← Chapters

အခန်း (၆၂၈-၆၃၀)

Vol. 42 Ch. 628-630

အခန်း (၆၂၈-၆၃၀)

Vol. 42 Ch. 628-630

အခန်း (၆၂၈) - ကြက်ကို သတ်၍ မျောက်ကို သတိပေးခြင်း (အပိုင်း ၂)

~နင်ချီ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော စည်းမျဉ်း အရိပ်များသည် ဟင်းလင်းပြင် တစ်ခွင်၌ ကခုန်နေကြသည်။ ၎င်းတို့သည် သာမန် ပုံရိပ်ယောင်များ မဟုတ်ဘဲ စကြာဝဠာ၏ အနက်ရှိုင်းဆုံးသော လျှို့ဝှက်ချက်များကို ကိုယ်စားပြုနေကြခြင်း ဖြစ်၏။

တရားနာယူနေကြသော အကြီးအကဲများနှင့် အစစ်အမှန် အမွေခံများသည် ထိုအရိပ်များ၏ လှုပ်ရှားမှု တစ်ခုချင်းစီ၌ မိမိတို့ ပိတ်မိနေသော ကျင့်ကြံခြင်း အဖုအထစ်များကို ဖြည်ချနိုင်မည့် သော့ချက်များကို တွေ့ရှိသွားကြသည်။

နင်ချီ၏ တာအိုပို့ချမှုသည် သာမန် စကားလုံးများဖြင့် ဖော်ပြခြင်း မဟုတ်ဘဲ စိတ်ဝိညာဉ်အချင်းချင်း တိုက်ရိုက် ဆက်သွယ်ခြင်း ဖြစ်ရာ နားလည်မှု အဆင့်အတန်းမှာ မယုံကြည်နိုင်လောက်အောင် မြင့်မားလှပါ၏။

ရုတ်တရက်... ရင်ပြင်ကျယ်ကြီး တစ်ခုလုံး တုန်ခါသွား၏။

ဒုဂိုဏ်းချုပ် ချန်ဝမ်ဟယ် ၏ ခန္ဓာကိုယ်မှ ပြင်းထန်သော အလင်းတန်းများ ဖွဲ့တည်လာသည်။ သူသည် ဟင်းလင်းပြင် လမ်းစဉ် ပြီးပြည့်စုံခြင်း အဆင့်တွင် ကြာမြင့်စွာ ပိတ်မိနေခဲ့သူ ဖြစ်သော်လည်း ယခုအခါ နင်ချီ၏ လမ်းညွှန်မှုကြောင့် စည်းမျဉ်းများကို ခန္ဓာကိုယ်ပေါ်တွင် စတင် လည်ပတ်နိုင်ခဲ့ပြီ ဖြစ်၏။

၎င်းသည် ပေါင်းစည်းခြင်း နယ်ပယ် သို့ တက်လှမ်းရန် ပထမဆုံးသော ခြေလှမ်းပင် ဖြစ်တော့သည်။

ချန်ဝမ်ဟယ် သာမက တာအိုဆရာ ဇီယန် နှင့် ကျန်းရူဟိုင် တို့သည်လည်း အလားတူပင် အောင်မြင်မှုများ ရရှိနေကြသည်။ သူတို့၏ မျက်နှာများတွင် ကြည်နူးမှုနှင့် အံ့သြမှုများ ရောယှက်နေကြသည်။

နင်ချီသည် တာအိုပို့ချမှုကို အဆုံးသတ်လိုက်ပြီးနောက် ကောင်းကင်ယံသို့ မော့ကြည့်လိုက်သည်။ သူ၏ မျက်လုံးများထဲတွင် စူးရှသော အလင်းတန်းများ ဖြာထွက်သွား၏။

“ဒီနေ့ဟာ ငါတို့ အကန့်အသတ်မဲ့ ဓားဂိုဏ်း အတွက် အရေးကြီးတဲ့ နေ့တစ်နေ့ပဲ... ဒါပေမဲ့ ငါတို့ရဲ့ တက်လှမ်းမှုကို မနာလိုဖြစ်ပြီး နှောင့်ယှက်ချင်တဲ့သူတွေ ရှိနေတယ်...”

နင်ချီ၏ အသံသည် နူးညံ့သော်လည်း ဂိုဏ်းတစ်ခုလုံးရှိ လူတိုင်း၏ နားထဲတွင် မိုးခြိမ်းသံကဲ့သို့ ပြတ်သားစွာ ကြားလိုက်ရ၏။

လူတိုင်း ထိတ်လန့်သွားကြပြီး ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ကြသည်။

အကန့်အသတ်မဲ့ ဓားဂိုဏ်း၏ အပြင်ဘက် မိုင်ပေါင်း ရာချီ ဝေးကွာသော နေရာတွင် တိမ်တိုက်မည်းကြီးများ လိပ်တက်လာနေသည်ကို တွေ့လိုက်ရ၏။ ထိုတိမ်တိုက်များထဲမှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ထွက်ပေါ်နေပြီး ကျူးကျော်သူများ ရောက်ရှိလာနေကြောင်း ညွှန်ပြနေသည်။

ထိုသူများမှာ ပေ့ရွှမ်နယ်မြေရှိ အခြားသော အဆင့်မြင့်ဂိုဏ်းများမှ စုစည်းလာသော မဟာစွမ်းအားရှင်များ ဖြစ်ကြသည်။ သူတို့သည် နင်ချီ ပေါင်းစည်းခြင်း နယ်ပယ် သို့ တက်လှမ်းသွားသည်ကို မသိရှိကြဘဲ အကန့်အသတ်မဲ့ ဓားဂိုဏ်း၏ အင်အားကို စမ်းသပ်ရန်နှင့် အမွေအနှစ်များကို လုယူရန် ရောက်ရှိလာကြခြင်း ဖြစ်၏။

နင်ချီသည် နေရာမှ မလှုပ်ရှားဘဲ လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်သည်။

“ငါတို့ဂိုဏ်းကို စော်ကားတဲ့သူတွေဟာ ဘယ်လို အကျိုးဆက်မျိုး ကြုံရမလဲ ဆိုတာကို အခု ငါ ပြသမယ်... ဒါဟာ ကြက်ကိုသတ်ပြီး မျောက်ကို သတိပေးလိုက်တာပဲ...”

နင်ချီ၏ လက်ချောင်းထိပ်မှနေ၍ ဓားတာအို စည်းမျဉ်းတစ်ခု ဖွဲ့တည်လာ၏။ ၎င်းသည် သာမန် ဓားချက်တစ်ခု မဟုတ်ဘဲ ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ ရန်သူများ ရှိရာသို့ တိုက်ရိုက် ရောက်ရှိသွားသော နတ်ဘုရား ဓားချက်ပင်တည်း။

အဝေးတစ်နေရာတွင် စူးရှသော အော်ဟစ်သံများ ထွက်ပေါ်လာပြီး တိမ်တိုက်မည်းကြီးများ လျှပ်တပြက်ပင် ကွဲအက် ပျောက်ကွယ်သွားတော့၏။

ကျူးကျော်လာသော မဟာစွမ်းအားရှင် ဆယ်ဂဏန်းကျော်သည် ထိုဓားချက် တစ်ခုတည်းအောက်တွင်ပင် အပိုင်းပိုင်း ပြတ်တောက် သေဆုံးသွားကြရ၏။ သူတို့ထဲမှ တစ်ဦးတစ်ယောက်မျှ နင်ချီ၏ မျက်နှာကိုပင် မြင်တွေ့ခွင့် မရလိုက်ကြချေ။

ရင်ပြင်ပေါ်ရှိ ဂိုဏ်းသားများ အားလုံး မှင်သက်သွားကြသည်။ ဤမျှ ဝေးကွာသော နေရာမှ ရန်သူများကို နေရာမှာတင် ထိုင်နေရင်းဖြင့် သုတ်သင်ရှင်းလင်းနိုင်ခြင်းမှာ ပေါင်းစည်းခြင်း နယ်ပယ် ၏ အစွမ်းထက်မြက်မှုကို သက်သေပြလိုက်ခြင်းပင် ဖြစ်၏။

နင်ချီသည် အားလုံးကို အေးစက်စွာ တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။

“ဒီနေ့ကစပြီး အကန့်အသတ်မဲ့ ဓားဂိုဏ်းကို ထိပါးတဲ့သူ ဘယ်သူမဆို... ဒီလိုပဲ အဆုံးသတ်သွားရမယ်...ကျွန်တော်တို့ဂိုဏ်းဟာ ဘယ်သူ့ရဲ့ ဖိနှိပ်မှုကိုမှ ခံမှာ မဟုတ်ဘူး...”

ဂိုဏ်းသားများ အားလုံး စိတ်လှုပ်ရှားစွာဖြင့် ကြွေးကြော်လိုက်ကြသည်။

“ဂိုဏ်းချုပ် ကျန်းမာပါစေ... အကန့်အသတ်မဲ့ ဓားဂိုဏ်း အောင်မြင်ပါစေ...”

နင်ချီသည် ခေါင်းငြိမ့်ပြလိုက်ပြီး တိမ်တိုက်များကြားသို့ ပျောက်ကွယ်သွားတော့သည်။ သူ ဆောင်ရွက်စရာ ကိစ္စများစွာ ကျန်ရှိနေသေးသကဲ့သို့ စကြဝဠာကြီး၏ လျှို့ဝှက်ချက်များကို ဆက်လက် ရှာဖွေရဦးမည် ဖြစ်ပေသတည်း။

အခန်း (၆၂၉) -ကြက်ကိုသတ်၍ မျောက်ကို သတိပေးခြင်း (အပိုင်း ၂)

~နင်ချီသည် သူတို့အတွက် လုံးဝ မှန်ကန်တိကျပြီး သံသယဖြစ်ဖွယ်မရှိသော လမ်းစဉ်တစ်ခုကို ဖွင့်လှစ်ပေးခဲ့သည်။ ဤလမ်းစဉ်အတိုင်း လျှောက်လှမ်းပါက အောင်မြင်မှုသည် လက်တစ်ကမ်းတွင်သာ ရှိတော့သည်။

ထို့ပြင် နင်ချီ သင်ကြားပြသပေးလိုက်သော အရာများသည် သူတို့၏ ကိုယ်ပိုင် နားလည်မှုနှင့် ယခင်က သင်ယူခဲ့ဖူးသော ပညာရပ်များထက် များစွာ သာလွန်ထူးကဲနေသည်ကို လူတိုင်း သတိပြုမိကြသည်။ သည်ကိစ္စမှာ အမှန်တကယ်ပင် နတ်ဘုရားတစ်ပါးက သူတို့၏ နဖူးကို တို့ထိ၍ ထာဝရအသက်ကို ပေးသနားလိုက်သကဲ့သို့ပင် ခံစားရလေ၏။

သရုပ်ပြမှုများ ပြီးဆုံးသွားသောအခါ နင်ချီက ဆက်ပြောသည်။

“ဒါကတော့ အဆင့်တက်မယ့် နည်းလမ်းပဲ... မင်းတို့အတွက် ငါ ဖန်တီးထားတဲ့ တခြားသော ပညာရပ်တွေလည်း အများကြီး ရှိသေးတယ်...”

ထိုစကားကို ကြားလိုက်ရသောအခါ အဆင့်နိမ့် အစစ်အမှန် အမွေခံများသည် အတိုင်းအဆမဲ့ ဝမ်းမြောက်သွားကြသည်။ ပေါင်းစည်းခြင်း နယ်ပယ် ဆိုသည်မှာ သူတို့အတွက် အလှမ်းဝေးလွန်းသေးသော်လည်း ယခု ဂိုဏ်းချုပ် ကိုယ်တိုင် သင်ကြားပေးမည့် ပညာရပ်သစ်များကို ရရှိမည် ဖြစ်ရာ မည်သို့ စိတ်မလှုပ်ရှားဘဲ နေပါမည်နည်း။

နင်ချီသည် ပြည့်စုံစွာ ပြုပြင်မွမ်းမံထားသော အကန့်အသတ်မဲ့ ဓားကျမ်း ကို လူတိုင်းအား ချီးမြှင့်လိုက်သည်။ ထို့ပြင် မတူညီသော စည်းမျဉ်းများနှင့် ပါရမီများအလိုက် ကိုက်ညီမည့် ဓားကျမ်းများစွာကိုလည်း အသစ် ဖန်တီးပေးခဲ့သည်။

ဂိုဏ်းသားအားလုံးမှာ ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် လက်ခံရယူကြသည်။ ယခင်က ထိပ်တန်း အစစ်အမှန် အမွေခံ ဆယ်ဦးသာ သင်ယူခွင့်ရခဲ့သော ထိပ်တန်းပညာရပ်များကို ယခုအခါ နင်ချီ၏ လမ်းညွှန်မှုအောက်တွင် သာမန်တပည့်များပင် သင်ယူခွင့် ရရှိလာခြင်း ဖြစ်၏။

ဤကဲ့သို့သော ဂိုဏ်းချုပ်အတွက် သူတို့၏ အသက်ကိုပင် ပေးဝေရန် ဝန်လေးကြမည် မဟုတ်ပေ။ နင်ချီ၏ ဂုဏ်သတင်းမှာ လူတိုင်း၏ စိတ်ထဲတွင် နတ်ဘုရားတစ်ပါးကဲ့သို့ပင် ဖြစ်တည်လာခဲ့ပြီး အကန့်အသတ်မဲ့ ဓားဂိုဏ်းသည် ပေ့ရွှမ်နယ်မြေ၏ အရှင်သခင် ဖြစ်လာတော့မည်ဟု လူတိုင်း မျှော်လင့်ချက် ကြီးစွာ ထားရှိလာကြသည်။

သင်ကြားမှုများ ပြီးဆုံးသွားပြီးနောက် လူတိုင်း တဖြည်းဖြည်း ထွက်ခွာသွားကြရာ ရင်ပြင်ပေါ်တွင် နင်ချီနှင့် ဓားဘိုးဘေးကြီး နှစ်ယောက်တည်းသာ ကျန်ရစ်တော့သည်။

ဓားဘိုးဘေးကြီးသည် နင်ချီကို စူးစိုက်ကြည့်နေသည်။ သူ စကားမပြောမီမှာပင် နင်ချီက အရင် ဦးအောင် ပြောလိုက်လေ၏။

“ဓားဘိုးဘေးကြီး... ခင်ဗျား ဘာပြောမလဲ ဆိုတာ ကျွန်တော် သိပါတယ်...”

နင်ချီသည် မျက်စိတစ်မှိတ်အတွင်း ဓားဘိုးဘေးကြီး၏ ဘေးသို့ ရောက်ရှိသွား၏။ သူ၏ လက်ချောင်းများကို ဓားသဏ္ဌာန် ပြုလုပ်၍ ဓားဘိုးဘေးကြီး၏ နဖူးပေါ်ရှိ ဓာတ်ကြီးငါးပါး နတ်ဘုရား စွမ်းအားမျှင် တံဆိပ်ပေါ်သို့ ထိတွေ့လိုက်သည်။

ပေါင်းစည်းခြင်း နယ်ပယ် ၏ စွမ်းအားကို အသုံးပြု၍ ထိုတံဆိပ်ကို ပိုမို ခိုင်မာအောင် ပြုလုပ်လိုက်ရာ အတွင်းရှိ မိစ္ဆာစွမ်းအင်များကို ပိုမို တင်းကျပ်စွာ ပိတ်လှောင်လိုက်နိုင်ပြီ ဖြစ်၏။

လျှပ်တပြက်ပင် ဓားဘိုးဘေးကြီးသည် အားရပါးရ ဟိန်းဟောက်လိုက်ပြီး နင်ချီ၏ နောက်သို့လိုက်ကာ ပေါင်းစည်းခြင်း နယ်ပယ် သို့ ချိုးဖောက် တက်လှမ်းသွားတော့သည်။ ဤမြင်ကွင်းကို မြင်လိုက်ရသော အကန့်အသတ်မဲ့ ဓားဂိုဏ်းသားများမှာ နောက်တစ်ကြိမ် ထိတ်လန့် အံ့သြသွားကြရပြန်သည်။

“ဂိုဏ်းချုပ်နဲ့ ဓားဘိုးဘေးကြီးကို ဂုဏ်ပြုပါတယ်ခင်ဗျာ...”

အကန့်အသတ်မဲ့ ဓားဂိုဏ်းတွင် ပေါင်းစည်းခြင်း နယ်ပယ် စွမ်းအားရှင် နှစ်ပါး ပေါ်ထွန်းလာပြီ ဖြစ်ရာ မြောက်ပိုင်းနှင့် တောင်ပိုင်း နယ်မြေ တစ်ခွင်၌ မည်သူက ယှဉ်ပြိုင်ရဲပါဦးမည်နည်း။

ထို့နောက် ဓားဘိုးဘေးကြီးသည် လွန်ခဲ့သော နှစ်ပေါင်း (၃၀) အတွင်း သူ စုဆောင်းထားသော ပြင်ပသတင်းများကို နင်ချီအား ပြောပြလိုက်သည်။

“ကောင်လေး... ငါတို့တွေ သိပ်ပြီး ငြိမ်နေမိတာ များသွားပြီလား...”

ဓားဘိုးဘေးကြီး၏ အကြည့်မှာ ထက်ရှလှသည်။ သူက ဆက်ပြောသည်။

“မင်း တံခါးပိတ် ကျင့်ကြံနေတဲ့ (၃၀) အတွင်းမှာ ငါ ဂိုဏ်းကို ထိန်းသိမ်းခဲ့တယ်... မင်းမှာထားတဲ့အတိုင်း အစွမ်းအစတွေကို ဖုံးကွယ်ထားခဲ့တယ်... ဒါပေမဲ့ အပြင်လူတွေက ငါတို့ဂိုဏ်းကို အထင်သေးလာကြတယ်... ဟိုးတုန်းက တိုက်ပွဲမှာ ငါတို့ပြခဲ့တဲ့ စွမ်းအားတွေကို သူတို့တွေ မေ့ကုန်ကြပြီထင်တယ်...”

ယခင်က ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်းမှ မဟာစွမ်းအားရှင် (၈) ယောက်ကို နင်ချီ သုတ်သင်ခဲ့စဉ်က ဂိုဏ်းအသီးသီးမှ မဟာစွမ်းအားရှင်များ ကိုယ်တိုင် မြင်တွေ့ခဲ့ကြဖူးသည်။ သို့သော် နှစ်ပေါင်း (၃၀) ကြာပြီးနောက်တွင်မူ အခြေအနေများမှာ ပြောင်းလဲသွားခဲ့ချေပြီ။

“ဂိုဏ်းတချို့က ငါတို့တွေ ငြိမ်နေတာကို အခွင့်ကောင်းယူပြီး ငါတို့ရဲ့ ပိုင်ဆိုင်မှုတွေနဲ့ ဝိညာဉ်ကြောတွေကို ကျူးကျော် လုယူနေကြတယ်...”

နင်ချီက ပြန်ပြောသည်။

“ဒါဟာ တောင်ပိုင်း အစစ်အမှန်နယ်မြေ က ထိပ်တန်းဂိုဏ်းကြီးတွေရဲ့ နောက်ကွယ်က ကြိုးကိုင်မှုကြောင့် ဖြစ်မှာပေါ့...”

“မင်းပြောတာ မှန်တယ်... သူတို့ရဲ့ အထောက်အပံ့ မပါဘဲနဲ့တော့ ဒီ ပေ့ရွှမ်နယ်မြေ က ဂိုဏ်းတွေဟာ ငါတို့ဂိုဏ်းကို စော်ကားရဲမှာ မဟုတ်ဘူး...”

ဓားဘိုးဘေးကြီး၏ လေသံမှာ အေးစက်သွား၏။

“အခု မင်းလည်း တံခါးပိတ် ကျင့်ကြံရာက ထွက်လာပြီ... ငါတို့နှစ်ယောက်စလုံးလည်း ပေါင်းစည်းခြင်း နယ်ပယ် ရောက်နေပြီ ဆိုတော့... ငါတို့ ပိုင်ဆိုင်တာတွေကို ပြန်လည် သိမ်းပိုက်ပြီး... တချို့သူတွေကို နမူနာအဖြစ် သတ်ပြရမယ့် အချိန်ရောက်ပြီ...”

နင်ချီက ခေါင်းငြိမ့်လိုက်ပြီး ဆွေးနွေးဆုံးဖြတ်ကြရာ... နင်ချီ အဆင့်တက်သွားသည့် သတင်းကို အရင် ဖြန့်ဝေရန် သဘောတူလိုက်ကြသည်။ မည်သည့်ဂိုဏ်းက နောင်တရပြီး လာရောက် တောင်းပန်မလဲ၊ မည်သူက ဆက်လက် ခေါင်းမာနေမလဲ ဆိုသည်ကို ကြည့်ရှုပြီးမှသာ ခေါင်းမာသူများကို နမူနာအဖြစ် နှိမ်နင်းရန် ဆုံးဖြတ်လိုက်ကြသည်။

နင်ချီသည် ဓားဘိုးဘေးကြီး အဆင့်တက်သည့် သတင်းကိုမူ လျှို့ဝှက်ထားရန် ဆုံးဖြတ်ခဲ့သည်။ သူ့ကို ဂိုဏ်း၏ လျှို့ဝှက် ဝှက်ဖဲ အဖြစ် ထားရှိခြင်းက ပိုမို ကောင်းမွန်သောကြောင့် ဖြစ်၏။

...

အစစ်အမှန်သိုင်း ကမ္ဘာ တွင်လည်း နင်ချီ၏ ပင်မခန္ဓာကိုယ်သည် ကြီးမားသော စွမ်းအားများကို ရရှိနေပြီ ဖြစ်၏။ သူ၏ တိုက်ခိုက်နိုင်စွမ်းမှာ ပေါင်းစည်းခြင်း နယ်ပယ် တွင် ပြိုင်ဘက်ကင်း အဆင့်မှနေ၍ သဟဇာတဖြစ်ခြင်း နယ်ပယ် ဆီသို့ ဦးတည်နေပြီ ဖြစ်၏။

အစစ်အမှန်သိုင်း ကမ္ဘာ ကြီးသည်လည်း အဆပေါင်းများစွာ ကြီးထွားလာပြီး စည်းမျဉ်းများမှာ ပိုမို ခိုင်မာလာသည်။ ကျင့်ကြံသူများမှာလည်း ဉာဏ်အလင်း နယ်ပယ် သစ်ပင်၏ အကူအညီဖြင့် လျင်မြန်စွာ တိုးတက်နေကြ၏။

နင်ချီသည် နယ်မြေ အရှင်သခင် အနေဖြင့် အခြားသော ဝင်စားသူများနှင့် ဆက်သွယ်လိုက်တော့သည်။

*

ပေ့ရွှမ်နယ်မြေ... လော့ထျန်း အဆင့်မြင့်ဂိုဏ်း ၌...

ကျွမ်းချန် သည် ကံကောင်းထောက်မစွာဖြင့် ထိုဂိုဏ်းချုပ်၏ သားအဖြစ် ဝင်စားခဲ့ရ၏။ သူသည် အရင်းအမြစ်များစွာကို ရရှိခဲ့ပြီး ယခုအခါ ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ် သို့ပင် ရောက်ရှိနေပါသည်။

ကျွမ်းချန်က နင်ချီထံသို့ သတင်း တစ်ခု ပေးပို့လိုက်တော့၏။

“ကိုး‌လေး.. ကျွန်တော်တို့တွေ ဘယ်တော့ တောင်နှင့် ပင်လယ် ကမ္ဘာ ကို ပြန်ပြီး တိုက်ခိုက်ကြမှာလဲဗျ...”

အခန်း (၆၃၀) - ကြက်ကိုသတ်၍ မျောက်ကို သတိပေးခြင်း (အပိုင်း ၃)

~နင်ချီခမျာ စိတ်ပျက်လက်ပျက် ဖြစ်သွားရ၏။ ဤကောင်လေး ကျွမ်းချန်မှာမူ ဘဝသစ်တွင် အခွင့်အရေးရသည်နှင့် တစ်ပြိုင်နက် အလွန်ပင် လက်ရဲဇက်ရဲ ရှိလှပါ၏။

သို့သော်လည်း ကျွမ်းချန်သည် လော့ထျန်း အဆင့်မြင့်ဂိုဏ်း တစ်ခုလုံးကို လွှမ်းမိုးနိုင်စွမ်း ရှိနေသည်မှာ အမှန်ပင် ဖြစ်၏။ သူသည် နင်ချီ၏ အမိန့်ကိုသာ စောင့်ဆိုင်းနေပြီး အမိန့်ရသည်နှင့် တစ်ပြိုင်နက် ဂိုဏ်းတစ်ခုလုံးကို ဦးဆောင်၍ ချီတက်လာရန် အသင့်ရှိနေပါ၏။

မြူပြာ အဆင့်မြင့်ဂိုဏ်း ။

တာအိုဆရာ ပိုင်ရှန်းသည် လွန်ခဲ့သော နှစ်များစွာက ထိုဂိုဏ်းသို့ ဝင်ရောက်ခဲ့ပြီး အတွင်းစည်းတပည့် ဖြစ်လာခဲ့သည်။

ယခုအခါ သူသည်လည်း မဟာစွမ်းအားရှင် အဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ရုံမျှမက အခင်းအကျင်း ပညာရပ်တွင် ထူးချွန်ပြောင်မြောက်လှသဖြင့် ဂိုဏ်းတစ်ခုလုံး၏ အသိအမှတ်ပြုခြင်းကို ခံထားရ၏။

ဂိုဏ်းချုပ်၏ သမီးဖြစ်သူကပင် သူ့ကို လက်ထပ်ရန် အရူးအမူး.. ပူဆာနေသည်အထိ ဂုဏ်သတင်း ကျော်စောနေပါသည်။

ထို့ပြင် မြူပြာ အဆင့်မြင့်ဂိုဏ်း၏ ဂိုဏ်းကာကွယ်ရေး အခင်းအကျင်းကြီးကို ထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်မှာလည်း တာအိုဆရာ ပိုင်ရှန်း၏ လက်ထဲတွင်သာ ရှိလေ၏။

သူကလည်း နင်ချီထံသို့ သတင်းပေးပို့လိုက်သည်။

“နင်ချီ... ငါတို့ ဘယ်တော့ စတိုက်ကြမှာလဲ။ မြူပြာ အဆင့်မြင့်ဂိုဏ်းကို အရင် သိမ်းပိုက်ချင်သလား။ မင်း အလိုရှိမယ်ဆိုရင် ငါကိုယ်တိုင် ဂိုဏ်းကာကွယ်ရေး အခင်းအကျင်းကို ဖွင့်ပေးထားပါ့မယ်။”

ပေ့ရွှမ်နယ်မြေအတွင်း ဝင်စားခဲ့ကြသော မိတ်ဟောင်းဆွေဟောင်းများထဲတွင် သူတို့နှစ်ယောက်သာ ကျန်ရှိတော့သည်။

ကျန်ရှိနေသူများမှာမူ အခြားသော နယ်မြေအသီးသီးရှိ ဂိုဏ်းများတွင် ပြန့်ကျဲနေကြပြီး အားလုံးမှာ အရေးပါသော ရာထူးနေရာများကို ရယူထားနိုင်ကြပြီ ဖြစ်၏။

ကျွမ်းချန်နှင့် ပိုင်ရှန်းတို့သည် နင်ချီ၏ အကန့်အသတ်မဲ့ ဓားဂိုဏ်း ရင်ဆိုင်နေရသော အခက်အခဲများကို သိရှိကြသော်လည်း သူတို့မှာမူ လုံးဝ စိုးရိမ်ပူပန်ခြင်း မရှိဘဲ ပေါ့ပေါ့ပါးပါးပင် ရှိနေကြသည်။

အဘယ်ကြောင့်ဆိုသော် အခြားဂိုဏ်းများက အကန့်အသတ်မဲ့ ဓားဂိုဏ်းကို ပစ်မှတ်ထားခြင်းမှာ သူတို့အတွက် အခွင့်အရေးကောင်းကြီး တစ်ခု ဖြစ်နေသောကြောင့်ပင်။

သူတို့၏ ဂိုဏ်းများအတွင်း၌ အကန့်အသတ်မဲ့ ဓားဂိုဏ်းကို တိုက်ခိုက်ရန် ဆွေးနွေးကြသောအခါ သူတို့နှစ်ဦးသည် မိမိတို့၏ ရာထူးအာဏာကို အသုံးပြု၍ အခြေအနေကို ထိန်းသိမ်းကာ တိတ်ဆိတ်သွားအောင် ပြုလုပ်ခဲ့ကြသည်။

တောင်ပိုင်း အစစ်အမှန်နယ်မြေတွင်လည်း ဝင်စားသူများစွာ ရှိနေကြသော်လည်း နင်ချီနှင့် ရင်းနှီးသူများ မဟုတ်ကြပေ။

သို့သော်လည်း ထိုသူအများစုမှာ နင်ချီထံသို့ သတင်းများ ပေးပို့နေကြဆဲ ဖြစ်၏။ ကောင်းကင်ကြယ်တာရာ အဆင့်မြင့်ဂိုဏ်းနှင့် အမတ အသွင်ပြောင်း အဆင့်မြင့်ဂိုဏ်းတို့၏ လှုပ်ရှားမှုများကို အသေးစိတ် သတင်းပေးပို့နေကြခြင်း ဖြစ်၏။

ဤတစ်ကြိမ်တွင် ပေ့ရွှမ်နယ်မြေရှိ ဂိုဏ်းများက အကန့်အသတ်မဲ့ ဓားဂိုဏ်းကို ကျူးကျော်ရဲခြင်းမှာ အမတ အသွင်ပြောင်း အဆင့်မြင့်ဂိုဏ်း၏ နောက်ကွယ်မှ မြှောက်ပင့်ပေးမှုကြောင့် ဖြစ်ကြောင်း နင်ချီ ကောင်းစွာ နားလည်လိုက်လေ၏။

ဖူယောင် နယ်မြေ …

ထိုနေရာမှာ ပေ့ရွှမ်နယ်မြေနှင့် တောင်ပိုင်း အစစ်အမှန်နယ်မြေတို့၏ အနီးတွင် တည်ရှိသည်။

ထိုနေရာမှ ရောက်ရှိလာသော သတင်းစကားများကြောင့် နင်ချီသည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် အသံထွက်၍ ရယ်မောလိုက်မိတော့သည်။

အကြောင်းမှာ တာအိုဆရာ လုံရှန်းသည် ဖူယောင်နယ်မြေတွင် ဝင်စားခဲ့ခြင်းကြောင့်ပင်။

သူသည် နင်ချီကဲ့သို့ပင် မိဘမဲ့ကလေးငယ် ဘဝဖြင့် စတင်ခဲ့ရ၏။

သို့သော် ထူးခြားချက်မှာ တာအိုဆရာ လုံရှန်းသည် ဂိုဏ်းကြီး တစ်ခုမှ နတ်မိမယ်၏ တိတ်တိတ်ပုန်း မွေးဖွားခဲ့သော သားဖြစ်နေပြီး ဂိုဏ်းသို့ ပြန်လည် ခေါ်ဆောင်ခံခဲ့ရ၏။

ထိုဂိုဏ်းမှာ နတ်မိမယ်ဂိုဏ်း ဖြစ်ပြီး ဂိုဏ်းသားအားလုံးမှာ အမျိုးသမီး ကျင့်ကြံသူများသာ ဖြစ်ကြသည်။

ကံကောင်းထောက်မစွာဖြင့် တာအိုဆရာ လုံရှန်းမှာ မိန်းကလေးအဖြစ် ဝင်စားခဲ့ခြင်း မဟုတ်ပေ။

နတ်မိမယ်ဂိုဏ်းသည် မူလက အမျိုးသမီးများကိုသာ လက်ခံသော်လည်း သူသည် နတ်မိမယ်၏ သားဖြစ်နေခြင်းနှင့် ကျင့်စဉ်နှင့် ကိုက်ညီသော ရေဝိညာဉ်အမြုတေ ပိုင်ဆိုင်ထားခြင်းတို့ကြောင့် အထူးကိစ္စရပ်အနေဖြင့် လက်ခံခြင်း ခံခဲ့ရ၏။

တာအိုဆရာ လုံရှန်းမှာ တစ်နှစ်ပတ်လုံး အမျိုးသမီးများကြားတွင်သာ နေထိုင်နေရသဖြင့် နင်ချီနှင့် ဆက်သွယ်မိသည်နှင့် တစ်ပြိုင်နက် သူ၏ ဒုက္ခများကို ရင်ဖွင့်ကာ နင်ချီကို လျော်ကြေးတောင်းတော့သည်။

ထိုအကြောင်းကို ကြားရသောအခါ နင်ချီမှာ ရယ်ချင်စိတ်ကို မနည်း ထိန်းချုပ်လိုက်ရ၏။

ပို၍ ရယ်စရာကောင်းသည်မှာ စီနီယာ အစ်မ ယဲ့ချင်းဟယ်သည်လည်း ဖူယောင်နယ်မြေတွင်ပင် ဝင်စားခဲ့ပြီး နတ်မိမယ်ဂိုဏ်း၏ အစစ်အမှန် တပည့်တစ်ဦး ဖြစ်လာခြင်းပင်။

ထို့ကြောင့် ယခင်က ဆရာနှင့် တပည့်မှာ ယခုဘဝတွင် မောင်နှမများ ဖြစ်သွားကြချေပြီ။

ယဲ့ချင်းဟယ်သည်လည်း နင်ချီထံသို့ သတင်းပို့ကာ တိုင်တန်းလေ၏။

သူမ၏ ဆရာဖြစ်သူ တာအိုဆရာ လုံရှန်းက ဂိုဏ်းအတွင်းရှိ အမျိုးသမီးများ သူ၏ ကျင့်ကြံခြင်းကို မနှောင့်ယှက်နိုင်စေရန် သူမအား အစောင့်အဖြစ် ခိုင်းစေနေကြောင်း ပြောကြားခဲ့သည်။

“ကိုးလေး... ငါတော့ အရင်တုန်းက မျောက်ဝိုင်ကို သိပ်လွမ်းတာပဲ။”

“နင့်ကြောင့် ငါတို့တွေ တော်တော် ဒုက္ခရောက်နေရတာ။ ငါတို့ ပြန်ဆုံတဲ့အခါကျရင် နှစ်ပေါင်း တစ်ရာစာလောက် သောက်လို့ရမယ့် ဝိုင်တွေ ပေးရမယ်။ ဟွန်း…မဟုတ်ရင်တော့ ငါ ဆရာနဲ့ ပေါင်းပြီး နင့်ကို အကျပ်ကိုင်မှာနော်။”

သူတို့၏ သတင်းစကားများကို ဖတ်ရင်း နင်ချီမှာ သူတို့နှစ်ဦး၏ အဖြစ်ကို မြင်ယောင်ကာ ပြုံးလိုက်မိပြန်သည်။

သည်ကိစ္စမှာ သူ၏ အပြစ်မဟုတ်ဘဲ ကံကြမ္မာ၏ စီမံမှုသာ ဖြစ်ပါ၏။

နင်ချီက သူတို့ထံသို့ ပြန်လည် အကြောင်းပြန်လိုက်သည်။

“ဆရာကြီး... လောကီလူသားတွေကြားမှာ စိတ်ဓာတ်ကို သန့်စင်အောင် ထားပါဦး။

”

“စီနီယာအစ်မငါး... ညီငယ်လေးကို ကောင်းကောင်း စောင့်ရှောက်ပေးလိုက်ပါဦး။”

သူတို့နှစ်ဦးစလုံးမှာ ယခုအခါ နတ်မိမယ်ဂိုဏ်း၏ အရေးပါသော ပုဂ္ဂိုလ်များ ဖြစ်နေကြပြီး မဟာစွမ်းအားရှင် အဆင့်သို့ ရောက်ရှိနေကြပြီ ဖြစ်၏။

ယဲ့ချင်းဟယ်မှာ ဂိုဏ်း၏ လက်ရှိ နတ်မိမယ်အဖြစ် ရွေးချယ်ခံထားရပြီး တာအိုဆရာ လုံရှန်းမှာလည်း ဂိုဏ်းအတွင်းရှိ အမျိုးသမီးများ၏ လေးစားခြင်းကို ခံနေရကာ ဂိုဏ်း၏ အစောင့်အရှောက် ဖြစ်လာရန် တောင်းဆိုခံနေရ၏။

*

မီးလျှံနယ်မြေ ဝယ်…။

စီနီယာအစ်ကိုကြီး ချင်ယွင်က သတင်းပို့လာသည်။

သူသည် မီးလျှံနယ်မြေရှိ ဆင်းရဲသား မိသားစုတစ်ခုတွင် ဝင်စားခဲ့ရ၏။ သို့သော် မီးဝိညာဉ် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသဖြင့် ကြက်သွေးရောင် ငှက်မြတ်ဂိုဏ်း သို့ အလွယ်တကူ ဝင်ရောက်နိုင်ခဲ့သည်။

သူသည် ဂိုဏ်းချုပ်၏ သားနှင့် ပြိုင်ဆိုင်မှုများစွာ ရှိခဲ့သော်လည်း နောက်ဆုံးတွင် အနိုင်ယူကာ နံပါတ်တစ် အစစ်အမှန် တပည့် ဖြစ်လာခဲ့သည်။

ဂိုဏ်း၏ လျှို့ဝှက်အင်အားစုနှင့် မဟာ အကြီးအကဲ တစ်ဦး၏ ကျောထောက်နောက်ခံသာ မရှိပါက သူသည် ဂိုဏ်းချုပ်၏ လက်ချက်ဖြင့် သေဆုံးသွားနိုင်ပါ၏။ ကံကောင်းစွာဖြင့် သူသည် ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ် သို့ လျင်မြန်စွာ တက်လှမ်းနိုင်ခဲ့သဖြင့် မိမိကိုယ်မိမိ ကာကွယ်နိုင်စွမ်း ရှိလာခဲ့သည်။

ယခုအခါ ချင်ယွင်သည် ဂိုဏ်းချုပ်ကို ရာထူးမှ ဆင်းပေးရန် အကြီးအကဲများနှင့် ပူးပေါင်းကာ အာဏာသိမ်းရန် ပြင်ဆင်နေလေ၏။

ချင်ယွင်၏ အတွေ့အကြုံများကို ကြည့်ရင်း နင်ချီမှာ သူ၏ ခရီးလမ်းသည် ကြမ်းတမ်းလှကြောင်း တွေ့ရှိရသော်လည်း သူ အောင်မြင်စွာ ဖြေရှင်းနိုင်လိမ့်မည်ဟု ယုံကြည်ထားပါ၏။

...

မိတ်ဟောင်းဆွေဟောင်းများ တစ်ယောက်ပြီး တစ်ယောက် သတင်းပို့လာကြရာ နင်ချီသည် သူတို့၏ လက်ရှိ အခြေအနေများကို အသေးစိတ် သိရှိလိုက်ရ၏။

ခြုံငုံကြည့်ရလျှင် အားလုံးမှာ မိမိတို့၏ ဂိုဏ်းများတွင် အောင်မြင်နေကြပြီး အကြီးအကဲများ၊ သမက်တော်များနှင့် ဂိုဏ်းချုပ်များပင် ဖြစ်နေကြပြီတည်း။

သူတို့သည် တောင်နှင့် ပင်လယ် ကမ္ဘာ အလိုဆန္ဒ၏ လှုပ်ခတ်မှုများနှင့် ဝိညာဉ် ကမ္ဘာ စစ်ပွဲကြီး အကြောင်းကိုလည်း ထည့်သွင်း ပြောကြားခဲ့ကြပါသေးသည်။

နင်ချီသည် သူတို့အားလုံးနှင့်အတူ ဝိညာဉ် ကမ္ဘာ စစ်ပွဲကြီးတွင် ပူးပေါင်း ပါဝင်ရန်နှင့် အတူတကွ ရင်ဆိုင် တိုက်ခိုက်ရန် သဘောတူလိုက်ပါ၏။

သူသည် လွန်ခဲ့သော နှစ်များစွာက တောင်နှင့် ပင်လယ် ကမ္ဘာအတွင်း၌ စိုက်ပျိုးခဲ့သော အစေ့အဆန်များသည် ယခုအခါ သန်မာသော သစ်ပင်ကြီးများ ဖြစ်လာကာ မုန်တိုင်းဒဏ်ကို ကာကွယ်ပေးနိုင်ကြတော့မည်ပင်။

သူတို့ ပြန်လည် ဆုံတွေ့ကြသောအခါ လောကကြီးကို လှုပ်ခတ်စေမည့် လှိုင်းလုံးကြီးများ ပေါ်ပေါက်လာတော့မည်မှာ အမှန်ပင်။

...

နင်ချီ ပေါင်းစည်းခြင်း နယ်ပယ် သို့ တက်လှမ်းနိုင်သည့် သတင်းမှာ ပေ့ရွှမ်နယ်မြေ တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။

ဂိုဏ်းအများစုမှာ စတင် ကြားသိရချိန်တွင် သံသယ ဖြစ်ခဲ့ကြသည်။

ဂိုဏ်းအချို့မှာမူ အကန့်အသတ်မဲ့ ဓားဂိုဏ်းသို့ လူလွှတ်၍ ဂုဏ်ပြုစကား ဆိုခိုင်းသော်လည်း အဓိက ရည်ရွယ်ချက်မှာ သတင်းအမှန် ဟုတ်မဟုတ် စုံစမ်းရန် ဖြစ်၏။

ယခင် နင်ချီ ဂိုဏ်းချုပ် ရာထူး ဆက်ခံပွဲသို့ တက်ရောက်ခဲ့သော မဟာစွမ်းအားရှင်များသည်ပင် ထပ်မံ ရောက်ရှိလာကြပြန်သည်။

ယခုတစ်ကြိမ်တွင် နင်ချီကို တွေ့ဆုံရသောအခါ သူတို့၏ မျက်နှာတွင် ယခင်ကကဲ့သို့ပင် မှင်သက်နေသော အမူအရာများ ပေါ်လာကြပြန်သည်။

နင်ချီ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အရှိန်အဝါ အနည်းငယ်သည်ပင် သူတို့ကို ဧရာမ ရေခဲတောင်ကြီး တစ်လုံးအောက်တွင် ဖိနှိပ်ခံထားရသကဲ့သို့ ခံစားရစေပြီး လက်ညှိုးတစ်ချောင်းကိုပင် မလှုပ်ရှားနိုင်လောက်အောင် ဖြစ်သွားစေတော့သတည်း။

All Chapters