← Chapters

အခန်း (၇၂၄-၇၂၅)

Vol. 43 Ch. 724-725

အခန်း (၇၂၄-၇၂၅)

Vol. 43 Ch. 724-725

Chapter 724

စေ့စပ်သေချာသော စီမံကိန်း ၂

“တစ်နာရီခွဲလောက် တိုက်ခိုက်ပြီးမှ အဲဒီအကောင် သေသွားတယ်၊၊ ငါတို့ဘက်က အင်ဂျင်နီယာ လေးယောက် သေဆုံးပြီး ဖီးနစ်အဖွဲ့က လူ ခြောက်ဆယ်ကျော် သေဆုံးသွားတယ်’’

‘’လွှတ်လိုက်တဲ့သူကို မိလား’’

‘’အရင်အတိုင်းပဲ ဘယ်ကမှန်းမသိတဲ့ ဒရုန်းတွေပဲ’’

‘’သိပြီ’’

သူမသည် နောက်သို့ လှည့်မကြည့်ဘဲ လက်အိတ်စွပ်ထားသော လက်ညှိုးဖြင့် ဝရန်တာလက်ရန်းကို ခပ်ဖွဖွလေး ခေါက်လိုက်သည်၊၊ သတ္တုနှင့် လက်ညှိးပွတ်တိုက်သံသည် စွမ်းအားဝတ်စုံဝတ် အမျိုးသားအတွက် တိတ်ဆိတ်သော အမိန့်တစ်ခုကို လက်ခံရရှိလိုက်သကဲ့သို့ ဖြစ်သွားစေကာ သူသည် ခေါင်းငုံ့ပြီး ပြန်ဆုတ်သွားသည်၊၊ ယန္တရားအဆစ်များ ပွတ်တိုက်သံမှာ စက်ဖြင့် ကြိတ်ခြေသံကဲ့သို့ ထွက်ပေါ်နေသည်။ ကျန်းရှု့ဝေသည် မျက်မှောင်အနည်းငယ်ကြုတ်ကာ အဝေးရှိ မြို့ပြပုံရိပ်ကို လှမ်းကြည့်လိုက်သည် ကမ္ဘာ့အစွန်းများကဲ့သို့ ကြီးမားသော မြို့ရိုးကြီးနှစ်ခုသည် အတွင်းမြို့၊ မြို့ဟောင်းနှင့် အာရုဏ်ဦးမြို့ပြင်ပိုင်းတို့ကို လုံးဝ အထီးကျန်ဆန်အောင် ခွဲခြားထားသည်၊၊ မြို့ရိုးပေါ်ရှိ များပြားလှသော လက်နက်မျှော်စင်များနှင့် ကင်းစခန်းများမှ အချက်ပြမီးများသည် အသက်ရှူနေသကဲ့သို့ မှိတ်တုတ်မှိတ်တုတ်ဖြစ်နေကြပြီး မျက်စိတစ်ဆုံးအထိ ရှည်လျားလှသည်၊၊ ၎င်းတို့သည် အပြင်ဘက်ရှိ ဖုတ်ကောင်များနှင့် ပုံမှန်မဟုတ်သော သန္ဓေပြောင်း အရာဝတ္ထုများကို ခွဲခြားထားသကဲ့သို့ ရှိသော်လည်း မြို့နေလူထုကိုမူ ဤကမ္ဘာပျက်ကပ် နယ်မြေအတွင်း ထာဝရပိတ်လှောင်ထားသကဲ့သို့ ဖြစ်နေသည်၊၊

နီယွန်မီးရောင်များသည် ရုတ်တရက် ပြင်းထန်စွာ မှိတ်တုတ်မှိတ်တုတ်ဖြစ်သွားသည် ။ အရိပ်တစ်ခုသည် မြင့်မားသော ကောင်းကင်ယံမှ ဒိုင်ဗင်ထိုးဆင်းလာပြီး မိုးရေစက်များကြားတွင် လှပသော လမ်းကြောင်းတစ်ခုကို ဖောက်လုပ်ကာ ကျန်းရှု့ဝေ၏ ဘေးရှိ လက်ရန်းပေါ်သို့ ငြိမ်သက်စွာ ဆင်းသက်လိုက်သည်၊၊ ထိုအရိပ်သည် အလင်းရောင်အောက်သို့ တိုးဝင်လာသောအခါ ငယ်ရွယ်သော်လည်း ရင့်ကျက်ချောမောသည့် မျက်နှာတစ်ခု ပေါ်ထွက်လာသည် ။ သူကား ကျန်းယွမ်ဖြစ်သည်။

‘’လွန်ခဲ့တဲ့ ကိုးနာရီက လုလင်တောအုပ်ထဲက တိတ်ဆိတ်မြို့တော်က လှုပ်ရှားလာခဲ့တယ်၊၊ ကျင်းဟိုင်မှာရှိတဲ့ မင်းရဲ့လူတွေဆီကိုလည်း သတင်းရောက်နေလောက်ပြီ’’

ကျန်းယွမ်သည် သူ၏ ကုတ်အင်္ကျီပေါ်ရှိ မိုးရေစက်များကို ခါထုတ်ရင်း အမြန်ပြောလိုက်သည်၊၊

‘’တိတ်ဆိတ်မြို့တော်က ဒေသတွင်းအချက်ပြစနစ်တွေကို ထုတ်လွှင့်နေပြီ အဓိကမြို့တော်နဲ့ တိတ်ဆိတ်မြို့တော်အမှတ် ၂ တို့ ချိတ်ဆက်မှု ပြီးဆုံးသွားပြီ၊၊ ရှင်းဂျီက အဲဒီမြို့ကို တွင်းနက်ထဲကနေ တကယ်ကြီး ထုတ်လာနိုင်ခဲ့တာပဲ’’

‘’သူတစ်ယောက်တည်းလုပ်ခဲ့တာ မဟုတ်ဘူး’’

ကျန်းယွမ်က ပြုံးလိုက်ပြီး ‘’ဧရာမ ရထားယာဉ်တန်းကြီး တစ်ခုလည်း ပါသေးတယ်၊၊ ဒါပေမဲ့ တိတ်ဆိတ်မြို့တော်က ဒီယာဉ်တန်းကို လူသိရှင်ကြား မထုတ်ပြဘဲ အကာအကွယ်ပေးထားပုံရတယ် မြို့ထဲက လူတွေကတော့ သိနေကြပြီလေ’’

သူက ကျန်းရှု့ဝေကို ကြည့်ရင်း ပြောလိုက်သည်၊၊

‘’အဲဒါ နဂါးတောင် ၁ နဲ့ အနန္တရထားပဲ’’

‘’လင်းရှန်နဲ့ ရှီတိယွမ်လား’’

ကျန်းရှု့ဝေသည် နောက်ဆုံးတွင် လှည့်ကြည့်လာသည်၊၊ မိုးမျှော်တိုက် အပြင်ဘက်ရှိ ကြီးမားသော ဟိုလိုဂရမ် ကြော်ငြာဘုတ်မှ အနီရောင်အလင်းတန်းသည် သူမ၏ မျက်နှာတစ်ခြမ်းကို လင်းနေပြီး ကျန်တစ်ခြမ်းမှာ အမှောင်ထဲတွင် ရှိနေသည်၊၊

‘’ဟုတ်တယ်’’

ကျန်းရှု့ဝေ၏ မျက်လုံးများ လှုပ်ခတ်သွားသည်၊၊

‘’ခုနလေးတင် ကျိုးမင်ယွမ်က ငါ့ကို မနက်ဖြန် တိတ်ဆိတ်မြို့တော်ကို လာခဲ့ဖို့ ဖိတ်ခေါ်နေတယ်၊၊ အကြီးစားထုတ်လုပ်မှု စီမံကိန်းတစ်ခုကို ဆွေးနွေးဖို့တဲ့ ဝမ်မိသားစုဝင်တွေလည်း အဲဒီမှာရှိနေလိမ့်မယ်’’

‘’အဟက်’’

ကျန်းယွမ်က ခပ်တိုးတိုး ရယ်လိုက်သည်၊၊

‘’ဖက်ဒရေးရှင်းက မြန်သားပဲ၊၊ မင်းတို့ရဲ့ ဖင်းဂါးအုပ်စုတင် မကဘူး သူတို့တွေလည်း တိတ်ဆိတ်မြို့တော်ကို လက်မလွှတ်ဖို့ ကြံစည်နေကြတာပဲ’’

ထိုစကားကြောင့် ကျန်းရှု့ဝေ၏ မျက်နှာအနည်းငယ်ပျက်သွားပြီးနောက် ကောင်းကင်ကို လှမ်းကြည့်လိုက်သည်၊၊

‘’နံပါတ် ၅ တွင်းနက်ကြီးက ပိုနီးကပ်လာနေပြီ ဖီးနစ်အဖွဲ့က တဖြည်းဖြည်း ဆုတ်ခွာနေကြတယ်၊၊ မကြာခင်မှာ လုလင်၊ ပိုင်ရှား၊ ဇန်ဂိတ်၊ ရှီလင်၊ ကျင်းမြစ် ၊ခန်းချန်မြို့နဲ့ ချွမ်းချန်မြို့တွေက ရွှေ့ပြောင်းရေးလုပ်ငန်းတွေကိုလည်း ဖက်ဒရေးရှင်းက လွှဲပြောင်းယူလိမ့်မယ်၊၊ ယုံကျန်းဆိပ်ကမ်းကလည်း အချိန်တစ်ခုပဲ လိုတော့တာပါ၊၊ ဒါပေမဲ့ ထူးဆန်းတာက တိတ်ဆိတ်မြို့တော်ထွက်လာကတည်းက မြေအောက်မြို့တော်က လူတွေက နည်းနည်း... တင်းမာနေသလိုပဲ’’

‘’အဲဒီလိုလား’’

ကျန်းယွမ်က မျက်မှောင်ကြုတ်လိုက်သည်၊၊

‘’လင်းရှန်ကြောင့်များ ဖြစ်နိုင်မလား’’

‘’ရှင်ထင်တာတော့ အနီရောင်ကမ္ဘာက လင်းရှန်ကို မျက်စိကျနေတာလား’’

‘’ရာနှုန်းပြည့်ပဲ’’

ကျန်းယွမ် သက်ပြင်းအရှည်ကြီး ချလိုက်သည် ။

‘’ယန္တရားစွမ်းအားရှင်ဖြစ်နေတာရယ်… တိတ်ဆိတ်မြို့တော်နဲ့ ဆက်နွှယ်နေတာရယ်ကြောင့် လင်းရှန်က အနီရောင်ကမ္ဘာက လူတွေနဲ့ ရင်ဆိုင်ခဲ့ရပြီးပြီဆိုတာ သေချာတယ်’’

‘’ငါတို့ သူ့ကို သွားတွေ့သင့်လား… ဖက်ဒရေးရှင်းရဲ့ စောင့်ကြည့်မှုအောက်မှာဆိုတော့’’

ကျန်းရှု့ဝေက ကျန်းယွမ်ကို ကြည့်လိုက်သည်၊၊

ကျန်းယွမ်က ခေါင်းညိတ်လိုက်ပြီး ‘’ဒါဆို သူတို့ ကျင်းဟိုင်ကို မရောက်ခင် ငါ အဲဒီသူငယ်ချင်းဟောင်းကို အရင်သွားတွေ့ရလိမ့်မယ်”

‘’ကျင်းဟိုင်...’’

ကျန်းရှု့ဝေ၏ အေးစက်လှသော မျက်ခုံးတန်းများ အနည်းငယ် တင်းမာသွားသည်၊၊

‘’ဖီးနစ်က မကြာခင် ရောက်လာတော့မယ်၊၊ နံပါတ် ၅ တွင်းနက်ရဲ့ ပုံမှန်မဟုတ်တဲ့ ချဲ့ထွင်မှုကြောင့် ကျန်တဲ့တွင်းနက်ဆယ့်နှစ်ခုမှာလည်း အနှောင့်အယှက်တွေ ဖြစ်နေတယ်၊၊ ဖီးနစ်က အာရုဏ်ဦးမြို့တော်နဲ့ ထိပ်တိုက်ရင်ဆိုင်လိမ့်မယ်လို့ ရှင်ထင်လား’’

ကျန်းယွမ်က သက်ပြင်းဖွဖွချကာ အဝေးသို့ ငေးကြည့်ရင်း ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။

‘’ဘယ်သူသိမှာလဲ… သဘာဝဘေးအန္တရာယ်တွေက အတော်လေးဒုက္ခပေးနေရုံတင်မကဘူး၊၊ လူတွေကြောင့်ဖြစ်တဲ့ ဘေးအန္တရာယ်တွေကလည်း ရှိသေးတယ်’’

….

ကောင်းကင်သည် အမှောင်ထုဖုံးလွှမ်းလျက်ပင် ရှိနေသေး၏။ သေမင်းချောက်ကမ်းပါးမှ လက်တစ်လုံးခြား လွတ်မြောက်လာခဲ့သော တိတ်ဆိတ်မြို့တော်သည် မအိပ်စက်နိုင်သော မြို့တစ်မြို့ကဲ့သို့ နေရာအနှံ့အပြားတွင် လှုပ်ရှားသက်ဝင်လျက် ရှိနေသည်၊၊

တိမ်စီရင်စုရှိ ခန်းမအတွင်း၌ မူလအခန်းမှာ ယခုအခါတွင် အလွတ်ဖြစ်နေချေပြီ။ နံရံလေးဘက်စလုံးမှာ ဟိုလိုဂရမ်စနစ်မြင်ကွင်းများအဖြစ် ပြောင်းလဲသွားပြီး တိတ်ဆိတ်မြို့တော်၏ နေရာအသီးသီးမှ ထောက်လှမ်းရေးအပြာစက်ကလေး ထောင်ပေါင်းများစွာကို ရှင်းဂျီ၏ ကွမ်တမ်ဗဟိုချက်မှတစ်ဆင့် လျင်မြန်စွာ လုပ်ဆောင်နေသည်၊၊

ရှင်းဂျီသည် အခန်းအလယ်တွင် ရပ်နေရင်း တိတ်ဆိတ်မြို့တော်၏ ဆိုက်ကပ်ကွင်းများနှင့် မြေအောက်ခိုလှုံရာများအတွင်းသို့ တရိပ်ရိပ် ဝင်ရောက်လာကြသော ယာဉ်များနှင့် ယာဉ်တန်းများကို တစ်ခုခုကို စဉ်းစားနေသကဲ့သို့ ကြည့်ရှုနေ၏၊၊

ငါးမျှားနေသော လူအိုကြီးတစ်ဦးမှာမူ သူ၏ ငါးမျှားတံကို သိမ်းဆည်းလိုက်ပြီး ခန်းမထောင့်တွင် တိတ်ဆိတ်စွာ ထိုင်နေသည်၊၊ သူသည် ညှိုးနွမ်းနေသော ပန်းများကို ကတ်ကြေးဖြင့် ညှပ်နေကာ တဂျိဂျိအသံများ ထွက်ပေါ်နေသည်၊၊

‘’မင်းအနေနဲ့ ဝေခွဲမရဖြစ်မနေသင့်ဘူး’’

ရုတ်တရက်ပင် လူအိုကြီးက အက်ရှရှအသံနိမ့်ဖြင့် ပြောလိုက်သည် ။

“ကျုပ်မှာ ကိုယ်ပိုင်တွေးခေါ်နိုင်တဲ့ စရိုက်လက္ခဏာရှိတယ်၊၊ ဝေခွဲမရဖြစ်တာဟာ ကျုပ်ရဲ့ တွက်ချက်မှုဖြစ်စဉ် ဘယ်လောက်ကြာမလဲဆိုတာကို တိုင်းတာတဲ့ စံနှုန်းတစ်ခုသက်သက်ပဲ၊၊ ခံစားချက် ဒါမှမဟုတ် ရပ်တည်ချက်ကို ဖော်ပြနေတာမဟုတ်ဘူး’’

ရှင်းဂျီက အေးစက်စွာ ပြန်ဖြေသည်၊၊

‘’အာရုဏ်ဦးမြို့တော်က သတင်းရပြီလား မင်းဘယ်လိုမြင်လဲ’’

‘’အကြိုတွက်ချက်မှုတွေအရ တိတ်ဆိတ်မြို့တော်အနေနဲ့ ယုံကျန်းဆိပ်ကမ်းကို အောင်မြင်စွာဝင်ရောက်နိုင်ဖို့ အခွင့်အလမ်းဟာ ၈ ရာခိုင်နှုန်းထက်တောင် နည်းနေတယ်’’

ရှေ့ရှိ ဟိုလိုဂရမ်ဖန်သားပြင်ကို ကြည့်ရင်း ရှင်းဂျီက ဆက်ပြောသည်၊၊

‘’အဲဒါဟာ အမှောင်ထုနဲ့ပတ်သက်တဲ့ နှောင့်ယှက်မှုတွေကို ထည့်မတွက်ထားသေးဘူး၊၊ အနီရောင်ကမ္ဘာက နံပါတ် ၅ တွင်းနက်ကို ချဲ့ထွင်နေတာဟာ ပြောင်းလဲနိုင်တဲ့ အချက်တစ်ချက်ပဲ၊၊ ဒီကိစ္စမှာ ရှေးရိုးစွဲဆန်တဲ့ ချဉ်းကပ်မှုကတော့ အာရုဏ်ဦးမြို့တော်ကို ကျော်ဖြတ်ပြီး ဖီးနစ်နဲ့ မဟာမိတ်ဖွဲ့ဖို့ပဲ၊၊ ဒါပေမဲ့ အကြိမ်ပေါင်း ၃ သိန်း ၆ သောင်းလောက် စမ်းသပ်တွက်ချက်ကြည့်ပြီးတဲ့နောက် တိတ်ဆိတ်မြို့တော်အနေနဲ့ ဝင်ရိုးစွန်းဒေသကို ရောက်ရှိနိုင်ခြေဟာ ယုံကျန်းဆိပ်ကမ်းကို ရောက်နိုင်ခြေနဲ့ အတူတူပဲဖြစ်နေတယ်’’

‘’အရေးကြီးတဲ့ အချက်အလက်တွေ အများကြီးလိုအပ်နေတဲ့အခါ တွက်ချက်တာနဲ့ ခန့်မှန်းတာတွေဟာ အဓိပ္ပာယ်မရှိတော့ဘူး’’

ဆံပင်ဖြူနေသော လူအိုကြီးသည် ခေါင်းငုံ့ကာ ခြောက်သွေ့နေသော သစ်ကိုင်းများကို ညှပ်ရင်း အက်ရှရှအသံဖြင့် ပြောသည်၊၊

“ပြဿနာက တကယ်ကို ပြဿနာပဲ၊၊ မင်းက အမှောင်-အမှတ်သားကို ရှောင်တိမ်းနိုင်ပေမဲ့ လူတွေကိုတော့ ရှောင်လို့မရဘူး၊၊ အာရုဏ်ဦးမြို့တော်က ယုံကျန်းဆိပ်ကမ်းအတွက် ယှဉ်ပြိုင်တာကို လက်လျှော့မှာမဟုတ်ဘူး၊၊ အဲဒါက ထုတ်လုပ်မှုအခြေခံစခန်းပဲ၊၊ ယုံကျန်းဆိပ်ကမ်းကို ဝင်ဖို့ မင်းရဲ့ရည်ရွယ်ချက်ကို ထုတ်ပြလိုက်တာဟာ အာရုဏ်ဦးမြို့တော်ရဲ့ အမြင်မှာတော့ မင်းက သူတို့နဲ့ ဈေးစကားပြောနေသလို ဖြစ်သွားလိမ့်မယ်’’

‘’အရောင်းအဝယ်တွေ အရင်းအမြစ်တွေ ဆိုတာ အရေးမကြီးပါဘူး’’

ရှင်းဂျီ၏ မျက်နှာအမူအရာက တည်ငြိမ်နေသည်၊၊ မြေပြင်မှ ယန္တရားတစ်ခု ဖြည်းညှင်းစွာ တက်လာပြီး အေးခဲထားသော အခန်းထဲတွင် သိမ်းဆည်းထားသည့် ညိုညစ်ညစ်အရောင်ရှိသော အသားစတစ်ရှူး [အမ်ဘရာဆဲလ်များ] ပေါ်ထွက်လာသည်၊၊ သူသည် ထိုမှန်ခန်းကို ကြည့်ပြီး ခပ်တိုးတိုး ပြောလိုက်သည်၊၊

‘’အနီရောင်ကမ္ဘာက အန္တရာယ်ရှိတဲ့ သုတေသနတစ်ခုကို လုပ်နေတယ်၊၊ တကယ်လို့ သူတို့က အာရုဏ်ဦးမြို့တော်နဲ့ ပူးပေါင်းနေတယ်ဆိုရင် နံပါတ် ၅ တွင်းနက် ချဲ့ထွင်မှုကြောင့် ဖြစ်လာမယ့် ရှင်သန်ရေးအန္တရာယ်ထက် ပိုပြီး အရေးပါတဲ့ အခြေအနေတစ်ရပ်ရှိနေလို့ပဲ ဖြစ်ရမယ် အဲဒါက အဓိကသော့ချက်ပဲ’’

Chapter 725

စေ့စပ်သေချာသော စီမံကိန်း ၃

ရှင်းဂျီက စကားပြောပြီးနောက် ပြန်လှည့်လာသည်၊၊ သူ၏ နာနိုမျက်လုံးသူငယ်အိမ်များ ကျုံ့သွားကာ ပြောလိုက်သည်၊၊

‘’လက်ရှိအချက်အလက်တွေအရ ဖီးနစ်က အာရှ-ပစိဖိတ်ဒေသကနေ တဖြည်းဖြည်း ဆုတ်ခွာနေတယ်၊၊ ရှင်သန်ရေးအတွက် ခြိမ်းခြောက်မှုမရှိရင် သူတို့ဟာ အာရုဏ်ဦးမြို့တော်ရဲ့ နယ်မြေထဲကို ဝင်ရောက်နှောင့်ယှက်မှာ မဟုတ်ဘူး၊၊ ဒါကြောင့် တခြားပြောင်းလဲမှုတွေသာ မရှိရင် တိတ်ဆိတ်မြို့တော်ဟာ ဒီမုန်တိုင်းကို ရှောင်လွှဲလို့ရမှာ မဟုတ်ဘူး’’

“ဟူး”

လူအိုကြီးက တီးတိုးညည်းတွားလိုက်ပြီး ဘာမှ ထပ်မပြောတော့ပေ။

“ကျုပ်ရဲ့ ခွဲခြမ်းစိတ်ဖြာမှုက ခံစားချက်ပါနေတယ်လို့ ခဗျားထင်လို့လား’’

ရှင်းဂျီက လူအိုကြီးကို ကြည့်ပြီး တည်ငြိမ်စွာ မေးလိုက်သည် ။

‘’မဟုတ်ပါဘူး မင်းက ခံစားချက်ဆိုင်ရာ အပြင်အဆင်လေးတွေ ထည့်ပြောတာပါ၊၊ ဒါပေမဲ့ စက်ပစ္စည်းတစ်ခုလိုပဲ အေးစက်နေတုန်းပဲ’’

လူအိုကြီးက အေးဆေးစွာ ပြန်ဖြေသည် ။

ရှင်းဂျီက ပြုံးလိုက်ပြီး လက်ညှိုးတစ်ချောင်း ထောင်လိုက်သည်၊၊

“ကျုပ် နောက်တစ်ခါ ထပ်ကြိုးစားကြည့်မယ်၊၊ အပြောအဆိုလေး ပြောင်းလိုက်မယ်လေ’’

သူသည် စိတ်ဝင်စားသွားပုံရကာ အနည်းငယ် တည်ကြည်သော မျက်နှာထားဖြင့် ခွဲခြမ်းစိတ်ဖြာသည့် လေးနက်သော လေသံဖြင့် ပြောလိုက်သည်၊၊

‘’အာရုဏ်ဦးမြို့တော်က ကောင်းကင်အမိုးခုံး စီမံကိန်းနဲ့ ကြယ်သင်္ဘော ထုတ်လုပ်ရေးကို လုပ်ဖို့ ဖင်းဂါးအုပ်စုကို ချန်ထားခဲ့တယ်၊၊ အခု ကျုပ်တို့ တွင်းနက်ထဲက ထွက်လာတာနဲ့ သူတို့က ချက်ချင်း ပူးပေါင်းဆောင်ရွက်ဖို့ ဖိတ်ခေါ်စာပို့လာတယ်၊၊ ဒါဟာ အဖြူရောင်မြို့မှာတုန်းက အနီရောင်ကမ္ဘာထဲက အရေးကြီးတဲ့တစ်ခုခုကို ကျုပ်တို့ သွားထိမိခဲ့တာနဲ့ ဆက်စပ်နေမလား၊၊ ဟမ့်… ဒီခန့်မှန်းချက်က လက်တွေ့နဲ့ အလှမ်းဝေးဆုံးဖြစ်ပေမဲ့ အရေးကြီးဆုံးလည်း ဖြစ်နေပြန်တယ်’’

‘’ဆင်ခြင်တုံတရားနဲ့ ကြည့်မယ်ဆိုရင်တောင် အာရုဏ်ဦးမြို့တော်အတွက်တော့ ကျုပ်တို့ရဲ့ တိတ်ဆိတ်မြို့တော်ကိုယ်တိုင်က အရေးပါတဲ့ ထုတ်လုပ်မှု အရင်းအမြစ်တစ်ခုပဲ၊၊ ချူကျောက်နန်က ကျုပ်တို့ကို ယုံကျန်းဆိပ်ကမ်းထဲ အလွယ်တကူ ဝင်ခွင့်ပေးပါ့မလား၊၊ ကျုပ်စဉ်းစားကြည့်မယ်… အာရုဏ်ဦးမြို့တော်က လူတွေ ရောက်လာပြီး တိတ်ဆိတ်မြို့တော်က အချိန်တိုအတွင်း မပြီးစီးနိုင်တဲ့ ကြယ်သင်္ဘော သယ်ယူပို့ဆောင်ရေးယာဉ် အမြောက်အမြားကို လာပြီး အော်ဒါမှာတာမျိုး ဖြစ်နိုင်မလား… ဒါမှမဟုတ် သူတို့က ကျင်းဟိုင် စက်မှုအခြေခံစခန်းရဲ့ တစ်စိတ်တစ်ပိုင်းကို ကျုပ်တို့ကို ပေးမလား၊၊ အော်… ဟုတ်သားပဲ သူတို့က ကျုပ်တို့ကို ယုံကျန်းဆိပ်ကမ်း သုံးခွင့်ပေးကောင်း ပေးနိုင်တယ်၊၊ ဒါပေမဲ့ ကျုပ်တို့ရဲ့ နံပါတ် ၂ မြို့တော်က အကြောင်းပြချက်တစ်စုံတစ်ခုကြောင့် အာရုဏ်ဦးမြို့တော်မှာ အရင်ဆိုက်ကပ်ရမယ်ဆိုရင်တော့ ဒါဟာ ကျုပ်တို့ကို ခေါင်းကိုက်အောင် လုပ်ဖို့ လုံလောက်နေပြီ မဟုတ်လား’’

‘’လုံးဝတော့ မမှန်သေးဘူး’’

လူအိုကြီးက ပန်းကိုင်းများကို ဆက်ညှပ်နေသည်၊၊

‘’ဘာကြောင့်လဲ မင်းသိလား’’

ရှင်းဂျီသည် ပြုံးလျက် လူအိုကြီး၏ ရှေ့တွင် လက်ဖျားများကို လက်အင်္ကျီထဲ ထည့်ကာ ဆောင့်ကြောင့်ထိုင်လိုက်သည်၊၊

“ကျုပ်ရဲ့ ခွဲခြမ်းစိတ်ဖြာမှုမှာ အားနည်းချက်ရှိလို့လား’’

‘’လူသားတွေဟာ အဲဒီလောက်အထိ စေ့စပ်သေချာလို့မရဘူး၊၊ ပြဿနာတွေကို စဉ်းစားတဲ့အခါ လူတိုင်းမှာ ကိုယ်ပိုင်ရပ်တည်ချက်တွေရှိကြတယ်’’

လူအိုကြီးက ထောက်ပြသည်၊၊

ရှင်းဂျီက အလေးအနက် ခေါင်းညိတ်သည်၊၊ သူတစ်ခုခုပြောချင်သော်လည်း ပြန်အောင့်ထားလိုက်ကာ မတ်တပ်ရပ်ပြီး နောက်သို့ လှည့်လိုက်သည် ။

‘’လင်းကတော့ တကယ်ကို စေ့စပ်သေချာတာပဲ၊၊ အရေးကြီးတဲ့ အချိန်ကိုက်မှုတွေ၊ အခက်အခဲတွေကြားက ရှင်သန်ရေးနည်းဗျူဟာတွေ သူပြထားတဲ့ ခံစားချက်ပိုင်းဆိုင်ရာအချက်တွေကို ဖယ်လိုက်ရင်တောင် ဝိုး... သူက ကျုပ်ထက်တောင် လူသားမဆန်သလိုပဲ’’

ဖြောက်၊၊

လူအိုကြီး၏ ကပ်ကြေးသည် သစ်ကိုင်းခြောက်တစ်ခုကို တိတိကျကျ ညှပ်ချလိုက်သည်၊၊ သူသည် ခဏမျှ တုံ့ဆိုင်းသွားပြီးမှ ပန်းညှပ်ခြင်းကို ဆက်လုပ်နေသည်၊၊

…

ရထားရပ်နားစခန်းတွင် နဂါးတောင် ၁ ပေါ်မှ အင်ဂျင်နီယာရာပေါင်းများစွာသည် သူတို့၏ အလုပ်များကို စတင်နေကြသည်၊၊ နည်းပညာသုတေသနမြို့တော်၏တာဝန်ခံ ရွှန်းသည် တိတ်ဆိတ်မြို့တော်မှ အင်ဂျင်နီယာ အုပ်စုတစ်စုနှင့်အတူ ဒရုန်းအမျိုးမျိုး ဆောက်လုပ်ရေးယာဉ်အမြောက်အမြားကို ဦးဆောင်ပြီး ရှီတိယွမ်တို့အဖွဲ့အတွက် ပြုပြင်မွမ်းမံမှုများ လုပ်ဆောင်ရန် ပြင်ဆင်နေသည်။ ရှင်သန်သူတစ်ထောင်ကျော်အတွက် ရိက္ခာနှင့် ထောက်ပံ့မှုများလိုအပ်သည်၊၊ ရှီတိယွမ်နှငိ့ နန်ကျင်းသည် လက်တွေ့ဆန်သူများ ဖြစ်ကြသဖြင့် မြေမျက်နှာပြင်မရွေး မောင်းနှင်မှုစနစ်မွမ်းမံခြင်း စီမံကိန်းကို တိုက်ရိုက်စတင်လိုက်ကြသည်၊၊

နဂါးတောင် ၁ အပြင် တခြားသော ရထားယာဉ်တန်း အချို့သည်လည်း တိတ်ဆိတ်မြို့တော်၏ မွမ်းမံမှုစီမံကိန်းကို လက်ခံလိုက်ကြသော်လည်း အခကြေးငွေပေးချေရသည်၊၊ တခြားယာဉ်တန်းအချို့မှာမူ ဆုံးရှုံးမှုများပြားလှသဖြင့် မောင်းနှင်မှုစနစ်ကို မွမ်းမံမည့်အစား သူတို့၏ ရန်ပုံငွေများကို လက်နက်ပိုင်းဆိုင်ရာ မွမ်းမံမှုများတွင်သာ ရင်းနှီးမြှုပ်နှံလိုက်ကြသည်၊၊ နောက်ဆုံးတွင်တော့ နောက်ထပ်မှတ်တိုင်တစ်ခုဖြစ်သော ကျင်းဟိုင်ကို ရောက်ပြီးနောက် သူတို့သည် မြောက်ဘက်ရှိ အာရုဏ်ဦးဗဟိုစင်တာဆီသို့ တိုက်ရိုက်သွားရန် စီစဉ်ထားကြသည်၊၊ ထိုခရီးစဉ်သည် ကမ်းရိုးတန်းမြို့ကြီးများကို ဖြတ်သန်းရမည်ဖြစ်သဖြင့် တွင်းနက်၏ အစွန်းပိုင်းများနှင့် နှိုင်းယှဉ်ပါက အန္တရာယ်နည်းပါးလှသည်၊၊

တစ်ချိန်တည်းမှာပင် ဘုရင်မ မိုနီကာရထားမှာမူ ထိုကဲ့သို့ စိုးရိမ်ပူပန်မှုမျိုး မရှိဘဲ သိသိသာသာ တိတ်ဆိတ်နေသည်၊၊ နည်းပညာမြင့်မားလှသော ၎င်း၏ ရထားဒီဇိုင်းမှာ ကမ္ဘာပျက်ကပ်ရထားများကြားတွင် တစ်မူထူးခြားနေပြီး ထောင့်တစ်နေရာတွင် ငြိမ်သက်စွာ ရှိနေသည် ။ တွဲအမှတ် ၁ မှလွဲ၍ ကျန်တွဲများအားလုံးမှာ အနားယူရန်အတွက် အမှောင်ကျနေသည်၊၊ သို့သော် ထိုမှောင်မည်းနေသော တွဲများထဲတွင် တီးတိုးစကားပြောသံများ ထွက်ပေါ်နေဆဲပင်၊၊

‘’မင်း ယုံနိုင်လား… ငါတို့ တကယ်ကြီး တွင်းနက်ထဲကနေ အသက်ရှင်လျက် ထွက်လာနိုင်ခဲ့တယ်’’

‘’ဘာကို မယုံနိုင်စရာရှိလဲ… ဘုရင်မ မိုနီကာနဲ့ ဆိုရင်တော့ အသက်ရှင်မှာပဲလေ...’’

‘’အား... ပျင်းစရာကြီးကွာ အဲဒီမိန်းမက ဘာတွေတွေးနေတာလဲ မသိဘူး၊၊ မိန်းမလှလေးတွေ တစ်ဒါဇင်လောက်ကို ရထားပေါ် တင်လာပြီး ငါတို့ကိုကျ ပေးမတွေ့ဘူး’’

‘’အေးလေ… အဲဒီမိန်းမတွေကလည်း ဘာပဲဖြစ်ဖြစ် အပိုလူတွေပဲဟာ… ငါတို့နဲ့ အဖွဲ့ဝင်တွေလို စကားလေး ဘာလေး ပြောလို့မရဘူးလား’’

‘’ဒါပေမဲ့ ဘော့စ်က အသန့်ကြိုက်လွန်းလို့ သူ့ရထားပေါ်မှာ ဘယ်လို ရှုပ်ရှုပ်ရှက်ရှက်မှ မဖြစ်စေရဘူးလို့ ပြောထားတယ် မဟုတ်လား’’

‘’အပိုတွေပါကွာ သူတမင်လုပ်နေတာ… ဘေးဘက်ယာဉ်တန်းက မာလေးပြောတာတော့ ယန်စွမ်းအင်တွေကို ထိန်းချုပ်ထားရင် စွမ်းအားတွေနဲ့ မျိုးဗီဇဆင့်ကဲဖြစ်စဉ်တွေ ပိုမြန်တယ်တဲ့၊၊ အဲဒါကြောင့် သူလုပ်တာဖြစ်မယ်”

‘’ဘုရားရေ… မိုနီကာက ငါတို့ရဲ့ ခန္ဓာကိုယ် ကျန်းမာရေးအတွက်တောင် တကယ်ကြီးထည့်စဉ်းစားပေးနေတာပဲ...’’

‘’ဟျောင့်… မင်းရဲ့ ဖော်လံဖားစကေးက လွန်လှချည်လား သတိထားဦး…. မွန်းကျပ်ပြီး သေသွားဦးမယ်’’

‘’ဒါပေမဲ့ ဘော့စ်က ပြောတယ် မနက်ဖြန်ကျရင် ငါတို့ အားလပ်ချိန် ရမယ်တဲ့ တိတ်ဆိတ်မြို့တော်မှာ အထူး အနှိပ်ခန်းတွေ ရှိတယ်လို့ ငါကြားတယ်...’’

‘’ဝိုး… ငါတော့ သွားကြည့်မှ ဖြစ်မယ်’’

“တိတ်စမ်း… ငါ့မျက်လုံးထဲမှာတော့ အမိုက်စား ခန္ဓာကိုယ်အချိုးအစားနဲ့ ပြီးပြည့်စုံတဲ့ မိုနီကာတစ်ယောက်ပဲ ရှိတယ်၊၊ အဲဒီကောက်ကြောင်းနဲ့ မျက်နှာလှလှလေး…. ဘုရားရေ… တစ်ခါလောက် ရရင်ကို ကျနော်မျိုး သေရရကျိုးနပ်ပါပြီ’’

‘’အမှန်ပဲ… သူ့ခန္ဓာကိုယ်ကတော့ sexy ကျလွန်းတယ် ငါတော့ မအောင့်နိုင်တော့ဘူး...’’

တစ်စုံတစ်ယောက်က စောင်ထဲတွင် လူးလှိမ့်လိုက်သည်၊၊

ထိုအချိန်မှာပဲ ဖော်လံဖားက ထပ်ပြောပြန်သည်၊၊

‘’ငါ အမုန်းဆုံးကတော့ သူ ငါ့ကိုကြည့်တဲ့ အမှိုက်တစ်စလိုအကြည့်ပဲ… အဲဒါက တကယ်ကို...ငါ့စိတ်ထိန်းမရဘူး’’

‘’မင်းက နှာဘူးလား’’

...

တွဲအမှတ် ၁ အတွင်းတွင် မိုနီကာသည် ဇိမ်ခံရေချိုးကန်ထဲ၌ ဗလာကျင်းလျက် ရေချိုးနေသည်၊၊ ဘေးတွင် ဝိုင်နီတစ်ခွက် ရှိနေပြီး ရေနွေးငွေ့များက ဝေရီနေသည် သူမသည် နားထဲသို့ ရောက်လာသော ညစ်ညမ်းသည့် တီးတိုးစကားများကို လျစ်လျူရှုကာ မျက်လုံးများကို မှိတ်ထားလိုက်သည်၊၊ သူမသည် သူမ၏ စွမ်းအားကို အသုံးပြုထားခြင်း ဖြစ်သည်၊၊ အကြောင်းမှာ တွဲတစ်ခုတည်းတွင် ရေဒါဖြင့်တောင် ရှာမတွေ့နိုင်သော ကျိုးလီရှိနေသောကြောင့် ဖြစ်သည် ။ မိုနီကာသည် ထိန်းချုပ်လိုစိတ်ပြင်းပြသော အမျိုးသမီးတစ်ဦး ဖြစ်ရုံသာမက စည်းကမ်းကိုလည်း တိကျစွာ လိုက်နာသူဖြစ်သည်၊၊ လင်းရှန်အတွက် ဤတာဝန်ကို လက်ခံထားကတည်းက သူမ၏ မိုနီကာဆိုသည့် ဂုဏ်သတင်းကို အမှားအယွင်း တစ်စုံတစ်ရာကြောင့် အပျက်အစီးမခံနိုင်ပေ၊၊

ရထားတွဲထဲတွင် သာယာသော တေးဂီတသံများ ပျံ့လွင့်နေစဉ် မိုနီကာသည် တွင်းနက်ထဲမှ လွတ်မြောက်လာခဲ့သည့် မရေမတွက်နိုင်သော အသေးစိတ်အချက်အလက်များကို ပြန်တွေးရင်း ရေချိုးအပန်းဖြေနေသည်၊၊ အမြဲတမ်း တည်ငြိမ်နေတတ်သော သူမ၏ နှလုံးသားပင်လျှင် အနည်းငယ် စိတ်လှုပ်ရှားမှုကို ခံစားနေရသည်။ မှိတ်ထားသော သူမ၏ မျက်လုံးထဲတွင် လင်းရှန်၏ မျက်နှာ ပေါ်လာပြီး တိုးညင်းစွာ ရေရွတ်လိုက်သည်၊၊

‘’လင်းရှန်... လင်းရှန်.. ကျွန်မ ရှင့်ကို ပြောပြီးသားပဲ၊၊ ကျွန်မ မိုနီကာက ဘယ်တော့မှ ယောက်ျားအရွေးမမှားဘူးလို့… ဒါဆို... ရှင့်လို ယောက်ျားမျိုးကို ကျွန်မဘယ်လိုသိမ်းပိုက်ရမလဲ’’

သူမသည် ဝိုင်နီခွက်ကို လှမ်းယူလိုက်သော်လည်း သူမ၏ အတွေးများ ရုတ်တရက် ပြတ်တောက်သွားသည်၊၊ ရေချိုးကန်ထဲတွင် လဲလျောင်းနေသော မိုနီကာသည် သူမ၏ အကြည့်ကို ချက်ချင်း တစ်နေရာသို့ စူးစိုက်လိုက်ပြီး မြွေတစ်ကောင်လို ရေထဲကနေ တိတ်တဆိတ် ထွက်လာခဲ့သည် ။ အကြောင်းမှာ ယခုအချိန်တွင် သူမ၏ အသံဓားသွားစွမ်းရည်က ဘုရင်မ မိုနီကာ ရထားတွဲအပြင်ဘက်သို့ တိတ်တဆိတ်ရောက်ရှိလာသော လူရိပ်တစ်ခုကို အာရုံခံမိသွားသောကြောင့်ဖြစ်သည်၊၊

All Chapters