← Chapters

အခန်း (၂၀၂-၂၀၄)

Vol. 14 Ch. 202-204

အခန်း (၂၀၂-၂၀၄)

Vol. 14 Ch. 202-204

အခန်း (၂၀၂)- ယွင်ရှန်းဈေးကွက် ပျက်စီးခြင်းနှင့် ကုန်းကျင်း ကောင်းကင်ဓားသိုင်း (အပိုင်း ၂)

~တကယ့် မိုက်မဲမှုပါပဲလား။

"ဟူး..."

စုယွီ စိတ်ထဲမှ သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်မိသည်။

"ထားလိုက်ပါတော့လေ... တစ်ချိန်ချိန် ငါ့မိသားစုဝင်တွေအတွက် စာရင်းရှင်းရမယ့်အချိန် ရောက်လာရင်၊ မင်းအတွက်ပါ တစ်ခါတည်း စာရင်းရှင်းပေးပါ့မယ်..."

သို့သော် လဝက်ခန့် ကြာပြီးနောက်...

သူ၏ နန်းဆောင်ရှေ့တွင် ရုတ်တရက် ပေါ်လာသော မိတ်ဆွေဟောင်း လော့ချန်ယွီကို ကြည့်ပြီး စုယွီ ကြောင်အ သွားမိသည်။ သူမ၏ ဆံနွယ်များသည် ဖြူဖွေးနေပြီး၊ မျက်နှာပေါ်တွင်လည်း အရေးအကြောင်းများ ပြည့်နှက်နေသည် မဟုတ်ပါလော။

"ခင်ဗျား..."

"မိတ်ဆွေလော့... ဒါ ဘယ်လိုဖြစ်ရတာလဲ... ကျွန်တော်..."

လော့ချန်ယွီက ပါးပါးလေး ပြုံးလိုက်ပြီး စုယွီကို ပြောလေ၏။

"ဖေးမိသားစုရဲ့ အမြုတေဖွဲ့စည်းခြင်းအဆင့် အရှင်သခင်က သူ့လူတွေနဲ့အတူ တာ့ယွဲ့နယ်မြေကနေ ထွက်ပြေးသွားပြီ...ငါလည်း ယွင်ကျန်းဂိုဏ်းကနေ ထွက်လာခဲ့ပြီ... အခုချိန်ကစပြီး ငါဟာ ဂိုဏ်းဂဏ မရှိတဲ့ အဘွားအိုတစ်ယောက် သက်သက်ပါပဲ..."

"မိတ်ဆွေစု အနေနဲ့ ငါ့ကို မောင်းထုတ်မှာ မဟုတ်ဘူးလို့ ယုံကြည်ပါတယ်..."

"ဘာလို့များ ဒီလောက်ထိ..."

စုယွီ သူမကို လက်ညှိုးထိုးကာ ပြောမထွက် ဖြစ်နေရှာသည်။ သူ့မျက်နှာပေါ်တွင် ဝမ်းနည်းမှုနှင့် နှမြောတသမှုများ ပြည့်နှက်နေသော်လည်း၊ သူမကို ဆူပူကြိမ်းမောင်းရန် အားမရှိတော့ပေ။ ဖြစ်ပြီးခဲ့သည့် ကိစ္စတစ်ခုကို ပြစ်တင်ဝေဖန်နေရုံဖြင့် အကျိုးမရှိနိုင်တော့ပြီ မဟုတ်ပါလော။

လော့ချန်ယွီကမူ သူမ၏ ချန်ခွန်းအိတ်ထဲမှ ကျောက်စိမ်းပြား တစ်ချပ်ကို ထုတ်ယူလိုက်ပြီး စုယွီ၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။

"ဖေးမိသားစုရဲ့ အရှင်သခင်ကို ဒဏ်ရာအပြင်းအထန် ရစေခဲ့တုန်းက၊ ငါ့ဘက်က ဘာဒဏ်ရာကြီးကြီးမားမားမှ မရခဲ့ပါဘူး... ဒီ ဒန်တျန်ကို ငါ့ဘာသာငါ ဖျက်ဆီးပစ်လိုက်တာပါ..."

ထိုစကားကို ကြားလိုက်ရသောအခါ စုယွီ ထိတ်လန့်တုန်လှုပ်စွာဖြင့် လော့ချန်ယွီကို မော့ကြည့်လိုက်မိသည်။

သူမ ကိုယ့်ဒန်တျန်ကို ကိုယ်တိုင် ဖျက်ဆီးပစ်လိုက်တာတဲ့လား။

"ပထမအချက်ကတော့... လူတွေရဲ့ အမြင်ကနေ ပျောက်ကွယ်သွားပြီး အေးအေးဆေးဆေး ကျင့်ကြံလို့ရအောင်ပါ... ဒုတိယအချက်ကတော့...ငါ့ရဲ့ ဒန်တျန်က ကျုပ်အတွက် အသုံးမဝင်တော့လို့ပါ... တကယ်တော့ အဲ့ဒါက ငါ့ရဲ့ တာအိုအခြေခံအုတ်မြစ် ပြီးပြည့်စုံဖို့အတွက် အဟန့်အတားတောင် ဖြစ်နေစေတာ..."

လော့ချန်ယွီက စုယွီကို တည်ငြိမ်စွာ ကြည့်ရင်း ဆက်ပြောသည်။

" မိတ်ဆွေစုရဲ့ စိတ်ထားကို ယုံကြည်ပါတယ်... ဒါကြောင့် ဒီကျောက်စိမ်းပြားထဲက ကျင့်စဉ်ဟာ အခုလောလောဆယ် ငါ ပေးနိုင်တဲ့ တစ်ခုတည်းသော ကျေးဇူးတင်လက်ဆောင်ပါပဲ..."

"တောင်းဆိုချင်တာ တစ်ခုပဲ ရှိပါတယ်... ငါ့ကို ဒီဆေးလုံးတောင် မှာ ခိုလှုံခွင့်ပေးပြီး ကျင့်ကြံခွင့် ပြုပါ..."

"ခင်ဗျား..."

စုယွီ ဆက်မေးချင်နေသော မေးခွန်းများကို မျိုသိပ်လိုက်ရသည်။ လော့ချန်ယွီ ဆေးလုံးတောင်တွင် နေထိုင်လိုသည်ဟု ကြားရသောအခါ သူ မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိ၏။

"ခင်ဗျား ဒီကို ရောက်နေတယ်ဆိုတာ တခြားသူတွေ သိကြလား..."

လော့ချန်ယွီ ခေါင်းအနည်းငယ် ညိတ်ပြသည်။

"ဂိုဏ်းချုပ် ဘိုးဘေးကြီးက ငါ့ကို ဒီကို လွှတ်လိုက်တာပါ... ကျန်တဲ့ စုမိသားစုဝင် ဘယ်သူမှ မသိကြပါဘူး..."

ဂိုဏ်းချုပ် ဘိုးဘေးကြီး။ ယွင်ကျန်းဂိုဏ်းရဲ့ အမြုတေဖွဲ့စည်းခြင်းအဆင့် အကြီးအကဲ။

ဒါက...

ဒီကိစ္စက...

စုယွီ ခေါင်းကိုက်ချင်သလို ဖြစ်သွားသည်။ လော့ချန်ယွီကို ဆေးလုံးတောင်တွင် လက်ခံထားခြင်းသည် အန္တရာယ်များလှသည်။ သို့သော် သူ၏ ဝိညာဉ်အာရုံ သည် လက်ထဲရှိ ကျောက်စိမ်းပြားကို ထိတွေ့မိလိုက်သည်နှင့်၊ ရွှေဓာတ် ဝိညာဉ်အမြစ် အတွက် ရည်ရွယ်သော မူလ ဝိညာဉ်အဆင့် ရှေးဟောင်းကျင့်စဉ်တစ်ခု ဖြစ်သည့် 'ကုန်းကျင်း ကောင်းကင်ဓားသိုင်း' သည် သူ့ခေါင်းထဲသို့ ချက်ချင်း စီးဝင်လာလေ၏။

ဒါက ရှေးဟောင်း အင်မော်တယ်ဂိုဏ်းကြီးတစ်ခု ဖြစ်သော ကောင်းကင်အင်မော်တယ် စံအိမ် မှ ဆင်းသက်လာသည့် အခြားသော စွမ်းအားကြီး ကျင့်စဉ်တစ်ခုပင်။

ကြည့်ရတာ ဒီကိစ္စက အဆင်ပြေမယ့် ပုံပါပဲလေ။

အခြားသော မိသားစုဝင်များ လော့ချန်ယွီကို မတွေ့သေးခင်၊ စုယွီ သူမကို နန်းဆောင်အတွင်းရှိ လျှို့ဝှက်ခန်းထဲသို့ အလျင်အမြန် ခေါ်ဆောင်သွားပြီး အကာအကွယ် အခင်းအကျင်းများ အားလုံးကို ဖွင့်လိုက်သည်။

ထိုအခါမှသာ စုယွီ သက်ပြင်းချနိုင်တော့သည်။ သူ လော့ချန်ယွီကို ကြည့်ကာ ပြောလိုက်သည်။

"ဒါက ကျွန်တော် အရင်တုန်းက တံခါးပိတ်ကျင့်ကြံခဲ့တဲ့ နေရာပါ... အရမ်းလုံခြုံတယ်... ဒီနေ့ကစပြီး မိတ်ဆွေလော့ ဒီနေရာမှာပဲ သိုသိုသိပ်သိပ် ကျင့်ကြံနေပါ..."

"တခြား လိုအပ်တာများ ရှိသေးလား..."

လော့ချန်ယွီက တုံ့ဆိုင်းခြင်းမရှိဘဲ ပြောလိုက်သည်။

"ချီစွမ်းအင်စုစည်းခြင်း ဆေးလုံး နဲ့ အစာရှောင်ဆေးလုံး... ဖြစ်နိုင်ရင် ထိပ်တန်းအရည်အသွေးတွေ လိုချင်ပါတယ်..."

စုယွီ ခေတ္တမျှ စဉ်းစားပြီးနောက်၊ သူကိုယ်တိုင် ဖော်စပ်ထားခဲ့သော ဆေးပုလင်း (၁၀) ပုလင်းခန့်ကို ထုတ်ပေးလိုက်သည်။ အများစုမှာ သူ မကြိုက်နှစ်သက်၍ ဖယ်ထားခဲ့သော ထူးကဲအဆင့် ဆေးလုံးများ ဖြစ်ပြီး၊ အချို့မှာမူ ပြီးပြည့်စုံသော အဆင့် များ ဖြစ်ကြ၏။

"ဒီဆေးလုံးတွေကို မိတ်ဆွေလော့ အရင်သုံးနှင့်ပါ... နောက်ကျရင် ကျုပ် ထပ်ယူလာပေးပါ့မယ်..."

ဆေးလုံးများကြားထဲတွင် ဆေးလုံးအမှတ်အသား ပါဝင်သော ပြီးပြည့်စုံသော အဆင့် ဆေးလုံးအချို့ ပါဝင်နေသည်ကို မြင်လိုက်ရသောအခါ၊ လော့ချန်ယွီ ခေတ္တမျှ ကြောင်အ သွားမိသည်။

ထို့နောက် စုယွီကို မော့ကြည့်လိုက်ရာ၊ သူမ၏ ရင့်ရော်နေသော မျက်နှာပေါ်တွင် အပြုံးနုနုလေးတစ်ခု ပေါ်လာသည်။ သူမ ခေါင်းညိတ်ကာ ပြောလိုက်သည်။

"ဒီနေ့ မိတ်ဆွေစုရဲ့ ကြင်နာမှုနဲ့ ရက်ရောမှုတွေကို... တစ်နေ့ကျရင် ချန်ယွီ ပြန်လည် ပေးဆပ်ပါ့မယ်..."

စုယွီ သက်ပြင်းတစ်ချက် ဖွဖွမှုတ်ထုတ်လိုက်ရင်း၊ တစ်ချိန်က အလွန်လှပခဲ့သော ဤအမျိုးသမီးကို ကြည့်ကာ ပြောလိုက်သည်။

"ခင်ဗျား ဘာလို့ ဒီလောက်ထိ အန္တရာယ်များတာကို လုပ်ခဲ့လဲ ဆိုတာ ကျွန်တော် နားမလည်ပေမဲ့... ခင်ဗျားရဲ့ ဘဝသစ် ပြန်စတင်မှု အောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်..."

"အနည်းဆုံးတော့... ကျင့်ကြံခြင်း ခရီးလမ်းမှာ ကျွန်တော်နဲ့အတူ လျှောက်လှမ်းမယ့် မိတ်ဆွေတစ်ယောက် ထပ်ရလာတာပေါ့..."

ခေတ္တမျှ ကြာပြီးနောက်...

စုယွီ လျှို့ဝှက်ခန်းထဲမှ ထွက်ခွာလာခဲ့သည်။

*

လော့ချန်ယွီသည် သူမရှေ့ရှိ ဆေးပုလင်းများကို တစ်လုံးပြီးတစ်လုံး ကြည့်လိုက်၊ အပြင်ဘက်သို့ လှမ်းကြည့်လိုက်နှင့် နောက်ဆုံးတွင် စိတ်ကို စုစည်းကာ တင်ပျဉ်ခွေ ထိုင်ချလိုက်သည်။

သူမ၏ ဒန်တျန် ပျက်စီးသွားပြီးနောက်၊ ဒန်တျန် ရှိခဲ့ဖူးသော နေရာတွင် ယခုအခါ ဓားတစ်လက် နေရာယူထားတော့၏။

ဒါက သူမ၏ အသက်ဝိညာဉ် ဆက်နွှယ်နေသော တာအိုဓားပင် ဖြစ်၏။ အဆင့်နိမ့် ရှေးဟောင်း မှော်ရတနာ တစ်ခုဖြစ်ပြီး၊ အသက်ဝိညာဉ် ဆက်နွှယ်လိုက်သည်နှင့် တပြိုင်နက် ကြီးထွားလာနိုင်စွမ်း ရှိလာသည်။

ရွှေဓာတ် ဝိညာဉ်အမြစ်နှင့် ပေါင်းစပ်ထားသော ဤတာအိုဓားကို ဒန်တျန် နေရာတွင် အစားထိုး ကျင့်ကြံခြင်းဖြင့်၊ ယခုမှစ၍ ဤဓားသည် သူမ၏ တာအိုအခြေခံအုတ်မြစ် ဖြစ်လာတော့မည်။

ဒါကြောင့်လည်း သူမက အသစ်ကနေ ပြန်စဖို့ ရွေးချယ်ခဲ့ခြင်း ဖြစ်၏။

အကယ်၍သာ ပြန်မစခဲ့လျှင်၊ ရွှေရောင်အမြုတေ တာအိုလမ်းစဉ်အား ပေါက်မြောက်အောင်မြင်ရန် နည်းလမ်း ရှာတွေ့နိုင်တော့မည် မဟုတ်။ သို့သော် ယခုကဲ့သို့ ပြန်စလိုက်လျှင်... ရှေးဟောင်းခေတ်က ထင်ရှား ကျော်ကြားခဲ့သော ဘိုးဘေးကြီး တစ်ယောက်ကဲ့သို့ပင်၊ ဤနည်းလမ်းကို အသုံးပြုပြီး အထွတ်အထိပ် ရွှေရောင်အမြုတေ လမ်းစဉ်အား ရောက်ရှိသွားနိုင်ပေသည်။

တနည်းအားဖြင့် ပြောရလျှင်၊ ဒါက စုယွီက ဓာတ်ကြီးငါးပါးလုံးကို တပြိုင်နက်တည်း ကျင့်ကြံပြီး ရွှေရောင်အမြုတေ လမ်းစဉ်ကို ရှာဖွေနေသည်နှင့် ဆင်တူလှပေသည်။

သူတို့နှစ်ဦး၏ လမ်းစဉ် ကွာခြားသည်က လွဲ၍ ကျန်တာ အတူတူပင်။

တစ်ယောက်က ဓာတ်ကြီးငါးပါး လမ်းစဉ်ကို လိုက်ပြီး၊ နောက်တစ်ယောက်က ရှေးဟောင်း ဓားတာအို လမ်းစဉ်ကို လိုက်သည်။

"ငါ အောင်မြင်ပါစေလို့ မျှော်လင့်ပါတယ်..."

လော့ချန်ယွီ ပါးပါးလေး ပြုံးလိုက်၏။ သူမ၏ ရုပ်သွင်က အိုမင်းရင့်ရော်နေပြီး ခန္ဓာကိုယ် အားနည်းနေသည်ကို ခံစားနေရသော်လည်း၊ သက်တမ်း ကုန်ဆုံးတော့မည့် ခံစားချက်ကို သူမ ဂရုမစိုက်တော့ပေ။

ဤအရာများက တာအိုလမ်းစဉ်ကို လိုက်စားမည့် သူမ၏ သံန္နိဋ္ဌာန်ကို မယိမ်းယိုင်စေနိုင်။

လော့ချန်ယွီသည် စိတ်ကို တည်ငြိမ်စွာ စုစည်းလိုက်ပြီး၊ အရည်အသွေးမြင့် ပြီးပြည့်စုံသော အဆင့် ချီစွမ်းအင်စုစည်းခြင်း ဆေးလုံးတစ်လုံးကို မျိုချလိုက်ကာ ဘိုးဘေးများထံမှ လက်ဆင့်ကမ်း ရရှိခဲ့သော ရှေးဟောင်း ဓားကျင့်စဉ်တစ်ခုကို စတင် လည်ပတ်လိုက်လေ၏။

ဝုန်း...

ပတ်ဝန်းကျင် တစ်ခုလုံးတွင် စူးရှထက်မြက်သော အရှိန်အဝါများ ပြည့်နှက်သွားပြီး၊ ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်စွမ်းအင်များသည် လော့ချန်ယွီထံသို့ ညင်သာစွာ စီးဆင်းလာကြ၏။

တစ်ည ကုန်လွန်ပြီးနောက်...

လော့ချန်ယွီသည် အသစ်တဖန် ပြန်လည်ကျင့်ကြံကာ ချီစွမ်းအင်စုစည်းခြင်း ပထမအဆင့် သို့ အောင်မြင်စွာ ပြန်လည်ရောက်ရှိသွားခဲ့လေပြီ။

လဝက်ခန့် ကြာပြီးနောက်...

လော့ချန်ယွီ နောက်ထပ် အရည်အသွေးမြင့် ပြီးပြည့်စုံသော အဆင့် ဆေးလုံးတစ်လုံးကို မျိုချလိုက်ပြီး၊ စတုတ္ထအဆင့် သို့ တက်လှမ်းရန် စတင် ကြိုးစားလိုက်သည်။ သူမထံမှ ထွက်ပေါ်နေသော ဓားချီသည် ပိုမို ပြင်းထန်လာပြီး၊ သူမနှင့် ဓားသည် တစ်သားတည်း ဖြစ်သွားသယောင် ထင်မှတ်ရသည်။

သူမ ကျင့်ကြံလိုက်တိုင်း၊ ပတ်ဝန်းကျင် တစ်ခုလုံး သို့မဟုတ် လျှို့ဝှက်ခန်း အတွင်းရှိ လေထုတစ်ခုလုံးသည် ကြောက်မက်ဖွယ်ကောင်းသော ဓားချီ များအဖြစ် ပြောင်းလဲသွားလေ၏။

ဓားသွားငယ်လေးများစွာ စုစည်းပြီး ၎င်းတို့၏ ကိုယ်ပိုင် နယ်ပယ် တစ်ခု တည်ဆောက်ထားသည့်နှယ်။

နာရီဝက်ခန့် အကြာတွင်...

လော့ချန်ယွီကို ဝန်းရံထားသော ဓားချီများ တုန်ခါသွားပြီး၊ ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်စွမ်းအင်များ လှုပ်ခတ်ကာ သူမ၏ ခန္ဓာကိုယ်ထဲသို့ အလုံးအရင်းနှင့် ဝင်ရောက်သွားသည်။

သူမ၏ အရှိန်အဝါသည် အောင်မြင်စွာ ပြန်လည်ကောင်းမွန်လာပြီး ချီစွမ်းအင်စုစည်းခြင်း စတုတ္ထအဆင့် သို့ တက်လှမ်းသွားနိုင်ခဲ့တော့၏။

လော့ချန်ယွီ လျှို့ဝှက်ခန်းထဲတွင် တံခါးပိတ်ကျင့်ကြံနေစဉ်၊ ယွီခယ်အာ တစ်ယောက်တည်းသာ စုယွီ၏ အသိပေးမှုကို ရရှိထားပြီး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးနေသည်။

စုယွီသည် နေလမင်း ကျွန်း ရှိ ရေခဲနှင့် မီး ဓာတ်နှစ်ပါး ဂူစံအိမ်တွင် နေထိုင်ရင်း၊ နေ့စဉ် ပုံမှန် ကျင့်ကြံခြင်းအပြင် ဒုတိယအဆင့် အဆောင်လက်ဖွဲ့များ ရေးဆွဲရာတွင် ကျွမ်းကျင်မှုကို မြှင့်တင်နေပြီး၊ ဒုတိယအဆင့် အဆင့်မြင့် ဆေးလုံးများ ဖော်စပ်ရန်လည်း စမ်းသပ်နေသည်။

တစ်လ အကြာတွင်၊ စုဇီ သည်လည်း ယွင်ကျန်းဂိုဏ်း မှ ဂိုဏ်းဝင်အဖြစ်မှ တရားဝင် နှုတ်ထွက်ပြီး ပြန်ရောက်လာခဲ့သည်။

စုဇီထံမှ ယွင်ကျန်းဂိုဏ်း၏ လက်ရှိ အခြေအနေကို ကြားသိရပြီးနောက်၊ စုယွီသည် လော့ချန်ယွီ၏ စိတ်ပိုင်းဖြတ်မှု မည်မျှ ခိုင်မာကြောင်း နောက်ဆုံးတွင် နားလည်သွားတော့သည်။

ရေဆန်ကို ပြန်လှော်ခတ်ရဲတဲ့ သူမရဲ့ သတ္တိ။

သူမသည် ဖေးမိသားစုမှ အမြုတေဖွဲ့စည်းခြင်းအဆင့် အရှင်သခင် ကို ကိုယ်တိုင် ခြုံခိုတိုက်ခိုက်ပြီး ဒဏ်ရာအပြင်းအထန် ရစေကာ၊ တာ့ယွဲ့နယ်မြေ မှ ဆုတ်ခွာသွားအောင် လုပ်ဆောင်နိုင်ခဲ့သည်။ ထိုသို့ဖြင့် ယွင်ကျန်းဂိုဏ်းကို ဘေးကင်းစေခဲ့၏။

ပြီးတော့ သူမ၏ ကိုယ်ပိုင် ဒန်တျန်ကို ဖျက်ဆီးပစ်ပြီး၊ လူတွေရဲ့ အမြင်မှ ပျောက်ကွယ်သွားအောင် လုပ်ကာ အသစ်တဖန် ပြန်လည် ကျင့်ကြံခဲ့သည်။

ဒီအတွက် သူမသည် အရာအားလုံးကို စွန့်လွှတ်ခဲ့ရသည်။ ယွင်ကျန်းဂိုဏ်း အပေါ် လွှမ်းမိုးထားသော အာဏာများ အပါအဝင်ပင်။ ပထမအကြီးအကဲသည် ရာထူးမှ ဆင်းပေးလိုက်ပြီး ယွင်ကျန်းဂိုဏ်း၏ ကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်ခြင်း မပြုတော့ပေ။ စုဇီ ကလည်း ဂိုဏ်းမှ ထွက်ခွာပြီး မိသားစုထံ ပြန်လာရန် ရွေးချယ်ခဲ့သည်။

တစ်လအကြာတွင် စုယွီသည် လော့ချန်ယွီထံသို့ ချီစွမ်းအင်စုစည်းခြင်း ဆေးလုံးများ ပို့ပေးရင်း မေးခွန်းတစ်ခု မေးခဲ့သည်။ အရာအားလုံးကို စွန့်လွှတ်ဖို့ ဘယ်လိုများ စိတ်ကူးရခဲ့တာလဲ။

တကယ်လို့များ အသစ်ပြန်ကျင့်ကြံတာ မအောင်မြင်ခဲ့ရင်ရော။

"ငါ ဂိုဏ်းက ထွက်လာတာက လူတွေရဲ့ အာရုံကို ယာယီ လွှဲပြောင်းလိုက်ရုံ သက်သက်ပါ... တကယ်လို့ တစ်နေ့ကျရင်.. အောင်မြင်ပြီး အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ရောက်ခဲ့ရင်၊ ယွင်ကျန်းဂိုဏ်းကို အလိုလို.. ပြန်သွားလို့ရတာပဲလေ..."

လော့ချန်ယွီက တည်ငြိမ်စွာ ပြောလိုက်သည်။

"ဂိုဏ်းချုပ် ဘိုးဘေးကြီး ရှိနေသရွေ့တော့ ယွင်ကျန်းဂိုဏ်း ကစဥ့်ကလျား ဖြစ်သွားမှာ မဟုတ်ပါဘူး..."

ယခု အချိန်တွင် လော့ချန်ယွီသည် ချီစွမ်းအင်စုစည်းခြင်း ဆဋ္ဌမအဆင့် အထိ ပြန်လည် ရောက်ရှိနေပြီ ဖြစ်ပြီး၊ သတ္တမအဆင့် သို့ တက်လှမ်းရန် ပြင်ဆင်နေတော့၏။

*

အချိန်ကား ကုန်ဆုံးလွယ်လှ၏။ နောက်ထပ် နှစ်ဝက်ခန့် ကုန်လွန်သွားပြန်သည်။

နေလမင်း ကျွန်း ရှိ ရေခဲနှင့် မီး ဓာတ်နှစ်ပါး ဂူစံအိမ် အတွင်း...။

စုယွီ တင်ပျဉ်ခွေ ထိုင်နေပြီး၊ သူ၏ ခန္ဓာကိုယ်အတွင်း၌ ရေခဲနှင့် မီး ကျင့်စဉ်ကို လည်ပတ်နေသည်။

ရုတ်တရက် အခြေခံတည်ဆောက်ခြင်း စတုတ္ထအဆင့် ကျင့်စဉ်များ ဖြစ်သော 'ကောင်းကင်နှင်းခဲ ကျဆင်းခြင်း' နှင့် 'ကောင်းကင်ဖီးနစ် နိဗ္ဗာန်သိုင်းကျမ်း' တို့ စတင် လည်ပတ်လာပြီး၊ သူ၏ ကြီးမားလှသော ချီစွမ်းအင်များကို ခန္ဓာကိုယ်အနှံ့ ကြီးမြတ်သော လှည့်ပတ်ခြင်း ပြုလုပ်စေလိုက်သည်။

“ဝူး... ဝူး... ဝူး…”

မျက်တောင်တစ်ခတ် အတွင်းမှာပင်၊ တတိယအဆင့် ဝိညာဉ်သွေးကြော မှ ကြွယ်ဝလှသော ဝိညာဉ်စွမ်းအင်များသည် လှိုင်းလုံးကြီးများအလား စုစည်းလာပြီး စုယွီ၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားကြ၏။

ထိုအချိန်တွင်ပင် စုယွီ၏ ခန္ဓာကိုယ်ထဲရှိ ရေခဲနှင့် မီး ချီစွမ်းအင် နှစ်မျိုးသည် ရေခဲနှင့် မီး ကျင့်စဉ်၏ လည်ပတ်မှုအောက်တွင် ပေါင်းစပ်သွားကြပြီး၊ တွေးကြည့်၍ပင် မရနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု စုယွီ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာလေ၏။

ဤအရှိန်အဝါသည် သာမန် အခြေခံတည်ဆောက်ခြင်း သတ္တမအဆင့် ထက်ပင် ပိုမို ကြောက်မက်ဖွယ် ကောင်းနေသေးသည်။

ရေခဲနှင့် မီး ကျင့်စဉ်သည် နောက်ဆုံးတွင် အခြေခံတည်ဆောက်ခြင်း စတုတ္ထအဆင့် အတွက် နည်းစနစ်တစ်ခုကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့တော့၏။

အခန်း (၂၀၃)- တတိယ အလွှာ ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ်နှင့် လက်ရှစ်ဖက် ဓားလွယ် နှံကောင်ရုပ်သေး ဖန်တီးခြင်း

~နေလမင်း ကျွန်း ပေါ်ရှိ အဆင့်သုံး ဂူစံအိမ် အတွင်း၌...

ဘယ်နှင့်ညာ ကွာခြားမှုက ကောင်းကင်နှင့် မြေကြီးပမာ။

တစ်ဖက်သည် ဖြူဖွေးသော ရေခဲနှင်းကမ္ဘာကြီး ဖြစ်ပြီး၊ အခြားတစ်ဖက်သည်ကား ကောင်းကင်ယံအထိ မီးတောက်များ လောင်ကျွမ်းနေပြီး လေထုကိုပင် လောင်မြိုက်ကာ ရွဲ့စောင်းသွားစေနိုင်သည့် မီးကမ္ဘာကြီး ဖြစ်လေ၏။

"ရေခဲမီး ဝိညာဉ်ဆင့်ခေါ်ကျင့်စဉ်..."

"ဂါး..."

"ကျွီ..."

စုယွီ လက်သင်္ကေတများ ရေးဆွဲလိုက်သည်။ သူ၏ ခန္ဓာကိုယ်အတွင်းမှ ရေခဲနှင့် မီး ချီစွမ်းအင်များ ရုတ်ချည်း ပေါက်ကွဲထွက်ပေါ်လာ၏။ မျက်တောင်တစ်ခတ် အတွင်းမှာပင် ကောင်းကင်နှင့် မြေကြီး စွမ်းအင်များ စုဝေးလာပြီး ဧရာမ ရေခဲနဂါးကြီး တစ်ကောင်နှင့် မီးဖီးနစ်ငှက်ကြီး တစ်ကောင်အဖြစ် ပုံပေါ်လာလေတော့သည်။ သဘာဝစွမ်းအင်များ ပေါင်းစည်းလာသည်နှင့်အမျှ၊ ထိုသားရဲကြီး နှစ်ကောင်သည် ပိုမို ကြီးထွားလာပြီး ၎င်းတို့၏ အရှိန်အဝါသည် ရိုင်းစိုင်းကြမ်းတမ်းလာသည်။

"ဝုန်း..."

ပြင်းထန်သော လေပြင်းမုန်တိုင်းကြားတွင် ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်စွမ်းအင်များ ဆက်တိုက် လှုပ်ခတ်နေသည်။ စုယွီသည် သူ့ရှေ့တွင် ပေါ်လာသော 'ဝိညာဉ်' နှစ်ကောင်ကို မမှိတ်မသုန် ကြည့်နေမိသည်။

ရေခဲနဂါး ဖြစ်စေ၊ မီးဖီးနစ်ငှက် ဖြစ်စေ... နှစ်ကောင်စလုံးသည် သက်ရှိများကဲ့သို့ အသက်ဝင်နေသည်။ ရေခဲနဂါး၏ အကြေးခွံများမှ အေးစက်သော အရှိန်အဝါများ ထွက်ပေါ်နေသလို၊ မီးဖီးနစ်ငှက်ကြီး၏ အမွေးအတောင်များကြားတွင်လည်း မီးတောက်များ တဖျပ်ဖျပ် လောင်ကျွမ်းနေသည်။

လွှမ်းမိုးနိုင်စွမ်း ရှိလှသော သားရဲအရှိန်အဝါသည် သာမန် စံနှုန်းများကို ကျော်လွန်နေပြီး၊ စစ်မှန်သော ရှေးဟောင်း မိစ္ဆာသားရဲကြီးများ အလားပင်။

ရေခဲမီး ဝိညာဉ်ဆင့်ခေါ်ကျင့်စဉ် သည် ကောင်းကင်နှင့် မြေကြီးကြားရှိ ဝိညာဉ်အစစ်အမှန် များကို ဆင့်ခေါ်နိုင်စွမ်း ရှိသည်။

၎င်းတို့၏ ဝိညာဉ်အစစ်အမှန် မပျက်စီးသရွေ့၊ သဘာဝစွမ်းအင်များကို စုစည်းပြီး ပြန်လည် ဖြစ်တည်နိုင်စွမ်း ရှိ၏။ ၎င်းတို့၏ ချီစွမ်းအင်နှင့် ဝိညာဉ်ခန္ဓာကိုယ်များ ပျက်စီးသွားလျှင်ပင် ပြန်လည် စုစည်းနိုင်၏။

သို့သော် ၎င်းတို့ကို ထိန်းသိမ်းထားရန်အတွက် စုယွီ၏ ချီစွမ်းအင်နှင့် ဝိညာဉ်စွမ်းအင် အမြောက်အမြားကို အဆက်မပြတ် သုံးစွဲနေရသည်။

အကယ်၍သာ သူ့တွင် ချီစွမ်းအင် လုံလောက်စွာ ရှိနေမည်ဆိုလျှင်၊ ဤထက်ပိုသော 'ဝိညာဉ်' များကို ဆင့်ခေါ်နိုင်ဦးမည် ဖြစ်၏။

"ဝူး..."

နောက်တစ်ခဏတွင် စုယွီ၏ စိတ်အာရုံ ညွှန်ကြားလိုက်သည်နှင့် တပြိုင်နက်... ရေခဲနဂါးနှင့် မီးဖီးနစ်တို့ ကောင်းကင်ယံသို့ ပျံတက်သွားကြသည်။ နဂါးဟိန်းသံနှင့် ဖီးနစ်ငှက်အော်မြည်သံတို့ ကောင်းကင်နှင့် မြေကြီးကို တုန်ဟည်းသွားစေသည်။ ဧရာမ သားရဲကြီး နှစ်ကောင်သည် လိမ်ယှက်သွားကြပြီး၊ ရေခဲနှင့် မီး စွမ်းအားများ လုံးဝ ပေါင်းစပ်သွားရာ ၎င်းတို့၏ စုပေါင်းအရှိန်အဝါသည် ပိုမို ကြောက်မက်ဖွယ် ကောင်းလာ၏။

စုယွီ၏ အတွေးတစ်ချက် ဝင်လိုက်သည်နှင့်၊ ဤကျင့်စဉ် တိုက်ခိုက်မှုသည် တစ်မိုင်အကွာသို့ ကျရောက်သွားလေ၏။

"ဝုန်း..."

တစ်ခဏချင်းမှာပင် နေလမင်း ကျွန်းကြီး တစ်ခုလုံး တုန်ခါသွားသည်။

ရေခဲနှင့် မီး စွမ်းအားနှစ်ခုသည် ပြင်းထန်စွာ ရိုက်ခတ်သွားကြ၏။ ကျင့်စဉ် ကျရောက်သွားသော နေရာရှိ မြေပြင်သည် ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားပြီး၊ မြေအောက်နက်ရှိုင်းသော နေရာရှိ တတိယအဆင့် ဝိညာဉ်ကျောက်တုံးများပင် ပေါ်ထွက်လာလေ၏။

စုယွီသည် သူ၏ ကျင့်စဉ် ကျွမ်းကျင်မှု မျက်နှာပြင်ကို စစ်ဆေးကြည့်လိုက်သည်။

[ ကျင့်စဉ် : ရေခဲမီး ဝိညာဉ်ဆင့်ခေါ်ကျင့်စဉ် (ကျွမ်းကျင်မှု ၅၄-၄၉ %) ]

ထို့နောက် ခန္ဓာကိုယ်အတွင်းရှိ ချီစွမ်းအင် ကုန်ဆုံးမှုကို အာရုံခံကြည့်လိုက်သည်။ ရေခဲမီး ဝိညာဉ်ဆင့်ခေါ်ကျင့်စဉ် တစ်ကြိမ် သုံးလိုက်ရုံဖြင့် သူ၏ ချီစွမ်းအင် ထက်ဝက်နီးပါး ကုန်ဆုံးသွားခဲ့ပြီ ဖြစ်၏။

ဒါသည် နည်းပါးသော ပမာဏ မဟုတ်ပေ။

သို့သော် ထွက်ပေါ်လာသော စွမ်းအားကလည်း အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။ အခြေခံတည်ဆောက်ခြင်း စတုတ္ထအဆင့်ရှိ 'ကောင်းကင်နှင်းခဲ ကျဆင်းခြင်း' နှင့် 'ဖီးနစ် နိဗ္ဗာန်သိုင်းကျမ်း' တို့ ပေါင်းစပ်ထားသော စွမ်းအားကို စုယွီ တွက်ချက်ကြည့်လိုက်သည်။

"သာမန် အခြေခံတည်ဆောက်ခြင်း ဆဋ္ဌမအဆင့် ကျင့်ကြံသူ တစ်ယောက်အနေနဲ့ ဒီတိုက်ခိုက်မှုကို အစွမ်းကုန် ရှောင်တိမ်းနိုင်မှသာ တော်ကာကျမယ်... သို့မဟုတ်ရင်တော့ လုံးဝ ခုခံနိုင်စွမ်း ရှိမှာ မဟုတ်ဘူး..."

ရေခဲမီး ဝိညာဉ်ဆင့်ခေါ်ကျင့်စဉ် သည် ဝိညာဉ်အစစ်အမှန်များကို ဆင့်ခေါ်ထားခြင်း ဖြစ်၍၊ ရန်သူက ရှောင်တိမ်းလိုက်လျှင်ပင် ရေခဲနှင့် မီး ဝိညာဉ်များက သူတို့ဘာသာ လမ်းကြောင်းပြောင်းပြီး လိုက်လံ တိုက်ခိုက်နိုင်စွမ်း ရှိသည်။

ထွက်ပြေးစရာ လမ်းမရှိပေ။

ရေခဲမီး ဝိညာဉ်ဆင့်ခေါ်ကျင့်စဉ်၏ စွမ်းအားကို စမ်းသပ်ပြီးနောက်၊ စုယွီသည် 'နဂါးကခုန် ဖီးနစ်ပျံသန်းခြင်း ကျင့်စဉ်'၊ 'ရေခဲမီး ငရဲဘုံ ကျင့်စဉ်' နှင့် 'ယင်ယန် လွတ်မြောက်ခြင်း စွမ်းရည်' တို့ကို ဆက်တိုက် လေ့ကျင့် စမ်းသပ်လိုက်ပြန်သည်။

နဂါးပျံ ဖီးနစ်ကကြိုး နှင့် ရေခဲမီး ဝိဉာဉ် ဆင့်ခေါ် ကျင့်စဉ်တို့သည် ဧရိယာအလိုက် တိုက်ခိုက်သော သိုင်းနည်းစနစ်များ ဖြစ်ကြ၏။ နဂါးပျံ ဖီးနစ်ကကြိုး သည် ရေတွက်မရနိုင်သော နဂါးနှင့် ဖီးနစ် ဝိညာဉ်များကို ဆင့်ခေါ်၍ ရန်သူများကို သတ်ဖြတ်နိုင်ပြီး၊ ရေခဲမီး ဝိဉာဉ် ဆင့်ခေါ် သည် ရေခဲနှင့် မီး နယ်ပယ်တစ်ခု ဖန်တီးကာ ရန်သူများကို ပိတ်လှောင်သတ်ဖြတ်နိုင်၏။ ရေခဲနှင့် မီးကို ထိန်းချုပ်ထားသော နတ်ဘုရားတစ်ပါး အလားပင်။

တစ်ခုတည်းသော ပြဿနာမှာ ဤကျင့်စဉ်နှစ်ခုလုံးသည် ရေခဲမီး ဝိညာဉ်ဆင့်ခေါ်ကျင့်စဉ် ထက်ပင် ချီစွမ်းအင် ကုန်ကျမှု ပိုများနေခြင်း ဖြစ်၏။

'ယင်ယန် လွတ်မြောက်ခြင်း စွမ်းရည်' သည် သာမန် သစ်နှင့် မြေ လွတ်မြောက်ခြင်း စွမ်းရည်များထက် အများကြီး ပိုမြန်သည်။ ထို့အပြင် ပိုမို လျှို့ဝှက်နက်နဲပြီး ခန့်မှန်းရ ခက်ခဲသည်။ ထွက်ပြေးလွတ်မြောက်ရန် အခွင့်အလမ်းများစွာ ပေးစွမ်းနိုင်၏။

သို့သော် ပြဿနာက အတူတူပင်... ဤလွတ်မြောက်ခြင်း စွမ်းရည်သည်လည်း ချီစွမ်းအင် အတော်လေး ကုန်ကျသည်။

သူ ကျွမ်းကျင်မှု မျက်နှာပြင်ကို ကြည့်လိုက်သည်။

[ ကျင့်စဉ် : နဂါးကခုန် ဖီးနစ်ပျံသန်းခြင်း ကျင့်စဉ် (ကျွမ်းကျင်မှု ၄၁.၉၄ %)၊ ရေခဲမီး ငရဲဘုံ ကျင့်စဉ် (ကျွမ်းကျင်မှု ၃၉-၄၅ %)၊ ယင်ယန် လွတ်မြောက်ခြင်း စွမ်းရည် (ကျွမ်းကျင်မှု ၃၆.၁၈ %) ]

ဤကျင့်စဉ် သုံးခု၏ ကျန်ရှိနေသော ကျွမ်းကျင်မှု ပမာဏကို ကြည့်ရင်း စုယွီ တွေးလိုက်မိသည်။

"ကျွမ်းကျင်မှု မြင့်လာတာနဲ့အမျှ... ပြီးပြည့်စုံတဲ့ အဆင့်ကို ရောက်သွားရင် စွမ်းအားက နည်းနည်း ပိုတိုးလာလောက်တယ်..."

"ကျင့်စဉ် ထုတ်ဖော်နှုန်းနဲ့ စွမ်းအင် ကုန်ကျမှုကလည်း ပိုမြန်၊ ပိုထိရောက်လာလိမ့်မယ်..."

ထို့နောက် သူ၏ မြေနှင့် သစ်သား ကျင့်စဉ်များ၏ ကျွမ်းကျင်မှုဘက်သို့ လှည့်ကြည့်လိုက်သည်။

[ ကျင့်စဉ် : မြေနှင့် သစ်သား ကျင့်စဉ် (အခြေခံတည်ဆောက်ခြင်း စတုတ္ထအဆင့်၊ ကျွမ်းကျင်မှု ၆၅.၁၇ %) ]

'အစိမ်းရောင် သစ်သား နှစ်ပတ်လည် ကျင့်စဉ်' နှင့် 'ရွှမ်မင် ဆန်းကြယ် မြေကမ္ဘာ ကျင့်စဉ်' တို့၏ ကျွမ်းကျင်မှုအတိုင်းပင်၊ စုယွီ မြေနှင့် သစ် ကျင့်စဉ်များကို ကြည့်ရင်း တွေးလိုက်မိသည်။

"နောက်ထပ် နှစ်နှစ်လောက်ဆိုရင် မြေနှင့် သစ်သား ကျင့်စဉ်တွေလည်း အခြေခံတည်ဆောက်ခြင်း ပဉ္စမအဆင့် ကို ရောက်တော့မယ်..."

သို့သော် မြေနှင့် သစ် ချီစွမ်းအင်များ လျင်မြန်စွာ တိုးတက်လာသည်နှင့်အမျှ၊ စုယွီ၏ ဒန်တျန် အတွင်းရှိ အဆင့်နိမ့် မှော်လက်နက်တစ်ခု ဖြစ်သော 'ရေခဲမီး ပုလဲ' ၏ စွမ်းအင်များသည် လျင်မြန်စွာ ကုန်ဆုံးနေတော့၏။

(၆၀) ရာခိုင်နှုန်းခန့်သာ ကျန်ရှိတော့သည်။

ဝိညာဉ်အမြစ် ငါးပါးကို တွဲဖက်ကျင့်ကြံခြင်း၏ စွမ်းအင် ကုန်ကျမှုသည် စုယွီ မျှော်မှန်းထားသည်ထက် အများကြီး ပိုနေသည်။ မူလက ရေခဲမီး ပုလဲ၏ စွမ်းအားသည် အခြေခံတည်ဆောက်ခြင်း ဆဋ္ဌမအဆင့် သို့မဟုတ် သတ္တမအဆင့် ရောက်သည်အထိ ထောက်ပံ့ပေးနိုင်လိမ့်မည်ဟု သူ တွက်ချက်ထားခဲ့သည်။

ယခု ပြန်ကြည့်လိုက်တော့ ထိုအတွေးက အိမ်မက် တစ်ခုလို ဖြစ်နေတော့၏။

လွန်ခဲ့သော နှစ်ဝက်ခန့်က လော့ချန်ယွီ ထံမှ ရရှိခဲ့သော ရွှေဓာတ် ဝိညာဉ်အမြစ် ကျင့်စဉ်၏ ကျွမ်းကျင်မှုကို သူ စစ်ဆေးကြည့်လိုက်သည်။

[ ကျင့်စဉ် : ကုန်းကျင်း ကောင်းကင်ဓားသိုင်း (ပထမအဆင့်၏ ကိုးဆင့်မြောက်၊ ကျွမ်းကျင်မှု ၆၈.၇၉ %) ]

"မကြာခင် အခြေခံတည်ဆောက်ခြင်းအဆင့် ကို ရောက်တော့မယ်..."

ထိုအချိန်ရောက်လျှင် ဝိညာဉ်အမြစ် ငါးပါးလုံးအတွက် အခြေခံအုတ်မြစ် ချပြီးသား ဖြစ်သွားလိမ့်မည်။

သို့သော် ဤအဆင့်ကို ရောက်ပြီးသည်နှင့် ဘာဆက်လုပ်ရမည်ကို သူ မသေချာသေးပေ။ ဓာတ်ကြီးငါးပါးကို ဘယ်လို ပေါင်းစပ်မလဲ... သို့မဟုတ် မြေနှင့် သစ် ချီစွမ်းအင်ကို ရေခဲနှင့် မီး ချီစွမ်းအင်နှင့် ဘယ်လို ပေါင်းစပ်မလဲ။ ဒီရက်ပိုင်းအတွင်း အဖြေရှာမတွေ့သေးပေ။

အရင်တစ်ခေါက်က သူ တစ်ကြိမ် ကြိုးစားကြည့်ဖူးသည်။ သို့သော် ထိုကြိုးစားမှုတွင် မြေနှင့် သစ် ချီစွမ်းအင်ကို ရေခဲနှင့် မီး ချီစွမ်းအင်နှင့် အနည်းငယ် ထိတွေ့စေခဲ့ရုံသာ ရှိသေးသည်။

ထိုစမ်းသပ်မှုကြောင့် ဖြစ်ပေါ်လာသော ပြင်းထန်သည့် တုန်ခါမှုနှင့် ရိုက်ခတ်မှုများကို သူ မနည်း တောင့်ခံခဲ့ရသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ချက်ချင်း စုတ်ပြတ်သတ်သွားပြီး သွေးရုပ်ထုကြီးတစ်ခုအလား ဖြစ်သွားခဲ့ရသည်။

ထိုအဖြစ်အပျက်က စုယွီကို အတော်လေး လန့်သွားစေခဲ့ပြီး နောက်ထပ် မစမ်းရဲတော့ပေ။

သူ၏ ခန္ဓာကိုယ်သန့်စင်ခြင်း (၁၄) ဆင့်မြောက် ခွန်အားသည်ပင်လျှင် ဝိညာဉ်အမြစ် လေးခု ပေါင်းစပ်မှု၏ ရုန်းရင်းဆန်ခတ် အားကို တောင့်ခံနိုင်ရန် မလုံလောက်ခဲ့ပေ။

တကယ့်ကို ကြောက်စရာ ကောင်းလွန်းသည်။

စုယွီ ခေါင်းကို အနည်းငယ် ခါယမ်းလိုက်ပြီး၊ အတွေးများကို ပြန်လည် စုစည်းကာ စိတ်ကို တည်ငြိမ်အောင် ထားလိုက်သည်။ ထို့နောက် လက်ဝါးကို ဖြန့်လိုက်ရာ နောက်တစ်ခဏတွင် ပြားချပ်ချပ် မျိုးစေ့လေး တစ်စေ့ လက်ပေါ်တွင် ပေါ်လာသည်။

သူသည် အစိမ်းရောင် သစ်သား ချီစွမ်းအင်များကို လည်ပတ်စေပြီး၊ မျိုးစေ့ထဲသို့ ဖြည်းညှင်းစွာ ထည့်သွင်းပေးကာ ဤအမည်မသိ ဝိညာဉ်အပင် မျိုးစေ့လေးကို ပြုစုပျိုးထောင်လိုက်သည်။

မျိုးစေ့ထဲတွင် ရှိနေသော သက်ရှိစွမ်းအား သည် အလွန်တရာ ကြီးမားအားကောင်းနေကြောင်း သူ အာရုံခံမိလိုက်သည်။ အတွင်းမှ သက်စောင့်စွမ်းအင်များသည် သမုဒ္ဒရာကြီးအလား လှိုင်းထန်နေလေတော့သည်။

အခန်း (၂၀၄)- တတိယ အလွှာ ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ်နှင့် လက်ရှစ်ဖက် ဓားလွယ် နှံကောင်ရုပ်သေး ဖန်တီးခြင်း (အပိုင်း ၂)

~သို့ရာတွင် နှစ်ပေါင်းများစွာ ကုန်လွန်ခဲ့ပြီ ဖြစ်သော်လည်း၊ ဤမျိုးစေ့လေး မည်သည့်အချိန်ကျမှ ပြန်လည် အညှောင့်ပေါက်လာမည်ကိုမူ မည်သူမျှ တပ်ပ်မပြောနိုင်သေးချေ။

စုယွီသည် သူ၏ နတ်ဘုရားသစ်သား ချီစွမ်းအင် ထက်ဝက်ခန့်ကို မျိုးစေ့ထဲသို့ ထည့်သွင်းပေးပြီးနောက်၊ ၎င်းကို သူ၏ ချန်ခွန်းအိတ် ထဲသို့ ပြန်လည် သိမ်းဆည်းလိုက်သည်။

ထို့နောက် သူ၏ မီးဓာတ်ဂူစံအိမ်မှ ကျင့်စဉ်စွမ်းအင်များကြောင့် လန့်နိုးလာကာ သူ့ကို အပြစ်ကင်းစင်သော မျက်လုံးများဖြင့် ငေးကြည့်နေရှာသည့် မြေကမ္ဘာ မီးလျှံ မျောက်ဝံ ဘက်သို့ လှည့်ကြည့်လိုက်သည်။ စုယွီက လက်ညှိုးကို တစ်ချက် တောက်လိုက်ရာ ဒုတိယအဆင့် ထိပ်တန်း သားရဲဆေးလုံး တစ်လုံး လေထဲမှ ပျံဝဲသွားသည်။

"ဆက်အိပ်လိုက်ဦး..."

မြေကမ္ဘာ မီးလျှံ မျောက်ဝံ၏ မျက်လုံးများ ချက်ချင်း အရောင်တောက်သွားသည်။ ဆေးလုံးကို တစ်ကိုက်တည်း ဝါးမျိုလိုက်ပြီးနောက် စုယွီကို ကြည့်ကာ ကျေနပ်အားရစွာ အော်ဟစ်လိုက်သည်။

"ဂါး..."

(သခင်က တကယ့်ကို ခန့်ညားလွန်းတာပဲ...)

မကြာမီမှာပင် မျောက်ဝံကြီးသည် ကြမ်းပြင်ပေါ်တွင် ပြန်လှဲချလိုက်ပြီး၊ နှစ်ခြိုက်စွာ ပြန်လည် အိပ်ပျော်သွားတော့သည်။

အိပ်ပျော်နေရင်းနှင့်ပင် ၎င်းသည် သားရဲဆေးလုံး၏ စွမ်းအားများကို ချေဖျက်ကာ အလိုအလျောက် ကျင့်ကြံအားထုတ်နေခြင်း ဖြစ်၏။

စုယွီသည် အကာအကွယ် အခင်းအကျင်းဖြင့် သီးခြားခွဲထုတ်ထားသော ဝိညာဉ်သစ်သီးပင် ရှိရာဘက်သို့ လှည့်ကြည့်လိုက်သည်။ ထိုနေရာတွင် ရေခဲနှင့် မီး စွမ်းအားများ ရောနှောမနေစေရန် စီစဉ်ပေးထားရသည်။ အမွှေးနက် သိမ်းငှက် သည် လွန်ခဲ့သော သုံးလခန့်ကပင် ဒုတိယအဆင့် အထက်တန်းစား အဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်၏။ ၎င်း၏ အမွေးအတောင်များသည် ပိုမို အေးစက်လာပြီး အရောင်ပိုရင့်လာသော်လည်း၊ သွေးစည်းမျိုးဆက် ပိုင်းဆိုင်ရာတွင်တော့ သိသာထင်ရှားသော ပြောင်းလဲမှုကြီး မရှိသေးပေ။

သူ နောက်ထပ် လက်ညှိုးတစ်ချက် တောက်လိုက်ပြန်ရာ၊ ဒုတိယအဆင့် ထိပ်တန်း သားရဲဆေးလုံး တစ်လုံးသည် အမွှေးနက် သိမ်းငှက်ထံသို့ ရောက်ရှိသွားသည်။ ထို့နောက် စုယွီသည် 'ယင်ယန် လွတ်မြောက်ခြင်း စွမ်းရည်' ကို အသုံးပြုကာ တတိယအဆင့် ရေခဲနှင့် မီး ဂူစံအိမ်ထဲမှ ထွက်ခွာလာခဲ့သည်။

ရေခဲနှင့် မီး ပေါင်းစပ်ထားသော စွမ်းအားများသည် မီးတောင်ပေါက်ကွဲသကဲ့သို့ ပြင်းထန်နိုင်သော်လည်း၊ ငြိမ်သက်သွားချိန်တွင်မူ လူသူမရောက်ဖူးသော ရေအိုင်ငယ်လေးတစ်ခုအလား တိတ်ဆိတ်ငြိမ်သက်နေပြီး မည်သည့် စွမ်းအင်လှိုင်းခတ်မှုမျှ မရှိတော့ပေ။

ယင်ယန် လွတ်မြောက်ခြင်း စွမ်းရည်ကို အသုံးပြုထားသော စုယွီ၏ ပုံရိပ်သည် တစ္ဆေဝိညာဉ် တစ်ကောင်အလား ဝိုးတဝါး လှုပ်ရှားသွားသည်။

သူသည် မြေအောက် ရေခဲစမ်းချောင်းနှင့် ချော်ရည်လမ်းကြောင်း လျှို့ဝှက်လမ်းမှတစ်ဆင့် အထက်သို့ တက်လာခဲ့ပြီး၊ မျက်တောင်တစ်ခတ် အတွင်းမှာပင် မြေပြင်ပေါ်သို့ ရောက်ရှိလာလေ၏။

ထိုညတွင် ယွီခယ်အာ နှင့်အတူ တရားဆွေးနွေးမှု တစ်ခု ပြုလုပ်ပြီးနောက်၊ စုယွီ၏ ရင်ထဲမှ အလေးချိန်တစ်ခု လျော့ပါးသွားသလို ခံစားလိုက်ရပြီး စိတ်လက် ပေါ့ပါးသွားတော့သည်။

ရက်အနည်းငယ် ကြာပြီးနောက်...

မာန ကြီးပြီး ကိုယ်လိုရာဆွဲတတ်သော စိတ်နေသဘောထားရှိသည့် မိန်းမပျို တစ်ဦးသည် တာအိုဆရာ ရှုယွီ နှင့်အတူ ဆေးလုံးတောင် သို့ ရောက်ရှိလာသည်။ တာအိုဆရာ ရှုယွီသည် စုယွီ လိုအပ်နေသော ဒုတိယအဆင့် ထိပ်တန်း ကုန်ကြမ်းပစ္စည်း အချို့ကို ယူဆောင်လာခဲ့ခြင်း ဖြစ်၏။ စုယွီက ကုန်ကြမ်းတန်ဖိုးအပြင် (၁၀) ရာခိုင်နှုန်း ကော်မရှင်ခကိုပါ ထပ်ဆောင်း ပေးအပ်လိုက်သည်။

သူတို့သည် ဒုတိယအဆင့် ရွှေဓာတ် သားရဲသားရေ တစ်ချပ်ကိုပါ ရှာဖွေပေးနိုင်ခဲ့သော်လည်း၊ မိုးကြိုးဓာတ် သားရဲသားရေကိုမူ မရှာတွေ့ခဲ့ကြပေ။

စကားစမြည် ပြောဆိုရာမှတဆင့်၊ ထိုမိန်းမပျိုသည် အရက်ကြမ်း တာအိုဆရာမလေး၏ တပည့်အရင်း ဖြစ်ပြီး၊ အမည်မှာ တာအိုဆရာမ ချင်းချွမ် ဖြစ်ကြောင်း စုယွီ သိလိုက်ရသည်။ သူမသည် ငယ်ရွယ်ပြီး အသက် (၃၀) ပင် မပြည့်သေးသော်လည်း၊ ကျင့်ကြံခြင်း အဆင့်မှာမူ အခြေခံတည်ဆောက်ခြင်း တတိယအဆင့် သို့ ရောက်ရှိနေပြီ ဖြစ်၏။

သူမ ဆေးလုံးတောင်သို့ ရောက်လာရခြင်းမှာ ဆရာသခင်၏ အမိန့်အရ ခရီးထွက်ပြီး အတွေ့အကြုံယူရန်နှင့် ကြိုတင် သဘောတူညီထားသော ဒုတိယအဆင့် ထိပ်တန်း အဆောင်လက်ဖွဲ့ (၁၀၀) ကို လာရောက်ယူဆောင်ခြင်းပင်။

တာအိုဆရာမ ချင်းချွမ်၏ စိတ်နေသဘောထားသည် သူမ၏ တာအိုဘွဲ့နာမည် (ကြည်လင်သော စမ်းရေ) နှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေသည်။ သူမသည် မာနကြီးပြီး ဇွတ်တရွတ်ဆန်ကာ၊ ပူပြင်းသော မီးတောက်တစ်ခုအလား စိတ်ဆတ်လွန်းလှသည်။ သာမန်လူများတွင် မရှိသော မာနတရားမျိုးဖြင့် သူမသည် အနည်းငယ် ရိုင်းစိုင်းချင်ပုံလည်း ရသည်။

ဒုတိယအဆင့် ထိပ်တန်း အဆောင်လက်ဖွဲ့ (၁၀၀) လုံးသည် 'သစ်သား ဝိဉာဉ် နတ်ဘုရား ဝါးမြို အဆောင်လက်ဖွဲ့' များချည်း ဖြစ်နေသည်ကို မြင်လိုက်ရသောအခါ၊ တာအိုဆရာမ ချင်းချွမ် နှာခေါင်းရှုံ့လိုက်ပြီး စုယွီကို ကြည့်ကာ ပြောလေ၏။

"ဘာလို့ အကုန်လုံးက တစ်မျိုးတည်း ဖြစ်နေရတာလဲ... ရှင်က ဒီအဆောင်လက်ဖွဲ့ တစ်မျိုးတည်းပဲ ရေးတတ်တာလား..."

စုယွီက တောင်းပန်စကား ဆိုလိုက်သည်။

"ခွင့်လွှတ်ပါ မိတ်ဆွေ... ကျွန်တော်က ဒုတိယအဆင့် ထိပ်တန်း အဆောင်လက်ဖွဲ့ ဆရာ ဖြစ်လာတာ သိပ်မကြာသေးဘူးလေ... ပြီးတော့ ဒုတိယအဆင့် ထိပ်တန်း အဆောင်လက်ဖွဲ့အတွက် ကုန်ကြမ်းပစ္စည်း ရှာရတာလည်း မလွယ်ကူလှဘူး... ဒါကြောင့် အောင်မြင်မှု ရာခိုင်နှုန်း များအောင်လို့ လောလောဆယ် ဒီတစ်မျိုးတည်းပဲ ရေးဆွဲနိုင်သေးတာပါ..."

ဘေးနားတွင် ရပ်နေသော တာအိုဆရာ ရှုယွီက ရယ်မောကာ ဝင်ပြောလေ၏။

"မိတ်ဆွေ ချင်းချွမ် မသိလို့ပါဗျာ...ကျွန်တော့်မိတ်ဆွေ စု က လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကမှ ဒုတိယအဆင့် ထိပ်တန်း အဆောင်လက်ဖွဲ့ ဆရာ ဖြစ်လာခဲ့တာပါ..."

"အခုဆိုရင် မိတ်ဆွေ စု ရဲ့ ကျင့်ကြံခြင်းအဆင့်က အခြေခံတည်ဆောက်ခြင်း စတုတ္ထအဆင့် ပဲ ရှိသေးပေမဲ့၊ ဒီအဆောင်လက်ဖွဲ့ ရေးဆွဲတဲ့ အောင်မြင်မှုနှုန်းကို (၃၀) ရာခိုင်နှုန်းအထိ တိုးမြှင့်နိုင်ခဲ့ပြီ... အဆောင်လက်ဖွဲ့ ပညာဘက်မှာ သူ့ရဲ့ ပါရမီက သာမန်လူတွေ လိုက်လို့မီတာ မဟုတ်ဘူး..."

ရှုယွီ ခေတ္တမျှ ရပ်နားလိုက်ပြီးမှ ထပ်လောင်း ပြောဆိုလိုက်သည်။

"အဆောင်လက်ဖွဲ့ ပညာဘက်မှာ သူ့ရဲ့ ပါရမီက... မိတ်ဆွေ ချင်းချွမ်ရဲ့ ကျင့်ကြံခြင်း ပါရမီအောက် မလျော့ဘူးဗျ..."

ထိုစကားကို ကြားလိုက်ရသောအခါ တာအိုဆရာမ ချင်းချွမ်၏ မျက်လုံးများ အရောင်လက်သွားသည်။ တာအိုဆရာ ရှုယွီက စုယွီဘက်မှ ဤမျှ ကာကွယ်ပြောဆိုပေးသည်ကို သူမ အံ့သြသွားပုံရသည်။ သူမ၏ ဒေါသ အနည်းငယ် လျော့ကျသွားပြီး၊ အဆောင်လက်ဖွဲ့များကို သိမ်းဆည်းလိုက်ကာ ခေါင်းညိတ်လိုက်သည်။

"ထားလိုက်ပါတော့... ဒီလိုပဲ ဖြစ်ပါစေ..."

"ဒါနဲ့... ဒီနားမှာ 'မိစ္ဆာ တောင်ကြား ရှစ်ခု' လို့ခေါ်တဲ့ ရွှေကျောက်စိမ်း နတ်ဘုရား ဂိတ် အပျက်အစီး ရှိတယ် မဟုတ်လား..."

"ကျွန်မ ဒီတစ်ခေါက် ခရီးထွက်ရင်း လည်ပတ်ဖို့ စိတ်ကူးထားတာ... ရှင် ကျွန်မတို့နဲ့အတူ မလိုက်ချင်ဘူးလား..."

"ဝမ်းနည်းပါတယ်ဗျာ မိတ်ဆွေ ချင်းချွမ်...ကျွန်တော်က ရွှေကျောက်စိမ်း နတ်ဘုရားဂိတ် အပျက်အစီးနယ်မြေကို တစ်ခါမှ မရောက်ဖူးပါဘူး..."

စုယွီ ယဉ်ကျေးစွာပင် ငြင်းပယ်လိုက်သည်။ နောက်ဆုံးတွင်တော့ လီပင်ချန်းကိုသာ တာအိုဆရာမ ချင်းချွမ် နှင့် တာအိုဆရာ ရှုယွီ တို့အား လမ်းပြအဖြစ် ထည့်ပေးလိုက်ရသည်။

ထိုနေရာတွင် ရွှေကျောက်စိမ်း နတ်ဘုရားဂိတ် မှ ကျန်ရစ်ခဲ့သော အခင်းအကျင်းများနှင့် တားမြစ်ပိတ်ပင်မှုများစွာ ရှိနေသေးသလို၊ ရှေးဟောင်း မိစ္ဆာသားရဲများလည်း ရှိနေတတ်သည်။ ထို့အပြင် ထိုနေရာသည် ယွင်ကျန်းဂိုဏ်း ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသေးသည် မဟုတ်ပါလော။

သိပ်ပြီး ဘေးကင်းလှသည်တော့ မဟုတ်ပေ။

ယခုအချိန်တွင် စုယွီ လိုလားသည်မှာ အေးအေးချမ်းချမ်း ကျင့်ကြံရန်သာ ဖြစ်၏။ စွန့်စားခရီးထွက်ရန် စိတ်ကူး လုံးဝ မရှိပေ။

တာအိုဆရာမ ချင်းချွမ် မျက်မှောင်ကြုတ်လိုက်ပြီး စုယွီကို မကျေမနပ် ကြည့်လိုက်သည်။ စုယွီက သူမ၏ ကမ်းလှမ်းမှုကို ငြင်းပယ်လိမ့်မည်ဟု သူမ ထင်မှတ်မထားခဲ့ပုံရသည်။

ထိုကဲ့သို့သော အခြေအနေမျိုးကို ရင်းနှီးပြီးသားဖြစ်သော တာအိုဆရာ ရှုယွီကမူ ရယ်မောလိုက်ပြီး သူမကို ခေါ်ဆောင်သွားလေ၏။

သူတို့နှစ်ဦး ထွက်ခွာသွားသည်နှင့် တပြိုင်နက်၊ စုယွီသည် ဆေးဖက်ဝင် ပစ္စည်းများနှင့် အင်းကုန်ကြမ်းများကို ယူဆောင်ကာ တံခါးပိတ် ကျင့်ကြံရန် ပြန်လည် ဝင်ရောက်သွားတော့သည်။

နေလမင်း ကျွန်း၊ တတိယအဆင့် ရေခဲနှင့် မီး ဂူစံအိမ် အတွင်း၌...။

စုယွီသည် ဒုတိယအဆင့် ထိပ်တန်း ရွှေဓာတ် သားရဲသားရေကို အသုံးပြုကာ အဆောင်လက်ဖွဲ့များကို ကျွမ်းကျင်ပိုင်နိုင်စွာ စတင် ပြုလုပ်လေ၏။ သားရဲသားရေမှာ အရွယ်အစား ကြီးမားသော်လည်း၊ နောက်ဆုံးတွင် အသုံးပြု၍ရသော အဆောင်လက်ဖွဲ့ အထွက်နှုန်းမှာ အချပ် (၅၀) ထက် ကျော်လွန်မည် မဟုတ်ပေ။

ပြီးတော့ ဒီသားရဲသားရေ တစ်ချပ်တည်းကိုပင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၈၀၀၀) ပေးခဲ့ရသည်။

တစ်ရက် ကြာပြီးနောက်...

ဒုတိယအဆင့် ထိပ်တန်း အဆောင်လက်ဖွဲ့များ ပြုလုပ်ခြင်း ပြီးစီးသောအခါ၊ စုယွီ ရေတွက်ကြည့်လိုက်သည်။ အောင်မြင်သော အဆောင်လက်ဖွဲ့ (၄၇) ရွက် ရရှိခဲ့သည်။ မဆိုးလှပေ။

သူ့လက်ထဲတွင် ရွှေဓာတ်ပါသော ဒုတိယအဆင့် ထိပ်တန်း သားရဲသွေးလည်း ရှိနေသေးသည်။

"ကဲ... 'အင်မော်တယ် လက်ညှိုးအဆောင်လက်ဖွဲ့' ကို စတင် ရေးဆွဲဖို့ အချိန်ကျပြီ..."

(၁၀) ရက် ကြာပြီးနောက်...

အဆောင်လက်ဖွဲ့ (၂၅) ရွက်ကို အသုံးပြုပြီးနောက်တွင်တော့၊ စုယွီသည် ပထမဆုံးသော ဒုတိယအဆင့် ထိပ်တန်း အထူးအဆောင်လက်ဖွဲ့ ဖြစ်သည့် 'အင်မော်တယ် လက်ညှိုးအဆောင်လက်ဖွဲ့' ကို အောင်မြင်စွာ ရေးဆွဲနိုင်ခဲ့လေ၏။

အဆောင်လက်ဖွဲ့ ပြီးစီးသွားသည့် ခဏ၌၊ ကောင်းကင်နှင့် မြေကြီးကြားတွင် လမ်းလျှောက်နေသော ခမ်းနားထည်ဝါလှသည့် အင်မော်တယ် တစ်ပါး၏ ဝိုးတဝါး ပုံရိပ်ကို စုယွီ မြင်ယောင်လိုက်မိသလို၊ တောင်ကြီးတစ်လုံးပမာ ကြီးမားလှသော လက်ညှိုးကြီးတစ်ခု ကောင်းကင်ယံမှ ကျဆင်းလာသည်ကိုလည်း ခံစားလိုက်ရသည်။

"ဝုန်း..."

ဂူစံအိမ် အတွင်း၌ အဆုံးအစမဲ့သော တတိယအဆင့် သဘာဝစွမ်းအင်များ လှိုင်းထန်သွားသည်။

အချိန် (၁၅ မိနစ်) ခန့် ကြာမြင့်ပြီးနောက်မှသာ အဆောင်လက်ဖွဲ့ ပြီးစီးမှုကြောင့် ဖြစ်ပေါ်လာသော ရုတ်ရုတ်သဲသဲ အခြေအနေများ ငြိမ်သက်သွားတော့သည်။

စုယွီသည် သူ့ရှေ့ရှိ ကျောက်စိမ်းခုံပေါ်မှ အဆောင်လက်ဖွဲ့ကို ကြည့်လိုက်သည်။ ဤအဆောင်လက်ဖွဲ့သည် ရွှေရောင်အဆင်း ရှိပြီး မှိန်ဖျော့ဖျော့ အင်မော်တယ် အလင်းရောင်များ ထုတ်လွှတ်နေသည်။ ၎င်း၏ အရှိန်အဝါသည် သာမန်အတိုင်းပင် ဖြစ်ပြီး၊ မည်သည့် အန္တရာယ် အငွေ့အသက် သို့မဟုတ် ထူးခြားမှုမျိုးမှ ပြသနေခြင်း မရှိချေ။

All Chapters