← Chapters

အခန်း (၁၇၁)

Vol. 18 Ch. 171

အခန်း (၁၇၁)

Vol. 18 Ch. 171

အခန်း။ ၁၇၁

ရွှေရောင်အလင်းလှိုင်းများမှာ အလွန်လျင်မြန်စွာ ပျံ့နှံ့သွားသော်လည်း ထူးထူးခြားခြား တစ်စုံတစ်ရာ ဖြစ်ပေါ်လာခြင်း မရှိပေ။

၎င်းသည် တစ်စုံတစ်ရာသော ထူးဆန်းသည့် နယ်ပယ်ခင်းကျင်းမှု တစ်ခုသာ ဖြစ်ဟန်တူသည်။ သို့သော် ရွှီရန်အတွက်တော့ ထိုအရာက အရေးမကြီးလှပေ။ သူသည် ထိုမျှ အရေးမပါလှသော နယ်ပယ်ခင်းကျင်းမှုမျိုးကို ဂရုမစိုက်ပေ။

သူသည် သံချပ်ကာဗိုလ်ချုပ်ရုပ်ကို ဓားပင်ဆွဲထုတ်ခိုင်းခြင်း မပြုဘဲ လက်သီးကိုသာ အသင့်ပြင်ခိုင်းလိုက်သည်။ ထို့နောက် သူ၏အင်အား ၃၀ ရာခိုင်နှုန်း ခန့်ကို အသုံးပြု၍ ပြေးဝင်လာသော ကျားမလေးကို ထိုးနှက်ရန် အမိန့်ပေးလိုက်သည်။

အကယ်၍ သူမသာ အဆိုပါတိုက်ခိုက်မှုကို မကာကွယ်နိုင်ပါက... ကျားမလေးသည် မီတာတစ်ဆယ်ကျော်အထိ လွင့်ထွက်သွားပြီး မြေကြီးနမ်းရပေလိမ့်မည်။ အကယ်၍ သူမ ကာကွယ်နိုင်ခဲ့လျှင်တော့ ကျားမလေးတွင် တစ်စုံတစ်ရာသော စွမ်းရည်ရှိသည်ဟု မှတ်ယူရမည်

ဖြစ်ပြီး သူ၏ အင်အား ၃၀ ရာခိုင်နှုန်းကို တောင့်ခံနိုင်သည်မှာ အံ့သြစရာပင် ဖြစ်လိမ့်မည်။

ရွှီရန်သည် ကိုယ်တိုင်မလှုပ်ရှားဘဲ ရုပ်သေးရုပ်ကိုသာ ထိန်းချုပ်နေသည်ကို မြင်သောအခါ

ကျားမလေး၏ နှုတ်ခမ်းအစုံမှာ ကောက်ကျစ်သော အပြုံးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ သူမသည် တိတ်ဆိတ်ငြိမ်သက်နေပြီး နယ်ပယ်အတွင်းရှိ ရွှေရောင်အလင်းတန်းများမှာ စီးဆင်းနေလေသည်...

သံချပ်ကာဗိုလ်ချုပ်ရုပ်နှင့် ရင်ဆိုင်နေသော သူမ၏ ကိုယ်ထည်လေးမှာ တိုက်ပွဲကွင်းပြင်အတွင်းမှ ရုတ်တရက် ပျောက်ကွယ်သွားတော့သည်။

ရွှီရန်မှာ အလွန်အမင်း အံ့အားသင့်သွားရသည်။

စက္ကန့်၏ ၁၂ ပုံ ၁ ပုံခန့်အကြာတွင်မူ သူ၏ ဦးခေါင်းနောက်ဘက်၌ ပြင်းထန်သော လေတိုးသံတစ်ခုကို ခံစားလိုက်ရသည်။

၎င်းမှာ ကျားမလေးပင်။ သူမသည် ရွှီရန်ကို လှည့်စားရန်အတွက် အယောင်ပြတိုက်ကွက်ကို အရင်သုံးခဲ့ပြီးနောက် သူမ၏ နတ်ဘုရားပေးစွမ်းရည်ကို အသုံးပြု၍ ရွှီရန်၏ အနောက်ဘက်သို့ ချက်ချင်းပင် တည်နေရာရွှေ့ပြောင်းလိုက်ခြင်း ဖြစ်သည်။ သူမ၏ လက်သီးငယ်လေးသည် ရွှီရန်ထံသို့ ပြင်းထန်စွာ ဦးတည်လာနေသည်။

"ဟီးဟီး ဒါမျိုးဖြစ်လာမယ်လို့ မထင်ထားဘူးမလား။ ကိုကို့ကို လှည့်စားလိုက်တာလေ ဘယ်သူက ကိုကို့ရုပ်သေးနဲ့ တိုက်ချင်မှာလဲ။ ကိုကို့ကိုကိုယ်တိုင်ပဲ ထိုးမှာပေါ့"

ရွှီရန်က မျက်ခုံးတစ်ဖက်ကို ပင့်လိုက်သည်။ ဒါက ဟင်းလင်းပြင် စွမ်းရည်လား။ မဆိုးဘူးပဲ။ ဟင်းလင်းပြင် ကူးပြောင်းခြင်းကို မျက်စိတစ်မှိတ်အတွင်းမှာ လုပ်ဆောင်နိုင်တာပဲ။ တကယ့် အသေအကြေ တိုက်ပွဲမျိုးမှာဆိုရင် ဒီတိုက်ကွက်က ရန်သူကို အသေသတ်နိုင်တဲ့ တိုက်ကွက်ပဲ။

ကံဆိုးတာကတော့ တခြားအတန်းဖော်တွေသာဆိုရင် ကျားမလေးရဲ့ သွေးလေအင်အား ၆,၀၀၀ ကျော်ပါတဲ့ ပြင်းထန်တဲ့ လက်သီးချက်ကို ခံလိုက်ရရင် တိုက်ခိုက်နိုင်စွမ်း လုံးဝ ဆုံးရှုံးသွားမှာ ဖြစ်ပေမဲ့...

ရွှီရန်နှင့် ရင်ဆိုင်ရသည့်အခါတွင်မူ သွေးလေအင်အား ၆,၀၀၀ ခန့်မှာ သူ၏ ခုခံအားကိုပင် ဖောက်ထွက်နိုင်ခြင်း မရှိပေ။

သတိပြုရမည်မှာ သူသည် ကပ်ဘေးမီးလျှံ ၁၀ စက်နှင့်အတူ ခန္ဓာကိုယ်ကို နိဗ္ဗာန်ကူး သန့်စင်

ခြင်းပြုလုပ်ထားပြီးသား ဖြစ်ခြင်းပင်။ ထို့ကြောင့် ယခုအခါ၌ သူသည် သွေးလေအင်အား ၁၀၀,၀၀၀ ရှိသော တိုက်ခိုက်မှုကိုပင် လက်ဗလာဖြင့် ဖမ်းဆီးနိုင်သည့် အနေအထားသို့ ရောက်ရှိနေပြီ ဖြစ်သည်။

သို့ဖြစ်ရာ ကျားမလေး၏ လက်သီးချက်ကို ခံယူလိုက်ရသော်လည်း သူ၏အတွက်မူ မည်သို့မျှ ထိခိုက်မှု မရှိပေ။ သို့သော် ကျားမလေး စိတ်ဓာတ်မကျစေရန်အတွက် သူသည် တုံ့ပြန်ရန် အချိန်မမီလိုက်သကဲ့သို့ ဟန်ဆောင်ကာ လက်သီးချက်ကို အမိအရ ခံယူလိုက်သည်။ သူမ၏ လက်သီးငယ်လေးမှာ အတော်လေး အားပါလှပြီး ရွှီရန်၏ ကျောပြင်ကို ပြင်းထန်စွာ ထိမှန်သွားသဖြင့် ဘေးပတ်ဝန်းကျင်သို့ လေပြင်းများ ဝေ့ယမ်းသွားတော့သည်။

လက်သီးချက် ကျောပြင်သို့ ထိမှန်သွားသည့် ခဏ၌ ကျားမလေးမှာ သံတုံးတစ်တုံးကို ထိုးနှက်လိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး သူမ၏ အင်အားများသည် ရွှီရန်၏ အရေပြားအပြင်ဘက်၌တင် လုံးဝတန့်သွားခဲ့သည်။ သူမ၏ ရွှေရောင်မျက်ဝန်းလေးများ ဝိုင်းစက်သွားကာ မယုံကြည်နိုင်ဟန်ဖြင့် ရေရွတ်လိုက်မိသည်။

"ဟင်... ဘယ်လိုဖြစ်တာလဲ။ ကိုကို့မှာ ဒိုင်းကာစွမ်းရည်ရှိနေတာလား"

ရွှီရန်က ခပ်ဖွဖွ ပြုံးလိုက်ပြီး "မဟုတ်ပါဘူး ကိုကို့ ခန္ဓာကိုယ်က သန်မာရုံသက်သက်ပါ။ မင်းရဲ့ လက်သီးက ကိုကို့ကို ဒဏ်ရာရအောင် မလုပ်နိုင်ဘူးလေ" ဟု ပြောလိုက်သည်။

ကျားမလေးမှာ "သွားပြီ..." ဟုသာ ရေရွတ်နိုင်တော့သည်။ ထိုစဉ် ပြင်းထန်သော လေတိုးသံတစ်ခုနှင့်အတူ တိုက်ခိုက်မှုတစ်ခု ပြေးဝင်လာသည်။

ကျားမလေးသည် ပင်ကိုသိစိတ်အရ လျှို့ဝှက်ခြေလှမ်းကို အသုံးပြု၍ ရှောင်တိမ်းရန် ကြိုးစားသော်လည်း သံချပ်ကာဗိုလ်ချုပ်ရုပ်၏ လက်ဝါးရိုက်ချက်မှာ မြန်ဆန်လွန်းလှသဖြင့် ရှောင်တိမ်းရန် မလွတ်နိုင်တော့သည်ကို သိရှိလိုက်သည်။

"ဖွင့်..."

သူမသည် အာရုံစူးစိုက်ကာ အော်ဟစ်လိုက်သည့်အခါ ရွှေရောင်စေတီတော်ငယ်လေးမှာ လျင်မြန်စွာ ကြီးထွားလာပြီး သံချပ်ကာဗိုလ်ချုပ်ရုပ်၏ လက်ဝါးနှင့် အားပါးတရ ထိပ်တိုက်တွေ့ဆုံသွားတော့သည်။

“ဂလောင်...”

သတ္တုချင်း ထိမှန်သွားသည့် အသံကြီးမှာ ဟိန်းထွက်သွားသည်။

ရွှေရောင်စေတီတော်ငယ်သည် သံချပ်ကာဗိုလ်ချုပ်ရုပ်၏ တိုက်ခိုက်မှုကို အားကုန်သုံး၍ တောင့်ခံထားသည်။

ကျားမလေး၏ မျက်နှာလေးမှာ အနည်းငယ် ဖြူလျော့သွား၏။ ထိုမျှပြင်းထန်သော တိုက်ခိုက်မှုကို ထိပ်တိုက်ရင်ဆိုင်လိုက်ရခြင်းမှာ သူမ၏ စွမ်းအင်များကို အတော်လေး ကုန်ခမ်းစေသည်မှာ သိသာလှသည်။

သူမသည် လျင်မြန်စွာ နောက်ဆုတ်လိုက်ရာ သူမကိုယ်ပေါ်ရှိ ရွှေရောင်စေတီငယ်မှာ ကွယ်ပျောက်သွားသော်လည်း တိုက်ခိုက်ရေးကွင်းပြင်ပေါ်ရှိ ရွှေရောင်အလင်းတန်းများမှာမူ မှေးမှိန်မသွားသေးပေ။

"နောက်တစ်ခါ"

သူမ၏ ဥပုံသဏ္ဌာန် မျက်နှာဝိုင်းလေးပေါ်တွင် ခေါင်းမာမှုများ အထင်းသား ပေါ်လွင်နေပြီး ရွှေရောင်မျက်ဝန်းများထဲမှ တိုက်ခိုက်လိုစိတ်မှာလည်း ပိုမိုပြင်းထန်လာသည်။

သံချပ်ကာဗိုလ်ချုပ်ရုပ်သည် ကျားမလေးရှိရာသို့ ပြင်းထန်စွာ ပြေးဝင်လာသည်။ ဘယ်လက်သီးဖြင့် ထိုးစစ်ဆင်ရင်း ညာလက်သီးကို မြှောက်၍ အားပါးတရ ရိုက်နှက်ရန် ပြင်လိုက်သည်။ လက်သီးလှိုင်းများက ဟိန်းဟောင်နေပြီး မိစ္ဆာအငွေ့အသက်များကလည်း လိပ်တက်လာ၏။

ကျားမလေးမှာ ကြက်သီးမွေးညင်းပင် ထသွားရသည်။

"ဖွင့်"

ရွှေရောင်အလင်းများ လက်ခနဲ ဖြစ်သွားပြီးနောက် သူမသည် ဟင်းလင်းပြင်ကူးပြောင်းခြင်းကို ထပ်မံအသုံးပြုကာ ရွှီရန်၏ အနောက်ဘက်တွင် ပေါ်လာပြန်သည်။

သူမ၏ လက်ထဲမှ စေတီတော်ငယ်တစ်ဆူ လွင့်ပျံလာပြီး ရွှီရန်၏ ကျောပြင်ဆီသို့ ဦးတည်တိုက်ခိုက်လိုက်သည်။

ရွှီရန်သည် ရုတ်တရက် ခေါင်းလှည့်ကြည့်လိုက်ပြီး အရှိန်အဟုန်ဖြင့် ပြေးဝင်လာသော ရွှေရောင်စေတီတော်ငယ်ကို ဖမ်းဆုပ်ရန် လက်ကမ်းလိုက်သည်။

"တကယ်ကို လေးတာပဲ အမလေး... ဒီလောက်လေးတဲ့အရာကို သူက ဘယ်လိုလုပ် ဒီလောက်မြန်တဲ့အရှိန်နဲ့ ပစ်နိုင်တာလဲ။ ဒါမှမဟုတ် ဒီစေတီက သူ့လက်ထဲမှာရှိရင် အလေးချိန်မရှိဘဲ ငါ့လက်ထဲရောက်မှ လေးသွားတာလား"

ကြိုတင်ပြင်ဆင်ထားခြင်းမရှိသောကြောင့် ရွှီရန်၏ ကိုယ်ထည်မှာ အရှေ့သို့ ယိုင်လဲသွားသည်။ စေတီတော်ငယ်မှာ သူ့ထံတွင် ကပ်ညိနေပြီး ၎င်းမှာ တိုက်ခိုက်ရေးစွမ်းရည်သက်သက်

မဟုတ်ဘဲ ပြိုင်ဘက်ကို ချုပ်ကိုင်ထားနိုင်သောတစ်ခုလည်း ဖြစ်နေသည်မှာ ထင်ရှားလှသည်။

၎င်းသည် သူ၏ လက်ဖဝါးတွင် ခိုင်မြဲစွာ ကပ်နေပြီး ခါထုတ်ရန်ပင် ခက်ခဲလှသည်။

"စိတ်ဝင်စားစရာပဲ"

ထိုအခိုက်အတန့်တွင် သူ၏ ခြေထောက်များမှာ ဟန်ချက်ပျက်သွားပြီး မြေပြင်ပေါ်သို့ လဲကျတော့မည့် အခြေအနေသို့ ရောက်ရှိသွားသည်။

ကျားမလေးက ကောက်ကျစ်စွာ ပြုံးလိုက်ပြီး ရွှီရန်၏ ဟာကွက်ဖြစ်နေသော နေရာသို့ လက်သီးဖြင့် ချိန်ရွယ်လိုက်သည်။ ပုံမှန်ဆိုလျှင်တော့ မည်သူမျှ ရှောင်တိမ်းနိုင်မည် မဟုတ်ပေ။

သို့သော် သူမ၏ ပြိုင်ဘက်မှာ ရွှီရန် ဖြစ်နေသည်။

နှစ်စက္ကန့်အတွင်းမှာပင် သူ၏လက်ပေါ်ရှိ အလေးချိန်မှာ ပျောက်ကွယ်သွားပြီး စေတီတော်ငယ်လေးမှာ ပြုတ်ကျသွားသည်။

လေထုတံတိုင်းနှစ်ခု ချက်ချင်း ပေါ်ထွက်လာ၏။

ရွှီရန်သည် အခြားခြေထောက်တစ်ဖက်ဖြင့် လေထုတံတိုင်းကို ကန်လိုက်ပြီး လက်တစ်ဖက်ဖြင့် နောက်ထပ် လေထုတံတိုင်းကို အားပြုတွန်းထုတ်ကာ သူ၏ခန္ဓာကိုယ်ကို အနောက်ဘက်သို့ အလျားလိုက် လျှောတိုက် ရှောင်တိမ်းလိုက်သည်။

ကျားမလေး၏ လက်သီးချက်မှာ ဘာကိုမှ မထိဘဲ ဟာလာဟင်းလင်း ဖြစ်သွားသဖြင့် သူမ၏ ရွှေရောင်မျက်ဝန်းလေးများ ဝိုင်းစက်သွားတော့သည်။

"ဟင် ဒါက ဘာကြီးလဲ။ ကိုကို လူလည်ကျတယ်"

ရွှီရန်က ခပ်အေးအေးပင် ပြုံးလျက် "လူလည်ကျတာ မဟုတ်ပါဘူး။ ဒါ ကိုကို့ရဲ့ ကိုယ်ပိုင်အစွမ်းပဲလေ"

ကျားမလေးက နှုတ်ခမ်းလေးစူလိုက်ပြီး "မတိုက်တော့ဘူး မတိုက်တော့ဘူး။ ဘယ်လိုလုပ် ဒီလိုဖြစ်ရတာလဲ... အသန်မာဆုံး စေတီငယ်နဲ့တောင် ကိုကို့ကို ဖိထားလို့ မရပါလား။ လဲတော့မလို ဖြစ်နေပြီးမှ ဘယ်လိုလုပ် လျှောထွက်သွားနိုင်တာလဲ..."

"ကိုကို ဓားတောင် မသုံးရသေးဘူးနော်..."

"အဲဒီရုပ်သေးကိုဆိုရင် ညီမလေး အခုထက် အဆငါးဆယ်လောက် ပိုသန်မာလာမှ နိုင်မှာ..."

ရွှီရန်က ရယ်မောလိုက်ပြီး "အဆငါးဆယ် ပိုသန်မာလာရင်တောင် မလုံလောက်သေးပါဘူး"

သူပြောနေစဉ်မှာပင် ရွှီရန်၏ အနောက်ဘက်ရှိ မြေပြင်ပေါ်သို့ စက္ကူရုပ်သေးများမှာ ခန့်ညားထည်ဝါပြီး ရိုင်းစိုင်းကြမ်းတုတ်သော ပုံစံများဖြင့် ကျဆင်းလာကြသည်။

သားရဲတိုက်ခိုက်ရေးကွင်း တစ်ခုလုံးမှာ မိနစ်ဝက်ခန့်တိုင်အောင် တုန်ခါသွားပြီး သတ်ဖြတ်ရေး ကောင်းကင်တပ်ဖွဲ့မှာ အေးစက်သော မျက်နှာထားများဖြင့် မတ်တပ်ရပ်နေကြသည်။ သူတို့၏ အရှိန်အဝါမှာ သံမဏိကဲ့သို့ မာကျောပြီး မိစ္ဆာအငွေ့အသက်များမှာ မီးလျှံများအဖြစ်သို့ပင် ပြောင်းလဲတော့မည့်အလားပင်။

ကျားမလေး၏ တက်ကြွလှသော ရွှေရောင်မျက်ဝန်းလေးများမှာ ပထမဆုံးအကြိမ်အဖြစ် အရောင်မှိန်သွားရသည် "ဟင် ရုပ်သေးတွေ အများကြီးပဲလား။ မိုဓားတွေကို ကိုင်ထားတဲ့ အကောင်တွေဆိုရင်... တအား သန်မာတာပဲ"

ဖိအားများက အတိုင်းအဆမရှိ များပြားလှသဖြင့် ကျားမလေးမှာ ခေါင်းလေးငိုက်စိုက် ကျသွားတော့သည်။ သူမ၏ ဝှက်ဖဲအားလုံးကို သုံးလိုက်လျှင်တောင် ဤရုပ်သေးတပ်မဟာကြီးကို ရှင်းလင်းနိုင်မည်မဟုတ်ပေ။

ကိုကိုရွှီရန် ကိုယ်တိုင်ဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့ပေ။ သူ အသုံးမပြုရသေးသည့် ဝှက်ဖဲများစွာ ကျန်ရှိနေဦးမည်မှာ အသေအချာပင်။

"တကယ်ကိုပဲ... ဘယ်သူမှ ယှဉ်လို့မရတဲ့ အစွမ်းပဲ..."

ရွှီရန်က လက်နှစ်ဖက်ကို ဖြန့်ပြကာ "ရွေးချယ်စရာ မရှိဘူးလေ။ မင်းရဲ့ကိုကိုကတော့ အမြဲတမ်း မင်းရဲ့ကိုကိုပဲ ဖြစ်နေမှာပေါ့"

ကျားမလေး "ကိုကိုက ညီမလေးထက် နှစ်လပဲ ကြီးတာလေ... ဘာလို့ ဒီလောက်တောင် ကွာခြားနေရတာလဲ"

ရွှီရန်က ပြုံးလျက် "ကိုကိုကတော့ အမြဲတမ်း ကိုကိုပဲပေါ့"

"ကဲ... မင်းမှာ တခြား ဘာစွမ်းရည်တွေ ရှိသေးလဲ ပြပါဦး။ ရွှေရောင်စေတီတော်ငယ်က ဒုတိယအဆင့် နိုးထလာတဲ့ စွမ်းရည်ပဲ။ အဲဒါက ကြီးထွားလာနိုင်သလို အတိုက်အခိုက်တွေကို ကာကွယ်ဖို့ ရုပ်ဝတ္ထုအဖြစ်လည်း ပြောင်းလဲနိုင်တယ်။ ပြီးတော့ ရန်သူတွေကိုလည်း ပစ်ပေါက်လို့ ရတယ်ပေါ့။ သူက ဒိုင်းကာတွေရဲ့ ချိပ်ပိတ်မှုကိုရော ဖျက်ဆီးနိုင်လား"

All Chapters