← Chapters

အခန်း (၁၇၈)

Vol. 18 Ch. 178

အခန်း (၁၇၈)

Vol. 18 Ch. 178

အခန်း။ ၁၇၈

အချိန်စင်္ကြံလမ်း၏ အဆုံးသတ်တွင် ရပ်တန့်နေသော ထိုမိန်းကလေးမှာ အချိန်နှင့် ဟင်းလင်းပြင် နိယာမများကို ကျော်လွန်ကာ ထာဝရရှင်သန်နေမည့် ပြီးပြည့်စုံသော အနုပညာလက်ရာတစ်ခုကဲ့သို့ပင်

သူမ၏ ငွေရောင်ဆံနွယ်ရှည်များသည် ရေတံခွန်တစ်ခုကဲ့သို့ စီးကျနေပြီး တိမ်တိုက်များပမာ လွင့်မျောနေသည်။ သူမ၏ အသားအရေမှာ နှင်းပွင့်ကဲ့သို့ ဖြူဖွေးနေရုံမျှမက အကောင်းဆုံးသော ကျောက်စိမ်းဖြူထက်ပင် ပိုမိုနူးညံ့ချောမွေ့နေသည်။ သူမ၏ ခန္ဓာကိုယ်ထက်တွင် အနက်ရောင်မီးလျှံများ လောင်ကျွမ်းနေသော်လည်း ယင်းမှာ နာကျင်စေခြင်း မရှိဘဲ သူမ၏ မြင့်မြတ်သော ဂုဏ်သရေကို ပိုမိုပေါ်လွင်စေကာ ကြည့်ရှုသူကို အသက်ရှူမှားလောက်အောင်ပင် ဆွဲဆောင်လျက် ရှိနေသည်။

"ဟင်း..."

သူမ၏ မျက်ဝန်းအစုံ၌ ဇဝေဇဝါဖြစ်မှုများ ပြည့်နှက်နေသည်။ သူမသည် အနက်ရောင်မီးလျှံတစ်စကို မြှောက်၍ ကြည့်ရှုရင်း အပြာရောင်မျက်ဝန်းများကို ပင့်ကြည့်လိုက်ကာ အချိန်စင်္ကြံလမ်းတစ်လျှောက် အတိတ်ကာလရှိ သူမကိုယ်တိုင်၏ ပုံရိပ်တစ်ခုချင်းစီကို ပြန်လည်၍ အကဲခတ်လိုက်မိသည်။

သူမ၏ မျက်ဝန်းအတွင်း၌ နာကျင်မှုများ အထိုင်းသား ပေါ်လာခဲ့သည်။ သူမသည် ဆံပင်ဖြူဖြူနှင့် ထိုမိန်းကလေးငယ်များအတွက် စိတ်မကောင်း ဖြစ်နေခြင်းပင်။

အမှန်စင်စစ်... အချိန်စင်္ကြံလမ်းအတွင်း၌ ရှိနေသော ဆံပင်ဖြူဖြူ မိန်းကလေးငယ် တစ်ဦးချင်းစီမှာ သာမန်ကလေးငယ်တစ်ဦး မဟုတ်ဘဲ အစိတ်စိတ်အမွှာမွှာ ကွဲအက်နေသည့် ဟင်းလင်းပြင်အချိန်တစ်ခုချင်းစီပင်။

အဆိုပါ ကွဲအက်နေသော နယ်ပယ်များအတွင်း၌ မိန်းကလေးငယ် တစ်ဦးချင်းစီသည် ထွက်ပေါက်တစ်ခုကို အပူတပြင်း ရှာဖွေခဲ့ကြသော်လည်း သူတို့အားလုံးမှာ ကျရှုံးခဲ့သူများသာ။ လက်မောင်းများ လောင်ကျွမ်းသွားခြင်း၊ မျက်နှာတစ်ခြမ်း ပျောက်ကွယ်သွားခြင်းနှင့် ခန္ဓာကိုယ်တစ်ခြမ်း ပြာအဖြစ် ပြောင်းလဲသွားခြင်းတို့မှာ သူတို့၏ ကြိုးပမ်းမှုများ ကျရှုံးခဲ့ကြောင်း သက်သေပြနေပြီး ထိုကျရှုံးမှုများမှာပင် ပုံရိပ်ယောင်များအဖြစ် အချိန်စင်္ကြံလမ်းအတွင်း၌ ကမ္ပည်းတင် ကျန်ရစ်ခဲ့ခြင်းပင်။

အမှန်တရားမှာမူ... ရေတွက်၍မရနိုင်သော အခြားသော အချိန်မျဉ်းပေါင်းများစွာမှာ ကျရှုံးမှုများနှင့်အတူ ပြာအဖြစ် ပြောင်းလဲသွားခဲ့ရပြီ ဖြစ်သည်။ ထိုကျရှုံးမှုများမှာမူ အချိန်စင်္ကြံလမ်းအတွင်း၌ ပုံရိပ်အဖြစ် ပေါ်ပေါက်လာရန်ပင် မထိုက်တန်ခဲ့ကြပေ။

မိန်းကလေး၏ အကြည့်မှာ ပိုမိုနက်ရှိုင်းလာသည်။

သူမသည် အနာဂတ်၏ အစိတ်အပိုင်းတစ်ခု မဟုတ်သလို အမှန်တကယ် တည်ရှိနေသူလည်း မဟုတ်ပေ။ သို့သော် ရေတွက်၍မရနိုင်သော ဆံပင်ဖြူဖြူ မိန်းကလေးငယ်လေးများသည် အံကြိတ်ကာ ငရဲတံခါးဝဆီသို့ အတင်းတိုးဝင်ခဲ့ကြသည်။

သူတို့သည် မီးလျှံများကြားတွင် လောင်ကျွမ်းခဲ့ကြပြီး ကိုယ်လက်အင်္ဂါများ ပျက်စီးနေသည့်တိုင် မျှော်လင့်ချက်မဲ့နေသော နယ်ပယ်တစ်ခုမှ ထွက်ပေါက်ကို ရှာဖွေခဲ့ကြသည်။ ပြာအဖြစ် ပြောင်းလဲသွားရမည်ဆိုလျှင်တောင်မှ နောက်ထပ်ခြေလှမ်းတစ်လှမ်းကို ရှေ့သို့ အတင်းတိုးလှမ်းခဲ့ကြသည်။

သူတို့သည် ဖြစ်နိုင်ခြေရှိသော လမ်းကြောင်းတစ်ခုကိုသာ ရှာဖွေနေခဲ့ကြခြင်းပင်။

သူတို့၏ ခန္ဓာကိုယ်များသည် အနက်ရောင်မီးလျှံများ၏ လောင်ကျွမ်းမှုကို ခံခဲ့ရပြီး ကျန်ရစ်သော ပြာမှုန်များမှာ သဲကန္တာရတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ သူတို့၏ သေဆုံးသွားသော အခွံများသည် အဆုံးအစမဲ့သော သမုဒ္ဒရာကြီးတစ်ခုအဖြစ် ပေါင်းစပ်သွားကြသည်။ ထွက်ပေါက်ကို ရှာမတွေ့နိုင်ခဲ့သော မိန်းကလေးငယ်လေးများသည် ထိုအလောင်းကောင် သမုဒ္ဒရာထဲတွင် အသည်းအသန် ရုန်းကန်ခဲ့ကြရသည်။

ထောင်ပေါင်းများစွာ၊ သိန်းပေါင်းများစွာ၊ သန်းပေါင်းများစွာသော အကြိမ်ရေများ... ကျရှုံးခဲ့သော ကမ္ဘာများ၏ ဝါးမြိုမှုကို ခံခဲ့ရပြီး ပျက်စီးနေသော အခွံများသာ ကျန်ရစ်ခဲ့သည်။

နောက်ဆုံးတွင်မူ... ဘီလီယံနှင့်ချီသော ကျရှုံးမှုများအပြီးတွင် ထိုမိန်းကလေးငယ်လေးများ၏ ခိုင်မာသော စိတ်ဆန္ဒသည် ကညာပျိုတစ်ဦးကို မြှောက်တင်ပေးလိုက်တော့သည်။

ပြတ်သားသော ယုံကြည်ချက်တစ်ခုချင်းစီသည် လက်မောင်းများအဖြစ် ပြောင်းလဲသွားကာ ထိုမိန်းကလေးငယ်လေးများကို အချိန်သမုဒ္ဒရာကြီး၏ အထက်သို့ မြှောက်တင်ပေးခဲ့ပြီး အခြားသော ကမ်းခြေတစ်ခုဆီသို့ ပို့ဆောင်ပေးခဲ့သည်။

လမ်းမရှိဘူးလား။

သို့သော် သူတို့၏ ယုံကြည်ချက်သည် အနာဂတ်အထိ ဆန့်တန်းသွားခဲ့ကာ အားနွဲ့လှသော မိန်းကလေးငယ်လေးများသည် နောက်ဆုံးတွင် သူတို့၏ သံကြိုးများကို ချိုးဖျက်ကာ ပြီးပြည့်စုံသော ကညာပျိုတစ်ဦးအဖြစ် ကြီးပြင်းလာခဲ့ကြသည်။

ကျူးယွီဟိန်၏ ကျင့်ကြံမှုသည် ရိုးရှင်းသော စွမ်းအင်စုပ်ယူမှု မဟုတ်တော့ဘဲ သူမ၏ ဖြစ်နိုင်ခြေရှိသော ဘဝပေါင်း ဘီလီယံနှင့်ချီ၍ စတေးခဲ့ရသည့် ခရီးတစ်ခု ဖြစ်သည်။

ကျရှုံးခဲ့သော အချိန်မျဉ်းများမှ ယွီဟိန်လေးများ၏ နာကျင်မှုနှင့် ပျက်စီးမှုများကို အုတ်မြစ်အဖြစ် သုံးခဲ့သည်။

ထိုကျရှုံးမှုများအားလုံးကို ကျော်လွန်၍ ပေါ်ထွက်လာသော အနာဂတ်ပုံရိပ်သည် ယခုအခါ သူမ၏ လက်ရှိခန္ဓာကိုယ်ထဲသို့ တည်ငြိမ်ပြီး အစွမ်းထက်သော ခန္ဓာကိုယ်ကြံ့ခိုင်မှုကို ပြန်လည်ပေးပို့နိုင်တော့မည်ဖြစ်သည်။

နောက်ဆုံးတွင် အချိန်စင်္ကြံလမ်းသည် ထိုကညာပျိုလေး၏ ရှေ့မှောက်၌ ဆက်သွယ်မိသွားခဲ့ပြီ။

အနက်ရောင်မီးလျှံများသည် သူမ၏ ခန္ဓာကိုယ်ကို ထပ်မံ၍ မဖျက်ဆီးနိုင်တော့ချေ။

ဆန့်ကျင်ဘက်အနေဖြင့် သူမသည် ထိုဖျက်ဆီးအားပြင်းသော စွမ်းအားနှင့် လိုက်လျောညီထွေ ဖြစ်သွားခဲ့ကာ သူမ၏ အသားအရေသည် ကပ်ဘေးမီးလျှံများကို စတင်စုပ်ယူနေတော့သည်။

အနက်ရောင်မီးလျှံ အမျှင်တန်းကလေးများသည် သူမ၏ ဝါးမြိုခြင်းကို ခံလိုက်ရပြီး သူမ၏ အသားအရေမှာ ပုံဆောင်ခဲတစ်ခုကဲ့သို့ တောက်ပလာသည်။ ထိုအလင်းတန်းသည် အချိန်စင်္ကြံလမ်းတစ်ခုလုံးကို နွေးထွေးသွားစေခဲ့သည်။ ကျရှုံးခဲ့ကြသော ပုံရိပ်ယောင်များအဖြစ် ကျန်ရစ်ခဲ့ကြသော မိန်းကလေးငယ်လေးများသည် သူတို့၏ မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ကြပြီး ထိုကညာပျိုလေးကို ကြင်နာစွာဖြင့် စိုက်ကြည့်နေကြသည်...

ရေတွက်မရသော အချိန်ဟင်းလင်းပြင်များမှ ကြင်နာလှသော အကြည့်ပေါင်းများစွာသည် တစ်နေရာတည်းတွင် ဆုံစည်းသွားကြသည်။ လောကကြီးတစ်ခုလုံးက နက်ပြာရောင်အဖြစ် ပြောင်းလဲသွားခဲ့၏။

အဝတ်အစားမဲ့နေသော၊ ငွေရောင်ဆံနွယ်ရှည်များ လွင့်ပျံနေသော ထိုကညာပျိုလေး၏ ခန္ဓာကိုယ်ပေါ်တွင် ကပ်ဘေးမီးလျှံ၏ အစအနမျှပင် မရှိတော့ဘဲ သူမသည် ပြီးပြည့်စုံနေတော့သည်။

ကညာပျိုလေး၏ ရင်ဘတ်မှ ကုသခြင်းအလင်းတန်းများ စီးထွက်လာပြီး အချိန်စင်္ကြံလမ်းကို ဖြတ်သန်းသွားကာ လောင်ကျွမ်းပျက်စီးခဲ့သော မိန်းကလေးငယ်လေးများ၏ ခန္ဓာကိုယ်များကို ပြန်လည်နုပျိုလာစေသည်။ အသားစိုင်အသစ်များ ပြန်လည်ပေါက်ဖွားလာသည်ကို သာမန်မျက်စိဖြင့်ပင် မြင်နိုင်လှသည်။

ထိုကုသခြင်းအလင်းတန်းသည် အချိန်စင်္ကြံလမ်းတစ်လျှောက် အနောက်သို့ ပြန်လည်စီးဆင်းသွားပြီး ဆံပင်ဖြူဖြူ မိန်းကလေးငယ်လေး တစ်ဦးချင်းစီကို ကုသပေးခဲ့သည်။ နောက်ဆုံးတွင်မူ... ထိုအလင်းတန်းသည် စစ်မှန်သော ကျူးယွီဟိန် ထံသို့ ပြန်လည်ရောက်ရှိသွားတော့သည်။

သူမ၏ အဝတ်အစားများအောက်တွင် ဆုံးရှုံးပျက်စီးလုနီးပါး ဖြစ်ခဲ့သော ခန္ဓာကိုယ်သည် ကိုယ်တွင်းအင်္ဂါများ၊ အကြောများ၊ သွေးကြောများ၊ ခြေလက်များနှင့် အရိုးများကို အသစ်တစ်ဖန် ပြန်လည်တည်ဆောက်နေ၏။

"အောင်မြင်သွားပြီ ထင်တယ်..."

ကျူးယွီဟိန်၏ ခန္ဓာကိုယ်သည် အသစ်တစ်ဖန် ပြန်လည်မွေးဖွားလာသည်ကို မြင်တွေ့လိုက်ရသည့်အခါ ရွှီရန်သည်လည်း သက်ပြင်းချလျက် စိတ်သက်သာရာ ရသွားခဲ့သည်။

သို့သော်... သက်စောင့်အားများ ပြန်လည်ပြည့်ဖြိုးလာသည့် အခိုက်အတန့်မှာပင် ရုတ်တရက်ဆိုသလို လေထုအတွင်း၌ အလွန်ထူးဆန်းသော လျှပ်စီးလုံးကြီးတစ်ခု ဘွားခနဲ ပေါ်ပေါက်လာခဲ့သည်။

အဆိုပါ လျှပ်စီးလုံးသည် မည်သည့်ကြိုတင်သတိပေးချက်မျှမရှိဘဲ ပေါ်လာခြင်းဖြစ်ပြီး ယင်း၏အစမှာ မည်သည့်နေရာမှဖြစ်သည်ကို အတတ်မသိနိုင်ပေ။ ၎င်းသည် အတိတ် သို့မဟုတ် အနာဂတ်ကာလမှ ရောက်ရှိလာသည့် တစ္ဆေတစ်ကောင်ကဲ့သို့ပင် ကျင့်ကြံခြင်းအခန်း၏ နံရံများနှင့် ဟင်းလင်းပြင် အကွာအဝေးများကို လုံးဝဂရုမစိုက်ဘဲ ထိုးဖောက်ကာ ဝင်

ရောက်လာခြင်းပင်။

ကျင့်ကြံခြင်းအခန်းအတွင်း ပေါ်လာသော အဆိုပါလျှပ်စီးလုံးမှာ အနက်ရောင်ဖြစ်သော်လည်း စူးရှသော အလင်းတန်းများကို ထုတ်လွှတ်နေပြီး အသက်ရှူရန်ပင် ခက်ခဲစေသည့် အမှောင်ထုကြီးကို သယ်ဆောင်လာသည်။ ၎င်းထံမှ ထွက်ပေါ်လာသည့် လျှပ်စစ်မျှင်လေးတစ်မျှင်ပင်

လျှင် လောကကြီးကို ဖျက်ဆီးပစ်နိုင်လောက်သည်အထိ အစွမ်းထက်လှရာ အနန္တတန်ခိုးရှင် တစ်ဦးဦး၏ ဖျက်ဆီးလိုသော ဆန္ဒကို ကိုယ်စားပြုနေသကဲ့သို့ပင်။

"ဒါက ဘာကြီးလဲကွ"

ရွှီရန်၏ ကိုယ်ပေါ်ရှိ အမွေးအမျှင်များမှာ ထောင်ထလာတော့သည်။

"ဒီလောက်တောင် ကြောက်စရာကောင်းတာလား။ နတ်ဘုရားတစ်ပါးနဲ့ ရင်ဆိုင်ရတာထက်တောင် အဆပေါင်းသန်းချီပြီး ပိုပြီး ဖိအားများတယ်"

ရွှီရန်သည် ထိတ်လန့်သွားသော်လည်း ကြောက်ရွံ့မှုကြောင့် တုံ့ဆိုင်းမနေခဲ့ပေ။ ဤအနက်

ရောင်လျှပ်စီးမှာ သူ့ကို အမှုန့်ပြုလုပ်ရန် ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရှိလိုက်သည်နှင့် အလင်း၏အရှိန်ဖြင့် ဓားကို ဆွဲထုတ်လိုက်ကာ စူပါပေါက်ကွဲအားပြင်း ဓားချက်ဖြင့် အဆိုပါလျှပ်စီးလုံးကို အားကုန်လွှဲ၍ ခုတ်ပိုင်းလိုက်တော့သည်။

"ငါ့ဓားချက်ကို ခံစမ်း..."

သို့သော် ရွှီရန်၏ ဓားချက်မှာ လွဲချော်သွားခဲ့သည်။ အဆိုပါလျှပ်စီးလုံးမှာ လောကနိယာမများ စုစည်းနေသည့်အရာ ဖြစ်သောကြောင့် ရူပဗေဒဆိုင်ရာ တိုက်ခိုက်မှုများက ၎င်းကို မထိခိုက်နိုင်ပေ။ အနက်ရောင် လျှပ်စီးမျှင်များသည် ရွှီရန်နှင့် ကျူးယွီဟိန်ဆီသို့ ဦးတည်လျက် ဆက်လက်တိုးဝင်လာသည်။

ရွှီရန်၏ မျက်ဆုံများမှာ ကျဉ်းမြောင်းသွားပြီး ဦးနှောက်ကလည်း အဖြေရှာရန် အရှိန်အဟုန်ဖြင့် အလုပ်လုပ်နေသည်။ ထိုအချိန်မှာပင် ရွှီရန်၏နောက်ရှိ အမျိုးညီမလေးကြီးမှာ အော်ဟစ်လျက် ကြမ်းပြင်ပေါ်သို့ လဲကျသွားတော့သည်။

“မင်း... မင်း... ဒီကလေးစုတ်လေး။ မင်းက ဘာလို့ ဒီလောက် သေလောက်အောင် ကြောက်စရာကောင်းတဲ့ အရာတွေကိုပဲ ဆွဲဆောင်နေရတာလဲ”

သူမ ကျိန်ဆိုရဲသည်။ ရန်ငြိုးဖွဲ့နတ်ဘုရားနှင့် ရင်ဆိုင်ရစဉ်က ခံစားရသည့် ကြောက်ရွံ့မှုမှာ ဤအရာနှင့်နှိုင်းယှဉ်ပါက ဘာမျှမဟုတ်ပေ။ နတ်ဘုရားနှင့် ရင်ဆိုင်စဉ်က သူမ၌ ခုခံနိုင်စွမ်း အနည်းငယ် ရှိပါသေးသည်။ ယခု ဤအနက်ရောင်လျှပ်စီးလုံး၏ ရှေ့မှောက်တွင်မူ သူမ၏ ဦးနှောက်မှာ လုံးဝ အလုပ်မလုပ်တော့ဘဲ ခန္ဓာကိုယ်အတွင်းရှိ အားအင်များမှာလည်း ခုနစ်ရက် ခုနစ်ညတိုင်တိုင် နှိပ်စက်ခံထားရသကဲ့သို့ လုံးဝကုန်ခမ်းသွားတော့သည်။

All Chapters