← Chapters

အခန်း (၂၈၉)

Vol. 26 Ch. 289

အခန်း (၂၈၉)

Vol. 26 Ch. 289

လင်းပိုင်ဖန် ပြန်လျှောက်လာသောအခါ စုန့်ယွီဖေးက စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။ "အရှင်မင်းကြီး... အဲဒီမိစ္ဆာမက ဘယ်လိုလုပ်ပြီး မဟာရှနိုင်ငံရဲ့ ထောက်တိုင် ဖြစ်နေရတာလဲ။ ကျွန်မ အကြံပေးပါရစေ၊ အဲဒီမိန်းမက တကယ့်ကို အန္တရာယ်များပြီး ရက်စက်တဲ့သူပါ။ သူမနဲ့ ဝေးဝေးမှာ နေပါ အရှင်မင်းကြီး"

လင်းပိုင်ဖန်မှာ သက်ပြင်းတစ်ချက်ချလိုက်ပြီး - "ငါလည်း ဒီလိုမဖြစ်ချင်ပါဘူး။ အစကတော့ သူမက ငါ့ကိုသတ်ဖို့ ဆုကြေးငွေလက်ခံပြီး ရောက်လာခဲ့တာ၊ ဒါပေမဲ့ ကံကြမ္မာ အလှည့်အပြောင်းကြောင့် သူငယ်ချင်းတွေ ဖြစ်သွားခဲ့ကြတာပဲ။ သူမရဲ့ သတ်ဖြတ်လိုတဲ့ စိတ်ရိုင်းတွေကို မြင်နေရတော့ တစ်နေ့မှာ သူမ နောင်တရပြီး လက်နက် စွန့်လွှတ်လာအောင် ငါ့ဘေးမှာထားပြီး ပြုပြင်ပေးဖို့ ကြိုးစားနေတာ။ သူမက မိစ္ဆာဂိုဏ်းရဲ့ သမီးတော် ဖြစ်နေလိမ့်မယ်လို့ ငါလည်း မထင်ထားခဲ့ဘူး"

"အရှင်မင်းကြီးက တကယ့်ကို ကြင်နာတတ်လွန်းတယ်"

လင်းပိုင်ဖန်က ခါးသက်သက် ပြုံးလိုက်ရင်း ခေါင်းညိတ်ပြကာ - "ဟုတ်တယ်... ငါရဲ့ စိတ်ထားက နုနယ်လွန်းတယ်"

"ဒါပေမဲ့ စိတ်ထားကောင်းလွန်းရင် လှည့်စားခံရတတ်ပါတယ်" ဟု စုန့်ယွီဖေးက လေးနက်စွာ သတိပေးလိုက်သည်။ "စကားပုံ ရှိတယ်မဟုတ်လား... တောင်နဲ့ မြစ်ကို ပြောင်းလို့ရပေမဲ့ လူ့ဗီဇကိုတော့ ပြောင်းဖို့ခက်တယ်တဲ့။ ကျွန်မ အဲဒီမိစ္ဆာမနဲ့ တိုက်ခိုက်လာခဲ့တာ နှစ်ပေါင်းများစွာ ရှိပြီမို့ သူမအကြောင်းကို ကောင်းကောင်းသိပါတယ်။ သူမက ဘယ်တော့မှ ပြောင်းလဲမှာမဟုတ်ဘူး၊ ပိုပြီးတော့တောင် ရက်စက်လာဦးမှာ။ ဒါကြောင့် အရှင်မင်းကြီးရဲ့ ဘေးကင်းဖို့အတွက် သူမနဲ့ အလှမ်းဝေးဝေးမှာ နေသင့်ပါတယ်"

လင်းပိုင်ဖန်က ခေါင်းယမ်းလိုက်ပြီး - "မဟုတ်ဘူး... သူမ ငါ့ကို ဒုက္ခပေးလိမ့်မယ်လို့ ငါမယုံဘူး"

စုန့်ယွီဖေးမှာ စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချလိုက်မိသော်လည်း လင်းပိုင်ဖန်အပေါ် လေးစားတဲ့စိတ်များ တိုးလာခဲ့သည်။

‘ သူဟာ တကယ့်ကို ဖြောင့်မတ်ပြီး မွန်မြတ်တဲ့သူပဲ။ တကယ့်ကို မင်းကောင်းမင်းမြတ်ပဲ တစ်ပါးပဲ

သူ့ပြည်သူတွေအပေါ် ကောင်းရုံတင်မကဘဲ သူငယ်ချင်းတွေအပေါ်မှာလည်း သစ္စာရှိလှပေတယ်'

မနီးမဝေးတွင်တော့ တစ်ချိန်က လင်းပိုင်ဖန်၏ လက်အောက်တွင် ရှုံးနိမ့်ခဲ့ဖူးသော အန်းနိုင်ငံနှင့် ရှန်နိုင်ငံတို့မှ ဧကရာဇ်ဟောင်းများ ရောက်ရှိနေကြသည်။

တစ်လောကလုံးမှ လာရောက်ဂါရဝပြုနေကြသော ခမ်းနားထည်ဝါသည့် မြင်ကွင်းကို ကြည့်ရင်း သူတို့မှာ စိတ်လှုပ်ရှားနေကြသည်။

"လွန်ခဲ့တဲ့ နှစ်နှစ်က မဟာရှနိုင်ငံက ငါတို့နိုင်ငံနဲ့ တန်းတူပဲ၊ အခုတော့ ငါတို့ကို အပြတ်အသတ် ကျော်တက်သွားပြီ"

"ဟုတ်တယ်... ဟန်ဒွမ်တောင်တန်းနောက်မှာ ပုန်းကွယ်နေတဲ့ နိုင်ငံငယ်လေးက ဒီလောက်အထိ တိုးတက်လာလိမ့်မယ်လို့ ဘယ်သူ ထင်ထားမှာလဲ"

"ဒီလို နိုင်ငံမျိုးလက်ထဲမှာ ရှုံးနိမ့်ခဲ့ရတာက အရှက်ရစရာတော့ မဟုတ်တော့ဘူး"

ထိုစဉ်မှာပင် ဘေးမှ စောင့်ကြည့်နေသော အခြားနိုင်ငံမှ သံတမန်တစ်ဦးက စပ်စုလိုစိတ်ဖြင့် - "ခွင့်လွှတ်ပါ ခင်ဗျာ၊ လူကြီးမင်းတို့က မြင်ဖူးသလိုလိုနဲ့။ ဘယ်သူတွေလဲဆိုတာ သိပါရစေ..."

ဧကရာဇ်ဟောင်းများမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။

မိုနိုင်ငံ၏ ဧကရာဇ်ဟောင်းက ရှေ့ထွက်ကာ မိတ်ဆက်ပေးလိုက်သည် - "ကျွန်ုပ်က မဟာရှနိုင်ငံရဲ့ မိုနယ်စားပါ၊ ဒီလူကြီးမင်းတွေကတော့ အန်းနယ်စား၊ ရှန်နယ်စား..." စသည်ဖြင့် တစ်ယောက်ချင်းစီ မိတ်ဆက်ပေးလိုက်သည်။

ထိုစကားကို ကြားသည်နှင့် သံတမန်မှာ ချက်ချင်းပင် စိတ်အားထက်သန်သွားကာ - "အော်... မဟာရှနိုင်ငံရဲ့ နယ်စားမင်းတွေဖြစ်နေတာကိုး၊ ကျွန်ုပ် မမှတ်မိတာ ခွင့်လွှတ်ပါဗျာ"

ပတ်ဝန်းကျင်ရှိ အခြားသံတမန်များလည်း ဝိုင်းအုံလာကြပြီး ချီးကျူးစကားများ ဆိုကြတော့သည်။

မျှော်လင့်မထားသော ဂုဏ်ပြုမှုများကြောင့် ဧကရာဇ်ဟောင်းများမှာ အံ့အားသင့်သွားပြီး ယဉ်ကျေးစွာ ပြန်လည်နှုတ်ဆက်နေကြသည်။

သူတို့၏ စိတ်ထဲတွင်တော့ ခံစားချက်ပေါင်းစုံတို့ဖြင့် ရောထွေးနေတော့သည်။

အရင်က ဧကရာဇ်တွေ ဖြစ်နေတုန်းကဆိုလျှင် ဤလူများက သူတို့ကို လှည့်ပင်မကြည့်ခဲ့ကြပေ။

ယခု မဟာရှနိုင်ငံ၏ နယ်စားများ ဖြစ်လာချိန်တွင်မူ အားလုံး၏ ဝိုင်းဝန်းအလေးပေးမှုကို ခံနေရသဖြင့် ဘာပြောရမှန်းပင် မသိတော့ပေ။

ထိုစဉ်မှာပင် နန်းတွင်းအခမ်းအနားမှူး လီလင်းဖူက လင်းပိုင်ဖန်ထံ ချဉ်းကပ်လာပြီး တိုးတိုးလေး သတင်းပို့လိုက်သည်။

နားထောင်ပြီးနောက် လင်းပိုင်ဖန်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး - "အားလုံးပဲ... မင်္ဂလာအချိန်ကို ရောက်လာခဲ့ပြီ။ ငါကိုယ်တော်တိုင် နန်းတက်ပွဲ အခမ်းအနားကို ဦးဆောင်ကျင်းပတော့မယ်။ ဧည့်သည်တော်များနဲ့ မိတ်ဆွေများ... ကြွကြပါဦး"

"အမိန့်အတိုင်းပါ အရှင်မင်းကြီး" ဟု လူအုပ်ကြီးက တစ်ညီတစ်ညွတ်တည်း ပြန်ထူးလိုက်ကြသည်။

ထို့နောက် လင်းပိုင်ဖန်သည် လူအုပ်ကြီးကို ဦးဆောင်ကာ ထွက်လာခဲ့ပြီး လူပေါင်းသန်းချီ၏ အကြည့်များအောက်တွင် 'ပလ္လင်' ဆီသို့ တစ်လှမ်းချင်း တက်လှမ်းသွားခဲ့သည်။

လီလင်းဖူ၏ ညွှန်ကြားမှုဖြင့် ကောင်းကင်၊ မြေကြီးနှင့် ဘိုးဘေးဘီဘင်များအား ပူဇော်ကန်တော့ခဲ့သည်။

ပြီးခဲ့သည့် အခမ်းအနားတွင် ကြီးမြတ်သော မျိုးနွယ်စုများက နှောင့်ယှက်ခဲ့ဖူးသော်လည်း ယခုတစ်ကြိမ်မှာမူ အရာအားလုံး အဆင်ပြေချောမွေ့နေခဲ့သည်။

လုပ်ငန်းစဉ်များ အောင်မြင်စွာ ပြီးဆုံးပြီးနောက် လင်းပိုင်ဖန်သည် လူထုကြီးကို မျက်နှာမူကာ တည်ကြည်စွာဖြင့် ကြေညာလိုက်သည်။

"ဒီနေ့ကစပြီး 'မဟာရှနိုင်ငံ' ကို 'မဟာရှမင်းဆက်နိုင်ငံ' လို့ အမည်ပြောင်းလဲသတ်မှတ်ပြီး ငါကိုယ်တော်ဟာ မဟာရှမင်းဆက်ရဲ့ ပထမဆုံး ဧကရာဇ် ဖြစ်လာပြီ"

"မဟာရှနိုင်ငံတော်ကြီး ထာဝရထွန်းကားပြီး သမိုင်းတစ်လျှောက် အဓွန့်ရှည်ပါစေ"

"မဟာရှနိုင်ငံတော်ကြီး တိုးတက်စည်ပင်ပြီး ပြည်သူများအားလုံး အေးချမ်းသာယာပါစေ"

အောက်မှ ပြည်သူများကလည်း ကြွေးကြော်သံများဖြင့် ပြန်လည် ထူးလိုက်ကြသည်။

"မဟာရှနိုင်ငံတော်ကြီး ထာဝရထွန်းကားပါစေ"

"ပြည်သူများအားလုံး အေးချမ်းသာယာပါစေ"

ထိုခဏမှာပင် ကောင်းကင်ကြီးက ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

မြို့တော်၏ အထက်တွင် ထူးဆန်းသော တိမ်တိုက်များ အလျှင်အမြန် စုဝေးလာကြသည်။

နေရောင်ခြည်ကို ကွယ်သွားသဖြင့် တစ်မြို့လုံး အမှောင်အတိ ကျသွားလေသည်။

ဤရုတ်တရက် ဖြစ်ရပ်ကြောင့် အားလုံး တုန်လှုပ်သွားကြသည်။

"ဘာတွေဖြစ်နေတာလဲ"

"ဘာလို့ တိမ်တွေ အုံ့လာတာလဲ၊ ဘာလို့ မှောင်သွားရတာလဲ?"

"ခုနလေးတင် ကောင်းကင်ကြီးက သာယာနေတာကို၊ ဘာလို့ ဒီလိုနေ့ထူးနေ့မြတ်မှာ ဒီလိုဖြစ်ရတာလဲ"

"ဒါဟာ မကောင်းတဲ့ နိမိတ်ပဲ၊ အရှင်မင်းကြီးက နတ်ဒေဝါတွေကို စိတ်ဆိုးအောင် လုပ်မိလို့လား"

လူတိုင်းမှာ စိုးရိမ်ပူပန်နေကြသည်။ အချို့ကလည်း "ဒီမိုက်မဲတဲ့ ဧကရာဇ်က ကောင်းကင်ရဲ့ မျက်နှာသာပေးမှုကို ဆုံးရှုံးသွားပြီလား" ဟု မကောင်းသော အတွေးများ ဝင်နေကြသည်။

ထိုစဉ်မှာပင် ကောင်းကင်ထက်မှ တိမ်တိုက်များ အက်ကွဲသွားပြီး နေရောင်ခြည်တန်းတစ်ခု ဖြာကျလာသည်။

အံ့သြစရာကောင်းသည်မှာ ထိုနေရောင်ခြည်တန်းသည် 'ပလ္လင်' ပေါ်ရှိ လင်းပိုင်ဖန်ပေါ်သို့ တည့်တည့်မတ်မတ် ကျရောက်နေခြင်းပင် ဖြစ်သည်။

ရွှေရောင်တောက်နေသော နေခြည်များ ဝန်းရံနေသော လင်းပိုင်ဖန်၏ ပုံရိပ်မှာ နတ်ဘုရားတစ်ပါးကဲ့သို့ ခန့်ညားထည်ဝါပြီး ထူးခြားဆန်းပြားနေတော့သည်။

ဤအံ့ဖွယ်မြင်ကွင်းကြောင့် လူတိုင်း ထပ်မံ မှင်သက်သွားကြပြန်သည်။

"အို... ဒါကတော့..."

နန်းတွင်းအခမ်းအနားမှူး လီလင်းဖူက ချက်ချင်းပင် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည် - "ဒါဟာ မင်္ဂလာရှိတဲ့ နိမိတ်ပဲ၊ ကောင်းကင်ဘုံက အရှင်မင်းကြီးကို အသိအမှတ်ပြုလိုက်တာပဲ၊ ဒါကြောင့်လည်း အခုလို မင်္ဂလာနိမိတ်တွေ ကျရောက်လာတာ၊ အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ၊ မဟာရှနိုင်ငံတော်ကြီး အဓွန့်ရှည် တည်တံ့ပါစေ"

ပြည်သူများလည်း စိတ်အားထက်သန်လာကြသည်။

‘အမတ်ကြီးလီ ပြောတာ မှန်တယ်….

ကောင်းကင်ဘုံကသာ ဒီလို အံ့ဖွယ်မြင်ကွင်းကို ဖန်တီးနိုင်တာ…

ဒါက ဘာကို ဆိုလိုတာလဲ…

ကောင်းကင်က အရှင်မင်းကြီးကို လက်ခံလိုက်တာပဲ…၊ မဟာရှနိုင်ငံကို အသိအမှတ်ပြုလိုက်တာပဲ…

အရှင်မင်းကြီးက ကောင်းကင်ဘုံက စေလွှတ်လိုက်တဲ့ စစ်မှန်တဲ့ 'ကောင်းကင်ရဲ့ သားတော်' ပဲ..

အရှင်မင်းကြီးနောက်ကို လိုက်မှသာ ငါတို့ရဲ့ ဘဝတွေ ကောင်းစားနိုင်မှာ…’

ထို့ကြောင့် သူတို့အားလုံး ရူးသွပ်မတတ် အော်ဟစ်ကြတော့သည်။

"အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ"

"မဟာရှနိုင်ငံတော်ကြီး အဓွန့်ရှည် တည်တံ့ပါစေ"

အခမ်းအနားကို စောင့်ကြည့်နေကြသော ဧည့်သည်တော်များမှာမူ အံ့သြမှုတို့နှင်အတူ သံသယများလည်း ဖြစ်နေကြသည်။

"မဟာရှဧကရာဇ်က တကယ်ပဲ ကောင်းကင်ရဲ့ သားတော်လား"

"ငါတော့ မယုံပါဘူး၊ ဒါတွေက လှည့်ကွက်တွေ၊ ဘယ်လိုလုပ် အစစ်ဖြစ်မှာလဲ"

"ဒါဆို မင်း ဒါကို ဘယ်လို ရှင်းပြမလဲ၊ မင်းကော ကောင်းကင်က တိမ်တွေကို ထိန်းချုပ်နိုင်လို့လား"

"အဲဒါကတော့..."

သူတို့လည်း ယုံရခက်၊ မယုံရခက် ဖြစ်နေကြသည်။

မိစ္ဆာဂိုဏ်းချုပ် ဇီလျိုလီ တစ်ယောက်သာလျှင် အတွေးနက်နေသည် - "ဟို စီနီယာကြီး လက်စွမ်းပြလိုက်တာလား"

သို့သော် ကောင်းကင်ကို တစ်ချက်ကြည့်ပြီးနောက် သူမ ထိုအတွေးကို ဖျောက်လိုက်သည် - "ငါတို့ မိစ္ဆာဂိုဏ်းက စီနီယာအဘိုးကြီးတောင် ဒီလိုမျိုး မလုပ်နိုင်ဘူး"

လင်းပိုင်ဖန်ကတော့ တိတ်တဆိတ် ပြုံးနေခဲ့သည်။ ဒါတွေအားလုံးက သူ့ရဲ့ လက်ချက်ဖြစ်သည်မှာ အသေအချာပင်။

ပြည်သူတွေကို ယုံကြည်မှု တိုးစေပြီး သူ့ရဲ့ အုပ်ချုပ်မှုကို ခိုင်မာစေဖို့အတွက် ဖန်တီးခဲ့ခြင်း ဖြစ်သည်။

ကောင်းကင်ဘုံရဲ့ ထောက်ခံမှု ရှိသွားပြီဆိုလျှင် နောက်ပိုင်း သူပြောသမျှက အမှန်တရား၊ သူခိုင်းသမျှက ဥပဒေ ဖြစ်လာတော့မည် ဖြစ်သည်။

နောင်တွင် သူသည် 'ကောင်းကင်သားတော်' မဟုတ်ကြောင်း ဘယ်သူကပဲ ပြောပြော၊ ဘယ်သူကပဲ ပုန်ကန်ပုန်ကန်၊ သူကိုယ်တိုင် လက်ဖျားနဲ့တောင် တို့စရာမလိုဘဲ ပြည်သူတွေကပဲ နှိမ်နင်းပေးကြလိမ့်မည်။

ကောင်းကင်မှ တိမ်တိုက်များ အလျှင်အမြန်ပဲ ပျောက်ကွယ်သွားပြီး အရာအားလုံး ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့သည်။

သို့သော် ထိုအံ့ဖွယ်မြင်ကွင်းမှာ ပြည်သူများ၏ နှလုံးသားထဲတွင် ထာဝရ စွဲထင်ကျန်ရစ်ခဲ့ပြီး နေရာအနှံ့သို့ သတင်းများ ပျံ့နှံ့သွားတော့သည်။

အခမ်းအနားအပြီးတွင် လင်းပိုင်ဖန်သည် ဧည့်သည်တော်များအတွက် စားသောက်ပွဲကြီး ကျင်းပပေးခဲ့သည်။

ထိုနေ့တွင် ဖြစ်ပျက်ခဲ့သမျှကြောင့် လူတိုင်းက လင်းပိုင်ဖန်အပေါ် ပိုမို လေးစားလာကြပြီး အရက်ခွက်များကို အလုအယက် ကမ်းနေကြသည်။

လင်းပိုင်ဖန်ကလည်း လာသမျှလူကို လက်ခံနှုတ်ဆက်ခဲ့ပြီး မည်သူမျှ သူ့ကို အရက်သောက်ပြိုင်၍ မနိုင်ခဲ့ကြပေ။

ဓားအဖိုးအိုသည်လည်း လင်းပိုင်ဖန်၏ ဘေးတွင် ထိုင်လျက် ရှိနေသည်။

ဓားအဖိုးအိုကဲ့သို့ ထူးကဲသော သိုင်းပညာရှင်ကြီးတစ်ဦးက လင်းပိုင်ဖန်အပေါ် အလွန်အမင်း ရိုသေကိုင်းရှိုင်းနေသည်ကို မြင်ရသောအခါ အားလုံး အံ့သြနေကြသည်။ ဓားအဖိုးအိုသည် ကောင်းကင်အဆင့်သို့ ရောက်နေပြီ ဖြစ်သော်လည်း အဘယ်ကြောင့် လင်းပိုင်ဖန်ကို ဤမျှ လေးစားနေရသနည်း။ လင်းပိုင်ဖန်တွင် ဘယ်လို အစွမ်းတွေ ရှိနေလို့များပါလိမ့်….?

ဒုတိယနေ့တွင် ဧည့်သည်တော်များမှာ မဟာရှနိုင်ငံမှ သူတို့ မြင်တွေ့ခဲ့ရသမျှကို သယ်ဆောင်ရင်း အသီးသီး ပြန်လည် ထွက်ခွာသွားကြတော့သည်။

All Chapters