အခန်း (၆၄-၆၆)
Vol. 5 Ch. 64-66
အခန်း(၆၄)
( လမ်းပျောက်နေသော ချီဧကရာဇ်အဆင့် )
"ကောင်းပါပြီ"
ဘာလိုလိုနဲ့ တစ်ပတ်ကျော်ကြာခဲ့ပါပြီ။ စစ်ကူအသီးသီးလဲသက်ဆိုင်ရာစစ်မျက်နှာမှာ ခံစစ်ယူပြီးကြပါပြီ၊၊
P-15 တိုက်လေယာဉ်သစ်တစ်စီးကို ထုတ်ယူနိုင်ခဲ့သလို သယ်ယူပို့ဆောင်ရေးတပ်ဖွဲ့တွေကြောင့် ထုတ်လုပ်ရေးလုပ်ငန်းတွေကို အရှိန်တင်နိုင်ခဲ့ပါတယ်။
လုံလောက်တဲ့ပမာဏတစ်ခု မဟုတ်ပေမဲ့လဲ ခံစစ်အတွက်တော့ ပြည့်စုံသလောက် စီမံထားနိုင်ခဲ့ကြပါတယ်။
ပြဿနာတစ်ခုကတော့ ရှိတဲ့သူနဲ့ ထုတ်တဲ့သေနတ်မမျှတ နေတာပါ။
လက်ရှိမှာ မဟာမိတ်တွေနဲ့ ပူးပေါင်းထုတ်နေတဲ့ kar 98kတွေဟာလဲ bolt action သေနတ်တွေ ဖြစ်နေတာမို့ ပစ်နှုန်းနှေးနေဆဲပါ၊၊
Brown bess သေနတ်ဆိုတာလဲ တူးမီးလ်ထက်သာတယ် ဆိုယုံပါပဲ။
( Brown bess သေနတ် အကြောင်းသိလိုပါက chat gtp ai နဲ့ နပိုလီယံခေတ်က အင်္ဂ်လိပ်စစ်သားတွေ ကိုင်တဲ့သေနတ်တွေကို ကြည့်ပါလေ ) စာရေးသူ
ကျန်ခဲ့တဲ့ တစ်ပတ်အတွင်း မြောက်ဘက်အရပ်အား တိုက်လေယာဉ်နဲ့ ခရီးထောက်စေတဲ့အခါ ထူးဆန်းစွာပဲ ရန်သူစစ်ကြောင်းတွေကို မတွေ့ခဲ့ရပါဘူး၊ အဲ့အတွက် စောရန်နိုင်လဲ စေတစ်ရာမြို့အား အခြေပြုရင်း အနီးပတ်ဝန်းကျင်အား သိမ်းပိုက်စေခဲ့ပါတယ်။
စေတစ်ရာမြို့နဲ့ ပြည်နယ်မြို့တော်တို့ ဆက်သွယ်ထားရာ လမ်းမကြီးတလျှောက်မှာ မြို့ကြီး၂မြို့နဲ့ မြို့ငယ်၁၅ခု ပါဝင်တဲ့အောင်ပန်းခရိုင် တည်ရှိနေပါတယ်။
ပြည်နယ်ရဲ့ မြို့တော်ကို တိုက်ခိုက်ချင်ရင် အောင်ပန်းခရိုင်ကို သိမ်းယူထားမှ ရမှာပါ။
ဒါအပြင် အောင်ပန်းခရိုင်ထဲမှာ စောရန်နိုင်လိုအပ်နေတဲ့ သံရိုင်းမိုင်းတွင်း၅ခု ရှိနေပါသေးတယ်။
လောလောဆယ်စေတစ်ရာမြို့မှာ ချီဘုရင်အထွတ်အထိပ်ဖြစ်တဲ့ ခြေလျင်တပ်ဗိုလ်ချုပ်** စည်သူကျော်စွာအပါအဝင် ချီဘုရင်အလယ်လတ်နှစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်*ဗလစည်သူ ၊ဗလနန္ဒ၊ ချီစစ်သူကြီးအထွတ်အထိပ်ဗိုလ်မှုး၂ဦး၊ အခြားချီစစ်သူကြီးအဆင့်၂၁ဦးနဲ့ ခရုးဆိတ်စစ်သည်၂၅၀၀၀၊ တော်ဝင်ခြေလျင်စစ်သည်၅၀၀၀၀၊ သေနတ်ကိုင်၃၁၀၀၀၊ သံချပ်ကာမြင်းသည်၁၂၀၀၀၊ လေဟုန်ခွင်းမြင်းသည်၃၀၀၀၀နဲ့ အမြောက်ကြီး၁၀လက်၊ အမြောက်ငယ်၅၀၊ စက်သေနတ်ကြီး၁၀လက်၊ လောင်ချာ၁၀လက် ရှိနေပါတယ်။ စစ်သည်အားဖြင့် ၁၄၈၀၀၀ရှိပါတယ်။
( * ဒီကြယ်သေးသေးလေးကလဲ ရာထူးတစ်ခုပါနော်( ဗိုလ်မှုး* ) ဆိုပါကကြယ်တစ်ပွင့်ဗိုလ်မှူးဖြစ်ပြီး ( ဗိုလ်မှူး** ) ဆိုပါက ကြယ်နှစ်ပွင့်ဗိုလ်မှုးပါ၊ နောက်အခန်းတွေမှာ ထည့်သုံးတော့မှာမို့ပါ။ )
စောရန်နိုင်
[ ဗိုလ်ချုပ်စည်သူကျော်စွာ၊ အောင်ပန်းခရိုင်ကို ဝင်တိုက်ပါ၊ မလိုအပ်ပဲလက်နက်ကြီးငယ်မသုံးပါနဲ့၊ လိုအပ်ရင်လေကြောင်း အကူပို့ပေးမယ် ]
[ ဟုတ်ကဲ့ပါအရှင်စော၊ ဒါပေမဲ့ လေကြောင်းအကူဆိုတာက ]
စောရန်နိုင်
[ အချိန်ကျရင်သိပါလိမ့်မယ်၊ ချီဧကရာဇ်အဆင့်နဲ့ ကြုံရင်ခေါ်နိုင်တယ် ]
[ ဟုတ်ကဲ့ပါအရှင်စော၊ နေ့ဝတ်အတွင်းပြင်ဆင်ပြီးထွက်ခွာပါမယ် ]
ထိုနောက် အရှေ့ဘက်စစ်မျက်နှာပြင်ရဲ့ ခံစစ်အခြေအနေနဲ့ ရန်သူ့လှုပ်ရှားမှုအင်အားအလိုက် ထပ်ပြီး စီမံပေးလိုက်ပါတယ်။
သူကိုယ်တိုင်ကတော့ နွယ်ပန်းမြို့ဆီ ဗျည်းနွဲ့ဓားစီးပြီး ပျံသန်းလာလိုက်ပါတယ်။
ဒီကျင့်ကြံကမ္ဘာမှာတော့ အခြေတည်အဆင့်ရောက်ရင် လက်နက်တစ်ခုခုနဲ့ ပျံသန်းနိုင်ကြပြီး ချီဧကရာဇ်အဆင့်ရောက်ရင် လူလွတ်ပျံသန်းနိုင်ပါပြီ။
နွယ်ပန်းမြို့ကိုတော့ ပြည်နယ်စောင့်တပ်က အင်အား၃၂၀၀၀၀နဲ့ဝိုင်းရံထားပါပြီ၊၊
ဒါပေမဲ့ စောရန်နိုင်ပို့တဲ့ အထောက်အပံတွေက အချိန်မှီ ရောက်သွားပါသေးတယ်။
ချီဧကရာဇ်၁ယောက် ( ဗိုလ်ချုပ်ကြီးရာထူး ) ၊ ချီဘုရင်၄ယောက် ( စစ်သူကြီးရာထူး )၊ ချီစစ်သူကြီး၁၆ယောက် ( တပ်မှူးကြီးရာထူး )က ဦးဆောင်လာပါတယ်။
နွယ်ပန်းမြို့မှာတော့ ချီဘုရင်အထွတ်အထိပ်ဖြစ်တဲ့ မြင်းတပ်ဗိုလ်ချုပ်*မင်းရဲကျော်စွာ၊ ခြေလျင်တပ်ဗိုလ်ချုပ်**သီဟနော်ရထာ၊ ချီဘုရင်အလယ်လတ်ဆင့် ဗိုလ်ချုပ်*ရာဇသကြန်၊ ချီစစ်သူကြီးအဆင့်အမျိုးမျိုးမှ ၁၇ဦးရှိနေပြီး ခရူးဆိတ်စစ်သည်နှစ်သောင်း၊ တော်ဝင်ခြေလျင်စစ်သည်တစ်သောင်း၊ သေနတ်ကိုင်စစ်သည်ငါးသောင်း၊ သံချပ်ကာမြင်းသည်သုံးသောင်း၊ လေဟုန်ခွင်းမြင်းသည်ငါးသောင်းနဲ့ စစ်သည်နှစ်သိန်းခွဲရှိနေပါတယ်။
လက်နက်အနေနဲ့က အမြောက်ကြီး၁၅လက်၊ အမြောက်ငယ်၂၀လက်၊ စက်သေနတ်ကြီး၁၅လက်၊ လောင်ချာအလက်၂၀ ရှိထားပါတယ်၊၊
( ကျင့်ကြံဆင့်အရ မင်းရဲကျော်စွာနဲ့သီဟနော်ရထာ အတူတူပေမဲ့ရာထူးအရ သီဟနော်ရထာက ကြီးပါမယ် )
၅နာရီခန့် ပျံသန်းပြီးနောက် စောရန်နိုင်တယောက် လမ်းပျောက်နေပါပြီ
" အရှေ့ကပျံသန်းလာတာ ဘယ်သူလဲရပ်နေစမ်း"
အခန်း(၆၄)ပြီး
အခန်း(၆၅)
( ဗိုလ်ချုပ်ကြီးထွန်းထွန်းအောင် )
" အရှေ့ကပျံသန်းလာတာ ဘယ်သူလဲရပ်နေစမ်း"
"ပြည်နယ်စောင့်တပ် ကင်းလည့်နေတဲ့အပေါ်က ဖြတ်ပျံခွင့်မရှိတာ မသိဘူးလား"
စစ်သည်တစ်ဦးကလဲ
"ဟာကွာ၊ ရှုပ်ပါတယ် ... ဖမ်းဆီးပြီး စစ်သူကြီးဆီခဲ့သွားကြစို့ သူလျိုတွေ ဘာတွေဖြစ်နေရင် ငါတို့ဆုလာဒ်ရချင် ရမှာပေါ့"
စောရန်နိုင်လဲ အသာတကြည်အဖမ်းခံလိုက်ပါတယ်၊ ဒါကလဲ ရန်သူ့အခြေအနေသိချင်နေသလို နွယ်ပန်းမြို့ကိုလဲ သူမရောက်ဖူး၍ လမ်းပျောက်နေလို့ပါပဲ။
အခြားသော ချီဧကရာဇ်များ
{ ငရူး ... ချီဧကရာဇ်အဆင့်ရောက်ရင် မိုင်၁၀၀ကိုအာရုံခံနိုင်ပြီး တစ်နေ့ကို မိုင်၅၀၀ ခရီးနှင်နိုင်တယ်ကွ မင်းတစ်ယောက်ပဲ လမ်းပျောက်နေတာ }
ခနအကြာမှာတော့ အင်အား၃သိန်းကျော် တပ်ဆွဲထားပြီး ချီဧကရာဇ်စဦးအဆင့် ဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်သူ ထွန်းထွန်းအောင်အုပ်ချုပ်ထားတဲ့ ပြည်နယ်အစောင့်တပ် စခန်းချထားရာ နွယ်ပန်းမြို့ပြင်က တပ်စခန်းဆီဖမ်းသွားခံလိုက်ရပါပြီ။
"သူကဘယ်သူလဲ"
ဩဇာပြည့်ဝတဲ့အသံတစ်ခု ထွက်ပေါ်လာပါတယ်။ စစ်သည်များလဲကြောက်လန့်ကာ ဒူးထောက်ချလိုက်ကြရင်း
"တင်ပြပါတယ် ဗိုလ်ချုပ်ကြီး"
"ဧဝလွင်ပြင်အစပ်ကို ကင်းလည့်ရင်း ဖမ်းမိလာတဲ့ ကျင့်ကြံသူတစ်ဦးပါ၊ ကင်းလည့်တပ်စုအပေါ် ဖြတ်ပျံလာလို့ ဖမ်းဆီးလိုက်တာပါ"
"ဘာကွ ... အတင့်ရဲလိုက်တာ .... ဒီနိုင်ငံမှာ ဒီစည်းမျဉ်းကို လိုက်နာရတာ မသိဘူးလား"
ရုတ်တရက် ချီဧကရာဇ်ရဲ့ချီစွမ်းအင်ရောင်ဝါတစ်ခု ပေါက်ကွဲထွက်လာပါတယ်။
စခန်းတစ်ခုလုံး ပြင်းထန်တဲ့ဖိအားကြောင့် ဒူးထောက်ကျကုန်ပါတယ်။
"ဟင် မင်း ... မင်းဘယ်သူလဲ၊ ဘယ်ကလဲ၊ ဘယ်ဂိုဏ်းကလဲ"
ချီဧကရာဇ်စဦးအဆင့်ရဲ့ဖိအားက စောရန်နိုင်အပေါ် မသက်ရောက်နေပါဘူး။ သူ့အတွက်တော့ ဒီရောင်ဝါဖိအားက အလှပြသပ်သပ်ပါပဲ။
"စော ရန် နိုင် သားရဲတစ်ထောင် မြို့စား"
တစ်လုံးခြင်းထွက်ကျလာတဲ့ စကားလုံးတွေကြောင့် ထွန်းအောင်တစ်ယောက် လန့်ဖြန့်သွားသလို ဘေးကတပ်မှူးကြီးတွေလဲ မယုံနိုင်ဖြစ်သွားရပါတယ်။
{ ဒီကောင် ကျားအသည်းစားထားလို့ အသည်းမာနေရင်တောင် ရန်သူ့စခန်းထဲတော့ တစ်ယောက်ထဲ ဝင်မလာသင့်ဘူးလေကွာ }
"ဘာ"
"မဖြစ်၊ မဖြစ်နိုင်ဘူး"
"စောရန်နိုင်က မကြံကျင့်နိုင်ဘူး မင်းကတကယ်ပဲ ဘယ်သူလဲ"
သူကချီဧကရာဇ်တစ်ဦးပါ၊ ချီဧကရာဇ်ရဲ့ရောင်ဝါကိုခံနိုင်တာဟာ အဆင့်တူရင်တူ၊ မတူရင် ပိုမြင့်နေရမှာပါ ဒါလဲမဖြစ်နိုင်ပါဘူး။
သူမယုံပါဘူး ယုတ္တိလဲမတန်နေပါဘူး၊ စောရန်နိုင်တစ်ယောက် ပြန်ကျင့်ကြံနိုင်တယ်ထားဦး၊ ဒီအသက်အရွယ်နဲ့ အလွန်ဆုံးရှိမှအခြေတည်အဆင့်မျှသာ အလွန်ဆုံးကျင့်ကြံနိုင်တော့မှာပါ။
"ဟုတ်တယ် .... အဆောင်တစ်ခုခုရှိရမယ်"
"ဝိုင်းထားကြစမ်း"
"ဟုတ်"
"ချွမ် .... ချွမ် .... ချလွမ်"
ဘေးမှာရှိနေတဲ့ စစ်သည်နဲ့တပ်မှူးကြီးတွေက စောရန်နိုင်ကို ဝိုင်းထားလိုက်ကြပါတယ်။
"ဟာသပဲ"
အခန်း(၆၅)ပြီး
စာစဉ်၅
အခန်း(၆၆)
( မြို့နံရံကို နမ်းနေသောသူများ )
"ဟာသပဲ"
စောရန်နိုင် တီးတိုးရေရွတ် လိုက်မိပါတယ်။
"မင်းက တကယ်ပဲ ဘယ်သူလဲ၊ လင်းဝူရဲ့သား မကျင့်ကြံနိုင်ဘူး"
"ပြီးတော့ မြို့တွေကိုလက်လျော့ပေးလိုက် ဒါဆိုရင် မင်းအသက်ကို ခွင့်လွှတ်ပေးဖို့ ရန်မိသားစုဆီ တောင်းဆိုပေးမယ် ပြီးတော့ "
"လင်းဝူရဲ့သား စောရန်နိုင်အစစ် ဖြစ်သလို လက်နက်လဲ မချဘူးဆိုရင်ကော၊ ပြီးတော့ဘာလဲ"
စောရန်နိုင်မျက်ခုံးပင့်လျက် ဖြတ်မေးလိုက်တာပါ
"အဲဒါဆိုရင် မင်းကိုဖမ်းပြီးပဲ စစ်ဆေးရတော့မှာပေါ့"
ပြောပြောဆိုဆိုပဲ ထွန်းအောင်ကလက်သီးနဲ့ လှမ်းထိုးလိုက်ပါတယ်၊ ဒီလက်သီးဟာ ချီစစ်သူကြီးအောက်ကို အသာလေး ကျိုးကြေသွားစေ နိုင်ပါတယ်။ ဘေးက လူတွေကလည်း
{ မဖြစ်နိုင်ဘူးမလား၊ သူမရဲ့သား တကယ်ဖြစ်နေရင် ငါတို့တော့ ပြသနာပဲ }
"ဝှစ် ..... ဝုန်း ... အုံး ... အား"
"ဗစ် ... ဗစ် ..... ဝုန်း"
"ဟာ ...... အယ် ... အန် ... ဘာလဲဟ"
"အဲ ...... ဗိုလ်ချုပ်ကြီးနဲ့ တပ်မှူးးကြီးတွေ ဘယ်ရောက်ကုန်တာလဲဟ"
မြန်လွန်းပါတယ်၊ ပေ ၅၀ ကျယ်သော စွပ်ကြောင်းကြီးတစ်ခုဟာ စခန်းဝမှသည် နွယ်ပန်းမြို့ အနီးနားထိ ၅ မိုင်ခန့် ရှည်လျက်ရှိနေပြီး ထိုမြို့ရိုးရဲ့နံရံမှာတော့ လူပုံသဏ္ဌန် ချိုင့်ခွက် ၂၀ ခန့် အစီအရီပေါ်နေပါတယ်။
"ရန်သူ .... ရန်သူတွေတိုက်လာပြီ"
"ဘူ ........ ဘော်"
"ဘော်"
မြို့ပေါ်ရှိတဲ့တပ်နဲ့ ပြည်နယ်စောင့်တပ်နှစ်ခုလုံး စစ်ပြင်သံ၊ အမိန့်ပေးသံများ နေရာအနှံ ပြန့်လွှင့်လာပါတယ်။
ခနအကြာ မြို့ရိုးနံရံပေါ်ရှိ ချိုင့်ခွက်များကို ကြည့်ရင်း
မြို့စောင့်စစ်သည်တွေ ကြောင်အသွားပါတယ်၊ ပြည်နယ်စောင့်တပ်သားတွေလဲ ကြောင်အသွားပါတယ်။
ပြည်နယ်စောင့်တပ်မှုးတစ်ဦးက
"ဘာတွေဖြစ်နေတာလဲ တင်ပြကြစမ်း၊ ဗိုလ်ချုပ်ကြီးတို့ဆီ သတင်းပို့ထားပြီလား"
"မပို့ရသေးပါဘူးတပ်မှုး၊ ပို့လို့လဲမရတော့ပါဘူး ခင်ဗျ"
"ဘာကွ ဘာဖြစ်လို့လဲ"
ထိုအခါ တပ်စုမှူးတစ်ဦးက မြို့နံရံအား လက်ညှိုးထိုးပြရင်း
"ဟိုနံရံပေါ် ချိုင့်ခွက်တွေထဲက လူတွေက ဗိုလ်ချုပ်ကြီးနဲ့ တပ်မှူးကြီးတွေပါ တပ်မှူး"
"ငါ့လခွီးပဲ"
အခန်း(၆၆)ပြီး