အခန်း (၆၁-၆၃)
Vol. 5 Ch. 61-63
The Path To The Throne
ရာဇပလ္လင်သို့ လျှောက်ရာလမ်း
Mc စောရန်နိုင်
စာစဉ် ၅
အခန်း(၆၁)
( မြောက်ပိုင်းပြည်နယ်က လင်းမိသားစု )
[ ငါ့လခွေး .... ဟုတ်သားပဲ၊ တိုက်ပွဲတွေကို မေ့နေတာဟ ]Mc
နွယ်ပန်းမြို့အရှေ့တောင်ဘက် တစ်ရက်စာ ခရီးအကွာမှာတော့ သံချပ်ကာမြင်းသည် ၂၀၀၀ နဲ့ မြင်းတပ်ဒုဗိုလ်မှူး သီဟဟန်ဝင်းတစ်ယောက် သူ့မြင်းတပ်နဲ့အတူ ကင်းလည့်နေကြပါတယ်။
မြင်းတပ်စုမှူးတစ်ဦးမှ တစ်နေရာအား လက်ညှိုးညွှန်ပြရင်း
"ဒုဗိုလ်မှူး ... ရှေ့မှာ တိုက်ပွဲဖြစ်နေပုံပဲ"
"သွားကြည့်ရအောင်၊ အရမ်းမနီးစေနဲ့ဦး"
"ဟုတ်"
(- သိထားရမှာက သံချပ်ကာမြင်းသည်တစါဦးဟာ အခြေတည်စဦးအဆင့်မှာရှိပါတယ်။ အခြေတည်အလယ်အဆင့်ရောက်ရင် ဒုတပ်စုမှူးရာထူးရပါတယ်၊ အခြေတည်အထွပ်အထိပ်ရောက်ရင် မြင်းတပ်စုမှူးရာထူးရပါတယ်။ သူ့လက်အောက်မှာ မြင်းသည်၅၀၀ရှိပါတယ်၊ ၂၀၀၀ ကို ဒုဗိုလ်မှူး( ချီစစ်သူကြီးစဦးအဆင့် ) တစ်ဦးက အုပ်ချုပ်ပါတယ်။ ၄၀၀၀ ကို မြင်းတပ်ဗိုလ်မှူး ( ချီစစ်သူကြီး အလယ်လတ်အဆင့် ) တစ်ဦး၊ ၈၀၀၀ ကို မြင်းတပ်ဗိုလ်မှုးကြီး ( ချီစစ်သူကြီးအထွတ်အထိပ် )တစ်ဦး၊ ၁၆၀၀၀ ကို ဗိုလ်မှူးချုပ် (ချီဘုရင်စဦးအဆင့်) တစ်ဦး၊ ၃၂၀၀၀ ကို ဒုဗိုလ်ချုပ် (ချီဘုရင် အလယ်လတ်အဆင့်)၊ ၆၄၀၀၀ ကို ဗိုလ်ချုပ် (ချီဘုရင်အထွတ်အထိပ်အဆင့်) က အုပ်ချုပ်ပါတယ်။ မင်းရဲကျော်စွာဟာ မြင်းတပ် ၆၄၀၀၀ ကို အုပ်ချုပ်တဲ့ ဗိုလ်ချုပ်တစ်ဦးပါ၊ ဒါပေမဲ့ သူ့လက်အောက်မှာ ဖွဲ့စည်းပုံအပြည့် မရှိသေးပါဘူး၊ လက်ရှိသူ့လက်အောက်မှာ မြင်းတပ် ၁၉၉၀၀ ရှိနေတာမို့ မြင်းတပ်ဗိုလ်မှူးကြီးနှစ်ဦး၊ မြင်းတပ်ဗိုလ်မှူး၅ဦးသာ ရှိနေပါသေးတယ်။ စာရေးသူ )
"မင်းတို့ အနောက်ပိုင်းပြည်နယ်စောင့်တပ်က ငါတို့လင်းမိသားစုနဲ့ တကယ်တိုက်ချင်နေကြတာလား"
"ခ်ခ်ခ်ခ်ခ် ... အဲဒီတော့ဘာဖြစ်လဲ၊ ဒီပြည်နယ်က ငါတို့ပြည်နယ်လေ၊ ငါတို့ သွားချင်ရာသွား၊ လာချင်ရာလာမှာပဲ၊ ဘာဖြစ်လဲ"
သူမက ရန်မိသားစုက ရန်မာစုအောင်ပါ၊ တစ်ဖက်ကတော့ လင်းမိသားစုက မင်းသား ၆ ဘွဲ့ခံလင်းထက်ကိုပါ။
လင်းမိသားစု အကြီးအကဲတစ်ဦးက
"မင်းသား ၆ ပြေးပါတော့"
"ဒီလူအိုကြီး ခံထားပေးမယ်"
"သားရဲတစ်ထောင်မြို့ဆီ အရောက်သွားပြီး မိသားစုခေါင်းဆောင်ရဲ့ အမှာစာကို အရောက်ပို့ပေးပါတော့"
"ဟွန့် ... အခြေတည်စဦး အဆင့်လောက်နဲ့များ ငါ့ကိုတားနိုင်မယ် ထင်နေတာလား"
"သတ်ကြစမ်း၊ သူတို့က နိုင်ငံ့သစ္စာဖောက် စောရန်နိုင်နဲ့ ပူးပေါင်းထားတဲ့ သူတွေပဲ"
ပြည်နယ်စောင့်တပ်မှူးတစ်ဦးကလဲ
"ရန်သခင်မလေး ... သူကမင်းသားတစ်ဦးဖြစ်နေတော့ ... စစ်တပ်စည်းမျဉ်းကို "
"တိတ်စမ်း၊ သူတို့ကို စောရန်နိုင်ကသတ်ပစ်လိုက်ပြီ၊ ငါပြောတာနားလည်လား"
"ကောင်းပါပြီ၊ သတ်ကြ"
၅၀၀၀ ခန့်ရှိတဲ့ ပြည်နယ်စောင့်တပ်သားတွေဟာ လင်းမိသားစုဝင်တွေကို သတ်ဖြတ်ကြပါတော့တယ်။ လူ ၅၀ သာပါတဲ့လင်းမိသာစုဟာ အခုတော့လူ ၂၀ သာ ကျန်ပါတော့တယ်။
လင်းမိသားစုဟာ မိသားစုကြီး၄ခုထဲမှာ အားအနည်းဆုံး ဖြစ်နေပါတယ်။
မြောက်ပိုင်းပြည်နယ်ဟာ ပြည်နယ်ကြီးငါးခုထဲမှာ သယံဇာတအကြွယ်ဝဆုံးနဲ့ အချမ်းသာဆုံးပြည်နယ်ဖြစ်သလို တတိယစစ်အင်အား အကောင်းဆုံးပြည်နယ်တစ်ခုပါ။
"ရွှတ် .... အား"
"ဇုတ် ... အင့်"
ပြည်နယ်မြင်းတပ်ကလဲ ဝင်ရောက်တိုက်ခိုက်ပါသေးတယ်။ မြှားတပ်လဲ ပါနေတာပါ။
( ပြည်နယ်စောင့်တပ်မှာ ၅၀၀၀ တစ်တပ်ကို ( တပ်မှူး ) တစ်ဦး နှုန်းပါ။ အဆိုပါတပ်မှုးဟာ အခြေတည်အဆင့် အမျိုးမျိုးမှာရှိပါတယ်။ ၂၀၀၀၀ ကို ချီစစ်သူကြီးအဆင့် အမျိုးမျိုးမှ ( တပ်မှူးကြီး )တစ်ဦး၊ ၈၀၀၀၀ ကို ချီဘုရင်အဆင့် အမျိူးမျိုးမှ ( စစ်သူကြီး )တစ်ဦး၊ ၃၂၀၀၀၀ ကို ချီဧကရာဇ်စဦးအဆင့် တစ်ဦး ( ဗိုလ်ချုပ်ကြီး )နဲ့ ဖွဲ့စည်းအုပ်ချုပ်ပါတယ်။ ချီဧကရာဇ်စဦးအဆင့် ဗိုလ်ချုပ်ကြီးအဆင့် ၂ ဦးကို ချီဧကရာဇ်အလယ်အလတ်အဆင့် ( သေနာပတ် ) တစ်ဦးက ဆက်အုပ်ချုပ်ပါတယ်။ သေနာပတိနှစ်ဦးကို ချီဧကရာဇ်အထွတ်အထိပ် အဆင့်ရှိတဲ့ စစ်သေနာပတိချုပ်က အုပ်ချုပ်ပါတယ်။ စစ်သေနာပတိချုပ်လက်အောက်မှာ စစ်သည် (၁၂၄၀၀၀၀) ၁၂သိန်း၄သောင်းရှိ ပါတယ်။ ဒါဟာ အနောက်ပြည်နယ်စောင့်တပ်ရဲ့ အင်အားပါပဲ။ လက်ရှိမှာတော့ သားရဲတစ်ထောင်မြို့ဆီကို ချီဧကရာဇ်အလယ်အလတ်အဆင့်(သေနာပတိ) တစ်ဦး ခေါင်းဆောင်ပြီး ချီတက်လာတာပါ။ အင်အား ၆၄၀၀၀၀ ရှိပါတယ်။ စာရေးသူ )
"ချွမ် ... ချွမ် ... ဝှစ် ... ဒေါက် ... ဇွတ် .... အား"
( တီးလုံးတီးနေတာမဟုတ်ပါဘူး ဓားချင်းထိ၊ မြှားနဲ့ပစ်၊ လှံနဲ့ထိုးသံတွေပါ )
"မင်းသား ၆ ကိုကာကွယ်ကြ ... သခင်လေးကို ကာကွယ်ပေးကြ"
"အင့်"
မုန်တိုင်းတစ်ထောင်ဓား
လေဟုန်ပြင်းတဲ့ပျံလွှား
ဝေဟင်ပိုင်းဖြတ်ခြင်း
"ဝှစ် ... ဝုန်း"
အခန်း(၆၁)ပြီး
အခန်း(၆၂)
( ဝင်ရောက်ကယ်တင် ပေးခြင်း )
"ဝှစ် ... ဝုန်း"
လင်းထက်ကိုလဲ တစ်ဖက်ရှိသစ်ပင်ဆီ လွင့်စင်သွားပါတယ်။
"ခ်ခ်ခ် ... လင်းမိသားစုရဲ့ ပါရမီရှင်ဆိုတဲ့ တစ်ယောက်ကလဲ သာမန်ပါပဲလားနော်"
"ဟား ... ငါတို့ရန်သခင်မလေးရဲ့ ခြေဖျားတောင် မမှီရှာပါဘူးကွာ"
"မင်း .. မင်းတို့တွေ .... ဝေါ့"
ခပ်လှမ်းလှမ်းရှိ တောင်ကုန်းပေါ် တစ်နေရာမှာတော့
"ဒုဗိုလ်မှူး၊ ဘယ်လိုလုပ်ကြမလဲ၊ ကြည့်ရတာသူတို့က အရှင်သခင်စောဆီ လာကြပုံပဲနော်"
ဒုဗိုလ်မှူးးဆိုသူမှ ခေါင်းငြိမ့်လျက်ပင်
"လူအရင်ကယ်ကြတာပေါ့၊ ပြီးမှ ဗိုလ်ချုပ်နဲ့ပြန်ပေါင်းကြမယ်၊ တပ်စုမှူးသက်နိုင်နဲ့ရန်ပြေး၊ လူသွားကယ်ပါ"
"ဟုတ် .... ကျား ... ကျား" ( မြင်းစီးသွားတာပါ )
တောင်ကုန်းပေါ်မှ မြင်းသည် ၁၀၀၀ ဒုန်းဆိုင်းပြေးဆင်းသွားကြပါတယ်။
"သတ်"
"ဟီး .... ဟီး"
"ဟေး .... ဟေး"
"ဟာ ...... ရန်သူတွေ ... ရန်သူတွေ ..... လည့်တိုက်ကြစမ်းဟေ့"
"မြှားသမားတွေပစ် ... ပစ်ကြ"
"ဝှစ် ... ဝှစ် ... ဝှစ်"
"ရွှီး ..... ရွှီး ..... ရွှီး"
ပြည်နယ်စောင့်တပ်ရဲ့ မြှားသည် ၅၀၀ ထံက မြှားတံများ လေကိုခွင်းလျက် သံချပ်ကာမြင်းတပ်ထံ ပျံသန်းလာကြပါတယ်။
"ထန် .... ထန် ...... ထန်"
ချီစုဆောင်းခြင်းအဆင့် မြှားသမားတွေပစ်တဲ့ မြှားတံတွေဟာအခြေတည်အဆင့်ရဲ့ စွမ်းအင်အကာအကွယ်ကိုမပြောနဲ့ဦး သံချပ်ကာသီးသန့်ကိုတောင် မဖောက်နိုင်ပါဘူး။
( မြှား ၁၀၀၀၀ မှ မြင်း ၁၀၀၀ ကိုပစ်ရင်တော့ ခက်ခဲသွားစေမှာပါ )
"ဝှစ် .… ဝှစ် ... ဇုတ် "
"ဖွဲ့စည်းပုံ အစီအရင်ခင်းကြ"
ပြည်နယ်စောင့်တပ်မှုးလဲ အသည်းအသန် အော်ပြောလိုက်ပါတယ်၊၊
"မြေကမ္ဘာလိပ် ဖွဲ့စည်းပုံအစီအရင်"
"ရွှတ် ... အာ့"
"ဝီး ... အာ့"
"ဒုတ် .... ဇုတ်"
"အာ့ .... အု .... အင့်"
"ဟီး ..... ဟီး ... ဘုန်း"
( မြင်းတွေ မြေပေါ်လှဲကြသံပါ )
သံချပ်ကာမြင်းသည်တစ်ဦးက
"တပ်စုမှူး .... ကျွန်တော်တို့ ဒီဖွဲ့စည်းပုံအစီအရင်ကို မချိုးဖောက်နိုင်ဘူး .... ညီအစ်ကိုတွေကျကုန်ပြီ"
"ဖောက်ထွက် ... ဖောက်ထွက်ကြ .. ရအောင်ထွက်ကြ"
"ဖွဲ့စည်းပုံအစီအရင်ကို ထိန်းထားကြစမ်.... အဲဒီကောင်တွေကို ဖောက်မထွက်နိုင်စေနဲ့ .... ထိန်းထား"
"မြှားသမားတွေ .... ပစ် .. ပစ် မြင်းခြေထောက်တွေကိုပစ်ကြ"
"သေချာချိန်ပစ်ကြစမ်း ... နင့်မေကလွှားလို လူကိုပစ်နေကြတာလား"
"မင်းတို့ဘဒွေးတွေက အယားတောင် မပြေကြဘူးဟ"
မကြာခင်မှာပဲ သံချပ်ကာမြင်း ၉၅၀ ကျော်နဲ့ လက်ကျန်လင်းမိသားစုတို့ ကိုပြည်နယ်စောင့်တပ်က ဝိုင်းမိသွားပါတယ်။
တောင်ကုန်းပေါ်မှာတော့
"ဒုတပ်မှူး ၊ သက်နိုင်နဲ့ရန်ပြေးတို့ တပ်တွေက ဖွဲ့စည်းပုံအစီအရင်ကို မထိုးဖောက်နိုင်သလိုပဲ"
"အင်း ဟုတ်တယ်၊ သူတို့ရဲ့ ပေါင်းစပ်ဖွဲ့စည်းပုံအစီအရင်ကအဆင့်၁ လောက်ရှိတယ်၊ ချီဘုရင်မဟုတ်ရင် ထိုးဖောက်ဖို့ မလွယ်လှဘူး"
"အဲဒါဆို ဘယ်လိုလုပ်ကြမလဲဗျ၊ ဒီပုံအတိုင်းဆို မြင်းတပ်တစ်တပ်လုံးနစ်လိမ့်မယ်"
"မဟာမိတ်တပ်ဖွဲ့နဲ့ပါလာတဲ့ လောင်ချာဆိုတာနဲ့ပစ်ကွာ၊ သူတို့အစီအရင်ကပဲ စွမ်းမလား "
"အရှင်စောရဲ့ လက်နက်ကပဲစွမ်းမလား စမ်းသပ်ကြည့်ရအောင်"
"ဟီး .... လောင်ချာပေးစမ်းဟေ့၊ အဆင့်နိမ့်သားရဲအမြူတေ တစ်လုံးပါထည့်လိုက်ကြ"
"ဟုတ်"
တိုက်ပွဲတွင်းမှာတော့
" သက်နိုင်၊ ဘယ်လိုစဉ်းစားထားလဲ"
ရန်ပြေးရဲ့အမေးကိုသက်နိုင်လဲ
"ရှိသမျှ ချီစွမ်းအင်အကုန်စုပြီး တစ်နေရာထဲတွန်းထိုး တိုက်ကြတာပေါ့"
"အေး ... ဟ ... ဟ .. ဟိုမှာကြည့်"
ထိုအခိုက် ဒုတပ်မှူးသီဟဟန်ဝင်းတို့ရှိရာ တောင်ကုန်းဘက်ဆီမှ အဖြူရောင်အလင်းတန်းတစ်ခု ပြေးထွက်လာပါတယ်။
"ရွှီး ............. အုန်း"
သီဟဟန်ဝင်းကထပ်ပြီး
"လမ်းကြောင်းပေါ်အောင် ထပ်ပစ်စမ်းကွာ"
"ဟီး .... ဟုတ်ကဲ့ပါ ဒုတပ်မှုး"
ကျယ်လောင်တဲ့ပေါက်ကွဲသံနဲ့အတူ အစီအရင်ခင်းထားကြတဲ့ ပြည်နယ်စောင့် ခြေလျင်တပ်၃၀၀ကျော် မက်ဆေ့ကိုက်သွားပါတယ်။
နောက်တစ်ခု
"ရွှီး .......... အုန်း"
အခန်း(၆၂)ပြီး
အခန်း(၆၃)
(သတင်းဆိုးတစ်ပုဒ်)
"ရွှီး ......... အုန်း"
ရုတ်တရက်တိုက်ခိုက်မှုကြောင့် ကြောင်အသွားတဲ့ခြေလျင်တပ် ၃၀၀ ကျော် ထပ်ပြီး မက်ဆေ့ကိုက်သွားပြန်ပါတယ်။
"ဘယ်ကောင်တွေလဲကွ ... ပြည်နယ်စောင့်တပ် တာဝန်ထမ်းဆောင်နေတာ မသိဘူးလား ... အု"
"ဝှီး ..... ဇုတ်"
ပြည်နယ်စောင့်တပ်မှူးဆိုသူ မြင်းပေါ်ကနေ အနောက်ကို ကိုက်၂၀၀ လောက်လွင့်ပျံသွားပါတယ်၊၊
ချီစစ်သူကြီးတစ်ဦးဖြစ်တဲ့ မြင်းတပ်ဒုတပ်မှူးး ဗိုလ်မှူးသီဟဟန်ဝင်းပစ်တဲ့ လှံပျံမို့ ကိုက် ၁၀၀၀ အသားလေးပြေးပါတယ်။
"တပ်မှူးကို လှံထိသွားပြီ ... ဆုတ်ကြ ... ဆုတ်ကြ"
"ရွှတ် ... အား"
ရန်လင်းနွယ်ကလဲ ထိုသူအား ဓားဖြင့်ပိုင်းလိုက်ရင်း
"လင်းမိသားစုဝင်တွေ မသေသ၍ ဘယ်သူမှမဆုတ်ေပြးရဘူး"
"ဆုတ်ပြေးတဲ့သူကို သတ်ပစ်မယ်"
ထိုစဉ်
"ရွှီး ........ အုန်း"
သူမအနားကို လောင်ချာမှ စွမ်းအင်လုံး တစ်လုံး ကျရောက်ပေါက်ကွဲသွားပါတယ်။
"အမေ့ ..... အင့်"
စွမ်းအင်အကာအကွယ်နဲ့ ကာလိုက်ပေမဲ့ မမှီလိုက်ပါဘူး။
သူမလဲ စွမ်းအင်အဖျားခတ်ခံလိုက်ရပြီး ဒဏ်ရာပြင်းထန်စွာ ရသွား ပြန်ပါတယ်။
"မင်းသမီး" "သခင်မလေး"
ရန်မိသားစုအကြီးအကဲတွေကလဲ
"မင်းတို့ပြည်နယ်စောင့်တပ်က တပ်သားတွေ ဘာလုပ်နေကြတာလဲ၊ သခင်မလေးကို ကာကွယ်ကြလေ"
"မင်းသမီးကို ကာကွယ်ကြ၊ ဖွဲ့စည်းပုံအစီအရင် ပြန်ခင်းကြ"
ပြည်နယ်စောင့်တပ်ရဲ့ လက်ကျန်တပ်စုမှူးတွေကလဲ ကိုယ့်တပ်စုကိုယ်ပြန်ပြီး ထိန်းသိမ်းကွပ်ကဲနေကြပါတယ်။
ဒါဟာ၊ ပြည်နယ်စောင့်တပ်နဲ့ မြို့စားလက်အောက်ခံတပ်တွေရဲ့ ကွာခြားချက်ပါပဲ။
တောင်ကုန်းပေါ်က တပ်စုမှူးတစ်ဦးက
"ဒုတပ်မှုး ..... ရန်သူဘက်က စစ်ကူတွေ လာနေကြပြီ"
"ပြန်ဆုတ်ကြမယ်"
"တပ်ဆုတ်ဖို့ အချက်ပြလိုက်တော့"
"ဟုတ်"
အဲဒီအချိန်မှာပဲ အဝိုင်းခံလိုက်ရတဲ့ သူတွေ ဖောက်ထွက်လာနိုင်ခဲ့ပါပြီ။ မကြာမှီကာလမှာတော့ တောင်ကုန်းပေါ်က ဒုတပ်မှူးသီဟဟန်ဝင်းတို့နဲ့ ပြန်ပေါင်းစည်းကာ နွယ်ပန်းမြို့ဆီပြန်ဆုတ် ခဲ့ကြပါတယ်။
"မလိုက်ကြနဲ့တော့ ... ပင်မတပ်နဲ့ပြန်ပေါင်းကြမယ်"
"မင်းသမီးကို ဆေးကုဖို့အတွက် မြို့တော်ဆီပြန်ပို့ဖို့ အရေးကြီးတယ်"
စောရန်နိုင်တစ်ယောက် မင်းရဲကျော်စွာပေးပို့တဲ့ သတင်းအချက်တွေကို နားထောင်ပြီးနောက် ခေါင်းစားသွားပါတယ်။
ကြည့်ရတာ နွယ်ပန်းမြို့ကို ခံစစ်ထားရတော့မည့်ပုံပင်၊ ပြောက်ကြားတိုက်ဖို့တောင် မလွယ်ကူနေပါဘူး။
စစ်ကူတပ်အနေနဲ့ အချိန်မှီရောက်ဖို့သာ မျှော်လင့်ရတော့မှာပါ၊၊
ဒါတောင် ခုခံနိုင်ရုံပဲ ရှိနိုင်ပါသေးတယ်။ ရန်သူဘက်က စစ်ကူဘယ်လောက်ရှိမှန်း မသိရသေးပါဘူး။
သတင်းကောင်းတစ်ခုကတော့ လွင်မိုးနဲ့ဗလမင်းထင်တို့ရဲ့ မဟာမိတ်တပ်ကို လေယာဉ်တွေက အချိန်မှီပစ်ကူ ပေးနိုင်ခဲ့တာပါ။
သောကမြို့ကို ပြန်သိမ်းယူနိုင်ခဲ့ကြသလို ဂိုဏ်းအကြီးအကဲနဲ့ ဂိုဏ်ချုပ်အချို့ သေကြေ၊ ဒဏ်ရာရသူတွေနဲ့ ဟူးကောင်းလွင်ပြင်ဒေသထဲ ပြန်ဆုတ်သွားကြတာပါပဲ။
နောက်ထပ်သတင်းဆိုးကတော့ ဗလမင်းထင်ရဲ့ တင်ပြချက်ပါပဲ
[ အရှင်စော ... အရှင်စော စစ်ကူပို့လိုက်တဲ့ သံငှက်တွေရဲ့ ပြောကြားချက်အရ ဟူးကောင်းလွင်ပြင်ထဲကို ရန်သူ ၇သိန်းကျော်ရှိတဲ့ တပ်မကြီးတစ်ခု ဖြတ်ဝင်လာနေတယ်လို့ သိထားပါတယ် ]
[ ပြီးတော့ ချီဧကရာဇ်အဆင့်ရှိတဲ့ ရန်သူတစ်ယောက်က နှောက်ယှက်လို့သံငှက်တစ်စီး ပြင်းပြင်းထန်ထန်ထိခိုက်ပြီး သားရဲတစ်ထောင်မြို့ဆီ ပြန်သွားရပါပြီ ]
[ သံငှက်နောက်တစ်စီးကလဲ ချီဧကရာဇ်ကိုခုခံနေတုန်း ပျက်စီးသွားပါပြီ ]
"ငါ့လခွီးပဲ"
ရန်သူပင်မတပ်ရဲ့ သတင်းရလိုက်သလို တိုက်လေယာဉ်တစ်စီးထိခိုက်ပြီး တစီးရင်းခဲ့ရပါတယ်၊ ကံကောင်းတာက ဗုံးကြဲလေယာဉ်ကိုကာကွယ်လိုက်နိုင်တာပါ။
"စနစ် လက်ကျန်မြင်းတပ်တွေကို သောကမြို့နဲ့ ၅မိုင်အကွာမှာ ပေါ်လာခိုင်းပေးပါ"
ထို့နောက် စောရန်နိုင်ရဲ့ဘဏ္ဌာထိန်း လုပ်ပေးနေတဲ့တပ်ဖွဲ့မှုးဝင်းအား ခေါ်၍
"အစ်ကိုဝင်း ဗုံးကြဲလေယာဉ်ပြန်ရောက်လာရင် နွယ်ပန်းမြို့ကို ၊စက်သေနတ်ကြီး၅လက်နဲ့ လောင်ချာလက်ကျန်အကုန်သွားပို့ ခိုင်းလိုက်ပါဦး"
"သခင်စောကကော အဆင်ပြေပါမလား"
"စိတ်မပူပါနဲ့၊ ဒီပြည်နယ်တစ်ခုလုံးမှာမှ အလွန်ဆုံးရှိလှ ချီဧကရာဇ်အထွပ်အထိပ်တစ်ဦးလောက်ပါပဲ"
ထို့နောက်Colt Paterson1836 ( နောက်တွင် C.Pသေနတ်တိုဟု မှတ်ထားနိုင် ) ခြောက်လုံးပြူးအား ထုတ်ပြရင်း
"ဒီထဲကို သားရဲအမြူတေ အဆင့်၃ထည့်ပစ်ရင် သူတို့ကာနိုင်မလား သိချင်မိပါရဲ့ ... ဟက်"
"ကောင်းပါပြီ"
အခန်း(၆၃)ပြီး