းက သေခြင်းကို ရှာနေတာပဲ"လို့ ပြောလိုက်တယ်။
သူ့စကားတွေရပ်သွားတာနဲ့ သူ့က နေရာကနေ ပျောက်သွားတယ်။ ကျိူးလီဇီပင်လျှင် မမြင်နိုင်သောအရှိန်ဖြင့် အဘိုးကြီးနှင့် သူ့လူများကို တိုက်ခိုက်လိုက်သည်။
"ခရစ်"
သူတို့ မတုံ့ပြန်နိုင်ခင်မှာပဲ ကျင်းရွှီယန်းရဲ့ ဓားရှည်က အဘိုးအိုရဲ့ ညာလက်မောင်းကို ခုတ်ဖြတ်ပြီးသွားပြီ။ သူရဲ့တိုက်ခိုက်မှုက ရက်စက်ကြမ်းကြုတ်ပြီး လျင်မြန်လွန်းသဖြင့် အဘိုးအိုက သူ့ကိုယ်သူ ကာကွယ်ရန်အတွက် ဘာမှမတတ်နိုင်ခဲ့ပေ။
အနီရောင်သွေးများစွာက စီးကျလာသဖြင့် လူတိုင်းက ထိတ်လန့်သွားကြတယ်။ အဘိုးအိုသည် သူ့စိတ်ထဲမှ နာကျင်မှုကို မသိနိုင်ခင်မှာ အချိန်အနည်းငယ်ကြာသွားခဲ့တယ်။
"အားးးး နာကျင်စွာအော်ဟစ်လိုက်ပြီး သူ့ပခုံးကို ဆုပ်ကိုင်လိုက်သည်။
ပြတ်သွားသော လက်မောင်းက သွေးများဖြင့် မြေပြင်ပေါ်တွင် ကျနေတာကို မြင်သောအခါ ဒူးများက ပျော့ခွေသွားသည်။ သူ မြေပြင်ပေါ်သို့ လဲကျသွားပြီး သူ့မျက်နှာက အလွန်ကိုဖြူဖျော့နေပြီး နှပ်ချေးများ၊ မျက်ရည်များနှင့် ပေပွနေတယ်။
နာကျင်မှုကြောင့် ငိုကြွေးနေတဲ့ အဘိုးအိုရဲ့ ကျောပြင်ပေါ်
ကျင်းရွှီယန်းက ခြေထောက်ကိုတင်လိုက်ပြီး"ပုရွက်ဆိတ်က ဂုဏ်ယူဝံ့ကြွားနေတယ်။ မင်းရဲ့မျက်လုံးတွေကို ငါဖောက်ပစ်လိုက်ရမလား၊ ဒါမှမဟုတ်လည်း မင်းရဲ့ခေါင်းကိုပဲ ဖြတ်ပစ်ရမလား"လို့ မေးလိုက်တယ်။
ဒီစကားကိုကြားတာနဲ့ အဘိုးအိုရဲ့ခန္ဓာကိုယ်က ချက်ခြင်းပဲ့ တုန်ယင်သွားခဲ့တယ်။
" ဒုတ် ဒုတ် ဒုတ်"
သူ့နဖူးက မြေပြင်နဲ့ ထိတဲ့အသံဟာ ရှင်းရှင်းလင်းလင်း ပဲ့တင်ထပ်သွားတယ်။ သူတို့ရဲ့ သူဌေးက တစ်ချက်တည်းနဲ့ ရှုံးနိမ့်တာကို မြင်တော့ ကျန်တဲ့အဖွဲ့တွေကလည်း ခုခံဖို့ မဝံ့မရဲတော့ဘဲ မြေပြင်ပေါ်ကို ဒူးထောက်လိုက်ကြတယ်။
အဘိုးအိုရဲ့ နဖူးမှ သွေးများစီးကျနေသော်လည်း ဆက်၍ ဦးတိုက်နေကာ "ဆ-ဆရာ ခွင့်လွှတ်ပေးပါ။ ကျွန်တော်က မျက်စိကန်းနေပြီး ထိုက်တောင်ကိုတောင် မသိလိုက်ပါဘူး။ ကျေးဇူးပြုပြီး အသက်ကို ချမ်းသာပေးပါ"လို့ တောင်းပန်နေတယ်။
ဒီရွံစရာ အဘိုးအိုက သူရဲ့အာ့ဇီကို တပ်မက်စွာ စိုက်ကြည့်နေတာကို ပြန်သတိရတော့ သူ့စိတ်ထဲမှ ပြင်းထန်သော လူသတ်ချင်စိတ်ပေါ်လာသည်။ ထိုအချိန်တွင်တော့ သူ့စိတ်ထဲမှာ အတွေးတစ်ခုသာရှိတယ်။
'ငါ့ရဲ့အာ့ဇီ ကို ထိခိုက်အောင်ကြံတဲ့သူက သေဖို့ ထိုက်တန်တယ်'
သူမမြင်လိုက်ရသည့် အရာကြောင့် ကျိူးလီဇီက အလွန်ထိတ်လန့်သွားပြီး အာရုံများပြန်လည်ရရှိရန် အချိန်အတော်ကြာခဲ့သည်။ လှမ်းကြည့်လိုက်တော့ အဘိုးကြီးရဲ့ကျောကိုနင်းထားတဲ့သူ အရူးတစ်ယောက်လိုပါပဲ့။
ဤအခိုက်အတန့်တွင် သူမရဲ့ယခင်ဘဝက နတ်ဆိုးအဖွဲ့မှ ရူးသွတ်နေသူရဲ့ပုံသည် သူမရှေ့မှလူနှင့်ထပ်နေတယ်။ ဓားရှည်ကို မြှောက်လိုက်တာကို မြင်သောအခါ သူမကအမြန်အော်ပြောလိုက်တယ် "အစ်ကိုယန်း ခဏနေ"
" ခရစ် "
ကျိူးလီဇီက ခေါင်းငုံ့ကာမြေပြင်ပေါ်မှ အဘိုးအိုရဲ့ လည်ပင်းမှ သွေးနီများကိုကြည့်နေရင်း သက်ပြင်းတစ်ချက် ချလိုက်သည်။
ကျင်းရွှီယန်းက သူ့လက်ကိုမြှောက်လိုက်ပြီး အနက်ရောင် မီးတောက်တစ်ခုကို အဘိုးအိုရဲ့နွေးထွေးဆဲ ခန္ဓာကိုယ်ဆီသို့ ပျံသန်းသွားစေလိုက်သည် ။ မီးက အရေပြားကို ထိလိုက်တာနဲ့ ချက်ချင်း လောင်ကျွမ်းသွားတယ်။
ကျိူးလီဇီ လမ်းလျှောက်လာသောအခါတွင်တော့ အဘိုးအိုရဲ့ခန္ဓာကိုယ်က ပြာပုံအပုံကြီးဖြစ်သွားပြီးတော့ လေပြင်းများ တိုင်ခတ်လာချိန်မှာတော့ လွင့်ပါသွားကုန်ပြီဖြစ်သည်။
မြေပြင်ပေါ်တွင် ရွှေအိုရောင်အမြုတေကို မြင်လိုက်ရတော့ ငုံ့ကာ ကောက်ယူလိုက်သည်။ အာကာသအတွင်းမှာ အမြုတေကို သိမ်းဆည်းပြီးနောက်တော့ သူမက "အစ်ကိုယန်း အဆင်ပြေရဲ့လား" လို့ မေးလိုက်တယ်။
အနီးနားတွင် ဒူးထောက်နေသော လူတစ်စုက အံ့ဩသွားကြကာ စကားမပြောနိုင်ဖြစ်သွားကြသည်။ ဒီလူငယ်က ဒါရိုက်တာယောင် သတ်ခဲ့တဲ့လေ- သူမက ဘာတွေ လွဲမှားနေတာလဲ။
သူမရဲ့အသံကို ကြားလိုက်သောအခါတွင်တော့ ကျင်းရွှီယန်းရဲ့စိတ်လည်း ဖြည်းဖြည်းချင်း အသိပြန်ဝင်လာသည်။ ဓားရှည်ကို ဓါးအိမ်ထဲပြန်ထည့်ကာ ခေါင်းကိုငုံ့ထားလိုက်တယ်။ သူမရဲ့မျက်လုံးများထဲတွင် ကြောက်ရွံ့မှု သို့မဟုတ် ပြစ်တင်ရှုံ့ချခြင်းအား မြင်ရမည်ကို ကြောက်လို့ သူမရဲ့အကြည့်များကို ရင်မဆိုင်ဝံ့ဘဲ ခေါင်းငုံ့ထားလိုက်သည်။
အခုချိန်တွင်တော့ ကျိူးလီဇီသည် ကျင်းရွှီယန်းရဲ့လက်ဖြင့် ခေါင်းဖြတ်သတ်ခံခဲ့ရသော အဘိုးအိုကို ဂရုမစိုက်တော့ပါ။
သူမက လူကောင်းတစ်ယောက်မဟုတ်သလို ဖြစ်ဖို့လည်း ရည်ရွယ်ချက်မရှိပါ။ သူမအတွက်ကတော့ အစ်ကိုယန်းဟာ သူစိမ်းတစ်ယောက်ထက် ပိုအရေးကြီးတယ်။ သူမက သူ့ရဲ့အခြေအနေကို ပိုစိုးရိမ်တယ်။
အဘိုးအိုကို မသတ်ခင် ခဏလောက်တော့ သူ့မျက်လုံးတွေက အနီရောင်တောက်နေတာကို သူမ သတိပြုမိလိုက်တယ်။ သူမမြင်ခဲ့တာက မှန်သလား မသေချာပေမယ့် သူနဲ့ ပတ်သက်ပြီးတစ်ခုခုတော့လွဲနေပြီဆိုတာတော့ သေချာပါတယ်။
ထိုနေရာတွင် မလှုပ်မယှက်ရပ်နေတဲ့ သူ့ကိုမြင်တော့ သူမကလက်ကို မပြီး သူ့ရဲ့လက်ကို ဆုပ်ကိုင်လိုက်တယ်။ သူမက သူ့လက်ကနေဆွဲပြီး သူ့ရဲ့ခန္ဓာကိုယ်ကို စစ်ဆေးကြည့်လိုက်တော့ ကျင်းရွှီယန်း နှင့် ဒူးထောက်နေသောလူများ စိတ်ရှုပ်ထွေးသွားခဲ့သည်။
ခဏအကြာတွင်မှ ကျင်းရွှီယန်းက နောက်ဆုံးတော့ သူနှုတ်ခမ်းကိုဖွင့်ကာ မေးလိုက်တယ် "အာ့ဇီ မင်းဘာလုပ်နေတာလဲ"