← Chapters

တကယ်ပဲ ဂူမိသားစုရဲ့မျိုးဆက်လား... ဂူလင်းဖေးရဲ့ ထူးခြားတဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံ...

Vol. 14 Ch. 173

တကယ်ပဲ ဂူမိသားစုရဲ့မျိုးဆက်လား... ဂူလင်းဖေးရဲ့ ထူးခြားတဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံ...

Vol. 14 Ch. 173

“မလန့်ကြပါနဲ့... ငါ အရင်ဆုံး မင်းတို့စီနီယာအစ်ကိုကြီးရဲ့ အခြေအနေကို ကြည့်ပါရစေဦး...”

အဖိုးလင်းက သူ့စိတ်ဝိညာဉ်စွမ်းအင်များကို ဂူလင်းဖေးခန္ဓာကိုယ်ထဲသို့ စီးဝင်စေပြီး စမ်းသပ်ကြည့်လိုက်ရာ သူ့သွေးကြောမျှင်များမှာ အလွန်တရာ ရှုပ်ထွေးနေတာကို ခံစားလိုက်ရသည်။ ဂူလင်းဖေး၏အခြေအနေမှာ တကယ့်ကိုထူးဆန်းနေသည်ဟု ဆိုရပေမည်။

“အဘိုးလင်း... ကျွန်မတို့ကို ရင်တထိတ်ထိတ်နဲ့ မထားပါနဲ့တော့.... အဘိုး တစ်ခုခုသတိထားမိနေတာ ကျွန်မသိတယ်...၊ အမြန်ပြောပြပါဦး... အဘိုး ဒီလိုမျိုး ဝှက်ဖုံးထားတော့ ကျွန်မတို့ ပိုပြီးစိုးရိမ်ရတာပေါ့....”

ဟွမ်းချောင်ယုက အသည်းအသန် မေးတော့သည်။

“စီနီယာအစ်မ... စိတ်အေးအေးထားပါ... ကျွန်တော်တို့လည်း ဘာဖြစ်တာလဲဆိုတာ မသိသေးဘူးလေ... အဘိုးလင်းကို အရင်စစ်ဆေးခွင့်ပေးလိုက်ပါဦး...”

ရှန့်ကွမ်းချင်းယန်ကလည်း စိုးရိမ်နေသော်လည်း ဤအချိန်တွင် အလောတကြီးတိုက်တွန်းနေပါက အဘိုးလင်း၏အာရုံစူးစိုက်မှုကို အနှောင့်အယှက်ဖြစ်စေမည်ကို သူသိသည်။

“ကောင်းပါပြီ...”

ဂူလင်းဖေး၏အသက်ရှူသံမှာ အနည်းငယ်ပုံမှန်လာသယောင် ရှိသော်လည်း အလွန်အားနည်းနေဆဲပင်ဖြစ်သည်။ ဟွမ်းချောင်ယုသည် သူမမိသားစုထဲမှ လူကြီးများ ကွယ်လွန်ခါနီးဖြစ်ပေါ်တတ်သည့် ပုံစံမျိုးနှင့် ယခုအစ်ကိုကြီး ဖြစ်နေသည့် ပုံစံမှာ ဆင်တူနေသဖြင့် ပို၍ထိတ်လန့်နေမိသည်။

“ဟင်း... အမှန်အတိုင်းပြောရရင် ငါက ဆေးပညာရှင်တော့ မဟုတ်ဘူး... ဒါပေမဲ့ ဒီအခြေအနေမျိုးကို ငါ အရင်ကမြင်ဖူးခဲ့လို့ မင်းတို့အစ်ကိုကြီးကို ကြည့်ပေးနိုင်မယ်လို့ ပြောခဲ့တာ... ဒါပေမဲ့ အခုသူ့ပုံစံက ငါမှတ်မိနေတဲ့ အခြေအနေနဲ့ နည်းနည်းတော့ ကွဲပြားနေတယ်...”

အဖိုးလင်းက သံသယများဖြင့် ပြောလိုက်သည်။

“မင်းတို့အစ်ကိုကြီး အခုလိုဖြစ်သွားတာက ခန္ဓာကိုယ်ထဲမှာ ရောဂါရှိလို့ မဟုတ်ဘူး... တစ်ခြား အကြောင်းရင်းတစ်ခုကြောင့် ဖြစ်ရမယ်... ဒီလို အခြေအနေမျိုးက များသောအားဖြင့် ကျင့်စဉ်ကြောင့် ဒါမှမဟုတ် သုံးစွဲလိုက်တဲ့ဆေးလုံးတွေကြောင့် ဖြစ်တတ်တာ...”

အဖိုးလင်းဆိုလိုသည်မှာ ဂူလင်းဖေးခန္ဓာကိုယ်အတွင်းမှပြဿနာမှာ သူထင်ထားသည်ထက် ပိုကြီးမားနိုင်ကြောင်း ဖြစ်သည်။

“အဘိုးလင်း... အဘိုး ဆိုလိုတာက...”

“မင်းတို့ အစ်ကိုကြီးရဲ့ပြဿနာက ကျင့်စဉ်ကြောင့် မဟုတ်ဘူး၊ သူ့ရဲ့... သွေးမျိုးဆက်ကြောင့်ပဲ...”

ထိုစကားလုံးကို ကြားလိုက်ရသည့်အခါ တပည့်များအားလုံးမျက်လုံးပြူးသွားကြသည်။

'သူတို့စီနီယာအစ်ကိုကြီးမှာ ဆင်းရဲသားမိသားစုမှ လာသူဖြစ်ပြီး ကျင့်ကြံခြင်းတွင် အသင့်အတင့်အရည်အချင်းရှိရုံသာ မဟုတ်ဘူးလား။ အခုမှ ဘာကြောင့် သွေးမျိုးဆက်အကြောင်း ပါလာရတာလဲ...'

“ဒါကို အချိန်တိုအတွင်း ရှင်းပြဖို့ခက်ပေမဲ့ မင်းတို့ အစ်ကိုကြီးရဲ့ခန္ဓာကိုယ် အခြေအနေအရ ဒါက သေချာသလောက်ပဲ...”

“ဒါဆို ဘယ်လိုလုပ်ရမလဲ အဘိုး...”

ဟွမ်းချောင်ယုတို့အဖွဲ့က အသည်းအသန် မေးကြပြန်သည်။

“တကယ်တော့ ဒါကိုသွေးမျိုးဆက်လို့ ခေါ်တာထက် ခန္ဓာကိုယ်ဖွဲ့စည်းပုံလို့ ခေါ်ရင်ပိုမှန်လိမ့်မယ်... မင်းတို့အစ်ကိုကြီးမှာ အခုထိအလုံပိတ်ထားခံရတဲ့ ထူးခြားတဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံ ရှိနေတယ်... သူက နိုးထဖို့ အဆင်သင့်မဖြစ်သေးဘဲနဲ့ နိုးထမှုလုပ်ငန်းစဉ်က စတင်နေပြီ... အဲဒါကြောင့် အခုလိုဖြစ်ရတာ...”

အဘိုးလင်း၏ စကားများကြောင့် အားလုံးကြောင်အမ်းသွားကြသည်။ ပထမတော့ သွေးမျိုးဆက်၊ ယခုတော့ ခန္ဓာကိုယ်ဖွဲ့စည်းပုံ သူတို့အတွက် လက်ခံရန် ခက်ခဲနေသည်။ သူတို့စိုးရိမ်နေသည်မှာ အစ်ကိုကြီး အစွမ်းထက်လာမည်ကို မဟုတ်ပေ။ အကယ်၍ ဤ နိုးထမှုပြီးသွားလျှင် သူတို့သိထားသည့် စီနီယာအစ်ကိုကြီးမှာ စိတ်နေစိတ်ထားပြောင်းလဲသွားပြီး တခြားလူတစ်ယောက် ဖြစ်သွားမည်ကိုသာ ကြောက်ရွံ့နေကြခြင်းဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ရှေးဟောင်းကျမ်းစာများတွင် ထူးခြားသည့်ခန္ဓာကိုယ် နိုးထလာပြီးနောက် စိတ်နေစိတ်ထား လုံးဝပြောင်းလဲသွားသူများအကြောင်း ရှိခဲ့ဖူးသောကြောင့်ဖြစ်သည်။

“ဒါပေမဲ့ ဒါက ဘယ်လိုခန္ဓာကိုယ်မျိုးလဲ... ဘယ်လိုနိုးထအောင် လုပ်ရမလဲဆိုတာတော့ ငါလည်း အခုထိမသိသေးဘူး... သူ့ခန္ဓာကိုယ်ထဲက စိတ်ဝိညာဉ်စွမ်းအင်တွေက အရမ်းကို မတည်မငြိမ်ဖြစ်နေတယ်အရင်ဆုံးသွေးကြောမျှင်တွေကို ပြန်ပြုပြင်ပေးပြီး စွမ်းအင်တွေကို တည်ငြိမ်စေမယ့်ဆေးလုံး ယူလာခဲ့ကြဦး... ငါလည်း သူ့ရဲ့အရှိန်အဝါကို တည်ငြိမ်အောင် ကူညီပေးမယ်... ဒါက ငါ အစွမ်းကုန်လုပ်ပေးနိုင်တဲ့အဆင့်ပဲ...”

အဖိုးလင်း၏မျက်နှာမှာ အလွန်တည်ကြည်နေသည်။

သူသည် ဂူလင်းဖေးမှာ တကယ်ပဲ ဂူမိသားစုရဲ့ မျိုးဆက်လားဟု သံသယရှိခဲ့သော်လည်း အခုတော့ သူ့ခန့်မှန်းချက်မှာ မှန်ကန်နေပြီဖြစ်သည်။ သို့သော် မိသားစုခွဲမှ လာသူတစ်ဦးက ဘာကြောင့်သန့်စင်သည့် သွေးမျိုးဆက်ရှိသူများသာ ရရှိနိုင်သော ခန္ဓာကိုယ်ဖွဲ့စည်းပုံမျိုး ရှိနေရသနည်း ဆိုသည်မှာတော့ ပဟေဠိတစ်ခုပင်ဖြစ်သည်။

“စီနီယာအစ်မ... ကျွန်တော်တို့ဆရာကို အကြောင်းကြားသင့်တယ် မဟုတ်လား...”

သူတို့ဆရာ့ကို ချက်ချင်း အကြောင်းကြားချင်သော်လည်း ယနေ့မှ ဆရာက ပန်းချီလိပ်ကို တစ်ယောက်တည်း လေ့လာမည်ဟု ပြောထားသဖြင့် သွားရောက်နှောင့်ယှက်ရန် တွန့်ဆုတ်နေကြခြင်း ဖြစ်သည်။

ထိုစဉ်မှာပင်... ကျန်းယီမင်သည် တံခါးကို တွန်းဖွင့်ကာဝင်လာခဲ့သည်။ သူသည်ခြံဝန်းတွင် ကျင့်ကြံရန် ပြင်နေစဉ် ဂိုဏ်းအတွင်းမှ မတည်ငြိမ်သည့် အရှိန်အဝါတစ်ခုကို ခံစားလိုက်ရသဖြင့် ချက်ချင်း ထွက်လာခဲ့ခြင်း ဖြစ်သည်။

“ဒါ... ဒါ ဘာဖြစ်တာလဲ... လင်းဖေး... လင်းဖေး... မင်း ဘာဖြစ်တာလဲ...”

အသက်ငင်နေသည့် ဂူလင်းဖေးကို မြင်လိုက်ရသည့်အခါ ကျန်းယီမင်မှာ အလွန်စိုးရိမ်တကြီး ဖြစ်သွားပြီး ဘေးသို့ အပြေးအလွှားရောက်လာသည်။

“ဒါ ဘယ်လို ဖြစ်ရတာလဲ...”

ဂူလင်းဖေးသည် သူ့ပထမဆုံ တပည့် ဖြစ်သည်။ သူ ကျန်းယီမင် ကိုယ်တိုင်အန္တရာယ် ကြုံရလျှင် ကြုံရပါစေ သူ့တပည့်ကိုတော့ တစ်ခုခုအဖြစ်မခံနိုင်ပေ။ ဟွမ်းချောင်ယုက အခြေအနေအားလုံးကို ဆရာ့အား ရှင်းပြလိုက်သည်။ အဘိုးလင်းကလည်း သူသိထားသည့် အချက်အလက်များကို တင်ပြလိုက်သည်။

အားလုံးကို နားထောင်ပြီးနောက် ကျန်းယီမင်မှာ အခြေအနေကို နားလည်သွားသည်။ သူ့တပည့်များမှာ တစ်ယောက်ချင်းစီ ထူးခြားသည့်နောက်ခံသမိုင်းကြောင်းများ ရှိနေကြသည်ကို သူမမျှော်လင့်ထားခဲ့ပေ။ တကယ်တော့ ဤကဲ့သို့ခန္ဓာကိုယ် နိုးထသည့်ကိစ္စမျိုးမှာ သူရဲ့ ပထမဆုံးအကြိမ် မဟုတ်ပေ။

ယခင်က ဟွမ်းချောင်ယုရဲ့ခန္ဓာကိုယ်ကို သူကိုယ်တိုင် နိုးထအောင်ကူညီပေးခဲ့ဖူးသည်။ ထိုစဉ်က ဟွမ်းချောင်ယုရဲ့ အခြေအနေမှာ သွေးကြောမျှင်များပါ ပျက်စီးနေခဲ့သဖြင့် ဂူလင်းဖေးထက်ပင် ပိုဆိုးခဲ့သေးသည်။

All Chapters