အားလုံးအတူတူ တိုက်ခိုက်ကြစမ်း... ငါ ဂူလင်းဖေးကို ပျော်အောင်ထားကြစမ်း...
Vol. 14 Ch. 171
ယခုအချိန်တွင် လင်းယွင်ဂိုဏ်း၏လေ့ကျင့်ရေးကွင်းထဲတွင် ဟွမ်းချောင်ယုသည် သူမညီမအငယ်တချို့နှင့် လက်ရည်စမ်းနေသည်။ ဟွမ်းချောင်ယုရဲ့ လက်ရှိကျင့်ကြံမှုအဆင့်မှာ အခြေတည်စိတ်ဝိညာဥ်အဆင့်သို့ မရောက်သေးသော်လည်း သူမသည် ဂိုဏ်းထဲတွင် ဆရာဖြစ်သူပေးသနားသော စိမ်းမြကြာပန်းဖန်ဆင်းခြင်းကျင့်စဥ်ကို ပထမဆုံးလေ့ကျင့်ခွင့်ရခဲ့သည့် တပည့်ဖြစ်သည်။
ထို့ကြောင့် ဆရာဖြစ်သူကျန်းယီမင်ကို ဖယ်လိုက်လျှင် တစ်ဂိုဏ်းလုံး၌ ဤကျင့်စဉ်ကို အနက်ရှိုင်းဆုံး နားလည်သူမှာ ဟွမ်းချောင်ယုပင်ဖြစ်သည်ဟု ဆိုနိုင်သည်။ ထို့ပြင်သူမတွင် သာမန်လူများ၌ မရှိသော ထူးဆန်းသည့် သွေးမျိုးဆက်စွမ်းအားလည်း ရှိနေသည်။ ထို့ကြောင့် နယ်ပယ်တူကျင့်ကြံသူများထဲတွင် သူမကို ယှဉ်နိုင်သူမရှိသလောက်ပင်။
သူမထက်အဆင့်မြင့်သူများနှင့် ရင်ဆိုင်ရလျှင်ပင် အလွယ်တကူ ရှုံးနိမ့်မည့်သူမဟုတ်ပေ။ ယခင်က သူမဆရာကျန်းယီမင်သည် အခြေတည်စိတ်ဝိညာဥ်နှောင်းပိုင်းအဆင့်မှာတင် မွေးဖွားခြင်းအဆင့်ကျင့်ကြံသူကို သတ်ဖြတ်နိုင်ခဲ့သည် မဟုတ်လား...။
ဂူလင်းဖေးသည် လေ့ကျင့်ရေးကွင်း၌ ညီငယ်၊ ညီမငယ်များနှင့် အပြန်အလှန်တိုက်ခိုက်နေသည့် ဟွမ်းချောင်ယုကိုကြည့်ရင်း တိုက်ခိုက်ချင်စိတ်များ တဖွားဖွားပေါ်လာသည်။ အမြုတေဖွဲ့စည်းခြင်းအဆင့်မှာသာ ရှိသေးသည့် သူ့ညီမလေးရဲ့စွမ်းအားက ဘယ်လောက်ထိ တိုးတက်လာပြီလဲဆိုသည်ကို သူ သိချင်နေမိသည်။
“ညီမလေး... မင်း ဒီမှာ နောက်တစ်ခေါက် ပြန်ရောက်နေပြန်ပြီလား... ညီငယ်တွေကို အနိုင်ကျင့်နေတာတော့ မဟုတ်ပါဘူးနော်...”
“အို... စီနီယာအစ်ကိုကြီး... ဒီနေ့ စိတ်ကြည်နေပုံရသားပဲ... ဘာလဲ... ဂိုဏ်းထဲက အလုပ်တွေအားလုံး ပြီးသွားပြီလား...”
“စိတ်ကြည်နေတာမဟုတ်ပါဘူး... ငါက အမြဲတမ်း လက်ရည်စမ်းရတာ... တိုက်ခိုက်ရတာကို ဝါသနာပါတာ မင်းလည်းသိသားနဲ့...”
ဟွမ်းချောင်ယုကရယ်မောရင်း သူမကို ဝိုင်းတိုက်နေသည့်ညီငယ်များကို တစ်ချက်တည်းနှင့် အနိုင်ယူလိုက်သည်။ ထို့နောက် သူမစီနီယာအစ်ကိုကြီးကို နောက်ပြောင်သည့် အကြည့်ဖြင့် ကြည့်ကာ...
“ဘာလဲ အစ်ကိုကြီး... အစ်ကိုကြီးလည်း လက်ယားနေပြီလား...”
လက်ရှိလင်းယွင်ဂိုဏ်းတွင် ဂူလင်းဖေးအပြင် အခြားမွေးဖွားခြင်းအဆင့် ကျွမ်းကျင်သူအနည်းငယ် ရှိနေပြီဖြစ်သည်။ သို့သော် လင်းယွင်ဂိုဏ်းတပည့်များ ဤမျှအစွမ်းထက်နေရခြင်းရဲ့ အဓိကအကြောင်းရင်းမှာ စိမ်းမြကြာပန်းဖန်ဆင်းခြင်းကျင့်စဥ်ကြောင့်ပင် ဖြစ်သည်။ တပည့်အသစ်များမှာ ထိုကျင့်စဉ်ကို လေ့လာဆဲ၊ ရင်းနှီးအောင် ကြိုးစားဆဲဖြစ်သဖြင့် ကျန်းယီမင်ကိုဖယ်လျှင် ဂူလင်းဖေးမှာ ဂိုဏ်းအစွမ်းအထက်ဆုံးသူ ဖြစ်နေဆဲပင်ဖြစ်သည်။
“ဟုတ်တယ်လေ... ညီမလေးနဲ့ တခြားညီငယ်နှစ်ယောက်လောက်ပါ ခေါ်လိုက်ပါဦး... ငါ့ကို ပျော်အောင်ထားကြစမ်းပါ...”
“ဟွန်း... အစ်ကိုကြီးရယ်... လူများနဲ့ဝိုင်းတိုက်ပြီး အနိုင်ကျင့်တယ်လို့ အပြောမခံချင်ပေမဲ့ အစ်ကိုကြီးက ပြောလာမှတော့... တကယ်လို့ တစ်ယောက်ချင်း တိုက်ရင်လည်း အစ်ကိုကြီးက အားနည်းသူကို နှိပ်စက်တယ်လို့ အပြောခံရဦးမယ်... အစ်ကိုကြီး ဂုဏ်သိက္ခာအတွက် မကောင်းဘူးလေ...”
ဟွမ်းချောင်ယုသည် ပွင့်လင်းသူဖြစ်သည့်အလျောက် လက်ဝှေ့ယမ်းလိုက်သည်နှင့် တပည့်တချို့ ရှေ့သို့ခုန်ထွက်လာကြသည်။ မိမိထက် နယ်ပယ်တစ်ခုမြင့်သူနှင့် လက်ရည်စမ်းခွင့်ရခြင်းမှာ တိုးတက်ရန်အတွက် အကောင်းဆုံးအခွင့်အရေး ဖြစ်သည်။
“ဟားဟားဟား... ကောင်းပြီ... ငါ့ဂိုဏ်းထဲမှာ ငါ့ကို တိုက်ချင်တဲ့သူတွေ အများကြီးရှိနေတာပဲ...”
ဂူလင်းဖေးကရယ်မောရင်း မြေပြင်ကို ခြေတစ်ချက်စောင့်ကာ ခုန်တက်လိုက်သည်။ သူ့ခန္ဓာကိုယ်မှ စိတ်ဝိညာဉ်စွမ်းအင်များ ပေါက်ကွဲထွက်လာသည်။ တပည့်အသစ်များအတွက်မူ ဤသည်မှာ မွေးဖွားခြင်းအဆင့်ကျွမ်းကျင်သူတစ်ယောက်နှင့် ပထမဆုံး ရင်ဆိုင်ရခြင်းပင်ဖြစ်သည်။
“ဒါက လက်ရည်စမ်းတာဆိုတော့ အားကိုထိန်းသုံးကြနော်...”
ဟွမ်းချောင်ယုအပါအဝင် ပြိုင်ဘက်လေးယောက်ကို ဂူလင်းဖေးတစ်ယောက်တည်း ရင်ဆိုင်ရမည်ဖြစ်သည်။ ၎င်းတို့ထဲတွင် ဟွမ်းချောင်ယုက အစွမ်းအထက်ဆုံးဖြစ်သည်။ တပည့်များရဲ့လူစုပုံစံမှာ မဆိုးလှပေ။ တစ်ယောက်က ခန္ဓာကိုယ်ကြံ့ခိုင်မှု ကျင့်စဉ်ကို လေ့လာထားပြီး ရှေ့ဆုံးကခံစစ်ယူထားသည်။ အလယ်တွင် နှစ်ယောက်ရှိပြီး နောက်ဆုံးတွင်မူ တုန်းမီကဲ့သို့သော အထောက်အကူပြုကျင့်စဉ်သမားတစ်ယောက်က နေရာယူထားသည်။
“မဆိုးဘူး... မင်းတို့ တိုက်ခိုက်ရေးလူစုပုံစံက တော်တော်လေး စနစ်ကျသားပဲ... အချင်းချင်း လေ့ကျင့်ထားတာ အတော်များပုံရတယ်...”
“အစ်ကိုကြီး... စကားတွေသိပ်မပြောပါနဲ့ဦး... အခု အခြေအနေမှာ အစ်ကိုကြီးကိုယ့်ကိုယ်ကိုယ်ပဲ အရင် ဂရုစိုက်လိုက်ပါ...”
ဟွမ်းချောင်ယုက နှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီး အလွန်ပြင်းထန်သည့် မီးဓာတ်စိတ်ဝိညာဉ်စွမ်းအင်များနှင့်အတူ ဂူလင်းဖေးထံသို့ ပြေးဝင်သွားတော့သည်။
“ညီမလေး... မင်းရဲ့ ဒီလိုအလစ်အငိုက်တိုက်ကွက်က နည်းနည်းတော့ဟောင်းနေပြီ မဟုတ်လား....”
ဂူလင်းဖေးကပြုံးရင်း လက်တစ်ချက် ဝှေ့ယမ်းကာ ဟွမ်းချောင်ယုရဲ့တိုက်ခိုက်မှုကို ခုခံလိုက်သည်။
သူသည် မွေးဖွားခြင်းအဆင့်ကျင့်ကြံသူ ဖြစ်သဖြင့် ဤတိုက်ခိုက်မှုကို အလွယ်တကူ တောင့်ခံနိုင်မည်ဟု ယုံကြည်နေသည်။ သို့သော် သူ့ညီမဖြစ်သူကို အထင်သေးမိသွားသည်။
ဟွမ်းချောင်ယုမျက်နှာတွင် လျှို့ဝှက်ဆန်းပြားသော အပြုံးတစ်ခုပေါ်လာပြီး...
“အစ်ကိုကြီး... အစ်ကိုကြီးက ရန်သူကို အထင်သေးနေတုန်းပဲ... ဆရာသင်ပေးထားတာတွေကို မေ့သွားပြီလား...”
ဂူလင်းဖေး၏ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားသည်။ ဟွမ်းချောင်ယုရဲ့ ပထမတိုက်ကွက်မှာ အယောင်ပြသက်သက်သာဖြစ်သည်။ တကယ့် တိုက်ကွက်စစ်စစ်မှာ နောက်ကလိုက်လာခြင်း ဖြစ်သည်။ ဝှစ်ခနဲအသံနှင့်အတူ စိတ်ဝိညာဉ်စွမ်းအင်များ ဖုံးလွှမ်းနေသည့် ဓားတစ်ချက်က သူ့ရှေ့သို့ ချက်ချင်းရောက်လာသည်။
“ဟွန်း... ငါ တကယ်ပဲလျှော့တွက်မိသွားတာပဲ...”
ဂူလင်းဖေးက လေထဲတွင် ခန္ဓာကိုယ်ကို ဝေ့လိုက်ပြီး ကျောပေါ်က ဓားနှစ်လက်ကို ဆွဲထုတ်ကာ ခုခံလိုက်ရသည်။ ဤဓားများမှာ လက်ရည်စမ်းရာတွင်သာ သုံးသည့် ဓားများဖြစ်၍ လူကိုအန္တရာယ်မပေးနိုင်ပေ။
“အစ်ကိုကြီး... အစ်ကိုကြီးက ဂိုဏ်းရဲ့တပည့်ကြီးဖြစ်သလို အစွမ်းအထက်ဆုံးသူဆိုတာ သိပါတယ်... အစ်ကိုကြီးနဲ့ လက်ရည်စမ်းရတာ ကျွန်တော့်အတွက်ဂုဏ်ယူစရာပါပဲ...”
“ဟွန်း... ညီလေး... မြှောက်ပင့်မနေနဲ့...”
ဂူလင်းဖေးသည် သူ့ဓားနှစ်လက်ကို လေထဲတွင် လှပစွာကခုန်စေရင်း တိုက်ခိုက်လိုက်သည်။ သို့သော် ဟွမ်းချောင်ယု၏ တိုက်ခိုက်မှုများမှာလည်း တစ်ခုပြီးတစ်ခုရောက်လာနေသည်။ သူမမီးတောက်များမှာ ဟောက်ယွင်ဂိုဏ်းထက်ပင် ပိုမိုသန့်စင်နေသယောင် ရှိသည်။
“အစ်ကိုကြီး... ဒါကို စမ်းကြည့်လိုက်ဦး...”
ဂူလင်းဖေးက နှာခေါင်းတစ်ချက်ရှုံ့လိုက်ကာ သူ့ဓားနှစ်လက်ဖြင့် မီးတောက်များကို လွင့်စင်သွားအောင် ခုတ်ချလိုက်သည်။ သူ့စိတ်ဝိညာဉ်စွမ်းအင် ပမာဏမှာ အရင်ကထက် အဆပေါင်းများစွာ သာလွန်နေပြီဖြစ်ရာ အဆင့်နိမ့်ကျင့်ကြံသူများရဲ့ တိုက်ကွက်ကို ဖြိုခွင်းရန်မှာ မခက်ခဲလှပေ။ ဝိုင်းရံခံထားရသော်လည်း ဂူလင်းဖေးသည် တစ်ချက်ချင်းစီကို ကျွမ်းကျင်စွာတုံ့ပြန်နေပြီး တပည့်များကြားတွင် လျင်မြန်စွာလှုပ်ရှားနေသည်။
ထိုသူများမှာ ခံစစ်အစီအရင်ပြုလုပ်ထားသော်လည်း ဂူလင်းဖေးရဲ့အရှိန်အဝါအောက်တွင် တဖြည်းဖြည်း လူးသာလိမ့်သာမရှိဖြစ်လာသည်။ ဘေးကနေကြည့်နေသည့် အဖိုးလင်းကတော့ ပြုံးလျက်ရှိသည်။
"ငါ ဒီကောင်ကို ရွေးချယ်ခဲ့တာ မမှားပါဘူး... သူ ငါ့ဆီကကျင့်စဉ်ကို သင်ယူပြီးတဲ့နောက် တိုက်ခိုက်ရေးစွမ်းရည်က အတော်လေးကို သိသိသာသာတက်လာတာပဲ..."