အခန်း (၆၇-၆၉)
Vol. 5 Ch. 67-69
အခန်း(၆၇)
"ငါ့လခွီးပဲ"
"မြန်မြန်သွား ဆွဲထုတ်ကြပါတော့လားဟ"
ထိုအခိုက် မင်းရဲကျော်စွာနဲ့ တပ်ဖွဲ့များ မြို့ထဲကထွက်လာကြပါတယ်။
ထိုနောက်ပြုံးစိစိဖြင့်
"မင်းတို့ခေါင်းဆောင်တွေ ကျန်သေးလားဟ။ နံရံမှာနေရာလွတ်တွေ ရှိသေးတယ်နော်"
ဗိုလ်မှူးများကလဲ
"ဟား ... ဟား ... အရှင်စောက ဒီလိုလက်ရာကောင်း တွေဖန်တီးနိုင်မှန်း မသိထားဘူးဗျာ"
"ဟုတ်တယ်၊ ဟုတ်တယ်၊ ၅မိုင်အတွင်းကို စွမ်းအင်ထိန်းထားနိုင်တာ အံ့ဩောစရာပဲဗျို့"
စောရန်နိုင်လဲ ရန်သူ့စခန်းအတွင်းမှ ပျံသန်းထွက်ခွာလာကာ
"ဟဲ ... ဟဲ အခုမှ ပထမဆုံး တိုက်ခိုက်ဖူးတာဆိုတော့ လက်ရာတော့ သိပ်မကောင်းဘူးဗျာ"
"ချီဧကရာဇ်"
မင်းရဲကျော်စွာလဲဦးညွှတ်လိုက်ရင်း အသင့်ဖြစ်နေသော ရန်သူ့တပ်အား စောင့်ငှဲ့ကြည့်လျက်
"အရှင်စော ... သူတို့ကို"
"အန်း၊ ခေါင်းမရှိတဲ့ကြက်က ဦးတည်ရာ မရှိနိုင်တော့ဘူးမလား လက်နက်မချရင် သတ်လိုက်တော့"
ပြောရင်းဆိုရင်း ချီဧကရာဇ် အထွတ်အထိပ်ဖိအားက ပြည်နယ်စောင့်တပ်အပေါ် ကျရောက်လာပါတယ်။
"အာ့"
ပြည်နယ်စောင့်တပ်သား ၃သိန်း ကျော် ဒူးထောက်ကျသွားပါပြီ။ ထိုအခါ မင်းရဲကျော်စွာကလဲ လက်ထဲမှ လှံနက်ဖြင့်ညွှန်လိုက်ရင်း
"လက်နက်မချသူ အကုန်သတ်ပစ်မယ်"
"ချွန် ... ချလွမ် ..... ချလွင်"
ပြည်နယ်စောင့်တပ်တွေ လက်နက်ချလိုက်ကြပါတယ်။
ကြီးမားတဲ့ စွမ်းအားရှေ့မှာတော့ သူတို့မှာရှိတဲ့ အစီအရင်ဖွဲ့စည်းပုံတွေက ကလေးသာသာ ဖြစ်နေပါပြီ။
ထိုအပြင် သူမရဲ့ သားလဲ ဖြစ်နေပါသေးတယ်။
ဒါဟာ သွေးမစွန်းပဲ အနိုင်ရလိုက်တဲ့ ပထမဆုံးသော တိုက်ပွဲတစ်ခုပါပဲ။ ကုန်ကုန်ပြောရရင် စစ်သဘ်ောကြီး ၁၀၀၀ပါ အလကားရလိုက်တာပါ ။
"သူတို့လက်နက်တွေကို သိမ်းထားပြီး ဒီမှာပဲယာယီ ချုပ်ထားလိုက်ပါ"
"ခေါင်းဆောင်ပိုင်းတွေကိုတော့ စွမ်းအင်ချိတ်ပိတ်ပြီး အိမ်ကောင်းကောင်းတစ်လုံးမှာ သီးသန့်စီခွဲထားလိုက်"
"ဟုတ်ကဲ့ပါ အရှင်စော၊ ကြွပါ"
နွယ်ပန်းမြို့စား အိမ်တော်မှာတော့ စောရန်နိုင်ဟာ မင်းရဲကျော်စွာတင်ပြတာတွေကို လေးလေးနက်နက်နားထောင်နေပါတယ်။
သူ့ရဲ့သုံးသပ်ချက်အရ ယခုတပ်ဟာ ပြည်နယ်စောင့်တပ်ရဲ့ ၄ပုံ၁ပုံစာပဲ ရှိနေပါသေးတယ်။
ကျန်တစ်ပုံက ဟူးကောင်းလွင်ပြင်မှာ ဗိုလ်ချုပ်ကြီး မင်းထင်နော်ရထာတို့နဲ့ စစ်ဆိုင်ထားပါတယ်။ ကျန်၂ပုံကတော့ ကြက်ပြောက်ငှက်ပြောက် ဖြစ်နေပါသေးတယ်။
[ မဟုတ်မှလွဲရော ...... စေတစ်ရာစစ်ကြောင်းဘက်မှာ များလား ]
စောရန်နိုင် ရုတ်တရက်ထရပ်လိုက်ပြီး အမိန့်များ ဆက်တိုက်ထုတ်ပြန်လိုက်ပါတယ်။
"ဗိုလ်ချုပ်သီဟနော်ရထာဦးဆောင်ပြီး တော်ဝင်ခြေလျင် ၅၀၀၀၀၊ သေနတ် ၂၅၀၀၀၊ အမြောက်ကြီး ၃လက်၊ အမြောက်ငယ် ၅လက်၊ လောင်ချာ ၅လက် ယူပြီးကြည်းကြောင်းချီပါ"
"မြို့တော်ကို ဖိအားပေးထားပါ"
"ဒုဗိုလ်ချုပ်ရာဇသက်ြန်ဦးဆောင်ပြီး တော်ဝင်ခြေလျင် ၃၀၀၀၀၊ သေနတ် ၁၅၀၀၀၊ အမြောက်ကြီး ၂လက်၊ အမြောက်ငယ် ၁၀လက်၊ လောင်ချာ ၁၀လက်နဲ့ ပျော်စံရာမြို့ကိုသိမ်းပြီး စစ်သဘ်ော ၂၅၀ ယူရင်း ရေကြောင်းချီပါ"
"မြို့တော်ကိုဖိအားပေးထားပါ"
"ဗိုလ်ချုပ်မင်းရဲကျော်စွာကတော့ သံချပ်ကာမြင်း ၂၀၀၀၀ လေဟုန်ခွင်း မြင်း ၃၀၀၀၀၊ လောင်ချာ ၅လက် ယူပြီး စေတစ်ရာစစ်ကြောင်းဆီ အမြန်ဆုံး ပူးပေါင်းပါ"
"နွယ်ပန်းမြို့ကိုတော့ ခရူးဆိတ် ၂၀၀၀၀၊ တော်ဝင်ခြေလျင် ၂၀၀၀၀၊ သေနတ် ၁၀၀၀၀၊ လက်ကျန်လက်နက်တွေနဲ့ အတူဗိုလ်မှူးတချို့ကို ထားခဲ့မယ်"
"အနီးပတ်ဝန်းကျင်က ကျန်နေတဲ့ မြို့ငယ်တွေကိုဆက်သိမ်းပါ"
"ဟုတ်ကဲ့ပါ အရှင်စော"
အခန်း(၆၇)ပြီး
ရာဇပုလ္လင်သို့ လျှောက်ရာလမ်း
ရေးသားသူ-မေတ္တာ ရှင်(Min Thu)December 23, 2025
အခန်း(၆၈)
( လမ်းပျောက်နေသော ချီဧကရာဇ် )
"ဟုတ်ကဲ့ပါ အရှင်စော"
"၁နာရီ အတွင်း ထွက်ခွာပါ"
မြင်းတပ်ချည်း ခရီးနှင်ပါက ဧဝလွင်ပြင်အား ၂ရက်အတွင်းဖြတ်သန်းနိုင်ပြီး သားရဲတစ်ထောင်မြို့ကို ၁ပတ်ရက်အတွင်း ရောက်နိုင်ကာ စေတစ်ရာမြို့ကို ၂ရက် အတွင်းရောက်နိုင်ပါတယ်။
စောရန်နိုင်သက်ပြင်းချရင်း
{ ဟူး.. သယ်ယူပို့ဆောင်ရေး လေယာဉ်ကြီး တွေသာရှိရင် နွယ်ပန်းမြို့ကနေ သားရဲတစ်ထောင်မြို့ဆီ မိနစ်ပိုင်းအတွင်း စစ်ကူလွှတ်နိုင်မှာပဲ }
"ဒင် ပိုင်ရှင်ဖြစ်သူရဲ့ စိတ်ဓတ်ကျနေမှုအား စနစ်မှ စွကျိုးနည်း သနားမိလို့ လျို့ဝှတ်တာဝန်တွေ ပေးလိုက်ပါမယ်"
[ ဒင် လျို့ဝှတ်တာဝန် အောင်မြင်ပါတယ်၊
နွယ်ပန်းမြို့အား ဝန်းရံထားသော ရန်သူများအား အောင်နိုင်ပါ။ ဆုလာဒ်
CH-47 CHINOOK +5စီး (ချီစွမ်းအင်သုံး)
CH_47 CHINOOK လေယာဉ်ထုတ်စက်ရုံ ၁ရုံ
( ၆နာရီ ၁ စင်းနှုန်း )
နေရာလွတ်အစီအရင် သတ်မှတ်နိုင်သော ကဒ်ပြား
အဆင့်+၁ထုတ် စက်ရုံ+၁
( ၁ နာရီ ၅၀ ကဒ်နှုန်း )
ဆုလာဒ်များအား ထုတ်ယူနိုင်ပါပြီ ]
[ ဒင်ဟူးကောင်းလွင်ပြင်ကို ဖြတ်ကျော်လာတဲ့ ရန်သူ့တပ်များကိုအောင်နိုင်ပါ၊ ဆုလာဒ်
CH_47 CHINOOK+10
CH_47 CHINOOK လေယာဉ်ထုတ်စက်ရုံ ၁ ရုံ
( ၆နာရီ ၁ စင်းနှုန်း )
အစီအရင် ရေးဆွဲနေရာချ သတ်မှတ်နိုင်သော
ကဒ်ပြားအဆင့် ၁ ထုတ် စက်ရုံ+၁
( ၁ နာရီ ၅၀ ကဒ်နှုန်း )
PPSH_41 submaching gun ထုတ်စက်ရုံ+၃
( ၃၀ မိနစ် ၁ လက်နှုန်း )
( ဒင် အောင်ပန်းခရိုင်သို့ လျို့ဝှတ်ချီတက်ကာ တပ်စွဲနေသော ရန်သူ့ပင်မတပ် ကိုအောင်နိုင်ပါ၊ ဆုလာဒ်
၈၁ mm စိန်ပြောင်း ၁၀၀
၈၁ mm စိန်ပြောင်းထုတ် စက်ရုံ ၃
( ၁ နာရီ ၁လက်နှုန်း)
၈၁ mm စိန်ပြောင်းဗုံးသီး ထုတ်စက်ရုံ ၁
( ၅ မိနစ် ၁ လုံးနှုန်း )
Mg_34 maching gun ထုတ်စက်ရုံ ၂
( ၁ နာရီ ၁ လက်နှုန်း )
တာဝန်အားလက်ခံမည်လား ]
"ဟား ....... ဟား ....... ဟား"
"ဘာကို အစီအရင်ဆွဲဖို့ အလုပ်ရှုပ်နေတော့မှာလဲ၊ ရော့ကဒ်၊ ရပြီအဆင့် ၁ အစီအရင်တစ်ခု ဟား ... "
"ဗိုလ်ချုပ်မင်းရဲကျော်စွာရေ .... ချီတက်ဖို့မလိုတော့ဘူး မြင်းတပ်အကုန်လုံးကိုစုလိုက်၊ အမြန်နည်းရှိပြီဗျ ဟား ... ဟား"
မင်းရဲကျော်စွာ ကြောင်အအနဲ့ပဲ
"ဟုတ်ကဲ့"
မကြာခင်မှာတော့ စစ်ကူသွားမဲ့ မြင်းတပ်သားအားလုံးကို စုမိနေပါပြီ။
"စနစ်ရေ ... ရဟတ်ယာဉ်၂စီးကို ထုတ်လိုက်တော့"
"ဝီ .. ဝီ .. ဝီ ... ဝီ .... ဝီ"
စနစ်ကပေးတဲ့ ရဟတ်ယာဉ်တွေမှာက မောင်းသူပါပြီးသားပါ။
ချီစွမ်းအင် အနည်းငယ်နဲ့တင် တစ်နာရီကို မိုင်၅၀ခရီး နှင်နိုင်သလို ကာကွယ်ရေးလက်နက်အနေနဲ့ DSHK စက်သေနတ်ကြီး၂လက် တပ်ဆင်ပေးထားသလို အဆင့် ၂ အကာအကွယ်ပါရှိပြီးသားမို့ ချီဧကရာဇ်အဆင့်တစ်ဦးနဲ့ မတွေ့မခြင်း မပျက်ဆီးနိုင်ပါဘူး။
ဒါအပြင် အသံတိတ်အစီအရင်လဲ တပ်ထားလို့ ကျန်အသံပျောက်ပြီး တဝီဝီပဲကြားနေရမှာပါ၊ မြေပြင်ကနေ အမြင့်ပေ၂၀၀၀၀အကွာကနေ ပျံသန်းမှာဖြစ်လို့ ချီစစ်သူကြီးတစ်ယောက်မဟုတ်ရင် မသိနိုင်ပါဘူး။ နေရာလွတ်အစီအရင်လဲ ပါနေပါသေးတယ်။ တစ်စင်းကို လူ၁၀၀၀၀ဆန့်နေမှာပါ။
( CH-47 CHINOOk ရဟက်ယာဉ်ဆိုတာ ခေါင်းပိုင်းနဲ့ ဖင်ပိုင်းတွေမှာ ဒလက်နှစ်ချောင်းစီပါတဲ့ ဒလက်နှစ်ခု တပ်ဆင်ထားတဲ့ ရဟက်ယာဉ်ပါပဲ တစ်စီးကို 61 M တန်ဖိုးရှိပါတယ် )
စောရန်နိုင်မှ
"တက်ကြတော့၊ နှစ်နာရီလောက်ဆို စေတစ်ရာမြို့ကို ရောက်လိမ့်မယ် တစ်စီးကို လူမြင်း၁၀၀၀၀ ဆန့်လိမ့်မယ်"
"အန် .... ဟုတ်ကဲ့ ... တက်ကြတော့"
'ဝီ .... ဝီ .... ဝီ"
"ဟူး"
ပြဿနာတစ်ခုတော့ ဖြေရှင်းပြီးပါပြီ၊ ရဟက်ယာဉ်နှစ်စီးက အသွားမှာ လူနဲ့မြင်းကိုသယ်သွားပြီး အပြန်မှာ စေတစ်ရာမြို့က ထွက်တဲ့သတ္တုရိုင်းတွေကိုသယ်ပြီး သားရဲတစ်ထောင်မြို့ဆီ ချခဲ့မှာပါ၊၊
ပြီးမှ နွယ်ပန်းမြို့ဆီ ဆက်သွားပြီး လူနဲ့မြင်းကို ပြန်သယ်ရမှာပါ။ ထိုနှစ်စီးကို Ch 1 နဲ့ Ch 2 လို့နာမည်ပေးလိုက်ပီး လူမြင်းသယ်ပြီးရင် သတ္တုရိုင်းနဲ့ သယ်ယူပို့ဆောင်ရေး လုပ်ခိုင်းမှာပါ။
နေရာလွတ်အစီအရင်ကြောင့် တစ်စီးကိုတန်ချိန် ၅၀ကျော် အသာလေးဆန့်မှာပါ။
"ကဲ ဗိုလ်ချုပ်ကြီးဆီ သွားရမဲ့အချိန်ပဲ ... ဟူး ... ပင်ပန်းလိုက်တာ"
"အာ ... ဟုတ်သား၊ လာ ... လမ်းပြလိုက်ခဲ့"
ပြောရင်းဆိုရင်း ဗျည်းနွဲ့ဓားစီးကာ ဟူးကောင်းလွင်ပြင်ကို ဦးတည်လိုက်ပါတယ်။
"ငါ့လခွီး .. လန့်တာ .... လွတ် ... လွတ် .... ငါ့ကိုလွတ်"
ဟုတ်ပါတယ်၊ ထွန်းအောင်ကို ဆွဲခေါ်သွားတာပါ။ သူ လမ်း မသိဘူးလေ။ ဟက်
အခန်း(၆၈)ပြီး
အခန်း(၆၉)
(သမိုင်းအကျဉ်း)
သူ လမ်း မသိဘူးလေ။ ဟက်
ထွန်းထွန်းအောင်
[ ငါက လူအများကြောက်ရွံရိုသေရတဲ့ ဗိုလ်ချုပ်ကြီးတစ်ဦးလေ မင်းနဲ့တွေ့မှ လမ်းပြတဲ့လား ]
လမ်းပေါ် အဲလေ လေထဲမှာတော့ ( သူတို့က ဓားပျံစီး သွားကြတာကိုး )
"ဆိုပါဦး ….. ဘာလို့ ကျွန်တော့် ကို ဝိုင်းတိုက်နေကြတာလဲ ဆိုတာ"
ဒါကလဲ စောရန်နိုင် သိချင်နေတဲ့ မေးခွန်းတစ်ခုပါ။
သူ့လို သာမန်လူတစ်ယောက်ကို တစ်ပြည်နယ်လုံး ဝိုင်းတိုက်ရလောက်တဲ့အထိ အကြောင်းပြချက် ရေရေရာရာ ရှာမတွ့သေးပါဘူး။
"မင်းတကယ်မသိဘူးလား"
"အင်း"
"ဟူး .…. ငါပြောပြမယ်"
"မင်းသမီး ဇင်မာအောင်ကြောင့်ပဲ"
"အာ"
"ဟုတ်တယ်၊ မင်းသမီးဇင်မာအောင်ကို သီရိမဂ်လာအင်ပါယာက မင်းသားကြီးနဲ့ လက်ဆက်ထားတာကို မင်းက သူမအဆောင်ထဲဝင်ပြီး"
"အဟမ်း .. မနောက်ပါနဲ့"
{ ငါ့လူပျိုရည်က သူမနဲ့များလား }
"အဲဒါကြီးက မဟုတ်သေးဘူးလေ၊ အဲဒါကြောင့် ပဲ သိန်းချီတဲ့ စစ်တပ်တွေ လွတ်စရာလားဗျ"
"အဲဒါတော့ ငါမသိဘူး၊ သတင်းက ဝိုးတဝါးပဲ"
"တွေးကြည့်ရင်တော့ ဖြစ်နိုင်စရာပဲလေ"
"ဘာလို့"
"အသေးစိတ်တော့ သေချာမသိပေမဲ့၊ ငါတို့ရဲ့ အောင်မင်္ဂလာနိုင်ငံက သီရိမင်္ဂလာအင်ပါယာရဲ့ လက်အောက်ခံ နိုင်ငံတွေထဲက တစ်ခုပဲလေ"
"သီရိမင်္ဂလာ အိမ်ရှေ့မင်းသားရဲ့ ကြင်ယာတော် လောင်းလျာနဲ့ အိပ်လိုက်တဲ့ မင်းကို သူတို့က အလှထိုင် ကြည့်နေပါ့မလား ပြောကြည့်"
"သူမ နဲ့ သူ့ရဲ့ မျိူးဆက်လဲ ဖြစ်နေသေးတယ်"
"နောက်ပြီး .... အမတ်ကြီး ရန်နိုင်စိုး အာဏကျပြီးတဲ့နောက် ရန်မိသားစုရဲ့ အမွေခံဖြစ်တဲ့မင်းကို ရှင်းပစ်ချင် ကြမှာပဲလေ"
"ကျွန်တော့်ကို သတ်ချင်ယုံနဲ့ ပြည်နယ်စောင့်တပ်ကို လှုပ်ရှားခိုင်းတာ အောင်မင်္ဂလာနိုင်ငံက ခွင့်ပြုလို့ပေါ့ ၊ အဲဒီလိုလား "
"မဟုတ်ဘူး ... ပြည်နယ်စောင့်တပ်ကို လှုပ်ရှားခိုင်းတာ ရန်မိသားစု သပ်သပ်ပဲ"
"အောင်မင်္ဂလာနိုင်ငံ နဲ့မဆိုင်ဘူး "
ဒီလိုမျိုး ဘုရင့်အမိန့်မရပဲ စစ်တပ်ကို စေခိုင်းတယ်ဆိုတာ ဘုရင်သိသွားမှာ မစိုးရိမ်ကြဘူးလား"
"ဟား ... သိသွားလဲ ထူးလာမှာ မဟုတ်ဘူးလေ"
"ဘာလို့"
"ဘာလို့လဲဆိုတော့ နိုင်ငံရဲ့ အဓိကတိုက်ခိုက်ရေး တပ်ဖွဲ့က ကျိုင်းကောင်နယ်မြေကို အသည်းအသန် ကာကွယ်နေရလို့ပေါ့ဟ"
"ကျိုင်းကောင်နယ်မြေ ... အဓိကနိုငံစစ်တပ် ဘာတွေလဲ ... ပြည်နယ်စောင့်တပ်က"
"မင်းမသိတာ မဆန်းပါဘူးကွာ ... အရင်ကဆို အလေပဲ လိုက်နေတော့ ဒါတွေ ဘယ်သိမလဲ"
ထိုနောက် စောရန်နိုင်ကို ပြုံးပြုံးကြီး ကြည့်နေလိုက်ပါတယ်။
"အဟမ်း .. ဟုတ်ပါပြီ ဆက်ရှင်းပြပါဦး"
( ဇာတ်လမ်းဇာတ်ကွက် ဖော်နေတာမို့ ပေတော့ နဲနဲရှည်ပါရစေဗျ၊ စာရေးသူ )
"ငါတို့အခုနေတဲ့ ကုန်းမြေကို လင်္ကာဒီပ ကုန်းမြေလို့ခေါ်တယ်၊ နိုင်ငံငယ်ပေါင်း များစွာနဲ့ ဖွဲ့စည်းထား ကြတဲ့ အင်ပါယာ ၃ ခု တည်ရှိရာပေါ့လေ"
"အဲဒီအထဲမှာ အင်အားအကြီးဆုံးက သီရိမင်္ဂလာ အင်ပါယာပဲ၊ သူ့နောက်မှာက တောင်ငူ အင်ပါယာ ၊ အယုဒ္ဓယ အင်ပါယာ တွေပဲ"
"ငါတို့ရဲ့ အောင်မင်္ဂလာ နိုင်ငံက သီရိမင်္ဂလာ အင်ပါယာ ရဲ့လက်အောက်ခံ နိုင်ငံငယ်တွေထဲက တစ်ခုသာသာပဲရှိတယ်"
"အဆင့်အရတော့ နိုင်ငံတွေထဲမှာ အဆင့် ၂၃ ပဲဝင်တယ်"
"ခနလေး အဲဒီအဆင့်တွေကို ဘယ်လိုသတ်မှတ် ကြတာလဲ"
"အန်း ... နိုင်ငံ့ဘုရင်ရဲ့ ကျင့်ကြံဆင့်ပေါ် မူတည်ပြီး နိုင်ငံ့အလိုက်ပြိုင်ပွဲ ရလာဒ်တွေကနေဆုံးဖြတ်တာပဲ"
"ကျိုင်းကောင်နယ်မြေ ဆိုတာကကော"
"လျို့ဝှက်နယ်မြေတစ်ခုပဲ နိုင်ငံ့အလိုက် ပြိုင်ပွဲတွေကို အဲဒီမှာလုပ်ပြီး သတ်နိုင်တဲ့ပမာဏ အလိုက်အဆင့် သတ်မှတ်ကြတာပေါ့"
"ဘယ်လိုမျိူးလဲ"
အခန်း(၆၉)ပြီး
ရာဇပုလ္လင်သို့ လျှောက်ရာဘမ်း
ရေးသားသူ-မေတ္တာ ရှင်(Min Thu)December 24, 2025