← Chapters

အခန်း (၁၈၀)

Vol. 18 Ch. 180

အခန်း (၁၈၀)

Vol. 18 Ch. 180

အခန်း ၁၈၀

"အောင်မြင်သွားပြီပဲ..."

ရွှီရန်က အသာအယာ ခေါင်းညိတ်လိုက်သည်။

ကျားမလေးမှာ အားအင်များ ပြည့်ဝနေပြီး "ဂုဏ်ယူပါတယ်နော် ဒါနဲ့ ဒုတိယအဆင့်စွမ်းရည်တွေကော ပေါ်လာပြီလား" ဟု စိတ်လှုပ်ရှားတကြီး မေးလိုက်သည်။

ကျူးယွီဟိန်က ခေါင်းခါပြသည်။

"မပေါ်သေးဘူး... ဒါပေမဲ့ ခံစားချက်တစ်ခုတော့ ရနေပြီ။ ကိုကိုရွှီရန် သုံးတဲ့နည်းလမ်းက မှန်တယ် ညီမလေးသာ နည်းနည်းလောက် ပိုသန်မာလာမယ်ဆိုရင် ဒုတိယအဆင့် စွမ်းရည်တွေကို တောင့်ခံနိုင်တော့မှာပါ"

ကျားမလေး၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုများ ပေါ်လာပြီး သူမ၏ တောက်ပသော မျက်ဝန်းလေးများဖြင့် ရွှီရန်ကို ကြည့်လိုက်သည်။

"ကိုကိုရန်... ကိုကိုက တကယ်ကို အံ့သြဖို့ကောင်းတာပဲ"

ရွှီရန်က ခပ်အေးအေးပင် ပြုံးလိုက်ပြီး "ဒါပေါ့ ငါက ဘယ်သူလဲ။ မင်းတို့ရှေ့မှာ ရပ်နေတာက နတ်ဘုရားအဆင့် မိစ္ဆာတွေဖြစ်တဲ့ အိမ်မက်ဆိုးကလဲ့စားချေမိခင်နဲ့ ပျံသန်းနေသာခေါင်းပြတ်တစ္ဆေတို့ကို အဆုံးသတ်ပေးခဲ့သူ၊ မဆုတ်မနစ်သော ကောင်းကင်ဘုံဘေးဒုက္ခ၊ ကျောင်းအုပ်ကြီးရဲ့ မှော်ခရုသင်း၊ လမ်းလျှောက်နေတဲ့ ဆုတောင်းပြည့်ရေတွင်း၊ အံ့ဖွယ်အရိုးအဆစ် ပိုင်ရှင်လေ..."

ကျားမလေးက နွေးထွေးစွာ ပြုံးလိုက်ပြီး "ဟုတ်ပါပြီ အဲဒါတော့ ညီမလေး လက်ခံပါတယ်"

"ဒါပေမဲ့လေ... အစ်မယွီဟိန်က ကပ်ဘေးမီးလျှံနောက်ထပ် တစ်စက်လောက် ထပ်သုံးလို့ ရဦးမလားဟင်"

ယွီဟိန်လေးက ရှက်လို့ ထုတ်မပြောရဲမှန်း သူမသိသည်။ သို့သော် ကျားမလေးကတော့ မျက်နှာပြောင်တိုက်ပြီး တောင်းပေးလိုက်ခြင်းပင်။

ထိုစကားကို ကြားသောအခါ ကျူးယွီဟိန်သည် ခေါင်းလေး ငုံ့သွားတော့သည်။ ကပ်ဘေးမီးလျှံက အလွန်အဖိုးတန်လွန်းလှသည်။ တစ်စက်သုံးပြီးတာတောင် ဘယ်လိုပြန်ပေးဆပ်ရမလဲ မသိဖြစ်နေရသည့်ကြား နောက်ထပ်တစ်စက် ထပ်လိုချင်သည်ဟု ဆိုသောအခါ သူမ၏ မျက်နှာလေးမှာ ရှက်သွေးဖြန်းကာ ပူထူးသွားရသည်။

ရွှီရန်က အသာအယာ ခေါင်းညိတ်လိုက်ပြီး "မင်းရဲ့ သွေးလေအင်အားက အခု ဘယ်လောက်အထိ ရှိသွားပြီလဲ"

ကျားမလေးက ချက်ချင်းပင် လှမ်းဖြေလိုက်သည်။

"၁၉,၇၆၀ မှတ်ပါ။ ညီမလေးထက် အတိအကျ ၁၃,၀၀၀ တောင် ပိုများသွားတာ"

ရွှီရန်က ကျားမလေးကို တစ်ချက်ကြည့်လိုက်သည်။ သူမနှင့် ကျူးယွီဟိန်၏ ရင်းနှီးမှုမှာ အခြားသော ပါရမီရှင်ကလေးများထက် များစွာ သာလွန်နေသည်။ သူမသည် ဤနူးညံ့သိမ်မွေ့သော ညီမလေးကို အထူးပင် ခင်တွယ်ပုံပင်။

သူက ဆံပင်ဖြူဖြူလေးတွေကို သဘောကျတာများလား။

ရွှီရန် ခေတ္တမျှ စဉ်းစားပြီးနောက် "နောက်ထပ် တစ်စက် ထပ်စမ်းကြည့်လို့ ရပါတယ်။ မင်းရဲ့ အာရုံခံစားမှုကတော့ အမှားအယွင်း မရှိနိုင်ပါဘူးနော်"

ကျူးယွီဟိန်က အားနည်းစွာ ခေါင်းညိတ်ပြသည်။

"မရှိပါဘူး... နောက်ထပ် မီးလျှံတစ်စက်ကို တောင့်ခံနိုင်မယ်လို့ ခံစားရပါတယ်။ ဒါပေမဲ့ ဒုတိယအဆင့် စွမ်းရည်ကို ရဖို့ဆိုရင် အစက်ပေါင်း တစ်ဆယ်လောက် လိုမှာပါ။ အဲဒါက အများကြီး ဖြစ်မနေဘူးလားဟင်"

ကပ်ဘေးမီးလျှံ၏ အာနိသင်ကြောင့် ကျူးယွီဟိန်မှာ ယခင်ကထက် ပိုမိုတက်ကြွလာပြီး စကားပြောဆိုရာတွင်လည်း ပိုမိုသွက်လက်လာသည်။

ရွှီရန်က နွေးထွေးစွာ ပြုံးလိုက်ပြီး "မများပါဘူး"

"မင်းအတွက် မှန်ကန်တဲ့ လမ်းကြောင်းကို ရှာတွေ့သွားပြီဆိုရင် ဘယ်လောက်ပဲ ကုန်ကျပါစေ အဲဒါက ထိုက်တန်ပါတယ်။ ဒီလမ်းကြောင်းကိုသာ ရှင်းရှင်းလင်းလင်း ဖြတ်ကျော်နိုင်ရင် အနာဂတ်မှာ အရာအားလုံးက ချောမွေ့သွားမှာပါ။ အမျိုးသားအဆင့် နတ်ဘုရားသတ်အဖွဲ့ရွေးချယ်ပွဲအတွက် ၃၁၀ ရက်တောင် ကျန်သေးတယ်။ မင်း စိတ်မပူပါနဲ့။ မင်းရဲ့ အခုလက်ရှိ ခန္ဓာကိုယ်ကြံ့ခိုင်မှုနဲ့တင် သေချာပေါက် အဆင့်တစ်ခု ရနိုင်မှာဖြစ်သလို ငါ့ရဲ့ နတ်ဘုရားသတ်အဖွဲ့ထဲကိုလည်း ဝင်နိုင်မှာပါ"

ကျူးယွီဟိန်က ရွှီရန်ကို မော့ကြည့်လိုက်ရာ သူမ၏ အပြာရောင်မျက်ဝန်းလေးများတွင် အံ့သြမှုများ ပြည့်နှက်သွားသည်။

"ဟင်"

ရွှီရန်၏ အကြည့်များက တည်ငြိမ်နေသည်။

"တခြားသူတွေက အချိန်အခြေခံအရိုးအဆစ်ရဲ့ ကြီးမြတ်မှုကို မသိကြပေမဲ့ ငါကတော့ ဘယ်လိုလုပ် မသိဘဲ နေမလဲ။ မင်းက ငါရွေးချယ်ထားတဲ့သူပဲ။ အရာခပ်သိမ်း ရပ်တန့်ခြင်းကို သေသေချာချာ သုံးနိုင်မယ်ဆိုရင် အဲဒါက နတ်ဘုရားအဆင့် စွမ်းရည်ပဲ။ ဒါ့အပြင် နောက်ပိုင်းမှာ ဒုတိယအဆင့်နဲ့ တတိယအဆင့် စွမ်းရည်တွေလည်း ရှိသေးတယ် မဟုတ်လား"

"ငါက မင်းကို ကပ်ဘေးမီးလျှံတွေနဲ့ ကျွေးမွေးပြုစုထားတာလေ။ တခြားသူလက်ထဲကိုတော့ ဒီတိုင်း အလွယ်တကူ ထည့်ပေးလိုက်လို့ မရဘူး မဟုတ်လား အဲဒါဆို ငါပဲ အကြီးအကျယ် ရှုံးမှာပေါ့"

ကျားမလေးက နှုတ်ခမ်းလေးစူကာ "ကိုကိုက ညီမလေးအသင်းထဲ ဝင်မယ်လို့ ပြောထားတာ မဟုတ်လား ညီမလေးက အရင်ဦးဆုံး ဖိတ်ခေါ်ခဲ့တာလေ ညီမလေးက အရင်လာတာပါ"

ရွှီရန်က ကျားမလေးကို လှမ်းကြည့်လိုက်ပြီး "ငါ့အသင်းမှာပဲ ကပ်ဘေးမီးလျှံကို သုံးလို့ရတာလေ။ မင်းမှာ အဲဒီမီးရှိလို့လား မင်းကော သူမရဲ့ ခန္ဓာကိုယ်ကို သန်မာအောင် လုပ်ပေးနိုင်လို့လား"

ကျားမလေးမှာ ချက်ချင်းပင် ခေါင်းလေးငိုက်စိုက်ကျသွားတော့သည်။

"မရှိပါဘူး..."

ရွှီရန်က အောင်နိုင်သူအပြုံးဖြင့် ကြေညာလိုက်သည်။

"ဒါဆိုရင် ပြီးတာပဲ။ မင်းရဲ့ ကိုကိုက အမြဲတမ်း မင်းရဲ့ ကိုကိုပဲ ဖြစ်နေမှာပါ"

"ဒါဆိုရင် ညီမလေးလည်း ကပ်ဘေးမီးလျှံကို လိုချင်တယ် ကိုကို့အသင်းထဲလည်း ဝင်မယ်"

ရွှီရန်က ကျားမလေး၏ ခေါင်းကို အသာအယာ ပုတ်ပေးလိုက်ရင်း "မင်းက ကိုယ်ပိုင်အသင်းကို ဦးဆောင်ဖို့ ထိပ်သီး ၁၀ ယောက်စာရင်းဝင်အောင် မကြိုးစားတော့ဘူးလား"

ကျားမလေး၏ တောက်ပသည့် မျက်ဝန်းလေးများက ဝင်းလက်သွားသည်။

"ယွီဟိန်ကိုတောင် ကိုကိုက ခေါ်သွားပြီဆိုမှတော့ ညီမလေးက အသင်းဦးဆောင်ပြီး ဘာလုပ်ရမှာလဲ။ ပြီးတော့ ညီမလေးလည်း အဲဒီ ကပ်ဘေးမီးလျှံကို လိုချင်တယ် ဟီးဟီး..."

သူမက ကိတ်မုန့်တစ်လုံးကို ကြည့်နေရသလိုမျိုး သွားလေးဖြီးပြီး ရယ်နေ၏။

ရွှီရန်က လက်ဝှေ့ယမ်းလိုက်ပြီး "ကောင်းပါပြီ ကောင်းပါပြီ။ မင်းအတွက် မီးလျှံအကြောင်းကိုတော့ နောက်မှ ပြောကြတာပေါ့။ အခုတော့ တကယ်လိုအပ်နေတဲ့သူကို အရင်ပေးသုံးရအောင်"

ပြောပြောဆိုဆိုနှင့်ပင် ရွှီရန်က ကျူးယွီဟိန်ဘက်ကို လှည့်ကြည့်လိုက်သည်။

"ကျင့်ကြံခြင်းစင်မြင့်ပေါ်မှာ ပြန်ထိုင်လိုက်ဦး"

"ဟုတ်ကဲ့..."

ယွီဟိန်လေးသည် လိမ္မာယဉ်ကျေးသော ကလေးငယ်တစ်ဦးကဲ့သို့ တင်ပလ္လင်ခွေ၍ ပြန်ထိုင်လိုက်သည်။

တိတ်ဆိတ်ငြိမ်သက်မှုများကြားတွင်ပင် ရွှီရန်၏ လက်ဖဝါးပေါ်မှ ဒုတိယမြောက် ကပ်ဘေးမီးလျှံပွင့်ချပ်လေးတစ်ခု ပေါ်ထွက်လာသည်။ အဆိုပါ မီးလျှံသည် တဖျတ်ဖျတ် တုန်ခါနေပြီး ထူးဆန်းသော လျှို့ဝှက်ချက်များ ကိန်းဝပ်နေသကဲ့သို့ပင်။ ၎င်းထံမှ ဖျက်ဆီးခြင်း အငွေ့အသက်များ ထွက်ပေါ်နေသော်လည်း စစ်မှန်သော သက်စောင့်အားများလည်း ပြည့်နှက်နေသည်။

ကျားမလေးသည် စပ်စုလိုစိတ်ကို မထိန်းချုပ်နိုင်တော့ဘဲ “ကိုကိုရွှီရန်... ကိုကို့ဆီမှာ ဒီလိုမီးလျှံတွေ ဘယ်လောက်တောင် ရှိတာလဲဟင်။ အဲဒါကို ရရှိဖို့ရော အရမ်းခက်ခဲသလား” ဟု မေးမြန်းလိုက်သည်။

ရွှီရန်ကမူ “သိပ်တော့ မခက်ခဲပါဘူး...” ဟုသာ အေးဆေးစွာ ပြန်လည်ဖြေကြားလိုက်သည်။

ကျားမလေးသည် ခေါင်းလေးညိတ်လျက် အနားမှနေ၍ အသက်ပင် မရှုဝံ့ဘဲ စောင့်ကြည့်နေတော့သည်။ ထိုအချိန်တွင် ရွှီရန်သည် သူ၏လက်ကို ဆန့်ထုတ်လိုက်ကာ အနက်ရောင်မီးလျှံကို ကျူးယွီဟိန်ထံသို့ ကမ်းပေးလိုက်သည်။

ကျူးယွီဟိန်၏ ခန္ဓာကိုယ်က အလိုလို တုန်ယင်သွားတော့သည်။ ယင်းမှာ ကြောက်ရွံ့မှုကြောင့် တုန်ယင်ခြင်း မဟုတ်ပေ။ မီးလျှံက ခန္ဓာကိုယ်ကို လောင်ကျွမ်းစေသော နာကျင်မှုသည် သူမ၏ ဝိညာဉ်အနက်ရှိုင်းဆုံးအထိ စွဲထင်သွားခဲ့သဖြင့် သူမ၏ ခန္ဓာကိုယ်က ထိန်းမရဘဲ တုံ့ပြန်နေခြင်းသာ။

သူမသည် လေကို အားပါးတရ ရှူသွင်းလိုက်ပြီး အဆုတ်ထဲသို့ အေးမြမှုများ ရောက်ရှိသွားအောင် အတင်းအကျပ် ပြုလုပ်လိုက်သည်။

ကျူးယွီဟိန်၏ အကြည့်များမှာ ပြတ်သားနေပြီး လက်ဖဝါးကို ခွက်ကဲ့သို့ လုပ်ထားရာ အနက်ရောင်မီးလျှံက သူမ၏ လက်ထဲသို့ ကျရောက်သွားတော့သည်။

"ဝုန်း"

မီးလျှံသည် ဓာတ်ဆီနှင့် တွေ့လိုက်ရသကဲ့သို့ပင်။

အနက်ရောင်မီးလျှံသည် ကျူးယွီဟိန်၏ ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းဆီသို့ မျက်တောင်တစ်ခတ်အတွင်း ပျံ့နှံ့သွားပြီး ဆဲလ်တစ်ခုချင်းစီကို ဟုန်းဟုန်းတောက်လောင်စေတော့သည်။

သူမ၏ ဖြူစင်သော လက်မောင်းများ၊ ကျော့ရှင်းသော လည်ပင်း၊ နူးညံ့သော ပါးပြင်များ...

အသားစိုင်များကို ပြာအဖြစ် ပြောင်းလဲပစ်နိုင်သည့် ထိုအနက်ရောင်မီးလျှံသည် သူမ၏ ကိုယ်တွင်းအင်္ဂါများ၊ ခြေလက်များနှင့် အရိုးအဆစ်များ၊ ဘီလီယံနှင့်ချီသော ဆဲလ်များအားလုံးကို ဝါးမြိုကာ လောင်ကျွမ်းနေသည်။

ခဏတာမျှသာ ဖြစ်သော်လည်း သူမသည် သေခါနီးအခြေအနေသို့ ရောက်ရှိသွားပြီဖြစ်သည်။

သို့သော် ထိုသေခါနီး စက္ကန့်၏ သန်းပုံတစ်ပုံ အလိုမှာပင် အချိန်က ရုတ်တရက် ရပ်တန့်သွားခဲ့သည်

ယခင်က မြင်ကွင်းက ထပ်မံ၍ ပေါ်ပေါက်လာပြန်သည်...

ကျူးယွီဟိန်၏ အနောက်ဘက်ရှိ ဟင်းလင်းပြင်အချိန် စင်္ကြံလမ်းသည် ဖြည်းဖြည်းချင်း ပွင့်

ထွက်လာပြီး ကွေ့ကောက်ကာ အချိန်နှင့် ဟင်းလင်းပြင်၏ အဆုံးသတ်အထိ ဆန့်တန်းသွားတော့သည်။

အနာဂတ်ကာလ အမှတ်အသားများမှ ဆံပင်ဖြူဖြူ မိန်းကလေးငယ်လေးများသည် အနက်

ရောင်မီးလျှံ၏ ပြင်းထန်မှုကို ခွဲဝေခံစားလိုက်ကြရာ သူတို့၏ ခန္ဓာကိုယ်များတွင် လောင်ကျွမ်းနေသော အပေါက်များ ဖြစ်ပေါ်လာသည်။

အနက်ရောင်မီးလျှံသည် အချိန်စင်္ကြံလမ်းတစ်လျှောက် ပျံ့နှံ့သွားသည်။

မိန်းကလေးငယ်လေးတစ်ဦးနှင့် တွေ့တိုင်း သူမကို လောင်ကျွမ်းစေသည်။

စင်္ကြံလမ်း၏ အဆုံးသတ်တိုင်အောင် လောင်ကျွမ်းသွားသည်။

နောက်ဆုံးတွင်မူ... နူးညံ့ပြီး ပြီးပြည့်စုံသော အသီးအနှံတစ်ခုကဲ့သို့ လှပလှသော ဆံပင်ဖြူဖြူ ကညာပျိုလေးထံသို့ မီးလျှံများ ရောက်ရှိသွားသည်။

သူမသည် အဝတ်အစားမဲ့နေဆဲ ဖြစ်သော်လည်း သူမ၏ အသားအရေမှာ ကျောက်စိမ်းကဲ့သို့ ဖြူစင်ချောမွတ်နေပြီး အနက်ရောင်မီးလျှံ၏ အကြိမ်ကြိမ် သန့်စင်မှုကို ခံယူနေသည့် ကြွေထည်အနုပညာလက်ရာတစ်ခုကဲ့သို့ပင်။

အနက်ရောင်မီးလျှံသည် သူမကို ဖျက်ဆီးခြင်း မပြုနိုင်ရုံသာမက သူမကို ပိုမိုမြင့်မြတ်ကာ သန့်စင်စေသည်။ သွယ်လျသင့်သည့်နေရာတွင် သွယ်လျကာ ပြည့်ဖြိုးသင့်သည့်နေရာတွင် ပုလဲရတနာကဲ့သို့ ပြည့်ဖြိုးနေပြီး အသားအရေ လက်မတိုင်းမှာ ပုံဆောင်ခဲကဲ့သို့ ကြည်လင်နေကာ ခန့်ညားထည်ဝါသော အလှတရားများကို ထုတ်လွှတ်နေတော့သည်။

All Chapters