နတ်မိစ္ဆာနယ်မြေ၏ ဆိုက်ရောက်လာခြင်း
Vol. 19 Ch. 188
ကျိလင်းဟန်နှင့် လင်းနင်တို့၏ပါရမီကို မြှင့်တင်ရန်အတွက် အမှတ် သန်း ၁၂၀ မှာ ယခင်က အစ်ကိုကြီးချန်အတွက် များပြားလှသော်လည်း ယခုအခါ အမှတ်ဘီလီယံချီပိုင်ဆိုင်ထားသဖြင့် နှမြောနေစရာမလိုတော့ပေ။
"ဂိုဏ်းချုပ်... ကျွန်မကိုတစ်ခုခုခိုင်းမလို့လား"
ကျိလင်းဟန်တစ်ယောက်တည်းကျန်ရစ်ခဲ့စဉ် သူမ၏ရင်ထဲ၌ စိုးရိမ်စိတ်နှင့် မျှော်လင့်ချက်တို့ ရောပြွမ်းနေသည်။
အစ်ကိုကြီးချန်က အချိန်ဆွဲမနေဘဲ သူမ၏ခေါင်းကိုပွတ်သပ်ကာ ပါရမီကိုမြှင့်တင်ပေးလိုက်သည်။ ချက်ချင်းပင် သူမ၏ပလက်တီနမ်နတ်ဆိုးခန္ဓာကိုယ်မှာ အရောင်အသွေးပြောင်းလဲလာပြီး ခရမ်းနုရောင်အလင်းတန်းများ ပေါ်ထွက်လာသည်။ နောက်ဆုံးတွင် ထိုအလင်းများ ပျောက်ကွယ်သွားသော်လည်း သူမ၏နဖူးပေါ်တွင် အလွန်သေးငယ်သော ခရမ်းရောင်အမှတ်အသားတစ်ခု ပေါ်လာလေ၏။
"ခရမ်းရောင်ရွှေရောင် နတ်ဆိုးခန္ဓာကိုယ်..."
မိုချန်မှာ ဆွံ့အလျက် ထခုန်လိုက်မိသည်။
"အင်မော်တယ်လောကမှာ ဒီလိုခန္ဓာမျိုးပိုင်ဆိုင်တဲ့သူတွေက နောက်ဆုံးမှာ နတ်ဆိုးဧကရာဇ်တွေ ဖြစ်လာကြတာပဲ..."
သူသည် ကျိလင်းဟန်ကိုကြည့်ရင်း အလိုလိုအရိုအသေပေးမိလုနီးပါးဖြစ်သွားသည်။ အနာဂတ်နတ်ဆိုးဧကရာဇ်တစ်ပါးကို ယခုကတည်းကမြင်တွေ့နေရခြင်း မဟုတ်ပါလား။
မျက်စိသုံးလုံးကျားကတော့ မကျေမနပ်ဖြစ်နေဆဲပင်။
"ငါ့ရဲ့နက်ရွှေရောင်က ဒီလောက်မြန်မြန်ကြီးခေတ်နောက်ကျသွားတာလား။ အစ်ကိုကြီး... ကျွန်တော့်ကိုလည်း ခေါင်းလေးတစ်ချက်လောက်ပုတ်ပေးပါဦး..."
မင်းအတွက်က ၉.၅ ဘီလီယံကုန်မှာလေ... တခြားသွားဆော့နေလိုက်ဦး
ကျန်းချန်က စိတ်ထဲမှနှင်ထုတ်လိုက်သည်။
ကျန်းချန်တို့အဖွဲ့ ယဇ်ပလ္လင်ရှိရာသို့ခရီးဆက်နေစဉ် ဟင်းလင်းပြင်အင်မော်တယ်နယ်မြေ၏အဝင်ဝသို့ အင်အားကြီးဧည့်သည်များ ဆိုက်ရောက်လာသည်။
ရွှေရောင်နဂါးကြီးတစ်ကောင်၊ သွေးနီရောင်မျက်လုံးနှင့် မျောက်ဝံကြီးတစ်ကောင် အပါအဝင် နတ်မိစ္ဆာနယ်မြေမှ နတ်ဆိုးဘုရင် ၁၁ ပါး အစီအရီရောက်လာ၏။ သူတို့သည် နယ်မြေတစ်သောင်းထဲတွင် အင်အားအကြီးဆုံးဖြစ်ပြီး တိုက်ခိုက်ရေး၌ အရူးအမူးဝါသနာပါသူများ ဖြစ်ကြသည်။
"ဒီနေရာမှာ အင်အားကြီးတဲ့အရှိန်အဝါတွေကျန်ခဲ့တာကို ငါ ခံစားနေရတယ်"
ဝါးမြိုခွေးဘုရင်က ပြောလိုက်သည်။
"အဲဒီထဲကနှစ်ယောက်က ရွှေနဂါးဘုရင်ကြီးနဲ့အဆင့်တူလောက်ရှိပြီး တခြားသူတွေကလည်း ငါတို့အဆင့်တွေပဲ"
ရွှေနဂါးဘုရင်က စိတ်ဝင်တစားမေးလိုက်သည်။
"သူတို့ ဘယ်မှာလဲ"
"ဒီနေရာက စည်းမျဉ်းတွေရှုပ်ထွေးလွန်းလို့ အရှိန်အဝါကို ကြာကြာမထိန်းထားနိုင်ဘူး"
ခွေးဘုရင်ကပြန်ဖြေသည်။
မျောက်ဝံဘုရင်ကတော့ သူ့လက်ထဲက ကျောက်တုတ်ကိုဝှေ့ယမ်းရင်း စိတ်လှုပ်ရှားနေ၏။
"အင်မော်တယ်ဖြစ်ဖို့ကအရေးမကြီးဘူး။ ဒီနေရာမှာ နယ်မြေကန့်သတ်ချက်မရှိတာပဲ ငါသိတယ်။ သူတို့ကိုမြန်မြန်ရှာပြီး တိုက်ခိုက်ကြရအောင်..."
ထိုစဉ် ကြွက်သွားဘုရင်က ရယ်မောရင်းပြောလိုက်သည်။
"ကျားမျိုးနွယ်တွေတော့ တကယ့်ကိုကျဆင်းသွားပြီပဲ။ မျက်စိသုံးလုံးကျားကတော့ ဒီပွဲကိုမလာနိုင်ရှာဘူး။ တခြားနယ်မြေမှာ သေသွားပြီလားမသိဘူး... အရင်က ကျားဘုရင်ကြီးကတော့ တကယ့်ကိုအစွမ်းထက်ခဲ့တာ"
နှင်းယုန်ဘုရင်မကတော့ အေးစက်စွာတုံ့ပြန်သည်။
"အဲဒီကောင်သာပေါ်လာရင် ငါကိုယ်တိုင် သူ့အရေခွံကိုခွာပစ်မယ်..."
နတ်ဆိုးဘုရင် ၁၁ ပါးစလုံးသည်လည်း အင်မော်တယ်ဖြစ်မည့်လမ်းကြောင်းကိုရှာဖွေရန် ဤနယ်မြေအတွင်းသို့ တဟုန်ထိုး ဝင်ရောက်လာကြပြီဖြစ်သည်။