အခန်း (၇၂၈-၇၂၉)
Vol. 43 Ch. 728-729
Chapter 728
အနက်ရောင်ဖယောင်းတိုင် ထိန်းချုပ်သူ ၃
ထို့နောက် သူမသည် လင်းရှန်နှင့် ကီကီတို့ကို ဘုရင်မ မိုနီကာရထားပေါ်သို့ ခေါ်သွားသည်၊၊ ရထားတွဲတစ်ခုအတွင်းရှိ မှန်ခန်းထဲတွင် ကျိုးလီကို ပိတ်လှောင်ထားသည်၊၊ အခန်းသည် သေးငယ်ပြီး အထဲတွင် အိပ်ယာတစ်ခုနှင့် ရိုးရှင်းသော ရေချိုးခန်းတစ်ခုသာရှိပေသည်၊၊ ကင်မရာများက ကျိုးလီကို 24/7 စောင့်ကြည့်နေသည်၊၊ လွန်ခဲ့သည့် နာရီပိုင်းက ကျိုးလီသည် တည်ငြိမ်စွာရှိနေသော်လည်း သံသယဖြစ်ဖွယ် ကျူးကျော်သူကို ဖမ်းမိသွားပြီးနောက် ကျိုးလီသည် အခန်းထဲတွင် စိုးရိမ်တကြီးဖြင့် ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်နေသည်၊၊
လင်းရှန်တို့ ဝင်လာသည်ကို မြင်သောအခါ သူက အပြေးအလွှား လာမေးသည်၊၊
“လင်း... ကပ္ပတိန်လင်း၊၊ သူတို့ ငါ့ကို လာဖမ်းတာလား”
“မင်း ဒါကို သိလား”
လင်းရှန်က ကိရိယာကို ပြလိုက်သည်၊၊ ထိုအခါ ကျိုးလီ၏ မျက်နှာပျက်သွားပြီး နောက်သို့ နှစ်လှမ်းခန့် ဆုတ်သွားသည်၊၊
“ဒါ သူတို့ပဲ... ဗျာဒိတ်တော်ဂိုဏ်းက လူတွေပဲ၊၊ ဒါက တားမြစ်ပစ္စည်းတွေကို ရှာဖို့ သုံးတဲ့ကိရိယာပဲ”
“ငါတို့ ထင်တာ မှန်နေတာပဲ”
လင်းရှန်က ကိရိယာကို ကီကီထံ ပေးလိုက်ပြီး ကျိုးလီကို ပြောလိုက်သည်၊၊
“ဒါဆို မင်းက ငါတို့နဲ့ တိတ်ဆိတ်မြို့တော်ဆီကို ပြဿနာတွေ သယ်လာတာပေါ့”
“မဟုတ်ပါဘူး...”
ကျိုးလီက အမြန်ငြင်းလိုက်သည်၊၊
“ငါ ဘာမှမလုပ်ပါဘူး… ငါ ကောင်းကင်နှင့်မြေကြီးကို သက်သေထားပြီး ကျိန်ရဲတယ်၊၊ ကပ္ပတိန်လင်း… ငါအမြဲတမ်း စောင့်ကြည့်ခံနေရတာပဲလေ… ငါက ဘယ်လိုလုပ် ပြဿနာရှာရဲမှာလဲ”
“ဒါဆို သူတို့က မင်းဆီက ဘာလိုချင်နေတာလဲ”
လင်းရှန်က အေးစက်သော အကြည့်ဖြင့် ကြည့်လိုက်သည်၊၊
“အလင်းဗျာဒိတ်တော်ဂိုဏ်းနဲ့ အနီရောင်ကမ္ဘာက လူတွေက သစ္စာဖောက်သွားတဲ့ နယ်ရုပ်တစ်ရုပ်ကို ကယ်ဖို့အတွက် တိတ်ဆိတ်မြို့တော်ထဲအထိ ခိုးဝင်လာတာတော့ မဟုတ်လောက်ဘူးနော်”
လင်းရှန်သည် ဗျာဒိတ်တော်ဂိုဏ်း သို့မဟုတ် အနီရောင်ကမ္ဘာမှ လူများ တိတ်ဆိတ်မြို့တော်အတွင်းသို့ ခိုးကြောင်ခိုးဝှက် ဝင်ရောက်လာနိုင်ခြင်းအပေါ် အံ့ဩခြင်းမရှိပေ။ သို့သော်လည်း ၎င်းတို့သည် ကျိုးလီကို ပထမဆုံးစတင်ရှာဖွေခဲ့ကြခြင်းက ကျိုးလီတွင် အခြားသော လျှို့ဝှက်ချက်များရှိနေနိုင်သည်ဟု လင်းရှန်ကို သံသယဝင်လာစေသည်။
ကျိုးလီက လက်ကာပြရင်း “မဖြစ်နိုင်တာ၊၊ သူတို့... သူတို့ ငါ့ကို လာကယ်တာတော့ မဟုတ်နိုင်ဘူး”
“အကြောင်းရင်းတစ်ခုခုတော့ ရှိရမယ်”
လင်းရှန်က နာရီကို ကြည့်လိုက်သည်၊၊
“အခု ငါတို့ အဲ့ဒီလူကို ဖမ်းထားတယ်၊၊ မင်းတို့ထဲက တစ်ယောက်ယောက်ကတော့ အမှန်အတိုင်းပြောရလိမ့်မယ်”
ကျိုးယန် မျက်နှာ ဖြူဖျော့သွားပြီး “ကပ္ပတိန်လင်း၊ ကျွန်တော် တကယ် မသိတာပါ၊၊ ငါ့ကို အမှောင်ဖယောင်းတိုင် စောင့်ရှောက်သူ တစ္ဆေအိုကြီးပဲ လာတွေ့တာပါ၊၊ အဲ့ဒီသူတောင်းစားက အရိပ်ထဲမှာ ပုန်းပြီး မိန်းမတွေကို ချောင်းရတာ ဝါသနာပါတဲ့ ကောင်ပဲ၊၊ တခြားငါသိတာကတော့ အဖြူရောင်မြို့ သုတေသနဌာနက စိတ်မနှံ့တဲ့ ကိုယ်ပွားတွေကို စောင့်ကြည့်နေတုန်း ကြားခဲ့ရတာပဲ...”
“မင်းက စိတ်မနှံ့တဲ့ ကိုယ်ပွားတွေဆီကနေ အနီရောင်ကမ္ဘာနဲ့ အာရုဏ်ဦးမြို့တော်က အရာရှိကြီးတွေ ပူးပေါင်းနေတယ်လို့ တွက်ချက်လိုက်တာလား”
ကီကီ မျက်မှောင်ကြုတ်သွားသည်၊၊
“ဘာအထောက်အထား ရှိလို့လဲ...”
“မဟုတ်ဘူး”
ကျိုးလီက အလျင်အမြန် ပြန်ပြောလိုက်သည်၊၊
“ငါကိုယ်တိုင်မြင်ခဲ့တာပဲ၊၊ တွင်းနက်ထဲကိုမပို့ခင် ညက ကျင်းဟိုင်မှာ…”
ကျိုးလီက အကုန်ဖွင့်ပြောလိုက်သည်၊၊
“အဲ့ဒီအချိန်မှာ ငါ့ကို သံလှောင်အိမ်ထဲ ထည့်ထားတယ်၊၊ သယ်ယူပို့ဆောင်ရေးသင်္ဘောပေါ် မတက်ခင်မှာ တခြားသင်္ဘောတစ်စီးပေါ်ကနေ ဆင်းလာတဲ့ လူတစ်စုကို မြင်လိုက်တယ်၊၊ အဲ့ဒီထဲမှာ တစ်ယောက်က ကျင်းဟိုင်မြို့ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီရဲ့ အထွေထွေ မန်နေဂျာ ဝမ်တုံပဲ၊၊ သူ့ကိုတော့ ငါသေတောင် မမေ့ဘူး၊၊ ဝမ်တုံက လင်းလုံအုပ်စု၏ ဒုတိယအကြီးအကဲဖြစ်တဲ့ ဝမ်မိသားစုဝင်တစ်ဦးလည်း ဖြစ်တယ်၊၊ အခုဆိုရင် လင်းလုံအုပ်စုက အာရုဏ်ဦးမြို့တော်ဘက် ပါသွားပြီဆိုတာ အားလုံး သိကြတာပဲ၊၊ ပြီးတော့ ဝမ်ဟွေ့က ဖက်ဒရေးရှင်းလွှတ်တော်မှာ အမတ်ဖြစ်လာတယ်၊၊ ဝမ်တုံက အနီရောင်ကမ္ဘာရဲ့ နယ်မြေထဲမှာ ပေါ်လာတာဟာ ပူးပေါင်းမှုတစ်ခုခုရှိနေလို့ပဲ ဖြစ်ရမယ်”
“ဝမ်တုံ... ရင်းနှီးနေတဲ့ နာမည်ပါလား”
လင်းရှန် မျက်မှောင်ကြုတ်လိုက်သည်၊၊
ကီကီက လင်းရှန်နားကပ်၍ ပြောလိုက်သည်၊၊
“သူက သုညဒြပ်စင်ဗဟိုဌာနက ထန်ယွမ်ရဲ့ ယောကျ်ားလေ၊၊ ကျွန်မရဲ့... ဦးလေးပေါ့”
“မင်းတို့ မိသားစုက တကယ်ကို သစ္စာရှိပြီး သူရဲကောင်းဆန်တာပဲ”
လင်းရှန်က ပြောလိုက်သည်၊၊
“ကျွန်မ စိတ်မဝင်စားဘူး...”
ကီကီက နှာခေါင်းရှုံ့လိုက်သည်၊၊
“အဲ့ဒါဆိုရင် အနီရောင်ကမ္ဘာရဲ့ အင်အားစုတွေက ကျင်းဟိုင်မှာ ရှိနေတာပေါ့”
မိုနီကာက အဓိကအချက်ကို ထောက်ပြသည်၊၊
ကျိုးလီက မျက်လုံးပြူးကာ ပြောလိုက်သည်၊၊
“အင်အားစုတင် မဟုတ်ဘူး၊၊ အနီရောင်ကမ္ဘာရဲ့ အခြေစိုက်စခန်းက ကျင်းဟိုင်မှာ ရှိနေတယ်လို့ ငါထင်တယ်”
“ဘာလို့လဲ” လင်းရှန်က မေးသည်၊၊
“ကပ္ပတိန်လင်း စဉ်းစားကြည့်လေ… ငါ့ကို ကျင်းဟိုင်ကနေ တွင်းနက်ထဲ ပို့လိုက်တဲ့နေရာက စစ်အခြေစိုက်စခန်းပဲ၊၊ ကိုယ်ပွားတွေကိုလည်း အဲ့ဒီကနေပဲ တစ်သုတ်ပြီး တစ်သုတ်ပို့နေတာလေ၊၊ ကျင်းဟိုင်က အာရုဏ်ဦးမြို့တော်ရဲ့ ရှေ့တန်းမျက်နှာစာမှာ ရှိတယ်၊၊ အဲ့ဒီလို နေရာမျိုးမှာ အနီရောင်ကမ္ဘာက လှုပ်ရှားနိုင်တယ်ဆိုတာ ပူးပေါင်းနေလို့ပဲ ဖြစ်ရမယ်၊၊ သူတို့ရဲ့ စခန်းကလည်း အဲ့ဒီနားမှာပဲ ရှိမှာပဲ”
“ကျိုးကြောင်းဆီလျော်မှုတော့ ရှိသားပဲ”
ကီကီက ခေါင်းညိတ်သည်၊၊
“စစ်လေယာဉ်ကွင်းဖြစ်မယ်ထင်တယ်...”
မိုနီကာက သူမ၏ လက်မောင်းရှိ စက်ကို သုံးကာ မြေပုံတစ်ခုကို ဖော်ပြလိုက်သည်၊၊
“ကျင်းဟိုင်တစ်ဝိုက်မှာ စစ်လေယာဉ်ကွင်းတွေ အများကြီး ရှိတယ်၊၊ နင်ပြောတာ ဘယ်တစ်ခုလဲ”
“အဲ့ဒါတော့ ငါလည်းမသိဘူး”
ကျိုးလီက ခေါင်းခါသည်၊၊
“ဒါဆို ကျင်းဟိုင်က စစ်လေယာဉ်ကွင်းဆိုတာ မင်း ဘယ်လိုသိတာလဲ”
လင်းရှန်က မေးသည်၊၊
“ဘာလို့လဲဆိုတော့ ယာဥ်ပေါ်တက်ပြီးချိန်မှာ ကောင်းကင်ကနေ ကျင်းဟိုင်ရဲ့ ကြယ်ကြည့်မျှော်စင်ကို မြင်လိုက်ရလို့ပဲ”
ကျိုးလီက ယုံကြည်မှုအပြည့်နှင့် ပြောသည်၊၊
“အဲ့ဒီလေယာဉ်ကွင်းက ကျင်းဟိုင်မြို့ကနေ ပျံသန်းချိန် ၁၀ မိနစ်စာအတွင်းမှာပဲ ရှိတယ်၊၊ ငါအာမခံတယ်”
“မင်းက အတော်လေး ဂရုစိုက်တတ်သားပဲ၊၊ တွင်းနက်ထဲကနေ ထွက်လို့မရမှန်း သိနေတာတောင် ဒါတွေကို မှတ်ထားသေးတယ်”
လင်းရှန်က ထိုဖက်တီးကို စူးစမ်းစွာကြည့်ရင်း ပြောလိုက်သည်၊၊
ကျိုးလီက ရယ်ကျဲကျဲဖြင့် ပြောလိုက်သည်၊၊
“ဒီလိုကမ္ဘာပျက်ကပ်ထဲမှာ ငါ့လို စွမ်းအားလည်း မရှိ၊ ဘာမှမရှိတဲ့သူက ဒီလိုပါးနပ်မှပဲ အသက်ရှင်နိုင်မှာပေါ့...”
လင်းရှန်က သူ့ကို ဂရုမစိုက်တော့ဘဲ ကီကီ၊ မိုနီကာတို့နှင့် တီးတိုးဆွေးနွေးလိုက်သည်၊၊
“သူ သိတာတွေက များလွန်းမနေဘူးလား”
ကီကီက သံသယဝင်သည်၊၊
“အနီရောင်ကမ္ဘာက လူတွေကလည်း သူက သေမယ့်လူပဲဆိုပြီး ဂရုမစိုက်တာဖြစ်နိုင်တယ်၊၊ ဒါပေမဲ့ ငါစဉ်းစားနေတာက ဘာလို့ ဗျာဒိတ်တော်ဂိုဏ်းက သူ့ကို ပစ်မှတ်ထားတာလဲဆိုတာပဲ”
“ရိုးရှင်းပါတယ်” မိုနီကာက အေးအေးဆေးဆေး ပြန်ပြောသည်၊၊
“အပြင်က လူကို မေးလိုက်ရင် အဖြေထွက်လာမှာပေါ့”
“ဒါနဲ့ လင်းရှန်”
ကီကီက တားမြစ်ပစ္စည်းရှာသည့် ကိရိယာကို ပြရင်း ပြောသည်၊၊
“ဒီစက်ရဲ့ ထောက်လှမ်းနိုင်စွမ်းက ၃ ကီလိုမီတာထက် မပိုဘူး”
ထိုစကားကို ကြားသောအခါ လင်းရှန်မျက်နှာပျက်သွားသည်၊၊
မိုနီကာက လက်ပိုက်ရင်း “၃ ကီလိုမီတာဆိုရင် တိတ်ဆိတ်မြို့တော်ထဲမှာပဲ ရှိတာလေ… အဲ့ဒါဆိုရင် ကျိုးလီရောက်လာတာနဲ့ အချက်ပြရသွားတာပဲ၊၊ ဆိုလိုတာက အဲ့ဒီလူက...”
“တိတ်ဆိတ်မြို့တော်ထဲမှာ အကြာကြီး ရှိနေခဲ့တာပေါ့”
ထိုစဉ် ကျိုးလီက စိုးရိမ်တကြီးဖြင့် မေးသည်၊၊
“ကပ္ပတိန်လင်း... မင်းတို့ ဘယ်သူ့ကို ဖမ်းထားတာလဲ၊၊ သူ ဘာတွေပြောလဲ”
“ဪ... မေ့တော့မလို့” လင်းရှန်က မိုနီကာကို ကြည့်လိုက်သည်၊၊
မိုနီကာက အချက်ပြလိုက်ရာ သူမ၏ လူများက ထိုပိန်ပိန်ပါးပါးလူကို ခေါ်လာကြသည်၊၊
တီ...
တံခါးပွင့်လာပြီး ထိုလူကို မြင်လိုက်ရချိန်တွင် ကျိုးလီ မျက်လုံးပြူးသွားကာ လက်ညှိုးထိုးပြီး အော်လိုက်သည်၊၊
“သူ... သူက တစ္ဆေအိုကြီးပဲ”
“မင်း သေချာလား”
လင်းရှန် အနည်းငယ် အံ့အားသင့်သွားသည်။
ဗျာဒိတ်တော်ဂိုဏ်းအဖွဲ့အစည်းသည် ၎င်းတို့၏ ပုံစံအစစ်မှန်က်ု တစ်ခါမျှ ထုတ်ဖော်ပြသခဲ့ခြင်း မရှိပေ။ ၎င်းတို့သည် အမှောင်စွမ်းအားကို အလွန်အမင်း စိတ်ဝင်စားသူများဖြစ်ကြောင်း သိရသည်မှအပ အခြားအကြောင်းအရာများကိုမူ မသိရသလောက်ပင်၊၊
တားမြစ်ပစ္စည်းများကို ထောက်လှမ်းနိုင်သည့် ထိုစက်ပစ္စည်းကို ဖန်တီးနိုင်သော ဤအဖွဲ့အစည်းသည် လျှို့ဝှက်ဆန်းကြယ်ရုံသာမက တားမြစ်ပစ္စည်းများနှင့် ပတ်သက်သော အသိပညာတွင် ဖီးနစ်၊ ဖက်ဒရေးရှင်းနှင့် အနီရောင်ကမ္ဘာထက်ပင် သာလွန်နေနိုင်သည်၊၊ ၎င်းတို့၌ တစ်စုံတစ်ခုသော ထူးခြားမှုရှိရပေမည်။
Chapter 729
အကျပ်ကိုင် အညံ့ခံစေခြင်း ၁
မထင်မှတ်ဘဲ တစ္ဆေအိုကြီး (ခေါ်) ကျိုးလီကို ထိန်းချုပ်ထားသော ဗျာဒိတ်တော်ဂိုဏ်းသားသည် မိုနီကာ၏ လက်ထဲသို့ အလွယ်တကူပင် အဖမ်းခံလိုက်ရသည်။
သို့သော်လည်း ထိုသူမှာ ဗျာဒိတ်တော်ဂိုဏ်းသားတစ်ဦးဖြစ်ပြီး တားမြစ်ပစ္စည်းတစ်ခု၏ စွမ်းအားကို ပိုင်ဆိုင်ထားသူဖြစ်ကြောင်း ထည့်သွင်းစဉ်းစားကာ လင်းရှန်သည် ကီကီနှင့် သတိကြီးစွာ အကြည့်ချင်းဖလှယ်လိုက်သည်။
ကီကီက ချက်ချင်းပင် နားလည်သွားပြီး ထိုသူ၏ ခန္ဓာကိုယ်ကို စိတ်စွမ်းအားဖြင့် ရှာဖွေလိုက်ရာ ထူးခြားသော ခဲသတ္တုသေတ္တာငယ်တစ်ခုကို အမှန်တကယ်ပင် တွေ့ရှိရသည်။ ၎င်းကို ဖွင့်လိုက်သောအခါ လင်းရှန်၏ မျက်လုံးအစုံသည် ချက်ချင်းပင် ကျဉ်းမြောင်းသွားခဲ့သည်၊၊ အကြောင်းမှာ ထိုသေတ္တာသည် ဟူလုရှို့က ငွေကျည်ဆန်ကို ပေးပို့ရာတွင် အသုံးပြုခဲ့သည့် အမျိုးအစားနှင့် တစ်ပုံစံတည်းဖြစ်နေသောကြောင့်ပင်။
“စိတ်ဝင်စားစရာပဲ၊၊ ဗျာဒိတ်တော်ဂိုဏ်းက တားမြစ်ပစ္စည်းတွေအပေါ်မှာ အဆင့်မြင့်သုတေသနတွေ တကယ်လုပ်ထားပုံရတယ်၊၊ သီးသန့်သိမ်းဆည်းတဲ့ သိုလှောင်ပစ္စည်းတွေတောင် ရှိနေတာပဲ”
လင်းရှန်က ၎င်းကို ကောက်ယူ၍ သေတ္တာကို ဖွင့်လိုက်ရာ မှိန်ဖျော့သော အလင်းတန်းတစ်ခု ချက်ချင်းပင် ပျံ့နှံ့သွားပြီး ရထားတွဲအတွင်း၌ မြူများ ဖုံးလွှမ်းသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူ မော့ကြည့်လိုက်သောအခါ မိုနီကာ၏ နီရဲသော နှုတ်ခမ်းများပင် အရောင်အနည်းငယ် လျော့ကျသွားသကဲ့သို့ပင် ဖြစ်နေကာ အလွန်ထူးဆန်းနေသည်။
သေတ္တာထဲတွင် ဆယ်စင်တီမီတာပင် မပြည့်သော လက်ချောင်းခန့် အထူရှိသည့် အနက်ရောင်ဖယောင်းတိုင်တစ်တိုင် ရှိနေပြီး တစ်ဝက်ခန့် လောင်ကျွမ်းပြီးသားပုံစံဖြစ်နေသည်။ မီးစာမှာ သတ္တုရောင်ပြောင်းကာ မည်းနေသည်မှအပ ကျန်သည်မှာ သာမန်ဖယောင်းတိုင်တစ်ခုကဲ့သို့ပင်။
ဤခေတ်ကာလတွင် ဖယောင်းတိုင်များသည် ရှားပါးပြီး အနုပညာပစ္စည်းအဖြစ် သို့မဟုတ် ဝါသနာရှင်များ စုဆောင်းရန်အတွက်သာ အသုံးပြုကြကာ လက်တွေ့အသုံးဝင်မှုမှာမူ နည်းပါးလှသည်။
သေတ္တာထဲမှ ဖယောင်းတိုင်ကို မြင်လိုက်ရသောအခါ မလှမ်းမကမ်းရှိ သီးသန့်ခန်းအတွင်း ပိတ်လှောင်ခံထားရသည့် ကျိုးလီ၏ မျက်လုံးများ ပြူးထွက်မတတ် ဖြစ်သွားသည်။ ထို့နောက် သေတ္တာထဲမှ အနက်ရောင်ဖယောင်းတိုင်ကို လက်ညှိုးထိုးကာ အရေးတကြီးဖြင့် ဗလုံးဗထွေးပြောလိုက်သည်။
“အဲဒါ... အဲဒါ ငါ… ဟို မြေအောက်ဂိုဒေါင်ထဲမှာ တွေ့ခဲ့တဲ့ပစ္စည်းပဲ၊၊ အဲဒါကို သူတို့လုသွားတာ”
ငွေကျည်ဆန်မှ အတွေ့ကြုံကြောင့် လင်းရှန်သည် အနက်ရောင်ဖယောင်းတိုင်ကို တိုက်ရိုက်မကိုင်တွယ်ဘဲ အနီးကပ်လေ့လာရင်း ပြောလိုက်သည်။
“ဒီပစ္စည်းသာ ငြိမ်းသွားရင် မင်း သေလိမ့်မယ်လို့ ပြောခဲ့တယ်မဟုတ်လား၊၊ အခုတော့ ဒါက လောင်ကျွမ်းနေပုံ မရပါဘူး”
ကျိုးလီလည်း သိသိသာသာ ဆွံ့အသွားသည်၊၊
“ဟမ်… ဟုတ်သားပဲ၊၊ အဲဒီကောင် ပြောတာကတော့ ဒီဖယောင်းတိုင်က အမြဲတမ်း လောင်နေတာဆို”
“ရိုးရိုးလေးပါ”
မိုနီကာက တစ္ဆေအိုကြီး၏ နောက်တွင် ရပ်နေသော အဖွဲ့ဝင်တစ်ဦးကို အချက်ပြလိုက်သည်။ ထိုသူက လျှပ်စစ်သေနတ်၏ ခလုတ်ကို ချက်ချင်းလှည့်ကာ တစ္ဆေအိုကြီး၏ နံကြားကို ထိုးလိုက်လေသည်။
ရှူး...
ပြင်းထန်သော နာကျင်မှုကြောင့် တစ္ဆေအိုကြီး ပြင်းထန်စွာ တွန့်လိမ်သွားပြီး အော်ဟစ်လျုက်သည်။
“အား”
အော်ဟစ်ပြီးနောက် ထုံထိုင်းနေရာမှ ရုတ်တရက် နိုးလာပြီးနောက် သူသည် လုံခြုံစွာ ပိတ်ဆို့ထားသည့် ရထားတွဲအတွင်း ရောက်ရှိနေကာ လှုပ်ရှား၍မရကြောင်း သိရှိသွားကာ လင်းရှန်နှင့် အခြားသူများကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ သို့သော် သူ၏အကြည့်က သီးသန့်ခန်းအတွင်းရှိ ကျိုးလီထံသို့ ရောက်ရှိသွားသောအခါ ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခုကို မြင်လိုက်ရသကဲ့သို့ သူ၏ အမူအရာမှာ ချက်ချင်း ပြောင်းလဲသွားသည်။ သူ၏ မျက်လုံးများမှာ ခဏလောက် ရှုပ်ထွေးသွားပြီးနောက် လင်းရှန်ကို ကြည့်ကာ ပြောလိုက်သည်။
“မင်းတို့က ဘယ်သူတွေလဲ၊၊ ဘာလို့ ငါ့ကို ဖမ်းတာလဲ”
“အော်၊၊ အူကြောင်ကျားလာလုပ်နေတာလား”
ကီကီက လက်ပိုက်ကာ နောက်သို့ ဆုတ်လိုက်သည်၊၊
“သေချာကြည့်စမ်း၊၊ ဒီလူကို ရှင်သိလား”
တစ္ဆေအိုကြီးက ခေါင်းခါယမ်းကာ ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်။
“မသိဘူး၊၊ ငါ ဒီကျိုးဆိုတဲ့ လူကို မသိဘူး၊၊ မင်းတို့က လူတစ်ယောက်ကို ဒီအတိုင်း လက်လွတ်စပယ်ဖမ်းရအောင် ဘယ်သူတွေလဲ၊၊ ငါက တိတ်ဆိတ်မြို့တော်မှာ နေထိုင်တဲ့ တရားဝင်ဒေသခံတစ်ယောက်ပဲ၊၊ ငါ တိုင်ချက်ဖွင့်ချင်တယ်၊၊ ယန္တရားစစ်ဆေးရေးအဖွဲ့ ဘယ်မှာလဲ”
သူက ထိုသို့ ပြောလိုက်သည်နှင့် လင်းရှန်နှင့် ကီကီတို့ သိသိသာသာ အံ့အားသင့်သွားကြသည်။ ဒီလူက ဘာလို့... နည်းနည်းထူးဆန်းနေတာလဲ။
“တစ္ဆေအိုကြီး… မင်း ငါ့ကို မသိဘူးလား၊၊ မင်းလာနောက်နေတာလား၊၊ မင်း ပြာဖြစ်သွားရင်တောင် ငါမှတ်မိတယ်ကွ”
ကျိုးလီ အလွန်စိတ်လှုပ်ရှားနေသည်၊၊ လင်းရှန်က သူ့ကို လိမ်နေသည်ဟု ထင်ကာ လက်ညှိုးတစ်ချောင်းဖြင့် ဖိသတ်လိုက်မည်ကို စိုးရိမ်နေသည့်အချိန်တွင် တစ္ဆေအိုကြီးက မျက်နှာပြောင်တိုက်၍ လိမ်ပြောလိုက်သောအခါ စိတ်လွတ်သွားပြီး ပေါက်ကွဲထွက်လာသည်။
“မင်းက စောက်ရူးလား”
တစ္ဆေအိုကြီးက ကျိုးလီကို ပျာပျာသလဲ မျက်စိမှိတ်ပြလိုက်ရင်း “မင်း ဘာလို့ ငါ့ကို ဖော်ထုတ်လိုက်တာလဲ၊၊ ဗျာဒိတ်တော်ဂိုဏ်းရဲ့ ပထမဆုံးစည်းကမ်းကို မေ့သွားပြီလား၊၊ အခု ငါ မင်းကို ဘယ်လိုကယ်ရတော့မလဲ”
“မင်းက… ငါ့ကို ကယ်မယ်”
ကျိုးလီ အံ့သြသွားပြီးမှ လှောင်ပြုံးပြုံးလိုက်သည်၊၊
“ဗျာဒိတ်တော်ဂိုဏ်းက ငါနဲ့ ဘာဆိုင်လို့လဲ၊၊ ငါက မင်းရဲ့ အစေခံဆိုပြီး မင်းပြောခဲ့တာ မဟုတ်လား၊၊ ငါ မင်းဆီမှာ တစ်ပတ်လောက်ဖမ်းဆီးခံခဲ့ရတယ်၊၊ ကင်းထောက်အဖြစ် ၃၂ ကြိမ် အသုံးချခံရတယ်၊၊ တားမြစ်ပစ္စည်းတွေ ရှာဖို့ ဖုတ်ကောင်အသိုက်တွေနဲ့ သန္ဓေပြောင်းသတ္တဝါတွေထဲကို ဝင်ခိုင်းတယ်၊၊ ဖုတ်ကောင်မတွေရဲ့ နံစော်နေတဲ့ အတွင်းခံဘောင်းဘီတွေကိုတောင် မင်း ငါ့ကို ဖယ်ခိုင်းခဲ့တာလေ၊၊ အခုမှ စည်းကမ်းတွေအကြောင်း လာပြောနေတာလား… ကယ်မယ် ဟုတ်လား… မင်းက ငါ့ကို တကယ်ကြီးလှည့်စားနေတာပဲ၊၊ မင်းကိုယ်မင်း ဒီရထားရဲ့ အိတ်ဇောပိုက်လို့ ပြောရင်တောင် ငါ အံ့သြမှာ မဟုတ်ဘူး… သောက်ရူးကောင်”
ကျိုးလီ ပြောရင်းဖြင့် ပို၍ဒေါသထွက်လာကာ သီးသန့်ခန်းသာမရှိလျှင် ပြေးထွက်ပြီး တံတွေးနှင့် ထွေးပစ်မိပေမည်။
“ကျိုးလီ ခွေးသူတောင်းစားကောင်… မင်း မင်း”
တစ္ဆေအိုကြီးလည်း ဒေါသထွက်ကာ ပြန်အော်ဟစ်သည်။
“အိတ်ဇောပိုက်နဲ့ မူလီသွားစုပ်နေလိုက်… ဖယောင်းတိုင်ထွန်းပြီး ဟန်ဆောင်နေတဲ့ ကောင်တွေ”
ကျိုးလီက မလျှော့တမ်း ပြန်ပြောလိုက်သည်။
ရုတ်တရက် နှစ်ယောက်သား အပြန်အလှန် ဆဲဆိုနေကြသဖြင့် လင်းရှန်မှာ မျက်ခွံများတလှုပ်လှုပ်ဖြစ်သွားသည်၊၊ မိုနီကာသည်လည်း ဖုတ်ကောင်မများ၏ အတွင်းခံကို ဖယ်ခိုင်းခြင်းနှင့် အိတ်ဇောပိုက်အကြောင်းများကြောင့် မျက်မှောင်ကြုတ်သွားသည်။ ဒီလူက တကယ့် လူထူးလူဆန်းပဲ...
“ဟေး… တိတ်တိတ်နေကြစမ်း”
ကီကီက ဆက်သည်းမခံနိုင်တော့ဘဲ တစ္ဆေအိုကြီး၏ ပါးစပ်ကို စိတ်စွမ်းအားဖြင့် ပိတ်လိုက်ရာ ဒေါသတကြီးအော်ဟစ်သံများမှာ ရုတ်တရက် အုအုအအ အသံများအဖြစ် ပြောင်းလဲသွားလေသည်။
ကျိုးလီသည် ယခုအချိန်တွင် ယခင်ကကဲ့သို့ မထိတ်လန့်တော့ပေ။
အနက်ရောင်ဖယောင်းတိုင်နှင့်အတူ တစ္ဆေအိုကြီးပါ အဖမ်းခံလိုက်ရပြီး ဖယောင်းတိုင်မှာလည်း ငြိမ်းနေသော အခြေအနေတွင် ရှိနေသည်။ ၎င်းက တစ္ဆေအိုကြီးသည် ယခင်က သူ့ကို လိမ်ညာခဲ့ခြင်း ဖြစ်နိုင်ကြောင်းပြသနေသဖြင့် သူ လက်ရှိတွင် သေဆုံးမည်မဟုတ်ပေ။ နှိုင်းယှဉ်ကြည့်လျှင် တစ္ဆေအိုကြီးက သူ့ထက် ပို၍ ဒုက္ခရောက်နေခြင်း ဖြစ်သည်။ သူ ဘာကိုစိုးရိမ်နေရတော့မည်နည်း။
လင်းရှန်သည် ကျိုးလီကို ကြည့်လိုက်သည်။ ဤလူပြသနေသော နာကျည်းချက်များအရ သူ ပြောပြသည့် အခြေအနေမှာ မှန်နိုင်ခြေရှိသည်။ ၎င်းက ဤအနက်ရောင်ဖယောင်းတိုင်၏ စစ်မှန်သော စွမ်းရည်များကို စိတ်ဝင်စားသွားစေသည်။ အကယ်၍ ဤစွမ်းရည်ကို ရရှိခဲ့မည်ဆိုလျှင် ဖုတ်ကောင်များနှင့် သန္ဓေပြောင်းသတ္တဝါများ၏ ထောက်လှမ်းခြင်းကို တစ်စုံတစ်ခုသော အတိုင်းအတာအထိ ရှောင်ကွင်းနိုင်မည် မဟုတ်ပါလား။
“ရန်ဖြစ်လို့ ပြီးပြီလား”
လင်းရှန်က တစ္ဆေအိုကြီးထံ လျှောက်သွားပြီး လက်ကို မြှောက်ကာ သံခြေကျဉ်းများပါသည့် သတ္တုခုံတစ်ခုကို ဖန်တီးလိုက်သည်။ ထို့နောက် မိုနီကာ၏ လက်အောက်ငယ်သားနှစ်ဦးကို သူ့အား လက်ထိပ်ခတ်ခိုင်းကာ အခန်းထဲမှ ထွက်သွားစေပြီး တစ္ဆေအိုကြီးကို စတင်စစ်ဆေးမေးမြန်းလိုက်သည်။
“မင်းက အလိုက်တသိဝန်ခံမလား၊၊ ဒါမှမဟုတ် ငါတို့လုပ်ပေးရမလား”
လင်းရှန်က သတ္တုခုံကို လေထဲမှ ဖန်တီးလိုက်သည်ကို မြင်သောအခါ တစ္ဆေအိုကြီး၏ မျက်လုံးများတွင် တုန်လှုပ်မှုများ ပေါ်လာသည်။ သူသည် အေးစက်သောခုံပေါ်တွင် ထိုင်ရင်း လက်ပေါ်ရှိ သံကြိုးများကို ကြည့်ကာ ထိတ်လန့်တကြား ခုခံပြောဆိုလိုက်သည်။
“ဘာကို ဝန်ခံရမှာလဲ၊၊ ဟေ့ သူငယ်ချင်း…. ငါတို့က မင်းတို့နဲ့ ဆက်ဆံရေးကောင်းရှိနေခဲ့တာ မဟုတ်လား”
“အဲဒီလိုလား”
လင်းရှန်က ကီကီနှင့် မိုနီကာကို လှည့်ကြည့်လိုက်သည်။
“လက်တွေ့အရတော့ ကျွန်မတို့က ဗျာဒိတ်တော်ဂိုဏ်းနဲ့ ဘာဆက်ဆံရေးမှ မရှိခဲ့ပါဘူး”
မိုနီကာက ပြောသည်။
“ဒါပေမဲ့ သူတို့က အနီရောင်ကမ္ဘာနဲ့ ပူးပေါင်းခဲ့ကြတယ်၊၊ သူတို့က လူကောင်းတွေ မဟုတ်တာတော့ သေချာတယ်၊၊ ကျွန်မတို့ သူတို့ကို ရှင်းပစ်လို့ရတယ်”
ကီကီက ဂုဏ်ယူစွာ ပြောလိုက်သည်။