← Chapters

အခန်း (၇၂၂-၇၂၃)

Vol. 43 Ch. 722-723

အခန်း (၇၂၂-၇၂၃)

Vol. 43 Ch. 722-723

Chapter 722

ဘေးဒုက္ခများ ခေတ္တကင်းကွာချိန် ၂

ရှောင်ယွမ်သည် ခြေဖျားထောက်ကာ စိုက်ပျိုးခန်း၏ ဖန်သားပြင်ကို လက်ကလေးဖြင့် အသာအယာထိလိုက်သည်၊၊ အတွင်းရှိ ဆလတ်ပင်လေးများသည် အညွန့်လေးများ ထွက်နေပြီး အာဟာရပျော်ရည်ထဲတွင် အမြစ်လေးများ တွဲလောင်းကျနေသည်၊၊ သူမသည် အချက်အလက်များကို ဂရုတစိုက် စစ်ဆေးနေသည်၊၊

[ဧရိယာ B-7 ရှိ ဆလတ်ပင်များသည် တွင်းနက်အတွင်းမှ မတည်ငြိမ်သော အခြေအနေများကြောင့် ၂၂ ရာခိုင်နှုန်းခန့် ညှိုးနွမ်းနေပါသည်၊၊ အချိန်စော၍ ခူးယူစားသုံးရန် အကြံပြုပါသည်]

ဂရေ့စ်၏ အသံမှာ အေးစက်တည်ငြိမ်နေသည်၊၊

“နားလည်ပါပြီ’’

ရှောင်ယွမ်က တက်ဘလက်ပေါ်တွင် အချက်အလက်များကို စစ်ဆေးပြီး ဘေးမှ ခရမ်းချဉ်သီးပင်များကို ငုံ့ကြည့်လိုက်သည်၊၊

[ခရမ်းချဉ်သီးပင်များ ထိခိုက်မှု မရှိသော်လည်း ပန်းပွင့်ချိန် ၁ ဒသမ ၃ ရက် နောက်ကျသွားပါသည်]

ဂရေ့စ်က ဆက်ပြောသည်၊၊

[သံလိုက်လမ်းကြောင်းအတွင်း ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကြောင့် ဝတ်မှုန်ကူးနိုင်စွမ်း လျော့ကျသွားသည်ဟု ယူဆရပါသည်]

ရှောင်ယွမ် သက်ပြင်းအသာချရင်း ပြုံးလိုက်သည်၊၊

“တော်သေးတာပေါ့ ဒါတွေက ကပ္ပတိန်လင်းရဲ့ ရတနာတွေလေ’’

ဂရေ့စ်သည် ရှောင်ယွမ်ကို လှည့်ကြည့်ကာ သူမ၏ အသံမှာ ထူးဆန်းစွာ ပြောင်းလဲသွားသည်၊၊

[ရှင့်ရဲ့ နှလုံးခုန်နှုန်း မျက်သူငယ်အိမ်ပြောင်းလဲမှုနဲ့ မျက်နှာအမူအရာတွေအရ လင်းရှန်အကြောင်း ပြောတဲ့အခါ ရှင်က သူ့အပေါ် နှစ်သက်တဲ့စိတ်ခံစားချက်ရှိနေဖို့ ၈၇ ဒသမ ၆ ရာခိုင်နှုန်း သေချာနေပါတယ်]

ရှောင်ယွမ်၏ လက်များ တုန်ရင်သွားကာ အာဟာရပျော်ရည်များ ဖိတ်ကျလုနီးပါးဖြစ်သွားသည်၊၊

“ဒါက သဘာဝပဲ မဟုတ်လား’’

သူမက စိတ်ကို ထိန်းကာ ပြောလိုက်သော်လည်း နားရွက်လေးများ နီရဲနေသည်၊၊

“လူသားတွေဟာ အတူနေတဲ့သူတွေအပေါ် သံယောဇဉ် ဖြစ်တတ်တာပဲ’’

[ဇီဝဗေဒ ရှုထောင့်အရဆိုရင် “နှစ်သက်မှု” ဆိုတာ ဟော်မုန်းတွေနဲ့ အာရုံကြောစနစ်တွေ ပေါင်းစပ်အလုပ်လုပ်တာပါ]

ဂရေ့စ်၏ အသံက စက်ပစ္စည်းတစ်ခုကို ခွဲစိတ်ပြနေသကဲ့သို့ အေးစက်လှသည်၊၊

[ဒိုပါမင်းက ပျော်ရွှင်မှုကို ပေးပြီး အောက်စီတိုစင်က သံယောဇဉ်ကို ခိုင်မြဲစေတယ်၊၊ ဒါဟာ မျိုးပွားဖို့အတွက် ဖြစ်ပေါ်လာတဲ့ ဇီဝကမ္မဖြစ်စဉ်တစ်ခုပဲ]

ရှောင်ယွမ်သည် မှတ်တမ်းစာအုပ်ကို တင်းတင်းဆုပ်ကိုင်ကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်၊၊ လူမရှိသည်ကို သေချာမှ ဂရေ့စ်ကို အနည်းငယ် စိတ်ဆိုးသလို ကြည့်ကာ ပြောလိုက်သည်၊၊

“ဒါက စက်ရုပ်ဆန်တဲ့ အပြုမူတစ်ခုမဟုတ်ဘူး’’

[ကျွန်မတို့ စကားပြောတဲ့အထဲမှာ ရှင်က ကပ္ပတိန်လင်းရှန်ရဲ့ အမည်ကို ၃၇ ကြိမ်တောင် သုံးခဲ့တယ်၊၊ ဒါဟာ ရှင့်အကြောင်း ရှင်ပြောတာထက်တောင် ပိုများနေသေးတယ်]

ဂရေ့စ်က ဆက်ပြောသည်၊၊

[ရှင့်ရဲ့ စိတ်ခံစားမှုထက်ဝက်ကျော်ကို သူက နေရာယူထားတယ်လို့ ကျွန်မနားလည်တယ်]

“ဒါက သူက ကျွန်မတို့ရဲ့ ခေါင်းဆောင်ဖြစ်လို့လေ၊၊ ကျွန်မတို့ အသက်တွေကို အကြိမ်ကြိမ်ကယ်ခဲ့တယ်လေ’’ ရှောင်ယွမ်၏ မျက်နှာလေး ဖြူဖျော့သွားသော်လည်း ပြန်လည်ခုခံပြောလိုက်သည်၊၊

[ဒါဟာ အသက်ရှင်သန်ဖို့ အာမခံချက်ပေးနိုင်တဲ့ သန်မာသူအပေါ် တွယ်တာတဲ့ ဇီဝဗေဒဗီဇနဲ့ ကိုက်ညီနေပါတယ်]

ဂရေ့စ်က သူမကို ကြည့်လိုက်သည်၊၊

[သူ့အပေါ် စိတ်ခံစားမှု ပေးတာဟာ ရှင့်အပေါ် သူပိုဂရုစိုက်လာအောင် လုပ်ဆောင်ရာရောက်တဲ့အတွက် ရှင့်ရဲ့ အသက်ရှင်သန်နိုင်စွမ်းကို ပိုကောင်းစေနိုင်တယ်၊၊ ဒါကြောင့် ဒီစိတ်ကူးကို မစွန့်လွှတ်ဖို့ ကျွန်မအကြံပေးချင်တယ်၊၊ ရှင့်ဘက်က ပိုပြီး လှုပ်ရှားသင့်တယ်]

ရှောင်ယွမ်သည် အသက်ကို ပြင်းပြင်းရှူကာ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် စိုက်ပျိုးရေးသေတ္တာများကို ပြန်စီစဉ်ရင်း ပြောလိုက်သည်၊၊

“ဂရေ့စ်... ရှင်နားမလည်ပါဘူး၊၊ ကျွန်မ အဲဒီလောက်အထိ မစဉ်းစားပါဘူး၊၊ သူ့ဆီကနေ “ဒီနေ့ ဆလပ်ရွက်တွေက တကယ် လတ်ဆတ်တာပဲ” ဆိုတဲ့ စကားလေး ကြားရရင်တင် ကျွန်မအတွက် တစ်နေ့လုံး စိတ်ပျော်ရွှင်နေပါပြီ’’

သူမသည် စိုက်ပျိုးခန်းကို အသာအယာ ပွတ်သပ်လိုက်သည်၊၊

“ဒါဟာ မျိုးပွားဖို့ လိုအပ်ချက် မဟုတ်ပါဘူး၊၊ သူ့ကို ပျော်စေချင်တာပါ၊၊ ဒါမှမဟုတ် လူတိုင်းကို ကူညီပေးနိုင်တဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ရတာကိုပဲ… ကျွန်မပျော်တာပါ’’

[တကယ့်ကို စိတ်ဝင်စားဖို့ကောင်းတဲ့ စိတ်ခံစားမှု ဖော်ပြချက်ပဲ]

ဂရေ့စ်က ပြန်ပြောသည်၊၊

[ဒါကို စိတ်ခံစားမှုဆိုင်ရာ သစ္စာစောင့်သိမှုလို့ ငါ အဓိပ္ပာယ်ဖွင့်လို့ ရမလား]

ရှောင်ယွမ်သည် ရှက်ပြုံးလေး ပြုံးကာ ဘာမှမပြောဘဲ အချက်အလက်များကို ဆက်လက်မှတ်တမ်းတင်နေသည်၊၊

ထိုစဉ် တွဲတံခါးပွင့်လာပြီး လင်းရှန်နှင့် ကီကီတို့ ရထားတွဲအတွင်းသို့ အလျှင်အမြန် ဝင်လာကြသည်၊၊

“ဂရေ့စ်... တိတ်ဆိတ်မြို့တော်ရဲ့ Cloudနဲ့ ဆက်သွယ်ရေးကွန်ရက်ကို ချိတ်ဆက်ပေးပါ၊၊ လူတိုင်း ဆက်သွယ်ရေးမပြတ်တောက်ဖို့ အာမခံချက်ပေးရမယ်’’

[ဂရေ့စ် နားလည်ပါပြီ]

“လင်း... ကပ္ပတိန်လင်း’’

လင်းရှန် အနားရောက်လာသောအခါ ရှောင်ယွမ်က တုန်တုန်ရင်ရင်ဖြင့် ခေါ်လိုက်သည်၊၊

“တချို့ အပင်တွေကို စောစောခူးရပါလိမ့်မယ်၊၊ ဒါရိုက်တာတင်းကတော့ မျိုးစေ့တွေ ပိုလိုအပ်တယ်လို့ ပြောပါတယ်’’

“ကောင်းတာပေါ့၊၊ ဒါဆို ငါတို့ ဟင်းသီးဟင်းရွက်စွပ်ပြုတ် လုပ်သောက်ကြတာပေါ့’’

လင်းရှန်က ရယ်မောရင်း ရှောင်ယွမ်ရှေ့ရှိ ခြင်းတောင်းထဲမှ ခရမ်းချဉ်သီးတစ်လုံးကို ယူကာ အင်္ကျီနှင့် သုတ်ပြီး ကိုက်စားလိုက်သည်၊၊

အနည်းငယ် စိမ်းနေသော်လည်း ချိုချဉ်အရသာရှိနေသည်၊၊

ရှောင်ယွမ်က ခေါင်းညိတ်ကာ ပြုံးပြလိုက်သည်၊၊

“ဟုတ်ကဲ့’’

ထို့နောက် လင်းရှန်သည် ဒရုန်းများ ထုတ်လုပ်ရန် ရထားနောက်ပိုင်းရှိ ၁၃ ခုမြောက် လက်နက်တွဲသို့ သွားသည်၊၊ ကီကီက လင်းရှန်ကို အဓိပ္ပာယ်ပါပါကြည့်ကာ စနောက်လိုက်သည်၊၊

“ဟေး... ရှောင်ယွမ်က ရှင့်ကို သဘောကျနေပုံပဲ၊၊ ရှင်မသိချင်ယောင်ဆောင်နေတာတော့ မဟုတ်ပါဘူးနော်’’

လင်းရှန်က တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ပြောသည်၊၊

“မင်းက ငါ့ကို တစ်ခုခုပြန်ပြောစေချင်နေတာပဲ’’

ကီကီသည် မျက်လုံးဝင့်ကြည့်ကာ သူမ၏ စိတ်ရင်းနှင့် ဆန့်ကျင်ဘက်စကားကို ပြောလိုက်သည်၊၊

“ကျွန်ကတော့ မိန်းကလေးတစ်ယောက်ရဲ့ စိတ်ရင်းကို လျစ်လျူမရှုသင့်ဘူးလို့ ထင်တာပဲ၊၊ စီလန်မြို့တုန်းက သူမက ရှင့်အတွက်နဲ့ အသက်စွန့်ပြီး တွင်းနက်ပိုးကောင်ကြီးကို မျှားခေါ်ပေးခဲ့တာလေ’’

လင်းရှန်၏ လက်ထဲတွင် ယန္တရားအလင်းတန်းများ လက်ခနဲ ပေါ်လာပြီး ပစ္စည်းများစွာသည် ရောက်ရှိလာကာ စက်ရုပ်များကို စတင်ထုတ်လုပ်နေသည်၊၊

“ငါ လုပ်နိုင်တာကတော့ အချိန်နဲ့အမျှ ငါ့ရဲ့ ခွန်အားကို မြှင့်တင်ဖို့၊၊ လက်နက်တွေ ထုတ်လုပ်ဖို့နဲ့ ရထားကို အဆင့်မြှင့်ဖို့ပဲ၊၊ ဒါမှ လူတိုင်း ပိုပြီး ကြာကြာအသက်ရှင်နိုင်မယ်’’

လင်းရှန်က ကီကီကို ကြည့်ကာ သက်ပြင်းချရင်း ပြောလိုက်သည်၊၊

“ကမ္ဘာပျက်ဖို့က တစ်နှစ်တောင် မလိုတော့ဘူး၊၊ အချစ်အကြောင်းပြောနေဖို့ အချိန်မရှိဘူး၊၊ လက်တွေ့ကျတာကိုပဲ လုပ်ကြရအောင်’’

“အပြောကောင်းသားပဲ’’

ကီကီက မျက်စောင်းထိုးလိုက်သည်၊၊ သူမသည် ဒရုန်းများ ထုတ်လုပ်နေသည်ကို ကြည့်ရင်း ဆက်ပြောသည်၊၊

“ဒါဆို ရှင်းဂျီဆီကနေ ဒရုန်းတွေ တောင်းလိုက်ပါလား၊၊ တစ်ခုချင်းထိုင်လုပ်နေတာ အချိန်ကုန်တယ် မဟုတ်လား’’

“လိုအပ်ရင်တော့ လုပ်ရမှာပေါ့’’

သူ၏ ယန္တရားစွမ်းအားကို အသုံးပြုတိုင်း သူ၏ စွမ်းရည်များ တိုးတက်လာသည်ကို အခြားသူများကို ရှင်းပြရန် လင်းရှန်အတွက် ခက်ခဲလှသည်၊၊ ယခု ပုံကြမ်းများ ရရှိထားချိန်တွင် ကိုယ်တိုင် ထုတ်လုပ်ခြင်းဖြင့်သာ [ယန္တရားထုတ်လုပ်မှု] ကျွမ်းကျင်မှု တိုးတက်လာမည် ဖြစ်သည်၊၊ ဤသို့ အန္တရာယ်များမှ ခေတ္တလွတ်မြောက်နေချိန်သည် စွမ်းရည်မြှင့်တင်ရန် အခွင့်ကောင်းပင်ဖြစ်သည်၊၊ ယန္တရားထုတ်လုပ်မှု အဆင့်မြင့်မားလေ အနာဂတ်တွင် ပိုမိုမြန်ဆန်ပြီး ထိရောက်စွာ ထုတ်လုပ်နိုင်လေဖြစ်သည်၊၊

ထို့အပြင် သူသည် ရှင်းဂျီနှင့် ဆက်သွယ်ကာ စွန့်ပစ်ထားသောယာဉ်များ သို့မဟုတ် စက်ပစ္စည်းများကို ဝယ်ယူရန် စီစဉ်ထားသည်၊၊ ၎င်းတို့ကို ယန္တရားဝါးမျိုမှု ပြုလုပ်ပြီး သူ၏ ယန္တရားနှလုံးသားအဆင့်ကို မြှင့်တင်ရန်အတွက် ဖြစ်သည်၊၊

ရှင်းဂျီကလည်း ဤအကြံကို စိတ်ဝင်စားပြီး တန်ဖိုးရှိသော စက်ပစ္စည်းအချို့ စီစဉ်ပေးမည်ဟု ပြောထားသည်၊၊

စက်ပစ္စည်းများကို ဝါးမျိုခြင်းကိုမူ လင်းရှန်က လျှို့ဝှက်ထားပြီး လေ့ကျင့်ရန်အတွက် ပြုပြင်ထိန်းသိမ်းရေး စက်ရုပ်အချို့ကို အရင်ထုတ်လုပ်ရန် ပြင်ဆင်နေသည်၊၊

လင်းရှန် အလုပ်စလုပ်သည်ကို မြင်သောအခါ ကီကီသည် တက်ဘလက်ကို ထုတ်ယူကာ ဖိုတွန်သိုလှောင်ကိရိယာနှင့် ချိတ်ဆက်လိုက်သည်၊၊ ချက်ချင်းပင် စခရင်ပေါ်တွင် ထောင်ပေါင်းများစွာသော ပုံကြမ်းများ ပေါ်လာသဖြင့် သူမ မျက်လုံးပြူးသွားရသည်၊၊

“အိုးမိုင်ဂေါ့... လက်နက်တွေနဲ့ ဒရုန်းတွေတင် မဟုတ်ဘူး၊၊ တိတ်ဆိတ်မြို့တော်ရဲ့ ယန္တရားအစိတ်အပိုင်းတွေနဲ့ စနစ်တွေအကုန်လုံး ဒီမှာရှိနေတာပဲ’’

ကီကီက လင်းရှန်ကို အံ့သြသင့်စွာ ကြည့်ကာ “ရှင်းဂျီက တိတ်ဆိတ်မြို့တော်ကြီးတစ်ခုလုံးကို ရှင့်ကို ပေးလိုက်တာပဲ’’

Chapter 723

စေ့စပ်သေချာသော စီမံကိန်း ၁

လင်းရှန်က သက်ပြင်းတစ်ချက်ချကာ လေးနက်စွာ ပြောလိုက်သည်၊၊

“တကယ်တော့ ဒီကမ္ဘာပျက်ကပ်ထဲမှာ ဒီအရာတွေက တန်ဖိုးမရှိတော့ဘူး၊၊ အဖွဲ့အစည်းကြီးအနည်းငယ်ပဲ ထုတ်လုပ်နိုင်စွမ်းရှိကြတယ်၊၊ သူတို့ကြားမှာ ကုန်သွယ်မှုပြိုင်ဆိုင်မှုလည်း မရှိဘူး၊၊ ငါ ယူသုံးမှသာ ဒါတွေက အသုံးဝင်မှာလေ’’

ကီကီက ခေါင်းညိတ်ပြီး ပြုံးလိုက်သည်၊၊

“ဟုတ်သားပဲ... တခြားသူတွေမှာ ပုံကြမ်းတွေ ရှိရင်တောင် သာမန်အသက်ရှင်ကျန်ရစ်သူတွေက လျှပ်စစ်သံလိုက်သေနတ်ကို လက်နဲ့ လုပ်နိုင်မှာမှ မဟုတ်တာ၊၊ ရှင်ကတော့ ခြွင်းချက်ပေါ့’’

“ဒါကြောင့် ရှင်းဂျီအတွက်က ဘာမှမရှုံးဘူး၊၊ သူက တကယ့် လူတော်တစ်ယောက်ပဲ’’

ရှင်းဂျီ၏ စေတနာကြောင့် လင်းရှန်အတွက် ပုံကြမ်းတိုက်ကြီး ပွင့်သွားသလို ဖြစ်သွားသည်၊၊ အတွင်းတွင် အာကာသယာဉ်ငယ်လေးတစ်စင်း တည်ဆောက်နိုင်သည်အထိ လက်နက်နှင့် ဒီဇိုင်းပုံစံများစွာ ရှိနေသည်၊၊ မှန်ပေသည်... သူ တည်ဆောက်နိုင်ပါမှ အသုံးဝင်ပေမည်၊၊

ထို့ကြောင့် လင်းရှန်သည် ယန္တရားထုတ်လုပ်မှုအဆင့်ကို အမြန်မြှင့်တင်ရန် လိုအပ်သည်၊၊ ထိရောက်မှုမြှင့်တင်ရန်သာမက သူ၏ ယန္တရားနှလုံးသားကို အသုံးပြုပြီး လက်ရှိ လူသားနည်းပညာကို ကျော်လွန်သည့် အသစ်အဆန်းများကို တီထွင်နိုင်မလားဆိုသည်ကို စမ်းသပ်လိုပေသည်၊၊

ဝီး ဝီး ဝီး

တိကျလှသော ပစ္စည်းများစွာသည် အလျှင်အမြန် ပေါင်းစပ်သွားကြပြီး မကြာမီမှာပင် 3D သံမဏိပုံနှိပ်စနစ်ပါဝင်သော ပုရွက်ဆိတ်လုပ်သား-၇ စက်ရုပ်၏ ကိုယ်ထည်ပေါ်လာသည်၊၊ ၎င်းရှိပါက လင်းရှန်အတွက် သံမဏိပုံနှိပ်ခြင်းနှင့် ထုတ်လုပ်ခြင်းလုပ်ငန်းများကို တိုက်ရိုက်လုပ်ဆောင်ပေးနိုင်မည်ဖြစ်ရာ အပြင်ဘက် သံချပ်ကာပြားများနှင့် လမ်းကြောင်းများအတွက် စိတ်ပူစရာ မလိုတော့ပေ၊၊

“ကောင်မလေး’’

“အင်း’’

လင်းရှန်က ကီကီကို ကြည့်လိုက်သည်၊၊

“မင်းရဲ့ စွမ်းအားက ဖျက်ဆီးသူအဆင့်ကို ရောက်သွားပြီ မဟုတ်လား’’

ကီကီက မျက်တောင်ခတ်ကာ စွမ်းအားတိုင်းတာသည့် ကိရိယာအသစ်ကို ထုတ်လိုက်သည်၊၊ သူမ၏ မျက်လုံးများတွင် အလင်းတန်းများပေါ်လာပြီး ကိရိယာပေါ်မှ ဂဏန်းများမှာ အလျှင်အမြန် ထိုးတက်လာကာ တစ်နေရာတွင် ရပ်သွားသည်၊၊

၁၉၈၀၊၊

“ဖီးနစ်အဖွဲ့အစည်းရဲ့ စံနှုန်းနဲ့ဆိုရင် ၃၁၆၈ ရှိတယ်၊၊ ဒါဟာ ဖျက်ဆီးသူအဆင့်ပဲ’’

ကီကီက ကိရိယာကို ချလိုက်သည်၊၊ သူမ၏ စွမ်းအားသည် စီလန်မြို့မှာထက် တစ်ထောင်ကျော် တိုးတက်လာခြင်း ဖြစ်သည်၊၊ ၎င်းသည် ဆယ်ရက်တောင် မပြည့်သေးတဲ့ အချိန်အတွင်း၌ ဖြစ်ပေါ်လာခြင်းပင်၊၊ စီလန်မြို့ တိုက်ပွဲ၊ ယိကျင်းမြို့ရဲ့ အမှောင်ညနဲ့ အဖြူရောင်မြို့ တွင်းနက်ထဲက အတွေ့အကြုံများကြောင့် ယခုလောက်အထိ မြန်မြန်ဆန်ဆန် တိုးတက်လာခြင်းပင် ဖြစ်သည်၊၊

သို့သော် ကီကီသည် စိတ်လှုပ်ရှားနေခြင်းမရှိဘဲ သက်ပြင်းအသာချလိုက်သည်၊၊

“စွမ်းအားတွေ တိုးလာပေမဲ့ ကျွန်မတို့ ရင်ဆိုင်ရတဲ့ အန္တရာယ်တွေက ပိုကြီးလာသလိုပဲ’’

သူမသည် လင်းရှန်ဘေးတွင် ဝင်ထိုင်ကာ ဒူးကို ပွေ့ဖက်ပြီး ခေါင်းငုံ့ထားသည်၊၊

“ကျွန်မတို့ ရင်ဆိုင်ရတဲ့ မွန်းစတားတွေက ပိုပိုပြီး ကြောက်ဖို့ကောင်းလာတယ်၊၊ အရင်လို ကင်းခြေများတွေ၊ အဖြူရောင်သတ္တဝါကြီးတွေ မဟုတ်တော့ဘူး၊၊ တွင်းနက်ထဲက မိစ္ဆာတွေ၊ ကမ္ဘာ့အဆင့် ကပ်ဘေးတွေ၊ အဆင့် A နဲ့ S တွေက ကျွန်မတို့ ဖြေရှင်းနိုင်တာထက် ကျော်လွန်နေသလိုပဲ၊၊ ပြီးတော့ ရှင်ပြောသလို မွန်းစတားတွေကလည်း သန္ဓေပြောင်းပြီး တိုးတက်နေကြတာပဲ ဟူး...’’

ကီကီ၏ စိတ်ဓာတ်ကျနေမှုကို လင်းရှန် သတိပြုမိလိုက်သည်၊၊ သူမသည် စီလန်မြို့ စမ်းသပ်မှုတုန်းက အတော်ဆုံးဖြစ်ခဲ့သော်လည်း နောက်ပိုင်းတွင် သူမ မယှဉ်နိုင်သည့် အင်အားစုကြီးများနှင့် ဆက်တိုက် တွေ့ကြုံခဲ့ရသဖြင့် မိမိကိုယ်ကိုယ် ယုံကြည်မှုလျော့နည်းလာခြင်း ဖြစ်သည်၊၊

လင်းရှန်က လက်ဖျောက်တစ်ချက် တီးလိုက်ရာ ကီကီက မော့ကြည့်လာသည်၊၊

“ဘာလဲ’’

“အားသွင်းချင်လား’’

ကီကီက သူ့ကို ကြည့်လိုက်သည်၊၊ သူမ၏ မျက်လုံးများ လှုပ်ရှားသွားပြီး ပတ်ဝန်းကျင်တွင် လူမရှိသည်ကို သေချာမှ လင်းရှန်၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ ဖက်ထားလိုက်သည်၊၊

အရင်ကလည်း ကီကီသည် ပင်ပန်းလျှင် ဤသို့ပင် လင်းရှန်ကို “အားသွင်းသည်” ဟု အကြောင်းပြကာ ဖက်ထားတတ်သည်၊၊ လင်းရှန်သည် အမြဲတမ်း ဘာလုပ်ရမှန်း မသိဖြစ်ခဲ့ရသော်လည်း ယခုတစ်ကြိမ်တွင်မူ သူမ စိတ်ဓာတ်ကျနေသဖြင့် သူကပင် စတင်ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်၊၊

တိတ်ဆိတ်မြို့တော်ကို ရောက်ကတည်းက လင်းရှန်တစ်ယောက်သာ ကောင်းကောင်းအိပ်စက်ခဲ့ရပြီး ကီကီနှင့် ချန်ဆီရွှမ်တို့မှာမူ ယခုအထိ မနားရသေးပေ၊၊ သူတို့တွင် လင်းရှန်ကဲ့သို့ အထူးစွမ်းရည်များမရှိသည့်အတွက် စိတ်ရောလူပါ ပင်ပန်းနွမ်းနယ်နေကြသည်၊၊ ကီကီသည်လည်း အမြဲလိုလို စနောက်တတ်သော်လည်း ယခုမူ ငြိမ်သက်စွာဖြင့် သူ၏ ရင်ခွင်ထဲတွင် မှီနေသည်၊၊

ထိုစဉ် လင်းရှန်သည် ရှင်းဂျီပြောခဲ့သည့် စကားကို နားလည်သွားသည်၊၊ အမှန်တရားနှင့် နီးကပ်လေလေ လူသားတို့၏ မျှော်လင့်ချက်မှာ သေးငယ်လေလေဖြစ်သည်၊၊ သို့သော် အသက်ရှင်ကျန်ရစ်သူအများစုမှာမူ ဤအချက်ကို မသိကြဘဲ ကျန်ရှိနေသည့် တစ်နှစ်ကျော်သော အချိန်ကိုသာ မျှော်လင့်ချက်ထားနေကြသည်၊၊ ဖီးနစ်အဖွဲ့အစည်းသည်လည်း ထိုမျှော်လင့်ချက်အလင်းတန်းကို ဆက်လက်ဆုပ်ကိုင်ထားနိုင်ရန် ကြိုးစားနေခြင်း ဖြစ်သည်၊၊

မိန်းကလေးငယ်လေးထံမှ အနံ့သင်းသင်းလေးကို ရရှိနေစဉ် လင်းရှန်က အသာအယာရေရွတ်လိုက်သည်၊၊

“မွန်းစတားတွေရဲ့ တိုးတက်မှုက လူသားတွေလောက် မမြန်ပါဘူး၊၊ အဆင့် D နဲ့ C မွန်းစတားတွေက ငါတို့ကို မခြိမ်းခြောက်နိုင်တော့ဘူး၊၊ အခုပြဿနာက ဒီစွမ်းအားတွေရဲ့ အဆုံးသတ်ကို ငါတို့ မသိသေးတာပဲ၊၊ ကောင်းတာတစ်ခုကတော့ ငါတို့ ကောင်းကင်အကာကွယ်ကို မထိုးဖောက်နိုင်ရင်တောင် အမှောင်ထုကို သန့်စင်ပြီး ခွဲထုတ်ထားနိုင်တဲ့ နည်းလမ်းတွေ ရှိနေပြီ၊၊ သန့်စင်မှုနှုန်း ၅၀ ရာခိုင်နှုန်း ကျော်သွားရင် အမှောင်ညထဲမှာတောင် ငါတို့ အသက်ရှင်နိုင်မှာပါ’’

လင်းရှန်၏ စကားကို ကြားသောအခါ ကီကီသည် ခေါင်းကို ချက်ချင်းမော့ကာ သူ့ကို စိုက်ကြည့်လိုက်သည်၊၊

“လင်းရှန်... အာရုဏ်ဦးမြို့တော်က ဘာလို့ သန့်စင်မှုနှုန်း ၉၅ ရာခိုင်နှုန်း ရှိတယ်လို့ လူသိရှင်ကြား ကြေညာနေတာလဲ’’

“မင်း ဘာကိုဆိုလိုတာလဲ’’

“ကျွန်ပြောချင်တာက... ဒါဟာ လူ ၆ သန်းလုံး ယုံကြည်ဖို့ မလွယ်တဲ့ လိမ်ညာမှုမျိုးပဲ၊၊ သတင်းအချက်အလက်တွေကလည်း ပိတ်ဆို့ထားတာ မဟုတ်ဘူး၊၊ မြို့ထဲကို ဝင်ချင်တဲ့သူတွေက အဲဒီလောက် အလွယ်တကူ အလိမ်ခံရမှာ မဟုတ်ဘူး မဟုတ်လား’’

လင်းရှန် ခဏစဉ်းစားလိုက်ပြီးမှ ပြောသည်၊၊

“ငါ ရှင်းဂျီကို မေးဖူးတယ်၊၊ သူက တိုက်ရိုက်ပြန်မဖြေခဲ့ဘူး၊၊ အခုက ညအချိန်ဆိုတော့ သတင်းတွေ မရနိုင်သေးပေမဲ့ မနက်လင်းရင်တော့ သတင်းတွေ ထွက်လာလိမ့်မယ်၊၊ နောက်ထပ်နာရီအနည်းငယ်ကြာရင် ကျင်းဟိုင်နဲ့ အာရုဏ်ဦးမြို့တော်ရဲ့ အခြေအနေအမှန်ကို ငါတို့ သိရတော့မှာပါ’’

ကီကီက လင်းရှန်၏ ရင်ခွင်ထဲသို့ ပြန်လည် တိုးဝင်လိုက်သည်၊၊

“ဂွတ်နိုက်’’

“သွားရည်တွေ မကျစေနဲ့နော်’’

လင်းရှန်က သတိပေးလိုက်သည်၊၊

“ရှင်နော်…ကိုက်သတ်ပစ်လိုက်မယ်’’

ကီကီက လင်းရှန်၏ လည်ပင်းကို ကိုက်လိုက်သည်၊၊

….

အာရုဏ်ဦးမြို့တော်၊၊ နံနက် ၅ နာရီ ၃၀ မိနစ်။

အေးစက်သော မိုးစက်များသည် ငွေမျှင်တန်းများအလား ကျဆင်းနေပြီး နီယွန်မီးရောင်များလွှမ်းနေသော လေထုထဲတွင် ဝိုးတဝါး အလင်းပြန်မှုများကို ဖြစ်ပေါ်စေသည်၊၊ တစ်မြို့လုံးသည် အပြာရောင်နှင့် အနီရောင်များ ရောယှက်နေသော လျှပ်စစ်ပင်လယ်ပြင်ကြီးထဲ နစ်မြုပ်နေသကဲ့သို့ ရှိနေသည်၊၊ ပေတစ်ရာအောက်ရှိ ခရိုင်ဟောင်းသည် ပျားအုံတစ်ခုကဲ့သို့ လူဦးရေထူထပ်ပြီး ဆူညံလှသော်လည်း ပေတစ်ရာအထက်ရှိ မြို့တွင်းပိုင်းမှ မိုးမျှော်တိုက်ကြီးများမှာမူ ဤကမ္ဘာပျက်ကပ် သံမဏိတောအုပ်ကြီးကို ငုံ့ကြည့်နေသော တိတ်ဆိတ်သည့် ဘီလူးကြီးများအလား မတ်တပ်ရပ်နေကြသည် ။

ကျန်းရှု့ဝေသည် ကြယ်ဆိပ်ကမ်းဇုန်ရှိ အမိုးခုံးပုံစံ မိုးမျှော်တိုက်တစ်ခု၏ ဝရန်တာတွင် ရပ်နေသည်၊၊ သူမ၏ အနက်ရောင်ကုတ်အင်္ကျီအနားစသည် မြင့်မားသော အရပ်မှ တိုက်ခတ်လာသော ညဦးပိုင်း အေးစက်စက် လေပြည်ကြောင့် လွင့်တက်နေပြီး အတွင်းဘက်ရှိ ငွေမှင်ရောင်သတ္တုမျှင်များဖြင့် ပြုလုပ်ထားသော စစ်ဆင်ရေးသုံး ဝတ်စုံကို မြင်တွေ့နေရသည် ။ သူမသည် လှုပ်ရှားမှုမရှိဘဲ ရပ်နေသော်လည်း ခန္ဓာကိုယ်မှာ အနည်းငယ် တင်းမာနေပြီး ဝတ်စုံမှာ သူမ၏ လှပသော တင်ပါးအချိုးအစားများကို ပေါ်လွင်စေသည်၊၊ သူမ၏ လှပသော ခြေတံရှည်များမှာ မတ်မတ်ရှိနေပြီး မြင့်မားစွာ မို့မောက်နေသော ရင်ဘတ်ကြောင့် အင်္ကျီလည်ပင်းကဟိုက်နေကာ ဖြူဖွေးသောအသားအရည်မှာ ထင်ရှားနေသည်။

“ယုံကျန်းဆိပ်ကမ်းက ဒီနေ့မှာပဲ အနီရောင်ထိန်လန့်ဖွယ်သတ္တဝါရဲ့ ဒုတိယအကြိမ်မြောက် တိုက်ခိုက်ခြင်းကို ခံလိုက်ရတယ်၊၊ ပြီးတော့ တိုက်ခိုက်တဲ့ သတ္တဝါရဲ့ စွမ်းအားအတတ်ကျနှုန်းက ဖျက်ဆီးသူအဆင့်ထက်တောင် ကျော်လွန်နေတယ်’’

နက်ရှိုင်းသော ယန္တရားအသံတစ်ခုက သူမ၏နောက်ကွယ်မှ ထွက်ပေါ်လာသည် ထိုသူမှာ ယန္တရားမျက်နှာဖုံး တပ်ဆင်ထားသော အမျိုးသားတစ်ဦးဖြစ်ပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ကြက်သွေးရောင် စွမ်းအားဝတ်စုံဖြင့် ဖုံးအုပ်ထားကာ ဝတ်စုံ၏ ဆက်ကြောင်းများထဲတွင် စွမ်းအင်လှိုင်းများ စီးဆင်းနေသည်၊၊

All Chapters